ခင်မင်ရတဲ့ Slv ညီမတစ်ဦး ရင်လာဖွင့်တာလေး ရေးပေးထားတယ်။ Story ကို Story လိုပဲ ဖတ်ကြပါ။ ဆရာမ ယုယခင် ဆိုသောအမည်နှင့်လိုက်အောင် တကယ်သိမ်မွေ့လှပသူလေးဖြစ်သည်။ Game တစ်ခုရဲ့ ဆွဲဆောင်ဖျားယောင်းမှုမှာ သူမကျရှုံးခဲ့သည်။ သည်လိုနှင့် အပြစ်ခံယူရမည့်နေရာကို သူမရောက်ရှိလာခဲ့ရသည်။ App လေးမှာမြင်နေရသည့် Loser ဆိုသည့်စာတမ်းလေး။ ဘေးမှာဘာရှိသည်ကိုမမြင်နိုင်တော့။ မသိတော့။ လူတစ်ယောက်ရှေ့ အဝတ်အစားမပါဘဲ အရိုက်အနှက်ခံရတော့မည်။ ၅၀ % ဖြစ်နိုင်ချေရှိသည်ကိုသိပါလျက် သည်ကိုလာခဲ့သည်ပဲ။ ပထမတစ်ကြိမ် Spin Wheel တင်ပါးကိုကြိမ်ဒဏ် ၄ ချက်။ တော်သေးသည်။ အဝတ်အစားချွတ်ရန်မလိုသေ သို့သော် တင်ပါးကို အရိုက်ခံရမယ့် အဖြစ်ကိုစဥ်းစားမိရင်း နည်းနည်းတော့ ဆောက်တည်ရာမရ။ စိတ်ကိုထိန်းရင်း ခုတင်ပေါ်မှာ ထိုင်နေသူရဲ့ရှေ့မှာ ဘေးစောင်း လေး အသာလှည့်ရပ်ပေးလိုက်သည်။ ကြိမ်ကိုလေထဲဝှေ့ရမ်းစမ်းသည့် ဝှစ်ဆိုသော အသံလေး က ယုယခင်ရဲ့ ခံနိုင်ရည်စွမ်းအားအကုန်လုံးကို ဆွဲချသွားခဲ့သည်။ "လက်ပိုက်ထား ဆရာမ။" သူ့အမိန့်ပေးသံလေးအောက်မှာ တကယ်ကို ရိုရိုသေသေကလေး လက်ပိုက်ပြီးရပ်နေမိသည်။...