ဗိုလ် အောင်ဒင် ရေး သား သည် စင်ကာပူ ဇာတ်လမ်း အဆက် ၁ စင်ကာပူရဲ့ HDB အခန်းတွေရဲ့ ဖွဲ့စည်းပုံက တစ်နေရာနဲ့ တစ်နေရာမတူပါဘူး၊ အစောပိုင်းက ဆောက်တဲ့တိုက်တွေကအိပ်ခန်း ပိုကျယ်သလို ဖွဲ့စည်းပုံက လည်း လေဝင်လေထွက်နဲ့ အလင်းရောင်အတွက် ပိုကောင်းပါတယ်။ အစ်မ တာဝန်ယူပြီး ငှားထားတဲ့ အခန်းက အိပ်ခန်း ၃ ခန်းပါပါတယ်။ အစ်မက မာစတာခန်းမှာ တစ်ယောက်တည်းနေပြီး နောက်အိပ်ခန်းတစ်ခန်းမှာက ကျနော်နဲ့ အခန်းဖော် ကရင်လေးနဲ့ပါ။ ကရင်လေးက စားသောက်ဆိုင်အလုပ်မို့ အိမ်မှာ အိပ်ချိန်လောက်ပဲ ပြန်လာတယ်၊ နောက်တစ်ခန်းမှာက ကျောင်းသူ နှစ်ယောက်ပါ။ အစ်မက အိမ်သူကြီးမို့ သူနဲ့ အဆင်ပြေပြီး အေးအေးဆေးဆေးသမားတွေပဲ ထားပါတယ်။ ကျန်တဲ့ သူတွေက ကျနော့လို လူငယ်တွေပဲမို့ သူပြောလို့ဆိုလို့ပြီးတာပေါ့။ တစ်ပတ်တစ်ခါ အစ်မက မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ စသဖြင့်ချက်ကျွေးပါတယ်။ ကျနော့ကိုတော့ သူ့တူလို့ ပြောပြထားတော့ အများအမြင်မှာလည်း နေရထိုင်ရတာ အခက်အခဲမရှိခဲ့ပါဘူး။ ဥပမာ ပိတ်ရက်တွေဆို အစိမအဝတ်တွေ လျှော်ရလှမ်းရပါတယ်။ လက်နဲ့ လျှော်ရတာက မဟုတ်ပါဘူး၊ ဇာတ်လမ်းသဘောအရ ရေးထားတာပါ။ အဝတ်လျှော်စက်နဲ့ပဲ လျှော်ပါတယ်။ ဒီမှာက မိန်းကလေး ယောကျ်ားလေး မခွဲဘဲ စက်တစ်ခုထဲ သုံးကြတာ...