Posts

Showing posts with the label Angel Lynn

အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

သမီးကဆိုးနေသည်

Image
 သမီးကဆိုးနေသည်  ဟုတ်တယ် နွယ်နီ့သမီးဒီတလောနည်းနည်းဆိုးနေသည်  သမီးကအသက်၁၅နှစ် ကိုးတန်းဖြစ်သည်၊ ပျိုဖော်ဝင်ပြီဖြစ်တာကြောင့်သမီးကပိုလှလာသည်၊ သူ့ခန္တာကိုယ်ကလည်းသင့်တင့်တာထက်ပိုလို့ဖွံ့ဖြိုးလာသည်၊ အမေဖြစ်တဲ့နွယ်နီ့မျက်လုံးထဲတောင် သမီးကိုယ်လုံးကိုယ်ထည်လှနေတာကိုသတိထားမိသည်။  ကျောင်းမှာလည်းသူ့ကိုမျက်စိကျတဲ့ကောင်လေးတချို့ရှိတော့သမီးကစိတ်ကစားပြီးရည်းစားထားချင်လာသည်၊သို့သော် နွယ်နီက၁၈နှစ်မပြည့်မချင်းရည်းစားမထားရဟုအမိန့်ထုတ်ထားသည်၊ နွယ်နီကသမီးကိုအလိုလိုက်တဲ့အမေဆိုတော့ သမီးကနွယ်နီ့ကိုသိပ်မကြောက်ချေ၊သို့သော်ထိုသို့တစ်ချက်လွှတ်အမိန့်မျိုးလည်းတစ်ခါမှမထုတ်ဖူးကြောင့် ပထမဆုံးအနေနဲ့ထုတ်ထားသောတစ်ချက်လွှတ်အမိန့်ကို သမီးအနေနဲ့ဖီဆန်ရန်တော့ဝန်လေးနေမှာသေချာသည်။  "နွယ်နီက အလိုလိုက်ထားတော့ နွယ်နီ့သမီးကရည်းစားထားမှာပဲ၊ အကယ်၍အဲ့လိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ"  "အဲ့လိုဆိုလည်းမီးစင်ကြည့်ကရမှာပေါ့ မမကြည်ပြာရယ်"  "အို မီးစင်ကြည့်ကလို့မရပါဘူး၊ မလုပ်နဲ့ဆိုတာကိုလုပ်ရင် ဘယ်လိုအပြစ်ပေးမယ်ဆိုတာပါတစ်ခါတည်းပြောထား"  "အပြစ်ပေးရမယ် ဟုတ်လား"  "အင်းလေ အပြစ်ပေးရမှာပေါ့"  "မမရယ် နွယ...