မီးကိုတိုးတဲ့ ပိုးဖလံ .............................. ကျွန်မနာမည်က ဆုရည်ဝင်း၊ အခုခေတ် နာမည်ရ ဆယ်လီမလေးပေါ့။ အလယ်လတ်တန်းစား မိသားစုက ပြည့်စုံစွာ မွေးဖွားကြီးပြင်းလာခဲ့ရပြီး၊ ကျောင်းပြီးကာစ ခေတ်အခြေကြောင့် ဆိုရှယ်မီဒီရာ တွေမှာ နာမည်လေးရ အောင်မြင်လာတော့ ကြေငြာတွေ စပွန်စာတွေနဲ့ အောင်မြင်တဲ့ ဆယ်လီသူဌေးမ ပေါက်စလေး အသက်ငယ်ငယ်နဲ့ဖြစ်လာတာပေါ့။ ပရိတ်သက်တွေရဲ့ အများကြီး အခုထက်ပိုပြီး အားပေးတာ လိုချင်ပြီး အခုထက်လည်းအောင်မြင်အောင် အမျိုးမျိုး ကြိုးစားနေ တာပေါ့။ ငယ်ရွယ်သူမို့ ကြော်ကြားမှု့မှာ ရစ်မူးပြီး မထားသင့်တဲ့ မာန အမှားတွေကြောင့် ဒီဇာတ်လမ်းလေး ဖြစ်လာရတာပါ။ ကျွန်မ က နာမည်ကြီး ကွန်ဒို တစ်ခုက စပွန်စာရထားတဲ့ အခန်းမှာနေတယ်။ လွတ်လွတ်လပ်လပ်နေချင်တာရော ကျွန်မ အလုပ်အတွက်ရော အဆင်ပြေဖို့ တစ်ယောက်ထဲပဲ နေတာ၊ စားဖို့ သောက်ဖို့အတွက်တော့ မိဘတွေတွေ အိမ်က ချိုင့်နဲ့ စားချင်တာ လာပို့တယ်။ တစ်ယောက်ထဲမို့ ရိုက်ကူးရေးအတွက် အိမ်ပြန်နောက်ကျတာ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ နိုက်အောက်ထွက်တာဖြစ်ဖြစ်၊ စပွန်စာနဲ့ သွားတွေ့ တာ ဖြစ်ဖြစ် ကျွန်မအတွက် လွတ်လပ် အစဉ်ပြေတာပေါ့။ အစဉ် မပြေ အလိုမကျတာက ဘေးအခန်းက ငနဲကြီး။ ကွန်ဒိုရဲ...