be your pleasure zone , plz sir🧡 (၁) "ဟလို...မင်း ဘယ်မှာလဲ.." "အလုပ်မှာ ကိုကြီး.." "ဘယ်နှနာရီ ပြီးမှာလဲ 4နာရီမို့လား.." "ဟုတ်..ကိုကြီး" "ကို လာခေါ်မယ်... အဆောင်မပြန်တော့နဲ့..." "ဟုတ်...ကိုကြီး.." ဒီနေ့က 4 နာရီ dutyထွက်ရမှာဖြစ်ပြီးတော့ မနက်ဖြန်က day off မို့ အေးဆေး။ကိုကြီးလာခေါ်မှာဆိုလို့ မလန်းတဲ့စိတ်ဟာ ကြည်လင်သွားရ။မတွေ့ရတာ တပတ်ပြည့်ပြီမို့လား။ နာရီတကြည့်ကြည့်လုပ်ရင်းပဲ လက်တံရှည်ဟာ လေးဂဏန်းမှာ ရောက်တော့ dutyထွက်လို့ရပြီမို့ ဆောင်းထားတဲ့ capလေးကို ချွတ်ပြီး ထားနေကျနေရာမှာ ထားလိုက်တယ်။မှန်ရှေ့မှာ ရပ်ပြီး မျက်နှာမှာ လိုအပ်သမျှလေးတွေ ပြန်ခြယ်သရင်း နှုတ်ခမ်းနီးပါးပါးကို အရောင်ရင့်လိုက်တယ်...။ပင်ပန်းနေပေမယ့် ကြည့်ကောင်းနေရမယ်မို့လား....။ ဆေးရုံရှေ့လှမ်းထွက်ခဲ့တော့ ဆိုင်ကယ်ကို ခပ်လျော့လျော့မှီရင်း တံခါးပေါက်ကို လှမ်းကြည့်နေတဲ့ ကိုကြီး..။စတိုင်ပန့် လေးတွေကို အပေါ်က shirt လေးတွေနဲ့ တွဲဖက်၀တ်တတ်တဲ့ ကိုကြီးဟာ ဒီနေ့လည်း ဇီးညိုရောင် စတိုင်ပန့်ကို အဖြူရောင်shirt လေးနဲ့ တွဲ၀တ်ထားတာမို့ လူတွေကြားမှာ ထင်းခနဲ။အမြဲ shoeစီးတတ်ပေမယ့် ဒီနေ့မှ က...