I won't never kick you out anymore
ဟိုကောင်မရှိတော့တာနဲ့
ငါ့အိမ် ချက်ချင်း သန့်သွားတာပဲ။
ခါတိုင်း အဲကျက်သတုန်းကောင်ရှိနေရင် မနက်မိုးလင်းတည်းကကို မင်္ဂလာမရှိ။
ဟိုကောင်ဆိုတာက
အရင် သူနဲ့အတူနေခဲ့သော အောင်ကောင်းခန့်ကို ပြောခြင်းပင်။
သူတို့နှစ်ယောက်မှာ အရင်က ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ဘုန်းနေသွေး ဝယ်ထားသော တိုက်ခန်းတွင် အတူနေခဲ့ကြတယ်။
ဒါပေမယ့်
RSသက်တမ်း တစ်နှစ်ကျော်ကြာပြီးနောက်မှာ ဘုန်းနေသွေး ငြီးငွေ့လာပြီ။
ချစ်ခဲ့လားလို့ မေးရင် ဘုရားစူးကျိန်ရဲပါတယ်။ကျနော် သူ့ကို တကယ်ချစ်ခဲ့တယ်။
ဒါပေမယ့် ကြက်သားချည်းပဲ အမြဲစားလာရတော့ တစ်ခြားအသားပြောင်းစားချင်လာတာ သဘာဝမလား။
သို့နှင့် အောင်ကောင်းခန့်၏ အပြုအမူတို့သည် စိတ်ပျက်စရာဖြစ်လာခဲ့သည်။
အပြောအဆိုတို့သည် စိတ်တိုစရာဖြစ်လာခဲ့ပြီး
အချွဲအနွဲ့တို့သည် မျက်စိဆံပင်မွှေးစူးစရာဖြစ်လာခဲ့၏။
မျက်နှာ မြင်ရင်ကို အလိုလိုဒေါသထွက်လာတာမျိုး။
တစ်နည်းပြောရရင် ငြိုငြင်လာတာပေါ့။
ကိုယ့်က သူ့ကို ဘယ်လောက်ပဲ ငြိုငြင်နေပါစေ သူ့က အငွေ့အသက်လေးတောင် မခံစားမိဘူးလား မသိဖူးလားမသိဘူး။
ပြောလိုက်လို့ရှိရင် အူကြောင်ကြောင်မျက်နှာနဲ့ ပြန်ပြန်ကြည့်လာတာတွေ
တစ်ခုခုခိုင်းလိုက်ပြီဆိုရင်လည်း နည်းနည်းလေးကတော့ လွဲလိုက်ရမှ
အရိပ်အကဲ မသိတတ်တာလည်းလွန်ပါလေရော
အဲပုံစံတွေကို ဘုန်းနေသွေးမျက်လုံးထဲ crossဖြစ်နေတာ ကြာပြီဖြစ်သည်။
အဲလိုပုံစံမျိုးတွေက စချစ်တဲ့ အချိန်မှာပဲ ချစ်စရာ ကောင်းတာမျိုး။
နောက်ပိုင်းကျရင် စိတ်ရှုပ်လာရတာတော့ အမှန်။
ကြာလေ ကြာလေ စိတ်တိုလေ။
စိတ်ကုန်လေ။
ဒါနဲ့ ပြောပြရဦးမယ်။ သူတို့နှစ်ယောက် ဝါသနာတူတဲ့ တစ်ခုရှိတယ်။
ဘာလဲ ဆိုတော့ နှစ်ယောက်လုံးက bdsmစိတ်ဝင်စားကြတာပဲ။
အဓိက ကတော့ SMပေါ့။ကိုယ်က dom သူက sub။အရင်က ခနခနplayဖြစ်ခဲ့ကြပေမယ့်
ခုနောက်ပိုင်းသူနဲ့ playဖို့တောင် စိတ် သိပ်မပါချင်တော့ဘူး။
ဘုန်းနေသွေးဖက်က ဒီလောက် အကောင်လိုက်ကြီး ချပြထားတာတောင်(break upဖြစ်ချင်နေမှန်း သိသာနေတာတောင်)
အဲတာ ဘာလဲဟင်ဆိုပြီး ပြန်ကြည့်တဲ့ အကြည့်တွေကို
အရမ်းဒေါသထွက်ရသည်။
ဘုန်းနေသွေးဖက်က ငါပြတ်ချင်နေပြီလို့ ဖွင့်မပြောရုံတမယ် အပြုအမူ အပြောအဆိုတွေကို အဲငတုံး နားမလည်တာတော့ လုံးဝ speachlessပါ။
ဤသို့ဖြင့် မတီးမမြည် မပြောမပြီး အခြေအနေကြောင့် ဘုန်းနေသွေး ထုတ်ပြောရပေတော့မည်။
သို့သော် အောင်ကောင်းခန့်နဲ့ အတူနေတာ တစ်နှစ်ကျော်ကြာပြီမို့
break upလုပ်ဖို့ ပြောရန် ဘုန်းနေသွေးအတွက် ခက်နေ၏။
သို့နှင့် အောင်ကောင်းခန့်အပေါ်တွင် လုပ်ကြံအပြစ်တစ်ခု ဖန်တီးလိုက်ပြီး
အိမ်ပေါ်က နှင်ချလိုက်တော့သည်။နောက်ဆုံးတစ်ခေါက်အနေနဲ့ dramaချိုးချင်တာလည်းပါ၏။
ကိုယ့်ကိုကိုယ် အောက်တန်းကျမှန်းတော့ သိပါတယ်။ ဒါပေမယ့် ဘုန်းနေသွေးဆိုတာ လူကောင်းတစ်ယောက်မှ မဟုတ်ပဲ အောက်တန်းကျလည်း ဘာဖြစ်လဲ။
အဲလို လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းကို အရသာခံကြည့်နေရတာ ဘယ်လောက်ကောင်းလဲ ခံစားဖူးတဲ့ သူတွေမှ သိလိမ့်မယ်။
ကောင်လေးရဲ့ ခြောက်လန့်တကြား
အကြည့်တွေ အပြောတွေ၊သွေးပျက်နေတဲ့ ပုံစံ။မျက်ရည် လည်ရွှဲ တောင်းပန်နေတာလေးတွေ။
ဘယ်လောက် ကြည့်ကောင်းလိုက်သလဲ။
နောက်ပြီး လူဘဝဆိုတာ ရခဲတယ်လေ။ကိုယ့် မချစ်မနှစ်သက်သူနဲ့ အတူနေရတာ ဆင်းရဲဒုက္ခတစ်မျိုးပဲ။
ဘုန်းနေသွေးအသက် ၂၅ပဲ ရှိသေးတာ ဖျက်လတ်နေတုန်း တက်ကြွနေတုန်း သန်မာနေတုန်း ချောတုန်း မောတုန်း
အဲတာကို ဘာအတွက်နဲ့ ကိုယ်မချစ်တဲ့သူ အနားထားပြီး ဒုက္ခခံနေရမှာတုန်း။
ပင်ပန်းလွန်းလို့။စိတ်ပင်ပန်းလွန်းလို့ပဲ။မထားနိုင်ပါဘူး။
နေဦး စားပွဲပေါ်မှာ အောင်ကောင်းခန့်ဖုန်း။သူ ဖုန်းတောင် ယူမသွားဘူးလား?ဒါမှ မဟုတ် မေ့ကျန်ခဲ့တာလား?
ဘာရယ်မဟုတ် ဘုန်းနေသွေး သူ့ဖုန်းကို ယူကြည့်လိုက်မိ၏။
Passwardခံမထားတော့ လွယ်လွယ်ကူကူဖွင့်လို့်ရသည်။
Wallpaper က ဘုန်းနေသွေးပုံပါလား။
ဘုန်းနေသွေး fbမှာ တင်ထားတဲ့ ပုံကို saveပြီး wallpaper လုပ်ထားတာပဲ။
လက်က ဘာရယ်မဟုတ် fbထဲဝင်လိုက်သည်။
အောင်ကောင်းခန့် fbဆိုတာက friလည်း သိပ်မရှိ။နောက်ပြီး ပုံတွေ ဘာတွေလည်း သိပ်မတင်တတ်။
Profile pictureတောင် conan grayရဲ့ ပုံကို တင်ထားတာ။
အောင်ကောင်းခန့်ရဲ့အကောင့်ထဲ ဝင်မွှေကြည့်လိုက်သည်။
ထိုစဉ် သူ့ရုတ်တရက်မြင်လိုက်ရသည့် အရာများကြောင့် အံ့သြသွား၏။ဘာတွေလဲဆိုတော့
Only meနဲ့တင်ထားသော postပေါင်းများစွာ။
ဒီကောင် publicနဲ့ မတင်ပဲ only meနဲ့ပဲတင်တတ်တာလား။
တင်ထားတာကလည်း စာတွေချည်းပဲ။
ဖတ်ကြည့်လိုက်ဦးမယ်။
ဘုန်းနေသွေး အပေါ်ဆုံးတစ်ခုမှ စဖတ်လိုက်၏။
ဒီလ ၇ရက်နေ့က တင်ထားသော postပဲ။
(ဒီနေ့ ငါ ကိုကို့အနားသွားထိုင်တာကို အော်လွှတ်တယ်။တစ်နေ့ထက် တစ်နေ့ ကိုကို ငါ့ကို ပိုညိုငြင်လာသလိုပဲ။ငါတစ်ကယ် အိမ်ပေါ်က ဆင်းပေးသင့်နေပြီလား)
ဒီကောင် ငါအိမ်ပေါ်က ဆင်းစေချင်နေတာ သိနေပါလား။ငါက သူ့မထုံတတေးမျက်နှာကြောင့် မသိဘူးထင်နေတာ။
ဘုန်းနေသွေးနောက်တစ်ခု ဆက်ဖတ်လိုက်၏။၂ရက်နေ့က post
(ဒီနေ့ ငါ့ကို ကိုကိုက ပြောတယ်။အိမ်စရိတ် ပေးရတာခနခနပဲတဲ့။မင်းအိမ်က သိပ် မပြေလည်ဘူးဆိုတော့ ယူသုံးနေတာလားတဲ့။
ပြောရက်လိုက်တာ။babyအိမ်က မပြေလည်ဘူးဆိုတာ မှန်တယ်။
ဒါပေမယ့် ကိုကို ပိုက်ဆံကို မပြောမဆိုပဲ ယူသုံးရလောက်တဲ့ အထိ အရှက်မရှိတဲ့အထဲမှာ မပါဘူး။
ဟုတ်ပါတယ် baby ဆင်းရဲပါတယ်။ဆင်းရဲတာနဲ့ပဲ ဘာလို့ လူတွေက အကျင့်စာရိတ္တပါ မကောင်းဘူးလို့ တန်းတွေးကြကတာလဲ။
သူများပိုက်ဆံကို သူများ မသိပဲ ယူသုံးတာ က ခိုးတာပဲ။မကောင်းဘူး။မလုပ်ရဘူးလို့ babyမိဘတွေကလည်းဆုံးမပါတယ်ဗျာ။baby မိဆုံးမ ဖဆုံးမသားပါ။
ကိုကိုပေးသမျှပိုက်ဆံကို မီးဖိုချောင်ထဲက ဒန်အိုးထဲမှာ အကုန်ထည့်ထားတယ်။
ဈေးသွားတိုင်း ၁၀၀၀၀ပဲယူသွားတာ။ပြန်လာတာနဲ့ ပိုတဲ့ ပိုက်ဆံ အဲအထဲပဲ ပြန်ထည့်ထားတာ။
နောက်ပြီး ကိုကို babyကို ဘီယာတို့ ဆေးတို့ ဂျုတ်တို့ aftershaveတို့ ဝယ်ခိုင်းရင်လည်း အဲအထဲကပဲ ယူသုံးရတာပဲ။
နောက်ပြီး ရေချိုးဆပ်ပြာတို့ သွားတို့ဆေးတို့ ကုန်ရင်လည်း ဒီအထဲကပဲ ထုတ်သုံးရတာ။
ကိုကိုပေးတဲ့ ပိုက်ဆံ ဟင်းဝယ်ဖို့တင်မှ မဟုတ်တာ။ကျန်တဲ့ထွေလီကာလီတွေပါ ကိုကို ဝယ်ခိုင်းရင် ဝယ်ရတာ။
အဲတာကို ကုန်ကျစရိတ်များလို့တဲ့။ အဲလို ဝယ်ရတဲ့အကြောင်း ရှင်းပြမလို့ လုပ်တော့လည်း ပြန်ခံပြောနေတယ်တဲ့။
နောက်ပြီးအဲဒန်အိုးထဲမှာ သုံးသောင်းလောက်ကျန်သေးတာကို
ဟိုတစ်နေ့က ဟိုတစ်ယောက်လာတော့ ကိုကိုက food pandaက လှမ်းမှာတော့
Baby အဲအထဲကပဲ ယူရှင်းပေးလိုက်ရတာလေ။
အဲကြောင့် ပိုက်ဆံ သိပ်မကျန်တော့တာ။
အဲတစ်ယောက်အကြောင်း စဉ်းစားမိလိုက်တော့ ငိုချင်လာပြန်ပြီ။)
၂၉ရက် ၄လပိုင်းက post
(ဒီနေ့ ကိုကိုက ဟိုတစ်ယောက်ကို အိမ်ခေါ်လာပြန်ပြီ။ရည်းစားကြီးတစ်ယောက်လုံးအိမ်ပေါ်ခေါ်တင်ထားပြီး
တစ်ခြားတစ်ယောက်ကို အိမ်ကို ခေါ်ခေါ်လာတာတော့ ကိုကို အရမ်း ရက်စက်တာ။
နောက်ပြီး အဲတစ်ယောက်ရှေ့မှာ ငါ့ကို အိမ်ဖော်တစ်ယောက်လို ဆက်ဆံတယ်။တစ်ခုမဟုတ် တစ်ခုကို အလုပ်မရှိအလုပ်ရှာခိုင်းနေတာ။
နောက်ပြီး အဆိုးဆုံးက ငါ့ရှေ့မှာတင် အဲတစ်ယောက်က ကိုကို့ပေါင်ပေါ်အထိ ဝင်ထိုင်တာပဲ။ကိုကိုကလည်း မျက်နှာကြီးက လုံးဝပီတိဗျာနေတာ။ငါ့ကို ရှိတယ်လို့တောင် မထင်ဘူး။
ကိုကို အရမ်းရက်စက်တာပဲ။)
၂၄ရက် ၄လပိုင်းက post
(ကိုကိုက ငါ့ကို ပြတ်ချင်နေပေမယ့် ငါက တွယ်ကပ်နေတာ ငါ့ကို အပေါစားလို့ထင်နေပြီလားမသိဘူး။
ငါလေ ကိုကို့ကို အရမ်းချစ်တာပဲ။
ုကိုကို့အတွက် ချစ်တာလေးပဲ ချစ်ပေးနိုင်တယ်။ကျန်တာ ဘာမှ မလုပ်ပေးနိုင်ဘူး။
ကိုယ်ဟာကိုလည်း နားလည်ပါတယ်။
ဒါပေမယ့် တွယ်ကပ်နေပါရစေ။
ရနိုင်သမျှ တတ်နိုင်သမျှ ကျနော်လုပ်နိုင်သလောက်အထိ တွယ်ကပ်နေပါရစေ။
ကိုကို့ကို ချစ်နေလို့။စွဲစွဲလမ်းလမ်း ချစ်မိနေလို့။
တကယ်ပါ။ကျနော့မှာသာ ကိုကိုမရှိတော့ရင် ကျနော် ဘာလုပ်မိမယ်မှန်း ကိုယ်ကိုကိုယ်တောင်မသိဘူး။
ကျနော် သေရင်သေ
မသေရင် အရူးထောင် ရောက်မှာတော့ သေချာတယ်။
ဒါကြောင့် ကျနော် ကိုကိုအနားမှာပဲနေပါရစေ။ရင်နာရပေမယ့်လို့ပေါ့။)
၁၅ရက် ၄လပိုင်းက post
(ခုရက်ပိုင်းတွေမှာ ငါဘာပဲလုပ်လုပ် ကိုကိုက အပြစ်မြင်နေသလိုပဲ။TVကြည့်နေတော့လည်း ကြည့်လို့တဲ့
တစ်နေ့လုံးဒါပဲကြည့်နေတယ်တဲ့
မီးပူတိုက်နေတော့လည်း ကြာတယ်တဲ့။တစ်ခြားဟာမလုပ်ချင်တိုင်း ဖင်ဇိမ်ခံပြီး လုပ်နေတယ်တဲ့။
ုအဝတ်လျှော်တော့လည်း လက်ကြောမတင်းဘူးတဲ့။စိတ်မပါလက်မပါ လုပ်နေတယ်တဲ့။
ငါလေ ခုရက်ပိုင်း ပိုပြီး ကြိုးစားလုပ်နေတာပါ။ကိုကို ငါ့အပေါ် အချိုးတွေ စပြောင်းကတည်းက
ကိုကို့ဆီက မျက်နှာသာလေးများ ရမလားဆိုပြီး ဘာလုပ်လုပ် အားကြိုးမာန်တက်လုပ်နေတာ။
ခု အားကြိုးမာန်တက် လုပ်နေတယ်ဆိုတော့ အရင်က အားကြိုးမာန်တက်မလုပ်ဘူးရယ်လည်း မဟုတ်ပါဘူး။
အရင်ကလည်း လုပ်ပါတယ်။
ကိုကို ငါ့အပေါ်အမြင်မကြည်နေမှန်းသိလို့ အရင်ကထက် ပိုကြိုးစားလုပ်နေမိတာ။
အဲတာတောင်မှ အပြစ်ကမလွတ်ဘူး။)
၁၄ရက် ၄လပိုင်းက post
(Babyသိပါတယ်။နားလည်း နားလည်ပါတယ်။babyကို ကိုကို ပြတ်ချင်နေမှန်း။
ဒါပေမယ့် ကိုကို့အနားမှာပဲ နေပါရစေ။
ကိုကို့ကို ချစ်တာလည်းပါတယ်။
ချစ်လို့ ကိုကိုဆီမှာနေချင်တာက ၇၅ရာခိုင်နှုန်းပေါ့။ကျန်တဲ့ ကိစ္စက ၂၅ရာခိုင်နှုန်းပါတယ်။အဲကျန်တဲ့ ကိစ္စက ဘာလဲဆိုတော့
ခုနောက်ပိုင်း babyအိမ် အရမ်းကြပ်တည်းလာတယ် ကိုကိုရဲ့။
ကိုဗစ်ဖြစ်တည်းက အိမ်စီးပွားရေးက ယိုင်တာတောင် မဟုတ်ဘူး
ပြိုလုနီးနီးကို ဖြစ်နေတာ။ခု အာဏာပါသိမ်းလိုက်တော့
လုံးဝကို အလုပ်မရှိတော့ဘူး။
အရင်က စုဆောင်းထားတာ လက်ဝတ် လက်စားလေး ထုတ်ရောင်းပြီး ထိုင်စားနေရတာ။
Babyသာ ကိုကိုနဲ့ ပြတ်ပြီး အိမ်ကိုပြန်ရရင် အိမ်မှာ စားစရာ ပါးစပ်တစ်ပေါက် ထပ်တိုးလာပြီ။
အရင်က လေးယောက်ထိုင်စားနေရာကနေ
၅ယောက်ထိုင်စားရတော့မယ်။
ထိုင်စားလို့ ကုန်သွားရင်
တန်းစီရမယ့်အဆင့်ပါရောက်တော့မှာ။
အဲကြောင့် ကိုကို လမ်းခွဲချင်တဲ့ ပုံစံမျိုးတွေ ပြောလာလို့ရှိရင် အူကြောင်ကြောင် ပုံစံနေနေမိတာ။
မသိချင်ယောင်ဆောင်နေမိတာ။အိမ်သာသွားဦးမယ်ဆိုပြီး မရမက ရှောင်ထွက်တတ်တာပါ။
အဲတာကိုပဲ ကိုကိုက ပို စိတ်တိုလာတယ်ထင်ပါရဲ့။
တောင်းပန်ပါတယ် ကိုကို။babyကြောင့် ကိုကို စိတ်တိုနေရပြီ။စိတ်ပင်ပန်းနေရပြီ။
ဒါပေမယ့် babyအတွက်ရော babyမိသားစုအတွက်ရော babyအရှက်မရှိ နေပါရစေ။
အတ္တကြီးပါရစေ။)
၅ရက် ၄လပိုင်းက post
(ငါ ဒီနေ့အရမ်း ငိုချင်တာပဲ။ငိုလည်း ငိုခဲ့တယ်။
ကိုကိုနဲ့ ငါနဲ့ကြားမှာ ပြောရမှာ အမုန်းဆုံးကိစ္စ
မပြောချင်ဆုံးကိစ္စကို ပြောခဲ့ရတယ်။
သိတဲ့အတိုင်း ပိုက်ဆံကိစ္စပေါ့။
အိမ်က ပိုက်ဆံပြန်ဆပ်စရာရှိလို့တဲ့။တစ်သိန်းခွဲလောက်လိုတယ်တဲ့။
ကျနော့ကို အားကိုးတကြီးနဲ့ ဖုန်းဆက်လာတယ်။
ငါက သားကြီးလေ။အဖေ အမေပြီးရင် ငါလေ။ဘယ်လိုလုပ်ငြင်းရက်မှာတုန်း
ငြင်းနိုင်မှာတုန်း။
ဒါပေမယ့် အဲပိုက်ဆံကလည်း ငါ့မှာမရှိနေပြန်ဘူး။
ကိုကိုက လကုန်တိုင်း ငါ့ကို မုန့်ဖိုးပေးတာကို အရင်လက မပေးဘူး။
ကိုကိုမေ့သွားတာလား။ဒါမှမဟုတ်တမင် မပေးတာလား မသိဘူး။
မေ့သွားတာတော့ မဖြစ်နိုင်ဘူး။လတိုင်းပေးလာတဲ့ ကိစ္စကို ခုလမှ မပေးတာတော့ မဖြစ်နိုင်ဘူး။ကိုကို တမင်မပေးပဲ နေတာပဲ ဖြစ်မှာ။
တမင် ငါ့ကို ကြည့်မရလို့ မပေးပဲနေတာပဲဖြစ်မှာပါ။
အဲတာနဲ့ ငါလည်း ကိုကို့ဆီကို ပိုက်ဆံတောင်းရတော့တာပေါ့။တကယ်ပါ။ငါလေ မျက်နှာပူလွန်းလို့ ကို့ကို့ကိုတောင် မကြည့်ရဲဘူး။
မနဲအားယူပြီးပြောရတာ။မနက်တည်းက ပြောဖို့အားယူနေတာ ညရောက်မှပဲ ပြောဖြစ်တော့တယ်။
အမှန်ပြောရရင် ငါလေ အရင် ကိုကို ငါ့ကို ကြည်ဖြူတုန်းကတောင် ပိုက်ဆံစကားဆို မပြောချင်ဘူး။
အကူအညီမတောင်းချင်ဘူး။
ဟုတ်တယ်လေ။ကိုကို့ကို ရည်းစားတော်ထားတာ ချစ်လို့ ရည်းစားတော်ထားတာပဲ။ငွေထုတ်စက်လို သတ်မှတ်ပြီး ရည်းစားတော်ထားတာမှ မဟုတ်တာ။
အဲတော့ ခုလို ကိုကို ငါ့ကို မကြည်ဖြူတော့တဲ့ အချိန်မှာ ပိုတောင် မပြောချင်သေးတယ်။ဒါပေမယ့် မပြောလို့ရလည်းမရဘူး။ဟူးးးးးး
အဲလိုတောင်းတော့ ကိုကို့က ငါ့ကို ပြန်ပြောတယ်။လကုန်ရက်က မင်းကို မပေးလို့ ခုတောင်းနေတာလားတဲ့။
ငါလည်း မဟုတ်ပါဘူးလို့ အသည်းအသန် ပြန်ငြင်းတာပေါ့။
တကယ်လည်း မဟုတ်ဘူးလေ။တကယ်ဆို ခုခေါတ် ခုကာလ ငါ့ကို အိမ်ပေါ်ခေါ်တင် ထမင်းကျွေးထားတာတောင် အရမ်းကျေးဇူးတင်နေတာပါ။နောက်ထပ်လည်း ထပ်မလိုချင်တော့ပါဘူး။
ခုဟာက ဘယ်လိုမှ မတတ်နိုင်လို့။ငါ့မှာ အားကိုးစရာဆိုတာလည်း ကိုကို့ပဲရှိလို့။
ငါ့ဘဝမှာလေ ငါ့မိသားစုရယ် ကိုကိုရယ်ပဲ ရှိတာ။
ကိုကိုပြီးရင် နောက်ထပ်မရှိတော့ဘူး။
အဲမှာတော့ ကိုကိုက ငါ့ကို ပြန်ပြောတယ်သိလား။
မပေးနိုင်ဘူးတဲ့ ဒီလိုအချိန်မျိုးမှာ မင်းကို ထမင်းကျွေးထားတာတောင် ကံကောင်းတဲ့။
ငါလေ ကိုကို့ရှေ့ကနေ ချက်ချင်းအငွေ့ပြန်သွားချင်တော့တာပဲ။ရှက်လည်း ရှက်တယ်။ဝမ်းလည်းနည်းတယ်။ငိုလည်းငိုချင်တယ်။
ငိုလို့တော့ မဖြစ်ပါဘူး။ငိုလို့ရှိရင် ကိုကိုက ပိုက်ဆံလိုချင်လို့ မျက်ရည်ခံထိုးနေတယ်လို့ပြောမှာ။
အဲအချိန်မှာ ကိုကို့ရှေ့မှာ မနေချင်တော့ဘူး။ငါ အရမ်းရှက်တာပဲ။
နောက်ပြီး ကိုယ့်ကို မလိုချင်တော့တဲ့ သူဆီမှာ အကူအညီတောင်းရတာ၊
ပိုက်ဆံပေးပါဆိုပြီး လက်ဖြန့်ရတာ ကိုယ့်ကိုကိုယ် အရမ်းသိမ်ငယ်မိတယ်)
၂၅ရက် ၃လပိုင်းက post
မနေ့က ငါ့ကြောင့် ပန်းကန်လွတ်ချသွားတယ်။ကိုကိုလည်းသိသွားရော ငါ့ကို ဆူတော့တာပဲ။လက်ကြောမတင်းဘူးတွေရော စောက်ဖြစ်မရှိဘူးတွေရော။
ငါလေ အရမ်းခံရခက်တာပဲ။ရင်ဘတ်တွေအောင့်လိုက်တာ။ဒီပန်းကန်တစ်ချက်အတွက် ငါ ခုလိုအပြောခံရတာ မတန်ဘူးလို့ထင်တယ်။
အနာဆုံးကတော့ ကိုယ့်ပစ္စည်းမဟုတ်တိုင်းလက်လွတ်စပယ်နဲ့ ဆိုတဲ့ ကိုကိုပြောတဲ့ စကားမှာပဲ။
ငါ အဲစကားမှာ လုံးဝမျက်ရည်ကျမိတော့တာ။
တကယ်ပါ။ ငါလေ ဒီတိုက်ခန်းကို ကိုယ့်တိုက်ခန်းလို့ သဘောထားပြီး အမြဲ တသသ လုပ်နေ ကြည့်နေခဲ့တာပါ။
ကိုကိုပြောကြည့်။baby ရောက်လာပြီးတဲ့ နောက်ပိုင်း ဧည့်ခန်း ညစ်ပတ်နေတာ ဘယ်နှစ်ခါ မြင်ဖူးလဲ။
မီးဖိုချောင် ညစ်ပတ်နေတာ ဘယ်နှစ်ခါ မြင်ဖူးလို့လဲ။
ကိုကိုအရမ်း ပြောရက်တာပဲ။
ပြောတာတောင် မဟုတ်ဘူး။ ရိုက်နေကြ ကြိမ်လုံးပါ ဆွဲယူပြီး ငါ့ကို အားကုန် ရိုက်တော့တာ။
အရင်က ကိုကိုနဲ့ playရင် ကိုကိုဘယ်နှစ်ချက်ရိုက်ရိုက် ရိုက်တဲ့ အပေါ်မှာ သာယာပေမယ့်
မနေ့က ကိုကိုရိုက်တာက မုန်းလို့ ရိုက်နေတာမှန်း ကိုကို့ရဲ့ အကြည့်တွေက သက်သေခံနေတယ်။
ကိုကို babyကို အဲလောက်အထိမုန်းနေတာလား။babyကို မလိုချင်တော့ဘူးလား။
ကိုကိုသာ babyကို စွန့်ခွာသွားရင် babyသေမှာ။)
20ရက် ၃လပိုင်းက post
ငါ ဒီနေ့ ကိုကို tvကြည့်နေတုန်း ကိုကို့ ရှေ့ ကြမ်းပြင်မှာ ထိုင်ပြီး ကိုကို့ ခြေထောက်တွေကို နှိပ်ပေးဖြစ်တယ်။
ကိုကို ငါ့အပေါ်မှာ စိမ်းကားနေလို့
အရင်လိုများ ပြန်ဖြစ်မလားလို့
အမှတ်ယူတာပါ။
ဒါပေမယ့် ကိုကိုက ငါ့ကို ခြေထောက်နဲ့ ကန်ထုတ်တယ် သိလား။ပြီးတော့ ပြောတယ်။ပြီးကို ဘယ်သူလုပ်ခိုင်းလို့လဲတဲ့။
ငါလေ ရင်တွေ အရမ်းနာတာပဲ။)
၁၅ရက် ၃လပိုင်းက post
ဒီနေ့ ကိုကိုက ကောင်လေးတစ်ယောက်ကို အိမ်ခေါ်လာတယ်။ငါလည်း စစချင်းတော့ အသိမိတ်ဆွေလို့ထင်တာပေါ့။
ဒါပေမယ့် ကိုကိုနဲ့ အဲကောင်လေးရဲ့ ငါ့ရှေ့မှာတောင် မရှောင်တဲ့ ဖက်လဲတကင်း ရဲတင်းမှုတွေကို
သည်းမခံနိုင်တော့ပဲ
ကိုကို့ကို အိပ်ခန်းထဲ အတင်းဆွဲခေါ်ပြီး အဲကောင်လေးက ဘယ်သူလဲလို့ မေးလိုက်တယ်။
ကိုကိုက အဲတာ ငါ့အသိလေတဲ့ ဘာဖြစ်လို့လဲတဲ့။
ငါလည်း ပြန်ပြောတာပေါ့။ဘယ်လို အသိမိတ်ဆွေကမှ အဲလိုမနေဘူးဘာညာပေါ့။အဲတုန်းက ငါ စိတ်အရမ်းတိုနေတာ။
ဒါပေမယ့် ကိုကို့က ပြန်ပြောလာတဲ့ စကားတွေက ငါ့ကို ဘာမှ ပြန်မပြောနိုင်တော့တဲ့အထိ ဆွံ့အစေတယ်။
ကိုကိုက ဘာပြန်ပြောလဲဆိုတော့
ငါ့ဟာငါ ဘယ်လိုနေနေ မင်းစောက်ကြောင်းမပါဘူးတဲ့။ငါ့ကို လာပြီး ဆရာ လုပ်နေရအောင် မင်းကိုယ်မင်း ဘာထင်နေလဲတဲ့။မမြင်ချင် အိမ်ပေါ်က ဆင်းတဲ့။
ငါလေ ငိုချင်တာပဲ သိတော့တယ်။ဘာပြောလို့ ပြောရမှန်းကို မသိတော့တာ။
အိမ်ပေါ်က ဆင်းဆိုလို့ ငါ့အိမ်အခြေအနေနဲ့ ဘယ်လို ဆင်းရမှာလဲ။
နောက်ပြီး ကိုကို့ကို ဒီအတိုင်း လက်လျော့လိုက်ရမှာလား။ငါဘာအပြစ်မှ လုပ်မထားမိပါဘူး။
အဲဒါကြောင့် လက်လည်း မလျော့နိုင်ဘူး။ဒါပေမယ့် ကိုကို့ကို ပြန်ပြောဖို့ကြတော့ လည်း ဘယ်လိုမှ အဆင်မပြေဘူး။
ကိုကို့က ငါ့ချစ်သူဆိုတာအပြင် ငါ့ကျေးဇူးရှင်လို့ပြောရရင်လည်း မမှားဘူး။ငါ့ ကျေးဇူးရှင်ကို ဘယ်လို စိတ်မျိုးနဲ့ ပြန်ပြောနိုင်မှာလဲ။
နောက်ပြီးလေ အိမ်က အဆင်မပြေလို့ ရည်းစားအိမ်မှာ ကပ်နေရတာ ကိုယ့်ကိုကိုယ် အရမ်းသိမ်ငယ်တာပဲ။)
ဘုန်းနေသွေး ဘာမှ မပြောနိုင်တော့ပဲ တွေတွေလေးနဲ့ ငေးငေးလေး ငြိမ်ကျသွားမိသည်။နောက်ထပ်postတွေကိုတောင် ဆက်မဖတ်နိုင်တော့။
ဆယ့်ငါးမိနစ်လောက်အကြာတွင် ဘုန်းနေသွေးတစ်ယောက် ရောက်ယှက်ခတ်နေသော ပုံစံ နှင့်အတူ တိုက်ခန်းထဲမှ အလောတကြီး ပြေးထွက်လာခဲ့တော့၏။
................................
လွန်ခဲ့သော နာရီအနည်းငယ်က
သွားတော့ ငါ့အိမ်က ထွက်သွားတော့ မင်းမျက်နှာ မမြင်ချင်တော့ဘူး။
"ကိုကို အဲလိုမဟုတ်ပါနဲ့ ခွင့်လွှတ်ပေးပါ။တောင်းပန်ပါတယ်"
ကျနော့် မျက်ရည်တွေ စီးကျရင်း လက်အုပ်ချီပြီးတောင်းပန်နေမိတယ်။
ကျနော် ချစ်တဲ့ ကိုကိုက ကျနော့်ကို အိမ်ပေါ်က နှင်ထုတ်နေတာ။
ကျနော့်ကို တကယ်မလိုချင်တော့ဘူးလား။မချစ်တော့ဘူးလား။
အိမ်ပေါ်က နှင်ချတဲ့အထိ ကျနော့ကို ဖြစ်နေပြီလား။
ကိုကို့ရဲ့ ဒေါသတကြီး မောင်းထုတ်နေတဲ့မြင်ကွင်း။
ကျနော် မခံစားနိုင်တော့ဘူး။
ကျနော့နှလုံးသားကို လက်အေးအေးကြီးနဲ့ လာညစ်နေသလိုပဲ။
ဝတ္တု တွေထဲမှာရေးလေ့ရှိတဲ့ နှလုံးသားကိုခွဲ ဆားနဲ့သိပ်ဆိုတာက ဒီလို ခံစားချက်မျိုးလား။ခံရခက်လိုက်တာ။
"မင်းကို သွားတော့လို့ပြောနေတယ်နော်"
သွားပါ့မယ်။ကျနော်သွားပါမယ်။ ကိုကို့ရဲ့စကားတွေက သံရည်ပူတွေ နားထဲ လောင်းချလိုက်သလိုပဲ။
အပြောကြမ်းကြမ်းတွေ၊
မီးဝင်းဝင်းတောက်နေတဲ့အကြည့်တွေ။
ကျနော်ခံနိုင်ရည်မရှိတော့ဘူး။ကျနော်မခံစားနိုင်တော့ဘူး။
အဲလိုနဲ့ ကျနော် အိမ်ပေါ်က ဆင်းခဲ့ရတယ်။
ကျနော်မှာ ထွေထွေထူးထူး ဘာမှသိမ်းစရာမရှိဘူးလေ။ရန်ကုန်လာကတည်းက ပါလာတဲ့ ကျောပိုးအိတ်တစ်လုံးရယ်။အဝတ်အစားတစ်ချို့ရယ်။နောက်ပြီး ကျနော့ ကိုယ်ပိုင် ပစ္စည်းတစ်ချို့ရယ်။
ဘာမှ သိပ်မရှိဘူး။လွယ်အိတ်ကလေးတစ်လုံးနဲ့ အကုန် အပြည့်ကာပါတယ်။
ကျနော့ဟာလို့ လက်ညိုးထိုးလို့ရတာတွေတော့ အများကြီးပေါ့။
ကိုကိုဝယ်ပေးထားတာတွေလေ။မျက်နှာသစ်ကအစ အဝတ်အစားအဆုံး။
အရင်က ဝယ်ပေးခဲ့တာတွေပါ။လွန်ခဲ့တဲ့ နှစ်လလောက်စပြီး ကျနော် မရတော့တာ ခုအထိပဲပေါ့။
ဒါပေမယ့် ခု ကိုကိုက နှင်ထုတ်တော့ ကျနော် အဲဒါတွေကို ယူမသွားချင်တော့ဘူး။
ကိုကို လွှတ်ပဲပစ်ပစ် မီးပဲရှိူ့ရှိူ့။
ဒီမျက်ရည်တွေကလဲကွာ
ဘယ်လောက်ပဲ ကြိုးစားထိန်းချုပ်ပါစေ ကျမြဲ ကျဆဲ။တစ်ချက်တစ်ချက် အသံထွက်သွားတဲ့ ရှိူက်သံတစ်ချို့ရယ်။
ကျနော့်စားပွဲပေါ်က သော့တွဲလေးတစ်ခု။သေချာတာပေါ့။
အဲဒါ ကိုကို့အိမ်သော့လေး။ကျနော့အတွက် အပိုတစ်ခုပေးထားတာ။ခုပြန်ပေးခဲ့ရတော့မယ်။
နောက်ပြီး ကိုကို ဝယ်ပေးထားတဲ့ miဖုန်းလေး။ကိုကိုပြောတာ ၃သိန်းခွဲတဲ့။
ကျနော် အရမ်းကြိုက်တာပဲ။ကိုကိုဝယ်ပေးထားလို့ ကြိုက်တာရော တစ်ခါမှမကိုင်ဖူးလို့ ကြိုက်တာရော။
ခုတော့။
ကျနော ဆင်းကတ်ကို ဖြုတ်ယူလိုက်တယ်။ပြီးတော့ အံဆွဲထဲထည့်သိမ်းထားတဲ့ miဖုန်း ဘူးအခွံလေးကို ထုတ်လိုက်တယ်။
အဲဖုန်းခွံထဲမှာ ကျနော် ရန်ကုန်တက်လာကတည်းက ကိုင်ခဲ့တဲ့ဖုန်း coolpadလေး ရှိနေတယ်လေ။
မသုံးဖြစ်တာတောင် ကြာရောပေါ့။ခုတော့ ထုတ်သုံးရတော့မယ်။၂၀၁၅လောက်ထဲက ဝယ်ထားခဲ့တာ။
ခုဆိုcoolpadတွေ ဆိုင်တွေမှာတောင် မရောင်းတော့ဘူးထင်တယ်။အဲတုန်းကတော့ ၄သောင်းဝန်းကျင်ပေးရတယ် ဒီဖုန်းဝယ်တာ။
Coolpadဖုန်းလေးကိုထုတ်ပြီး ဆင်းကဒ်ထည့်လိုက်တယ်။
နောက်ပြီး miဖုန်းလေးကို ဧည့်ခန်းက စားပွဲပေါ်မှာပဲ တင်ထားလိုက်တယ်။ကျနော် ကိုကိုဝယ်ပေးထားတဲ့ ဖုန်းလေးကို ယူမသွားဘူးဆိုတာ ကိုကိုသိအောင်ပေါ့။
အကုန်သိမ်းလို့ပြီးသွားပြီ။
ခု ကျနော့လက်ရှိပုံစံက တောကနေ ရန်ကုန်တက်လာကာစ ပုံစံအတိုင်းလေးပဲ။
ကျနော် ပြင်စရာရှိတာတွေ ပြင်ပြီး ကိုကို့အနားကို သွားလိုက်တယ်။
"ကိုကို baby အာ ဆောရီး ကျနော်သွားတော့မယ်"
Babyလို့ ကိုယ့်ကိုကိုယ် သုံးနှုန်းချင်သေးပေမယ့် ကိုကိုမှ မကြိုက်တော့တာ။
အာ ဒီမျက်ရည်တွေကလည်း။စကားတောင် မနည်းအားတင်ပြီးပြောလိုက်ရတယ်။
"ကျနော် ကိုကို့ကို ကန်တော့ခဲ့ပါတယ်"
ကိုကိုက ကျနော့ကျေးဇူးရှင်လေ။ကျနော်ကိုယ်ထဲမှာ သခင် ကျွေးထားခဲ့တဲ့ ထမင်းတွေ ခြေမနဲ့ကော်ထုတ်ရင်တောင် အထောင့်လိုက်ထွက်လာမှာ
တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့။ကျနော်စားခဲ့တာ အလုတ်ပေါင်းမြောက်များစွာ။
ကျနော် ပြန်မဆပ်နိုင်ပါဘူး။ကိုယ့်ဟာကိုယ်တောင် ပိုက်ဆံမရှိလို့ ကိုကို့အိမ်မှာ တတ်နိုင်သမျှ ကပ်နေခဲ့တာ။အဲဒါကြောင့် ကန်တော့တာပဲ ကျနော် တတ်နိုင်တော့တယ်။
ကျနော့် ကိုကို့အိမ်က ထွက်လာခဲ့တယ်။ဒါပေမယ့် ဘယ်သွားလို့သွားရမှန်းမသိဘူး။
မျက်လုံးတွေကအသက်မဲ့စွာ။ခြေထောက်တွေက လေးကန်စွာ။
ကျနော့်ကို မြင်တဲ့လူတိုင်းက အထူးအဆန်းလို ကြည့်သွားကြတယ်။ကျနော့ဂရုမစိုက်နိုင်ပါဘူး။
ဂရုမစိုက်နိုင်လောက်ကို ခွန်အားမဲ့နေခဲ့ပါပြီ။
ကျနော်ကြုံရာ သစ်ပင်တစ်ပင်အောက်မှာ ဝင်ထိုင်လိုက်တယ်။ကိုကို့အိမ်နဲ့တောင် သိပ်မဝေးသေးဘူးပဲ။
ကိုကို့အိမ်ရှိရာကို ဘာရယ်မဟုတ် ငေးကြည့်နေမိတယ်။ ခေါင်းထဲမှာ ကိုကို့မျက်နှာတွေ ကိုကို့စကားသံတွေ တရိပ်ရိပ်နဲ့။
တော်ပါတော့။ကျနော်မခံစားနိုင်တော့ဘူး။
နားနှစ်ပိတ် မျက်စိစုံမှိတ်ကာ ခေါင်းကို အတင်းခါရမ်းမိသည်။
ခုအချိန်မှာ ကျနော်နားလည်လိုက်ရတာက ကိုကိုက ကျနော့ နှလုံးသားကိုရော စိတ်တစ်ခုလုံးကိုရော ကျနော့ မသိလိုက်ဘဲနဲ့ သိမ်းပိုက်ထားနှင့်ပြီ ဆိုတာပဲ။
ကျနော်လည်း ဒူးခေါင်းပေါ် ခေါင်းမှောက်တင်ပြီး ငိုနေမိတယ်။
တိတ်တဆိတ် ငိုနေတာမဟုတ်လေတော့ ဖြတ်သွားတိုင်းလူတိုင်းက လှည့်ကြည့်သွားကြမှာ။
ဒါပေမယ့် ကျနော် မရှက်နိုင်တော့ဘူး။ငိုချင်တာပဲ သိတော့တယ်။
အဲအချိန်မှာ ကျနော်ရှေ့တစ်ယောက်ယောက်ရှိနေသလို ခံစားချက်မျိုး ကျနော်ရလိုက်တယ်။
ကိုကိုများလား။ကိုကို စိတ်ပြောင်းသွားပြီးလိုက်ခေါ်တာလား။
ကိုကို ဖြစ်ပါစေလို့ စိတ်ထဲ အကြိမ်ကြမ်ဆုတောင်းရင်း မော့ကြည့်လိုက်ချိန်မှာ
ဟုတ်တယ် ကိုကိုပဲ။
ကျနော်အရမ်းပျော်သွားတယ်။ကိုယ်လိုချင်တာကို ရသွားတဲ့ကလေးတစ်ယောက်လို။
စာမေးပွဲမှာ ကိုယ်ညကမှ ကျက်ထားတဲ့ စာတွေ တိုးလို့ ပျော်သလိုပဲ။
ကျနော် ခုဖြစ်သွားတဲ့ ခံစားချက်ကို ဖော်ပြဖို့ စကားလုံးတွေ မရှိသေးတဲ့အထိ။
ပျော်တယ်ဆိုတာထက် လေးနက်တဲ့စကားလုံးဘာရှိသေးလဲဟင်။
"ကိုကို"
ကျနော် ဝမ်းသာအားရနဲ့ ခေါ်လိုက်မိတယ်။
"အိမ်ပြန်လိုက်ခဲ့တော့"
"တကယ် တကယ်ပြောထားတာလား ဟင်။ကျနော့ကို နှင်မထုတ်တော့ဘူးပေါ့နော်"
ကျနော် မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ပြီး မေးလိုက်တယ်။
"အင်း"
"ကျနော် ကိုကိုနဲ့ အတူပြန်နေလို့ရပြီပေါ့နော်"
ကျနော် ချက်ချင်းထလိုက်ပြီး ကိုကို့ခါးကို ပြေးဖက်လိုက်မိတယ်။ကိုကုိ့ ရင်ခွင်ကြီးကို မျက်နှာ အပ်ပြီးတော့လေ။
ဒီရင်ခွင်ကြီးနဲ့ ဝေးရတော့မယ်ထင်ထားတာ။ဒီတစ်သက် ကိုကို့ရင်ခွင်ထဲ နေလို့မရတော့ဘူးထင်နေတာ။
ကျနော် အရမ်းချစ်တဲ့ ကိုကုိ့ရဲ့ ကိုယ်သင်းနံံ့လေး။ကျနော်လွမ်းနေခဲ့တာ။
ကျေးဇူးတင်ပါတယ် ဘုရားသခင်။ကျနော် ကိုကို့ကို လက်လွှတ်လိုက်ရပြီထင်ထားတာ။ဘာမှ မရှိတဲ့ ကျနော့ဘဝထဲမှာ ကိုကို့ကိုသာ ဆုံးရှုံးရမယ်ဆိုရင် ကျနော့ဘဝ
ဘာဖြစ်သွားမယ်ဆိုတာ တွေးကြည့်လို့တောင်မရနိုင်ဘူး။
ကျေးဇူးတင်ပါတယ်။တကယ် ရင်ထဲက နှစ်နှစ်ကာကာ ကျေးဇူးတင်မိတာပါ။
ကျနော် တင်းကြပ်နေအောင် ဖက်ထားလိုက်တယ်။ကိုကိုကလည်းကျနော့ကို ပြန်ဖက်ရင်းနဲ့
"ကိုယ်တောင်းပန်ပါတယ်။ကိုကို့ကို ခွင့်လွှတ်ပါ"
"ဟင့်အင့် တောင်းပန်စရာမလိုပါဘူး။babyကို့ နှင်မထုတ်တော့တာနဲ့တင် babyကျေးဇူးတင်ပါတယ်"
"ကိုယ့်အမှားတွေပါ။ကိုယ့်ကြောင့် babyအရမ်းခံစားခဲ့ရမှာပဲ။ကိုယ့်ကို ခွင့်လွှတ်နော်။"
ကိုကို့အသံက နောင်တရနေတဲ့အသံလေး။
ကိုကို ကျနော့ကို တောင်းပန်နေတာက ကျနော့်ကို ငိုအောင် ပိုလုပ်နေသလိုပဲ။
သခင်က ကျနော်ကို ချစ်သေးတာပဲ။
အကြောင်းပြချက်ရေရေရာရာမရှိပဲ ငိုချင်တာပဲသိတော့တယ်။
ပျော်လို့ ငိုတာပါ။အရမ်း ဝမ်းသာမိလို့ပါ။ကိုကိုက ကျနော့်ကို ချစ်သေးတယ်လေ။
"ချစ်တယ် ကလေး"
ကျနော့နားထဲမှာလေ ဆည်းလည်းသံလေးလိုပဲ။
"ချစ်တယ် ကိုကို"
ကျနော်တို့နှစ်ယောက် လမ်းဘေး သစ်ပင်တစ်ပင်အောက်မှာ တစ်ယောက်ကို တစ်ယောက် အတင်းအကြပ် ပွေ့ဖက်နေကြရင်းနဲ့ပေါ့။
ဘုရားသခင်က ဒီကမ္ဘာကြီးကို ကျနော်တို့ နှစ်ယောက်တည်းအတွက်ပဲ ဖန်ဆင်းပေးထားတဲ့အတိုင်း
ကျနော့ဆံပင်လေးတွေက လေတိုက်ရာဘက်ကို လွှင့်နေကြတယ်။
လေနတ်ဘုရားကတောင် ကောင်းချီးပေးနေသလားပဲ။
သစ်ပင်ကြီးကတော့ သူ့တာဝန်အတိုင်းကျနော့တို့ နှစ်ယောက်အပေါ်ကို သစ်ရွက်ကလေးတွေ ကြွေကျပေးနေလေရဲ့။
ကျေးဇူးတင်ပါတယ် ဘုရားသခင်။ဘာမှ မရှိတဲ့ ကျနော့ဘဝလေးထဲကနေ ကျနော့ကိုကို ကို ဆွဲထုတ်မသွားခဲ့လို့။
The end
Written by khoon sint naung
Photo crd to piterest
Comments
Post a Comment