Posts

Showing posts with the label Koe

အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

စွဲလမ်းခြင်းပြဿနာ စ/ဆုံး

Image
စွဲလမ်းခြင်းပြဿနာ (အပိုင်း ၁) ကျွန်တော့်နာမည် ကိုကိုးပါ နာမည်အပြည့်အစုံကတော့ ကိုကိုးအောင်သူပေါ့ အဖေက ဦးမြတ်သူ ကျွန်တော် ၆ နှစ်သားလောက်ထဲကဆုံးသွားခဲ့တာ အခုတော့ ကျွန်တော့် အမလင်မယားရယ် ညီမလေးရယ် ကျွန်တော့်မေမေရယ်နဲ့ အတူနေပါတယ် ကျွန်တော်တို့က အရမ်းအချမ်းသာကြီးမဟုတ်ပေမယ့် သုံးနိုင်ဖြုန်းနိုင်တဲ့ အခြေအနေတစ်ခုတော့ရှိပါတယ် အခုဆိုကျွန်တော်က gtc ဒုတိယနှစ်တက်နေပြီလေ ၁၈ ပြည့်ပြီးထဲက ကျောင်းသွားကျောင်းပြန် ကားကိုကိုယ်တိုင်ပဲမောင်းဖြစ်တယ် ဒါနဲ့ကျွန်တော့်ပုံစံလေးလည်းပြောပြရဦးမယ် ကျွန်တော်က အရမ်းနုဖတ်မနေပေမယ့် ချောတဲ့အထဲတော့ပါပါတယ် အရပ်ကလည်းမပုမရှည် အသားလတ်လတ်နဲ့ body က အဆီကင်းပြီး ပိန်ပိန်ကျစ်ကျစ်လေးပေါ့ နောက်ပြီးတော့ အမ ညီမတွေနဲ့နေခဲ့ရတော့ ကျွန်တော်ကိုယ်တိုင်က အရှက်အကြောက်အရမ်းကြီးပြီး အပေါင်းအသင်းလည်းအရမ်းနဲပါတယ်  ဒီလိုနဲ့တစ်နေ့ ကျောင်းမှာ workshop လုပ်စရာရှိတော့ ကျောင်းရဲ့ workshop ဆောင်ဘက်ကို ကျွန်တော်တစ်ယောက်ထဲလမ်းလျှောက်လာခဲ့လိုက်တယ် အဲ့ဘက်အဆောင်တွေက လူသွားလူလာနဲတော့ လူနဲနဲပျက်တယ် အတွဲတွေနဲ့ ဖဲလာရိုက်တဲ့အုပ်စုတွေလောက်ပဲတွေ့ရတက်ပါတယ် ကျွန်တော်ရောက်တော့ practical လုပ်ရမယ့်အချိန်က နဲနဲစောနေသေ...

အချစ်ဦး

Image