Posts

Showing posts from September, 2025

အသိပေးအပ်ပါတယ်

 တစ်ရဲ့ web ထဲ မရောက်ဖြစ်ပမယ့် တစ် Telegram မှာ ဇာတ်လမ်းတွ တင်ပေးနေသးတယ်နာ်။ တစ်ကိုယ်တိုင်ရးမဟုတ်ပမယ့် ဘာသာပြန်ဇာတ်လမ်းတွ Wattpad က ဇာတ်လမ်းတွ တင်ပေးနေတုန်းပါ။  https://t.me/+xH8eqk16y2RjNzVl လင့်ပေးခဲ့ပါတယ်နော်။ 

အညှာလွယ်တဲ့ ဘဝ

 အညှာလွယ်တဲ့ ဘဝ လင်းခက်နွေ သည် အစိုးရရုံးတစ်ရုံးရဲ့ စက်ရုံ ကြီးကြပ်ရေးမှူး တစ်ယောက်ပါ။ သူမရဲ့ လက်အောက်တွင် ရာပေါင်းများစွာသော အလုပ်သမား (အထူးသဖြင့် မိန်းကလေးတွေ များသည်) ကို အုပ်ချုပ်ရတာ တကယ်တော့ မလွယ်ပေ။ ပုံမှန် ခပ်တည်တည် နေတတ်သော လင်းခက်နွေသည် အလုပ်သမားများနှင့် ဆက်ဆံလျှင် ပိုပြီး အေးစက်စက် နိုင်လှသည်။ တကိုယ်တည်း အပျိုကြီး ဖြစ်တာကြောင့်လည်း ဘယ်အရာမဆို ခပ်ထက်ထက်တွေးပြီး ခပ်ပြတ်ပြတ်ပြောသည်။ အကုန်လုံးက လေးစားကြောက်ရွံ့ရတဲ့ သူပေါ့။ တစ်ရက်တော့ အစိုးရဌာန ထုံးစံအတိုင်း ဝန်ထမ်းအဆင့် ရာထူးတိုးဘို့အတွက် မွမ်းမံသင်တန်းကို ပို့ခြင်း ခံရသည်။ သင်တန်းပြီးမှ ရာထူးတိုးစာမေးပွဲ ဖြေရမည် ဖြစ်သည်။ လူအများ ပြောသည့် ဖောင်ကြီးဆင်းရင် ဖင်ကြီးစောင်းသွားမည် ဆိုသည့် ဖောင်ကြီးမြို့လေးကို ရန်ကုန်မှနေ လိုင်းကားစီးပြီး ထွက်လာခဲ့သည်။ ဖောင်ကြီးရောက်တော့ သတင်းပို့ပြီး မိမိ နေထိုင်ရမည့်နေရာသို့ လာကာ အနီးအနားက လူတွေနှင့် မိတ်ဆက်စကား ဆိုကြသည်။ နောက်တော့ မိမိမှာ စက်ရုံရဲ့ ကြီးကြပ်ရေးမှူးဖြစ်တာကြောင့် အဆောင် တစ်ဆောင်ရဲ့ ခေါင်းဆောင်အဖြစ် ခန့်ထားခြင်း ခံရသည်။ သန့်ရှင်းမှု၊ စားသောက်ရေး အစုံကို စီစစ်ပေးရသည်။ ဖောင်ကြီးကအကြေ...

အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...