🟨 အပိုင်းပိုင်းဖြတ် အသတ်ခံခဲ့ရပြီး အခုထိ တရားခံမပေါ်တဲ့ Hollywood မင်းသမီးအမှု ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် လော့စ်အိန်ဂျလိစ်ရဲ့ ရပ်ကွက်တစ်ခုမှာ သားအမိနှစ်ယောက် လမ်းလျှောက်နေတုန်း အမေလုပ်တဲ့သူက ဆိုးရွားတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ခါးကနေ အပိုင်းထားခံရတဲ့ အမျိုးသမီးငယ်လေး တစ်ယောက်ရဲ့ ကိုယ်လုံးတီး ခန္ဓာကိုယ်ပါ။ သူတွေ့တော့ အလောင်းက လမ်းဘေးကနေ ပေနည်းနည်းပဲကွာတယ်။ စမြင်မြင်ချင်းတုန်းက အလောင်းလို့တောင် မထင်ဘူး။ အထည်ဆိုင်က အရုပ်ကို လာပစ်ထားတယ်လို့ကို ထင်နေတာ။ အနားရောက်တော့မှ အတော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အလောင်းမှန်း သိလိုက်ရတယ်တဲ့။ အဲဒီအလောင်းက နှစ်ပိုင်းပြတ် နေရုံတင် မဟုတ်ဘူး။ အလောင်းရဲ့ ပေါင်တွေ၊ ရင်သားတွေကနေ အသားတွေလည်း အလှီးခံထား ရသေးတယ်။ ပြီးတော့ အလောင်းရဲ့ ဗိုက်ထဲမှာ မစင်တွေနဲ့ ပြည့်နေတာကြောင့် အသတ်မခံရခင်မှာ အဲဒီမစင်တွေကို အတင်းစားခိုင်းတာ ခံခဲ့ရတယ်လို့ တချို့က မှတ်ချက်ပေးကြတယ်။ ဒါပေမဲ့၊ တကယ်သွေးပျက်စရာ အကောင်းဆုံးကိစ္စက သူ့မျက်နှာပေါ်က ဒဏ်ရာလို့ ပြောလို့ရတယ်။ လူသတ်သမားက အလောင်းရဲ့ ပါးစပ်ထောင့်ကနေ နားရွက်အထိ မျက်နှာတစ်ဖက်စီကို ဓားနဲ့လှီးပစ်ပြီး ...