တွေ့ဆုံမှု
တွေ့ဆုံမှု
Episode 1
Yuki
22. Feb. 2021
"Hi"
"အကို သခင်ရဲ့ စေလိုရာ က အဆက်မရှိတော့ဘူးလား"
ကျွန်မက သာမန်လူသားထဲက လူတစ်ယောက်ပေမယ့် ကျွန်မရဲ့ စိတ်က တော်ရုံ သာမန်လူနဲ့ မတူဘူး။ နာမည်လား။ ကျွန်မမှာ နာမည် အများကြီး။ ရှင်တို့ နာမည်သိပ်ခေါ်ချင်သပဆို အနှင်းလေးလို့ ခေါ်ပေါ့။ အရှေ့က ပြောခဲ့သလိုပဲ။ ကျွန်မစိတ်က သူများနဲ့တော့ သိပ်မတူဘူး။ ကျွန်မက နှိမ်ချခံ နှိပ်စက်ခံရတာကိုမှ သဘောကျမိတာမျိုး။ အဲလို အပြောဆိုခံ အနှိပ်စက်ခံရမှ စိတ်က အာသာပြေတာ။ ကျွန်မပြောတာ ဘာလဲ ရှင်တို့သိမှာပါ။ အဲစိတ်တွေကြောင့်ပဲ ကျွန်မ BDSM နဲ့ ပတ်သတ်တဲ့ စာတွေကို လိုက်ဖတ်နေမိတာ။ အစကတော့ ဟိုရှာ ဒီရှာပေါ့။ နောက်တော့ page တစ်ခုကနေ သူ့အကောင့်ကို ရောက်လာတယ်။ ပထမတုန်းကတော့ ဒီတိုင်း စာဝင်ဖတ်ရုံပါပဲ။ သူ့အကောင့်ထဲမှာက အများကြီး ရှိတာကိုး။ နောက်တော့ ဖတ်လာရင်း ဖတ်လာရင်းနဲ့ ဖတ်စရာက ကုန်ပါရောလား။ ဖတ်စရာကုန်တာက ကိစ္စမဟုတ်ဘူး။ ကိစ္စက သူဆက်မရေးဘဲ ရပ်ထားတဲ့ စာကို ကျွန်မက စွဲလမ်းနေမိတာ။ အဲလိုနဲ့ နောက်တော့ မနေနိုင်တော့ဘဲ messengerထိ သွားမေးမိတော့တာပဲ။
"Hi"
"အကို သခင်ရဲ့ စေလိုရာက အဆက်မရှိတော့ဘူးလား" ဆိုပြီးပေါ့။
ဒါပေမယ့် သူက reply မလာပါဘူး။
×××
23. Feb. 2021
"မတင်ဖြစ်သေးတာ မအားသေးလို့"
အမလေး replyပြန်ပါပြီ ကိုယ်တော်က။ ကျွန်မလည်း တို့ကို ဒါမျိုးတော့ လာမစမ်းနဲ့ ဆိုပြီး ချက်ချင်း ပြန်ပြောလိုက်တယ်။
"ဟုတ် အကို တင်ဖြစ်ရင် ပြောပါနော်" ဆိုပြီး။
ပြန်ပြောပါတယ်။
"အင်း ပြောမယ်လေ" တဲ့။
ဒီလို တန်းလန်းဖြတ်လို့ ရမလား။ ဒီက စကားပြောချင်နေတာကို။ တစ်ခုခုတော့ ပြန်ပြောရမယ်။ ဘာပြောရမလဲက တွေးမရဘူး။ မထူးပါဘူး။ ဒီတိုင်းပဲ ပို့လိုက်တော့မယ်။
"ဟုတ် အကို"
ဟုတ် အကိုကနေ စတဲ့ဇာတ်လို့ ပြောရမလား။ အဲ့ကနေ စကားစပြောဖြစ်တယ်။ တကယ်တော့ ကျွန်မက ဘာပြောရမလဲ မသိပါဘူး။ သူကပဲ မေးသွားတာ။ ဘာပြောရမှန်းမသိတာ ရိပ်မိသွားတယ် ထင်တာပါပဲ။
"ဒါနဲ့ ညီမက BDSM စိတ်ဝင်စားတာလား"
ဟယ် သူသိသွားပြီ။ မဖြစ်ဘူး ငြင်းမှရမယ်။
"ဟုတ်ကဲ့ အကို"
ဟွန်း အဲလိုကို ငြင်းပစ်တာ။ နောက်တာပါ။ ဘယ်ငြင်းမှာလဲ။ ကိုယ်စိတ်ဝင်စားတာက တကယ်ကိုး။
"စမ်းဆော့ကြည့်ချင်လား"
ဟဲ့ ငါလိုချင်တာတွေ လာပြောနေတယ် ဒီလူ။
"ဟုတ် အကို"
"ဒါပေမယ့် ညီမက မဆော့ဖူးဘူး"
ဘာပြန်ပြောမလဲ မသိဘူး။
"စိတ်ဝင်စားလား"
စိတ်ဝင်စားတာပေါ့။ ဝင်စားလို့ လာမေးပါတယ်ဆို။
"ဟုတ်"
ဟုတ်ပဲ ပြောနေလို့ စကားမပြောချင်ဘူး ထင်သွားမှာလည်း ပူရသေးတယ်။ တကယ်တော့ ကျွန်မက ဘာပြောရမှန်းကို မသိဘူး ဖြစ်နေတာ။ စကားလည်း ဆက်ပြောချင်နေပေမယ့် ဘာပြောရမယ်မှန်း မသိ။ တော်သေးတယ် အကို အလိုက်သိပေလို့။
"ကိုနဲ့စမ်းဆော့ကြည့်မလား"
ဟယ် သူတကယ်မေးတာလား။ သူက အဲလောက်နာမည်ကြီးတာကို။
"အကို တကယ်ပြောနေတာလား"
Typing... တဲ့။ အဲ့ typing ကို စောင့်ရတာ တအားကြာနေသလိုပဲ။ ဟော ပို့လာပြီ။
"တကယ်ပေါ့"
တကယ်တဲ့။ ဟီး ပျော်စရာကြီး။
"ဟုတ် ဆော့ကြည့်မယ်"
"မလုပ်ဖူးတော့လေ အဆင်ပြေပါ့မလား"
ကျွန်မတကယ်ပူတာပါ။ အဆင်မပြေလို့ရှိရင် ကျန်ခဲ့မှာကိုး။
"အင်း အဆင်ပြေပါတယ် ကိုယ်လေ့ကျင့်ပေးမယ်လေ"
လိုချင်တဲ့ ဘဝတစ်ခုကိုတော့ စလို့ရပြီ။ ပြဿနာက ကျွန်မရဲ့အိမ်။ အရမ်းကို တင်းကြပ်တယ်လေ။ ဒီကိစ္စကိုပါ ပြောပြရမယ်။
"ဟုတ် အကို"
"ဒါပေမယ့် အိမ်ကနည်းနည်းတော့ ကြပ်တယ်အကို"
ပြောလိုက်လို့ ဖြစ်ပါ့မလားတော့ မသိဘူး။ ဒါပေမယ့် ပြောတော့ ပြောပြီးသွားပြီ။
"ရပါတယ်"
အဲ ရတယ်တဲ့။ တော်သေးတာပေါ့။
"ဟုတ်"
"အင်း"
အင်းတဲ့ စိတ်ဆိုးသွားတာလား မသိဘူး။ အကိုစိတ်ဆိုးသွားတာလားဟင်လို့ မေးဖို့ စာရိုက်တုန်းမှာ အကို့ဆီက ပုံတစ်ပုံရောက်လာတယ်။ တကယ်တော့ ပုံမပို့ခင် စာတစ်ကြောင်း ရှိသေးတယ်ရှင့်။ အစက ရှင်တို့ကို မပြောပြတော့ဘူးဆိုပြီး ချန်ထားတာ။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။
"positionတွေ သိလား" လို့မေးထားတာလေ။
ကျွန်မလည်း မလိမ်ချင်လို့ "ဟင့်အင်း" လို့ ဖြေလိုက်တယ်။ အဲ့နောက်မှာမှ ပုံတစ်ပုံနဲ့ စာတစ်ကြောင်း။
"ဒီ positionတွေကို လေ့ကျင့်ထား" တဲ့။
ဘာပြောရမှာလဲ။ ထုံးစံအတိုင်း "ဟုတ် အကို" ပေါ့။
ဆယ့်ငါးမိနစ်လောက်နေတော့ "ရပြီလား" တဲ့။
ကျွန်မကတော့ ထုံးစံအပျက်မခံပါဘူး။ "ဟုတ်" လို့ပဲ ပြန်ပြောလိုက်တယ်။ သူက position တစ်ခုမေးတယ်။
"Collar" တဲ့။
ဒါလေးလုပ်ဖို့အရေး ကျွန်မမှာ အမေလစ်ရာ စတိုခန်းထဲ ပြေးရသေးတယ်။ အဲ့အခန်းထဲက ကုတင်ကြီးပေါ်မှာ ပထမဆုံး နာခံမှုကို ပြခဲ့တယ် ဆိုပါတော့။
ပုံလေးပို့လိုက်တော့ အကိုက "good girl" တဲ့။
(အဲစကားလေးကို အဲအချိန်တည်းက မက်မောခဲ့တာ ခုထိပေါ့။) ပြီးတော့ အကိုက ဆက်ပြောတယ်လေ။ (အကိုလို့ပဲ သုံးတော့မယ်နော်။)
"အခုက စပြီး မင်းက ကိုယ့်ခွေးမလေး ဖြစ်သွားပြီ"
"အခု ကိုယ်ပြောတာ သေချာမှတ်ထား"
"နောက်ကိုယ်မေးရင် လုပ်ပြရမယ်"
"စစ်ဆေးရေးကို သိလား"
တိန်။ ခုမှစတာကို ဘယ်သိမလဲလို့။
"ဟင့်အင်း"
"အင်း... နောက်ကိုယ်က စစ်ဆေးရေးလို့ ပြောတာနဲ့ ဒူးထောက်ပြီး လက်ကို နောက်ပစ်ထားရမယ်။ ပြီးမှ အဝတ်တွေကို တစ်ခုချင်း ဖြည်းဖြည်းချင်း ချွတ်ပြရမယ်။ ပြီးရင် ဒူးထောက်ပြီး လက်ကို နောက်ပြန်ပို့ထား"
ဪ လက်စသတ်တော့ ဒီလိုကိုး။
"ဟုတ်"
အရေးအကြောင်းဆို ကျွန်မကလည်း "ဟုတ်" အပြင် မထွက်တော့ဘူး။
"အင်း မှတ်မိရင် ခု ကိုယ့်ကိုလုပ်ပြ"
အင်း။ ဇာတ်လမ်းတော့ စပြီ။ အမေ့ကို မလှိမ့်တစ်ပတ် လုပ်ရဦးမယ်။
"ဟုတ် အကို ခဏနော်"
ခဏနော်ဆိုတာ တကယ်တော့ အိမ်သာကိုပြေးတာ။ ဟဲဟဲ။ ကျွန်မ လည်တယ်မလား။ အိမ်သာထဲရောက်တော့ ရှက်နေတာနဲ့ ငါးမိနစ်လောက် ငုတ်တုတ်ထိုင်နေမိသေးတယ်။ နောက်တော့မှ "တကယ် စိတ်ဝင်စားလား" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးမိတယ်။ "သေချာတယ်။ လုပ်ချင်တယ်။" ဆိုတဲ့ အဖြေပဲ ထွက်လာတဲ့နောက်မှာတော့ လုပ်လိုက်တယ်။ လုပ်ပြီး ချက်ချင်းပဲ ပို့လိုက်တာပေါ့။ အကိုက
"လိမ္မာတယ်"
"နောက်ရက်ကျ သန့်ရှင်းရေး လုပ်ရမယ်တဲ့"
နောက်ထပ် စကားလုံး အသစ်တစ်လုံး။ အိမ်သန့်ရှင်းရေး လုပ်ခိုင်းတာတော့ မဖြစ်နိုင်ဘူး။ တစ်ကိုယ်ရေ သန့်ရှင်းရေးလား။ ဒါလည်း သိပ်တော့ မဖြစ်နိုင်ဘူး။ ကျွန်မ မေးလိုက်ဖို့ ပြင်နေတုန်းမှာပဲ အကို့ဆီက စာတစ်စောင် ထပ်ရောက်လာတယ်။
"အိမ်မှာ ရှူးဖိနပ်ရှိလား"
"ဟင့်အင်း safety shoes တော့ ရှိတယ်"
"အိုကေ အဲဒါကို ပြောင်အောင် လျက်ရမယ်"
ဪ နောက်အသစ်တစ်ခု သိပြန်ပြီ။
"ဟုတ်"
"အင်း အခု အိပ်တော့"
"နက်ဖြန်ကျ လုပ်ရမယ် ကြားလား"
"ဟုတ် အကို good night"
"Good night ကို့ခွေးမလေး"
Good nightတဲ့။ ဒီညတော့ ကောင်းကောင်း အိပ်ပျော်တော့မှာပဲ။
×××
တွေ့ဆုံမှု
Episode 2
Yuki
24. Feb. 2021
7:00 a.m.
နိုးလာတာနဲ့ အရင်ဆုံး လုပ်တာက internet ဖွင့်ပြီး အသစ်စက်စက် သခင်ကို နှုတ်ဆက်တာပေါ့။
"Good morning"
ပြီးတော့မှ မျက်နှာသစ် ခေါင်းဖြီးပြီး (သနပ်ခါးတောင်မလူးနိုင်ဘူး။ ဖြစ်ပျက်နေတာလေ။) မနေ့က ခိုင်းထားတာကို လုပ်ဖို့ ဖိနပ်ယူပြီး ရေချိုးခန်း ပြေးရသေးတယ်။ 2min တဲ့ မနေ့က မှာလိုက်တာ။ ကျွန်မလည်း အစကတော့ အချိန်ပြည့်ရင် ရပ်မယ်ဆိုပြီး ဖိနပ်ကို စလျက်တာပေါ့။ ဒါပေမယ့် တဖြည်းဖြည်း စိတ်က ပါလာပြီး အကုန်ပြောင်အောင် လျက်နေမိတယ်။ အဲလို လျက်နေရင်းနဲ့ ညီမလေးက စလာပြီလေ။ ဘာစလာတာလဲလို့တော့ မမေးနဲ့လေ။ အဲလိုကြီးတော့ မဖြေချင်ဘူးရှင့်။ ထားပါ အဲလိုနဲ့ သန့်ရှင်းရေးက ပြီးသွားတာပေါ့လေ။ လုပ်ပြီးပြီးချင်း ကျွန်မလည်း အကို့ chat box ကို video fileလေး ပို့ထားလိုက်တယ်။ အကိုကတော့ မနိုးသေးပါဘူး။ ပို့ပြီးတာနဲ့ အကို့ဆီက ပြန်စာစောင့်ရင်း အလုပ်သွားဖို့ ပြင်နေလိုက်တယ်။
"Morning ကို့ခွေးမလေး"
ဟော အကို နိုးလာပြီ။
"ဟုတ် အကို morning"
"လိမ္မာသားပဲ ကိုယ့်ခွေးမလေးက"
"ဟီး"
ဒါပြီးတော့ အကို့ဆီ ဘာစာမှ ဆက်မပို့ဖြစ်တော့ပါဘူး။ ကျွန်မ အလုပ်သွားရတော့မယ်လေ။ အလုပ်ထဲရောက်နေတာတောင် အကို့အကြောင်း တွေးမိနေတုန်း။ နောက်ထပ်ဘာတွေ အသစ်ထပ်ခိုင်းမလဲတွေးရင်း တစ်နေ့လုံး ရင်ခုန်နေတယ်။
5:00 p.m.
အလုပ်ဆင်းချိန်ရောက်တာနဲ့ ဘယ်သူ့မှတောင် မနှုတ်ဆက်တော့ဘဲ အိမ်တန်းပြန်လိုက်တယ်။ အိမ်ရောက်တာနဲ့ အကိုလိုင်းပေါ်ရှိမရှိ ကြည့်မိတယ်။ လိုင်းပေါ်မရှိသေးတာနဲ့ "ပြန်ရောက်ပါပြီ" လို့ စာပို့ပြီး ရေမိုးချိုး အဝတ်လဲတယ်။ ပြီးတာနဲ့ အကို့ကို စောင့်တော့တာပဲ။
"အင်း ရေချိုးပြီးပြီလား"
ဟိဟိ လိုင်းပေါ်တက်လာပြီ။
"ဟုတ်"
"ညစာရော"
အဲ ဟုတ်သား။ မေ့နေတာ။ ညစာမစားရသေးဘူး ဟီး။
"မစားရသေးပါဘူး အကို"
"အင်း စားတော့ နောက်ကျနေပြီ"
အကိုက စားတော့တဲ့။ ညစာစားလိုက်ဦးမယ်။
"ဟုတ် အကို"
သခင်က စားတော့ဆိုတော့လည်း အင်တာနက်ကိုပိတ်ပြီး ညစာစားဖို့လုပ်ရပြီလေ။ ညစာသာ စားနေတာပါ။ စိတ်က သခင့်ဆီမှာ။ ဇော်ဝင်းထွဋ်က အချစ်များ သူ့ဆီမှာတဲ့။ ကျွန်မကတော့ အကုန်လုံး သခင့်ဆီမှာပေါ့။ စိတ်က အကို့ို့ဆီပဲ ရောက်နေတော့ မြန်မြန်စားပြီး ဖုန်းကောက်ကိုင်တော့တာပဲ။
"စားပြီးပါပြီ အကို"
"အင်း အခုထိ အကိုခေါ်နေတုန်းလား"
ဘာလဲ။ ဒါက သခင်လို့ တရားဝင်ခေါ်ခွင့် ပါမစ်ပေးတာလား။ မသိသလိုနဲ့တော့ မေးကြည့်ရဦးမှာပဲ။
"အဲ့ဆို ဘယ်လိုခေါ်ရမှာလဲဟင်"
"ဟမျ ခုထိ မသိဘူးလား"
"ဟုတ်🥺"
အဲဗျ။ စာမပြန်တော့ဘူး။ စိတ်ဆိုးသွားပြီထင်တယ်။
"သခင်လို့ ခေါ်ရမှာလားဟင်"
"အင်း"
ဟဲဟဲ။ တွေ့လား တွေ့လား။ သခင်က 'အင်း'တဲ့။ အဲ ဒါပေမယ့် အမြဲတမ်းကြီးကျ အဆင်ပြေပါ့မလား။ အဲ့ဒါကိုတော့ သေချာမေးမှရမှာ။
"သခင် ပြောချင်တာရှိလို့"
ကျွန်မ ပြောပြဖို့မေ့နေတာ။ ကျွန်မကလေ သခင်နဲ့ဆို စကားကို ရမ်းမပြောရဲဘူး သိလား။ ထားရစ်ခဲ့မှာစိုးလို့။ ခုမှတွေ့တာကို ကဲတယ်လို့လည်း ထင်ကောင်း ထင်နေပါလိမ့်မယ်။ ဒါပေမယ့် တကယ်ကို အဲ့လိုဖြစ်နေတာ။ ဟော သခင်စာပြန်လာပြီ။ ပြီးမှ ဆက်ပြောမယ်နော့။
"အင်း ပြောလေ"
သခင်က အဲ့လိုပဲသိလား။ နည်းနည်း အေးစက်စက်နဲ့။ မေးရမှာ လန့်ပါလန့်တယ်။ ဒါပေမယ့် အဲ့ဒါလေးကိုက မိုက်နေတာ ဟိဟိ။
"ဟုတ်"
"ဟိုလေ ပုံမှန်အချိန်ဆို အကိုပဲ ခေါ်လို့ရမလားဟင်"
မေးသာမေးလိုက်ရတာ ခပ်လန့်လန့်ပဲ ဟီး။
"အင်း ရတယ်လေ"
အမလေး တော်သေးတာပေါ့။ မရဘူးဆိုပြီး ထအော်မယ်ထင်တာ။ သခင်က ဒီလိုမျိုးလေးလည်း ချစ်စရာကောင်းလေရဲ့။
"ကျေးဇူးတင်ပါတယ် သခင်"
"လိမ္မာတယ် ကို့ခွေးမလေးက"
ဟိ ကိုယ့်ခွေးမလေးတဲ့။ အား ပိုင်ရှင်ရှိတဲ့ ခံစားချက်လေးက ဒီလိုပါလား။ သခင့်ရဲ့ ချီးကျူးသံလေးက နားဝင်ချိုချက်ပဲ ဟီး။ အဲ typing ပေါ်နေသေးတယ်ဟ။
"ညီမ စာရေးရမယ်"
"ဟင်"
"ဘာရေးရမှာလဲဟင်"
"ညီမ ဘယ်လိုဖြစ်ချင်တယ် ဆိုတာကို ဖတ်လို့ကောင်းအောင်ရေး"
ဟယ် ခက်ကြပြီ။ ဖတ်ပဲဖတ်တတ်တာ။ စာမရေးတတ်ပါဘူးဆိုမှ။
"ရေးတတ်ဘူးရယ်"
"ရေးကြည့်ပေါ့"
"အကိုဖတ်ပေးမယ်"
"ဘယ်လိုရေးရမလဲဟင်"
"ညီမ အပြင်မှာဆော့ရင် ဘယ်လိုတွေဆော့ချင်တယ် ဘာတွေလုပ်ချင်တယ်ဆိုတာကိုရေး"
ရေးတော့ ရေးကြည့်ချင်ပေမယ့် ရှက်စရာကြီး။ ဒါပေမယ့် ရေးကြည့်လိုက်မယ်။
"ဟုတ်"
ကဲ အမိန့်အရ စာရေးပါပြီရှင်။ ခိုးမဖတ်နဲ့ ရှက်တတ်တယ်။
'ဒီနေ့ဟာ ကျွန်မအတွက်တော့ စိတ်လှုပ်ရှားရတဲ့ နေ့လေးတစ်နေ့ပါ။ ဒီနေ့ သခင်နဲ့ ကျွန်မတို့ အပြင်မှာတွေ့ပြီး playဖြစ်ခဲ့တယ်လေ။နေရာကတော့ ဟုတ်ပါတယ် ဟိုတယ်ခန်းတစ်ခုမှာပါ။ ကျွန်မ အိမ်ကနေ စောထွက်ခဲ့တယ်။ သခင်မရောက်ခင် ရောက်နေချင်တယ်လေ။ အခန်းထဲရောက်တာနဲ့ သခင်အရောက်ကို ဒူးထောက်ပြီး စောင့်ရတယ်။ ပြီးတာနဲ့ သခင့်ဆီ မခစားခင် စစ်ဆေးရေး လုပ်ရတာပေါ့။ သခင်က ခစားလို့ရပြီဆိုမှ အမိန့်တွေကိုစောင့်ရင်း ကျွန်မက သခင့်ခြေရင်းမှာ ဝပ်တွားလျက်သား။ သခင့်ရဲ့ ပထမဆုံးအမိန့်က သူ့ခြေထောက်တွေကို သန့်ရှင်းပေးဖို့ပါ။ ဒါနဲ့ ကျွန်မလည်း သေချာလျက်ပေးတာပေါ့။ သခင့်ကို သန့်ရှင်းရေးလုပ်ပေးရင်း ကျွန်မစိတ်ထဲကျေနပ်နေမိတယ်။ ဒီလိုအခွင့်ရေးကို ပေးလို့ပေါ့။'
အက်လဲ့။ မဆိုးဘူးဟ။ ကိုယ့်ကိုယ်ကိုယ်တော့ နည်းနည်း ဘဝင်မြင့်လိုက်ဦးမယ်။ လောကကြီးမယ် ကိုယ့်လက်ရာ ကိုယ်ချီးကျူးတာ ကျွန်မပဲရှိတာမှ မဟုတ်တာနော့။ အဲ့ ဘဝင်ကိုင်နေတာ အရေးမဟုတ်ဘူး။ သခင့်ကို မပြရသေးဘူး။
'copy' ပြန်ယူပြီးတော့ သခင့်ကို ပို့လိုက်တယ်လေ။ လူလည်ပါ။
သခင်ကလေ သူသဘောကျရင် စာလေးတွေကို react ပေးတတ်တယ် သိလား။ ခုလည်း '🖤' react ပေးသွားပြီ။ ကြိုက်တယ်ဆိုတဲ့သဘောပဲ။ ဟီး။
"မရေးတတ်ပေလို့ပဲ"
"ဟီး"
"အင်း ဆက်ရေး"
"ဟုတ်"
အဲ့လို ဆက်ရေးလိုက်၊ ပြလိုက်နဲ့ လုပ်ရင်းကနေ ဆက်ရေးမရတော့ဘဲ ရပ်သွားပါလေရော။ ဘာဖြစ်တာလဲဆိုတော့ ကျွန်မရဲ့ ထုံးစံအတိုင်း အဆက်စပ် ပြတ်သွားတာ။ ကျွန်မဆိုသည်မှာ ကလည်းလေ ဘာလေးရေးရေး အကုန်တန်းလန်းသိလား။ အဆက်စပ်ကို ခဏခဏ ပျောက်တယ်။ စိတ်ကူးတွေကတော့ အကုန်အပြည့်။ အဲ့စိတ်ကူးတွေကို ဆက်ဖို့ ကြားခံလေးပဲ ပျောက်ပျောက် သွားတာ။ ဘယ်တတ်နိုင်မလဲ သခင့်ကိုပဲ မေးရတော့မှာပေါ့။
"သခင်🥺"
"ဆက်ရေးမရတော့ဘူး🥺"
"ဟင်"
"ဘယ်လိုဖြစ်တာလဲ"
"ကို့ကိုပြကြည့်"
ပြပြီး အကူညီတောင်းရမယ်လေ။
"အဲဒါ တစ်ကြောင်းလောက် ဆက်ပေးလို့ ရလားဟင်"
"အင်း"
အင်းတဲ့။ ပြီးတာနဲ့ typing တန်းပေါ်တာပဲ။ ဟော ဆက်ပေးပြီ။ ဟိဟိ အဲ့လိုကျ လွယ်သား။ ဆက်ရေးလို့ရပြီလေ။
ရေးလိုက်ပို့လိုက်နဲ့ ညနက်တာတောင် သတိမထားမိလိုက်ဘူး။
"ကဲ ကဲ နောက်နေ့မှ ဆက်ရေးတော့"
"စောစောအိပ်"
ဆိုတဲ့ သခင့်စာဝင်လာမှ အိပ်ချိန်ရောက်မှန်း သိတော့တယ်။ ထုံးစံအတိုင်းပေါ့။
"Good night master"
"Good night ကို့ခွေးမလေး"
သခင့်ရဲ့ နှုတ်ဆက်စာနဲ့အတူ တစ်ညတာဟာ လှပရဦးတော့မှာပဲ။
Yuki
တွေ့ဆုံမှု
Episode 3
Yuki
25. Feb. 2021
ဒီနေ့ဆို ကျွန်မ သခင့်ဆီရောက်တာ သုံးရက်ရှိပြီဖြစ်သည်။ မနက်နိုးတာနဲ့ ထုံးစံအတိုင်း သခင့်ကို နှုတ်ဆက်ပြီး လုပ်စရာရှိတာ လုပ်ရုံ ဖြစ်တာမို့ မထူးခြားသည့် နေ့တစ်နေ့လည်း ဖြစ်၏။ မထူးခြားသည့်နေ့ဆိုပေမယ့် ထူးခြားတဲ့ ညတော့ ဖြစ်ခဲ့လေသည်။ အလုပ်မှပြန်ရောက်ကြောင်း Report တင် လုပ်စရာရှိတာ လုပ်ပြီးသည်နှင့် သခင်လိုင်းတက်လာမည့် အချိန်ကို မျှော်ရပြန်၏။ ဒီနေ့ သခင်အလုပ်များနေသည်ထင်ရသည်။ ညအနည်းငယ်နက်မှ လိုင်းတက်လာသည်။ လိုင်းတက်သည်နှင့် ကျွန်မအတွက် အလုပ်ပါလာ၏။ ပြတ်သားသည့် စာကြောင်းတစ်ကြောင်း။
“ အပြင်မှာ naked body နဲ့ ခွေးလိုရိုက်ခဲ့”
အပြင်ရောက်တာနဲ့ ‘ဒီညကတော့ အဲအလုပ်နဲ့ပဲ အချိန်ကုန်မှာပဲ’ လို့ တွေးလိုက်မိသည်။ အပြင်မှာ လူမပြတ်တာကြောင့် အတော်ကြာစောင့်လိုက်ရသည်။ အိမ်ရှိသမျှ လူအကုန် အိပ်တာ သေချာတော့မှ ပုန်းနေရာကနေ အပြင်ကိုထွက်ပြီး ခပ်မြန်မြန် ဓာတ်ပုံ ရိုက်ရ၏။ ဓာတ်ပုံရိုက်ချိန်က ခဏလေးပေမယ့် ရင်ထဲမှာ ခံစားမှုပေါင်းစုံ ဖြတ်ပြေးသွားသည်ကိုတော့ ကျွန်မသာလျှင် သိလိုက်၏။ ကြောက်တာရော ရင်ခုန်တာရော နာမည်မတပ်ချင်တဲ့ တခြားခံစားမှုတစ်ခုရော တဒင်္ဂအတွင်း ခံစားလိုက်ရသည်။
အိမ်ထဲ အမြန်ပြန်ဝင်ပြီး သခင့်ကို ပို့လိုက်ဖို့ တွေးထားပေမယ့် သခင်က ‘ဘယ်လိုခံစားရလဲ’ လို့ မေးလာလျှင် ပြန်ဖြေရမည့် အဖြေကို နည်းနည်းရှက်သလို ခံစားနေရတာကြောင့် မရိုက်ဖြစ်ဘူးဟုသာ လိမ်လိုက်သည်။ (စကားချပ်-အဲ့ပုံက ခုဒီစာရေးနေချိန်ထိ ရိုက်ဖြစ်ခဲ့မှန်း သခင်မသိသေးဘူး)။ သခင်ကထွေထွေထူးထူး ဘာမှဆက်မပြောတာရယ်၊ ကျွန်မကိုယ်တိုင်ကလည်း စကားများများ မပြောနိုင်သေးတာရယ်နဲ့ အဲ့ညကတော့ စောစောပဲ နှုတ်ဆက်ပြီး အိပ်ယာဝင်ဖြစ်ခဲ့တယ်။
28. Feb. 2021
7:00 a.m
မနက် (၇) နာရီ အချိန်ကိုက် ထမြည်သည့် alarm သံကြောင့် ကျွန်မ မထချင် ထချင်နှင့် ထလာခဲ့သည်။ မထလို့မဖြစ်။ ဒီနေ့ အလုပ်ကိုစောစောသွားရမည်ဖြစ်သည်။ သခင့်ကိုတော့ မပြောခဲ့မိ။ ခုတောင် နာရီဝက်သာ အချိန်ရသည်မို့ သခင့်ကို “Good Morning” တစ်လုံးမှလွဲပြီး ဘာမှ ပြန်မပြောနိုင်။ သခင်ကလည်း မနိုးသေး။ ခြောက်နာရီက တစ်ခါ alarm မြည်ပေမယ့် ပြန်အိပ်နေမိခြင်းကြောင့် ယခုလို အလောတကြီး ထလုပ်ရခြင်းပင်။ သခင်က အလုပ်ကို အလေးနက်ထားမှ ကြိုက်တာမို့ နောက်ကျနေသည်ကို နှစ်သက်မည် မဟုတ်တာကြောင့် စောစောသွားရမည့်အကြောင်း မသိလက်စနှင့် မပြောရန် ဆုံးဖြတ်လိုက်၏။
သခင်ကလည်း ပုံမှန်နေ့ပင် အောက်မေ့တာကြောင့် မနက် နှုတ်ဆက်ပြီးသည်နှင့် သူအလုပ်ရှိကြောင်း ပြောကာ out သွား၏။ ပုံမှန်မဖြစ်သည်က ကျွန်မ။ သခင့်ကို လိမ်ထားပြီး ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်ကာ အလုပ်များနေသည့်ကြားက သခင့်ကို ခဏခဏ သွားခေါ်နေမိ၏။ ရလဒ်ကတော့ -
“ဘေဘီ တော်တော်အားနေတယ် ဟုတ်လား”
“မဟုတ်ပါဘူး သခင်”
“ဘာမဟုတ်တာလဲ တနေကုန် လိုင်းပေါ်မှာချည်းပဲ”
“ဟီး”
“ရယ်မနေနဲ့ အခုဘယ်မှာလဲ”
“Site ထဲမှာပါ သခင်”
“OK. အခု တစ်နေရာကိုသွား အတွင်းခံတွေ ချွတ်ခဲ့”
“မလုပ်လို့ မရဘူးလားဟင်🥺”
သနားမလားလို့ အီမိုဂျီလေးပါ ထည့်ပို့မိသည်။ သို့သော် -
“မရဘူး ပုံပါ တစ်ခါတည်း ရိုက်ပို့”
“ဟုတ်ကဲ့”
မတတ်နိုင်။ လုပ်ရတော့မည်။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ အိမ်သာကို ပြေးရတော့သည်။ မြန်မြန်ချွတ်ပြီး မြန်မြန် ရိုက်ပို့လိုက်ပြီးနောက် အတွင်းခံ ချွတ်တာက ပြဿနာမဟုတ်ဘဲ ချွတ်ပြီး အပြင်ကို ဘယ်လိုပြန်ထွက်ရမလဲက ပြဿနာဖြစ်ကြောင်း အလန့်တကြားတွေးမိ၏။ လက်ထဲ ကိုင်သွားရလည်းမဟုတ် ထည့်ဖွက်စရာလည်းမပါ။ အဲ့လိုနဲ့ ကျွန်မ အိမ်သာထဲ အချိန် ဆယ်မိနစ်လောက် ဖြုန်းလိုက်ရသည်။
Comments
Post a Comment