Posts

Showing posts with the label May

အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

Reborn a Slave

episode 1 "စိတ်ကူးယဥ်ဖန်တီးခြင်းတစ်ခုသာ။  သည်စာသားတွေဖတ်ပြီး လက်တွေ့မစမ်းသပ်စေလို။" ဇာတ်လမ်းကျောရိုးလေးက မေ့ slv တစ်ယောက်ပြောပြတာပါ။ သူ Request လုပ်လို့မေရေးပေးတာပါ။  "အလုပ်မှနှုတ်ထွက်ခြင်း" စာရွက်ကို အစအဆုံး တစ်ကြိမ်ဖတ်ပြီး လက်မှတ်ကိုခပ်သွက်သွက်ပဲထိုးလိုက်သည်။  စားပွဲပေါ်မှ တင်ခဲ့ပြီး အလုပ်ခွင်ကိုအပြီးတိုင် ကျောခိုင်းလိုက်သည်။ Bank account မှရှိသမျှကို ပေးထားသော အကောင့်တစ်ခုကို လွှဲပြောင်းလိုက်သည်။ 0 ဖြစ်သွားသော အကောင့်ကိုကြည့်ပြီး သူလိုချင်သောခံစားမှုကိုစတင်ရရှိခဲ့ပြီ။ ကွန်ဒိုတိုက်ခန်းနှင့်ကားကို အရောင်းစာချုပ်တစ်ခုဖြင့် တစ်စုံတစ်ဦးထံလွှဲအပ်ခဲ့ပြီးဖြစ်သည်။  တီရှပ် နှင့်ဘောင်းဘီတို၂ စုံကို ကျောပိုးအိတ်ထဲထည့်ပြီး ဘာယူရအုံးမလဲစဥ်းစားပေမယ့် မလိုအပ်တော့မှန်းသူသိပါသည်။ နောက်ဆုံးအနေဖြင့် သူနေခဲ့သော ကွန်ဒိုတိုက်ခန်းကို တချက်ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးပါပဲ။ သည်နေရာကို ပြန်လာခွင့်မရှိပြီ။  ကားသော့ကိုစားပွဲပေါ်တင်လိုက်သည်။ ကားသော့ဘေးမှာသူ့ပိုက်ဆံအိတ် ငွေသား ၅ သိန်းကျော် ကျန်နေသေးသည်။  Driving လိုင်စင်။ NRC ကတ်။ သူဘယ်သူဆိုတာအမည်ID လုပ်နိုင်တာတွေအကုန်ထားဖြစ်ခဲ့သည်။...