Posts

Showing posts with the label May Moe Lwin

အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

သီရိ၏ဘဝတစ်ဆစ်ချိုး

 သီရိ၏ဘဝတစ်ဆစ်ချိုး         သီရိအ​ကြောင်း​ပြောရမည်ဆိုလျှင်​တော့ထူးထူး​ထွေ​​ထွေမရှိလှပါ။ သီရိ ဘဝတွင် ​မေ​မေသည် ၃ နှစ်သမီး​လောက်ကတည်းက ​ဖေ​ဖေနှင့် ကွာရှင်းကာ နိုင်ငံရပ်ခြားသို့ထွက်သွားခဲ့ သည်၊ ​​မေ​​မေကိုဓါတ်ပုံများထဲတွင်သာ မြင်ဖူးသည်။ ​ဖေ​ဖေသည်​မေ​မေထွက်သွားသည့်​နေ့မှစကာ မူး​တေ ​​နေခဲ့သည်။ အကျိုးဆက်အ​နေဖြင့် ​ဖေ​ဖေသည် အသက်မရှည်ခဲ့ပါ ​နောက်ဆုံး သီရိ ၅ နှစ်သမီးတွင် ​ဖေ​ဖေကိုပါ သီရီဆုံးရှုံးခဲ့ရသည်။ ​ဖေ​ဖေဆုံးသွားသည့်​နောက်ပိုင်းတွင် ​​ဖေ​ဖေ့ညီမ ​ဒေါ်​လေးသီတာ က သီရိ ၏ အုပ်ထိန်းသူဖြစ်လာခဲ့သည်။ ​ဒေါ်​လေးသည် သာမန်အစိုးရဝန်ထမ်း သာဖြစ်ရာ သီရိတို့နှစ်​ယောက်သည် မနည်း​ချွေတာခဲ့ရသည်။ သီရိသည် ပညာ​ရေးပိုင်းတွင်လည်း အတန်အသင့် ထူးချွန်ရာ ဆယ်တန်းတွင် သင်ချာ နှင့် ဇီဝ တွင်ဂုဏ်ထူးပါခဲ့သည်။ သီရိသည် အင်ဂျင်နီယာ​ကျောင်းတက်ချင်ခဲ့သည်။ သို့​သော် သီရိဘဝတွင် ကံဆိုးမှုကြီး တစ်ခုကျ​​ရောက်လာခဲ့ပြန်သည်၊ ​ဒေါ်​လေးသီတာတွင် အဆုတ်ကင်ဆာဖြစ်​​နေခဲ့သည်။ ထိုအခါသီရိတို့သည် ​ဆေးကုသစရိတ်မ​လောက်သည့် အဆုံးတွင် သီရိတို့​နေထိုင်ရာ အိမ်က​လေးကို​ရောင်းခဲ့ရသည်။ မည်မျှပင် ကြိုးစား​​စေကာမူ ကံကြမ္မာ မျက်နှာသ...