အသိပေးအပ်ပါတယ်

 တစ်ရဲ့ web ထဲ မရောက်ဖြစ်ပမယ့် တစ် Telegram မှာ ဇာတ်လမ်းတွ တင်ပေးနေသးတယ်နာ်။ တစ်ကိုယ်တိုင်ရးမဟုတ်ပမယ့် ဘာသာပြန်ဇာတ်လမ်းတွ Wattpad က ဇာတ်လမ်းတွ တင်ပေးနေတုန်းပါ။  https://t.me/+xH8eqk16y2RjNzVl လင့်ပေးခဲ့ပါတယ်နော်။ 

အပိုင်းပိုင်းဖြတ် အသတ်ခံခဲ့ရပြီး အခုထိ တရားခံမပေါ်တဲ့ Hollywood မင်းသမီးအမှု

 

🟨 အပိုင်းပိုင်းဖြတ် အသတ်ခံခဲ့ရပြီး အခုထိ တရားခံမပေါ်တဲ့ Hollywood မင်းသမီးအမှု


၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်

လော့စ်အိန်ဂျလိစ်ရဲ့ ရပ်ကွက်တစ်ခုမှာ သားအမိနှစ်ယောက် လမ်းလျှောက်နေတုန်း အမေလုပ်တဲ့သူက ဆိုးရွားတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ခါးကနေ အပိုင်းထားခံရတဲ့ အမျိုးသမီးငယ်လေး တစ်ယောက်ရဲ့ ကိုယ်လုံးတီး ခန္ဓာကိုယ်ပါ။ သူတွေ့တော့ အလောင်းက လမ်းဘေးကနေ ပေနည်းနည်းပဲကွာတယ်။ စမြင်မြင်ချင်းတုန်းက အလောင်းလို့တောင် မထင်ဘူး။ အထည်ဆိုင်က အရုပ်ကို လာပစ်ထားတယ်လို့ကို ထင်နေတာ။ အနားရောက်တော့မှ အတော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အလောင်းမှန်း သိလိုက်ရတယ်တဲ့။


အဲဒီအလောင်းက နှစ်ပိုင်းပြတ် နေရုံတင် မဟုတ်ဘူး။ အလောင်းရဲ့ ပေါင်တွေ၊ ရင်သားတွေကနေ အသားတွေလည်း အလှီးခံထား ရသေးတယ်။ ပြီးတော့ အလောင်းရဲ့ ဗိုက်ထဲမှာ မစင်တွေနဲ့ ပြည့်နေတာကြောင့် အသတ်မခံရခင်မှာ အဲဒီမစင်တွေကို အတင်းစားခိုင်းတာ ခံခဲ့ရတယ်လို့ တချို့က မှတ်ချက်ပေးကြတယ်။ ဒါပေမဲ့၊ တကယ်သွေးပျက်စရာ အကောင်းဆုံးကိစ္စက သူ့မျက်နှာပေါ်က ဒဏ်ရာလို့ ပြောလို့ရတယ်။ လူသတ်သမားက အလောင်းရဲ့ ပါးစပ်ထောင့်ကနေ နားရွက်အထိ မျက်နှာတစ်ဖက်စီကို ဓားနဲ့လှီးပစ်ပြီး Glasgow အပြုံးပုံစံ လုပ်ခဲ့တာ။ 


ခန္ဓာကိုယ် တစ်ခုလုံးကို လျှောက်ဖြတ်ထားပြီး ပြတ်ရှဒဏ်ရာတွေ ပြည့်နေတာတောင်မှ အလောင်းနားမှာ သွေးတစ်စက်မှ မရှိဘူး။ ဒါက.. အဲဒီအမျိုးသမီးငယ်ဟာ တခြားနေရာမှာ အသတ်ခံရပြီးမှ လာပစ်ခံထားရတယ် ဆိုတာကို ညွှန်ပြနေတာပဲ။ အဲဒီအပြင် စုံထောက်တွေက အလောင်းနားမှာ ခြေဖနောင့်ရာ တစ်ခုရယ်၊ အလောင်းသယ်တုန်းက သုံးထားတာလို့ ယူဆရတဲ့ သွေးစွန်းဘိလပ်မြေ အိတ်ခွံတစ်ခုရယ်ကိုလည်း တွေ့ခဲ့ကြပါသေးတယ်။ 


ဒီအမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ကို L.A. ရဲဌာနက ဦးဆောင်ခဲ့ပါတယ်။ သူတို့က FBI ကို အကူအညီတောင်းပြီး လော့စ်အိန်ဂျလိစ်ရဲ့ “Soundphoto” (အရင်ခေတ်က Fax) ကနေ ဝါးတားတား လက်ဗွေတွေကို ပို့ခဲ့ပါတယ်။ FBI ကလည်း မြန်တယ်။ လက်ဗွေရာတွေရပြီး ၅၆ မိနစ် အတွင်းမှာပဲ ဘယ်သူ့အလောင်းလဲ ဆိုတာကို သိရတော့တာပဲ။ သူက အသက် ၂၂ နှစ်အရွယ် ဟောလိဝုဒ် သရုပ်ဆောင် လောင်းလျာလေး Elizabeth Short တဲ့။ နောက်ပိုင်းကျတော့ သူက အနက်ရောင် အဝတ်အစားတွေပဲ ဝတ်တတ်တယ်ဆိုတဲ့ ကောလဟာလနဲ့ အဲဒီအချိန်တုန်းက ထွက်ထားတဲ့ Blue Dahlia ဆိုတဲ့ ဇာတ်ကားကြောင့် သူ့ကို စာနယ်ဇင်းတွေက Black Dahlia ဆိုပြီး နာမည်အသစ် ပေးခဲ့ပါတယ်။ 


တကယ်တမ်းကျတော့ FBI က သူ့လက်ဗွေကိုသုံးပြီး ID ရှာတုန်းက နှစ်ခုတောင် ထွက်လာတာ။ ပထမဆုံး တစ်ခုက ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလမှာ ကယ်လီဖိုးနီးယားက Army's Camp Cooke မှာ စာရေးအဖြစ်နဲ့ အလုပ်လျှောက် ထားတာကို တွေ့တာ။ ဒုတိယတစ်ခုကျတော့ အလုပ်လျှောက်ပြီး ၇ လအကြာမှာ အသက်မပြည့်ဘဲ အရက်သောက်လို့ Santa Barbara ရဲဖမ်းတာခံရတဲ့ မှတ်တမ်းကို တွေ့ရတာ။ Elizabeth Short အကြောင်းကို မီဒီယာတွေက ရှာရင်းဖွေရင်းကနေ ပိုလည်းသိလာကြရော သူတို့က Short ကို လိင်ပိုင်းဆိုင်ရာ လွဲချော်မှုတစ်ခုအဖြစ်နဲ့ တံဆိပ်ကပ်လာ ကြတော့တာပဲ။ 


ဘာလို့လဲဆိုတော့ သူက Lesbian တစ်ယောက် ဖြစ်နေလို့ပါတဲ့။ ဒါတင်မကသေးပါဘူး။ ရဲမှတ်တမ်း တစ်ခုမှာလည်း “သေဆုံးသူဟာ သေတဲ့အချိန်မှာ အနည်းဆုံး အမျိုးသား ငါးဆယ်လောက်ကို သိခဲ့ပြီး သူ မသေဆုံးခင် ရက်ခြောက်ဆယ်အတွင်း အနည်းဆုံး လူနှစ်ဆယ့်ငါးယောက်နဲ့ အတူတွေ့ ခဲ့ရပါတယ်… သူဟာ ပတ်ဝန်းကျင်မှာ ယောက်ျားတွေနဲ့ ကစားတတ်သူလို့လည်း နာမည်ထွက် ထားပါတယ်” ဆိုပြီးတောင် ရေးထားဖူးပါတယ်။ ဒီအမှုက နာမည်ကြီး လာပေမယ့် အာဏာပိုင်တွေ အတွက်တော့ ဒီအမှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ဖော်ထုတ်ဖို့ အခက်ခဲ ရှိနေပါတယ်။ ဒါပေမဲ့၊ စပ်စပ်စုစု မီဒီယာအဖွဲ့ တွေကတော့ သဲလွန်စနည်းနည်း ရခဲ့ပါတယ်။


ဘယ်လိုရတာလဲဆိုတော့ အလောင်းကိုတွေ့ပြီး တစ်ပတ်လောက်အကြာ ဇန်နဝါရီ ၂၁ ရက်ပေါ့။ အဲဒီနေ့မှာ Examiner ဆိုတဲ့ မီဒီယာက Short ကိုသတ်တဲ့ လူသတ်သမားလို့ သူ့ကိုယ်သူ ပြောတဲ့သူနဲ့ ဖုန်းအဆက်အသွယ် ရခဲ့ပါတယ်။ အဲဒီလူက Short ရဲ့ ပစ္စည်းတွေကို သက်သေအဖြစ် စာတိုက်ကနေ ပို့လိုက်မယ် ဆိုပြီးတော့ ၂၄ ရက်နေ့ကျတော့ Examiner ကို Short ရဲ့ မွေးစာရင်း၊ ဓာတ်ပုံတွေ၊ Business Card နဲ့ အဖုံးမှာ Mark Hansen လို့ ရေးထားတဲ့ လိပ်စာ စာအုပ်တွေ ထည့်ထားတဲ့ အထုပ်တစ်ထုပ် ရောက်လာပါတယ်။ အထုပ်နဲ့အတူ သတင်းစာတွေ မဂ္ဂဇင်းတွေက စာလုံးတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး ရေးထားတဲ့ “Los Angeles Examiner နဲ့ တခြား Los Angeles က သတင်းစာတွေအတွက် Dahlia ရဲ့ ပိုင်ဆိုင်ခွင့် စာတွေပါ” လို့ အဓိပ္ပာယ်ရတဲ့ စာတစ်စောင်လည်း ပါလာပါသေးတယ်။


ဇန်န၀ါရီ ၂၆ ရက်မှာတော့ နောက်ထပ်စာတစ်စောင် ရောက်လာတယ်။ ဒီတစ်ခါတော့ လက်ရေးနဲ့ ရေးထားတာ။ အဲဒီထဲမှာတော့ “ဒီမှာ။ လာမယ့်ဗုဒ္ဓဟူးနေ့၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီကျရင် တွေ့မယ်။ ရဲတွေနဲ့ ကစားလို့ ဝသွားပြီ။ Black Dahlia Avenger" လို့ ရေးထားတယ်။ နောက်ပြီး စာထဲမှာ တည်နေရာ တစ်ခုလည်း ပါသေးတယ်။ ဗုဒ္ဓဟူးနေ့ရောက်တော့ သူချိန်းထားတဲ့ အချိန်မှာ အဲဒီနေရာကို ရဲတွေသွားစောင့် ကြသေးပေမယ့် သူကတော့ ပေါ်မလာပါဘူး။ ဒါပေမဲ့ မဂ္ဂဇင်းတွေကနေဖြတ်ပြီး ကပ်ထည့်ထားတဲ့ စာတိုတစ်စောင်တော့ ရောက်လာပါတယ်။ စာထဲမှာ “ငါ စိတ်ပြောင်းသွားပြီ။ မင်းတို့က ငါ့ကို ညှာပေးမှာ မဟုတ်ဘူး။ Dahlia ကို သတ်လိုက်တာက တရားမျှတပါတယ်"လို့ ရေးထားတာပါ။


အဲဒီအပြင် ရောက်လာသမျှ စာတွေအပါအဝင် ပစ္စည်းအားလုံးကို ဓာတ်ဆီသုတ်ထားတာမို့ လက်ဗွေရာလည်း မကျန်ခဲ့ပါဘူး။ အဲဒီလိုတွေ ဖြစ်သွားတော့ FBI က ဖြစ်နိုင်ချေရှိတဲ့ သံသယရှိသူတွေကို စစ်ဆေးမှုတွေ လုပ်ပြီးတော့ နိုင်ငံတဝှမ်းလုံးမှာလည်း တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ လူသတ်သမားက အလောင်းကို သပ်သပ်ရပ်ရပ် လှီးထားတော့ ခွဲစိတ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတွေ လက်ချက်ပဲ ဖြစ်ရမယ်ဆိုပြီး University of Southern California ဆေးဘက်ဆိုင်ရာ ကျောင်းက ကျောင်းသားတစ်စုကိုလည်း စစ်ဆေးဖို့ တောင်းဆိုခဲ့ ပါသေးတယ်။ ဒါလည်းပဲ မမိပါဘူး။ 


နှစ်တွေ အတော်ကြာပြီး နောက်မှာတော့ ရဲတစ်ဦးက သူ့အဖေအခန်းမှာ တွေ့ရတဲ့ပုံတွေ ကနေတဆင့် Short ကို သတ်တာ သူ့အဖေ ဖြစ်နိုင်တယ်ဆိုပြီး စုံစမ်းခဲ့ပါသေးတယ်။ သူ့စုံစမ်းမှုထဲမှာ လက်ရေးမူတိုက်စစ်တာ အထိပါတယ်။ ဘာလို့လဲဆိုတော့ တရားခံက လက်ရေးမူနဲ့ စာတစ်စောင် ပို့ဖူးတာကိုး။ ထူးထူးခြားခြား လက်ရေးကလည်း တူတဲ့အပြင် သူ့အဖေ နာမည်ကလည်း သံသယစာရင်းရဲ့ ထိပ်ဆုံးမှာ ပါနေဖူးတာပဲ။ ဒါပေမဲ့၊ ဒီအချိန်မှာပဲ နောက်ထပ်တခြား ဖြစ်နိုင်ခြေတွေနဲ့ သံသယတရားခံ နောက်တစ်ယောက်လည်း ပေါ်လာသေးတယ်။ အဲဒီလူကလည်း သံသယစာရင်းရဲ့ ထိပ်ဆုံးမှာ ပါတာပဲ။ ဒါပေမဲ့၊ နှစ်တွေကြာပြီဆိုတော့ အတိအကျကြီး စုံစမ်းဖို့ကျ နည်းနည်းပြဿနာ ရှိနေတယ်။ ဒါ့အပြင် နှစ်ယောက်စလုံးရဲ့ ယူဆချက် တွေကလည်း ခိုင်မာနေတော့ နှစ်ခုစလုံးက ဖြစ်နိုင်နေပြန်ရော။ ဒါပေမဲ့၊ အဲဒီယူဆချက် တွေကလွဲရင် သတ်ပါတယ်ဆိုတဲ့ ခိုင်လုံတဲ့သက်သေ ရှိမနေတဲ့အတွက် သူတို့သတ်ပါတယ်လို့ တရားသေ ပြောမရပြန်ဘူး။


ဒါဆိုရင် Black Dahlia ခေါ် Elizabeth Short ကို ဘယ်သူသတ်တာလဲ။ နှစ်တွေကြာ ခဲ့ပေမယ့် ဒါကတော့ Mystery အဖြစ်နဲ့ ကျန်နေဆဲပါပဲ။ အချိန်တွေ ဘယ်လောက်ကြာကြာ လူသတ်သမားကို ဘယ်တုန်းကမှ မမိခဲ့သလို တသက်လုံး မမိနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့၊ အမှုကတော့ အခုထိ ဖွင့်ထားပါသေးတယ်။


Written by 🔷 မယ်တင်


Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ