Standing safely as a submassive in our community
လူမှုပတ်ဝန်းကျင်တွင် ဘေးကင်းလုံခြုံသော
Submassive ဘဝဖြင့် ရှင်သန်ရပ်တည်ခြင်း။
**************
Written by
May + Roger Moe
(Roger ပါဝင်နှမ်းဖြူ းသည်
ပိုင်ရှင်ဖြစ်သူရဲ့ စကားလုံးအတိအကျ)
**************************
သည် ခေါင်းစဉ်ကို စာရေးဖို့
မေ့ နှလုံးသားက အကြိမ်ကြိမ်
တိုက်တွန်းနေတာ ကြာခဲ့ပြီ။
မေ တခြား status တွေလို
ချရေးလိုက်တာ မဟုတ်ဘဲ
Submassive အဖြစ် နှစ်ပေါင်းများစွာ
နေထိုင်ခဲ့သူ
တစ်ဦးကို အကူအညီတောင်း
မေးမြန်းခဲ့ပါတယ်။
နောက် တွန်းအားပေးသူတွေ
ရှိသေးတယ်။
Submassive လက်သစ်ကလေးတွေ။
သူတို့ မေ့ ကို စကားလာပြောကြတယ်။
မေ ရေးထားတဲ့ စာတွေ ဖတ်ပြီး
မေ့ကို သူတို့ ခံစားမှုတွေ
ပြောပြတယ်။
အဲ့မှာ သူတို့ဒုက္ခတွေကို မြင်တယ်။
ကိုယ့်တုန်းကရော
ဘယ်လို ဖြတ်ကျော်လာလဲ
ပြန်စဉ်းစားမိတယ်။
ဒါကြောင့် သူတို့အတွက်
ဒီစာ ကို ရေးတယ်။
နောက်တစ်ခုက မေ ဖတ်ခဲ့တဲ့ စာတွေနှင့်
မေ သင်ခဲ့တဲ့ educational background
အရ
ဒီစာကို ရေးဖို့
လုံလောက်သော အသိပညာ
အတတ်ပညာ ရှိတယ်လို့
မေ ယုံကြည်တယ်။
ဟုတ်ပြီ ။
Slave or submassive အဖြစ်
ဘယ်လို မွေးဖွားလာသလဲ။
ဒီ kinky minded က ဘယ်လိုဖြစ်လာလဲ။
ငယ်စဉ်မှာ စလို့
ကြိုးချည်ခံချင်တာ။
အရိုက်ခံချင်တာ။
အရှက်ခွဲခံချင်တာ။
အနှိမ်ခံချင်တာ။
ဒူးထောက်ရှုံးနိမ့်နေချင်တာ။ စသဖြင့်
မည်သူတစ်ဦးတစ်ယောက်မှ
မတိုက်တွန်းရဘဲ
အလိုလို ဖြစ်တည်လာတဲ့ စိတ်တွေ။
အဲ့ စိတ်တွေနှင့်အတူ ဖြစ်လာတာ
မိမိကိုယ်မိမိ အပြစ်တင်တဲ့စိတ်ပါ။
နင်ဘာဖြစ်နေတာလဲ။
နင် ရူးနေပြီလား ဆိုတဲ့ မေးခွန်းက
အင်မတန် ထက်သန်လှတဲ့
ဒူးထောက် နာခံ ရိုကျိုးချင်တဲ့ စိတ်တွေကို
Conflit ဖြစ်စေတော့တာပဲ။
ဒါ မလုပ်ရဘူး။
ဒါ မကောင်းဘူးလို့ တဖက်က
အသိပေးတိုက်တွန်းနေချိန်မှာ
Slv minded ကလည်း
ပြင်းထန်စွာ ဆန့်ကျင်တဲ့ဒဏ်ကို
မေ တို့ ခံစားရမှာပါ။
လူမှု အသိုင်းအဝိုင်းလေးမှာ
ဘယ်သူ့ကိုမှလဲ
မေ တို့ ဖွင့်ဟ တိုင်ပင်နိုင်ခြင်း
မရှိပါဘူး။
Slave minded ကို ကြိုက်လာပြီ။
ခိုးလုပ်ချင်လာပြီ။
ငါ ရူးနေတာ
ငါ ပုံမှန်မဟုတ်ဘူး ။
"မေ လေ ကျွန်ပြု ခံပါရစေ" ဆိုရင်
မေ့အိမ်က
ရွာသာကြီး ပို့လိုက်လိမ့်မယ်
ထင်တယ်။
တကယ်က
ဆုပ်လည်း ဆူး
စားလည်း ရူးမယ့် ဘဝ။
စွန့်လွှတ်မလား ဆိုရင်
မစွန့်လွှတ်နိုင်ပြန်ဘူး။
သည်တော့ မေတို့
အကောင်အထည်ဖော်ဖို့
ကြိုးစားတယ်။
ပြင်းပြတဲ့ ဆန္ဒတွေကို ။
အကောင်အထည်ဖော်ပြီး
သခင် ဆိုသူ တွေရဲ့ ရှေ့မှာ
မေတို့ ဒူးထောက်ခစားမိကြတယ်။
မကြာခင်က
မောင်ငယ်လေး တစ်ဦးက
သူ့ ဆန္ဒတွေ ပြောပြတယ်။
သူ ဘာလုပ်ရမလဲတဲ့။
အိုကေလေ။
မေ ဖြေခဲ့တယ်။
"မင်း ဆန္ဒတွေနှင့်အတူ
ဘေးကင်းစွာ ရှင်သန်နေထိုင်ပါ။"
နှစ်ဘဝ ခွဲခြားပါ။
"အသက် တစ်ခု
ဘဝ နှစ်ခုဖြင့်"
တည်ဆောက်ပါ။
ဘေးကင်းစွာ ရှင်သန်နေထိုင်စေချင်ပါတယ်။
လူတိုင်းမှာ ပင်မ ဘဝရှိတယ်။
ဘဝရဲ့
*သင်ကြားမှုတွေ
*တိုက်ပွဲတွေ
*စိန်ခေါ်မှုတွေ
*ကျရှုံးမှုတွေ
*လဲပြို မှုတွေ
*အောင်မြင်မှုတွေ လူတိုင်းမှာ
ရှိလိမ့်မယ်။
ဘဝလမ်းခရီးကို ပုံမှန်သာ
လျှောက်ပါ။
ငါက slv minded ရှိလို့
သိမ်ငယ်မယ်။
သူများနှင့်မတူဘူး။
ငါဟာ အရာရာ အားငယ်တတ်တယ်။
အမြဲဒူးထောက်ချင်တဲ့ငါက
ပျော့ညံ့တယ် ဆိုတာ
မဟုတ်ဘူး။
Slv minded ရှိသူဆိုတာ
သာမန်ထက် ပိုမို ချွန်ထွက်ထူးချွန်နေလေ့
ရှိတယ်။
ဒါကြောင့် ပင်မ ဘဝကို
လျှောက်လှမ်းနေတဲ့ အချိန်မှာ
Slv minded ကို ခဏ ခေါက်သိမ်းထားဖို့
ကြိုးစားပါ။
မိမိကိုယ်မိမိ ယုံကြည်ပါ။
သာမန်လူတစ်ယောက်ပဲ ဖြစ်ပါတယ်။
Slv minded
ဒူးထောက် နာခံ ခစားချင်နေတဲ့စိတ်။
မေ့လိုက်ရမလား No ပါ။
ပင်မ ဘဝ မှာ
*လျှောက်လှမ်းနေချိန်
*တိုက်ပွဲဝင်နေချိန်
*လဲပြို ကျဆုံးနေတဲ့ အချိန်
*တောက်ပ အောင်မြင်နေတဲ့ အချိန်
သည်အချိန်အားလုံးမှာ
Slv minded ကလေးကို
ခဏတာ သိမ်းဆည်းထားရုံပါ။
ဟုတ်ပြီ
ဒါဆို ပြင်းပျတဲ့ ဆန္ဒ တစ်စုံတရာကို
ဘယ်လိုများ
အကောင်အထည် ဖော်မလဲ။
ဒီစိတ်ရဲ့ စေစားရာကို
ဘယ်လို သွားမလဲ။
ဘဝရဲ့ အစိတ်အပိုင်း သေးသေးလေးတစ်ခုကို
မီးတွေ မှိတ်ပစ်လိုက်ပါ။
အမှောင်ကမ္ဘာက အကောင်အထည်ဖော်ဖို့
ပို သင့်တော်ပါလိမ့်မယ်။
ဒူးထောက်သင့်ဆုံး သခင်ကို
ရှာဖွေကြည့်ပါ။
အရေးကြီးဆုံး တစ်ခု
ပြောပြမယ်။
သခင် ဘယ်လိုရှာမလဲဆိုတဲ့
ပြသာနာ
ဒါက နောက်မှ သတ်သတ်
အကျယ်တဝင့်ရေးမယ်။
ဒီနေရာမှာတော့
Just summary ပဲ ရေးနိုင်မယ်။
ပြောရရင် မေ သခင်ရှာ
တော်ခဲ့သူ မဟုတ်ဘူး။
ဒါကြောင့် မေ ဒီပြသာနာကို
ဘယ်လို ရင်ဆိုင်ရမလဲ
မသိသေးဘူး။
ခံစားမိတာ တစ်ခုပြောပြမယ်။
မေ ခံစားမိတာ။
ခံစားမိတာကို
ပြောပြတာမို့
မှားကောင်းမှားမယ်။
မေတို့တွေက Vampire တွေနှင့်တူတယ်။
Vampire အချင်းချင်းဆုံတွေလာတဲ့အခါ
သွေးညှီရနံကို သူတို့အချင်းချင်း
ခံစားမိသလို
စစ်မှန်တဲ့ master spirit ရှိသူဆိုရင်
Slv spirit ရှိသူက
အလိုလို သိလာလိမ့်မယ်။
ကိုယ် လက်ခံမိသူက
Master spirit ရှိသူလား
လူလိမ္လား
သူ့သွေးတွေ သူ့ဝိဥာဉ်က
ဘယ်လို စီးဆင်းလှုပ်ရှားနေသလဲ ?
Master spirit က
ဘယ်လို ရှင်သန်လှုပ်ရှားသလဲ ?
ဆိုတာ
Slv spirit မှာ သိပ်ကို ခံစားမိတာပဲ။
ဒါကြောင့်
ဒူးထောက်နာခံဖို့ ထိုက်တန်သူကို
ရွေးချယ်တဲ့အခါ
*အချိန်ပေးပါ။
*Privacy အထူးဂရုစိုက်ပါ။
(ကိုယ် ရှာဖွေနေစဉ်မှာ
လူလိမ် အများအပြား
တွေ့ကိုတွေ့နိုင်တာမို့ပါ။ )
*ကိုယ့်နှလုံးသား ကိုယ့် slv spirit
ရဲ့ လမ်းညွှန်မှုကို ယုံကြည်ပါ။
* စာဖတ်ပါ။
စာဖတ်ဖို့ လိုပါတယ်။
BDSM rules တွေ
အထူးသဖြင့် consent
Slv ရဲ့ ခွင့်ပြု ထားသော bdsm type
ကိုသာ upper role က
ပြုမူလုပ်ဆောင်ခွင့် ရှိတာမျိုးကအစ
မိမိ အခွင့်အရေး
Slave ရဲ့ right ကို သိရှိနားလည်ပါစေ။
မိမိရဲ့ ပါတနာသည်
Same personality ဖြစိသင့်ပါတယ်။
ပညာ
အသက္
ရာထူးရာခံ
စီးပွားရေးတွေ တန်းတူ ဖြစ်နေဖို့
ပြောတာ မဟုတ်ပေမယ့်
Personality လို့ခေါ်တဲ့
ကိုယ်ရည်ကိုယ်သွေး ကတော့
တန်းတူညီသင့်တယ်။
ချွင်းချက်အနေဖြင့်
မိမိထက်အဆများစွာ နိမ့်ပါးနေသူထံမှာမှ
ဒူးထောက်ချင်ပါတယ်
ဆိုတာကိုလဲ မေ လက်ခံပါတယ်။
အရေးကြီးဆုံးကတော့
ပါတနာသည်
BDSM knowledge ရေချိန်
ကျန်းမာရေးအသိပညာ knowledge ရေချိန်
တန်းတူကျမှသာ
လုံခြုံ စိတ်ချတဲ့ သာယာမှုကို ရမှာပါ။
အဲလိုပြောလို့ မေ က Submassive
မပီသဘူး မဆိုပါနှင့်
မေသခင်ရှေ့မှာ
ဒူးထောက်နေတဲ့အခါ
မေ့ပညာ
မာန
ရာထူး အားလုံး မပါရှိဘဲ
သူ့ရဲ့ ကျေးကျွန်မျှသာ
ဖြစ်ပါတယ်။
How to play with safety method
တွေအကြောင်း လေ့လာပါ။
မည်သို့ပင် နာခံချင်စိတ်ကြီးမားစေကာမူ
Safe site first
မိမိ ဘေးကင်းလုံခြုံမှုသည် ပထမ ပဲ
ဖြစ်နေရပါမယ်။
နောက် ပြောချင်တာ တစ်ခုရှိသေးတယ်။
အမှောင်ကမ္ဘာခြမ်းမှာ
Submassive or slave ဖြစ်သည့်တိုင်
မိမိသခင်နှင့်ပဲ submassive or
Slave ဖြစ်ပါ။
24/7 ဆော့မှာလား။
Play time သက်သက်ပဲလားဆိုတာ
ကိုယ့်ပါတနာ နှစ်ဦးကြား
ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။
ကြုံဖူးတယ်။
Account profile မှာ slave လို့
ရေးထားလို့
Msg မှာ "ကောင်မ ဒူးထောက်စမ်း" လို့
လာရိုင်းတဲ့ လူယုတ်မာတွေ
ပြောချင်တာက
အမှောင်ကမ္ဘာမှာတောင်
Submassive ပဲဖြစ်ဖြစ်
Slave ပဲ ဖြစ်ဖြစ်
အားလုံးနှင့် တန်းတူရည်တူ ဆက်ဆံပါ။
မိမိလည်း မနိမ့်ကျ
တပါးသူလည်း မနိမ့်ချမယ့်
အခေါ်အဝေါ် မျိုး နှင့်
ယဉ်ကျေးစွာ
ပြောဆိုဆက်ဆံပါ။
ရိုင်းလာလို့ကတော့ Block သာ
လုပ်လိုက်ပါ။
Slave မို့လို့ submassive မို့လို့
အကုန်လုံးကို
ရိုကျိုးစွာ နှိမ့်ချဆက်ဆံရန်
တာဝန်မရှိကြောင်း
သေချာ သတိပြုပါ။
Kneeling Just for my beloved master
Not for public
ဖြစ်ပါတယ်။
ဒူးထောက်ခစားခြင်းဆိုတာ
တွေ့ကရာလူအတွက်
မဟုတ်ဘူး။
မိမိရဲ့ သေချာ နှလုံးသားနှင့်
စိစစ်ရွေးချယ်ထားတဲ့ သခင်အတွက်သာ
တန်ဖိုးထား ပြုမူပါလေ။
အရေးကြီးဆုံးကတော့
မိမိ ခွဲခြားထားတဲ့
၂ ဘဝကို မရောယှက်မိဖို့ပါ။
အမှောင်ကမ္ဘာကို သီးသန့်ထားပါ။
ပင်မဘဝထဲ
ဝင်မလာစေဖို့
ကျားကန် တည်ဆောက်ပါ။
နောက်ဆုံးတစ်ခုကတော့
With all things BDSM, every person and every experience is unique. That’s why communication, positive attitudes, and consensual actions are VERY important. So is not judging or forcing your own BDSM beliefs on others.
တစ်ဦးချင်းစီရဲ့ bdsm mind သည်
တစ်ယောက်နှင့်တစ်ယောက်
တူချင်မှ တူမယ်။
မေဆွေးနွေးခဲ့တာကတော့
Submassive တစ်ယောက်ဟာ
သာမန် လူ့အသိုင်းအဝိုင်းနှင့်
BDSM အသိုင်းအဝိုင်းမှာ
သမမျှတအောင်
ဘေးကင်းစွာ ဘယ်လိုရှင်သန်မလဲဆိုတာ
အခြေခံအားဖြင့်သာ
ဖြစ်ပါတယ်။
So is not judging or forcing your own BDSM beliefs on others.
ဒီစာလုံးတွေကို
အရမ်းအလေးထားပါတယ်။
မေ့ရဲ့ bdsm ယုံကြည်မှုကို
ဝေငှတာ မဟုတ်ဘဲ
ဘေးကင်းလုံခြုံ စွာ ရှင်သန်စေချင်သော
စိတ်စေတနာကို
ဝေငှ မျှဝေပါတယ်။
Feel free for your discussion
ပြန်လည်ဆွေးနွေးမယ်ဆိုရင်တော့
ဖိတ်ခေါ်ပါတယ်။
ချစ်တဲ့ မေ
11-4-2019
4:46 PM
Comments
Post a Comment