မိထွေးကိုကြောက်တယ်

မိထွေးကိုကြောက်တယ် မောင်မောင်တို့ရပ်ကွက်လေဟာတကယ်ကိုတိတ်ဆိတ်တဲ့ရပ်ကွက်လေတစ်ခုပါ…..မောင်မောင်မှာဆယ်တန်း ကျောင်းသားလေးဖြစ်ပြီးအမေမရှိတော့ပါဘူးမောင်မောင်အဖေကလည်းနောက်အိမ်ထောင်နဲ့ဆိုတော့မောင် မောင်ဘ၀လေးဟာသနားစရာလေးပေါ့….မောင်မောင်ကအဖေဦးမင်းလွင်မိထွေးဒေါ်ခင်ချိုနဲ့အတူတူနေရရှာ တယ်..မိထွေးဖြစ်တဲ့ဒေါ်ခင်ချိုဟာအိမ်တစ်ဆောင်လုံးမှာသြဇာအရှိဆုံပေါ့..ဒေါ်ခင်ချိုကအသက်(၃၀)လောက် သာရှိသေးသည်..ဒါပေမဲ့ဦးမင်းလွင်ကတော့အသက်(၅၀)ကျော်နေပြီဖြစ်သည်..ဒေါ်ခင်ချိုကိုကြောက်တာက လည်းထိုင်ဆိုလျှင်အိပ်နေလောက်အောင်ကြောက်နေပါတော့သည်….ဒေါ်ခင်ချိုမှာငယ်ရွယ်သလိုလှပသော မိန်းကလေးဖြစ်နေတော့ဦးမငး်လွင်ကလည်းကြောက်ချစ်ရိုသေနေပါတော့သည်ဒေါ်ခင်ချို၏နို့ကြီးများဟာဆို လျှင်မောင်မောင်၏ခေါင်းလောက်နီးပါးရှိနေပါတော့သည်…ဒေါ်ခင်ချိုသည်အဝတ်အစားကိုလည်းအတိုအထွာ အဝတ်များပါသည်..ထိုကြောင့်ပင်ဝင်းလက်တောက်ပသောခြေသလုံးလေများသည်တွေ့သူတိုင်းမျက်လုံးများ ၏အကြည့်များသည်ဒေါ်ခင်ချိုဆီမှမခွာနိုင်ဖြစ်နေတော့သည်ဒေါ်ခင်ချိုသည်ဦးမင်းလွင်နဲ့မောင်မောင်ပေါ်တွင် အလွန်ပင်သြဇာညောင်းပါသည်…..ဒေါ်ခင်ချိုဝတ်သည်အဝတ်များကိုမောင်မောင်နဲ့ဦးမင်းလွင်တို့ကအလှည့်ကျ လျှော်ရလေသည်…ဒေါ...

အချစ်၊ လိင်ကိစ္စနှင့် အနုပညာ

အချစ်၊ လိင်ကိစ္စနှင့် အနုပညာ

__________________

ဒီစာဟာ မကြာသေးခင်ကမှ အော်စကာဆုတွေ ဆွတ်ခူးသွားတဲ့ Bohemian Rhapsody ဇာတ်ကားကြည့်အပြီး ရေးချင်လာခဲ့တာပါ။

သိကြတဲ့အတိုင်း ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Queen အဖွဲ့ဝင်၊ ကမ္ဘာကျော် တေးရေးဆရာ၊ အဆိုတော်ဖြစ်တဲ့ ဖရက်ဒီမာကျူရီ ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်တယ်။

Freddie Mercury ကို ကျနော်က အဆိုတော် အဖြစ်ထက် တေးရေးဆရာအဖြစ် ပိုအလေးအမြတ်ပြုပါတယ်။ သူ့သီချင်းကို ဆိုနိုင်သူတွေ ရှိပေမယ့် သူရေးခဲ့တဲ့ သီချင်းတွေကတော့ နှစ်ခါပြန်ဖန်တီးလို့ မရပါဘူး။ သူ့သီချင်းတွေအဖြစ်ပဲ ရှိသွားတော့မှာပါ။

အဲ့ဒီ သူ့သီချင်းတွေထဲကမှ စာရင်းထဲ ထည့်သွင်း မပြောမဖြစ်က Love of my life. သူက အဲ့ဒီသီချင်းကို လူတစ်ယောက်အတွက် ရည်စူးခဲ့ကြောင်း သူကိုယ်တိုင်ပြောခဲ့ပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီးပြောရရင် ဖရက်ဒီဟာ လိင်တူချင်းကြိုက်နှစ်သက်တဲ့ ဂေးတစ်ယောက်ပါ။ ငယ်ငယ်ရွယ်ရွယ် အသက်၄၅နှစ်မှာ သူ သေဆုံးခဲ့ရတာကလဲ AIDS ကြောင့်ဖြစ်ပါတယ်။

ယောက်ျားတွေ အများကြီးနဲ့ သူ ဖြစ်ခဲ့တယ်။ သူ့ဘဝနောက်ဆုံးချိန်တွေမှာလဲ Jim Hutton ဆိုတဲ့ယောက်ျားတစ်ယောက်နဲ့ နှစ်အကြာကြီးအတူရှိခဲ့ပါတယ်။

ဒါပေမဲ့ … သူတကယ်ချစ်ခဲ့တာ ဘယ်သူလဲ?

တနည်းထပ်မေးရရင် ဖရက်ဒီ မာကျူရီ အချစ်ဆုံးဟာ ဘယ်သူလဲ? ခုန အပေါ်က စကားလေး ပြန်ဆက်ပါမယ်။ Love of my life ဆိုတဲ့သီချင်းကို သူ ရည်စူးစပ်ဆိုခဲ့တဲ့သူ။ သူကွယ်လွန်ချိန်မှာ သူ့ပိုင်ဆိုင်မှု အများစုကို အဲ့ဒီသူအတွက် ပေးခဲ့တဲ့သူ။ သူကွယ်လွန်ပြီးနောက် သူ့အနုပညာလက်ရာတွေ အသုံးပြုရင် ရတဲ့မူပိုင်ခွင့်ကို ၅၀ရာခိုင်နှုန်းပေးခဲ့တဲ့သူ (ကျန် ၂၅ရာခိုင်နှုန်းကို သူ့မိဘတွေနဲ့ ကျန် ၂၅ရာခိုင်နှုန်းကို သူ့ညီမဆီ ပေးခဲ့ပါတယ်)

အဲ့ဒီသူဟာ Mary Austin ပါတဲ့။ ဟုတ်ကဲ့၊ မိန်းကလေးတစ်ယောက်ပါ။

အခြောက်တစ်ယောက်ရဲ့အချစ်ဆုံးသူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတာကို သိပြီး အချစ်နဲ့ လိင်ကိစ္စအကြောင်း ဆက်စပ်တွေးနေမိပါတော့တယ်။

ဖရက်ဒီ နဲ့ မေရီတို့ လမ်းမခွဲခင် ဖရက်ဒီက ဝန်ခံခဲ့တာရှိတယ်။ 

'ငါဟာ လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားတာထင်တယ်' … တဲ့။

မေရီက ငြင်းတယ်။ 

'ရှင်ဟာ အခြောက်တစ်ယောက်ပါ' … တဲ့။ 

ပြီးတော့ ဖရက်ဒီ့အနားက ထွက်သွားတော့တယ်။

ဖရက်ဒီနဲ့တော်တော်ကြာကြာနေခဲ့ဘူးတဲ့ လိင်တူဆက်ဆံသူ ယောက်ျားတစ်ယောက်က ပြောတယ်။ ဖရက်ဒီဟာ တစ်ယောက်တည်းနေရမှာကြောက်တဲ့ ချာတိတ်လေးတစ်ယောက်ပါ … တဲ့။

ကျနော့်အမြင်တော့ တခြားယောက်ျားတွေဟာ ဖရက်ဒီအတွက် ညအိပ်ဖော်တွေ၊ လိင်ကိစ္စ အတွက် အဖော်တွေပါ။ သူတကယ်မြတ်နိုးတာက မေရီ။

ဘယ်လောက်တောင် မြတ်နိုးသလဲဆိုရင် မေရီတခြားသူနဲ့ အိမ်ထောင်ကျလို့ ပထမဆုံးသားလေးမွေးတဲ့အခါ အဲ့ဒီကလေးရဲ့ ခေါင်းကိုင်ဖခင်အဖြစ် တာဝန်ယူပေးခဲ့တယ်။ သူနေခဲ့တဲ့ အိမ်ကြီးကို သူကွယ်လွန်ချိန်မှာ မေရီတို့မိသားစု နေဖို့ရာချန်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ကို မီးရှို့ပြီး ကျန်တဲ့ အရိုးပြာတွေ ဘယ်မှာထားလဲဆိုတာ တကမ္ဘာလုံးမှာ မေရီတစ်ယောက်တည်း သိတယ်။

သူနဲ့အတူ အိပ်ခဲ့တဲ့ တခြားဘယ်သူ့ကိုမှ (အကြာကြီးအတူနေခဲ့တဲ့ ဘယ်ယောက်ျားကိုမှ) သူ ဒီလို အခွင့်အရေးမျိုး မပေးသွားခဲ့ပါဘူူး။

အချစ်က သပ်သပ် လိင်ကိစ္စက သပ်သပ်ဆိုတာ ဖရက်ဒီ့လုပ်ရပ်က သက်သေပြနေသလိုပါပဲ။ သူဟာ မူးယစ်ဆေးဝါးသုံးကြတဲ့ တခြားအနုပညာရှင်တွေလို စံလွဲလိင်ကိစ္စကို အသုံးပြုခဲ့တာဖြစ်တယ်။

စိတ်ကိုစူးစိုက်ခံစားတတ်တဲ့၊ စိတ်ဒါဏ်ရာ နက်ရှိုင်းတတ်တဲ့ အခြားအနုပညာရှင်တွေအတိုင်း လူမှုအဖွဲ့အစည်းနဲ့ ထော်လော်ကန့်လန့်နေတတ်တယ်။ စိတ်ကို လွှတ်ပေးတတ်တယ်။ ဒီလိုနဲ့ သူ ယောက်ျားချင်း အိပ်ခဲ့တယ်။ AIDS ရောဂါ ရခဲ့တယ်။

အခြောက်တစ်ယောက်ဖြစ်တဲ့ ဖရက်ဒီဟာ မေရီ့ကို လိင်ပိုင်းဆိုင်ရာ တပ်မက်မှု မရှိနိုင်တော့ပေမယ့် အချစ်ကတော့ မပျက်ယွင်းခဲ့ပါ။ သူအသက် ၂၄နှစ်ကနေ ၃၀အရွယ်ထိ အတူတွဲခဲ့တဲ့ မိန်းကလေးကို သေဆုံးချိန်ထိ နှလုံးသားမှာ မပျက်မယွင်းမြဲမြံခဲ့တယ်။

မေရီ့အတွက်တော့ အခြောက်တစ်ယောက်ကို ခင်ပွန်းတော်ထားဖို့ရာ ခက်ပါလိမ့်မယ်။ ဒါ့ကြောင့်လဲ ဖရက်ဒီ့အနားက ထွက်သွားခဲ့တာပါ။ တကယ်လို့သူသာ ဆက်ရှိနေဦးမယ်ဆိုရင် ကျနော်ထင်မိတာက ဖရက်ဒီက သူနဲ့ပဲ လက်ထပ်နေထိုင်နေမှာပါ။ လိင်ကိစ္စမှာတော့ တခြား (ယောက်ျားလေး) တွေနဲ့ ဆက်ဆံမယ်၊ ချစ်တာတော့ မေရီ့ကိုပဲ ချစ်လိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ ရမက်ရဲ့ ကွာခြားမှုပါပဲ။ ဒါပေမဲ့ ဘယ်မိန်းကလေးက ဒါကို လက်ခံနိုင်ပါ့မလဲလေ။

ဒီလိုနဲ့ မေရီက တခြားယောက်ျားတစ်ယောက်ကို ယူခဲ့တယ်။ တခြားယောက်ျားနဲ့ ကလေးတွေ မွေးခဲ့တယ်။ ဒီလိုဖြစ်ပေမယ့် မပျက်ယွင်းတဲ့ ဖရက်ဒီ့အချစ်ကလဲ အံ့သြစရာပါပဲ။ သူပိုင်ဆိုင်သမျှကို မေရီ့အားအမှီပြုလို့ အဲ့ဒီယောက်ျားပါ ခံစားရမှာ သိလျက် ကြည်ဖြူခဲ့တာပါ။

ဒီအကြောင်း Bohemian Rhapsody ဇာတ်ကားမှာရိုက်ပြတော့ ...

မေရီ လက်ထပ်လိုက်တဲ့ ယောကျ်ား က "ခင်ဗျားက အရမ်းတော်တာပဲ" 

လို့ပြောတဲ့အချိန် ဖရက်ဒီက ... နောင်တအပြည့်မျက်ဝန်းတွေနဲ့ 

''ခင်ဗျားက ပိုတော်ပါတယ်ဗျာ" တဲ့။ 

သူ့ဆီက မေရီ့ကို ရထားလို့လေ။

တကယ်တော့ ချစ်ခြင်းတရားဆိုတာ ကျနော်တို့ထင်တာထက်၊ ကျနော်တို့သိနိုင်တာထက် … အများကြီးနက်ရှိုင်း ဖြူစင်ပါတယ်လေ …

Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ