Sweet December
Sweet December ❄️ Epi 1
#CaCa
'ဖြန်း .....
'အ ... ကိုကို... ဟင့် .... နာနေပြီ လို့
'နောက် မလုပ်တော့ပါဘူး ဆို
'ဖြန်း ဖြန်း ဖြန်း ဖြန်း ....
'အ ကြောက်ပါပြီ .... နောက်ကို အ့လို မနေတော့ပါဘူး လို့ .....
' အော် စမ်း အ့ဒီ အခြောက်သံ ပျောက် တဲ့ အထိ ရိုက်မှာ
င့ အဆိုး မဆို နဲ့
ထပ် အော်
ရဲဆက်သွင် အသံ မထွက် တော့အောင် ကိုယ့် နှုတ်ခမ်းကိုယ် ဖိကိုက် နေရ သည်
ကိုဖြိုး က တကယ် သူ မအော် တော့မှ ရပ်မှာ
'ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း ........
နှုတ်ခမ်းကို ဖိကိုက် ထားလို့လည်း သွေးတွေ ထွက်နေပြီ
အိမ်ရှေ့ ဧည့်ခန်း မှာ ကျောင်းစိမ်း ပုဆိုး နဲ့ လက်လေး ပိုက်ပြီး အရိုက် ခံ နေရတဲ့ သူကတော့ အလယ်တန်း ပြ ကျောင်းဆရာလေး ရဲဆက်သွင် ပါ
ဒီအိမ်ရှေ့က ဖြတ် သွားလို့ အစ်ကိုက ရိုက်လို့ ညီက အော်ဟစ် ငိုယို နေတဲ့ အသံ ကလည်း ဒီရပ်ကွက် ထဲ က လူတွေ အတွက် မဆန်းတော့ ပါ .... ဒီ ညီအစ်ကို နှစ်ယောက်ဘယ်လောက် ချစ်လည်း သူတို့ အသိဆုံး ....
အနှီ လူသား နှစ်ယောက် ကတော့ ဖြိုးဆက်သွင် နဲ့ ရဲဆက်သွင် ဆိုတဲ့ 3လကြီး 3လငယ် အဖေမတူ အမေကွဲ ဘာမှမတော် ညီအစ်ကို နှစ်ယောက်ပါ
မျက်စိ လည် သွားပြီလား .... 😅
ဖြိုးဆက်သွင် က အကြီး ...မွေးစားသား ပါ
ဆုံးသွားတဲ့ ဖေ နဲ့ မေ နဲ့ အစား ထို ခလေး မက လူကြီး မကျ ရဲရဲ တစ်ကောင်ကို အစ်ကို ကြီး အဖအရာ နေရာက ဆုံးမ နေရခြင်း ဖြစ်တယ်
ဖေဖေ မဆုံးခင် ကလည်း သူ့ရဲ့ တစ်ဦးတည်းသော ညီလေး ရဲ့ ထို ကနွဲ့ကလျ အမူအရာ များကြောင့် သူတို့ ညီအစ်ကို နှစ်ဦး လုံး အမြဲ လို အရိုက် ခံခဲ့ ရသည်
မှန်ပါသည် စစ်ဗိုလ်မှုး အငြိမ်းစား ဖေဖေ သည် သားတော်မောင် အား ကျားကျားလျားလျား သာ ဖြစ်စေချင်သည့် အလျောက် တခါတလေ သွေးထွက်သံယို ဖြစ်သည့် အလျောက် ရိုက်တတ်သည် ထိုအခါ မျိုး တွင် မိမိ မှာ မကြည့် ရက် သောကြောင့် ညီ့ အစား ဆက်ရိုက် ရန် တုတ်ဆွဲ ပြီး တောင်းပန်ကာ အရိုက်ခံ ခဲ့ရသည်
ယခု ဖေဖေ မရှိတော့ ဒီ တာဝန် တွေ သူ့အပေါ် ကျလာသည်
ဖေဖေ ဖြစ်စေချင်သည့် စစ်သားကြီး သူ ဖြစ်ခဲ့ပေမဲ့ ညီ ကတေ့ာ သူ ဖြစ်ချင်တဲ့ ကျောင်းဆရာ ကို အိမ်က မသိအောင် တက္ကသိုလ် ဖောင် ရအောင် တင် ခဲ့တာ
ညီ့တွင် ရှိသည့် ထို သတ္တိမျိုးတော့ သူ အားကျ သည်
မည်မျှ အရိုက် ခံ ရ သည် ဖြစ်စေ မည်မျှ အဆူခံ ရသည် ဖြစ်စေ ထိုစရိုက် ကို ဖျောက်ဖျက်မည့် ပုံ မရှိသော ခေါင်းမာခြင်းမျိုးလည်း ညီ့တွင် ရှိသည်
ယခုလည်း မနက်က ကျောင်းသွားခါနီး နမော် နမဲ့ နဲ့ ကျောင်းစာရွက်စာတမ်းတွေ မေ့ခဲ့ လို့ အရိုက်ခံ နေရတာကို အော်တဲ့ လေသံ ကြားပြီး စိတ်တိုလာလို့ ကြိမ်လုံး မချပဲ ထပ်ထပ် ရိုက် နေရခြင်း ဖြစ်သည်
'လာ ဒီနားကို လာထိုင် .....
ကြည့်လိုက်တော့ မျက်ရည် တွေ နှပ်ရည် တွေနဲ့ အူစကူ ရုပ် ဖြစ်နေတာက အသက် 25 နှစ်နဲ့ မလိုက်
ထုံ နေပြီ ဖြစ်တဲ့ တင်ပါး က အသာလေး ထိုင် ချ လိုက်တာတောင် တော်တော် နာလို့ ချက်ချင်း မတ်တပ် ပြန်ရပ်လိုက်ရသည်
'အ နာတယ် .... အီး ဟီး '
'ဟိတ် တိတ်စမ်း ...ညီ .... ကိုကို ငိုတာ မကြိုက်ဘူး လို့ ပြောထားတယ်နော်
ဘာလို့ ခုလောက်ထိ အရိုက်ခံ ရလဲ လဲ သိတယ်နော်
သွား .... ဆေးဗူး သွား ယူ ပြီး အခန်းထဲ လိုက် ခဲ့ .....
အားရပါးရ ငိုချ မည့် မိမိ မျက်ရည်များ လမ်းတဝက်တင် ရပ်သွား ပြီး ဆေးဗူး သွားယူပြီး အိပ်ခန်း ဆီသို့ ......
.......
next ..........
Wattpàd မှာတော့ Epi 2 ထိ ရောက်ပြီ ..
ခုမှ စရေးကြည့်တာ wattpad မှာ
👇👇
https://my.w.tt/WuY6jH4tTbb
နောက်ပိုင်း ဒီ acc သိပ်မသုံးဖြစ်တော့ ရင် wattpad မှာ ရှာဖတ်ကြနော်
ဖတ်ချင်ကြရင် ပြောပါတယ် ...
Sweet December ❄️ Epi 2
#CaCa
ကိုကို့ ဆီက အရိုက်ခံ ရ ပြီး ဆေးလိမ်းပေးသည့် အချိန် သည် ရဲဆက်သွင်တစ်ယောက် အတွက် တော့ အပျော်ဆုံး အချိန်
ကိုကို သူ့ကို ကောင်းစေချင်လို့ ဆုံးမတာ သူသိသည်
ယခုလည်း သူ့ဒဏ်ရာတွေ မြင်ရင် စိတ်မကောင်းဖြစ်ပေဦးမည်
ငယ်ငယ်ကတည်း က ဖေဖေ့ရဲ့ စည်းကမ်း တင်းကျပ်မှုတွေကြောင့် စိတ်ဆင်းရဲ ခဲ့ ရတဲ့ သူ က ကိုကိို့ကြောင့် နွေးထွေးမှုတွေ ချစ်ခြင်း မေတ္တာတွေကို ရခဲ့တယ်
ကိုကို ဟာ မွေးစားသား ဆိုပေမဲ့ သူတို့ မိသားစု အပေါ် အရာရာပေးဆပ်ထားသည်မှာ သူအသိဆုံး
တက္ကသိုလ် ဝင်တန်း အောင်တော့ သူ တတ်ချင်တဲ့ BED တက်ခွင့်ရအောင် ဖေဖေ ဖြစ်စေချင်သည့် စစ်ဗိုလ် လမ်းကိုရွေးချယ် ခဲ့သည့် ကိုကို
ကိုကိုသည် ရဲဆက်သွင် အတွက်ဆို ရင်တော့ အရာရာ ပင်
ခလေးဆန်လွန်းတဲ့ သူ့အတွက် အစစ အရာရာ ကိုကို့ ရဲ့ စီစဉ်ပေးမှုတွေက ပြည့်စုံလွန်းသည်
'ညီ ..... ကိိုကို မရှိ တဲ့ အချိန် မှာတာတွေ မမေ့ နဲ့နော်
မေ့ရင် သိတယ်နော် ....
ဟိုနေ့က မှ အရိုက်ခံထား ရတဲ့ ဖင် ကို ယောင်ယမ်း စမ်းမိလိုက်သည် ....
15ချက်လောက် အရိုက်ခံ ထားရတာလေ ...
ခါတိုင်းဆို 10ချက်လောက် ပဲ ရိုက်တဲ့ ကိုကို က သူ့ရဲ့ အသံ နွဲ့နွဲ့လေး ကြားရင် ပိုဒေါသ ဖြစ်ပြီး ပိုရိုက် တတ်သည် ....
' Yes Sir.... ' အလေးပြု ...'
Uniform နဲ့ ခန့်ညားနေသော ကိုကို ....
ရုံးပိတ်ရက်တွေ သာ တွေ့ရတဲ့ သူတို့ ညီအစ်ကို နှစ်ယောက် .....
'ကိုကို မုန့် နော် ......
'အေး ...တုတ် တုတ်..
'ဟာ ကိုကို ကလည်း .... ညီ က လိမ္မာ နေပြီ
'အေး လိမ် လိမ် ပြီး ဒီခေါင်းက မာနေတာလေး .....
လေသံ မဆုံးလိုက် နားတစ်ဖက်ကို လိမ်ဆွဲ လိုက်တာများ ခေါင်းပါ လည်ပြီး ပါသွား
'အား ...နာတယ် ကိုကို ရ ....
'ကောင်းကောင်းနေ .... ဒါပဲ သွားပြီ ....
'ဟုတ် ...
နားရွက်ဆွဲ လိုက်လို့ မျက်ရည် ဝဲ တက်သွားတာ မြင်တေ့ာ ဖြိုးဆက်သွင် လှစ်ခနဲ ပြုံး လိုက်မိသည်
ဘယ်လောက် ရိုက်ရိုက် သူ့ကိုတော့ ကလန်ကဆန် ပြန်မလုပ် ပြန်မပြော ....
အလယ်တန်းပြ ကျောင်းဆရာ တစ်ယောက် က သူနဲ့ ဆို တကယ့် ကလေးလေး ....
' ညီ ..... မင်း မအိပ်သေးဘူးလား
တောင်ခနဲ တက်လာသော msgr သံ ကြောင့် ရင်တွေ တဒိန်းဒိန်း ဖြစ်သွားရသည်
ကိုယ်က မဟုတ်တာ လုပ်နေတာမလား
မဟုတ်တာ ဆိုတာ BDSM နဲ့ ပတ်သက်တာတွေ ရှာဖတ်နေတာလေ
'ဟုတ် ဟုတ် အိပ်တော့မှာ ကိိုကို.....
' ဘယ်နှစ်နာရီ ထိုးပြီ လဲ အခု ....
'12 ....12 ခွဲ...
သူ့မှာလည်း နာရီ ရှိရဲ့သားနဲ့ ..
ကောက်ခါ ငင်ခါ vdo call ဝင်လာတော့
' မျက်နှာ က ဘာဖြစ်နေတာလဲ ....
ဘာ မဟုတ်တာ လုပ်ထားလဲ ....
ဘာလို့ မအိပ်သေးတာ လဲ....
ဘာ မေးခွန်းပေါင်း များစွာ ကို ဘယ်က ဘယ်လို ဖြေရမှန်း မသိနေသော သူ
' ဟို ညီ ညီ ကျောင်း အတွက် စာ ရှာနေတာပါ .... အရေးကြီး လို့
' မင်းကို ဘယ်အချိန် အိပ်ခိုင်းထားလဲ .... မနက် ကျောင်းသွား ရမယ်လေ ....
ခလေးတွေကို စာသင်နေတဲ့ ဆရာ က နောက်ကျ တော့ ကောင်းမလား ...
ခု ချက်ချင်း ဖုန်း လက်က ချပြီး အိပ်တော့
သောကြာနေ့ ပြန် လာရင် ကျောင်း က ကြိမ်လုံး ယူလာခဲ့........
တော်သေးတယ် ကျောင်းစာရှာနေတယ် ဆိုတာ ကိုကို ယုံသွားလို့ ....
ဟူး ဒီအပတ်လည်း ဆော် ခံ ရဦးမယ် ....
Next.........
Sweet December ❄️ Epi 3
#CaCa
'ဟာ ဆရာလေး ဒီနေ့ အဆော်ခံ ရတော့မှာ ပေါ့ .... ဒီ တပတ်က ၂ချောင်းတောင်လား ...'
ဘေးအိမ်က ဦးကျော်
ကျောင်းဆရာ တစ်ယောက် ကြိမ်လုံး ကိုင်လာတာ မဆန်း ပေမဲ့ ဦးကျော် တို့လို အကြောင်းသိ က လှမ်းနောက်ခြင်း ဖြစ်သည်
နေ့လည် ထမင်းစားချိန်က ကိုကို့ ရဲ့ msg အရ ကြိမ်လုံး 2ချောင်းယူလာခိုင်းတာ ဘာဖြစ်လို့လဲ မသိ
တကယ်တော့ အ့ဒီ ကြိမ်လုံးတွေ က အိမ်မှာလည်း ရှိသည် ... ဒါမဲ့ အပြစ်တခုခု လုပ်ထားမိရင် ကျောင်းက ယူယူ လာခိုင်းတာ ကိုကို့ အကျင့် ... အိမ်က ကြိမ်လုံးတွေက အရန် ထားတာ ဟု ပြောဖူးသည် .... အိမ်း...
'ဟာ ဦးကျော် ကလည်း ...'
'ဆရာလေး ကလည်း လိမ်လိမ်မာမာ နေပါတော့ ဗိုလ်ကြီး ခဗျာ ဆရာလေး ကို တော်တော် စိတ်မချ ရှာဘူး ..
အမြဲတမ်း ကျွန်တော်တို့ကို မှာ ရှာတာ ကြည့်ရှူ စောင့်ရှောက် ပေးဖို့
'ဦးကျော် တို့ တိုင်လို့ ကျွန်တော် ရိုက်ခံ ရတာတွေ လည်း ထည့်ပြောလေ '
ဦးကျော် တို့ကို လှမ်းအော် ပြီး ခြံတံခါး ဖွင့် ဖို့ သော့ အနှိုက်
'ဟင် ...သော့ သော့တွဲ ဘယ်နားကျ '
'ဒီမှာ ပါ ကိုယ်တော် ချော ရေ '
ကိုကို့ဆိုင်ကယ်သံတောင် သတိမထားမိ ...
' ဟင် ကိုကို့ဆီ ဘလို ရောက်
'ဪ ...ဟုတ်ကဲ့ ကျနော်မျိုး လမ်းပေါ်မှာ တွေ့လို့ ကောက်လာတာ ပါ ခင်ဗျ
မင်းတော့လား ... သေပြီ .... ပါလား မှာလိုက်တာ ....
'ekkk... ပါ ပါပါတယ် ကိုကိုရဲ့ ' ဆိုပြီး ကြိမ်လုံး ၂လုံး မြှောက်ပြ လိုက်ရ သေးတယ်
'ဝင် ခဲ့ ..... '
' ပေး ဖုန်း .....
' ဟင် ကိုကို ဘာလို့.....
' ဘာ ဘာလို့လဲ ပေးဆို ပေးလေ ....
စိတ်က မရှည် ဆွဲ ယူလိုက်တော့
ဒင်းက မျက်ရည် တွေ က လည်လာပြီ...
ဟယ် လည် မှာပေါ့ သွားပြီ ဆိုတာ သေချာ နေပြီလေ
Chrome search list မှာဟိုနေ့က ရှာထားတာ ဖျက်ပလိုက်ပေမဲ့ ညက ရှာထားတာ တွေ မဖျက်ရသေးဘူးလေ ....
ထင်တဲ့ အတိုင်းမွှေ တော့တာပါပဲ .... Vdo တွေက ph Gallery မှာတော့ သိမ်းမထား laptop မှာ
'ရဲဆက်သွင် ...
'ဗျာ....
' ဒါတွေက ....
သူ့မှာ ပြောစရာ စကားမရှိ ....
ရိုးရိုး porn site ကြည့်တာတောင် ကိိုကို လုံးဝ မကြိုက် ဘူး လေ ..အခုက ရိုးရိုး porn site တောင် မဟုတ် ......
ရှက်စိတ် ကလည်း မွှန် နေပြီ
'ရဲ ဆက် သွင် .....
စိတ်က မရှည်တော့ ဒေါသ ထွက်လာပြီဆို အရှေ့ မှာ မထုံတတ်တေး လာလုပ်ပြနေကျ
'ကိုကို .... အဟင့် .... ညီ မှားပါတယ် နောက်ကို မကြည့် တော့ဘူးနော် .....
'သုတ်စမ်း အ့ဒီ မျက်ရည်တွေ ကျမလာစေနဲ့ ....
တော်တော် သိချင် တတ်ချင် နေတယ်ပေါ့
ဟိုနေ့ည က မင်းအိပ်တာ နောက်ကျ လို့ အဆူခံရတယ် မဟုတ်ဘူးလား
မနေ့ညက ငါ duty ကျလို့ လိုင်း မသုံး နိုင်တော့ မင်း လွတ်လပ်ရေး တွေ အရမ်း ရပြီး အ့ဒါတွေ ထိုင်ကြည့်တယ်
မနက် မထနိုင်တော့ ကျောင်းနောက်ကျတယ်
ကောင်းလား ရဲဆက်သွင် ကောင်းလား
မင်းက ငါ့စကားကို လုံးဝ အလေးမထားတာ လား....
'ဟင် ကိုကို ဘလို သိ ...
မှန်သည် ညက သူ မနက် 3နာရီ ထိုးသွား သည် ..... မနက်ကျ တော့ 9နာရီတက်သောကျောင်းကို 9နာရီ အတိမှာ နိုးသည် ..... ကျောင်း ကို ကမူးရှူး ထိုး ထသွားတာတောင် နာရီဝက် နောက်ကျ လို့ ကျောင်းအုပ်ကြီး က ခေါ်ဆူသေးသည်
အော် ကျောင်းအုပ်ကြီး ....ကျောင်းအုပ်ကြီး က ကိုကို့ သူငယ်ချင်း အဖေ တဲ့ ပြီးပါလေရော
' ရဲ ဆက် သွင် ...
တတိယမ္ပိ ခေါ်ခြင်း... တကယ်ဆို ဒီနား နဲ့ ဒီနား ... ကြားတယ်လေနော် ...အ့လောက် အော်စရာမှ မလို ..
'ငါ ပြောတာတွေ ပြန်ပြောစမ်း ...
'ဟို ဟို မကြားလိုက် ...
' ရဲ ဆက်သွင် စိတ်တိုအောင် လာလုပ်နေတာလား
' သွား အခုချက်ချင်း အခန်းထဲ မှာ အကျီ ပုဆိုး ချွတ်ပြီး boxer ပဲ ချန်ပြီး အခန်းထောင့် မှာ ငါ မလာမချင်း ရပ်နေ.....
' အာ ကိုကို ပုဆိုး မချွတ်ချင် ဘူး ... ဟင့် မလုပ်ပါနဲ့ ကိုကို ရယ် ....
ညီ ညီ ရှက်လို့ ပါ .....
တောင်းပန်ပါတယ်နော် ကိုကို ....
နောက်ကို မကြည့်တော့ပါဘူး
ကျောင်းလည်း နောက်မကျ တော့ပါဘူး .....
'အခန်းထဲ မချွတ်ချင်ရင် ခြံ ထဲ သွားမလား ...
Next.....
Sweet December ❄️ Epi 4
#CaCa
ကိုကိုက တကယ်သွားခိုင်းမှာ ဟိုတခါ ကျောင်းလွယ်အိတ်ထဲ ဆေးလိပ် တွေ့လို့ ခြံ ထဲ က အုန်းပင် ကို ဖက်ခိုင်း ပြီး ရိုက်တာများ ညဘက် မို့လို့ တော်သေးတယ်
အ့ဒီတုန်း ကလည်း မှတ်မိပါသေးတယ်
ဒိုက် ကို အခါ 50 ထိုး ခိုင်း ပြီး ရိုက်တာ ... လူကို သူ့ တပ်သားများ မှတ်နေလား မသိဘူး
ဆေးလိပ် အရက်က ဖေဖေ လည်း မကြိုက်လို့ ဖေဖေ ရှိကတည်း က တားမြစ် ထားတာ အရက် ကို မသောက်ဖြစ်ပေမဲ့ ဆေးလိပ် ကတော့ တစ်ဖွာ နှစ်ဖွာ ကနေ ခိုးသောက်ရင်းနဲ့ ခုတော့ နည်းနည်း စွဲ တဲ့ အဆင့်ကို ရောက်နေပြီ
ကိုကို ကတော့ စနေ တနင်္ဂနွေ မှ ပြန်လာတာ ဆိုတော့ ကြားရက်တွေ က အေးဆေး
အတွေး စ ကို မြန်မြန် ဖျက် လိုက်ရသည် အခန်းထဲ မြန်မြန် သွားမှ
' အ အခန်းထဲ ပဲ သွားမယ်လို့ ..... ဟင့်
ငိုယို ပြီး တက်သွားတဲ့ အနှီ ကလေး ကို ကြည့်ပြီး သက်ပြင်းချရင်း ခန အမောဖြေ နေလိုက်သည် ...
'ဟူး .... သူများတွေ မြင်ရင် ကြားရင်တော့ မွေးစားသား က နှိပ်စက် နေတယ် ဖြစ်မယ် ...
ဖေဖေ ချမှတ်ခဲ့ တဲ့ စည်းကမ်းတွေ ကို ဖေဖေ မရှိတာနဲ့ မလိုက်နာ ဘူး ဆိုတာမျိုး အဖြစ်မခံ နိုင်လို့ ကိုကို ဆုံးမ နေတာပါကွာ .....
ခလေးတွေ ကို စာသင်ပေးနေတဲ့ ကျောင်းဆရာ တစ်ယောက်က စည်းမရှိ ကမ်းမရှိ ပရမ်းပတာ နမော်နမဲ့ ဖြစ်နေတာကို လက်မခံ နိုင်ဘူး
30min လောက်နေတော့ ..... ကြိမ်လုံး 2လုံး ကိုင်ပြီး တက်သွားလိုက် သည်
ဟော တွေ့ပါပြီ boxer အကြပ်တိုကပ် လေးနဲ့ နံရံ ထောင့်မှာ
' အ့ဒီ နံရံ ကို လက်ထောက်ပြီး တင်ပါး ကို နောက်ပစ်ထား ...
'ဖြန်း
ဖြန်း
ဖြန်း
' အ အ အ .... နောက်ကို မကြည့်တော့ ပါ ဘူး ...
' အရင်တခါ လည်း နောက်မကြည့် တော့ပါဘူး ပြောပြီး အခု ထပ်ဖြစ်တာပဲ
ကဲ ကွာ ထပ်ဖြစ်ဦး
'ဖြန်း
ဖြန်း
ဖြန်
ဖြန်း ....
' အား .. ကိုကို ရေ ညီ တကယ် မှတ်ပါပြီ ....
'ဖြန်း
ဖြန်း
ဖြန်း
မျက်ရည်မိုးတွေ ဖြိုင်ဖြိုင် ကျလာတဲ့ ညီ ...အ့လောက်တောင် ပျော့ ရလား ညီ ရယ် ....
'ဖြန်း
ဖြန်း
ဖြန်း
ဖြန်း ....
'အီး ဟီး .... ညီ တောင်းပန်ပါတယ် .... ကိုကို ကိုကို မကြိုက်တာတွေ မလုပ် တော့ပါဘူး ...
ကြိမ်လုံး 2လုံး လည်း ဖွာလန်ကြဲ နေပြီ ....
' လာ စမ်း ညီ .... ဒီ နား ကို ...
ကုတင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချရင်း
မျက်ရည် တွေ ရော နှပ်ရည်တွေ ရော ရွှဲလို့ .... အပတ်တိုင်း နီး ပါး လည်း အရိုက် ခံ ရတယ် ...
နာတတ်လိုက်တာလည်း လွန်ပါရော
ငယ်ငယ် တုန်း က ဖေဖေ က အတူတူ ရိုက်ရင်တောင် သူ့မှာ မျက်ရည် မကျသေးဘူး နာကျင်မှုကို အံကြိတ်ပြီး ခံနေတုန်း ညီက တက်မတတ် ချက်မတက် ဖြစ်နေပြီ
ဖေဖေ့ ကို တောင်းပန် ပြီး ညီ အရိုက်ခံ ရမဲ့ အချက်တွေ သူ့ကို ပဲ ပိုရိုက်ခိုင်း ခဲ့တာ
တစ်ယောက် နဲ့ တစ်ယောက် ဆေးလိမ်း ပေးကြတော့လည်း သူ့ တင်ပါး က ပိုများ တဲ့ အရှိုးရာ တွေ မြင်ပြီး ညီ့မှာ ငို လို့ မပြီး
သူ့ကို အရမ်း ချစ် တဲ့ ညီ ရယ် ပါ ...
'သွား မျက်နှာ သွားသစ်လိုက် ....
ပြီးရင် ဆေးဗူး ပါ တခါတည်း ယူ ခဲ့
'ဟုတ်
ခုလိုကျတော့ လည်း လိမ္မာ နေသော
တစ်ခါ တစ်ခါ ရိုက်ပြီး တိုင်း သူ့ကို မုန်းသွားမလား ဆိုပြီး အမြဲ စိုး တထိတ်ထိတ်
'ကိုကို ဆေးဗူး ကုန် ...
'အာ ဆောရီး ကိုကို ဟို အပတ် က လိမ်းပေးတော့ ကုန်သွားတာလေ ကိုကို မေ့သွားတာ ...
နောက် အပတ် ပြန်လာရင် ဝယ်ခဲ့ မယ်
'ကိုကို ကလည်း ညီ ကို့ ဆို ဂရု မစိုက်ဘူး .....ဟွန့် ...
နှုတ်ခမ်း က ရှေ့ကို တစ်တောင် လောက် ကို ထော် နေတာ ဆွဲနမ်း ပစ်ချင် စရာကြီး
ဟမ့် ..ငါ ဘာတွေ တွေးနေတာ
ကိုယ့်အတွေး နဲ့ ကိုယ် ရှက်ပြုံး ပြုံးရင်း ....
'အမလေး ဒီဆေး လေး ကုန်တာ မသိလိုက် တာကို ကောက်တော် မမူနဲ့
ကိုကို ရေခဲ ကပ် ပေးမယ် လေ ...အောက်ထပ်မှာ သွားယူလိုက်ဦး မယ်
သွား ကုတင် ပေါ်မှာ မှောက်နေ ...
'ဟွန့် ...
အမလေး ဒီနား နဲ့ ဒီနား သွားတာကို ခြေထောက် က ဆောင့်သွားသေး .. ငါ နော်
.....
Next
Sweet December ❄️ Epi 5
#CaCa
ရေခဲ ဆယ်ခဲလောက် ကို အဝတ်ထဲ မြန်မြန် ထည့် ပြီး အပေါ် ထပ် ပြန်တက်
'ညီ boxer ချွတ် လိုက် ...
' အာ ကိုကို ပဲ ချွတ်လိုက်တော့ .....
boxer လေး အသာ မ ချွတ်လိုက်တော့ ပြူးထွက် လာတဲ့ မက်မွန်သီး 🍑 က အရှိုးရာ တွေ ဗလပွ နဲ့ ယောင်ကိုင်း နေရော
ကြိမ်လုံး ၂လုံးပြူး နဲ့ ဆိုတော့
မြင်ရတာ စိတ်တော့ မကောင်း
ရေခဲ ထုပ်လေး တင်လိုက်တော့ တွန့်ခနဲ ပဲ
'အ အေးလိုက်တာ ဖြေးဖြေးတင်ပါ ကိုကို ရယ် ....
'အေးပါကွာ မင်းကလည်း ပျော့လိုက်တာ လွန် ရော ...
ကိုကို တို့ တပ်ထဲ တစ်ပတ်လောက် ခေါ်ထား မှ နဲ့တူတယ် ...
'အာ မလိုက်ချင်ပါဘူး .... ကိုကို တို့ တပ်ထဲ မှာ စစ်ရေး လေ့ကျင့် နေတာတွေ ကြမ်းကြမ်းတမ်းတမ်း တွေပဲ မြင်ရမှာ
ဒါမဲ့ ကိုကို့ လို ဗိုလ် ခန့်ခန့်ချောချော တွေ အများကြီးတွေ့ ရမှာတော့ ကောင်းတယ် ... အဟိ
' ဟာ ဒီကောင်.... ကဲကွာ ကဲကွာ
ပြောရင်း အရှိုးရာ ထင် နေတဲ့ 🍑 ကို လက်နဲ့ နှစ်ချက် လောက် ပိတ်ချပေးလိုက် တော့
' အား ... အား....
ညီ က စ တာ ကို ကိုကို က တကယ်ရိုက် တယ် နာနေတဲ့ နေရာကို ထပ်ပြီးတော့
မခေါ်တော့ဘူး ကိုကို့ ကို ....
ဆူပုတ်ပြီး ဟိုဘက်ကို လှည့် သွားသေးတာ
'လှည့် ဒီဘက်ကို
'လှည့် ဘူး စိတ်နာတယ် ကိုကို့ ကို
'လှည့် လို့ ပြောနေတယ်လေ .... ဒီည ကိုကို နဲ့ လာမအိပ် ချင်ဘူးလား ပြော ....
ဆိုတော့မှ ဒင်းလေး က လှည့်လာတာ
ကိုကို အကျင့်ပုပ်ကြီး နိုင်ကွက်ကို အပိုင် ကိုင် ထားတာ
ပုံမှန်ဆို တစ်ယောက် တစ်ခန်းပဲ အိပ်ပေမဲ့ ကိိုကို လာအိပ်ခွင့်ပြုတဲ့ ရက်တွေ ညီ အိမ်မက်ဆိုး မက်လို့ သွားအိပ်တဲ့ ရက်တွေလောက်ပဲ ကိုကို့အခန်း အိပ်ဖြစ်တာ
ရဲဆက်သွင်ပဲ ဘယ်ရ မလဲ အခွင့်အရေး ကို ဘယ်လက်လွှတ်ခံ ပ့မလဲ
'အ့ဒါဆို ကိုကို ပြန်လာတဲ့ ည တိုင်း ညီ ကိုကို နဲ့ပဲ အိပ်ချင်တယ်
'ဟင် .... ည တိုင်း လား ....
'ဘာဖြစ်လို့ လဲ ပြော ပြော ... မအိပ်ရရင် တော်ပြီ ဒီ ညလည်း လာမအိပ် တော့ဘူး .... ဟွန့်
ကဲကြည့် လူလည် လေး .... တစ်ခု ပြောရင် နောက်တစ်ခု ကို ရအောင် ယူတတ်တယ်
အမှန်တော့ သူက ဘေး နားမှာ တစ်ယောက် ရှိရင် သိပ် အိပ်မပျော်တတ် ...
ညီ လာအိပ်တိုင်း လည်း ညီ က ပူးပူးကပ်ကပ် နေတော့ သူ့မှာ အဲကွန်းခန်းထဲ ချွေးတွေ ပြန်ရင်း မိုးလင်း
'ကဲ လာအိပ်တော်မူ ... ဟုတ်ပလား လှည့်တော့ ဒီဘက်ကို ရေခဲ တွေ အရေပျော်ကုန်တော့မယ်
အရှိုးရာတွေ မပျောက်ပဲ ကျောင်းသွားချင်လို့ လား ...
ဆိုတေ့ာမှ ပွစိပွစိ နဲ့ ပြန်မှောက်ပေးတယ်
ဒီ နှစ်ရက် အတွင်း ပျောက် မှ monday ကျောင်းပြန် သွားရင် အဆင်ပြေမှာလေ
မဟုတ်ရင် ခလေးတွေ ကို သင်တဲ့ ဆရာက အိမ်မှာ အရိုက်ခံထားရလို့ အရှိုးရာတွေနဲ့ ထိုင်မရ ထမရ ဆို လူကြားမကောင်းဘူး
ရေခဲတုံးလေးတွေ နဲ့ ပွတ်ပေးနေတော့လည်း အမလေး ဒင်းက ဇိမ်ခံနေသေးတာ
'ရပြီ ထတော့ ... ဒီမှာ အရေပျော်ကုန်ပြီ ...
'ကုန်းပိုး.... ဖင် နာ နေတော့ ထ မရတော့ဘူး ....
အမလေး ချွဲစိန်ကောင်
' ဟျောင့် ... ခြေဖဝါး ရိုက်ခံ ရတာလည်း မဟုတ်ပဲနဲ့
'မသိဘူး .... ကုန်းပိုး ကိုကို ရာ
'ကဲ ထ ဟေ့ လာ ကျောပေါ် တက် ...
'အင့်.... ဟာ .... ဟျောင့် ....ညီ ....
'အာ ကိုကို ဟင့် ... သွားတော့ ညီ အိမ်သာ ခန ဝင်ပြီး လိုက်လာခဲ့မယ် ...
မသိချင်ယောင်ပဲ ဆောင်ပေး လိုက်ရသည် .... ရှက်နေတာ ပါးနှစ်ဖက်လုံး ကို ရဲနေတာ ပဲ ..
အိမ်း.....
..
ရဲရဲရေ နင်တော်တော်ဖြစ်🙈
Ca Ca အမှောင် သိပ်မရေးတတ်လို့ အ့လောက်ဆို သဘောပေါက် လိုက်ကြတော့နော် 😅
...
အိပ်ချင်ယောင်ဆောင်နေသော သူကို နိုးရခက်တယ်တဲ့ ...
တကယ်ဆို သူ့ဘက်က ကိုကို့ကို စည်းဖောက်ခဲ့တာ များပြီ
ကိုကို ရင်အုပ်ကျယ်ကြီး ထဲမှာ အိပ်ချင်ယောင်ဆောင်ပြီး ဝင်တိုးခဲ့တာတွေ ...
ကိုကို ဂရုစိုက် မှုကို လိုချင်လို့ လိုတာထက် ပိုပြီး ဂျစ်တိုက် ခဲ့တာတွေ ...
စစ်ရေးလေ့ကျင့်မှုတွေ အမြဲလုပ်နေရတဲ့ လူဆိုတော့ ခန္ဓာကိုယ် က ကျစ်လျစ်တောင့်တင်းပြီး သူ့မှာ ကိုကို့ ရင်ခွင်ထဲ ရောက်ရင် အမြဲတမ်း အသက်ရှု မှားရတယ်
ကိုကို က သူ့ ဘဝကြီး ဖြစ်နေပြီ
ကိိုကို မရှိတဲ့ ရက်တွေဆို တခုခု လို နေသလို ကိုကို မကြိုက်တဲ့ ဆေးလိပ် ကို အဖော်ပြုရင်း တောင်တွေး မြောက်တွေး ...တစ်ယောက်တည်းနေရတော့ စိတ်ဂယောက် ဂယက် နဲ့ ငိုချင် ငို ရယ်ချင်ရယ်
ကိုကို့ရဲ့ ဂရုစိုက် မှုတွေက သူ့အတွက် လုံလောက်တာထက် ပိုတယ် အတူမနေပေး နိုင်တာကလွဲလို့ ဒါကလည်း သူ့ကြောင့်
ကိုကို သာ မရှိရင် ဆိုတာကို တွေးလိုက်မိတာနဲ့ မျက်ရည်တွေက သူ့အလိုလို
သူကတော့ ကိုကို နဲ့ပဲ တစ်သက်လုံးနေချင်တာလေ ကိုကို ကရော ကိုကိုက မိန်းမ ယူပြီး မိသားစု တွေ ရှိလာရင်.... ဟင့်အင်း ဟင့်အင်း .....
ဒီတပတ်လည်း ကိုကို ပြန်မလာနိုင်ဘူး တဲ့ အရေးကြီး တဲ့ စစ်ဆင်ရေး အတွက် အချိန်ပိုတွေ ဆင်းရမယ် တဲ့
အိမ်မှာ ကိုကို မရှိတဲ့ ရက်တွေ တကယ်မပျော်ဘူး
သောကြာနေ့ညနေ ကိုကို့ကို မတွေ့ရဘူး ဆိုတော့ အားမရှိ စွာနဲ့ ကျောင်းစိမ်းတောင် မလဲ နိုင်ပဲ ထုံးစံ အတိုင်း ကိုကို ရှင်းထားတဲ့ ခြံနောက်ဖေး မှာ ပက်လက် ကုလားထိုင်လေး ချရင်း ဆေးလိပ်လေးနဲ့ အတွေးတွေ နယ်ချဲ့ နေတာ ဘယ်နှစ်လိပ် ကုန်သွားမှန်းတောင် သတိမထား မိ.....
'ရဲ ဆက် သွင်
နားထဲ ကို မိုးကြိုး ပစ်ချ လိုက် သလို ပဲ ကိုကို့ အသံကြီးလေ
'ဒါ က ဘာလုပ်နေတာလဲ ရဲဆက်သွင်
ခါးကြီး ထောက်ပြီး ကိုယ်ကိုကိုင်း ငုံ့ကြည့်နေတဲ့ ကိုကို့ ရဲ့ ဒေါသ တွေ နဲ့ မျက်နှာ ကို ရင်မဆိုင် ရဲ
ဘာလုပ်လို့ လုပ်ရမှန်း လည်း မသိ သူ့မှာ ပြောစရာလည်းမရှိ
သိသိချင်း ထရပ်လိုက်တော့
'အ့ဒီ နေရာ ကနေ တစ်စက်မှ မရွှေ့ နဲ့ ..
ငါ အခုချက်ချင်း ပြန်လာခဲ့မယ် ....
....
Next ....
ရဲရဲ တို့ကတော့ အကျွေး ခံ ရပြန်ဦးမယ် ....... 😣
မျှော်နေတဲ့ ဖန်လေး တွေ ကို ချစ်လို့ 1027words တောင် အပ်ပေး လတ်တယ်နော် 🤩
အရမ်းများ များဝါးလား 😅
Sweet December ❄️ Epi 6
#CaCa
စိတ်တိုသည် စိတ်တိုပြီး ဝမ်းနည်းလာသည် အက်ကွဲ လာတဲ့ သူ့အသံတွေ ကို ညီ မရိပ်မိခင် အိမ်ထဲကို ခြေဦးလှည့်လိုက် သည်
သူမရှိတဲ့ အချိန် ညီ က အခုလို ပဲ ဖြစ်ချင်တိုင်း ဖြစ်နေတာ တဲ့ လား
သူ့စကားတွေကို သူမရှိတာ နဲ့ နားမထောင်တော့ဘူး တဲ့ လား
မီးခိုး တွေက မွှန်ထူ နေပြီး ဘေးနားမှာ ရှိနေတဲ့ ဆေးလိပ်တိုတွေ က 8လိပ် လောက်ရှိမည်.. ဒါတွေ ကို တထိုင်ထည်း သောက်နေတယ် ဆိုတာ တော်ရုံ ဆေးလိပ် သောက်တဲ့ လူတစ်ယောက်မဟုတ်တာ သေချာနေပြီ
အခု သူမိ လိုက်လို့လေ ဘယ်ကတည်း ကနေ ဘယ်အချိန်ထိ သူ့ကွယ်ရာ မှာ ဆက်သောက် နေမှာလဲ
ညီ ချောင်း တဟွတ်ဟွတ် ဖြစ်နေတာကြာပြီ ..... အိမ်ပေါ် အိမ်အောက် ခိုင်းလိုက်ရင် ကို မောနေတာ ....
သူမရှိရင် မရှိသလို ထမင်းစား မမှန်တဲ့ ခန္ဓာကိုယ် က ပိန်ပိန်ပါးပါး ဖြူဖြူဖျော့ဖျော့ကို သူ အားမရ တာကြာပြီ ....
ဒီတခါ ခွင့်ရက်ရှည် ရလျင် ညီ့ကို check up လုပ်ပေးဖို့ သူ စဉ်းစားနေတာ ခုတော့ တရားခံ တွေ့ပြီ
ဆေးလိပ် တင်ပဲ လား ညီ ဘာတွေ လုပ်နေသေးလဲ
သူ ညီ့အကြောင်းတွေကို ကောင်းကောင်း သိပြီ ထင်တာ သူ မှားသွားတာပဲ
ဒီ အတိုင်းဆို ညီ့ကို တစ်ယောက်တည်း ထားလို့ မဖြစ်
သူ ရန်ကုန် ကို transfer လျှောက်ရမည် ညီနဲ့ အတူတူ နေပြီး ညီ့ကို စည်းကမ်းတကျ သူ ထိန်းကျောင်း ရမည်
သူ့မှာ တာဝန်ရှိသည် အကိုကြီး အဖအရာ မဟုတ်လား
အခုလည်း သူ အသုံးမကျ လို့ ညီ ဒီလောက်ထိ ဆိုးနေတာ သူလုံးဝ မသိ
သူ သိတဲ့ ညီက အရမ်း လိမ္မာ သည် သူ တစ်ခွန်း ဆို တစ်ခွန်း ပဲ ... သူက ဒီလိုနေ ဒီလိုထိုင် ဒီလိုစား ရမယ်ဆို 'ဟုတ် ကိုကို ' တခွန်းတည်းမို့ သူ အချစ်ကြီး ချစ်ရသည်
တခါတလေတော့ နွဲ့ဆိုး ဆိုးပြီး ဂျစ်ကန်ကန် လေး နေချင်သည် ဒါကလည်း ခွင့်လွှတ်လို့ ရသည် ဆုံးမလို့ ရခဲ့သည်
သူ့မှာတော့ ပြန်လို့ ရတယ် ဆိုတာ သိသိချင်း အပြေး ပြန်လာခဲ့တာလေ
မြင်လိုက်ရတဲ့ မြင်ကွင်း က ရင်ဝ ကို ခြေထောက် နဲ့ ဆောင့်ကန် ခံလိုက်သလိုပဲ အမောကို ဆို့သွားတာ
ပြန်ရောက်လာသော ကိုကို့လက်ထဲ က leather ခါးပတ် ကို မြင်တော့ သက်ပြင်းသာ ချနိုင် သည် သူတော့ သေပြီမလား ....
ကိုကို အနားရောက်လာတာနဲ့ လက်က အလိုလို ပိုက်မိလျက်သား ...
အခုချိန်တော့ ကိုကို့ ကို သေအောင်ကြောက်နေတာပဲ သိသည် ... မဟုတ်တာ လုပ်ထားတဲ့ လူ ဆိုတော့
' တစ်မိနစ် အချိန် ပေးမယ် ငါမရှိတုန်း တခြား ဘာစည်းကမ်းတွေ ဖောက် ထားသေးလဲ
ဆေးလိပ် စွဲနေတာရော ဘယ်ကတည်း ကလဲ
သူ့ခေါင်းထဲမှာ ဘာမှ ထွက်မလာ ...အာခေါင်တွေ ခြောက်လာတာပဲ သိသည်
'မေးနေတာ ဖြေစမ်း... ရဲဆက်သွင်
အခုမှ ဘာလို့ မထုံတတ်တေး ပုံစံ လာလုပ်နေရတာလဲ
ယောကျာ်းပဲ လုပ်ရဲရင် ခံ ရဲ ရမယ် ...
သူ ဘယ်လို ဖြေရမလဲ ....စိတ်မရှည်တော့လို့ သူ့မေးစေ့ကို လက်နဲ့ ညစ်ပြီး မေးနေတာလေ
သူ့အလိုလို မျက်ရည်တွေ က အရင် ကျလာသည်
' မကျ နဲ့ မျက်ရည် ကျရဲ ကျကြည့်
မင်း ကို မရိုက်ရသေးဘူးနော် ..... ရဲဆက်သွင်
အချိန်က ညနေ 6 နာရီ နေဝင်ရီတရော .... အိမ်ထဲ မှာလည်း မဟုတ် ခြံ ထဲမှာ
အသက် 25 နှစ် အရွယ် ကျောင်း ဆရာ တစ်ယောက် ဖြစ်တဲ့ သူ က အခုတော့ အဖြူအစိမ်း နဲ့ အရိုက်ခံ ရတော့မည်
ခြံနောက်ဖက် မို့လို့ သာ တော်သေးသည်
ခြေရင်းအိမ် ခေါင်းရင်းအိမ် က သိပြီးသား မို့လို့ ကိစ္စ မရှိ
သူသာ ရုပ်ပျက် ဆင်းပျက် ဖြစ်အောင် မအော်ရင် ခြံရှေ့က ဖြတ်သွားသူတွေ သိစရာ အကြောင်းမရှိ
အိမ်ထဲမှာ ဆိုရင်တော့ လွတ်လွတ်လပ်လပ် အော်လို့ ရသည် တိုက်က လုံသည်လေ
' ဖေဖေမကြိုက်တဲ့ ဒီမကောင်းတဲ့ ဆေးလိပ် ကို ငါလည်း ဆုံးမနေတဲ့ကြားက ဒီလောက်တောင် စွဲနေတာ မင်းမှာ အပြစ်ရှိလား ရဲဆက်သွင်
'ရှိပါတယ် ကိုကို ....
သူ ဘာမှ ထပ်မပြောချင်တော့... ဘာပြောပြောအရိုက်ခံ ရမဲ့ အတူတူ ....
ကိုကို့ ဒေါသ တွေ အမြန်ပြေ ပြီး ဒီ အခြေအနေကနေမြန်မြန် လွတ်မြောက်ချင်ပြီ
ပုဆိုး ကို တင်းတင်း ပြင်ဝတ်ပြီး push up position နေ
ရိုက်လို့ မပြီးမချင်း အနေအထား မပျက်စေနဲ့
မင်းကို အချက် နှစ်ဆယ် တိတိ ရိုက်မယ်
အနေအထား ပျက်ရင် အစကနေ ပြန်ရိုက်မယ်'
သူ နားကြားမလွဲ ကိုကို ပြောလိုက်တာ အချက် 20 တဲ့ ... သူ့ကို ဖေဖေတောင် တစ်ခါမှ အ့လောက် မရိုက်ဖူးဘူးလေ .... ကိုကို ကတော့ ဖေဖေ့ဆီမှာ အ့ထက်မနည်း အရိုက်ခံခဲ့ ရဖူးသည် ....သူ့ကြောင့်
'ဖြောင်း ...... အ
' သတ္တိတွေ အရမ်းကောင်းနေတယ်ပေါ့ .... ဟုတ်လား ရဲဆက်သွင်
'ဖြောင်း ..... အား ကိုကို
' ဘာ အသံ မှ မထွက် နဲ့ ....
' ဖြောင်း ဖြောင်း ဖြောင်း ....... အ အား ....
ထောက်ထားတဲ့ လက်တွေက တဆတ်ဆတ်တုန်စ ပြုနေပြီ
တင်ပါး က နှိုင်းဆ မရသော နာကျင်မှု က ပတ်ဝန်းကျင် ကိုလည်း ဂရု မစိုက်နိုင်တော့ ....
' ဒီ မကောင်း တဲ့ ဆေးလိပ် ကို သောက်ဦး မလား
ဖြောင်း ဖြောင်း ..... အား အား
'မေးနေတာ ဖြေလေ ...
သူ ဂတိ မပေးနိုင်တာကို မဖြေချင် ..အရိုက် ခံ ရလို့ သေချင်လည်း သေသွားပစေ ....
'မဖြေ ဘူးပေါ့ မင်း က ... ကောင်းပြီ လေ
သူ့မှာ အချက် 20လောက်ထိ ရိုက်ဖို့တော့ အစီအစဉ် မရှိ ညီ မခံနိုင်တော့ဘူး ဆိုတာ သိတယ်
ဒါပေမဲ့ လည်း အနှီ ဂျစ်ကန်ကန် ကောင်က အခု ဂျစ်တိုက်နေတယ်လေ
သူ့ဒေါသ တွေ ကို လာဆွနေတာ
နောက်မသောက် တော့ပါဘူး ဆို သူ ခွင့်လွှတ်ပေးလိုက်တော့မလို့
'ဖြောင်း ဖြောင်း ဖြောင်း .....အား ကြောက်ပါပြီ ကိုကို
'မကြောက်ပါ ဘူး မင်းက င့ကို ကြောက်တာ မဟုတ်ဘူး င့လက်ထဲက ခါးပတ်ကို ကြောက်တာ ...
10 ချက်မှ သည် 15 ချက် ရောက်လာတော့ သူ့မှာ ဘာသံ မှမထွက်နိုင် တော့ ငိုရလွန်း လို့ မျက်ရည်ရော နှပ်ရည် ရော
ထောက်ထား တဲ့ လက်ကလည်း မြေပြင်မှာ ဝပ်ဆင်းနေပြီ ဖြစ်သလို ခြေထောက် နှစ်ချောင်း ကလည်း ဆက်ပြီး မတောင့်ခံ နိုင်တော့
' အခုချက်ချင်း position ပြန်ပြင်စမ်း .... ရဲဆက်သွင်
မင်း ဆေးလိပ်သောက်တုန်း က အခုလို ရိုက်ခံ ရမှာ သိသိကြီး နဲ့ သောက်တာမလား
5ချက် ကျန်သေးတယ် ... ယောကျာ်း ဆို ကိုယ့် အပြစ်ကိုယ် ပြီးဆုံးအောင် လက်ခံ
နောက်ဆုံး ကျန်တဲ့ အင်အား တွေ နဲ့ သူ ထောက်လိုက်တယ်
ပြန်လဲ ကျတယ်
ပြန်ထတယ်
' ဒီ 5ချက်ကတော့ အပြင်းဆုံး ဖြစ်လိမ့်မယ်
စိတ်ကို ပြင်ဆင်ထား ....
ကိုကို့ စကားသံ ဆုံးတော့ ....
'သား မောင်ဖြိုး .... ရဲရဲလေးလည်း တော်တော် နာနေရှာပါပြီ
နောက်လည်း သူမလုပ်လောက်တော့ပါဘူး'
ခေါင်းရင်းအိမ်က ဦးလေးကြီးတောင် လာတားနေရသည် မကြည့်ရက်တော့လို့
ကိုကို ကတော့ ရပ်မဲ့ပုံ မပေါ်
' မဟုတ်ဖူး ဦးလေး ....ဒီ ကောင် ယောကျာ်း လုပ်ရဲ ရင် ခံရဲ ရမယ်
သူ့ကို ကိုယ် လုပ် ထားတဲ့ အပြစ်အတွက် တာဝန်ယူတတ်တဲ့ ယောကျာ်း ဖြစ်စေချင်တာ
' ညီ ပြီးဆုံးတဲ့ အထိ အပြစ်ဒဏ် ခံယူ မှာ ပါ ...
အားယူပြီး သေချာ ပြောလိုက်သည် ... ကိုကို က အ့လို ဖြစ်ချင်ရင် ညီလည်း အ့လို ဖြစ်ရမယ်လေ
'Ok
'ဖြောင်း.......
အား......
ကိုကို ကြိုပြောထားသလို ပဲ တကယ်လည်း အားပြင်းသည်
ဘုရားစူး တစ်ချက်ဆို ဆိုသလောက် ပဲ သူ လဲကျသွားသည်
ပြန်ထရမည် ကိုကို က သူ့ကို ငပျော့ကောင် မဖြစ်စေချင်ဘူးလေ ...
အားယူပြီး ပြန်ထသည်
'ဖြောင်း ......
အား ......
'ဖြောင်း .....
အား......
အချက်တိုင်း လဲ ကျ လိုက် ပြန်ထလိုက် နဲ့ ဆေးလိပ်သောက်ခြင်း အမှု ၏ အပြစ်ဒဏ်ကြီး ပြီးဆုံးသွား ပြီ
ကိုကို့ လက်ထဲ က ခါးပတ် မြေကြီးပေါ် ပစ်ကျသံ ကြားပြီး ချာခနဲ လှည့်ထွက်သွားတဲ့ ကိုကို့နောက်ကျောကို ဝေတဝါး လှမ်းမြင်လိုက်တော့ အတိုင်းအဆ မရှိ ဝမ်းနည်း လာသည်
သူ့ကို ထူတောင် မထူပေးသွားတော့ဘူး လား
အရမ်းမုန်းသွားပြီလား
ဒီလောက် ရိုက်တာတောင် စိတ်မပြေ ဘူးလား ကိုကို ရယ်
သတိလက်လွတ် ဖြစ်နေတဲ့ သူ့ကို ဦးလေးကြီး လာထူမှ ထ နိုင်သည်
'မောင်ဖြိုး က မင်းကို ချစ်လို့ ဆုံးမ တာပါ ရဲရဲရယ်
မင်း အစ်ကို ကို မမုန်း ပါနဲ့
'သား မမုန်း ပါ ဘူး ...ဦးလေး ....ကိုကို က သားကို မုန်းမှာ ပဲ ကြောက်တာ ပါ ...အီး ဟီး ....
အ
လမ်းတောင် သိပ် မလျှောက်နိုင် ...ဦးလေး သာ ဘေးက မထိန်းပေးရင် သူ ပုံလျက် လဲကျ နိုင်သည်
ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ ဖင်လေး ပွတ်ပြီး ဦးလေး ကိုမှီကာ အိမ်ထဲ ဝင်တော့ ဧည့်ခန်းမှာ ထိုင် နေတဲ့ ကိုကို က တချက်တောင် သူ့ကို မကြည့် ဆေးလိမ်းပေးဖို့ ဝေးစွ ...
အိပ်ရာပေါ် ရောက်တော့ မထိုင်နိုင် အကျီလည်း မလဲနိုင်လို့ ဒီအတိုင်း မှောက်လျက်အိပ် ပြီး မျက်နှာ နဲ့ ခေါင်းအုံး ကပ်ပြီး အားရ ပါးရ ငိုမိသည် ....
ငိုနေရင်းနှင့်ပင် ဘယ်ချိန် အိပ်ပျော် သွားမှန်း မသိ ....
Next.....
Sweet December ❄️ Epi 7
#CaCa
မိုးလင်း လို့ နိုးလာတော့ အိမ်နေရင်း အကျီ အပွ နဲ့ ဘောင်းဘီ အပွ ....
ဒါဆို ကိုကို သူ့ကို အကျီ လဲ ပေးထားတာပေါ့ .... ဆေးလည်း လိမ်းပေးထားသည်
သူသိသားပဲ သူ့ကိုကို က သူ့ကို အ့လောက် ရက်စက်မှာ မဟုတ်ဘူး ဆိုတာ
ရေချိုးခန်း ဝင် ပြီး ရေချိုးခါနီး တင်ပါးကို မှန်ထဲ ကြည့်တော့ ဖြူဥ နေတဲ့ သူ့အသားရောင်က ညိုညိုပုတ်ပုတ် ဖြစ်နေပြီ
ကြိမ်လုံးဆို အရှိုးရာ နည်းနည်း ပျောက်လျှင် သက်သာသည် အရှိုးရာ ပေါ် ထိုင်မိမှသာ နာတာ
ခါးပတ် က ကျတော့ အတွင်းဒဏ် ဖြစ်သည် ဘယ်နှစ်ရက်နေမှ သက်သာမယ် မသိ မစဉ်းစားချင်တော့ သူ့အပြစ်နဲ့ သူပဲလေ
အောက်ထပ် ဆင်းလာတော့ မီးဖိုခန်း မှာ ကော်ဖီ သောက်ရင်း သတင်းစာ ဖတ်နေတဲ့ ကိုကို့ မြင်တော့ တွန့်သွားမိသည်
မျက်နှာ ကလည်း တင်းနေတာ ပဲ သေချာတာတော့ စိတ်ဆိုး မပြေသေး
သူ ဘာလုပ် ရမလဲ သွားလည်း မခေါ်ရဲ
သူဝင်လာတာ မြင်တော့ ထထွက်သွားသည်
သူ့အတွက်တော့ ပေါင်မုန့် နှစ်ချပ် မီးကင်ပြီး သူကြိုက် တဲ့ စတော်ဘယ်ရီယိုသုပ်ပေးထားသည်
ကော်ဖီ ဖျော်ပြီး ထိုင်ဖို့ ကြိုးစားသည် မရ cushion ပေါ်ထိုင်ဖို့တောင် တစစ်စစ် နဲ့ အတွင်း ကနေ လှိုက်ပြီး နာသည်
မတ်တပ် ရပ် နဲ့ သာ မနက်စာပြီးလိုက်ရသည်
ဧည့်ခန်းမှာ ထိုင်နေတဲ့ ကိုကို ကြည့်ရင်တော့ မြင်နိုင်သည် ဒါမဲ့လည်း ကြည့်မှာ မဟုတ်ပါဘူး
ညီအကို နှစ်ယောက် မနက်စာ တူတူ စားနေကြလေ ခုတော့ သူ တစ်ယောက်တည်း အထီးကျန်စွာ
ဒီအခြေအနေကို သူ လက်မခံနိုင် ကိုကို စိတ်ဆိုးပြေ တဲ့ အထိ သူ တောင်းပန်ဖို့ ဆုံးဖြတ်လိုက်သည်
'ကိုကို ....
သူ့ကို လှည့်တောင် မကြည့်
ကိုကို့ ဘေးနား ကပ်ကပ် လေးသွားပြီး ပုဆစ်တုတ် ထိုင်ကာ ကိုကို့ မျက်နှာတည့်တည့် ကို ကြည့် ပြီး ထပ်ပြောလိုက် သည်
' ကိုကို ...ညီ တောင်းပန်ပါတယ် နော်
ညီ့ကို စိတ်ဆိုးပြေပါတော့
ညီ ညီ အိမ်မှာ တစ်ယောက် တည်း နေရတော့ အရမ်း အထီးကျန်လို့ သောက်ရင်း နဲ့ စွဲ သွားတာပါ'
ပြောရင်းနဲ့ မနေ့က ဓာတ်ခံ လည်း ရှိတော့ မျက်ရည်တွေ က တားမရ ဆီးမရ
ဟုတ်ပေသည်ပဲ သူ ညီ့နေရာက မစဉ်းစားမိ .... ညီ အိမ်မှာ တစ်ယောက်တည်း နေနေ ရ ရှာတာ အထီးကျန်နေရှာ မှာပေါ့
မနေ့က သူ တော်တော် လက်လွန်သွားသည်
ညက ဆေးလိမ်းပေးတော့ ညီ့ တင်ပါး က တော်တော် အခြေအနေဆိုးနေသည်
သူ ဘာလို့ ဒေါသ မထိန်းနိုင်ရတာလဲ
ညီ့ကို အရာရာ မှာပြည့်စုံ စေချင်လို့ သူဆုံးမနေတာတွေက မှားများ မှားနေပြီလား
ဖေဖေ လည်း သူတို့ကို ဒီလိုပဲ ဆုံးမ ခဲ့သည်လေ
ထမင်း စားပွဲ မှာ ထိုင် တောင် မထိုင်နိုင်တဲ့ ညီ့ကို မြင်ရတာ စိတ်မကောင်း
ဒါပေမဲ့လည်း သူ မခေါ်ချင်သေး မှတ်လောက် သားလောက် အောင် ပစ်ထားလိုက်ချင်သေးသည်
သို့သော် သူ့ရှေ့မှာ မျက်ရည် လည်ရွဲ နဲ့ ပုဆစ်တုတ်လေး နေပြီး အပြစ်ကို လာဝန်ခံ နေတာ ကို သူ ဘယ်လို စွမ်းအား နဲ့ တင်းထားနိုင်မှာလည်း ....
ညီ့ကို တချက်ကြည့်လိုက် တော့ ချက်ချင်း မျက်လွှာ ချသွားသည်
'ကိုကို ကို့ ကြည့်စမ်း ....
သူမကြည့်ရဲ ကိုကို့ရှေ့ ထိုင်နေပေမဲ့ ကိုကို့ ရဲ့ စူးရှတဲ့ မျက်လုံးနဲ့ အကြည့်ချင်း မဆုံရဲ
'ညီ ... ကိုကို့ ကို ကြည့်လို့ ပြောနေတယ်လေ ....
နည်းနည်းလောက် လေသံ မာလိုက်တော့မှ မျက်ရည်တွေ ဝိုင်း ပြီး မော့ကြည့်တယ်
'နောက်ကို သောက်ဦးမှာလား.....
'ညီ ညီ မသောက်တော့ပါဘူး
ကိုကို မကြိုက်တဲ့ အရာတွေ ညီ မလုပ်တော့ပါဘူးနော်
'မနေ့က မေးတော့ ဂျစ်ကန်ကန် ပေကပ်ကပ်လုပ်နေတာ ဘယ်ကောင်လဲ
'အမှန်တော့ ညီ ဆေးလိပ်ကို မဖြတ်နိုင်လို့ပါ ...မလုပ်နိုင်တဲ့ အရာတခုကိုလည်း လွယ်လွယ် ဂတိ မပေးချင်ဘူး ...
ကိုကို မရှိတဲ့ အချိန် ညီ့ကို အဖော်လုပ် ပေးတာ ဒီ ဆေးလိပ်လေးပဲ ရှိတယ်
ဒါပေမဲ့ အခုတော့ ညီ သိလိုက်ပြီ ကိုကို့ဆီက လျစ်လျူ ရှူ ခံရမှာ ညီပိုကြောက်တယ် ...
ညီ့ ညီ့ကို စိတ်ပျက်ပြီး မထားသွားပါနဲ့နော် ......အီး ဟီး ....
'ဟာ ဟိတ်ကောင် .... မငိုနဲ့တော့ တိတ် .... အဓိပ္ပာယ်မရှိတာတွေ
ကြည့်စမ်း
ကိုကို့ကို ကြည့်စမ်း ...
ညီ က ကိုကို့ ညီ ...ကိုကို့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်
ဒီအိမ်က ကိုကို တို့ အိမ်
ကိုကို့ အိမ်လေးကို ပစ်ပြီး ကိုကို က ဘယ်သွားရမှာ လဲ
လာ ဒီနားမှာ ထိုင် ...ထ
' အင့် ကိုကို ညီ မထိုင်နိုင်သေးဘူး ..... အရမ်းနာတယ် တင်ပါး က
'ဟူး ..... ကိုကို မနေ့က အရမ်းရိုက်လိုက်မိတာ တောင်းပန်တယ်နော်
ကိုကို့ ကို ခွင့်လွှတ်
'အာ .... ရပါတယ် ညီက ဆိုးတာကိုး ...
ဖေဖေ ရှိရင်လည်း ညီ အခုလိုပဲ သမ ခံရမှာ ....
'ညီ က မဆိုးပါဘူး မလိမ္မာတာ ... ချီးထုတ်ကောင်
နှစ်ကောင်လုံးပြိုင်ရယ်လိုက်မိသည်
ခုတော့လည်း စိတ်တွေက ပေါ့ပေါ့ပါးပါး ....
ညီ့ ဆံပင်လေးတွေကို ဖွပြီး
'ကိုကို ရန်ကုန် ကျအောင် လျှောက်ထားတယ်
ညီ့ကို တစ်ယောက်တည်း မထားတော့ဘူးနော်
အခုတော့ ခန သည်းခံ ဦး
'ကိိုကို တကယ်ပြောတာလား
' အွန်း ... ညီ့ ကို နှစ်တွေ အကြာကြီး တစ်ယောက်တည်းပစ်ထား သလို ဖြစ်သွားတယ်
အခုတော့ ကိုကို ကိုယ်တိုင် အနီးကပ် ကြပ်မှတ်တော့မယ်
အခုလိုကျတော့လည်း ကိုကို က သူ့အတွက်တွေးပေးသားပဲ
မနေ့က မိ သွားတာ တောင် ခပ်ကောင်းကောင်း ....
နောက်ကို သုံးဖို့ လက်နက် တခု ရသွားတာပေါ့ ... တခု လိုချင် နည်းနည်းတော့ အနာခံရမည်
ညီ့ ရဲ့ ညစ်ကျယ်ကျယ် အပြုံးကိုတော့ ကိုကို နားလည်မည် မထင်
Next ...
တကယ်တော့လေ ဒီထဲမှာ မတင်ချင်တော့သလို ဆက်လည်း မရေးချင်တော့ဘူး ဘာဆို ဘာမှ
Sweet December ❄️ Epi 8
#CaCa
'ညီ ထတော့လေ 10နာရီ ထိုး နေပြီ ဘယ်လောက်ထိ တောင် အိပ်ချငိနေတာလဲ
'ကိုကို ကလည်း ကျောင်းပိတ်ရက်လေး အိပ်ရတာကို
'ထဆို ထ တော့ ...
အိပ်တာ များ ရင် လူက ထိုင်းမှိုင်း သွားလိမ့်မယ်
မနက် 10 နာရီဆို တာ တော်တော် လွန်လှပြီ
9နာရီ ကတည်းက နိုးမလို့ သနားလို့ မနေ့က အဆော်ခံထားရလို့ အလိုလိုက်ပြီး ပေးအိပ်ထားတာ
မင်း ဟာ လေ ...နည်းနည်းလေး အခွင့်အရေး ပေးရင် ရောင့်တက်လာတာ
'ကဲ ထပြီ ကိုကို ရေ ထပြီ တကတည်း လူပျိုကြီး လို့ မပြောရဘူး ပွစိ ပွစိ နဲ့
'အောင်မာ အောင်မာ ဒင်း နဲ့ ၃လ လောက်လေး ကွာတာများ ....
သွား မျက်နှာ သွားသစ် ..... လဖ္ဘက်ရည် ဆိုင် အတူမထိုင်တာ ကြာပြီ မလား ....
'ဟုတ်တယ် ဟုတ်တယ် သွားမယ် ကိုကို ...ခနလေးပဲ စောင့်
ဟင် လက်ဖက်ရည်ဆိုင် ဆိုလို့ ဆိုင်ရှင် အကြွေးတောင်းရင် ဒုက္ခ
'ဟာ ဆက်သွင် တို့ ပါလား လာကြ ဟေ့
ညီအကို နှစ်ယောက် တူတူ မလာတာ တောင် ကြာပြီပဲ
'ဟုတ်တယ် ဦးအောင် ရေ ကျွန်တော် မအားနေတာနဲ့ မထိုင်ဖြစ်တာ
'အေ့ ကွာ မင်း သာ မလာ ဖြစ်တာ မင်း ညီ တော့ ရောက်ပ
ဟိတ်ကောင် ရဲရဲ မင်းအကိုဆီက တောင်းရမှာလား လက်ဖက်ရည်ကြွေးတွေ..
သွားပြီ ကိုကို့ ကို ကွယ်ပြီး ခြေဟန် လက်ဟန် ပြကာ မပြောရန် တားမြစ်နေသော မိမိအား မကြည့်ပဲ အလိုက်ကန်းဆိုး မသိ စွာ စွတ်ပြောနေသော
ဦးအောင် ရဲ့ စကားအဆုံး မှုန်သုန် နေသော ကိုကို့ရဲ့ မျက်လုံး တစ်စုံက သူ့ဆီ ဒိုင်းခနဲ ရောက်လာသည်
ရဲဆက်သွင် ရေ မင်း ဘဝ တော့ ဆုံးပြီ ဟ
'ဘယ်လို ဖြစ်ရတာလဲ ညီ ,'
လူကြား ထဲမို့ ဒီလို လေသံ ခပ်အုပ်အုပ် နှင့် ပြောခြင်း ဖြစ်သည်
ရင်ထဲမှာ တော်တော် ပေါက်ကွဲ နေမှာ သူအသိဆုံး
သူ ဘယ်လောက် အချိုး မပြေပြေ လူကြားထဲ ဘယ်တော့မှ အော်ဟစ် ကြိမ်းမောင်းခြင်းမရှိ အိမ်ကျမှ ဆူချင် ဆူ သတ်ချင် သတ်မည်
'ရဲဆက်သွင် ...'
'ဗျာ ဗျာ ...'
အမြန် 'ဗျာ' လိုက် ရ သည် စိတ်မရှည်လျှင် လက်ထဲက လက်ဖက်ရည်ခွက် သူ့ဆီ ရောက်လာနိုင်သည်
အကြည့်.... အိမ်ရောက်လျှင် သေပြီဆိုသောအကြည့်
'ဟို ညီ သုံးတာ နည်းနည်းများသွားလို့ နည်းနည်းလေးပဲ အကြွေးတင်တာပါ ကိုကိုရဲ့ ...ဟီး'
'ဘလောက်လဲ .... ဦးအောင် ...ကျနော် တခါတည်း ပေးခဲ့လိုက်မယ်....'
'မများပါဘူးကွာ .... 12000 ထဲပါ ...
တစ်ခွက်မှ 800 ကို 12000 ဖိုးတောင် အကြွေးယူထားတယ်ဆိုတော့ ညီ့လစာ တွေ ဘယ်ရောက်ကုန်လဲ
ခုမှ လကုန်ဖို့ 10ရက်တောင်လိုသေးတယ်
ဈေးဖိုးက ဖေဖေတို့အပ်ခဲ့တဲ့ ပိုက်ဆံတွေ ဘဏ်ထဲအပ်ထားရာက ရတဲ့ အတိုးနဲ့ ဖေ့ဖေ့ပင်စင်လစာတွေနဲ့ တစ်ပတ်စာ ရက်တွက်ပြီး သူထုတ်ပေးနေတာ
တခါတလေ သူ့လစာထဲက မုန့်ဖိုးပေးတဲ့ အပတ်တွေကရှိသေး
180000 က သူတစ်ယောက်တည်းအတွက် လုံလောက်တာထက် ပိုတယ်
ရဲဆက်သွင် ရဲဆက်သွင် သူပြန်မလာဖြစ်တဲ့ weekened တွေ သူလိုက်မပြောနိုင်တဲ့ week days တွေမှာ ဘာတွေလုပ်နေလဲ
လူက အလယ်တန်း ကျောင်းဆရာ ကျောင်းမှာတော့ သူ့ကို ခလေးတွေ ချစ်ကြောက်ရိုသေကြသတဲ့ အိမ်မှာဆိုရင်တော့ ပုဆိုးကွင်းလုံးချွတ်ပုံတာကအစ သူလိုက်ပြောနေရတယ်
သူဆူလိုက်ရင်လည်း ဖြစ်သွားတဲ့ရုပ်က သူ့တပည့်ခလေးတွေအသက်အရွယ်လောက်ကို ဖြစ်သွား
သူ့ခလေးတွေဆီက ဓာတ်ကူးလာတာမျိုး
အိမ်ကျရင် တွေ့ပြီပေါ့ကွာ
ထိုစဉ် ညီ့ ပုခုံးကိုပုတ်ပြီး ဟိုဘက်ရပ်ကွက်က ဖြစ်ဟန်တူတဲ့ ညီ့အရွယ် ကောင်းလေးနှစ်ယောက် ပြောလိုက်သော စကားကြောင့် သူရှင်းရှင်းလင်းလင်းကို သိသွားလေပြီ
'ဟျောင့် ရဲရဲ ဒီည ပွဲကောင်းတယ်နော် အပေါ်ကြေးလား အောက်ကြေး လား
ဒီနေ့တော့ သေချာလုပ်ဟ မင်း ဟိုနေ့က ထိထားတာ မနည်းဘူးမလား
ညီ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ အပျက်ပျက်အယွင်းယွင်းနဲ့ သူ့ဘော်ဒါကို မျက်စမျက်နနဲ့အချက်ပြနေလေရဲ့ ထိုကောင်လေးတွေကလည်း ပါးနပ်ပုံမပေါ်
သူ့ကိုလည်း မသိ သူကလည်း အပြင်မှ သိပ်မထွက်ဖြစ်တာ
သူ့ရှေ့ကျရင်တော့ ညီက အိမ်နဲ့ကျောင်းပဲ သိတဲ့ ကောင်လေး တကယ်တော့ ဒင်းက ကုတ်ကမြင်းဖြစ်နေတာ
သူ ထိုကောင်လေးတွေဆီက ထပ်သိရမှ ဖြစ်မည်
' ထိုင်လေ ညီတို့ အကို ဒကာ ခံမယ်
အကိုက ရဲရဲ ရဲ့ အကို ဖြိုးဆက်သွင်ပါ '
ထိုအခါမှ တချိန်လုံးတိတ်နေသော ညီတော်မောင် က
'ကိုကို သူတို့က သွားစရာ ရှိ ရှိ...
မင်းပါးစပ်ပိတ်ထား ဟူသည့် အကြည့်တချက် လှမ်းကျွေးလိုက်တာနဲ့တင် တခါတည်း ငြိမ်ကျသွား
သူနဲ့ ညီ က ထိုသို့ပင် တစ်ယောက် နဲ့ တစ်ယောက် လူကြားထဲဆို အကြည့်နဲ့တင် အဆင်ပြေ
ညီ တခုခုပြောချင်လာလို့ သူ့ကို ကြည့်လျှင်လည်း သူ အဓိပ္ပာယ်ပေါက်သည်
ထိုင်ရမလို ထရမလို ဖြစ်နေတဲ့ကောင်လေးတွေ ဘက်လှည့်ပြီး
'ဘာစားမလဲ မှာလေ ... ဒီည ဘာနဲ့ဘာလဲကွ
လက်ဖက်ရည် တကျိုက်ကျိုက်ရင်း ဟန်မပျက် စကားဝင်ထောက်တော့
'မန်ယူ နဲ့ အာဆင်နယ်လေ အကို
ရဲရဲ မန်ယူဘက်ကပဲ လောင်းမှာလား
ပြီးခဲ့တဲ့ အပတ်က အကို့ညီလေ 30000 လောက်ထိထားတာ
ကျနော်တို့ပြောတယ် ကျနော်တို့လိုလောင်းဆိုတာကို ပြောမရဘူး '
30000 ကြားလိုက်တော့ လက်ဖက်ရည်ကိုင်ထားတဲ့လက်က တဆတ်ဆတ်တုန်လာသည်
သူ့ကို လှမ်းခိုးကြည့်လိုက်တာနဲ့ မျက်လုံးချင်းဆုံတော့ ချက်ချင်း ခါးကိုမတ်ပြီး ခေါင်းကိုတန်းငုံ့သွားတာများ
သူ့ဘော်ဒါတွေကိုလည်း ပိတ်မနိုင်တော့ဘူးထင်ပါတယ်
'အင်း ဟင်း ဒီကောင်က အရမ်းခေါင်းမာတာ
ညီလေးတို့ရော ဘာအလုပ်လုပ်ကြလဲ '
'ကျနော့် အလုပ်လား ... ဟီး လည်ရာ ပြန်စားရေး အကို ...'
'ဪ ဪ အလုပ်မရှိဘူး ဆိုပါတော့ ... မင်းကရော '
' ဟို ... ကျနော်က အိမ်ကကျွေးနိုင်တော့ အလုပ်မရှာသေးဘူး .... အကို ... ဟီး'
'ဪ ... အိမ်ကကျွေးထားတော့ လောင်းကစားလေးလုပ် လက်ဖက်ရည်ဆိုင်ထိုင် ဖြုန်းကောင်းတုန်း ဆိုပါတော့ ...
'ဟီး .... အ့လိုလည်း မဟုတ်ပေမဲ့ အ့လိုတော့ ဖြစ်သွားတယ် အကို ...
'အင်း အင်း .... မင်းတို့အရွယ်တွေက တိုင်းပြည်အတွက်သိပ်ကိုအဖိုးတန်တယ်
တိုင်းပြည် အနာဂါတ်က မင်းတို့လက်ထဲမှာ
အကို တကယ် နှမြောတယ်ကွာ
အလုပ်လုပ်ချင်စိတ်လေးများ ဖြစ်လာခဲ့ရင် အကို့ကို လာရှာနော် အချိန်မရွေး ကူညီပေးမယ် '
'ဗျာ .... ဟုတ် ဟုတ် အကို
အခြေအနေ မဟန်တော့ အချင်းချင်း မျက်စပစ်လျက်
'ဟိုလေ အကို အိမ်က ခိုင်းထားတာလေး ရှိလို့ ..... အ့ဒါ ခွင့်ပြုပါဦးနော်
လစ်ကြပြီလေ
'ရဲရဲ ငါတို့ ငါတို့ သွားမယ်နော် ... ဖုန်းဆက်လိုက်နော် ညကျရင် ....
သူတို့ယောက်ဖကိုလည်း နှုတ်ဆက်ဖို့မမေ့
သူ့ရှေ့မှာတောင် ဖုန်းဆက်ချိန်းနေသေး
'ဒီညတော့ မင်းတို့သူငယ်ချင်း မင်းတို့နဲ့ အတူတူ ပိုက်ဆံဖြုန်း အာ sry ဘောပွဲလောင်းဖြစ်မှာမဟုတ်ဘူး ညီတို့ပဲ လောင်းလိုက်ကြတော့နော်.... အဟင်း '
'ဗျာ ... ဟု ဟု အကို ကျနော်တို့ပြေး အဲ သွားတော့မယ်နော်
'ကောင်းပါပြီ ..'
ညီ့ကို တချက်ကြည့်လိုက်တော့ ချွေးစီးတွေတောင် ပြန်နေရှာပြီသူ့ဘဝသူတော့ သိသား
'ဦးအောင် ရေ ကျွန်တော် ဒီမှာ ခုဖိုးရော ဒီကောင့် အကြွေးတွေရော ရှင်းခဲ့ပြီနော် ....
နောက်ကို အကြွေးမရောင်းနဲ့နော် ဦးအောင်....ကျွန်တော့်အကြောင်း ဦးအောင် သိတယ်နော်
ပိုက်ဆံပါမလာရင် ဆိုင်ရှေ့မှာပဲ မျှော်ခိုင်း ဆိုင်ထဲတောင် ဝင်မထိုင်ခိုင်းပါနဲ့လို့
'ဟေ .... အေး ... အေးပါကွာ... ငါ သဘောပေါက်ပါပြီ....
သူပြန်ဖို့ထတော့ ထမလာ
လက်မောင်းကိုဖျစ်ညစ်ပြီး ထခိုင်းတော့မှ ကိုယ်တော်က လေးကန်ပြီး ရပ်သည်
သူ ရှေ့ကသွားတော့ နောက်က ပါတော့ ပါလာရှာသည် မပါလာလို့လည်း ရမလားနော်
......
Comments
Post a Comment