Ko ko is a true love of mine(underestimate)
Ko ko is a true love of mine(underestimate)
ကျနော် ပြောပြစရာတစ်ခုရှိတယ်။ခင်ဗျားတို့သင်ခန်းစာယူနိုင်အောင်ပါ။
ကျနော့မှာ ရည်းစားရှိတယ်ဗျ။ကျနော့ကိုကိုပေါ့။ကိုကိုက ခုမှ ၁၉နှစ်ရှိသေးတယ်။ကျနော်က ၁၉ပြည့်ဖို့ ၆လ။
၆လပဲကွာပေမယ့် ချွဲချင်လို့ ကိုကိုလို့ခေါ်တာ။
ကိုယ်က ချွဲမှာဆိုပေမယ့်လေ ခက်တာက ကိုကိုက ချောတာကိုလေ မိန်းမချော ချောနေတာ။အသားလည်းဖြူ တယ်။ချစ်စရာလည်း ကောင်းတယ်။ကိုယ်လုံးကတော့ ကျနော်နဲ့ မတိမ်းတယိမ်းပဲ။
အရပ်က သာမန်အရပ်။ပုလည်းမပုသလို ရှည်လည်း မရှည်ဘူး။
ကိုကို့ကို fbကနေစသိခဲ့တာ။ကျနော် friသွားအပ်တော့ bအချင်းချင်းရင်းနှီးချင်လို့ဆိုပြီး အပ်လိုက်တာ။
အပ်ပြီးခါမှ ကိုကိုက ဘယ်ဟုတ်မလဲ b မဟုတ်ပဲ tဖြစ်နေတာ။
ကျနော်လည်း ချောတော့ချောပါတယ်။ဒါပေမယ့် ကိုကိုနဲ့ ယှဉ်ရင် ကိုကိုက ပိုပြီးချောနေတာ။ချောတာမှ မိန်းမချောကိုချောနေတာ။
ကျနော်နဲ့ ဘေးချင်းယှဉ် တွဲပြီးသွားရင် ကျနော့်ကို tလို့တောင် ထင်ချင်ထင်မှာ။အဲလောက်အထိ။
ကိုကိုက tမှန်းသိရတုန်းကဆို အံ့သြလွန်းလို့
ကျနော်မှာ ဟုတ်မှ ဟုတ်ပါလိမ့်မလားပေါ့။တကယ်ပါ။ တကယ်ကို မယုံနိုင်တာ။
အဲလိုနဲ့ ကျနော်ကပဲ စပြီး hiဖြစ်တယ်။ပြီးတော့ စကားတွေ ပြောရင်း နောက်တော့ ရည်းစားတွေ ဖြစ်သွားကြတယ်ပေါ့။
ဟုတ်ပြီ ရည်းစားတွေတော့ ဖြစ်သွားကြပြီ။အဲမှာ ကိုကိုနဲ့ ပတ်သက်ပြီး ဘာထပ်သိရသလဲဆိုရင် ကိုကိုက domတဲ့။
ကဲပြော ကျနော့လောက် ကံကောင်းတဲ့သူရှိပါ့ဦးမလား။ds relationshipကို ကြိုက်တဲ့ ကျနော့အတွက် ကျနော့ ရည်းစားက domတဲ့လေ။
တစ်ချို့တွေကျတော့ တစ်ယောက် စိတ်ဝင်စားပေမယ့် ကျန်တဲ့တစ်ယောက်က စိတ်မဝင်စားတော့ မလုပ်ဖြစ်ကြဘူး။
ကျနော့ကျတော့ အဲလိုမဟုတ်ဘူး။နှစ်ယောက်စလုံးစိတ်ဝင်စားတယ်။ကောင်းတယ်။ပျော်တယ်။အဲတော့ ds relationship အနေနဲ့ ကျနော်တို့နှစ်ယောက် သူက dom ကျနော်က subပေါ့။
ပွင့်ပွင့်လင်းလင်းပြောရရင် အဲတုန်းက ကိုကိုပုံစံအနေအထားနဲ့ကို domအနေနဲ့ လက်ခံဖို့က ကျနော့အတွက် တစ်ကယ်ခက်ခဲတာပါ။
ကိုကို့ရုပ်ကလေ မိန်းမချောချောပြီးတော့ တကယ့်အလှလေးလို့ ပြောလို့ရတဲ့အထိ။အဲကြောင့်မလို့ ကိုကို့ပုံစံနဲ့ domဆိုတဲ့typeနဲ့ ဘယ်လိုမှ တွဲမြင်လို့မရဘူး။
အဲလိုနဲ့ တစ်နေ့ကျတော့ ကျနော် အပြစ်တစ်ခုလုပ်လိုက်မိခဲ့တယ်။ဘာလဲဆိုတော့ ချိန်းတဲ့အချိန်ထက် တစ်နာရီလောက်နောက်ကျပြီးမှ နေရာကို ရောက်လာတာ။
အမှန်အတိုင်းပြောရရင် အဲလိုက ကျနော့စိတ်ထဲ ဘယ်လိုထင်လဲဆိုတော့ ချိန်းတာ နောက်ကျတယ် ကိုကို စိတ်ဆိုးမယ် ပြီးတော့ ကြိမ်းမယ် ပြီးတော့ တစ်ချက်နှစ်ချက်လောက် ရိုက်မယ်
အဲလောက်ပဲ ထင်ခဲ့တာ။
အာလာလာ တစ်ကယ်တမ်းကျတော့ အဲလိုမဟုတ်ခဲ့ဘူး။
ကျနော့ကို အိမ်လိုက်ခဲ့ဆိုပြီး ကိုကို့နေတဲ့ အိမ်ကို ခေါ်သွားခဲ့တယ်။
တစ်လမ်းလုံး မျက်နှာတည်တည်ကြီးနဲ့ ဘာတစ်ခွန်းမှ မပြောဘူး။ ကျနော်လည်း ကိုကို့မျက်နှာ အခြေအနေ မကောင်းတော့ ငြိမ်ကုတ်နေရတယ်။ဟိုလို ကြောက်လို့ရယ်တော့ မဟုတ်ဘူး။
ရာသီဥတုမကောင်းလို့ မရွတဲ့ သဘောမျိုးပဲရှိတာ။
အိမ်ရောက်တော့ အိမ်မှာ ဘယ်သူမှ မရှိဘူး ကျနော်ရယ် ကိုကိုရယ်
ကိုကိုရယ် ကျနော်ရယ်ပဲ။
ကိုကိုက ကျနော့ကို သူ့အခန်းထဲ ခေါ်သွားခဲ့တယ်။ပြီးတော့ ကျနော့ကို ခုတင်ရှေ့မှာ ဒူးထောက်ခိုင်းတယ်။
အဲတုန်းကလေ ကိုကို ကျနော့ကို ဒူးထောက်လို့ ပြောတဲ့ အသံကို လုံးဝမေ့လို့မရဘူး။
ကိုကို့ရဲ့ အသံက အခန်းတစ်ခုလုံး ဟိန်းသွားပြီး မလွန်ဆန်နိုင်အောင် ထိန်းချုပ်နိုင်တဲ့ သြဇာအာဏာတွေ ပျော်ဝင်နေတယ်။ကိုကို့လေသံပဲဆိုပေမယ့် အရင်အသံတွေနဲ့ လုံးဝကို မတူတာ။
အဲအသံကြားတာနဲ့တင် ကျနော် ဘာမှ မတွေးနိုင်တော့သလို ဘာမှလည်း ပြန်မပြောရဲနိုင်ခဲ့ဘူး။စိတ်ရော ခန္ဓာကိုယ်ရောက ကိုကို့ဆီမှာ အလိုလို တိမ်းညွတ်မိလာတယ်။ခစားချင်လာခဲ့တယ်။
ဒါက ကိုကို့ရဲ့ other sideလား။ကျနော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ကိုကို့မှာ ဒီလိုပုံစံမျိုးရှိလိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့ဘူး။အာ အိမ်မက်ထဲတောင် ထည့်မမက်ခဲ့ဘူး။
ခုကိုကို့ရဲ့ dom typeပုံစံက ကိုကို့ရဲ့ ရုပ်ရည်လေးနဲ့ လုံးဝ လုံးဝကို ခွဲထွက်သွားတာ။ မိန်းမချော ချောတာတွေ အသားအရေလေးတွေ ဖြူဆွတ်နေတာတွေ ချစ်စရာကောင်းတာတွေ B လို့ ထင်ရတာတွေ ခုအချိန်မှာ ကျနော် ဘာဆိုဘာမှ မမြင်ရတော့ဘဲ ကိုကို့ရဲ့ other sideမှာ လုံးဝ ပျော့ညံ့သွားခဲ့တယ်။
ကျနော့ကို ဒူးထောက်ထားခိုင်းပြီး ကိုကိုက closet ဆီကို လျှောက်သွားတယ်။ပြီးတော့ အထဲကနေ ဆွဲထုတ်လာတာက cane။
Caneကိုမှ တစ်ထောင်ဖိုး သုံးချောင်းတန်မဟုတ်ဘူး။
လက်ကိုင်သားရေနဲ့ သေသေချာချာ လိုင်းပေါ်က မှာထားပုံရတဲ့ cane။

လေထဲမှာ ရမ်းလိုက်တော့ ရွှမ်းခနဲ ရွှမ်းခနဲအသံတွေက ကျနော့တစ်ကိုယ်လုံးကို တုန်ရီစေပြီး နှလုံးသားထဲ အထိ ကြောက်စိတ်တွေ ကိန်းအောင်းစေတယ်။
ကျနော့်ဆီကို ကြိမ်လုံးကို ရမ်းရင်း ဖြည်းဖြည်းချင်းလျှောက်လာတဲ့ ကိုကို။ ခုအချိန်မှာ ဘယ်သူမှ ကိုကို့ကို bနဲ့ တူတယ်လို့ ပြောရဲတော့မှာ မဟုတ်ဘူး။
ကျနော်ကိုယ်တိုင်လည်း မပြောရဲတော့ဘူး။မဟုတ်ဘူး စိတ်ထဲတောင် မတွေးရဲတော့ဘူး။
ကျနော်နဲ့ နီးလာလေလေ နှလုံးခုန်မြန်လေလေ။ ကိုယ့်နှလုံးခုန်သံကိုတောင် ကိုယ်ပြန်ကြားနေရတဲ့အထိ။
ကျနော်ထွက်လည်း မပြေးရဲဘူး။ခု့ချိန်မှာ ဘာမှလည်း မလုပ်ရဲတော့သလို ဘာအသံမှလည်း မထွက်ရဲတော့ဘူး။ စိတ်ထဲမှာ သေးပဲပေါက်ချင်လာသလို အာခေါင်တွေပဲ ခြောက်လာသလိုလို ဘာလိုလို ညာလိုလို။
ကျနော့ရှေ့ကို ကိုကို ရောက်လာပြီး ခုတင်ပေါ်မှ ဝင်ထိုင်တယ်။ကျနော်လည်း ကိုကို့ကို မကြည့်ရဲလို့ မျက်နှာကို အောက်ကို ငုံ့ထားမိတယ်။
"ခေါင်းကိုမော့လိုက်"
ကိုကို့အသံက သံလိုက်ဓာတ်လို ဆွဲငင်မှုရှိစွာနဲ့ ထွက်လာတယ်။ဒါပေမယ့် ဘယ်လို လုပ်မလဲ ကျနော် ကိုကို့ကို မော့မကြည့်ရဲဘူး။
ကိုကိုကလည်းမော့ကြည့်ခိုင်းနေတယ်။
မော့လည်း မကြည့်ရဲဘူး။ မော့မကြည့်လို့လဲ မရဘူး။
နောက်ဆုံး ကျနော် အားတင်းပြီး မော့ကြည့်လိုက်တယ်။အဲတော့မှ ကိုကိုက ပြောတယ်။
"ကဲပြော ဒီနေ့ baby ဘာအပြစ်တွေ လုပ်ထားလဲ။"
ကျနော် ပါးစပ်ကလည်း အာစေးကပ်နေသလို စကားကို မပြောနိုင်တော့တာ။
မပြောရဲတာလို့ ပြောရင် ပိုမှန်မယ်။ ဒါပေမယ့်လည်း မပြောလို့မှ မရတာ။
အဲတော့ ပြောရတော့တာပေါ့။ ပြောတော့ အသံကို မနည်း အားတင်းပြီး ထွက်အောင် ကြိုးစားပြောလိုက်ရတယ်။
"Baby ဒီနေ့ချိန်းတာကို နောက်ကျသွားပါတယ်။"
"အဲတာဆို babyမှာ အပြစ်ရှိလား။"
"ဟုတ် ရှိပါတယ်။ babyကို အပြစ်ပေးပါ။"
"Ok ဒါဆို baby အဝတ်အစားတွေ အကုန်ချွတ်လိုက underwearတော့ မချွတ်နဲ့ပေါ့။"
ကျနော်လည်း ကိုကို့ခိုင်းတဲ့ အတိုင်း လုပ်ပေးလိုက်ရပေမယ့် ကိုကို့လက်ထဲက caneကို ကြည့်ပြီး ကြောက်လွန်းလို့ သေတော့မယ်။အဲဒါကြီးနဲ့ အသားနဲ့သာ ထိရင်ဆိုတဲ့ အတွေး ကျနော့ကို ပိုပြီး ခြောက်ခြားစေတယ်။
ကျနော် တစ်ကိုယ်လုံး underwear အနီရောင်ကလွှဲလို့ အကုန်ချွတ်ပြီးသွားပြီ။ ကျနော်တစ်ကိုယ်လုံး နွေမဟုတ်ပဲနဲ့ ချွေးတွေ ထွက်နေသလို လက်ဖဝါးခြေဖဝါးတွေလည်း အေးစက်နေတာပဲ။
မတ်တပ်ရပ်ထားတော့ တုန်နေတဲ့ ဒူးခေါင်းနှစ်ဖက်ကြောင့် လူက ပစ်လဲကျတော့ မတတ်။
ကျနော့ ဒူးခေါင်းတွေ သိသိသာသာ တုန်နေတာကို ကိုကိုမြင်ပေမယ့် မသိချင်ယောင် ဆောင်ထားပုံရတယ်။
"ဟိုဖက်လှည့် လက်ပိုက်ထား။"
ကျနော်လည်း ကိုကို ခိုင်းတဲ့ အတိုင်း လှည့်ပေးလိုက်တယ်။ပြီးတော့ မျက်စိကို အသေမှတ်ထားပြီး ဘယ်တော့ cane ကျနော့ကိုယ်ပေါ်ကျလာမလဲဆိုတာကို သွေးပျက်မတတ် ခြောက်ခြားစွာနဲ့ စောင့်နေရတယ်။
ကျနော့်ခြေသလုံးပေါ်ကို caneရိုက်ချက် တစ်ချက် ဝှစ်ခနဲ ရောက်လာသလို တစ်ချိန်ထဲမှာပဲ စပ်ဖျဉ်းတက်နေတဲ့ ဝေဒနာကို သေလုမတတ်ခံလိုက်ရသလို တစ်ချိန်တည်းမှာပဲ
နဂိုတည်းက ကြောက်လွန်းလို့ တုန်နေတဲ့ ဒူးကြောင့် ဆက်မရပ်နိုင်တော့ပဲ အားခနဲ အော်သံနဲ့ အတူ ထိုင်ချလိုက်မိတယ်။နာလွန်းလို့ ခြေသလုံးကို ပွတ်နေတဲ့ ကျနော့ကို ကိုကိုကပြောတယ်။
"တစ်ချက်ထဲရှိသေးတယ်လေ။ပြန်ရပ်"
ကျနော် ကိုကိုမျက်နှာကို တောင်းပန်သလို ကြည့်လိုက်ပေမယ့် ကျနော့ကို ကိုကိုက ရပ်လေဆိုတော့ သဘောနဲ့ မေးဆတ်ပြတယ်။
အဲလိုနဲ့ ကျနော် ပြန်ရပ်တော့ ခြေသလုံးပေါ်ကို ၃ချက်ဆက်တိုက် အားမနာတမ်းကျလာတယ်။
အဲသုံးချက်နဲ့အတူ ကျနော်လည်း လဲကျသွားပြီး ခြေသလုံးကို ပွတ်ပြီး အသံထွက်ငိုမိတယ်။
ဒါပေမယ့် ကိုကို့အသံက ထပ်ထွက်လာပြန်တယ်။
"ပြန်ရပ်"
ကျနော်မရတော့ဘူး။အရမ်းနာနေပြီ။ဒီထပ်ထပ်အရိုက်ခံရရင် သေတော့မှာ။အဲလိုနဲ့ ကျနော် ကိုကို့ခြေသလုံးကို ဖက်ပြီး တောင်းပန်မိတယ်။
"ကိုကို babyအရမ်းနာနေပြီ။နောက် နောက်မကျစေရပါဘူး။ babyကို ခွင့်လွှတ်ပေးပါ ဟင့်"
ကျနော် ငိုပြီးတောင်းပန်တော့ ကိုကိုက ကျနော့ခေါင်းလေးကို ပွတ်သပ်ပေးပြီး ပြောတယ်။
"Babyမှန်မှန်ပြော babyစိတ်ထဲမှာ ကိုကို့ကို အထင်သေးနေတာမလား။"
"မဟုတ်ဘူး baby ကိုကို့ကို အထင်မသေးပါဘူး။တကယ် အထင်မသေးပါဘူး။"
ကျနော့ ခေါင်းကို အတင်းခါရင်း အသည်းအသန်ငြင်းမိတယ်။
"Baby မညာနဲ့နော်။ကိုယ်မကြိုက်ဘူး။"
ကိုကိုက ကျနော့ မျက်လုံးကို စိုက်ကြည့်ရင်းပြောလာတယ်။
အဲမျက်လုံးကလေ ကျနော်မျက်လုံးတင်မဟုတ်ပဲ ကျနော့ နှလုံးသားအထိမှာ ထွင်းဖောက်သွားသလိုပဲ။
မျက်လုံးအကြည့်တွေထဲမှာ baby စိတ်ထဲ တွေးသမျှ ကြံသမျှ အရာအားလုံးသိနေတယ် ဆိုတဲ့ အကြည့်မျိုး။
ကျနော့ ဆက်မကြည့်နိုင်တော့ဘူး ခေါင်းကို ချက်ချင်းငုံ့လိုက်ရတယ်။
"ဟုတ် baby ကိုကို့ပုံစံနဲ့ dom typeနဲ့ကို လုံးဝ ဟပ်စပ်လို့မရခဲ့ဘူး။ဒါပေမယ့် ခု babyသိပါပြီ
Baby မှားသွားတယ်။ ကိုကိုလောက် dom typeနဲ့ လိုက်ဖက်တဲ့သူမရှိဘူးဆိုတာ babyသိပါပြီ။ဒါပေမယ့် baby ကိုကို့ကို အထင်မသေးခဲ့ပါဘူး။တကယ်ပါ။"
ကျနော် အမှန်အတိုင်းပဲ ဝန်ခံလိုက်ရတယ်။ကိုကုိ့အကြည့်တွေကို ကျနော် ကြာကြာ မကြည့်နိုင်ဘူး။
နောက်ပြီး အဲအကြည့်တွေကပဲ ကျနော်ကို အမှန်အတိုင်း ပြောဖို့ ဖိအားပေးနေတာ။ကျနော် ထပ်ပြီး မသိုဝှက်နိုင်တော့ဘူး။မပြောပဲ မနေနိုင်တော့ဘူး
ကျနော့ စိတ်ထဲမှာရှိတာ အကုန် ချပြလိုက်ရတယ်။
"ခု baby သိပြီပေါ့။ "
"ဟုတ်သိပါပြီ ကိုကို"
"သိရုံနဲ့ မရသေးဘူး နောက် တွေးကို မတွေးရဲအောင် လုပ်ပေးရမယ်။"
"မတ်တပ်ပြန်ရပ်"
"ကိုကို babyတောင်းပန်ပါတယ်။နောက်လည်း တကယ်မတွေးရဲတော့ပါဘူး။"
"ကိုယ် နှစ်ခါမပြောချင်ဘူးနော်"
ကိုကိုရဲ့ အသံမာမာရှေ့မှာ ကျနော် ဘာမှ မတတ်နိုင်ဘဲ မတ်တပ်ပြန်ရပ်လိုက်ရတယ်။
ပြီတော့ ကျနော့ခြေသလုံးပေါ်ကို ဆက်တိုက်ဆိုသလို ရိုက်ချက်တွေ။
နာလွန်းလို့ လဲကျသွားတာကို ကိုကိုက မရပ်ပေးပဲ ကျနော့ ကျောကုန်းပေါ်ကိုတောင် ဆက်ရိုက်လိုက်တာ နှစ်ချက်တောင်။ ကျောကုန်းပေါ်ကို ရိုက်ချက်ကျတော့ တကယ်ပါ အသေ စပ်ဖျဉ်းပြီး သေချင်စော်ကို နံသွားတာပဲ။
"နောက်ခါမှတ်ထား baby ကိုယ်ရိုက်နေတုန်းမှာ ဒီအတိုင်းပဲရပ်နေ လဲချတာတွေ ထိုင်ချတာတွေ မလုပ်နဲ့။ကိုယ့်ရိုက်တဲ့ အရေအတွက်ပြည့်ရင်တော့ ထိုင်လို့ရတယ်။ အဲလိုမဟုတ်ဘဲ ရိုက်နေတုန်း ထိုင်ချရင် ခု babyမြင်တဲ့ အတိုင်းပဲ။ဒီတစ်ခါတော့ ကိုယ် 10ချက်ပဲ ရိုက်လိုက်တယ်။နောက်ခါဆို ဒီထက်ဆိုးမယ်။"
ကျနော်လည်း ငိုရင်းနဲ့ ကျောကုန်းကို ပွတ်လိုက် ခြေသလုံးကို ပွတ်လိုက်လုပ်ရင်း ကိုကို့စကားကို ခေါင်းညိတ်ပြမိတော့
"ပါးစပ်က ပြောလေ"
"ဟုတ်ကဲ့ ကိုကို။babyမှတ်ထားပါ့မယ် နောက် မလုပ်တော့ပါဘူး။"
"ရော့ ကြိမ်လုံးကို ခုနက ဘီရိုထဲ ပြန်ထည့်လိုက်။"
ကိုကိုက ကြိမ်လုံးကို ကျနော့ဆီ လှမ်းပေးရင်းပြောတယ်။ကျနော်လည်း လက်နှစ်ဖက်နဲ့ သေသေချာချာ ယူလိုက်ပြီး နာနေတဲ့ ခြေသလုံးကို အတင်းထ လျှောက်ပြီးတော့ ဘီဒိုထဲ ပြန်ထည့်လိုက်တယ်။
ပြီးတော့ ကိုကိုဆီကို ပြန်လျှောက်လာတယ်။ ကိုကိုက ခုတင်ပေါ်မှာ ထိုင်ရင်း ကျနော် ပြန်လျှောက်လာတာကို ကြည့်နေတယ်။
တကယ်တော့ ခုအချိန်မှာ ကျနော် ကိုကိုရင်ခွင်ထဲ ပြေးဝင်လိုက်ချင်တာ။ကိုကို့ရဲ့ ခေါင်းကို ပွတ်ပေးတာလေးခံချင်နေတာ။
ဒါပေမယ့် ကိုကို စိတ်ပြေပြီးလား မပြေသေးဘူးလား မသိတော့ ပြေးမဝင်ရဲဘူး။
ကျနော် ကိုကို့ကို မျက်နှာလေး ငယ်ရင်း ရပ် ကြည့်နေတော့ ကိုကိုက သိလို့တူပါတယ် လာတဲ့။
ကျနော်လည်း ကိုကို့ခွင့်ပြုချက်ရပြီဆိုတာနဲ့ ကိုကိုထိုင်နေတဲ့ ခုတင်ခြေရင်းမှာ ဒူးထောက်ပြီး ကိုကိုရင်ခွင်ထဲ ပစ်ဝင်လိုက်တော့တယ်။
ကျနော်နဲ့ မတိမ်းတရိမ်း ကိုကို့ ကိုယ်လုံးလေးကို လွတ်ထွက်မှာ စိုးသလို အတင်းဖက်ထားမိတယ်။ကိုကိုက ကျနော့ခေါင်းလေးကို ပွတ်သပ်ပေးတော့ နဂိုထဲက အငိုမတိတ်သေးတာကို ပိုပြီး ငိုချင်လာတယ်။
ငိုလည်း ငိုချလိုက်တော့တယ်။ခလေးတွေလို အသံကျယ်ကျယ်ကြီးနဲ့ပေါ့။
"တိတ် တိတ် မငိုနဲ့တော့"
"ခုနက အရမ်းနာတာပဲ ဝါးးးးးးး"
"အွန်း တိတ်တော့နော်။ baby မလိမ္မာလို့ ကိုကိုက ဆုံးမတာလေ။"
"ကျောကုန်းကိုလည်း ရိုက်သေးတယ် ဝါးးးးး
အရမ်းနာတာပဲ ကျောကုန်းက။"
"အင်း ဟုတ်တယ် ဟုတ်တယ်။တိတ်တော့နော်။ပြီးရင်ဆေးလိမ်းမှာပေါ့ ကိုယ့်ခလေးလေးကို တိတ်တော့နော် မငိုနဲ့တော့။"
အဲလိုနဲ့ ကျနော် တစ်ဝကြီး ငိုပြီး ကိုကို့ရဲ့ အယုအယတွေကို တစ်ဝကြီး ခံစားခွင့်ရခဲ့တယ်။အင်း ပြောရရင်တော့ တန်တယ် ပြောရမှာပေါ့။
ဒါပေမယ့် ခင်ဗျားတို့ကို don't judge a book by its coverလို့တော့ ပြောချင်တယ်။ မဟုတ်ရင် ကျနော့လို သေလုမတတ် အရိုက်ခံရမှာစိုးလို့။
Written by khoon sint naung
(ဒီတစ်ခုကိုလည်း ကျနော်ရောင်းတာပါခင်ဗျ။ဆိုတော့ ဒီမှာ ဆက်တင်ပေးလို့မရတော့ပါဘူးခင်ဗျ။ဒီတစ်ပုဒ်က ၁၃ပိုင်းပါပါတယ်ခင်ဗျ။😘😘
တန်ဖိုးကတော့ ၅၀၀ကျပ်တည်းပဲဖစ်ပါတယ်ခင်ဗျ။
ဝယ်ချင်တယ်ဆိုရင် page messengerကိုပဲ ဖြစ်ဖြစ် ကျနော့အကောင့်ကိုကိုပဲ ဖြစ်ဖြစ်လာလို့ရပါတယ်ခင်ဗျ
https://www.facebook.com/profile.php?id=100051068404117
ဒါကျနော့အကောင့် linkပါခင်ဗျ။
ဝယ်မယ်ဆိုရင် kpay waveနဲ့လည်းရသလို ဖုန်းဘေနဲ့လည်းရပါတယ်ခင်ဗျ။
ကျနော်က ကျနော့အသိတွေကို ဖုန်းဘေရောင်းတော့ readerတို့ပေးမယ့် ဖုန်းဘေတွေကို ပြန်ရောင်းလို့ရပါတယ်ခင်ဗျ။
ဝယ်ပြီးရင် ဘယ်လိုဖတ်ရမလဲဆိုတော့ facebook private groupထဲထည့်ပေးပါတယ်ခင်ဗျ။ဒါမှ မဟုတ်လည်း pdfဖိုင် ပို့ပေးပါတယ်ခင်ဗျ။
အားပေးကြပါဦးနော်😘😘😘
Comments
Post a Comment