မိထွေးကိုကြောက်တယ်

မိထွေးကိုကြောက်တယ် မောင်မောင်တို့ရပ်ကွက်လေဟာတကယ်ကိုတိတ်ဆိတ်တဲ့ရပ်ကွက်လေတစ်ခုပါ…..မောင်မောင်မှာဆယ်တန်း ကျောင်းသားလေးဖြစ်ပြီးအမေမရှိတော့ပါဘူးမောင်မောင်အဖေကလည်းနောက်အိမ်ထောင်နဲ့ဆိုတော့မောင် မောင်ဘ၀လေးဟာသနားစရာလေးပေါ့….မောင်မောင်ကအဖေဦးမင်းလွင်မိထွေးဒေါ်ခင်ချိုနဲ့အတူတူနေရရှာ တယ်..မိထွေးဖြစ်တဲ့ဒေါ်ခင်ချိုဟာအိမ်တစ်ဆောင်လုံးမှာသြဇာအရှိဆုံပေါ့..ဒေါ်ခင်ချိုကအသက်(၃၀)လောက် သာရှိသေးသည်..ဒါပေမဲ့ဦးမင်းလွင်ကတော့အသက်(၅၀)ကျော်နေပြီဖြစ်သည်..ဒေါ်ခင်ချိုကိုကြောက်တာက လည်းထိုင်ဆိုလျှင်အိပ်နေလောက်အောင်ကြောက်နေပါတော့သည်….ဒေါ်ခင်ချိုမှာငယ်ရွယ်သလိုလှပသော မိန်းကလေးဖြစ်နေတော့ဦးမငး်လွင်ကလည်းကြောက်ချစ်ရိုသေနေပါတော့သည်ဒေါ်ခင်ချို၏နို့ကြီးများဟာဆို လျှင်မောင်မောင်၏ခေါင်းလောက်နီးပါးရှိနေပါတော့သည်…ဒေါ်ခင်ချိုသည်အဝတ်အစားကိုလည်းအတိုအထွာ အဝတ်များပါသည်..ထိုကြောင့်ပင်ဝင်းလက်တောက်ပသောခြေသလုံးလေများသည်တွေ့သူတိုင်းမျက်လုံးများ ၏အကြည့်များသည်ဒေါ်ခင်ချိုဆီမှမခွာနိုင်ဖြစ်နေတော့သည်ဒေါ်ခင်ချိုသည်ဦးမင်းလွင်နဲ့မောင်မောင်ပေါ်တွင် အလွန်ပင်သြဇာညောင်းပါသည်…..ဒေါ်ခင်ချိုဝတ်သည်အဝတ်များကိုမောင်မောင်နဲ့ဦးမင်းလွင်တို့ကအလှည့်ကျ လျှော်ရလေသည်…ဒေါ...

ဒေဝီလေလား တစ္ဆေ လား

Photo Loading...

Episode 1

မကြာဖြူ@Achittatkatho


မိုးခြိမ်းသံက ထစ်ချုန်းနေဆဲ။

လမ်းမီးမရှိသော

နယ်မြို့လေး တစ်မြို့။

ကြယ်ရောင်ရိပ်တို့လည်း မထင်ရှားနိုင်။

အရာအားလုံး မှောင်မိုက်နေဆဲ။

မိုးပေါက်တို့က ပြင်းထန်စွာ။

သစ်ပင်တွေက လေဝှေ့တိုင်း ယိမ်းယိုင်နေဆဲ။


အသက် ၁၅ နှစ်အရွယ်

ကောင်လေး တစ်ယောက်။

မိုးသဲညမှာ

သူ ပြေးလွှားနေဆဲ။

ပင်ပန်းတကြီး။

အမောတကော။

အသက်ရှု ရပ်မတတ်။


အသက်အန္တရာယ်မှ

လွတ်မြောက်အောင် ပြေးနေရသလို။

ရင်ဖိုလှိုက်မော။

ပြေးလေ ကလေး။

လွတ်အောင်ပြေး။


အမှန်ဆို သူလမ်းမအတိုင်း

ပြေးဖို့မကောင်း။

သို့သော်

မွေးရပ်ဇာတိမြေ မဟုတ်သော သည်မြို့ကို သူ အကျွမ်းတဝင် မရှိလှ။ လမ်းမအတိုင်းသာ ဝေးနိုင်သမျှ ဝေးဝေးပြေးမည်လို့ စဉ်းစားရင်း ဆက်ပြေးမိသည်။


သူဝတ်ဆင်ထားသော ပုဆိုးက မိုးရေတို့ဖြင့် စိုကပ်နေပြီ။

ပြေးရတာ မလွတ်လပ်လှ။

ပုဆိုးကို ခါးတောင်းကြိုက်ဖို့ အချိန်မရ။

သူ သိသည်။

အချိန်မရ။

ပြေးစမ်းပါကွာ

ယောင်္ကျားမဟုတ်ဘူးလား။


သူ မျှော်မှန်းသည်က

အဝေးပြေးလမ်း ပေါ်ရောက်သွားဖို့။

အဝေးပြေးလမ်းပေါ်က ကားတစီးစီးကများ သူ့ကို ခေါ်တင်သွားမလားရယ်လို့။


မိုးရေသံများကြားက

ကားစက်သံ သဲ့သဲ့ကို ကြားရသောအခါ။

သူ မလွတ်မြောက်နိုင်သလို

ခံစားမိနေပြီ။


ကားစက်သံ

သူအင်မတန် ရင်းနှီးသော ကားစက်သံ တစ်ခု။

လျှပ်စီးတစ်ချက် အလက်။

ပြင်းထန်သော မိုးခြိမ်းသံ။

သူ့ ရှေ့မြေပြင်က မိုးကြိုးစက်သွားတွေ ဖြာဆင်းသွားသလို။

ပြေးစရာ မြေမရှိသည်ထင့်။


သူ့နောက်ကျောက

ဖြာဆင်းလာသော

ကားမီးရောင်။

ဒူးတို့က ခွေညွှတ်ကြသွားလေပြီ။


ကားစက်သံ ရပ်သွားပြီ။

မာန်ဟုန်ထန်ပြင်းသော

လေနှင့်မိုးသည်ပင်

ထိတ်လန့်စွာ ရပ်တန့်သွားသည်။

သူတို့သည်ပင်

ကြောက်ရှာသည်ထင့်။


လျှပ်တချက် အပြက်မှာ

ဆံရှည်တို့ လေထဲ ဝင့်ဝဲသွားသည်ကို မြင်မိသည်။

မှောင်မိုက်သောည မှာ

စိမ်းလဲ့နေသော မျက်ဝန်းတွေက

သားကောင်တွေ့သော ကျားရဲမလို။


သူ ပြန်ထပြီး ထွက်ပြေးရန်

မေ့လျော့နေခဲ့ပြီ။


ညို့စက်ကွင်းမှာ

ကျရောက်သော

သားကောင်လို။


သူ့ဆံပင်တွေက တင်းကြပ်မှုတစ်ခု။

မရုန်းကန်မိဘဲ အလိုက်သင့်မတ်တပ်ရပ်မိသည်။

ခပ်ကျစ်ကျစ် စည်းထားသော ပုဆိုးခါးပုံစကို ကျာပွတ်လက်ကိုင်ရိုးက

တွန်းတိုက်သွားပြီ။


မိုးရေစက်တွေအောက်မှာ

ရောမ က

ကျောက်ရုပ်ထု တစ်ခုလို။


နားထဲ အင်မတန် ရင်းနှီးသောအသံ။

ဝှစ် ဆို ပြေးလာသော

ကျာပွတ်သံ

လက်မောင်းနှင့် ကျောပြင်တလျောက်

လှိုက်လှဲသော နာကျင်မှု။


"အား

သူ ကြောက်လန့်တကြား"


"ကို ရေ ကို အိပ်မက်တွေ

မက်နေတာလား။

တံခါးဖွင့်ဦး ရွယ် စိတ်ပူလို့"


မိုးရေစက်တွေ

နာကျင်မှု

မိုးည တည

ဒေဝီမ တစ်ပါး။


မေ့ မရသည်လား။

မမေ့သည်လား။


တမ်းတမိသည်လား။

မှန်းဆမိသည်လားရယ်။

ဒေဝီလေလား တစ္ဆေလား

Episode 2


ထိုနေ့ညက

ပေါ်တီကို အပြင်က မိုးရေစက်တွေအောက်မှာ ချမ်းလို့ တုန်ရင်နေဆဲ။


အပြစ်တွေက ထပ်ဆင့်ခဲ့ပြီပဲလေ။

အဆိုးဝါးဆုံး အပြစ်က

ဒေဝီ ထံပါးက ထွက်ပြေးခဲ့ခြင်း။


သူ့ မှတ်မိခဲ့သော

ပထမဆုံး မှတ်ဉာဏ်မှာ

မိန်းမသား တစ်ယောက် ။


ဆံနွယ်ရှည်တို့ ဖြန့်စင်းလျက်။

အသိခက်ခဲသော မျက်ဝန်းနက်ပိုင်ရှင်။

ဖြူ စင် ဝါဝင်းသော ခြေအစုံ။

ဆေးရောင်စုံမရှိ ပကတိဖြူ စင်ဝင်းမွတ်သော ခြေအစုံပိုင်ရှင်။


ဒူးထောက် ခေါင်းငုံနေရတဲ့အခါ

မြင်ရသော မေ့ရခက်ခဲသော မြင်ကွင်းပဲလေ။

သူ ဦးတိုက်ရာ ခြေဖဝါးတစ်စုံ။


ဒေဝီ တဲ့လေ။

သူက ဒေဝီသခင်မ လို့ ခေါ်ရသည်။ ဒါ့အပြင် သူမသိ။

ဒေဝီသည် သူနှင့် ဘယ်လို တော်စပ်သလဲ။ သူမသိ။


သူ သိသည်က

ဒေဝီ လှသည်။

ဒေဝီက ရက်စက်တတ်သည်။

ဒေဝီ့ရက်စက်မှုတွေက လှပပြီး ကဗျာဆန်သည်။

သူ သည်လိုပဲ ထင်သည်။

ဒေဝီ သူ့ကို ရက်စက်တိုင်း

ရက်စက်စွာ ပြုမူလေတိုင်း

နူးညံ့သာယာခြင်းတွေ အတူပူးတွဲ လိုက်လာစမြဲ။


သူသိသည်

ဒေဝီနှင့် သူ့အကြား

ကြင်နာယုယ မှုများ

ဒေဝီ့ရင်ခွင်ကြားမှာ

သူ ကလေးဘဝက အိပ်စက်ဘူးသည်လို့ သူ အိပ်မက်မက်ဘူးသည်။

ဒေဝီက သူ့ကို သားချော့တေးတွေ သီဆိုရင်း သူ အိပ်ပျော်သွားခဲ့ဘူးသည်။


ဒေဝီဆိုပြခဲ့ဘူးသည့်

သားချော့တေးကို သူ မှတ်မိနေဆဲ။


"မိုးရွာသလို ငိုနေတယ် ကလေးရယ်။ တိတ်ပါတော့ကွယ်။ သိကြားမင်းကြီး စိတ်ဆိုးရင် တုတ်နှင့်ရိုက်လိမ့်မယ်။ တိတ်ပါတော့ ကလေးရယ်။ xxxxx မိုးပေါ်မှာ ယုန်ကလေးရှိတယ်။ ဖိုးလမင်းကြီး ရင်ထဲမယ်။ အခုည မှာ တိမ်ညို ဆိုင်းလို့ရယ် ရွှေလရယ် မသာနိုင်ဘူးတဲ့။ ယုန်ကလေးလည်းငို သားကလေးလဲငို သမီးလေးလဲ ငိုနေတော့ကွယ် ။ သိကြားမင်းကြီးတောင် ငိုချင်ရှာလိမ့်မယ်။ တိတ်ပါတော့ ကလေးရယ်။ "


သီချင်းဆိုရင်း ဒေဝီငိုနေတာ

သူ မှတ်မိသည်။

ဒေဝီဆိုပြသော သီချင်းလို

သူရော

ဒေဝီရော

ဖိုးလမင်းကြီးပါ

ငိုနေသလား မသိ။


သို့သော် လက်ရှိ ပစ္စုပ္ပုန်မှာတော့

ဒေဝီသည် သခင်မ တပါးဖြစ်ခဲ့ပြီ။

သူကလေးဘဝကတည်းက

ဒေဝီကို သူ ကြောက်ရသည်။


ခပ်ဝေးဝေး မှတ်ဉာဏ်မှာ

ဒေဝီ ဆိုပြသော သီချင်းလေးက

နူးညံ့ပျော့ပြောင်းသော

ချစ်ခြင်းရသပေမယ့်


အနီးဆုံးမှတ်ဉာဏ်မှာတော့

ဒေဝီက သူ့ကို ပိုင်စိုးလွှမ်းမိုးသူ။


ဒေဝီ့ထံက ထွက်ပြေးခဲ့သောညက

ဒေဝီ ပစ်ချထားခဲ့ရာ

မိုးရေစက်တွေအောက်မှာ

သူ ငိုခဲ့သည်။

မိုးရေတွေနှင့်အပြိုင်

ကလေးလေး ငိုနေခဲ့တယ်လေ။


နောက်နေ့မနက်

သူ အိပ်ယာနိုးတော့

ပထမဆုံး မြင်ရသည်က

အငွေ့တထောင်းထောင်းထနေသော ဆန်ပြုတ်တခွက်။

တညလုံး မအိပ်ဘဲ ရဲနီသော မျက်ဝန်းများဖြင့် သူ့ကို စောင့်ကြည့်ပေးနေသော ဒေဝီ မျက်ဝန်းတွေ။


အမှန်တော့ အဲ့ညက

ဒေဝီ့ထံပါးက သူထွက်ပြေးခဲ့သည်မဟုတ်။


သူ ကြေကွဲစွာ ခံစားချက်တစ်ခုဖြင့်ပြေးနေမိခြင်းသာ။


သိပ်လှသော ဒေဝီ့အိပ်ခန်းမှာ

ဒေဝီနှင့် ချစ်တင်းနှောခဲ့သော

နတ်သားတပါးကို

သူ မြင်ပြီး

မိုးပြိုသလို ခံစားမှုဖြင့်

ထွက်ပြေးခဲ့ခြင်းသာ။


"ကို ဘာတွေ တွေးနေလဲဟင်


ကို ဆုံးဖြတ်ပြီးပြီ မဟုတ်လား။

အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ခဲ့ ရွယ့် လက်ကို တွဲထားဖို့။ "


ရွယ်နုငယ် ရယ်


ချစ်စရာ မိန်းမလှလေး တစ်ယောက်။


သူ အိပ်မက်က လန့်နိုးလာသလို


သူ ဘာကြောင့် ရွယ့်အိမ်အထိ

လာရောက်တည်းခိုမိပါလိမ့်လေ။


သင့်တော်ပါရဲ့လား။


မသင့်တော်ဘူးလို့

ဘာက ပြောသလဲ။


"ကို တည်းခိုခန်း သွားအိပ်မယ်"

မနက်မှ တွေ့ကြမယ် ရွယ်"


အလွမ်းတိမ်တို့ ရစ်ဖွဲ့သိုင်းသော

ရွယ့်မျက်ဝန်းတွေကို

သူ ကျောခိုင်းပစ်လိုက်သည်။


ခွင့်လွှတ်တော့ ချစ်သူ "ရွယ်"

ကို အစစ အရာရာ အဆင်သင့် မဖြစ်ခဲ့သေးဘူးလေ။


To be continued

ဒေဝီလေလား တစ္ဆေ လား

Episode 3


နေ့စံ ညခံ ရသော ပြိတ္တာဘုံ ဆိုလျှင် သူ နေရသော စံအိမ် ဖြစ်လိမ့်မည်။


ဒေဝီမြိုင်သည် တောင်ပေါ်မြို့လေးရဲ့ လူကုံထံရပ်ကွက်မှာ တည်ရှိသည်။ အိမ်နီးနားခြင်း ခြံတွေထက် ၂ ဆ ကျယ်ပြန့်ပြီး ခမ်းနားသော

ဒေဝီမြိုင်စံအိမ်ရဲ့ ပိုင်ရှင်ကတော့ လျို့ဝှက်သိပ်သည်းလွန်းသည်။


စံအိမ်ပိုင်ရှင် ဒေဝီ ဆိုသော မိန်းမချောကို မြင်ဖူးသူ ရှားသော်လည်း သူ့ရဲ့ ကျက်သရေရှိ လှပတင့်တယ်ခြင်းကို မြင်ဘူးသူတိုင်း အသိအမှတ်ပြုခဲ့ပြီး။


စော်ဘွားအဆက်အနွယ်လို ခရိုနီကြီးတစ်ဦးရဲ့ တိတ်တိတ်ပုန်းလို စကားတင်းဆိုကြပေသည့် ဒေဝီ့အကြောင်းကို သိသူမရှိလှ။

ဒေါ်ဒေဝီတပ်ခေါ်ရလောက်အောင် သူမ မကြီးရင့်သေးဘူးဆိုလျှင် မ တပ်ခေါ်ရလောက်အောင်တော့လဲ မငယ်တော့။ သို့သော် ဒေဝီ့ရဲ့ တင့်တယ်လှပကျက်သရေရှိခြင်းကတော့ လူပြောများနေဆဲ။


သည်အိမ်ကြီးရဲ့ အိမ်ကြီးရှင် ဒေဝီနှင့်ဘယ်လို တော်စပ်မှန်းမသိသော လူရွယ်တစ်ယောက်လည်း ရှိသည်။


ငယ်ရွယ်နုပျိုသေးသော လူရွယ်တစ်ဦး။


သူတို့မြို့လေးရဲ့ အထက်တန်းကျောင်းမှာ သည်လူရွယ်လေး ကျောင်းပြောင်းရောက်ရှိလာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး။ သည် ချစ်စရာကောင်လေးက သူ့ဆီဖောက်လာသော မြောင်းမှန်သမျှ တာတမံတုတ်ပစ်ခဲ့သည်။


ကျော်ဇေယျ လို့ ခေါ်တွင်သော ကောင်လေးသည် မာနကြီးနေခြင်းမဟုတ် မလွန်ဆန်နိုင်သော ဖိအားတစ်ခုအောက်က သူ ဆိုတာကိုတော့ တချို့က သဘောပေါက်ခဲ့သည်။ သူ့မှာ သူငယ်ချင်းမရှိ။ စာက လွဲရင် သူဘာကိုမှ မကြည့်။ သူ ထမင်းချိုင့်မပါလာတတ်။ တနေကုန် တက်ရသော ကျောင်းမယ် နေ့လည်ထမင်းစားချိန်တိုင်း သောက်ရေအိုးက ရေတခွက်ထသောက်ပြီး သူ ငြိမ်နေတတ်သည်။


ရပ်တည်နေရသော ဘဝကို

ပြန်စဉ်းစားကြည့်တော့ သူသည် ဆင်းရဲသားမဟုတ် လူချမ်းသာလည်းမမည် ပြောရမည်ဆိုလျှင် သူက လူမဟုတ်ဘူးထင်သည်။


ကြိမ်ဖန်များစွာ ကြားခဲ့ရသော စကားက


"နင်က ကျွန်တဲ့လေ"


ကျွန်ဆိုတာ သူသင်ခဲ့သော သမိုင်းစာအုပ်တွေမှာ နှစ်ပေါင်းများစွာ ကျန်ရစ်ခဲ့ပြီ။


ဒေဝီမြိုင်မှာတော့ သခင်နှင့် ကျွန်က ရှင်သန်လတ်ဆတ်နေဆဲ။ သူက စစ်ပွဲကသိမ်းမိသည့်ကျွန်လား ငွေဝယ်ကျွန်လား သူမသိ။ မေးလည်း မမေးဝံ့။ သူသိတတ်စ အရွယ်ကတည်းက ထားရာနေ စေရာသွား ကျွန်ဘဝ ကျင်လည်ခဲ့ရပြီးဖြစ်သည်။ အမှန်တော့ သူ နားမလည်ခဲ့ပါ။ သူငယ်ငယ်က ကြင်နာယုယစွာ သူ့ကို သီချင်းဆိုသိပ်ခဲ့သူက သူ့အတွက် ရက်စက်သော သခင်မ ဘာကြောင့် ဖြစ်နေသလဲ သူ နားမလည်ခဲ့။ ဘာတွေက ပြောင်းလဲသွားသလဲ။ ထိုသမိုင်းက သူ မမှီလိုက်။


အခုတော့ သူ လူပျိုပေါက်အရွယ်ကလေးတောင် ဖြစ်ခဲ့ပြီ။


xxxxxxxxx


တော်ပါပြီလေ

ပြည်ဖုံးကား ချသင့်သည့် အတိတ်တွေ။ ချစ်ရသော ရွယ်နုငယ် ရဲ့ လက်ကို တွဲလို့ သူဘဝသစ် ထူထောင်သင့်သည်ပဲ။


သို့သော် ဒေဝီရယ်

ချစ်ခဲ့မိလေသလား

မုန်းခဲ့မိသလား


ကြင်နာခြင်းလား

နာကျင်ခြင်းလား


ဒေဝီဟာ သူ့အတွက် နတ်ဘုရားမလား။ မိစ္ဆာမ တစ္ဆေဆိုးလား။


သူမသိနိုင်ခဲ့ပြီ။


To be continued

ဒေဝီလေလား တစ္ဆေ လား

Episode 4


အထက်တန်းကျောင်းသားဘဝမှာ သူ အိပ်ရေးဝခဲ့သော ရက်မရှိ။ အိပ်ယာထချိန်က မနက် ၄ နာရီဖြစ်သည်။ စာကြည့်စားပွဲမှာ မျက်နှာသစ် စာစကြည့်ရချိန်က ၄ နာရီ ၅ မိနစ်။ စာကို ထိုင်ခုံမှာ ထိုင်ကျက်ခွင့်မရ ကြမ်းမှာ ဒူးထောက်ကျက်ရသော ဘဝ။


"ကျွန်တွေက ကြမ်းပေါ်ပဲ ထိုက်တန်သတဲ့လေ"


မနက် ၆ နာရီ ထိုးသည်နှင့် ဒေဝီမြိုင် ခြံတစ်ခုလုံး သန့်ရှင်းရေးက သူ့တာဝန်။ ချွင်းချက်ဟူသည် မရှိ။ ပေရေညစ်ပတ်နေသော ကောင်လေးက ကျောင်းမသွားမီ မနက်စာ စားခွင့်ရသည်။


သူ ခြံသန့်ရှင်းရေးကို မနက် ၈ နာရီအထိ လုပ်ရသည်။ ၈ နာရီ တိတိမှာ ဆာလောင် မွတ်သိပ်လှပြီ။ မနက် ၄ နာရီက စတင်လှုပ်ရှားခဲ့သော ခန္ဓာက အစာအာဟာရကို တောင်းဆိုနေပြီ။


ကားဂိုထောင်ထဲကို သန့်ရှင့်းရေးသုံးပစ္စည်းတွေ စနစ်တကျထည့်သွင်းပြီးတော့ ကားဂိုထောင်ကြမ်းပြင်မှာ ဒူးထောက်လိုက်သည်။


"လာပါတော့ သခင်မရယ် ကျွန်တော်မျိုး ဆာလောင်လှချည်ရဲ့"


ခြေသံအကြားမှာ မော်လို့ မကြည့်ဝံပါလေ။ ခြေဖဝါး နုနုလေးမှန်း သူမြင်ပါရဲ့။ လည်ပင်းဆီက ခပ်ကြပ်ကြပ် သားရေပြားကို ခံစားမိဆဲ။ သံကြိုးတန်းလန်းနောက်ကို သူပါသွားပြီလေ။ မနက်တိုင်း ခံစားနေကျ ဝေဒနာ။ နာကျင်ကြေကွဲမှုနှင့်အတူ အမည်မတပ်နိုင်သော ခံစားမှု။ သခင်မက သူထိုင်ရာ ခုံနားရောက်တော့ ခုံအနား ချထားသည့် သံပန်းကန်ပြားကို ခြေထောက်နှင့် သူ့အနား တွန်းပို့သည်။


"ဟဲ့ ခွေး စားတော့"

ရင်နာရသည့် ဝေဒနာက နေ့စဉ်။

သို့သော် သူ မစားဘဲမနေရဲပါ။

နေ့လည်စာကို စားခွင့် ကျောင်းကို ထမင်းချိုင့်ယူခွင့် ပေးပေမယ့် သံမဏိစည်းမျဉ်းသည် ခွေးတကောင်လိုသာ အစားစားခွင့် ရှိသည်။ သခင်မရှေ့မှာ မည်သို့ရှိစေ သူကျောင်းမှာတော့ မလုပ်ဝံ့။ သည်မနက်စာသည် တစ်နေ့လုံးအတွက်။ချဉ်ရေဟင်း ငါးပိချက် ဆမ်းထားသော ထမင်းကြမ်းခဲသည် ဆာလောင်နေသော သူ့အတွက် နတ်သုဒ္ဓါ။


ရက်စက်ပါသည်လေ။

စစ်ပွဲက ရုံးနိမ့်လို့ သုံ့ပန်း ကျွန်ဖြစ်လေသလား။

စီးပွားရေးအရ သိမ်းပိုက်ခံရလို့ ငွေဝယ်ကျွန် ဖြစ်လေခဲ့သလား သူမသိ။


အသိခက်ခဲသော သူ့စိတ်က

နာခံခြင်းမှာ ပျော်ဝင်ပြီး

ခစားခြင်းမှာ နှစ်ခြိုက်ခဲ့လေးသလား သူမသိ။


သန့်ရှင်းရေးလုပ်ရပြီး

ဒူးထောက် ထမင်းစားရသော

ကျွန်ကောင်လေးက ကျောင်းသွားလျှင်တော့ အပျံစားဖြစ်သည်။

သူ့သခင်မက ကိုယ်တိုင် ကားဖြင့်လိုက်ပို့သည်ကိုး။


xxxxxxxxx


ရွယ် နု ငယ်။


ဦးကျော်ဇေယျ အောက်မယ် ဧည့်သည်ရောက်နေတယ်

အောက်မှာ ဧည့်သည်ရောက်နေပါတယ်ဆိုတော့ ။


ချစ်သော ရွယ်ရွယ် ပဲ

ဖြစ်လိမ့်မယ်လေ။


ရွယ် ရယ် ကို့ကို ခွင့်လွှတ်လှည့်ဦးကွယ်။


ကိုယ်ဟာ

ကိုယ့်သခင်မဆီမှာ

ကိုယ့်နှလုံးသားကို အပြီးတိုင် ပေးအပ်ပြီးသူလား

ကိုယ်တိုင်လဲ ဝေခွဲမရသူရယ်ပါ။

ဒေဝီ

Episode 5


သည်လိုနှင့် ၁၀ တန်းစာမေးပွဲဖြေပြီးသည်အထိ ကျွန်တစ်ယောက်ဘဝကို ကျင်လည်ရင်း။


ကျောင်းတက်ရသည့် အချိန်မှတပါး အပြင်လူတွေနှင့် သူ စကားပြောခွင့်မရ။ အိမ်သန့်ရှင်းရေးအကူ မီးဖိုချောင်အကူ မိန်းကလေးတချို့က သူကျောင်သွားနေသည့် အချိန်လာတာများသည်။ သူရှိသည့်အချိန်လာပြီဆိုလျင်တော့ ထိုနေ့က သူ့အတွက် ငရဲခန်း။


ပါးစပ်ထဲ ပင်တီ တစ်ထည့် ဆို့ပိတ်ထားရင်း ရာဘာအလုံးလေးကို တင်းကြပ်စွာ ဖိထည့်ရင်း သူ့လက်တွေကို အပေါ်သစ်သားတန်းကနေ ပစ်ဆွဲ ချည်နှောင်ရင်း ကားဂိုထောင်အပေါ်ထပ်က အခန်းကျဉ်းလေးထဲမှာ သော့ခတ်ထားလေ့ရှိသည်။


ကြိုးဆွဲချည်နေစဉ်ဆို ငြင်းဆန် ရုန်းကန်နေဖို့သတိမရ။ ကြိုးကို မမှီတမှီ မဆွဲချည်ဖို့သာ ဆုတောင်းနေရမြဲ။ မမှီ့တမှီ ဆွဲချည်ထားလို့ ခြေဖျားထောက်နေရလျှင် အချိန်ကြာမြင့်သည်နှင့် အမျှ သူနာကျင်လွန်းလှသည်။


သည်အိမ်အကူ မိန်းကလေးတွေ ပြန်သွားချိန်မှာ ကံကောင်းရင် သူချက်ချင်းလွတ်မြောက်ခွင့် ရတတ်သလို ကံဆိုးရင်တော့ ကျာပွတ်သံတွေ မြည်ဟီးသွားတတ်သည်။ တပတ်တာလုံး သူ ဖောက်ဖျက်ခဲ့သော စည်းကမ်းတွေ။ မနာခံ မှုတွေက သည်အချိန်မှာ အပြစ်ဒဏ်တွေအဖြစ် ပြောင်းလဲသွားတတ်သည်။ ကျာပွတ်ရိုက်ချက်တွေက လက်မြှောက်ကြိုးချည်ခံထားရသော သူ့အတွက် ထိမလွဲပစ်မှတ်သာ။


"သြော် ငါ အပြစ်ပေးတာ နင် ဒဏ်ရာတွေ ရကုန်ဦးမယ်။ အရက်ပြန်လေး ထည့်ခဲ့ပေးဦးမှ"


ယောင်္ကျားတန်မဲ့ သူ ကြောက်ရွံစွာ အော် ငြီးမိလေရင် ဒေဝီက ကျေနပ်စွာ ပြုံးတတ်သည်။


သည်လိုနှင့် ဆယ်တန်းအောင်မြင်ပြီး အဝေးသင်ကျောင်းသားဘဝ ရောက်လာသည့်တိုင် သည်ဘဝကနေ မပြောင်းလဲနိုင်ခဲ့။ ဆယ်တန်းဖြေပြီးတော့ ဒေဝီက သူ့ ကားမောင်သင်ပေး။ ဒေ့ဝီ့ကားကို သူမောင်းခွင့်ရသည်။ အမြင်မတော်တာ စည်းကမ်းဖောက်ဖျက်တာတွေအတွက် ရိုက်နှက်အပြစ်ပေးမှုကို ခံစားရစမြဲ။


သူ အပြင်ထွက်ခွင့်ရလာပေမယ့် လူတွေကို စကားပြောခွင့်မရှိ။ ကားမောင်းခွင့် ရှိလာပေမယ့် ဒေဝီ သွားလာချင်သမျှ ပို့ပေးယုံသာ။


သည်လို ဘဝမှာ အသားကျနေထိုင်လာရင်း ဒေဝီ့ကိုသာ ကိုးကွယ်ရာ လို သူနေခဲ့သည်ပဲလေ။


သူနှင့် ဒေဝီကြား တတိယလူ တစ်ယောက် မလာရောက်ခင်အထိပေါ့လေ။

ဒေဝီ

Episode 6


ရွယ်နုငယ်


ငယ်ရွယ်ချောမောလှပသူလေး။ ချောတာထက် ဆက်စပ် စဉ်းစား ချင့်ချိန်ဉာဏ်တော်သူဆိုတာ ရွယ်နုငယ်ရဲ့ ဂုဏ်ပုဒ်တစ်ခု။


ကျောက်မျက်နှင့်ပတ်သက်သော ဒီပလိုမာ တစ်ခု ယူအပြီးမှာ ဒေါ်ဒေဝီ ပိုင်ဆိုင်သော ကျောက်မျက်ရတနာ အရောင်းဆိုင်တစ်ခုမှာ ရွယ်နုငယ် အရောင်းစာရေးမလေး ဝင်လုပ်ဖြစ်ခဲ့သည်။


မမဒေဝီ လို့ ရွယ်တို့ခေါ်သော ဆိုင်ပိုင်ရှင်မမသည် ရွယ်တို့ အားကျအတုယူရသူ။ ကိုယ်ပိုင်ဒီဇိုင်းဖန်တီးမှု အားကောင်းလှသော မမဒေဝီရဲ့ ကျောက်မျက်လက်ရာတွေ။ အထည်တွေ ရောင်းနေပြီဆိုလျှင် ကျော့မောသော ကိုယ်ဟန် ယုံကြည်မှုရှိသော ဟန်ပန် ချိုသာနူးညံ့သော လေသံတို့က ကျောက်မျက်ဒေဝီတစ်ပါးလို။ တကယ်ဆို ဒေဝီသည် ရွယ့်မျက်စိတွင် အပြစ်ဆိုစရာ တစ်စုံတစ်ရာမရှိ။ ရွယ့်အတွက် ဒေဝီ့ထံမှ သင်ယူစရာ အတုယူစရာ အများသား။ ဒေဝီဆိုသော အမည်နှင့် လိုက်ဖက်လွန်းပေစွ။


ဒေဝီသည် ရွယ်နုငယ်ရဲ့ role model ကျောက်မျက် designer ဖြစ်ချင်သော ကျောက်မျက် ကိုယိပိုင်ဆိုင် ဖွင့်ချင်သော ရွယ်နုငယ်ရဲ့ မဟာ သူရဲကောင်း။


တစ်ရက် တစ်ရက်မှာတော့

မြင်ကွင်းတစ်ခုက ရွယ့် အမြင် ရွယ့် လေးစားမှု ရွယ့် မျှော်မှန်းချက်များ အားလုံးကို ပြောင်းလဲသွားစေသည်။


ထိုနေ့က ဆိုင်ပိတ်သွားပြီ။ အမှန်ဆို အပေါ်ထပ်က MD office ကို ရွယ် တက်သွားစရာ ကိစ္စတော့ မရှိခဲ့။ သို့သော် ရွယ်က နောက်နေ့ အရေးတကြီးကိစ္စဖြင့် ခွင့်ယူချင်တော့ ရွယ် မမဒေဝီ ရုံးခန်းကို တက်သွားမိခဲ့သည်။


တံခါးကို တစ်ချက် သာ ခေါက်လိုက်မိပြီး ကိုယ်ကလဲ မမဒေဝီရဲ့ Secretary. တပိုင်းမို့ တံခါးကို တွန်းဖွင့် ဝင်သွားရင်း။


မမဒေဝီက စူးရှတင်းမာစွာ အကြည့် ။


ရုတ်တရက် ပြန်လည်ဆင်ယင်လိုက်သော အပြုံးတု တစ်ခု။


ဒုတိယ မြင်မိသည်က မမဒေဝီရဲ့ မောင်လား ကားဒရိုင်ဘာလား ဘာမှန်းမသိသူ။


သူ့ကို မကြာခဏ မြင်ဖူးနေပေမယ့် ရွယ်နုငယ် ဂရုမစိုက်အား။


အခု သူက

MD office ရဲ့ ဆိုဖာထိုင်ခုံ ဆက်တီ set ဘေးမှာ


သူ ဒူးထောက်နေသည်ပဲ။


ထူးဆန်းလိုက်တာ

ဒူးထောက်ဒဏ်ပေးရလောက်အောင် ကလေးလဲ မဟုတ်။


ဒူးထောက်ထားရသည့်အပြင်

လက်နှစ်ဖက် တန်းတန်းမြှောက်ထားရသေးသည်။


ပထမ အကြည့်မှာတော့

သူသည် သေမထူး နေမထူး ပုံစံ။

သည်လို ဒူးထောက်ခြင်းက ရိုးနေပြီဆိုသော ပုံစံ။


သို့သော် ရွယ့်ရဲ့ ထူးဆန်းအံသြသော အကြည့်မှာ ရုတ်တရက် ရှက်သွေးဖြာသွားသော မျက်နှာ။ ယူကြုံးမရဖြစ်သော မျက်နှာ။


တကယ်က

ထိုအခိုက်အတန့်လေးမှာပဲ

သည် တတင်္ဂလေးမှာပဲ

သူတို့ ၃ ယောက်ကြား

ဘဝ သစ်တွေ အစပျိုးခဲ့သည်ပဲ။

ဒေဝီ

Episode 7


တကယ်တော့ ကျော်ဇေယျအတွက် ဒေဝီရှေ့မှာ ဒူးထောက်ရခြင်းသည် ဘာမှ မထူးဆန်း။ ဒေဝီ့ရဲ့ control အောက်မှာ သူ နှစ်ပေါင်းများစွာ အသားကျခဲ့ပြီးပဲ။


ဒေဝီသည်သာ သူကမ္ဘာ။ သို့သော် ရွယ်နုငယ်ဆိုသော မိန်းကလေးရဲ့ အကြည့်တစ်ချက်မှာ ဘဝတွင် ပထမဆုံးအဖြစ် ကျွန်အဖြစ်ကို ရှက်ရွံမိခဲ့ပြီ။ ဒူးထောက်ခံစားရခြင်းမှ ပြေးထွက်ချင်မိသည်။ ဘာကများ ၊ ဘယ်လိုအကြောင်းအရာကများ ကျော်ဇေယျကို ပြုစားခဲ့ပါလိမ့်လေ။


ထိုနေ့က ခွင့်တိုင်ကြားခြင်း ကိစ္စပြီးလို့ ပြန်ထွက်သွားသော ရွယ်နုငယ်နောက်ကျောကို ကြည့်ရင်း တစ်စုံတစ်ရာ ပြိုလဲ ပျက်စီးသွားသလို ။ ကျော်ဇေယျသည် တခဏအားဖြင့်တောင် ဒေဝီကို မေ့သွားခဲ့မိသည်။


သခင်မ ၊ အရှင်သခင်မ ဟူသည် ကျွန်တစ်ယောက်ရဲ့ မေ့လျော့ပေါ့ဆခြင်းကို ခွင့်လွှတ်ရိုး ထုံးစံမရှိ။


ဒူးထောက်ခစားရခြင်း ရိုက်နှက်ခံရခြင်းက သူ့အတွက် အဆန်းတကြယ် မဟုတ်သော်လည်း ထိုနေ့ညက သူ ထမင်းမစားရဘဲ လက်နောက်ပြန် လက်ထိတ်ခတ်ပြီး ခွေးလှောင်အိမ်ထဲ ဝင်လိုက်ရတော့ ကျွန်တစ်ယောက်လို သွေးတို့က ပြန်လည်ဆူပွက်လာခဲ့သည်။


ဘာမှ မစားမသောက်ရဘဲ လှောင်အိမ်ထဲမှာ မသက်မသာ ကျဉ်းကျဉ်းကြပ်ကြပ်နေရဆဲသူ့အနီးက ဆိုဖာမှာ ဒေဝီက ထိုင်နေဆဲ။ သူပင် ညစားစားခွင့်မရသည်မဟုတ်။ သူ့သခင်မသည်လည်း ညစာမစား။ သို့သော် black ဝီစကီတလုံး ချပြီး တစ်ခွက်ပြီး တစ်ခွက် သောက်နေသော သူ့သခင်မ။


မသောက်ပါနှင့်တော့ ဒေဝီရယ်။

ကျွန်ကလေးအပေါ်သာ ရက်စက်တတ်ပေမယ့် ဒေဝီက နူးညံ့တဲ့ ပန်းကလေးတစ်ပွင့်ဆိုတာ သူသိပါရဲ့လေ။


ထိုညက အပြင်ဘက်မှာ မိုးတို့က တခြိမ်းခြိမ်းရွာဆဲ။ လျပ်တို့ ပျက်နေဆဲ။ မိုးကြိုးတို့ ပစ်နေဆဲ။


သည်လို မိုးညတညမှာ သူ ဒေဝီ့အပါးက ထွက်ပြေးဘူးသည်။ ထိုညက သူ့ မိုးနတ်ဒေဝီက နတ်သားတပါးနှင့် ချစ်တင်းနှော ချစ်ရည်လူးနေခဲ့သည်လေ။ သူ့ကမ္ဘာ ပြိုကျသလို သူ ဒေဝီ့ထံပါးက မနာလိုဝန်တိုစိတ်ဖြင့် ထွက်ပြေးခဲ့ဘူးသည်။


သူ လှောင်အိမ်သံတိုင်တွေကြားက ဒေဝီကို ငေးကြည့်မိနေသည်။ အို သူမမှားဘူးဆိုလျင် အရက်ခွက်ကို မော့ရင်း ဒေဝီ ငိုနေသည်။ ဟုတ်သည်။ မိုးနတ်ဒေဝီ ငိုနေသည်။


မိုးနတ်ဒေဝီက သီချင်းတပုဒ် စဆိုသည်။ ဒေဝီ့နှလုံးသားထဲက ထွက်လာသလို ။ ဒေဝီ့ ငိုချင်းလေလား။


"မိုးရွာသလို ငိုနေတယ် ကလေးရယ်။ တိတ်ပါတော့ကွယ်။ သိကြားမင်းကြီး စိတ်ဆိုးရင် တုတ်နှင့်ရိုက်လိမ့်မယ်။ တိတ်ပါတော့ ကလေးရယ်။ xxxxx မိုးပေါ်မှာ ယုန်ကလေးရှိတယ်။ ဖိုးလမင်းကြီး ရင်ထဲမယ်။ အခုည မှာ တိမ်ညို ဆိုင်းလို့ရယ် ရွှေလရယ် မသာနိုင်ဘူးတဲ့။ ယုန်ကလေးလည်းငို သားကလေးလဲငို သမီးလေးလဲ ငိုနေတော့ကွယ် ။ သိကြားမင်းကြီးတောင် ငိုချင်ရှာလိမ့်မယ်။ တိတ်ပါတော့ ကလေးရယ်။ "


သူ မြင်ကွင်းတစ်ခုကို မြင်ယောင်မိသည်။ ပုခက်ထဲက ကလေးငယ်တစ်ဦး။ ပုခက်ဘေးက ၁၃ နှစ်အရွယ် ကောင်မလေး တစ်ဦး။


ကလေးမလေးက မျက်ရည်တွေတွေကျရင်း သည်သီချင်းကို ဆိုညည်းနေဆဲ။ အခု ဒေဝီ ဆိုနေသလို။


To be continued

ဒေဝီ

Episode 8

“ညီလေးရေ ထပါတော့ ရောင်နီလာလာပေါ့။ ညီမလေးရေ ထပါတော့ ရောင်နီလာလာပေါ့။ တကျော့ နှစ်ကျော့ တေးကိုသီ ငှက်ကျားနှုတ်ပလီ။ xxxxxxxxxx အိပ်မက်သံသရာမှ နိုးထစေချင်သည်။ ဖြိုးဖျရွှေရင် ဘဝင်တစိမ့်စိမ့် တသိမ့်သိမ့်ညီ။ ကျွန်မတို့ ငယ်ငယ် မိရယ်ဘရယ် ဘ၀၀ယ် စုံစုံညီ။” တီးတိုးငိုချင်းနှယ် ဒေဝီ သီချင်းကို ဆက်မဆိုနိုင်။ ပျို့တက်လာသလို။ ရင်တခုလုံးက ကြေလုဆဲဆဲ။ မဟုတ်ဘူး ဘဝကိုက ကြေနေခဲ့ပြီးသားပဲလေ။ ဒေဝီဘ၀ တစ်ခုလုံးက ကြေနေခဲ့ပြီးသား။

လွန်ခဲ့သည့် ၁၀ နှစ်က စောမြတ်သာနှင့်နန်းရွှေ ဆိုသော ဒေဝီ့ မိခင်နှင့်ဖခင်။ တစ်ဦးတည်းသော သမီးလေးသည် နန်းဒေဝီ။ အားလပ်ချိန်များတွင် ပါပါ က ပီယာနိုတီးတတ်ပြီး မာမာက တစ်ကျော့နှစ်ကျော့ တေးကိုသီတတ်သည်။ ၃ နှစ်သမီး ဒေဝီသည် စာသားအားလုံး နားမလည်သော်လည်း “ကျွန်မတို့ ငယ်ငယ် မိရယ်ဘရယ် ဘ၀၀ယ် စုံစုံညီ’ ဆိုသော စာသားကို ကြိုက်သည်။ ဒေဝီသည် “ဖ” ကို သိသည်။ “မိ” ကို သိသည်။ မိနှင့်ဖ အကြား လှလှပပ ဘဝကို ဒေဝီဖြတ်သန်းခဲ့ဘူးသည်ပဲ။ တစ်ရက်ကတော့ ဒေဝီမြိုင်မှာ လူတွေအများကြီး၊ မီးတွေထိန်အောင် ထွန်းထားခဲ့တာ။ ဒေဝီမမြင်ဘူးသည့် လူစိမ်းတွေ အများကြီး။ ဒေဝီကတော့ ပျော်ရွှင်ရယ်မောနေရင်း။ နောက်တော့ မာမာ မရှိတော့။ မာမာ သေသွားခဲ့ပြီတဲ့။ သေတယ်ဆိုတာ ဘာမှန်းမသိ။ မာမာမရှိတော့ ဒေဝီ ဝမ်းပန်းတနဲ။ နောက်တော့ ပါပါက နှုတ်ခမ်းနီတွေ ခပ်ရဲရဲ ဆိုးထားသော အမျိုးသမီးတစ်ဦးကို အိမ်ခေါ်လာခဲ့သည်။ သူ့ကို မာမာလို့ခေါ်ရမယ်နော် သမီးတဲ့။ ဟင့်ဟင်း မခေါ်ချင်ပါဘူူး။ သည်မာမာ မျက်လုံးတွေက ကြောက်စရာကြီး။ သို့သော် အဲ့သည်မာမာက မျက်လုံးသာ ကြောက်စရာကောင်းတာ။ နှုတ်ခမ်းတွေတော့ ပြုံးနေတတ်သည်။

သည်လိုနှင့် ဒေဝီ ကျောင်းစနေသည့်အရွယ်ရောက်လာခဲ့သည်။ တစ်ရက်ဒေဝီ ကျောင်းက ပြန်လာတော့တစ်အိမ်လုံး ငိုနေကြသည်။ ဘာလို့ ငိုနေမှန်း ဒေဝီမသိ။ ပါပါ့ကိုမေးတော့ ဘယ်သူမှ မဖြေ။ ဒေဝီသည် စိုင်းကျောက်ထံ ပြေးသွားခဲ့သည်။ စိုင်းကျောက်ဆိုတာ ဒေဝီငယ်ကတည်းက ထိန်းကျောင်း လာသူ။ စိုင်းကျောက်က ဒေဝီ့ကို မျက်ရည်တွေကြားက ကြည့်သည်။

ပါပါကို မမြင်ရတော့သည့်နောက်ပိုင်း  ဒေဝီမြိုင်စံအိမ်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားတာတော့ အသက် ၆ နှစ်အရွယ် ဒေဝီကလေးက ကောင်းကောင်းသိနိုင်ခဲ့ပြီ။ ပထမဆုံး အပြောင်းအလဲက ဒေဝီ ကျောင်းမတက်ရတော့ခြင်း ဖြစ်သည်။ “ဒေ့ဝီကို ရန်ကုန်က Private School ကို ကျောင်းအိပ်ကျောင်းစားပို့မှာလေ” ဆိုတာကို မာမာအသစ်က လူစုံတိုင်း ပြောတတ်သည်။ နောက်တော့ ဒေဝီတို့အိမ်က အိမ်ဖော်တွေမှာ စိုင်းကျောက်ကလွဲရင် အသစ်တွေ ရောက်လာသည်။။ ထိုလူသစ်တွေကို ဒေဝီမကြိုက်။ သူတို့ကလဲ ဒေဝီ့ကို မကြိုက်။ ဒေဝီ့အဖို့ ဒေဝီမြိုင်သည် ပျော်ရွှင်ဖွယ်မကောင်းတော့။ ဘယ်သူမှ ဂရုစိုက်ခြင်း မခံရသော ဒေဝီသည် ကျောင်းလဲတက်ခွင့်မရ။ အပြင်လဲထွက်ခွင့်မရ ဒေဝီမြိုင်မှာ အချိန်တွေကို ဖြတ်ကျော်နေခဲ့ရသည်လေ။ ဒေဝီ့ မာမာအသစ်က လူတွေရှေ့ဆို ဒေဝီကို အရမ်းချစ်ပြ၊ ဂရုစိုက်ပြခဲ့ပေမယ့် နောက်ကွယ်မှာ ဒေဝီ့ကို အရေးတယူလုပ်သည်မရှိ။

ဒေဝီ့အသက် (၈)နှစ်လောက်ကျတော့ ဒေဝီမြိုင်ကို လူတစ်ဦး ထပ်ရောက်လာခဲ့သည်။ သူက မာ့မာ့ မောင်ဝမ်းကွဲလို့ ပြောပေမယ့် သူနှင့် မာမာအသစ်က တစ်ခန်းထဲအိပ်တတ်သည်။ သည်အိပ်ခန်းကို ဒေဝီ ခိုးခိုးကြည့်တတ်သည်။ ဒေဝီ ဝင်ခွင့်မရတော့သော အခန်း။ ပါပါ၊ မာမာတို့နှင့် ဒေဝီ တို့ အတူတူ အိပ်စက်ခဲ့ သည့်အခန်း။ သည်အိပ်ခန်းကို ဒေဝီ  လှေကားထောင့်ကလေးကနေ ချောင်းချောင်းကြည့်တတ်သည်။

တစ်နှစ်ကျော်လောက် ကြာချိန်မှာတော့ ဒေဝီ (၉) နှစ် (၁၀) နှစ်လောက်ထင်သည်။ ခြောက်သွေ့သော ဒေဝီ့ဘဝထဲကို ကလေးလေးတစ်ယောက် ရောက်လာခဲ့သည်။ ကလေးလေး။ လူကလေး တစ်ယောက်။ အဲ့ကလေးလေးက မာမာအသစ်ရဲ့ကလေးတဲ့။ သို့သော် ဒေဝီချစ်သည်လေ။ ကလေးကစားဖော် မရှိခဲ့သော ဒေဝီသည် ထိုကလေးလေးကို အရမ်းချစ်သည်။ အိမ်ဖော်တွေက ပထမတော့ ဒေ့ဝီ့ကို အနားကပ်မခံခဲ့ပေမယ့် ဒေဝီကြောင့် သူတို့သက်သာတော့ မသိချင်ယောင်ဆောင် နေကြသည်။ ဒေဝီက မောင်လေးရေ ထပါတော့ ဆိုသည့် ကြားဖူးနေကျ သီချင်းလေး ဆိုဆိုပြရင်း သိပ်တတ်သည်။ သည်လိုနှင့် ဒေဝီ့ဘ၀ ချမ်းမြလှပလာခဲ့သည်။ “ကျွန်မတို့ ငယ်ငယ် မိရယ်ဘရယ် ဘ၀၀ယ် စုံစုံညီ” ဆိုသည့်နေရာရောက်လျင်တော့ ဒေဝီငိုင်သွားစမြဲ။ ဒေဝီ အရွယ်မရောက်သေးပေမယ့် မိရယ် ဘ ရယ် ဘ၀၀ယ် မစုံညီနိုင်တော့မှန်း ဒေဝီသိခဲ့ပြီပဲလေ။

Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ