ရင်ခွင်စိမ်း
ဟ်ိတ် ယား ဖြောင်း
ခြေဖျားစောင်းနဲ့ ကန်ချက် ။ လှည့်ကြည့်စရာ မလို ။ ပွဲသိမ်းတိုက်ကွက်မှန်း သိလိုက်သည် ။
ဆေးအဖွဲ့ ဆရာဝန်ရောက်လာပြီး စစ်ဆေးတော့ တစ်ဖက်ကလူ ဆက်ပြီး မယှဉ်ပြိုင်နိုင်တော့ကြောင်း တင်ပြလာသည် ။ ဒိုင်ဖြစ်သူက အနိုင်ကြေငြာလိုက်ပြီ ။
ကြည့်နေတဲ့ ပရိတ်သတ်တွေ လက်ခုပ်သံက ဝေါကနဲ လျှံတက်လာသည် ။
ချန်ပီယံ စိမ်းလဲ့နွယ် ။
သုံးနှစ်ဆက် ကရာတေး ချန်ပီယံ ။
ဂုဏ်ပြုဆုတံဆိပ်ကို လက်ခံရယူုပြီး ပရိသတ်ကြီးကို အလှဆုံး အပြုံးနဲ့ နှုတ်ဆက်နေတဲ့ စိမ်းလဲ့နွယ် ။ နောက်ဆုံး အနေနဲ့ နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ပြီး အောင်မြင်မှု့ သရဖူကို ရယူခဲ့ခြင်း ဖြစ်သည် ။
အသက်အရွယ်ကလည်း သုံးဆယ်ကျော်လို့ ငါးနှစ်စွန်းခဲ့ပြီ ။ အားကစားနှင့် မွေးရာပါ ရှမ်းသွေးတို့ ပေါင်းဆုံမိသော အခါ အရပ်အမောင်း မြင့်မြင့်မားမား ကျစ်လစ်သော ခန္ဓာကိုယ် အဆီပိုမရှိ ။ လှပဖြူဝင်းသော အသားအရေ ထူထဲသော မျက်ခုံး စူးရှသော မျက်လုံးအစုံနှင့် ပိရိသေသပ်သော နှုတ်ခမ်းနှစ်လွှာ ဖြောင့်စင်းသော နှာတံတို့အပြင် နက်မှောင် ရှည်လျားသော ဆံကေသာတို့က မိန်းမချော မိန်းမမြတ် မိန်းမကောင်း အင်္ဂါရပ်တို့နဲ့ ပိုပြီး ပြည့်စုံစေသည် ။
အေးစက်တင်းမာသော အကြည့်နှင့် စူးရဲသော မျက်လုံး အစုံကြောင့် ပုရိသယောကျာ်းတို့ အနားကို မကပ်ရဲ ။ ကရာတေး ချန်ပီယံဆိုသော ဂုဏ်ပုဒ်ကလည်း မြွေဟောက်ရဲ့ ပါးပျဉ်းအလား စိမ်းလဲ့နွယ် အတွက် ပိုပြီး လုံခြုံစေသည် ။
စီးပွားရေးနဲ့ မိဘ အသိုင်း အဝိုင်းကလည်း ရွှေကုန်သည် ။ ရွှေဆိုင်ခွဲများစွာနဲ့ ။ ဘာများလိုပါသလဲ ။
အချိန်တွေကို သီချင်းနားထောင်ရင်း သစ်ခွပန်းပင်တွေ စိုက်ရင်း ကုန်လွန် လာခဲ့သည်။တစ်ခါတစ်လေတော့လည်း ကရာတေး ပညာရပ်တွေကို လေ့ကျင့်ကစားရင်း ကုန်လွန်လာခဲ့သည် ။
သီချင်းတွေ နားထောင်ရင်း ပျော်မွေ့နေခဲ့သည် ။ နားထောင်ဖြစ်တဲ့ သီချင်းတွေ ကြားမှာ အကြိုက်ဆုံး သီချင်းတစ်ပုဒ် ရှိသည် ။ အေးအေး ငြိမ့်ငြိမ့်လေး။
မူယာလေး မော့မော့ ဆံနွယ်ကျော့ကျော့မှာ မင်းပန်ဖို့ ရည်စူး ပန်းခူးခဲ့ပြီ ။ လှပတယ် မေရယ် ပန်းလေးတစ်ပွင့်လို ပန်းကြိုက်သူ မူယာသွေး အေးမြလှတယ်
ကဗျာဖွဲ့ဖွဲ့ စာနွဲ့နွဲ့ ကဗျာရေးရေး စာရေးရေး လှလှပပ ချစ်သူမျက်နှာ ကဗျာတွေ စာတွေ သီဖွဲလို့ မမီ ။
သီချင်းစာသားလေးတွေတောင် ပါးစပ်က လိုက်ညည်းမိနေပြီ ။
သီချင်းသံတွေကြားမှာ ကုန်ဆုံးရင်း
. အချိန်ကြာလာတော့ ကိုယ်တိုင် ဂီတကို ဖန်တီးချင် စိတ်ပေါက်လာသည် ။ ဂစ်တာ တစ်လက်ဝယ်ယူပြီး ဂစ်တာတီး သီချင်းဆိုဖို့ရာ စဉ်းစားမိတော့ လက်တွေ့အကောင်အထည် ဖော်လိုက်သည် ။
ကားလေးကို ကိုယ်တိုင်မောင်းကာ လမ်းတစ်လျောက် ဂစ်တာရောင်းသည့် ဆိုင်ကို ကြည့်လာခဲ့သည် ။ ဆိုင်လေးတစ်ဆိူင်ကို တွေ့ပြီ။ ဆိုင်ရဲ့့မှန်တံခါးမှာ တူရိယာ သံစဉ်သင်္ကေတလေးတွေ ချိတ်ထားပြီး happy birthday ဟု ချိတ်ထားသော စာတန်းလေးနဲ့ ။
ဆိုင်တံခါးကို တွန်းဖွင့်ဝင်လိုက်တော့ အထဲမှာ ဂစ်တာ မျိုးစုံ ။ လူရိပ်မတွေ့ရသေး ။ လှပသော ဂစ်တာလေးတွေ မျိုးစုံ ။ စိတ်တိုင်းကျ လျှောက်ကြည့်နေမိသည် ။
ပန်းနုရောင် ဂစ်တာလေးရှေ့မှာ ရပ်နေမိသည် ။ ဘယ်အချိန်နောက်က ရောက်နေမှန်း မသိသော ကောင်လေးတစ်ယောက် ။ ဆံပင်လေးက ဂုတ်ပေါ် ဝဲကျနေသည် ။ ဂျင်းဘောင်းဘီနဲ့ တီရှပ် အနက်ရောင် ဝတ်ထားပြီး ရုပ်ရည်လေးက နုဖတ်နေပြီး နှုတ်ခမ်းလေးက နီစွေးနေသည် ။
မမ စိတ်တိုင်းကျ စမ်းကြည့်လေ အရောင်လေးကလဲ လှတယ် ။
စိမ်းလဲ့နွယ် ဂစ်တာလေးကို ကိုင်ကြည့်ပြီး ကြိုးလေးကို အသာအယာ ခတ်ကြည့်လိုက်သည် ။
ဒီဟာလေး ယူလိုက်မယ် ။
ဂစ်တာမှာ ကပ်ထားသော စျေးတန်းလေး အတိုင်း ပေးချေပြီးတော့ ဆိုင်ထဲက ထွက်မယ်လုပ်တော့
မမ ကျေးဇူးပြုပြီးတော့ အချိန်နဲနဲလောက် ပေးလို့ရမလား ။
ဘာဖြစ်လို့လဲ ။
ဒီနေ့က ကျွန်တော့်ရဲ့ အသက်နှစ်ဆယ်ပြည့် မွေးနေ့မို့လို့ ဆိုင်လာဝယ်တဲ့ ပထမဆုံး စျေးဝယ်ကို ဝယ်တဲ့ပစ္စည်းရဲ့ တစ်ဝက်တိတိ လျှော့ပေးမှာပါ ။
ပြီးတော့ သီချင်းလေးတစ်ပုဒ်နဲ့ဖျော်ဖြေပေးဖို့ စီစဉ်ထားပါတယ် ။
မမက ပထမဆုံး ဝယ်ယူသူဆိုတော့ မမက အဲဒီ အခွင့်အရေး နှစ်ခုကို ရမှာပါ ။
အင်း ဒို့ စိတ်ဝင်စားပါတယ် ။
မမ ဒီမှာ ထိုင်ပါ ခင်မျ ။
စိမ်းလဲ့နွယ် ညွှန်ပြတဲ့ နေရာမှာ ထိုင်လိုက်တော့ စားပွဲပေါ်ကို ရောက်လာတဲ့ အချိုရည်ဗူးတွေ ။
ဆိုင်ရှင်လို့ ထင်ရတဲ့ ကောင်လေးက တံခါးမှာ ချိတ်ထားတဲ့ စာသားလေးကို ပြောင်းပြန်ဖြစ်အောင် လှည့်လိုက်တော့ စိမ်းလဲ့နွယ် ရင်ခုန်သွားသည် ။ open ဆိုသော စာသားလေးက ရွှေရင်အစုံကို ခုန်သွားစေသည်။
နှလုံးသားရဲ့ တံခါးလေးက သူနဲ့ကျမှ ပွင့်တော့မှာလား ။ ကောင်လေးက ငယ်သေးတယ် ။ ခုမှ အသက်နှစ်ဆယ်ပြည့် မွေးနေ့ဆိုလား ။
မိမိကို သီချင်းတစ်ပုဒ် ဆိုပြမလို့တဲ့ ။ ခံစားကြည့်ချင်စိတ် ပေါ်လာသည် ။ ပြီးတော့ သစ္စာဆိုလိုက်သည် ။ မိမိရဲ့ ဖူးစာဖက် ဆိုပါက မိမိ ကြိုက်သော သီချင်းလေးကို ဆိုပြပါစေ ။ ဖူးစာရှင် မဟုတ်ပါက တခြားသီချင်းဖြစ်ပါစေ ။
လက်နှစ်ဖက်ကို ပူးကာ လက်ချောင်းလေးတွေ ယှက်ပြီး ဆန္ဒပြုမိသည် ။
အချိုရည် တစ်ဗူးကို ဖောက်လိုက်ပြီး ဖန်ခွက်ထဲ ထည့်လိုက်ချိန် ဆိုင်ထဲက မီးအဖြူတွေ မှိတ်သွားပြီး ရောင်စုံ်မီးလေးတွေ လင်းလာသည်။ မီးရောင်တွေရဲ့ အလယ်မှာ ဆိုင်က ကောင်လေး။
စည်ပိုင်းလေးပေါ်မှာ ထိုင်ပြီး ဂစ်တာလေးကို ကိုင်ထားသည် ။ လက်ချောင်းလေးတွေက လှုပ်ရှားသွားပြီး ဂီတသံစဉ်လေးတွေ ပေါ်လာသည် ။ စိမ်းလဲ့နွယ် ခြေဖျား လက်ဖျားတွေ အေးလာသည် ။ မှိန်ဖျော့သော ရောင်စုံမီးရောင် အောက်မှာ ထွက်ပေါ်လာသော ဂစ်တာသံနဲ့ ကောင်လေးရဲ့ ရုပ်ရည်က ရိုမက်တစ် ဆန်စွာ သားနားနေသည် ။
ဂစ်တာသံ ပေါ်လာကတည်းက သိလိုက်ပြီ။ မိမိရဲ့ အကြိုက်ဆုံး သီချင်း ။
ကဗျာ မမီ စာမပီ ။
တိုက်ဆိုင်လွန်းတာလား ။ ဖူးစာရေးနတ်က ဒီအရွယ်ရောက်မှ ဖန်တီးသလား ။
နှလုံးခုန်သံတွေ မြန်လာပြီ ။ ရင်ခုန်ရင် အချစ်ဆိုတာ ဖြစ်လာတာလား ။ အသက်အရွယ်က ကွာလွန်းသည် ။ အချစ်ဆိုတာ အသက် အရွယ်နဲ့ ဆိုင်လေသလား ။
ဂစ်တာသံထဲမှာ စီးဝင်နစ်မျောသွားတာ အံ့သြဖွယ်ရာပင် ။ လှလှပပ သေသေသပ်သပ် မိမိနားထောင်နေကြ သီချင်းကို ဂစ်တာလေးတစ်လက်ထဲနဲ့ ဆိုတီး တီးပြသွားတာ နားထဲစွဲနေခဲ့သည် ။
မျက်တောင်ခတ်ရမှာတောင် မေ့နေတဲ့ စိမ်းလဲ့နွယ် ။ ကောင်လေးကို ငေးကြည့်နေမိသည် ။
သီချင်းလေးပြီးသွားတော့ ကောင်လေးက ထိုင်နေရာမှ ထပြီး ခေါင်းလေးညွှတ်ကာ နှုတ်ဆက်သည် ။
မီးအဖြူတွေ လင်းလာပြီး ပုံမှန်ပြန်ဖြစ်သွားသည် ။ စိမ်းလဲ့နွယ် သတိဝင်လာပြီး ခေါင်းလေးငြိမ့်ကာ အသိအမှတ် ပြုပေးလိုက်သည် ။
နားထောင်လို့ အရမ်းကောင်းတာဘဲ ။
ကျေးဇူးတင်ပါတယ် မမ ။
ဒို့ နာမည်က စိမ်းလဲ့နွယ် ။
မမက လူတင် လှတာ မဟုတ်ဘူး နာမည်ကလည်း အရမ်းလှတာဘဲ ။
ယူကတော့ မြှောက်ပြီ ။
မဟုတ်ပါဘူး မမ ။ ကျွန်တော်က အသက်ပြည့်ပြီလေ ။
အဲဒီတော့ ဘာပြောချင်တာလဲ
မမရဲ့ အလှကို ခံစားတတ်ပါတယ်လို့ ။ လှတာကို လှတယ်လို့ သိတယ်ပြောမလို့ပါ ။
ဟင်း ဟင်း နောက်ဆုံးတော့ လူကို မြှောက်တာပါဘဲ ။ ဒါနဲ့ ယူရဲ့ နာမည်က
နေသူရိန်ပါ မမ ။
အဆိုကလဲ ကောင်း ဂစ်တာတီးလည်း တော်တယ်နော် ။
ဝါသနာကြောင့်ပါ မမရယ် ။
သီချင်းခွေတွေ ဘာတွေ ထုတ်ဖို့ အစီအစဉ်ရှိလား ။
မရှိပါဘူး မမရယ် ။ ချစ်တဲ့ သူကို ဆိုပြဖို့ဘဲ စိတ်ကူးထားတာပါ ။
အို
စိမ်းလဲ့နွယ် မျက်နှာလေး ရဲသွားသည် ။
နေသူရိန် စကားပြော လောသွားမှန်း သိလိုက်သည် ။
ဟာ ဆောရီးပါ မမ ။
တောင်းပန်ပါတယ် ။ ချစ်သူတွေ့ခဲ့ရင် ဆိုပြမယ်လို့ ပြောတာပါ ။
ဒို့ က အပျိုဆိုတော့ မင်းစကားတွေက ရင်ထဲထိရောက်တယ် ။
အို မမ ကျွန်တော်ကလည်း ချစ်သူရှိခဲ့ရင် လို့ပြောတာပါ ။ မမနဲ့ ကျွန်တော်က ဘဝတူတွေဘဲ ။ မမ အတွက် ဒီမှာ အထူးပရိုမိုးရှင်း ဂစ်တာ က ခြောက်သိန်းဆိုတော့ တစ်ဝက်စျေးနဲ့ သုံးသိန်းလျှော့ ပေးလိုက်တယ် ။
ကျေးဇူး ။
မမ ဒီမှာ ဆိုင်ဖုံးနံပါတ် ။
အိုကေပါ ။ ဒို့ကို ခွင့်ပြုပါအုံး ။
ကျေးဇူးပါ မမ ။ နောက်လည်း လာအားပေးပါအုံး ။
စိမ်းလဲ့နွယ် ကောင်လေးကို စိတ်ဝင်စားနေမိပြီ ။ နောက်တစ်ခေါက်ဆုံဖို့ရာ အစီ အစဉ် ဆွဲနေမိသည် ။ ဘယ်လိုလုပ်ရမလဲ ။
စိမ်းလဲ့နွယ် လှပသော ပန်းစည်းကြီး တစ်ခု မွေးနေ့ကိတ်ကြီးတစ်ခု ဝယ်လိုက်သည် ။ လက်ပတ်နာရီ တစ်လုံးကိုလည်း
လှပစွာ ပါကင်ထုပ်ပြီး ဝယ်လိုက်သည် ။
ဂစ်တာဆိုင်ကို ပြန်မောင်းလိုက်ပြီး ပန်းစည်းကို ပွေ့ကာ လက်ဆောင်ဗူးလေးကို ပန်းစည်းကြားမှာ ထားလိုက်သည် ။ ပန်းစည်းလေးကို ပွေ့ပြီး ကားပေါ်က လှပစွာ ဆင်းလာတဲ့ စိမ်းလဲ့နွယ်ကို မြင်တော့ နေသူရိန် ဆိုင်တံခါးကို အဆင်သင့် ဖွင့်ပေးထားသည် ။
စိမ်းလဲ့နွယ် ဆိုင်ထဲရောက်တော့
မမ ဘာကျန်ခဲ့လို့လဲ ။
စိမ့်လဲ့နွယ် ရင်ထဲက ပြောနေမိသည် ။
အသဲနွလုံး ။
ပါးစပ်ကတော့ လှပစွာ ပြုံးရင်း
ဟက်ပီး ဘတ်ဒေးပါ ။
ဟာ
ပန်းစီးကြီးကို လက်ကမ်းပေးတော့ နေသူရိန် အံ့သြစွာနဲ့ လက်ခံယူသည် ။
ဟာ မမ ကျေးဇူးပါ ။ တကယ်ကျေးဇူးတင်ပါတယ် ။ ဒူးလေးတစ်ဖက်ထောက်ပြီး လက်ခံယူလိုက်သည် ။ စိမ်းလဲ့နွယ် အံ့သြရင်း ကြည်နူးမိသည် ။
တကယ် ကျေးဇူးတင်ပါတယ် မမ ။ ကျွန်တော် မွေးနေ့က ဒီလောက်ကြီး ဖြစ်ဖို့ မရည်ရွယ်ပါဘူး ။ ပထမဆုံး ကာစတန်မာကို လျှော့ပေးဖို့ ပြင်ထားတားပါ ။ မမ ဖြစ်နေတော့ မရည်ရွယ်ဘဲ ဆိုပြမိတာပါ ။
ဟုတ်ပါပြီ ရှင် ။ ဒို့ ကလည်း မွေးနေ့ရှင် အတွက် စေတနာပါ ။ ကားပေါ်မှာ ကျန်သေးတယ် သွားယူလိုက်အုံးမယ် ။
ကျွန်တော်သွားယူပေးမယ်လေ ။
ယူ သဘောဘဲ ။ ကားရှေ့ခန်းမှာ ။
နေသူရိန် ကားတခါးကို ဆွဲဖွင့်လိုက်တော့ မွေးနေ့ကိတ်ကြီး ။
ကျေးဇူးပါ မမရယ် ။
စိတ်ထဲက ပြောရင်း မွေးနေ့ကိတ်ကို သေချာစွာ ယူလာသည် ။
မမ မွေးနေ့ကိတ်ကို မမနဲ့ အတူ စားရအောင်နော် ။
မွေးနေ့ရှင်က ခေါ်မှ ခေါ်ပါ့မလားလို့ ။
သြော် မမရယ် ။
နေသူရိန် ဆိုင်တံခါးကို close ဆိုသော စာလေး ပြောင်းချိတ်လိုက်သည် ။
ကိတ်မုန့်ပေါ်က ဖယောင်းတိုင်လေးတွေကို မီးထွန်းလိုက်သည် ။
ဟက်ပီး ဘက်ဒေးပါ နေသူရိန်
ကျေးဇူးပါ မမ ။
ဖယောင်းတိုင်လေးတွေကို ပြိုင်တူ မှုတ်လိုက်ကြသည် ။
နေသူရိန် ကိတ်မုန့်ကိုလှီးပြီးတော့ စိမ်းလဲ့နွယ်ကို လှမ်းပေးလိုက်သည် ။
စိမ်းလဲ့နွယ် လက်ကမယူဘဲ ပါးစပ်လေး ဟပေးလိုက်သည် ။ နေသူရိန် သဘောကျစွာပြုံးပြီး ကိတ်မုန့်လေးကို စိမ်းလဲနွယ် ပါးစပ်လှလှလေးထဲ ခွံလိုက်သည် ။
နှစ်ယောက်သား မျက်နှာချင်း နီးကပ်သွားပြီး မျက်လုံးထဲမှာ အဓိပ္ပါယ်ပေါင်းများစွာ ပါးစပ်က ပြောစရာ မလိုဘဲ အလိုလို နားလည်သွားပြီး စိမ်းလဲ့နွယ် မျက်လွှာလေး ချသွားသည် ။
မမ ကျေးဇူးပါနော် ။
ဘာအတွက်လဲ ယူ ။
ကျွန်တော့် ဘဝမှာ ပထမဆုံး ရခဲ့တဲ့ အလှဆုံး မွေးနေ့ အတွက် ကျေးဇူးပါ ။ ပြီးတော့ နာရီလေး အတွက်ရော ကျွန်တော်သွားတဲ့ နေရာမှာ မမကလိုက်နေသလို ဖြစ်အောင် အမြဲတမ်း ပတ်ထားမှာပါ ။
ဒို့လည်း ဘယ်သူကိုမှ ဒီလို မပေးဘူးသေးပါဘူး ။ ယူကိုဘဲ ပေးဖြစ်တာပါ ။
မမ ဖုံးနံပါတ်လေး ပေးခဲ့ပါလား ။
ဘာအတွက်လဲ ။
မမ အသံလေးကြားချင်လို့ ။
သီချင်း ဆိုပြမှာလား ။
မမက နားထောင်မှာလား ။
ယူ သီချင်းဆိုတာ ကောင်းတော့ နားထောင်ချင်တယ် ။
ကျွန်တော်က ကျွန်တော့်ချစ်သူကိုဘဲ ဆိုပြဖို့ ရည်ရွယ်ထားတာ ။
ဟင်း စျေးကိုင်လိုက်တာ ။
မမကို ဆိုပြချင်တယ် ။
ဒါ ဘာစကားလဲ ။ ယူနော် ခုမှ တွေ့တာကို။
ခုတွေ့လို့ ခုဆိုပြမိပြီ မမ ။
ဒို့လည်း နားထောင်မိသွားပြီ ။
ကျွန်တော် ချစ်သူ အတွက် ရည်ရွယ်ထားတာ ။
ယူနော် အနိုင်မပိုင်းနဲ့ ။ ဒို့ပြန်တော့မယ် ။
ဖုန်းနံပါတ်လေး ပေးခဲ့အုံးလေ ။
ဒို့ သီချင်းနားထောင်ချင်ရင် ဆက်လိုက်မယ်။
ဟုတ်ပါပြီဗျာ ။
နေသူရိန် မချင့်မရဲနှင့် ကျန်ခဲ့သည် ။ ဘဝမှာ မမျှော်လင့်ဘဲ့ ရခဲ့တဲ့ နွေးထွေးမှု့ ။
အလွန်လှပ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ညှို့ငင်တဲ့ အကြည့်တွေက ရင်ထဲစွဲကျန်နေခဲ့သည် ။
လူပျိုရိုင်းကို လှိုင်းထအောင် စွမ်းဆောင်နိုင်သူရယ် ။
ချစ်မေတ္တာတွေနဲ့ ထွေးပွေးယုယပြီး နှစ်ကိုယ်ကြား ချိုမြိန်တဲ့ ချစ် သီချင်းလေးတွေ ရင်ခွင်ကြားမှာ မှီအုံးပြီး သူမတူတဲ့ ချစ်ချင်းတွေကို ခံစားနားဆင်စေချင်ပြီ မမစိမ်းလဲ့နွယ် ။
ချစ်ချင်းဆိုတာ မတူကွဲပြားတဲ့ ခံစားချက်တွေ ရှိတယ် ဆိုတဲ့ အကြောင်းကို ပြောပြချင်လိုက်တာ စိမ်းဆိုတဲ့ မမရယ် ။
စိမ်းလဲ့နွယ် အိမ်ပြန်ရောက်တော့ အယောင်ယောင် အမှားမှားတွေ ဖြစ်နေသည် ။ စိတ်နဲ့ လူနဲ့ မကပ် ။ မျက်စိထဲမှာ ဆံပင်လေးတွေ မျက်နှာလေးကို အုပ်နေပြီး သီချင်းဆိုနေသော နေသူရိန်ကိုဘဲ မြင်နေရသည် သီချင်းဆိုတဲ့အသံလေးကလည်း နားထဲက မထွက် ။
ရွှေပုံပေါ်မှာ ကြီးပြင်းလာပြီး လိုတရ ဘဝမှာ လိုအပ်ချက်တွေ ရှိလာပြီ ထင်သည် ။ အသဲနှလုံးရဲ့ ခံစားချက် အချစ်ဆိုတဲ့ အရာ ။ အသက်အရွယ်က ကွာခြားပေမဲ့ ခံစားချက်ချင်း တူဖို့လိုသည် ။ ရင်ခုန်သံတွေ ထပ်တူညှိကြမည်။
ယခု အခြေအနေက ကောင်လေးက မိမိအကြောင်း ဘာမှ သိမည် မဟုတ် ။ မိမိကသာ အကြောင်းတိုက်ဆိုင်ပြီး မြှားနတ်မောင်ရဲ့ စေ့ဆော်မှု့ကြောင့် နေသူရိန်ရဲ့ ဖုန်းနံပါတ်နဲ့ ဆိုင်လိပ်စာကို သိနေသည် ။
မိမိ ဖြစ်ချင်တဲ့ ဆန္ဒတွေ စိတ်ကူးတွေ အိပ်မက်တွေ လက်တွေ့ အကောင်အထည် ဖော်ဖို့ရာ မိမိကသာ ခြေတစ်လှမ်း စတင်တိုးရမည် ။
ယောကျာ်းကြိုက်တော့ ဆိုက်ဆိုက်လာ မိန်းမကြိုက်တော့ မျှော်လိုက်တာ ။ နှစ်ဆယ့်တစ်ရာစု ထဲမှာ ထိုင်စောင့်နေလို့ မရ ။
မတော်လို့များ အခြားတစ်ယောက် သက်တူရွယ်တူ တစ်ယောက်ယောက်နဲ့များ တွေ့သွားလျှင် ဟူသော အတွေးက စိတ်ကို တွန်းအား တစ်ရပ် ဖြစ်စေသည် ။
မိန်းကလေးကပင် စသည်ဟု အပြော မခံရအောင် စနစ်တကျ စီမံ အကွက်ချဖို့တော့ လိုမည် ။ မိန်းကလေးတို့ အိနြေ္ဒရွှေပေးလို့မရ ဆိုပေမယ့် မိမိ အတွက် ရွှေမလို ငွေမလို အချစ်ဆိုသော နေသူရိန်သာ လိုသည် ။ ဘယ်ကနေ ဘယ်လို စရမလဲ ။ စဉ်းစားနေမိသည် ။ နေသူရိန်ကလည်း ရည်းစားချစ်ရသူ မရှိသေးဘူးဟု ပြောခဲ့သည် မဟုတ်လား ။
စိတ်ကူးနဲ့ ရူးနေပြီ ယူရယ် ။ အပျိုကြီးဆိုတဲ့ စာရင်းထဲက ယူနဲ့ကျမှ ရုန်းထွက်ချင်နေပြီ ။ ကိုယ်လုံးပေါ် မှန်ကြီးထဲမှာ ခန္ဓာကိုယ်လေးကို လှည့်ပတ်ကြည့်မိသည် ။
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ တင့်တယ်သမှု့ သိကြားထုသို့ ။ သိကြားမင်းကိုယ်တိုင် ထုဆစ်ထားတဲ့ ပန်းပု ရုပ်လေးပမာ မိမိကိုယ်ကို ထင်မိသည် ။ သြော် ယူရယ် ယူကြောင့် ဒို့လည်း စိတ်ကူးနဲ့ ရူးတော့မယ် ။ အချစ်ဆိုတာ ရူးသွပ်စွာ စွဲလန်းစေသလား ။
အချစ်ဆိုတာ ဘယ်အရာက စတင်ခဲ့တာလဲ ။ ယူနဲ့ ဒို့နဲ့ ကြားမှာ ချစ်ချင်းတွေ ဘယ်အချိန်က စတင်ဖြစ်ခဲ့တာလဲ ။ ဒို့ မှာတော့ ကြာလေရူးလေနဲ့ အချစ်ရူးကြီး ဖြစ်နေပြီ ။ သြော် အစက မတွေ့ခဲ့ရင် အကောင်းသား ။
ရင်ခုန်စိတ်လှုပ်ရှားတတ်တဲ့ အပျိုဖျန်းလေးလို ယူအကြောင်းကို တွေးလိုက်ရင် ရင်ထဲမှာ ဒိန်းတလိန်းနတ် ဖမ်းစားသလို ရင်ခုန်သံတွေ မြန်နေတာ ကိုယ့်ဖာသာတောင် ရှက်နေမိပြီကွာ ။
ယူ မကောင်းဘူး သိလား နေသူရိန် ဒို့ အတွေးတွေ ဒို့ စိတ်ကူးတွေ ဒို့ အချိန်တွေ အားလုံးကို ယူဘဲ သိမ်းပိုက်စိုးမိုးသွားပြီကွာ ။
ကြည်လင်ရှင်းသန့်တဲ့ ယူရဲ့ အကြည့်တွေ နီစွေးနေတဲ့ ယူရဲ့နှုတ်ခမ်းနှစ်လွှာ စိုလက်နေတဲ့ ယူရဲ့ မျက်ဝန်းတွေ ဒို့ကို ခွံ့ကျွေးခဲ့တဲ့ ယူရဲ့ လက်ချောင်းလေးတွေ ယူ အမှတ်နဲ့ ယူဆိုင်က ဂစ်တာလေးကိုဘဲ ယုယစွာ ထွေးပွေ့နေမိပြီကွာ ။
ယူတော်တော်ဆိုး ။
စဉ်းစားရင်း တွေးရင်း တွေးရင်း စဉ်းစားရင်းနဲ့ ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်သည် ။ ယူပေးလိုက်သော ဖုံန်းနံပါတ်လေး ။ ဖုန်းနံပါတ် ဂဏန်းလေးတွေကို အကုန်နှိပ်ပြီးမှ နောက်ဆုံး ဖုန်းခေါ်ဆိုတဲ့ သင်္ကေတလေးကို နှိပ်ဖို့ရာ ချီတုံချတုံ ဖြစ်နေသည် ။ အသိစိတ်က တားနေသည့် ကြားမှ လက်ချောင်းလေးက နှိပ်မိသွားသည် ။
ဖုန်းခေါ်ဆိုမှု့ ဖုန်းဝင်သွားတာ သိလိုက်ပြီ ။ တစ်ဖက်က ဖုန်းသံလေးက သီချင်းလေး ပေါ်လာသည် ။
မမက သိပ်ချစ်ဖို့ကောင်းတယ် လူကွယ်တိုင်း အနားနားကပ်ခါရယ် တိတ်တိတ်လေး ခိုးခိုးပြီး နမ်းတယ် မမကို သိပ်ချစ်တာဘဲကွယ်
မမက သိပ်သနားဖို့ ကောင်းတယ် ကျွန်တော် ဘာပြောပြော ခေါင်းမခါဘူးကွယ် ဘယ်သူမှ ဂရုမစိုက်ဘဲ ချစ်တယ် မမကို သိပ်ချစ်တာဘဲကွယ် မမကို ချစ်တယ် ကျွန်တော်ကို ချစ်တယ် ဘာမှ မသိဘူးကွယ် မမကိုလေ သိပ်ချစ်တာ ဘဲကွယ် ။
ဖုန်းထဲက သီချင်းသံလေးကြောင့် ရင်ထဲ နွေးသွားသည် ။ ဒို့ ဖုန်းဆက်မှာ သိလို့ ဒီသီချင်းသံလေးကို ဖုန်းသံအဖြစ် ထည့်ထားလေသလား ။ လူကို သက်သက် ရင်ခုန်အောင် ဖန်တီးထားသလား ။ ဒီလူ အရူးတစ်ပိုင်းဖြစ်နေပြီ ။
ဖုန်းထဲက ပြန်ဖြေသံ မကြားရ ။ ဖုန်းနဲ့ လူနဲ့ တခြားစီ ဖြစ်နေပြီ ထင်တယ် ။ နောက်တစ်ကြိမ်လည်း ပြန်မခေါ်ရဲ ။ သီချင်းသံကြားရမှာကို ရှက်ရွံ့စွာ ရင်ခုန်နေမိပြန်သည် ။
ဖုန်းလေးကို ကိုင်ပြီး တစ်စုံတစ်ခုကို မျှော်လင့်နေမိပြန်သည် ။ ကံတရားက ဆုံစည်းဖို့ ခွင့်ပေးနေပြီလေ ။ အစထဲက မတွေ့စေချင်ရင် ဒို့လည်း ရင်ခုန်တတ်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားသည်လေ ။
ဆယ်မိနစ်လောက်နေတော့ လက်ထဲက ဖုန်းလေးက အသံမည်လာသည် ။ မှားစရာ မရှိ ။ ယူနဲ့ဆက်သွယ်ဖို့ သီးသန့်ထားတဲ့ ဖုန်းလေး ။ ဒီဖုန်းနံပါတ်ကို သိတာ ယူတစ်ယောက်ဘဲ ရှိမည်။ ဟန်းဆက်နဲ့ ဆင်းကဒ်က လုံးဝ အသစ်လေ ။ ဖုန်းလေးကိုလက်ခံဖြေရန် နားလေးနားကို ကပ်လိုက်သည် ။
ဟယ်လို မမ ။
စိမ်းလဲ့နွယ် အသံမပေး ပြန်မဖြေဘဲ သိနေတော့ အံ့သြမိသည် ။
မမကို အရမ်းသတိရနေတာ ။ ဖုန်းခေါ်မှ ခေါ်ပါ့မလားလို့ စောင့်နေရတာ ။ လူကို တမင်သက်သက် နှိပ်စက်တယ်နော် ။ မမရဲ့ ပုံရိပ်လေးကို မျက်စိထဲကကို မထွက်ဘူး ။
လွမ်းလိုက်တာ မမရယ် ။ မမရဲ့ အပြုံးလေးတွေ နှုတ်ခမ်းလေးတွေ လှပတဲ့ အသားအရေနဲ့ စွဲဆောင်နိုင်လွန်းတဲ့ အရပ်အမောင်း ချိုသာတဲ့ အသံလေးတွေ မမပေးတဲ့ နာရီလေး မမရဲ့ လှပတဲ့ ကိုယ်လုံးလေး ပန်းစီးကို ကိုင်ထားပြီး ပြုံးနေတဲ့ မမရဲ့ ဟန်ပန်လေး ။ အိပ်မက်ထဲမှာတောင် ထည့်ပြီး မက်နေမိပြီ မမ ။
ဟိုး ဟိုးထား ။ ယူ ဆက်ပြောမဲ့ စကားတွေကို မကြားရဲတော့ဘုး ။ တွေ့တာမှ တစ်ကြိမ်ဘဲ ရှိသေးတာ အိပ်မက်ထဲတောင် ရောက်နေပြီ ဆိုတော့ နှစ်ကြိမ် သုံးကြိမ်လောက်များ တွေ့ရင် ယူက ဒို့ကို ဘာတွေများ အမလေး ကြက်သီးတွေ ထလိုက်တာ ။
ဒါဘဲလေ ။ စကားဆိုတာပြောတတ်ဖို့ဘဲ လိုတာ ။ စျေးဗန်း ခင်းပစ်လိုက်သည် ။ ရေလာ မြောင်းပေး ရေစီးကောင်းအောင် မြောင်းဖောက်တတ်ဖို့ဘဲ လိုတာ ။ တွေ့ကြုံလာတဲ့ အခိုက်အတန့်လေးကို အခွင့်အရေးကို အမိအရ ဆုပ်ကိုင်တတ်ဖို့ဘဲ လိုတာ ။ မိန်းကလေးတွေရဲ့ မာယာဆိုတာ လှပစွာ မျောလွင့်လာအောင် သုံးတတ်ဖို့ဘဲ လိုတာ မဟုတ်လား ။
ဒို့ မဟုတ်ဘဲ တခြားသူ ဖုန်းဖြစ်နေမယ် ဆိုရင်ရော ။
မဖြစ်နိုင်ပါဘူး မမ ။
ဘာဖြစ်လို့လဲ ဒို့ကို ရွှီးမယ်တော့ မကြံနဲ့နော်။
မမကို ပေးလိုက်တဲ့ လိပ်စာကဒ်က အသစ်ရိုက်ထားတာ ။ ဖုန်းနံပါတ်ကလည်း အသစ်လေ ။ မမကို ပေးပြီး နောက်လူတွေကို မပေးတော့ဘူး ။ အသစ်ထပ်ပြီး ရိုက်လိုက်တာ ။
အဲဒီဖုန်းက မမအတွက် သီးသန့်ပေါ့ ။
စိမ်းလဲ့နွယ် အံ့သြဝမ်းသာသွားသည် ။ တိုက်ဆိုင်စွာ အကြံတူနေပြန်ပြီ ။ အဲဒါကြောင့်လည်း မိမိ ဖုန်းခေါ်လိုက်တာနဲ့ တန်းသိတာကိုး ။ ရှက်လိုက်တာ သူခိုးလူမိ အဖြစ်မျိုး ။
လူလည်ကြီး ။ သူများကို ထောင်ဖမ်းတာပေါ့ ။ ဒီကလည်း အမိခံချင်တာလေ ။ စိမ်းလဲ့နွယ်ဘက်က တ်ိတ်ဆိတ်သွားတော့ နေသူရိန်က
မမ ဖုန်းချသွားပြီလား ။
ပြောလေ ။
ဟူး တော်ပါသေးရဲ့ ။
သီချင်းဆိုပြမှာလား ။
မမကလည်း အဲဒါက ကျွန်တော်ချစ်
ဟိုး တော်ပြီ မက်ဆေ့ပို့လိုက်မယ် ။ အဲဒီနေ့ အဲဒီ အချိန် အဲ့ဒီ နေရာ ရောက်အောင်လာခဲ့ ဒို့ မွေးနေ့ ယူ ဂစ်တာလည်း ယူခဲ့ ။
ကောင်းပါပြီ ဗျာ ။
ဝမ်းသာလို့ မဖုံးနိုင် မဖိနိုင် လေသံကို ဖုန်းထဲကနေ ကြားလိုက်ရသည် ။
ဒီဇင်ဘာ ( 30 ) ရက် ညနေ ငါးနာရီ ။
မက်ဆေ့လေး ဝင်လာတော့ နေသူရိန် ပျော်နေသည် ။ အဖေ အမေ မရှိတဲ့ ဘဝမှာ ဦးလေးဖြစ်သူ လူပျိုကြီးရဲ့ ပြုစုပျိုးထောင်မှု့ အောက်မှာ သံစဉ်များနှင့် တူရိယာများနဲ့ ဖြတ်သန်းရင်း ဂစ်တာကို ဘဝတစ်ခုလို ဖက်တွယ်ထားသူ ။ တီးဝိုင်းဆရာလောကကနေ အနားယူပြီး ကျွမ်းကျင်ရာ ဂစ်တာဆိုင်လေး ဖွင့်ထားပြီး စောင့်ရှောက်ပေးနေရာမှ မမျှော်လင့်ဘဲ ခွဲခွာသွားတော့ နေသူရိန် ဂစ်တာမှာဘဲ စိတ်ကို နှစ်ထားမိသည် ။
လူပျိုပေါက် အရွယ်ထဲက ရုပ်ရည်နဲ့ ဂစ်တာပညာကြောင့် သင်တန်းတစ်ခု တည်ထောင်ပြီး ဖွင့်လှစ်လို့ ရသည် ။ ချစ်ရသူကိုသာ အနုပညာနဲ့ ခံစားချက်တွေ ဖော်ထုတ် ဖွင့်လှစ်ပြသချင်တဲ့ အတွက်ကြောင့် လူတွေနဲ့လည်း သိပ်မရောဖြစ် ။ အထူးသဖြင့် မိန်းကလေးတွေနဲ့ ခပ်ရှင်းရှင်း ကင်းကင်းနေသည် ။
ခုတော့ အဖြူရောင် နှလုံးသားလေး ဆွတ်ခူးမည့်သူ ပေါ်လာပြီ ။ မိမိ ခံစားချက် အသဲနလုံး ခံစားချက် စိတ်ထဲက ဖြစ်ချင်တာတွေ ညှိနိုင်းရမည် ။ ဖွင့်ပြောရမည် ။ ဖြစ်နိုင် မဖြစ်နိုင် ။ ဘဝတစ်ခုလုံး လက်တွဲဖော် အဖြစ် ။
စိတ်တူ ကိုယ်တူ လျှောက်လှမ်းနိုင်သူ ။
အတွေးတွေ စိတ်ကူးတွေ အာရုံတွေ လွှမ်းမိုးထားသည် ။ တစ်ခါတွေ့ တစ်ခါထဲချစ် စိတ်ကူးတွေ ဖြစ်နိုင် မဖြစ်နိုင် ။ မျက်ဝန်းထဲက အဓိပ္ပါယ်တွေ နှစ်ယောက်လုံး ခံစားမိကြသည် ။
တစ်ယောက်ကလည်း တွေ့တွေ့ချင်း မွေးနေ့ အဖြစ် စိတ်ကူးတုန်းက မပါဝင်သော သီချင်းလေးကို ခံစားမှု့ အပြည့်နဲ့ သီဆိုဖြစ်သည် ။ နားထောင်တဲ့ သူကလည်း နားနဲ့ တင် နားမထောင်ဘဲ ရင်ထဲ အသည်းထဲ အထိ ခံစားပြီး နားထောင်သည် ။ နှလုံးသားချင်း အတူတူ ဆိုတာ နားလည်သွားကြပြီ ။
ရင်ခုန်သံတွေ တူညီကြသည်ဆိုတာ ကိုယ်စီ နားလည်ကြသည် ။ ခံစားချက်တွေ ညှိဖို့ဘဲ ကျန်တော့သည် ။
ရင်ထဲက အကြောင်းတွေကို လှပစွာ ဘယ်လို ဖွင့်ထုတ်ဖော်ပြရမလဲ ။
နေသူရိန် စဉ်းစားနေမိသည် ။ ချစ်မေတ္တာချင်း တူပေမယ့် စိတ်ခံစားချက်ရော တူပါ့မလား ။
စိမ့်လဲနွယ် ပို့ထားတဲ့ မက်ဆေ့ဂ်ထဲက နေ့သို့ ရောက်သော အခါ နေသူရိန် ရင်ခုန်နေပြီ။
အဖြူရောင် အနောက်တိုင်း ဝတ်စုံကို သေသပ်ကျနစွာ ဝတ်ဆင်ပြီး ဂစ်တာ ထည့်ထားသော အိတ်လေးနဲ့မွေးနေ့ လက်ဆောင်ဗူးလေးကို ကားပေါ်တင်ပြီး မောင်းထွက်လာသည် ။
စိမ်းလဲ့နွယ် ပေးထားသော လိပ်စာအတိုင်း ရောက်လာသော အခါ ညနေ ငါးနာရီ တိတိ ။ ဖုန်းထဲက ဝင်လာသော မက်ဆေ့ဂ်လေးကို ဖတ်လိုက်သော အခါ ခေါင်မိုးထပ်ကို တက်ခဲ့ပါ။
ခြံတစ်ခါးကို လူကြီးတစ်ယောက်က လာဖွင့်ပေးပြီး နေသူရိန်ရဲ့ ကားလေး မောင်းဝင်လာသောအခါ ပြန်ပိတ်လိုက်သည် ။
နေသူရိန် ဂစ်တာထည့်ထားသော အိတ်နဲ့ မွေးနေ့လက်ဆောင် ဗူးလေးကို ယူပြီး လှေကားအတိုင်း တစ်လှမ်းချင်း ခေါင်မိုးထပ်ထိ တက်လာခဲ့သည် ။ လှေကားကလည်း ကြောင်လိမ်လှေကားကို ခေတ်မှီ လှပခန်းနားစွာ ဆင်ထားသည် ။
နေသူရိန် တစ်ထပ်ချင်း လှေကားအတိုင်း တက်လာရာမှ ခေါင်မိုးထပ်သို့ ရောက်သော အခါ ခြေလှမ်းတွေ တုံ့သွားသည် ။
ဝင်လုဆဲဆဲ နေရောင်နဲ့ အတူ မိမိဘက်ကို ကျောပေးထားပြီး လှပသော ကိုယ်ခန္ဓာ အချိုးအဆစ်နဲ့ ပန်းချီကားတစ်ချပ်သဖွယ် လှနေသော စိမ်းလဲ့မေ ။ ကြိုးပျောက်ဘရာနဲ့ အတူ အိတွဲကျနေသော ရွှေအိုရောင်လုံချည် နဲ့ တစ်ကျော့ပြန် ခေတ်စားလာသော အကျီင်္ င်္စ ပါတယ်လို့တောင် မထင်ရတဲ့ မှန်ပါးစလေး ။ လုံချည် အသားနဲ့ ဆင်တူ မှန်ပါးစ အကျီ င်္အောက်က ရွှေအိုရောင် ကြိုးပျောက် ဘရာလေးက မှင်သက်မ်ိစွာ လှနေသည် ။
နေသူရိန် အသံမပေးဘဲ စိမ်းလဲ့နွယ်ကို ငေးကြည့်နေမိသည် ။ တော်တော် ကြာတော့ စိမ်းလဲ့နွယ် လှည့်ကြည့်လာသည် ။
ယူ ရောက်လာပြီလား ။ စောင့်နေတာ မလာနိုင်လို့ လှည့်ကြည့်မိတာ ။ ယူ အသံမပေး ဘာမပေးနဲ့ တော်တော်ဆိုး ။
အသံပေးမလို့ပါဘဲ ။ လှေကားက တက်လာလာချင်း မမအလှမှာ မျောသွားလို့ သတိလွတ်သွားတာ ။
ယူကတော့ တွေ့တာနဲ့ မြှောက်တော့တာဘဲ ။ ဒို့က မွေးနေ့ရှင်ဆိုတော့ ယူ မမြှောက်လဲ ကျွေးဖို့ရာ ပြင်ဆင်ပြီးသားပါနော်။
တကယ်ပြောတာပါ ။ မမက အရမ်းလှနေတာ ။
ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်ရှင် အိမ်မှာ ခြံစောင့် ဦးလေးကြီး တစ်ယောက်ဘဲ ရှိတာ မို့လို့ ဒို့မွေးနေ့မှာ အမှတ်တရ ဓာတ်ပုံလေး ရိုက်ပေးပါလား ။
ရိုက်ပေးမယ်လေ မမ ။ ဒါပေမယ့်
ဒါပေ့မယ့် ဘာဖြစ်လဲ ပြောလေ ။
ဓာတ်ပုံထဲက လူက အပြင်ကလူလောက် လှပါ့မလားလို့ ။
ယူ အပြောတွေကြောင့် ဒို့တော့ ဟိုမြင်နေရတဲ့ တိမ်တွေပေါ် ရောက်သွားတော့မှာဘဲ ။
တကယ် ပြောတာပါ မမရယ် ။ ဤမှန်သော သစ္စာ စကားကြောင့် ကျွန်တော်ချစ်သူနဲ့ ကျွန်တော် စိတ်တူ သဘောတူ ကြည်ဖြူစွာ ပေါင်းရပါလို၏ ။
ဟင် ယူက ချစ်သူရှိနေပြီပေါ့ ။
ရှိခဲ့လို့ ရခဲ့ရင် ပြောတာပါ မမရယ် ။
စိမ်းလဲ့နွယ် မသိမသာလေး သက်ပြင်းချလိုက်သည် ။
လူဆိုးလေး ဟင်း တတ်လဲ တတ်နိုင်တယ် ။
စိတ်ထဲက ပြောမိတဲ့ စိမ်းလဲ့နွယ် ။
ကဲ ဓာတ်ပုံရော ရိုက်ပေးအုံးမှာလား ။
မွေးနေ့ရှင် တောင်းဆိုတာကို လုပ်ပေးရမှာပေါ့ ။
ဝင်လုဆဲဆဲ နေရောင် အောက်မှာ လှသွေးကြွယ်နေတဲ့ စိမ်းလဲ့နွယ် ။ ပုံစံ အမျိုးမျိုး ပိုစ့် အမျိုးမျိုးနဲ့ ရိုက်ပေးပြီးတော့ နေမင်းသူရိန်က
မမ
ဒီခုံရှည်လေးပေါ်မှာ ခြေထောက်လေးတင်လိုက် ။ ဒူးလေးနှစ်ဖက်ကို နဲနဲ မြှောက်လိုက် ။ ဒီပုံလေး ရိုက်ပေးမယ် ။
စိမ်းလဲ့နွယ် ပြောတဲ့ အတိုင်း ပိုစ့်ပေးလိုက်သည်။ နေသူရိန် ရှု့ထောင့် အမျိုးမျိုးကနေ ရိုက်ယူသည် ။
စိမ်းလဲ့နွယ် ဘိနပ်လေးက အပါး ကြိုးသိုင်းလေး ။ ကြိုးစလေးတွေက ခြေမျက်စိထိ လှပစွာ ချည်နှောင် ဝတ်ဆင်ထားသည် ။
ဒူးလေးနှစ်ဘက် အပေါ် အနည်းငယ် ထောင်ထားတော့ လှပသော ကိုယ်ဟန်လေး ရွှေအိုရောင် လုံချည်လေးက ပိုပြီး ပံ့ပိုးပေးထားသလို ။
ယူ ကိုယ်ဟန်အနေအထားလည်း စုံပြီဆိုတော့ သီချင်းဆိုပြတော့လေ ။
မမကို မွေးနေ့လက်ဆောင် ပေးချင်လို့ ။
မမ အဲဒီပုံစံလေး အတိုင်းထိုင်နေနော် ။
ခြေထောက်နှစ်ချောင်းကို ပြိုင်တူ ယှဉ်ထားပြီး ပိုစ့်ပေးထားတဲ့ ပုံစံလေး အတိုင်း ။
နေသူရိန် မွေးနေ့လက်ဆောင် ဗူးလေးကို စိမ်းလဲ့နွယ်ကို ပေးလိုက်သည် ။ စိမ်းလဲ့နွယ် ဖွင့်ကြည့်လိုက်တော့ ကြီုးခွေလေးကို ဖဲပွင့်ပုံစံ လှပစွာ ပုံဖော်ထားပြီး ကတ်ကျေး တစ်ခု ။ စိမ်းလဲ့နွယ် နားမလည်နိုင်စွာ ကြည့်နေတော့
နေသူရိန်က ကြိုးခွေလေးကို ယူပြီး စိမ်းလဲ့နွယ်ရဲ့ ခြေထောက်နှစ်ချောင်းကို ပူးပြီး ချည်လိုက်သည်။
စိမ်းလဲ့နွယ် ဘာမှ မပြောဘဲ နေသူရိန်လုပ်သမျှ ငြိမ်နေသည် ။
မမလုံချည်လေးကို နဲနဲ ကိုင်ထားပေး ။
အိတွဲကျနေသော လုံချည်စလေးကို စုကိုင်ပေးထားတဲ့ စိမ်းလဲ့နွယ် ။
နေသူရိန် ချည်နေတာကလည်း တကယ်ချည်နေတာ ။ ခြေထောက်နှစ်ဖက်ဆီမှ ကြိုးရဲ့ ချည်နှောင်မှု့ကြောင့်တင်းကျပ်မှု့ကို ခံစားနေရသည် ။ မိမိရဲ့ ကရာတေး ပညာရပ်ကို သတိရမိသည် ။ မိမိလက်ထဲမှာလည်း နေသူရိန် ပေးတဲ့ ဗူးထဲက ကတ်ကြေး အချွန်က ကိုင်ထားပြီးသား ။ သာမန်လူတစ်ယောက်ကို မိမိလို ကရာတေး ပညာရှင်က မှုစရာ မလို ။
လက်နက်ကလည်း အသင့် ကိုယ်ခံပညာကလည်း အသင့် ။ အခြေအနေကို စောင့်ကြည့်နေသည် ။
မမ လုံချည်စလေး ချလို့ ရပြီ ။
လုံချည်ရှည်လေးက ခြေထောက်တွေကို ချည်ထားသော ကြိုးတွေကို ဖုံးအုပ်လိုက်တော့ သာမန်ထိုင်နေတဲ့ ပုံစံလေး ။
မမ ကျွန်တော် အစီ အစဉ်လေး ပြောပြမလို့။
လူကို အနိုင်ကျင့် မလို့လား ။
မဟုတ်ပါဘူး မမရယ် ။ မမကို ကျွန်တော် ချစ်တယ် ။ လက်ထပ်မယ် ။ ဒါကြောင့်မို့ ကျွန်တော့် အချစ်တွေကို လက်ခံပေးပါ ။ မမကို ကျွန်တော်ပြောဖူးသလိုဘဲ ။ ကျွန်တော့် ချစ်သူကို
သီချင်းဆိုပြချင်တယ် ။ ကျွန်တော် မမဘက်ကို ကျောပေးထားပြီး သီချင်းဆိုပြမယ် ။ကျွန်တော် အချစ်တွေကို လက်မခံနိုင်ရင် မမခြေထောက်ကို ကျွန်တော် ချည်ထားတဲ့ အချစ်တွေကို ကိုယ်စားပြုထားတဲ့ ကျွန်တော့် ရင်ခုန်သံတွေနဲ့ ချည်ထားတဲ့ ကြိုးတွေကို မမလက်ထဲက ကတ်ကြေးနဲ့ဖြတ်ပြီး ဖြည်လိုက်ပေါ့ ။
ကျွန်တော့် အချစ်တွေကို လက်ခံနိုင်တယ် ဆိုရင် မဖြည်ဘဲ ထားပေးပါ ။
နူးညံ့ငြင်သာစွာ နှလုံးသားထဲက လာတဲ့ အသံနဲ့ ပြောပြီး ဂစ်တာအိတ်ထဲက ဂစ်တာကို ထုတ်ကာ စိမ်းလဲ့နွယ်ကို ကျောခိုင်းပြီး ပြင်ဆင်ထားတဲ့ စားပွဲ အစွန်းမှာ ထိုင်လိုက်သည် ။ ဂစ်တာ သံလေးက သာယာငြိမ့်ညောင်းလှပစွာ ထွက်လာသည် ။
အိပ်လိုက်တိုင်း အိပ်မက်တိုင်းမှာ မမဘဲ ။ မတွေးလိုက်နဲ့ အတွေးလေးထဲကို အမြဲလာပြီး ဘယ်လို ဒုက္ခများနဲ့ ညှင်းမှာလဲ ။
အချိန်တိုင်း နေရာတိုင်း ရွှေမှုန်တွေ စားပြီး မွေးဖွားခဲ့လေသလား လှရက်လွန်းတယ် ။
ပထမ တစ်ပုဒ် မမ သီချင်းပြီးတော့ ကဗျာမမီ စာမမီ ။ မမ စဉ်းစားလို့ ရအောင် နှစ်ပုဒ်တိတိ ဆိုပေးမယ်နော် ။ မမရဲ့ အဖြေကို စောင့်ရင်းနဲ့ပေါ့ ။
မူယာလေး မော့မော့ ဆံနွယ်ကျော့ကျော့မှာ ။
သီချင်းလေး ပြီးတော့ နေသူရိန် ဖြည်းညှင်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စိမ်းလဲ့နွယ်ကို လှည့်ကြည့်လိုက်သည် ။ စိမ်းလဲံ့နွယ် ထိုင်နေတဲ့ နေရာမှာ မရှိတော့ ။ မိမိနဲ့ နီးကပ်စွာ နောက်ကျောဘက်မှာ ရောက်နေပြီ ။ နေသူရိန် မျက်နှာ ပျက်သွားသည် ။
စိမ်းလဲံ့နွယ်နဲ့ မိမိ အကွာအဝေး လမ်းလျှောက်လာဖို့ရာ ကြိုးတွေကို ဖြည်မှရမည်။
ကြိုးတွေကို မဖြည်ဘဲ မဖြတ်ဘဲ အသံမကြားရဘဲ မိမိနဲ့ နီးကပ်စွာ ရောက်နေဖို့ရာ မဖြစ်နိုင် ။
နေသူရိန် ဂစ်တာလေးကို အိတ်ထဲထည့်လိုက်သည် ။ မမ ကျွန်တော်က ကျွန်တော်ရဲ့ အချစ်တွေကို မွေးနေ့လက်ဆောင် အဖြစ် ပေးဖို့ ရည်ရွယ်ထားပေမယ့် ခုတော့ ဒီဂစ်တာလေးကိုဘဲ လက်ဆောင် အဖြစ်ပေးပါရစေ ။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် ဘဝမှာ နောက်ထပ် ချစ်သူရှိလာတော့မှာ မဟုတ်တော့ သီချင်းတွေကို ဆိုပြစရာ မလိုတော့ဘူး ။ ဂစ်တာလည်း တီးပြစရာ မလိုတော့ဘူးလေ ။ အဲဒါတွေကြောင့် ကျွန်တော်ရဲ့ အသဲနှလုံး ခံစားချက်နဲ့ ထပ်တူကျတဲ့ ဂစ်တာလေးကိုဘဲ လက်ခံပေးပါ ။
စိမ်းလဲ့နွယ် ငြိမ်ပြီး နေသူရိန် ပြောသမျှ နားထောင်နေသည် ။
နေသူရိန် မွေးနေ့ကိတ် ပြင်ဆင်ထားသော စားပွဲခုံဆီ လျှောက်သွားကာ ထိုင်လိုက်သည် ။
မမ လာလေ ။ မွေးနေ့ကိတ် ခွဲရအောင် ။
ဒို့ ယူနဲ့ အတူ မွေးနေ့ကိတ်ကို အတူတူ ခွဲချင်ပါတယ် ။ ဒါပေမယ့် ဒို့လမ်းလျှောက်လို့ မရဘူး ဖြစ်နေတယ် ။
ဟင် ဘာဖြစ်လို့လဲ မမ ။
လှုပ်လိုက်ရင် နာတယ် ။ ယူသီချင်းဆိုတာကို အနီးကပ် ကြားချင်လွန်းလို့ လာရတာ မလွယ်ဘူး ။ ယူက ဂစ်တာတီးတာရော သီချင်းဆိုတာရော တော်တော် ကောင်းတယ် ။
အင်း ဒါတွေက ပြီးဆုံးသွားပြီလေ မမ ။
လာပါ ကိတ်မုန့်ခွဲရအောင် ။
ဒို့ လာလို့ မရပါဘူးဆို ။
ဘာဖြစ်လို့လဲ မမ ။
ယူဘဲ ဒို့ ခြေထောက်လေးကို ချည်တုတ်ထားပြီးတော့ ။
ရွှေအိုရောင် လုံချည်လေးကို အသာလေး မပြလိုက်တော့ ခြေထောက်လေးနှစ်ဘက်ကို ပူးပြီး တင်းနေအောင် ချည်ထားတဲ့ ကြိုးလေး ။
ဟား မမ ။
နေသူရိန် စိမ်းလဲ့နွယ်ကို ပြေးပွေ့လိုက်သည် ။ ပြီးတော့ မပြောမဆို ခါးလေးမှ ပွေ့ကာ မြှောက်လိုက်ပြီး လေထဲမှာ ဝှေ့ယမ်းကာ အနမ်းတွေ ချွေတော့သည် ။
မမရယ် လူကို ခံစားချက်တွေ ဖြစ်သွားအောင် လုပ်လိုက်တာပေါ့ ။
တိုက်ဆိုင်သွားတာပါ ။ ဒို့က ယူသီချင်းသံကို ကြားချင်လို့ မနည်းကြိုးစားပြီး ရောက်အောင်ရွှေ့လာရတာ ။
မသိဘူးလေ ။ မမက ကျွန်တော်အနား ရောက်လာပြီး မတ်တပ်ရပ်နေတော့ ကျွန်တော်က ကြိုးတွေက ိုဖြတ်လိုက်ပြီ ထင်နေတာ ။
ကတ်ကြေးက အစောကတည်းက လွှင့်ပစ်လိုက်တာ ။ ယူကလည်း ဒီလောက် တင်းတင်းကြပ်ကြပ်ကြီး ချည်ထားတာကို လက်မခံချင်ရင် အစောကတည်းက ငြင်းမှာပေါ့ ။
ဝမ်းသာလိုက်တာ မမရယ် ။ မမ ကျွန်တော် အချစ်တွေကို လက်ခံပြီပေါ့နော် ။
ယူရဲ့ သီချင်းသံလေး ကြားပြီး ကြွေဆင်းခဲ့ရတာပါနော် ။ ပြီးတော့ မထင်မှတ်တာလေးတွေ ဖြစ်ပြီး ယူရဲ့ ရင်ထဲကို ဒို့ မြင်လိုက်ရပြီလေ ။ ကဲ လူကို အောက်ချပေးပါဦး။
ပွေ့ထားတာ ။
စိမ်းလဲ့နွယ် ထိုင်ခဲ့သော နေရာလေးမှာ ပြန်ချပေးထားပြီး နေသူရိန် ရင်ခွင်ထဲမှာ မှီနေစေသည် ။ ခြေထောက်က ကြိုးတွေကို ဖြည်မပေးသေး ။
မမရယ် ချစ်တယ်ဗျာ ။
နေသူရိန်ရဲ့ ပခုံးလေးနှစ်ဘက်ကို စိမ်းလဲ့နွယ် လက်လေးနှစ်ဘက်က ခိုထားပြီး ရင်ခွင်ထဲမှာ ပက်လက်ကလေး ။ ခြေထောက်ကလေး နှစ်ဘက်က ဆင်းထားပြီး ရွှေအိုရောင် လုံချည်လေးက အိတွဲကျနေသောကြောင့် စိမ်းလဲ့နွယ်ရဲ့ ခြေထောက်နုနုလေးတွေကို ချည်ထားသော ကြိုးနီလေးက ပေါ်နေသည် ။
ယူ ဒို့ ခြေထောက်က ကြိုးတွေကို ဖြည်မပေးသေးဘူးလား ။
မဖြည်ချင်သေးဘူး မမရယ် ကျွန်တော် အချစ်တွေနဲ့ ဖွဲ့စည်းထားတာ မို့လို့ ။
ယူ ရည်းစားစကား ပြောတာကလည်း သူများကို ချည်တုတ်ပြီး အပိုင်သိမ်းချင်တာပေါ့ ။
မမ ဒါ အစဘဲ ရှိသေးတယ်နော် ။
ယူ ပြောပြလေ ။ ဒို့ နားလည်အောင် ။
မမကို ချစ်တယ် ။ ချည်နှောင်ချင်တယ် ။ ခု မမဆီက အချစ်တွေ ကျွန်တော့် အချစ်တွေနဲ့ တစ်ဦးနဲ့ တစ်ဦး နားလည်သွားပြီ ။
ချစ်သူတွေ ဖြစ်သွားပြီ ။ စိတ်ဆန္ဒတွေ တူညီအောင် ညှိဖို့ဘဲ ကျန်တော့တယ် ။
ဆက်ပြောလေ ။
အခု မမခြေထောက်လေးတွေကို ချည်ထားပြီ ။ မမနဲ့ မင်္ဂလာ ဦးညကျရင် မမရဲ့ ခြေထောက်နဲ့ မမရဲ့ လက်လေးတွေကို ချည်ပြီး
ဟိုး ဆရာ အဲဒီ အကြည့်တွေကို ကြောက်တယ် ။ လာ မွေးနေ့ကိတ် ခွဲရအောင် ။
အို မမ ကလည်း မွေးနေ့ကိတ်ထက် မမရဲ့ အနမ်းတွေက ချိုပါတယ် ။
ယူ မကဲနဲ့ ကွာ ။ လွှတ်အုံး အသက်ရှုကြပ်တယ် ။ နှုတ်ခမ်းနီတွေတောင် ကျန်သေးလား မသိဘူး ။ အကျီ င်္တွေတောင် ကြေကုန်ပြီ ။ ချစ်သူ ဘဝမှာ ခြေထောက်တွေကို ချည်ပြီး ဒီလို လုပ်နေရင် ခြေတွေလက်တွေ စိတ်တိုင်းကျ ချည်ခွင့်ရရင်တော့ ဒို့ ဘဝက မတွေးရဲ စရာဘဲ ။
မမက ချည်ခွင့်ပေးမှာလား ။
အိမ်ထောင်ကျပြီ တစ်ဦးနဲ့ တစ်ဦး လက်ထပ်ပြီး အကြင်လင်မယား ဖြစ်ပြီဆိုရင် လင်ကို မယားက ပိုင်တယ် ။ မယားကို လင်က ပိုင်တယ် ။
မမ အဲဒါဆို ချည်ခွင့်ပေးမှာလား ။
တစ်ဦးရဲ့ စိတ် ဆန္ဒကို တစ်ဦးက လိုက်လျောပြီး တစ်ယောက် အကြိုက်ကို တစ်ယောက်က ဖြည့်စွမ်းပေးရမယ်လေ ။
မမ အဲဒါဆို ချည်ခွင့် ပေးမှာလား ။
တစ်ယောက်နဲ့ တစ်ယောက် ဆိုးတိုင်ပင် ကောင်းတိုင်ပင် မျှဝေခံစားပြီး ပျော်ရွှင်စွာ ဖြတ်သန်းကြမယ်နော် ။
မမ အဲဒါဆို ချည်ခွင့်ပေးမှာလား ။
ယူကလည်း လက်ထပ်ပြီးရင် ဒို့နဲ့ ယူက ဘာတော်မှာလဲ ။
လင်မယား ဖြစ်သွားပြီလေ ။
ဒို့ က ယူရဲ့ မယား ဖြစ်သွားတော့ ယူက ဒို့ကို ပိုင်သွားပြီလေ ။ အဲဒီတော့ ယူ စိတ်တိုင်ကျ ယူသဘော လေ ။ ခုတော့ ဒို့ ခြေထောက်က ကြိုးတွေကို ဖြည်ပေးပါဦး ။
ဟား ကျေးဇူးပါ မရယ် ။ ချစ်တယ် ဗျာ ။
ယူ ဒို့ကို ချစ်လား ။
ချစ်တယ် မမ အရမ်းချစ်တယ် ။
ဒို့ ကို ပစ်မသွားရဘူးနော် ခွဲမသွားရဘူး ။
မမ ကလည်း ဟောဒီရင်ဘတ် ကြီးထဲက ရင်ခုန်သံကို နားထောင် ကြည့်ပါအုံး ။
ယူ က အစတုန်းက ဂစ်တာတီးတာရယ် သီချင်းဆိုတာရယ်ဘဲ ကောင်းတယ်ထင်နေတာ ခုတော့ စကားပြောလည်း ကောင်းမှန်းသိသွားပြီ။
ဒါတင် မကသေးဘူး မမရဲ့ နောက်တစ်ခု ကောင်းတာ ရှိသေးတယ် ။
ဘာဆိုတာ ပြောပြလေ ယူ ။
နမ်းတာလေ မမရဲ့ ။
ဟိုး ဆရာ ဟိုး ယုံပါတယ် ။ လက်တွေ့ တော့ မပြပါနဲ့တော့ ။
ဟင်း နော် မမ လူလည် ။ ဒီက လက်တွေ့ ပြမလို့ကို ။
ယုံပါတယ် ယူရယ် ။
ကဲ ဒါဆို ကိတ်မုန့်လေး ခွဲရအောင် ။
ဟက်ပီး ဘတ်ဒေး တူးယူ
ဟက်ပီ ဘတ်ဒေး တူးယူ
ဟက်ပီး ဘတ်ဒေး sweet heart
အသဲပုံ ကိတ်မုန့်လေးကို ခွဲပြီး နေသူရိန်ကို ခွံကျွေးလိုက်တော့ နေသူရိန် ပြုံးပြီး ပါးစပ်ဟပေးလိုက်သည် ။
ယူ ဒို့ အသဲလေးကို ကျွေးလိုက်ပြီနော် ။
ချစ်တယ် မမရယ် ။
ဒို့ လည်း ထပ်တူပါဘဲ ယူရယ် ။
ဒို့ကို သီချင်း ဆိုပြပြီး ဂစ်တာတီးနည်း သင်ပေးအုံးနော် ။
မမစိတ်တိုင်းကျ ဖြစ်စေရမှာပေါ့ မမရယ် ။
ဂစ်တာ အိတ်ထဲက ဂစ်တာလေးကို ထုတ်ကာ တီးမလို လုပ်တော့ စိမ်းလဲ့နွယ် နေသူရိန်ရဲ့ ရင်ခွင်ထဲကို ဝင်ပြီးထိုင်လိုက်သည် ။
ချစ်သူကို ရင်ခွင်ထဲမှာ ထားပြီး ဝင်လုဆဲဆဲ နေရောင်အောက်မှာ ဆည်းဆာ အလှကိုခံစားရင်း ပြုံးပျော်နေကြတဲ့ ချစ်သူနှစ်ဦး။
ဂစ်တာလေးကို တီးလိုက် သီချင်းလေးကို ဆိုလိုက် အနမ်းတွေ ချွေလိုက်နဲ့ အချိန်တွေ ကုန်သွားမှာကို နှမျောနေကြသည် ။
မမ လက်ထပ်ကြရအောင်နော် ။
ယူ သဘောဘဲလေ ။
မမ သဘောမပါဘူးလား ။
ယူ ဒို့က မိန်းကလေးနော် ။ နဲနဲတော့ မူခွင့်ပေးအုံးလေ ။ ရှက်တာပေါ့ ယူရယ် ။
ဂစ်တာလေးနဲ့ အတူ စိမ်းလဲ့နွယ်ကို ဖက်ထားရင်း လည်ပင်းလေးကို နမ်းလိုက်တဲ့ နေသူရိန် ။
ယူ မကဲနဲ့ ကွာ ။
ထိုင်ခုံလေးပေါ် ဂစ်တာလေးကို တင်လိုက်ပြီး နေသူရိန် ထိုင်ရင်းတန်းလန်း စိမ်းလဲ့နွယ်ကို ဆွဲပြီး လှည့်လိုက်တော့ မျက်နှာချင်းဆိုင််ဖြစ်သွားပြီး နမ်းလိုက်သည် ။
မမ လက်တွေ နောက်မှာထားလိုက် ။
စိမ်းလဲ့နွယ်ရဲ့ လက်လေးတွေကို လက်ပြန်အနေအထားဖြစ်အောင် ကိုင်ထားလိုက်ပြီး နမ်းသည် ။ စိမ်းလဲ့နွယ် အနမ်းတွေကလည်း ချိုမြိန်လှသည် ။
မမကို ယူပြီးရင် ဒီပုံစံလေး ချည်ပြီး
ဟိုး ယူကလည်း ဒို့ကို ချည်မယ်ချည်းဘဲ ပြောနေတာဘဲ လက်ထပ်ပြီးရင် ယူစိတ်တိုင်းကျ ယူသဘောဘဲ ကဲ ကျေနပ်ပြီလား ။
အဲဒါကြောင့် မြန်မြန်လက်ထပ်ရအောင် ပြောတာပေါ့ ။ ဒီက ချည်ချင်လှပြီ ။
ချည်ပြီးရင်ရော ဒို့ကိုဘာလုပ်မှာလည်း ။
ဟိုး ဆရာ မဖြေနဲ့တော့ မေးခွန်းမှားသွားလို့ ။
မရဘူး မမ ဖြေမှာဘဲ ။ မမတစ်ကိုယ်လုံးကို မင်္ဂလာဦးညမှာ စိတ်ကြိုက်ချည်တုတ်ပြီး
စိမ်းလဲ့နွယ် ချစ်စရာ အမူအရာလေးနဲ့ နားလေးနှစ်ဘက်ကို အုပ်ထားသည် ။
ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက်ရှု့စားပါလို့ ပြောမလို့ပါ မမရယ် ။
စိမ်းလဲ့နွယ် ရင်ဘတ်လေးကို ဖိကာ
ဟူး တော်ပါသေးရဲ့ ယူရယ် ။
မမက ဘာလို့ ကျွန်တော်ကို ယူလို့ ခေါ်တာလဲ ။
ဒို့ အချစ်တွေကို ယူက ယူသွားလို့ ။
ပြောတတ်လိုက်တာ မမရယ် ။
မမကို ယူပြီးရင် ဘယ်လို ခေါ်ရမလဲ ပြောပါအုံး ။
ယူ ကြိုက်သလို ခေါ်လေ ။
မိန်းမလို့ ခေါ်ရမလား ။
ယူနော် နားရှက်တယ် ။
နေသူရိန်ရဲ့ ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ ထုလိုက်သည် ။
နေသူရိန် လက်လေးနှစ်ဘက်ကို ဖမ်းဆုပ်ပြီး နမ်းလိုက်ပြန်သည် ။
ယူ တစ်ခါနမ်းလို့် ဒို့ တစ်ထောင်ရမယ်ဆိုရင် ဒီနေ့ ဒို့ သူဋ္ဌေးဖြစ်နေပြီနော် ။
မမကို ချစ်တာကိုး ။
မမ ဘယ်တော့လက်ထပ်ကြမှာလဲ ။
ဒို့ ရက်ရွေးပေးမယ်လေ ။
ဘယ်မှာ ဘယ်လို ဆောင်ချင်လဲ မမ ။
ပကာသနတွေ မလိုပါဘူး ။ ဒို့ကတော့ ရိုးရိုးရှင်းရှင်းနဲ့ ရုံးမှာ တရားသူကြီးရှေ့ လက်မှတ်ထိုးတာဘဲ ကြိုက်တယ် ။
မမ စိတ်တိုင်းကျ ဖြစ်စေရမယ် ။ မင်္ဂလာလက်မှတ်ထိုးပြီးရင် ကျွန်တော်စိတ်တိုင်းကျနော် ။
ယူနော် ကြောက်လာပြီ ။
မှောင်တာလဲ မြန်လိုက်တာ မမရယ် ။
သြော် ဒီဇင်ဘာလေ ယူရယ် ။
မမနဲ့ အတူနေချင်ပြီကွာ ။
ယူရယ် မကြာတော့ပါဘူး ။ အိမ်က မိဘတွေကို အသိပေးပြီးရင် ရက်ရွေးတာပေါ့ ။
မမရဲ့ မိဘတွေက သဘောတူပါ့မလား ။
ဒို့ကို အိမ်ထောင်ပြုခိုင်းတာ ကြာနေပြီ ။ ဒို့ က လက်မခံလို့ ။
အခုကျတော့ရော မမ ။
ယူရဲ့ အပြောအဆို သီချင်းတွေ ဂစ်တာသံတွေ အားလုံးက ဒို့ကို စျာန်လျှောစေခဲ့တာလေ ။ ဒို့ကို တစ်သက်လုံး ချစ်နိုင်မှာလား ။
မမက နောက်ကို အဲဒီလို စကားတွေ မပြောနဲ့ ကျွန်တော် စိတ်ဆိုးရင် မမကို နမ်းမိလိမ့်မယ် ။
ဟိုး ဆရာ ပါးလေးတော့ ခွက်သွားတော့မှာဘဲ ။
မမ
ပြောလေ ယူ ။
မမနဲ့ ကျွန်တော်နဲ့ ယူပြီးရင် မမကို ကြိုးတွေနဲ့ ချည်ပြီး ချစ်ချင်တာနော် ။
ဘာဖြစ်လို့လဲ ယူရဲ့ ။ ဒီ အတိုင်းလည်း ချစ်လို့ ရတာဘဲလေ ။
မတူဘူးလေ မမရဲ့ ။ ကျွန်တော့် စိတ်ထဲက မမကို ကြိုးတွေနဲ့ ချည်ချင်စိတ် ဖြစ်နေတာ ။
ဒို့ ကို ချည်ရရင် ယူ စိတ်ချမ်းသာတယ်ပေါ့ ။
မမကလည်း ကြည်ဖြူစွာ ခွင့်ပြုမှပါ ။ ဇွတ်အတင်းတော့ မလုပ်ပါဘူး ။
ကြိုပြီး ခွင့်တောင်းထားတာပါ မမ သိရအောင်လို့ မမ အချစ်တွေ ကျွန်တော့် အချစ်တွေ နှစ်ယောက်သား နားလည်စွာနဲ့ အတူတူ ဖြတ်သန်းကြမယ်လေ ။
ဒို့ ကို အလိုလိုက်ရမှာနော် ။
မမကလည်း ကျွန်တော့်စိတ်ဆန္ဒကို ခွင့်ပြုပေးပါနော် ။
ယူကဒို့ကို ဘယ်လောက်ထိ ချစ်သလဲ ။
မမ မဟုတ်တဲ့ အခြားတစ်ယောက်ကို လုံးဝချစ်လို့ရမှာ မဟုတ်ပါဘူး ။
ကျေးဇူးတင်တယ် ယူရယ် ။
မမမှောင်နေပြီ ။ ပြန်ချင်တော့ဘူးကွာ ။ ခွဲရမှာ ကြောက်တယ် ။
အို ယူကလည်း မဖြစ်သေးဘူးလေ ။ လက်ထပ်ပြီးမှပေါ့ ။
မမက နှင်တာလား ။
မဟုတ်ပါဘူး ယူကလည်း ။
ပြန်စေချင်တာဆို ။
ပြောမိပါဘူး ။
အဲဒါဆိုလည်း ပြီးရော ကျွန်တော်ပြန်တော့မယ် ။
ချစ်တယ် မမရယ် ။
စိမ်းလဲ့နွယ် ပါးလေးကို ထိုးပေးလိုက်တော့
နေသူရိန် မြတ်နိုးစွာ နမ်းလိုက်သည် ။
စိမ်းလဲ့နွယ် လက်ပြရင်း ကျန်ခဲ့သည် ။
စိမ်းလဲ့နွယ် မိဘတွေကလည်း သဘောကျနေကြသည် ။ ခုမှဘဲ အပျိုကြီး သမီးဖြစ်သူအတွက် စိတ်အေးကြရလေပြီ ။
ဓာတ်ပုံထဲမှာ မြင်ရသော နေသူရိန်ရဲ့ ပုံစံကိုလည်း ကျေနပ်နေကြသည် ။
တစ်မျိုးလုံး ဝမ်းသာပြီး ခမ်းခမ်းနားနား မင်္ဂလာဆောင် ကျင်းပပေးမည် ဆိုသော်လည်း စိမ်းလဲ့နွယ် လက်မခံ ။ ခမ်းခမ်းနားနား လုပ်မည်ဆိုလျှင် ရက်တွေစောင့်ရမည် ။ အစီအစဉ်တွေ ဆွဲရမည် ။
နေသူရိန်ရှေ့မှာမို့ ဟန်ဆောင်ပြီး မူနေရသော်လည်း အတူနေချင်တဲ့ စိတ်က တားမရ ။ ဆောင်းရာသီမို့လည်း နေသူရိန်ရဲ့ ရင်ခွင်မှာ မှေးစက်ချင်ပြီ ။
မင်္ဂလာ လက်မှတ်ထိုးဖို့ရာ ဇန်နဝါရီ ( 4 ) ရက် လွတ်လပ်ရေးနေ့ကို ရွေးလိုက်သည် ။ နေသူရိန်ကို ဖုန်းဆက်မပြောတော့ဘဲ ကိုယ်တိုင်ပြောချင်လို့ ကားလေးကို မောင်းကာ ဂစ်တာဆိုင်ကို ထွက်လာခဲ့သည် ။
ဆိုင်ရှေ့မှာ ရပ်ထားတဲ့ နောက်ဆုံးပေါ် ကားလေးတစ်စီး ။ စိမ်းလဲ့နွယ် ကားလေးကို ရပ်ပြီး ဆိုင်ထဲကို ဝင်လာသည် ။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခြေလှမ်းတွေ ရပ်သွားသည် ။
နေသူရိန် ထိုင်ပြီး ဂစ်တာတီးခဲ့သော နေရာမှာ ကောင်မလေးတစ်ယောက် ။ ဂျင်းစကပ် အတိုလေးနဲ့ ခပ်ဟော့ဟော့ ပုံစံ ကောင်မလေး ။ ဂစ်တာကို အကျအနတီးနေပြီး သီချင်းကို စိတ်ပါ လက်ပါ ဆိုနေသည် ။ နေသူရိန်က ခုံလေးတစ်ခုမှာ ထိုင်ပြီး နားထောင်နေသည် ။ စိမ်းလဲ့နွယ်ကို မြင်တော့
ဟာ မမ ။
( ဆုံး ) BDSM
သြော် ချစ်စ ခင်စ ကြင်နာစ ပျော်ရွှင်မှု့တွေနဲ့ အတူ အနှိုင်းမဲ့ ကျေနပ်မှု့ ။ ချစ်ချင်းတွေနဲ့ ထုံမွှန်းနေတဲ့ ဇန်နဝါရီ ဆိုတော့လည်း တစ်ဦးနဲ့ တစ်ဦး အကြားမှာ လေပြည်လေးတောင် အခြားမခံဘဲ တစ်ယောက်ရဲ့ ရင်ခွင်ထဲကို တစ်ဦးက မြုပ်မတတ် တိုးဝင်ထွေးပွေ့ ထားကြတဲ့ ကြည်နူးစရာ အချိန်လေးတွေ ။
မနက် အာရုံဦးချိန် ရောက်တော့ အိပ်ပျော်နေတဲ့ စိမ်းလဲ့နွယ် နားထဲကို တိုးဝင်လာတာက ဂစ်တာသံလေး ။
ကဗျာမမီ စာမမီ ။
အဆိုမပါ အတီးသက်သက် တိုးတိုး ညှင်းညှင်းလေး ။ စိမ်းလဲ့နွယ် မျက်လုံးမဖွင့်သေး။ ကျေနပ်နှစ်ခြိုက်စွာ နားထောင်နေသည် ။ သီချင်းလေးဆုံးသွားတော့ ပါးပြင်ပေါ် ကျလာတဲ့ နွေးထွေးတဲ့ အနမ်းလေးတစ်ခု ။
မျက်လုံးလေး မဖွင့်သေး ။ ဒီလောက်လေးနမ်းရုံနဲ့ မထချင်သေး ။ စျေးကိုင်ထားအုံးမယ် ။ မူအုံးမယ် ။ ထင်တဲ့ အတိုင်း ပါးပြင်လေးမှ တစ်ဆင့် နဖူးလေးတွေ နှုတ်ခမ်းလေးတွေ ရင်သားလေးတွေ ။
မောင် နိုးပြီနော် ။
မျက်လုံးမဖွင့်ပါက အနမ်းတွေက ဘယ်အထိ ခရီးဆက်မည် မသိနိုင် ။
မောင် ကျေးဇူးတင်တယ် နော် ။
ဘာအတွက်လဲ ။
အရာ အားလုံး အတွက် မောင့် အချစ်တွေ အတွက် ။ အမြဲတမ်း ချစ်ပေးပါနော် ။
မမက သိပ်ချစ်ဖို့ ကောင်းတယ် ။ ကျွန်တော် ဘာပြောပြော ခေါင်းမခါဘူးတဲ့။
မောင်နော် သူများ ရှက်တယ် ။
ဲ မိန်းမ မနက်စောစော လမ်းလျှောက်ရအောင် ။
ကောင်းသားဘဲ မောင် ။
စိမ်းလဲ့နွယ် ထရက်ဆုလေးကို နေသူရိန်နှင့် ဆင်တူ ဝတ်ပြီး အားကစားဘိနပ်လေးကို စီးလိုက်တော့ နေသူရိန်က ခြေနင်းကြိုးလေးကို ဒူးလေးထောက်ပြီး ချည်ပေးလိုက်သည် ။
အို မောင် ငရဲတွေ ကြီးကုန်တော့မှာဘဲ ။
ချစ်ရင် ငရဲကြီးတာလား ။
မောင် ရယ် နောက်ဆိုရင် ဒို့ကဘဲ ချည်ပေးပါရစေနော် ။
အဲ ဒါဆို အိပ်ယာထဲ ရောက်ရင် မောင် ချည်ပေးမယ်နော် ။
အင်း မောင့်သဘော ကျေနပ်ပြီးလား ။
စိမ်းလဲ့နွယ် ချစ်စရာ မူဟန်လေးကြောင့် နေသူရိန် က ပါးလေးကို ဆွဲလိမ်လိုက်သည် ။
နှင်းတွေ ဝေနေတဲ့ အချိန်မှာ ချစ်ရသူနဲ့ အတူတွဲ လမ်းလျှောက်ရတဲ့ ကြည်နူးစရာ အချိန်လေး ။
နှင်းတွေ မြူတွေနဲ့ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ဝေးဝေးကို မမြင်ရ ။ စိမ်းလဲ့နွယ် နေသူရိန်ကို လက်လေးချိတ်ပြီး ပခုံးလေးကို မှီကာ လျှောက်လာသည် ။
မိန်းမ
ပြောလေ မောင် ။
မိန်းမ ဝတ်ထားတဲ့ ထရက်ဆုလေးက ပြောနေတယ် ။
ဘာပြောတာလဲမောင် ။
သူကို အားနာပါအုံးတဲ့ ။ ထရက်ဆုကြီး ဝတ်ပြီး မောင်ကိုဘဲ မှီပြီး လမ်းလျှောက် နေလိုတဲ့ ။
မောင်နော် သွား လူလည် ။
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လျှောက်လာစဉ်
ဟိတ် ရပ်လိုက် ။
ဓားကိုင်ထားသော လူတစ်ယောက်နဲ့ အဖော် နှစ်ယောက် ။ ပေပေတေတေ ပုံစံတွေနဲ့။
မင်းတို့ ပါတာတွေ ထုတ်ပေးစမ်း ။
နေသူရိန် စိမ်းလဲ့နွယ်ရှေ့က ပိတ်ကာပြီး ရပ်လိုက်သည် ။ ပတ်ဝန်းကျင်ကလည်း အဝေးကနေ မမြင်နိုင် ။
ပေးစမ်း မင်းတို့ ဆွဲကြိုးတွေ ဖုန်းတွေ ။
ဘာလို့ ပေးရမှာလဲ ။
ဟာ ဒီကောင် ရှာရှည်လိုက်တာ ။
ပြောပြောဆိုဆို ဓားကိုင်ထားသူက နေသူရိန်ကို ဓားနဲ့ ထိုးလိုက်ရာ စိမ်းလဲ့နွယ် မျက်လုံးတွေ အရောင်တွေ ထွက်သွားပြီး
မောင်
ဟိတ် ယား
ခွပ် အု
ဖြောင်း
အား
တိကျသေသပ်သော တိုက်ကွက်များ အောက်မှာ ခဏ အတွင်းမှာပင် သုံးယောက်သား လောက ကြီးနဲ့ အဆက်အသွယ် ပြတ်ပြီး မြေကြီးပေါ်မှာ မှောက်သွားကြသည် ။
စိုးရိမ်သော မျက်နှာနှင့် စိမ်းလဲ့နွယ်
မောင် မောင် ဘာဖြစ်သွားသေးလဲ ။
အံ့သြသော မျက်နှာ နှင့် နေသူရိန် ။
မှင်သက်နေပြီး စိမ်းလဲ့နွယ်ကို ဖက်ထားလိုက်သည် ။
မမရယ် ။
လူတွေ အုံလာပြီး ရဲတွေ ရောက်လာကာ လုယက်သူတွေကို ဖမ်းသွားတော့သည် ။
နေသူရိန် မျက်စိထဲမှာ ယောက်ျား သုံးယောက်ကို မျက်စိတစ်မှိတ် လျှပ်တပျက် အတွင်း မှောက်သွားအောင် တိုက်နိုင်သော စိမ်းလဲ့နွယ်နှင့် မိမိ ပြုသမျှ ငြင်သာသိမ်မွေ့စွာ မငြင်းဆန်ဘဲ ခံယူခဲ့သော စိမ်းလဲ့နွယ် ရင်ထဲက အချစ်တွေကို ပိုပြီး မြင်လာသည် ။
အိမ်ပြန်ရောက်တော့
မမ အရမ်းတော်တာဘဲ ။
မောင့်ကို စိတ်ပူပြီး လွတ်သွားလို့ပါ ။
ယောက်ျား သုံးယောက်ကို ခဏအတွင်းမှာဘဲ
တော်ပြီ မောင် အတွက် စိတ်ပူလို့ သေတာ့မယ် ဆက်မပြောနဲ့တော့နော် ။
စိမ်းလဲ့နွယ် နေသူရိန် ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားလိုက်သည် ။
ကျွန်တော် ချည်တာ ရိုက်တာကို ဘာလို့ မငြင်းဆန်တာလဲ ။
မောင် လောကကြီးမှာလေ မောင်တောင်းဆိုရင် အသက်ကို ပေးဆိုရင်တောင် ပေးမှာပါ ဘာဖြစ်လို့လဲ ဆိုတော့ မောင့်ကို အစွမ်းကုန် ချစ်မိသွားလို့ဘဲ။ မောင်အတွက်ဆိုရင်လည်း အရာရာ ပေးဆပ်သွားမှာပါ ။
သြော် မိန်းမရယ် ။
မောင့်ကို ဒီလောက်အထိ ချစ်သလား ။
မောင် ဆန္ဒတွေ အားလုံးကို လိုက်လျောပြီး ပေးဆပ်သွားမှာပါ ။
မမကို မေးရအုံးမယ် ။
မေးလေ မောင် ။
မမက ဒီပညာတွေကို ဘယ်တုန်းက သင်ခဲ့တာလဲ ။
အားကစား တစ်ခု အဖြစ် လိုက်စားရင်း ပရော်ဖက်ရှင်နယ် အဆင့် ရောက်သွားတာပါ ။
အခုတော့ အနားယူလိုက်ပါပြီ ။
မောင် စိတ်ပြေလက်ပျောက် စျေးဝယ်ထွက်ရအောင်နော် ။
မမရဲ့ အမိန့်တော် အတိုင်းပါ ခင်မျာ ။
မောင်နော် ။
စျေးဝယ်ထွက်ဖို့ရာ အဝတ်လဲလိုက်တော့ ငွေရောင် တလက်လက် တောက်ပနေတဲ့ စကပ်တို အသားကပ် အထက်အောက် ဝမ်းဆက်လေးနဲ့ ။
မမနော် အဲဒီလောက် လှနေရင် သူများတွေ လိုက်လာမှာပေါ့ ။
အဲဒါဆို မောင့်လက်ကို ချိတ်ထားမှာပေါ့ ။
ဒါဆိုလည်း ပြီးရော ။ မသွားခင်လေး လာထား အာဘွား ။
မောင်နော် ဒို့ ပါးမှာ မောင် နှုတ်ခမ်းရာတွေ စွဲနေတော့မှာဘဲ ။
ပါးစပ်က ပြောနေပေမယ့် ပါးလေးကို အလိုက်တသိ ထိုးပေးလိုက်တဲ့ စိမ်းလဲ့နွယ် ။
မောင် ကလည်း မင်းသား တစ်ယောက်လိုဘဲနော် လမ်းမှာ ဒို့လက်ကို မချိတ်ဘဲ လျှောက်လို့ကတော့ ဒီမှာ ကြည့်လိုက် ဘာလဲ တွေ့လား ။
ဗိုက်ကြောကို လိမ်ဆွဲမည့်ဟန် ။
မမနော် အနိုင်မကျင့်နဲ့ ။
လာသွားကြစို့ ။
နေသူရိန် ကားလေးကို မောင်းကာ ရှော့ပင်းမော တစ်ခုကို မောင်းလာခဲ့သည် ။
ကားပေါ်က ဆင်းပြီး နေသူရိန် စိမ်းလဲ့နွယ်ဘက် တံခါးဖွင့်ပေးလိုက်တော့ ဆင်းလာပြီး နေသူရိန် လက်မောင်းလေးကို ကိုင်လိုက်သည် ။
လမ်းလျှောက်လာတော့ ဘေးပတ်ဝန်းကျင် လူတွေရဲ့ အကြည့်က အားကျသော မျက်လုံးတွေနဲ့ တစ်ချှို့ဆိုရင် ခလုတ်တိုက်တာ ရှေ့က ပစ္စည်းတွေနဲ့ ဝင်တိုက်မိတာတွေ ဖြစ်ကုန်သည် ။
ရှော့ပင်းမောထဲ ဝင်ဝင်ချင်း တီးဝိုင်းက သီချင်းသံကို ကြားလိုက်ရသည် ။ သီဆိုနေတဲ့ သူက ခက်ဝတီ ။ ရှော့ပင်းမောရဲ့ ပရိုမိုးရှင်း အထူး အစီအစဉ် ။ သီချင်းဆိုရင်း ခက်ဝတီ နေသူရိန်ကို မြင်သွားသည် ။
သီဆိုနေရင်း လက်ပြတော့ တီးဝိုင်းရှေ့က လူတွေ လှည့်ကြည့်ကြသည် ။
ခက်ဝတီ သီချင်းပြီးသွားတော့
ပရိတ်သတ်ကြီးရှင့် အထူးအစီအစဉ်နဲ့ ပရိသတ်ကြီးထဲက အထူးဧည့်သည်တော်နဲ့ မိတ်ဆက်ပေးပါရစေ ။
ကိုနေသူရိန် သီချင်းလေး တစ်ပုဒ်လောက် ချီးမြှင့်ပေးပါ ။
မမ
ကျွန်တော် မမ အတွက် ဆိုမယ်နော် ။
စိမ်းလဲ့နွယ် ခေါင်းငြိမ့်ပြလိုက်သည် ။
ဒို့ မရှိရင် ဘယ်ပွဲမှ မဆိုရဘူးနော် ။
မမ မပါရင် သီချင်းမဆိုပါဘူး ။
နေသူရိန် စင်ပေါ်တက်ပြီး ဂစ်တာလေးကို ကိုင်လိုက်သည် ။
ကျွန်တော် မမရဲ့ ခွင့်ပြုချက်နဲ့ ပရိသတ်ကြီးကို ဖျော်ဖြေမှာပါ ။ စင်ပေါ်မှာ ဂစ်တာသီးသန့်နဲ့ ဆိုမှာပါ ။
သန့်ပြန့် ချောမောနေတဲ့ နေသူရိန်ရဲ့ ပင်ကို ဟန်ပန်ကလည်း ဆယ်ကျော်သက်တွေရဲ့ ရင်ကို လှုပ်ခတ်စေသည် ။
ဂစ်တာ သံလေးထွက်ပေါ်လာတော့ ငြိမ်ကျသွားတဲ ပရိသတ်တွေ ။
တိကျသေချာ ရှင်းလင်းပြတ်သားပြီး ငြိမ့်ညောင်းသာယာစွာ ထွက်ပေါ်လာတဲ့ ဂစ်တာသံနဲ့ အတူ ကြည်လင်ချိုမြသော သီချင်းဆိုသံ ။ စိမ်းလဲ့နွယ်နှင့် အတူ ပရိသတ်ရဲ့ လက်ခုပ်သံ ထွက်ပေါ်လာသည် ။
ဝမ်းစမိုး ဝမ်းစမိုး
နေသူရိန် သီချင်းပြီးတော့ ပရိတ်သတ်ကို ဦးညွှတ်လိုက်သည် ။ ပရိသတ်က ထပ်ပြီးတောင်းဆိုတော့
ကျွန်တော့် မမက တစ်ပုဒ်ထဲ ခွင့်ပြုလို့ပါ ခင်မျာ ။ ကျေးဇူးတင်ပါတယ် ။
နေသူရိန် စင်အောက်ကို ဆင်းလာပြီး စိမ်းလဲ့နွယ်ဆီကို လျှောက်လာတော့ သတင်းထောက်တွေရဲ့ ကင်မရာတွေက တဖျပ်ဖျပ် ဓာတ်ပုံရိုက်ယူကြသည် ။
နောက်ရက် အင်တာနက် မီဒီယာ သတင်းတွေထဲမှာ မမ အတွက် သီချင်းတစ်ပုဒ် ။
ချစ်သူကို သီချင်းတစ်ပုဒ်ကိုသာ ဆိုခွင့်ပြုသော ပိုင်ရှင် ခေါင်းစဉ် အမျိုးမျိုးနဲ့ နေသူရိန် နာမည်ကြီးနေပြီ ။
အဆို အတီး ရုပ်ရည်ချောမောမှု့ ဆယ်ကျော်သက်တွေ ကြားမှာ ရေပန်းစားလာပြီ။
နေသူရိန်ရဲ့ ဂစ်တာဆိုင်မှာ မိန်းကလေးတွေ အဝင်အထွက် များလာပြီ ။ အထူးသဖြင့် ခက်ဝတီ ။ နေသူရိန်နဲ့ စိမ်းလဲ့နွယ် လက်ထပ်ပြီးတာကို မသိသေး ။
ခက်ဝတီ ဆိုင်လာလျှင် စိမ်းလဲ့နွယ် အပေါ်ထပ် တက်သွားသည် ။ နေသူရိန်ကို ယုံသည်လေ ။ လက်ထပ်ပြီးကာစ ချုပ်ခြယ်တာမျိုးလဲ မဖြစ်အောင် အထူးသတိထားပြီး နေသည် ။
မိမိကြောင့် နေသူရိန် စိတ်မဆင်းရဲစေချင် ။ လိုအပ်တာကို အလိုက်တသိ ပေးဆပ်ဖို့ ပြင်ဆင်ထားသည် ။
နေသူရိန်ကလည်း သိသည် ။ ခက်ဝတီ ပြန်သွားတိုင်း စိမ်းလဲ့နွယ် မျက်နှာလေးကို အရိပ်တကြည့်ကြည့် ။ ပိုပြီးလည်း ဂရုစိုက်သည်။
တစ်နေ့တော့ ခက်ဝတီ မိန်းကလေး အဖော်တစ်ယောက်နဲ့ ရောက်လာသည် ။ နေသူရိန်ကို သီချင်းနဲ့ ပတ်သတ်ပြီး စိတ်တိုင်းမကျတာတွေ မေးသည် ။ ဂစ်တာ လက်ကွက်တွေ နုတ်တွေ တိုင်ပင်ရင်း လျှပ်စစ်ဂစ်တာ တစ်ခုကို ကြိုးတပ်လိုက်ရာ လက်က အအေးဘူးရဲ့ အစိုဓာတ်ကြောင့် လျှပ်စစ်ထိသလို ဖြစ်သွားပြီး တုန်သွားကာ လဲကျသွားသည် ။
နှလုံးခုန်ရပ်သွားပြီး အဖော်ပါလာတဲ့ ကောင်မလေး အော်သံက အလန့်တကြား ။
နေသူရိန် ကြည့်လိုက်တော့ လျှော့ရကာ နှလုံးခုန်ရပ်နေပြီ ။ စဉ်းစားမနေဘဲ ပက်လက်လေး လဲနေသော ခက်ဝတီရဲ့ နှာခေါင်းလေးကို လက်နဲ့ ပိတ်ကာ ပါးစပ်ချင်းတေ့ပြီး လေမှုတ်သွင်းလိုက်သည် ။
ချက်ချင်း သတိမရ ။ သုံးလေးကြိမ်လောက် မှုတ်သွင်းပြီးတော့ နှလုံးပြန်ခုန်လာပြီး သတိလည်လာကာ ကယောင်ကတန်းနဲ့ နေသူရိန်ကို ဖက်ထားသည် ။
အောက်ထပ်က အသံတွေကြောင့် စိမ်းလဲ့နွယ် လှေကားက ဆင်းလာချိန် မြင်လိုက်ရတဲ့ မြင်ကွင်း ။ ရင်ထဲက မုန်တိုင်း ဘယ်လို မှ မခံစားနိုင် ။
နေသူရိန် စိမ်းလဲ့နွယ် ကြည့်နေတာကို မြင်သွားသည် ။
မမ
နေသူရိန် ခေါ်သော်လည်း စိမ်းလဲ့နွယ် လှည့်မကြည့်တော့ ။ လှေကားအတိုင်း ပြေးတက်သွားပြီး အခန်းတံခါးကို ပိတ်ထားသည် ။
ခက်ဝတီနဲ့ အတူပါလာသော သူငယ်ချင်းကောင်မလေးကို သေချာပြောပြီး နီးစပ်ရာ ဆေးခန်းကို ပြရန် မှာကာ ကားပေါ်ထိ ိတင်ပေးလိုက်သည် ။ ခက်ဝတီတို့ ကားလေး ထွက်သွားတော့ နေသူရိန် စိမ်းလဲ့နွယ် ရှိနေသော အပေါ်ထပ်သို့ တက်လာခဲ့သည် ။
မမ တံခါးဖွင့်ပါဦး ။
မလာခဲ့နဲ့ မကြားချင်ဘူး ။
ကျွန်တော် ရှင်းပြပါရစေ ။
ဘာမှ လာမပြောနဲ့ ။ အနား မကပ်နဲ့နော်။
နေသူရိန် တံခါးဖွင့်ခိုင်းလို့ ပွင့်လာတော့
စိမ်းလဲ့နွယ် လက်ထဲမှာ ကားသော့ ။
ဘယ်သွားမလို့လဲ မမ ။
သစ္စာ မရှိတဲ့ လူနဲ့ အတူမနေနိုင်ဘူး သွားမယ် ။
မမ မသွားပါနဲ့ မမက မိန်းကလေးဆိုတော့ ကျွန်တော်ဘဲ သွားပါ့မယ် ။ အပြစ်ရှိသူက ကျွန်တော်လို့ မမက သတ်မှတ်ထားတာ ဆိုရင် ကျွန်တော်ဘဲ သွားပါ့မယ် ။
စိမ်းလဲ့နွယ် ကျောပေးထားတော့ နေသူရိန် ဂစ်တာလေးကို ဆွဲကာ ထွက်လာတော့သည် ။
စိမ်းလဲ့နွယ် မြင်လိုက်ရတဲ့ မြင်ကွင်းကို မယုံနိုင်သေး ။ နေသူရိန်ကို ခက်ဝတီက ဖက်ထားတဲ့ ပုံစံ ။ မျက်ဝန်းထဲမှာ မျက်ရည်တွေက တားမနိုင် ဆီးမရ ။ အောက်ထပ်က ဘာသံမှ မကြားရတော့ ။ နေသူရိန် ထွက်သွားပြီ ထင်သည် ။
အချစ်ကို ယုံစားမိ၍ အသဲကို မီးလောင်နေပြီ ။ အစတုန်းက ဒီလို လူစားမျိုးလို့ ထင်မထား ။ အခုတော့ ယုံမှတ်လို့ ပုံအပ်လိုက်မိပြီ ။ လောကကြီး ဇောက်ထိုးမိုးမျှော်။
ထွက်သွားရမည်လား ။ သူနဲ့ အတူနေခဲ့တဲ့ နေရာလေး ။ အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးလာပြီ ။ ရှင်းပြခြင်းကိုလည်း လက်မခံနိုင် ။ မိမိ မျက်စိနဲ့ တပ်အပ် မြင်လိုက်သော မြင်ကွင်း ။ မှားစရာ မရှိ။
စိတ်နာပေမယ့် စိတ်ဆိုးနေပေမယ့် မျက်စိထဲ မြင်နေတာ မောင့်မျက်နှာ ။ နှလုံးသားထဲက တမ်းတနေမိတဲ့ အရာတွေ ။ ခေါင်းကို ခါယမ်းလိုက်တော့ ကိုယ်တိုင်မသိလိုက်ခင် ကျလာတဲ့ မျက်ရည်တွေ ။
အအေးဓာတ်က ညပိုင်းရောက်လာတော့ တဖြည်းဖြည်း ပိုလာသည် ။ တစုံတစ်ရာကို သတိရစိတ်ကလည်း ပြင်းထန်လာသည် ။ မှန်ထဲမှာ ပေါ်နေတဲ့ မိမိပုံရိပ် ။ ဒေါသစိတ်နဲ့ အတူ တွေ့တာနဲ့ ကောက်ပေါက်လိုက်တော့ ကိုယ်လုံးပေါ်မှန်လည်း အစိတ်စိတ် အမွှာမွှာ ။
မြင်တာ မှန်သမျှ အဆင်ပြေတာ မရှိ ။
အိပ်ယာပေါ်မှာ တလူးလူး တလိမ့်လိမ့် ။ စောင်တွေကလည်း စိတ်ထဲမှာ နွေးထွေးမှု့ မရှိထင်နေသည် ။
သြော် ဇန်နဝါရီရဲ့ ဆောင်းညချမ်းက ရှည်လျားလိုက်တာ ။ ပူလောင်ခြင်းတွေနဲ့ အိပ်လို့မပျော် ။ နေသူရိန် အကြောင်း မတွေးဘဲနဲ့ စိတ်ထဲ ဝင်ရောက်လာပြန်သည် ။
သြော် မောင် တစ်ယောက်ရော အဆင်မှ ပြေပါ့မလာ း ။
နေပါစေ သစ္စာမဲ့သူ ဘယ်လိုဖြစ်ဖြစ် ။
သတိရ စိတ်နဲ့ ဒေါသစိတ် တစ်လှည့်စီ ။
မနက်မိုးလင့်းတော့ ကြားနေကြ အသံလေး နမ်းနေကြ နှုတ်ခမ်းလေး တီးခတ်နေတဲ့ ဂစ်တာသံလေး ကြားရမလားလို့ မျှော်မိပေမယ့် မျက်ရည်တွေသာ အဖတ်တင်ခဲ့ပြီ ။
ဒေါသတွေကြားက လွမ်းနေပြန်ပြီ မောင် ။
တစ်ကယ်ဆိုရင် မောင် ပိုင်ဆိုင်တဲ့ မောင့်မယားဘဲလေ ။ သေချာရှင်းပြပေါ့ ။ တစ်ခါပြောလို့ မရရင် နှစ်ခါပြောလေ ။ ခုတော့ ထွက်သွားမယ် ပြောရုံဘဲ ရှိသေးတယ် ။ ဒို့ကို စိတ်မချလို့ သူ အရင် ထွက်သွားတာ မဟုတ်လား ။ အင်းပေါ့လေ မောင့် အချစ်တွေက ဒို့ ကိုဘဲ ချစ်ခဲ့တာလေ ။ ဒို့ရဲ့ အနေအထား ပိုင်ဆိုင်မှု့ တွေကို ချစ်ခဲ့တာမှ မဟုတ်တာ ။
ဒို့ အနေဆင်းရဲမှာကို တွေးပြီး မောင်က အရင်ဆင်းပေးခဲ့တာ မဟုတ်လား ။ မောင်ပိုင်ဆိုင်တဲ့ အရာတွေကို အားလုံး ထားခဲ့ပြီးတော့လေ ။
အချိန်တွေ ကြာတာနဲ့ အမျှ မောင့် အချစ်တွေကို ပိုပြီး သိလာခဲ့ပြီ ။
နောက်ရက် မနက်မိုးလင်းတော့ ဆိုင်ဖွင့်ချိန် ။ ဆိုင်ရှေ့ကို ရောက်နေတဲ့ ခက်ဝတီ။
နီရဲတင်းမာစူးရှသော မျက်လုံးတွေနဲ့ စိမ်းလဲ့နွယ် ။
စိမ်းလဲ့နွယ်ကို မြင်တော့ ခက်ဝတီက
မမ ကိုသူရိန်ရော ။
မင်းဆီမှာ မဟုတ်ဘူးလား ။
မမက ကိုသူရိန်နဲ့ ဘာတော်တာလဲ ။
နေသူရိန်ရဲ့ မိန်းမ စိမ်းလဲ့နွယ် ။
ဟင် ဒါဆို ကိုသူရိန် မရှိဘူးပေါ့ ။
မင်း ဘာလာလုပ်တာလဲ ။
ကိုသူရိန်ကို ကန်တော့ချင်လို့ပါ ။
ဟင် ဘာဖြစ်လို့လဲ ။
မနေ့က ကိုသူရိန် ကယ်ခဲ့တဲ့ အသက်ဘဲ ရှိတော့တယ် ။ ဆရာဝန်က နည်းနည်းနောက်ကျရင် အန္တရာယ် ရှိတယ်တဲ့ ။ ဓာတ်လိုက်ခံရပြီး နှလုံးရပ်သွားတော့ အရေးပေါ် လေမှုတ်ပြီး သွင်းပေးခဲ့လို့ ပြန်သတိရပြီး ဆေးခန်း အချိန်မှီ ရောက်နိုင်တာလေ ။ အဲဒါကြောင့် ကိုသူရိန်ကို လာကန့်တော့တာပါ ။
စိမ်းလဲ့နွယ် ထိုင်ခုံပေါ်ကို အရုပ်ကြိုးပြတ် ကျသွားသည် ။
မင်းနဲ့ အထင်လွဲပြီး အိမ်ပေါ်က ဆင်းသွားပြီ ။
ရှင် စိတ်မကောင်းလိုက်တာ မမရယ် ။ ကျွန်မနဲ့ အထင်မလွဲစေချင်သလို ဘယ်သူနဲ့မှ အထင်မလွဲပါနဲ့ မမရယ် ။
ကိုသူရိန်က ကိုယ်ကျင့်တရား ကောင်းလွန်းပါတယ် မမ ။ ကျွန်မ သိသလောက် ကိုသူရိန်က ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားခဲ့ဘူး ။ မမက ကိုသူရိန် မိန်းမဆိုတာတောင် ကျွန်မက အံ့သြနေတာ ။
ကိုသူရိန်ကို ကန်တော့မလို့ လာတာ ကိုယ်သူရိန် မရှိတော့ မမကိုဘဲ ကန်တော့ခဲ့မယ် ။ ဝတီတို့လည်း ကူရှာပေးမယ်လေ ။
အခုလို ပွင့်ပွင့်လင်းလင်း သိရတော့ ရှင်းသွားပါပြီ ဝတီရယ် ။ ဝတီ ကန့်တော့တာလည်း မခံပါရစေနဲ့ ။ မောင်နဲ့ တွေ့မှ ဝတီ သဘောပေါ့ ။ ခုတော့ ဒို့ ရှာပါရစေဦး။ မနေ့ကထဲက ထွက်သွားတာ ။
ဘယ်ဆီမှာလဲ မောင်ရယ် ။
ချစ်တဲ့စိတ်နဲ့ မစဉ်းစား မဆင်ခြင်ဘဲ ပြောမိခဲ့တဲ့ ဟောဒီ အမိုက်မ ရင်ခွင်ကိုတော့ စိမ်းကားပစ်ခွာ မုန်း မသွားပါနဲ့ မောင် ။
စိမ်းလဲ့နွယ် နေသူရိန်ကို ရှာဖို့ ကားလေးတစ်စီးနဲ့ ထွက်လာခဲ့သည် ။ ထွက်လာခဲ့ပေမယ့် ဘယ်ကစလို့ ရှာရမှန်းမသိ ။ နေသူရိန်ကို မိမိသိတာဆိုလို့ ဆိုင်ရယ် လူရယ် အချစ်တွေဘဲ သိသည် ။ ကောက်ရိုးပုံထဲ အပ်ပျောက်သလို ဖြစ်နေသည် ။ ကားတစ်စီးနဲ့ မောင်းရင်း ရှာနေတာ နေ့တစ်ဝက် ကျိုးပြီ ။
စိတ်ထဲကလည်း တမ်းတမိသည် ။ မောင် မောင်ရေ မောင်ကျေနပ်အောင် ဘယ်လို ိုတောင်းပန်ရမလဲ ။ တမ်းတမှန်းဆရင်း လွမ်းရသူမှာ နွမ်းလျကြေကွဲနေရပြီမောင် ။ မောင့် ကိုယ်ကျင့်တရားကို စော်ကားမိတဲ့ ဒီက အမိုက်မကို အလွမ်းတွေကို တနင့်တပိုး ခံစားစေဆိုပြီး အပြစ်တွေ ပေးနေတာလား ။
နေ့လည်ပိုင်း ကုန်တော့မည် ။ စိမ်းလဲ့နွယ် မနက်ကနေ ခုချိန်ထိ ဘာမှ မစားဖြစ် ။ စားချင်စိတ်လဲ မရှိ ။ ကားမောင်းလာရင်း မိမိပိုင်ဆိုင်သော ရွှေဆိုင်တစ်ဆိုင်ရှေ့ ရောက်သောအခါ ကားလေးကို ရပ်ပြီး ဆင်းလိုက်သည် ။
မန်နေဂျာနဲ့ တကွ ဆိုင်ဝန်ထမ်းတွေ ပျာပျာသလဲ ။ ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်ရင်း အားလုံးကို လက်ပြကာ မောင်းထုတ် လိုက်သည်။
နွမ်းလျစွာ ထိုင်နေတုန်း
တူမကြီး
မော့ကြည့်လိုက်တော့ ဦးလေးကြီးနဲ့ ကလေးငယ်လေး တစ်ယောက် ။
ရှင်
ဦးလေးကို မမှတ်မိဘူးလား ။ တူမကြီးက မောင်သူရိန်နဲ့ ဦးတို့စပါးခင်းတွေဘက်ကို လာဖူးတယ်လေ ။
သြော် ဦးလေး ရုတ်တရက်ဆိုတော့ သိပ်မမှတ်မိဘူး ။ ဘယ်ကို လာတာလဲ ဦးလေး ။
သမီးလေး အတွက် နားကွင်းလေး လာဝယ်တာပါ ။ တူမကြီးရော ဘာလာဝယ်တာလဲ ။
ဒီလိုပါဘဲ ဦးလေး ။
သြော် တူမကြီးကို ပြောစရာ ရှိတယ် ။ ပြောသင့်မပြောသင့် ချိန်ဆနေတာပါ ။
ပြောပါ ဦးလေး အားမနာပါနဲ့ ။
မောင်သူရိန်လေ
ရှင်
စိမ်းလဲ့နွယ် ခါးလေးမတ်သွားပြီး ခေါင်းလေးထောင်သွားသည် ။ ပြာပြာသလဲနဲ့
ပြောပါ ဦးလေး ဘာဖြစ်လို့လဲ ။
မောင်သူရိန်လေ တော်တော် သဘောကောင်းတာဘဲ ။ မနေ့က ဦးလေးအိမ်ကို သူရောက်လာတဲ့ အချိန် သမီးက နားကွင်းဝယ်ချင်လို့ ငိုနေတာနဲ့ ပိုက်ဆံထုတ်ပေးလိုက်တာ သူပေးတဲ့ ပိုက်ဆံနဲ့ လာဝယ်တာလေ ။
ဦးလေးတို့ ရွာလား ဦးလေးတို့ ဆီမှာ ခု မောင် ရှိသေးလား ။
ရှိတယ်လေ ။ ရွာက ဘုန်းကြီးကျောင်းမှာ နေတာ ။ အလည်ရောက်နေတာ ထင်တာဘဲ ။
စိမ်းလဲ့နွယ် မျက်နှာလေး ဝင်းလက်သွားသည် ။ မန်နေဂျာကို လှမ်းခေါ်ပြီး
ဒီကလေး လိုချင်တာ ပေးလိုက်ပါ ။
မန်နေဂျာက အရိုအသေပေးပြီး ကလေးကို ခေါ်သွားသည် ။
ကျုပ်လိုက်သွားဦးမယ် ။
ထိုင်ပါအုံး ဦးလေးရယ် ဦးလေးနဲ့ တိုင်ပင်စရာ ရှိလို့ ။
ကလေးက သူလိုချင်တာ ယူလာရင် ကျုပ်ပိုက်ဆံ အများကြီး မတတ်နိုင်ဘူး ။
မပူပါနဲ့ ဦးလေးရယ် ကျွန်မ ဝယ်ပေးပါမှာ ။ ဦးလေးကို အကူအညီလေး တောင်းချင်လို့ပါ ။
စိမ်းလဲ့နွယ် ပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေသော ဦးလေးကြီး ။
စိတ်ချပါ ကျုပ် သေသေချာချာ စီစဉ်ပေးပါမယ် ။
ကျေးဇူးတင်ပါတယ် ဦးလေးရယ် ။
စိမ်းလဲ့နွယ် မျက်နှာလေး ပြုံးနေသည် ။ မောင်ရှိတဲ့ အရပ်ကို သိရပြီလေ ။ မောင့်ရဲ့ စေတနာ အကျိုးကြောင့် ပြန်ဆုံခွင့် ရတော့မည်လေ ။
ရွာပြန်သွားတဲ့ ဦးလေးကြီးက ရွာက ကျောင်းထိုင်ဆရာတော်ကို လျှောက်သည် ။
ကျောင်းထိုင်ဆရာတော် ခေါင်းတငြိမ့်ငြိမ့် ။
မောင်သူရိန် ဆရာတော် ဘုရား ခေါ်နေတယ် ။
ဟုတ်ကဲ့ ဦးလေး ။
ကျောင်းရဲ့ ထောင့်လေးမှာ ဂစ်တာတီးနေသော နေသူရိန် ။ ဆရာတော် ခေါ်တယ်ဆိုလို့ ဂစ်တာလေးကို ချပြီး ဆရာတော်ကို ဖူးလိုက်သည် ။
မောင်သူရိန် ကျောင်းမှာ ရွာအတွက် စာကြည့်တိုက်လှုမယ့် အဖွ့ဲတွေ လာမှာ ။
အဆိုအတီးတွေရော ရွာကလူတွေ အတွက်ရော ဗလာမပါ ကံစမ်းမဲတွေ ဖောက်ပေးမယ်တဲ့ ။ ကျောင်းအတွက်လဲ လှုစရာတွေ ပါလာအုံးမှာ အဲဒါကို မောင်သူရိန် ဦးစီးစေချင်တယ် ။ ဒါပြီးမှ မောင်သူရိန် ခရီးသွားစရာ ရှိတာ သွားပေါ့ ။
တင့်ပါ ဘုရား ။
နေသူရိန် ဆရာတော် တာဝန်ပေးတော့ မငြင်းဆန်နိုင် ။ အစတုန်းကတော့ ဒီမှာ တစ်ရက် နှစ်ရက် နေပြီးရင် ခရီးထွက်ဖို့ စီစဉ်ထားသည် ။
ခုတော့ ဆရာတော် အစီအစဉ် ပြီးမှ သွားရတော့မည် ။
လှုဒါန်းမည့် အဖွဲ့တွေ ရောက်လာသည် ။ တီးဝိုင်း အဖွဲ့တွေရော ။ ရွာက လူတွေလဲ ပျော်နေကြသည် ။ အထူးသဖြင့် တူညီဝတ်စုံတွေနဲ့ မိန်းကလေးတွေက တစ်ရာကျော် ။
တီးဝိုင်းအဖွဲ့တွေ ပြင်ဆင်နေတုန်း ရွာကလူတွေ အတွက် ဗလာမပါ ကံစမ်းမဲ စတင်ဖောက်ပေးသည် ။
ငွေသား ငါးထောင်မှ စပြီး ရွှေလက်စွပ်တွေ နားကပ်တွေ နားကွင်းလေးတွေ တီဗီတွေ ဆွဲကြိုးတွေ အထိပါသည် ။
ကံစမ်းမဲ အစီ အစဉ်ပြီးတော့ တီးဝိုင်းကလဲ အဆင်သင့်ဖြစ်နေပြီ ။
ဆရာတော်ကို အစီအစဉ်တွေ လျှောက်တဲ့ ဦးလေးကြီးက တီးဝိုင်းစင်ပေါ်တက်လာသည် ။
မောင်သူရိန် ဦးတို့ရွာကို ဂုဏ်ပြုတဲ့အနေနဲ့ရော စာကြည့်တိုက် အလှုရှင်တွေကို ကျေးဇူးတင်တဲ့ အနေနဲ့ရော သီချင်းလေးနဲ့ ဖျော်ဖြေပေးဖို့ တောင်းဆိုပါတယ်။
နေသူရိန် ငြင်းဆန်လို့ မရအောင် ချည်တုတ်ထားသော စကားလုံးတွေ ။
ဂစ်တာလေးကို ကိုင်ပြီး စင်ပေါ်ကို တက်လာခဲ့သည် ။
ဆရာတော် ဘုရားနဲ့ ရွာသူရွာသားတွေ အလှုရှင်တွေ စာကြည့်တိုက်အလှုရှင်ရော အားလုံးကို ဒီရွာရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ် ။ ဒီသီချင်းလေးကို ကျွန်တော်ရဲ့ ပိုင်ရှင်ကို ရည်ရွယ်ပြီး သီဆိုမှာမို့လို့ သည်းခံခွင့်လွှတ်နားဆင်ပေးပါ ။
အချစ်စစ်ရဲ့ တန်ဖိုး လို့ အမည်ရပါတယ်။
သမုဒ္ဒရာကြီးက ပြောတယ် ရေပြင်ကျယ်က သူရဲ့ အဖော်ဘဲ တောင်တန်းကြီးက ပြောတယ် စမ်းချောင်းလေးတွေကို ချစ်တယ် ။
ကောင်းကင်ကြီးက ပြောတယ် တိမ်ရောင်စုံက သူရဲ့ အဖော်ဘဲ ကြယ်ကလေးများက ပြောတယ် လမင်းမရှိရင် ငိုချင်တယ်
ထာဝရကိုယ့် ရင်ခွင်မှာ မင်းလေးနေပါ ကိုယ်ဟာ မင်းရဲ့ အမြဲတမ်းဘဲ အဖော်မွန်ပါ မြတ်နိုးလွန်းလို့ ချစ်တာ တန်ဖိုးထားပြီး ချစ်တာ ယုံကြည်ပါ နောက်ဆုံးတစ်နေ့ထိ လက်တွဲမဖြုတ်ဘူး မင်းအနား နေမှာပါ ။ အဆိုးကောင်းတွေ ဒို့ထပ်တူ ခံစားမျှဝေသွာမှာ အရာရာ ပေးဆပ်ကာ အသဲကို နှင်းအပ်လို့ထားတာ ထာဝရ အဖော်ဆိုတာ အချစ်စစ်ရဲ့ တန်ဖိုး တစ်ခုပါ ။
နားထောင်နေတဲ့ ပရိတ်သတ်ကြီး ငြိမ်ကျသွားသည် ။ ရင်ထဲက ခံစားချက် အပြည့်နဲ့ သီဆိုနေပုံက ကြားရသူကို မျက်ရည်ဝဲစေသည် ။
ယူနီဖောင်းနဲ့ မိန်းကလေးတွေ လူငယ်ပိုင်းတွေ ခံစားချက်တူသူတွေ မျက်လုံးထောင့်ကို မသိမသာ မျက်ရည်သုတ်နေကြသည် ။
သီချင်းလေး ပြီးသွားတော့ လက်ခုတ်သံတွေက ဆူညံနေသည် ။ တီးဝိုင်းသမားတွေလည်း မနေနိုင် ။ အားရပါးရ လက်ခုတ်တီးကျသည် ။ ခံစားမှု့နဲ့ အနုပညာ ပါရမီ ပေါင်းစပ်လိုက်ခြင်းရဲ့ ရသမြောက် ထွက်ပေါ်လာသော ဂီတသံစဉ်တွေ ။ ကျောင်းထိုင် ဆရာတော် ကိုယ်တိုင် ခေါင်းတခါခါ ။
ဆိုပါအုံး ။ တစ်ပုဒ်ဆိုပါအုံး ။
မောင်သူရိန် တစ်ပုဒ်ဆိုပါအုံး ။
စင်အောက်က ယူနီဖောင်း ဆင်တူ ဝတ်ထားသော မိန်းကလေးတွေဆီကလည်း တောင်းဆိုသံတွေ ။
ဝမ်းစမိုး ဝမ်းစမိုး ။
နေသူရိန် စင်ပေါ်က ဆင်းမယ်လုပ်တော့ ပရိသတ်က တောင်းဆိုကြသည် ။
ကျွန်တော်ကို ဆိုဖို့ တောင်းဆိုတာကို ကျေးဇူးတင်တယ် ။ ဒါပေမယ့် ဆိုလိုက်ရင် တစ်ယောက်သော သူက ခွင့်လွှတ်ပါ့ မလား ။
နေသူရိန် လက်က အလိုလို တီးခတ်လိုက်သော ဂစ်တာသံ ။
ဒီ သီချင်းလေးကို ဆိုမိတဲ့ အတွက် ခွင့်လွှတ်ပါလို့ တစ်ယောက်သော သူကို မကြားပေမယ်လည်း ခွင့်တောင်းပါတယ် ။
အောက်မှာ ရှိတဲ့ ပရိသတ်တွေနဲ့ ယူနီဖောင်းဝတ် ဝန်ထမ်းတွေ နောက်မှာ ရောက်လာတဲ့ မာစီးဒီး ကားနက်ကြီး တစ်စီး ။
ကားတံခါးကို မဖွင့်ဘဲ နေသူရိန် သီချင်းဆိုတာကို ကြည့်နေသည် ။
လှလှ ပပ ချစ်သူမျက်နှာ ကဗျာတွေ စာတွေ သီဖွဲ့လို့ မမီ ။
သီချင်းလေးပြီးသွားတော့ အားလုံးရဲ့ လက်ခုပ်သံတွေ ။
မာစီးဒီး ကားနက်ကြီးက တံခါးပွင့်လာပြီး ယာဉ်မောင်း ဆင်းလာကာ နောက်ခန်း တံခါးကို လာဖွင့်ပေးသည် ။
ဝန်ထမ်းကောင်မလေးတွေ ကားတံခါးပေါက်ကနေ နေသူရိန် သီဆိုနေတဲ့ နေရာအထိ အတန်းလိုက် လမ်းကြောင်းပုံစံ ဖွင့်ပေးလိုက်သည် ။
နေသာရိန် ကားပေါ်မှ ဆင်းလာသူကို ကြည့်လိုက်မိသည် ။
ဟင် မမ ။
ရွှေရောင် တလက်လက် တောက်ပနေတဲ့ ဝတ်စုံ ။ ရွှေပြားတွေကို ခတ်ကာ ဝတ်ထားတဲ အကျီ င်္ င်္နဲ့ ရွှေရောင် မင်းသမီးလေး အလား ။ ကြွကြွရွရွ တစ်လှမ်းချင်း လှမ်းလာသည် ။
ဝန်ထမ်းတွေ တန်းစီပြီး ကြိုနေသော ဘက်က မဆင်းတော့ဘဲ စင်မြင့်ရဲ့ အခြားတစ်ဖက်က ဆင်းမယ်လုပ်တော့ ဦးလေးကြီး ခေါင်းဆောင်သော ရွာသူ ရွာသားတွေက ပိတ်ထားသည် ။ နေသူရိန် စင်မြင့်ရဲ့ အလယ်မှာ ရပ်နေရသည် ။
စိမ်းလဲ့နွယ် တစ်လှမ်းချင်း
လျှောက်လာကာ စင်ပေါ်တက်လာသည် ။
နေသူရိန် သီဆိုခဲ့တဲ့ မိုက်ကို ကိုင်ပြီး
အားလုံး ရောက်ရှိနေကြတဲ့ ပရိတ်သတ်ကြီး ကျွန်မရဲ့ ခွင့်ပြုချက် မရှိဘဲ သီချင်းဆိုသွားတဲ့ သူကို ကျွန်မ အပြစ်ပေးချင်ပါတယ် ။ ဒီ သီချင်းကို ကျွန်မ ခွင့်ပြုချက် ရမှ သူဆိုခွင့် ရှိတာပါ ။ ခုတော့ ကျွန်မ ခွင့်ပြုချက် မရှိဘဲ ဆိုခဲ့တဲ့ အတွက် အပြစ်ပေးဖို့ ဆုံးဖြတ်ထားပါတယ် ။
အပြစ်ရှိတယ်လို့ ခံယူထားရင် ခေါင်းမော့ပြီး မျက်စိမှိတ်ထားပါ ။
နေသူရိန် ခေါင်းလေးမော့ပြီး ဂစ်တာကို ကိုင်ကာ မျက်စိမှိတ်ထားလိုက်သည် ။
မမ ရင်ထဲရှိတာကို ခံယူဖို့ အသင့်ပါဘဲ ဆိုတဲ့ ပုံစံ ။
ရောက်နေတဲ့ လူတွေ အားလုံး တိတ်ဆိတ်သွားသည် ။ ဆရာတော်ကြီး ကိုယ်တိုင် ကျောင်းပြတင်းပေါက်က ကြည့်နေသည် ။ တီးဝိုင်းသမားတွေလဲ မျက်တောင် မခတ် ။
စိမ်းလဲ့နွယ် နေသူရိန်ဆီ လျှောက်သွားပြီး ပါးလေးကို နမ်းလိုက်သည် ။ နေသူရိန် အံ့သြသွားပြီး စိမ်းလဲ့နွယ်ကို ပြန်ဖက်ထားလိုက်သည် ။ နှစ်ဦးသား စင်ပေါ်မှာ လောကကြီးကို မေ့သွားကြသည် ။
ဟေး
စင်အောက်က ဝန်ထမ်းတွေနဲ့ ရွာသူရွာသားတွေရဲ့ အသံ ။ ဆရာတော် ဘုရားလည်း ခေါင်းတခါခါနဲ့ မျက်နှာ လွှဲသွားရပြန်သည် ။
သြော် ကာမ ဘုံသား ဆုံလည်နွားပေကိုး ။
တီးဝိုင်းဆရာက အချက်ပြလိုက်တော့ တီးဝိုင်းက စပြီး တီးခတ်လိုက်သည် ။
ကဗျာမမီ စာမမီ ။
နေသူရိန် စိမ်းလဲ့နွယ်ကို ဖက်ပြီး သီချင်းဆိုသည် ။
သြော် ခုတော့လဲ အချစ်စစ်ရဲ့ တန်ဖိုးကို နားလည်သွားရပြီလေ ။
မောင် ပြန်လိုက်ခဲ့တော့နော် ။
နေသူရိန် ခေါင်းငြိမ့်လိုက်သည် ။
နေသူရိန်ရဲ့ ဆိုင်ဖွင့်ထားတဲ့ အိမ်ကို ရောက်တော့ မားစီးဒီးကားကို ပြန်လွှတ်လိုက်သည် ။
မောင် နာရီဝက်နေရင် တက်လာခဲ့နော် ။ ခုတော့ ဒို့ အရင် တက်ပြီး ရှင်းလိုက်အုံးမယ် ။
စိမ်းလဲ့နွယ် တံခါးတွေကို သော့ခတ်ပြီး အပေါ်ထပ်ကို တက်သွားသည် ။
နာရီဝက် ပြည့်တော့ နေသူရိန် အပေါ်ထပ်ကို တက်သွားသည် ။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခြေလှမ်းတွေ တုံ့သွားသည် ။
စိမ်းလဲ့နွယ် ပါးစပ်ကို ရာဘာတုံး ဘောလုံးအနီရောင်လေး ကိုက်ပြီး ခေါင်းနောက်ဘက်ထိ သားရေပြားနဲ့ ကပ်ချည်ထားသည် ။ စကားပြောလို့ မရ ။ လက်နှစ်ဘက်ကလည်း သံကြိုးတွေနဲ့ ချည်ထားပြီး သော့သေးသေးနဲ့ ခတ်ကာ ကုတင်ဘေးက ချိတ်နေကျ ချိတ်မှာ ဒူးထောက် လက်မြှောက်ရက် တွဲလောင်းလေး ။
ရှေ့မှာတော့ စာလေးတစ်စောင် ။
မောင် ဝတီ ရှင်းပြလို့ အားလုံးသိပြီးပြီ ။ ခေါင်းမော့ရင်ကော့ပြီး အနိုင်ယူလာတဲ့ ဘဝကနေ မောင့် အချစ်တွေကို စော်ကားမိလို့ ဒူးထောက်လက်မြှောက်ပြီး အချစ်တွေနဲ့ အတူ တောင်းပန်ပါတယ် ။
မောင့် အချစ်တွေကို စော်ကားမိတဲ့အတွက် အပြစ်ပေးတဲ့ အနေနဲ့ ဒို့ပါးစပ်ကိုလည်း ချည်နှောင်ထားပါတယ် ။ မောင့် စိတ်ကြိုက် ထပ်ပြီး အပြစ်ပေးပါ ။
မောင့်ရဲ့ မိန်းမ ။
နေသူရိန် စာလေးကို ဖတ်ပြီး ပြုံးကာ ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်အစားတွေကို ချွတ်ပြီး စိမ်းလဲ့နွယ်ဆီ လျှောက် သွားလိုက်သည်။
စိမ်းလဲ့နွယ် နေသူရိန်ကို မျက်လုံးလေးပြူးကာ လိုက်ကြည့်နေသည် ။
နာရီ လက်တံတွေ သွားနေသလို ပါးစပ်ပိတ်ပြီး ချည်ခံထားရတဲ့ စိမ်းလဲ့နွယ်ရဲ့ သာယာယစ်မူးသော မပီမသ အော်သံတွေကလည်း အဆက်မပြတ် ။
သံကြိုးသံတွေ ကလည်း တချွင်ချွင် ။
Comments
Post a Comment