အချစ်ဆိုသည်မှာ
ဒီအရွယ် တင့်တင့်တို့ အရွယ် ထူးဆန်းတဲ့ အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ရူးနှမ်းနှမ်း အရွယ် အပျိုဖြန်းဆိုလား ပျိုမဒန်းဆိုလား ဆန်းဆန်းပြားပြား ခေါ်ကြပြန်တယ် ။
ပါးစပ်က သီချင်းလေး ညည်းရင်း လျှောက်လာပြီး ဆာရီရောင်းသော ဆိုင်ရှေ့တွင် ကားလေးကို ထားခဲ့သည် ။
အရောင်တောက်တောက် အဝတ်အစားတွေကို ကြိုက်သည် ။ မြန်မာမလေး ဖြစ်သော်လည်း အိန္ဒိယ မိန်းမပျိုတို့၏ ဆာရီ ဝတ်ပုံဝတ်နည်းကို အင်တာနက်ကနေ လေ့လာကာ စမ်းသပ် ဝတ်ဆင်လိုသောကြောင့် ဆာရီတစ်စုံဝယ်ယူရန် အင်တာနက် အညွှန်းအတိုင်း ဆိုင်ကို ရောက်ရှိလာခြင်း ဖြစ်သည် ။
ဆိုင်ထဲကို ရောက်တော့ တလက်လက်တောက်ပနေသော ရယ်ဒီမိတ် အိန္ဒိယ အမျိုးသမီးဝတ် အကျီ င်္ င်္များ ဆာရီရောင်စုံများ အရောင်အသွေး စုံလင်စွာနဲ့ မိမိစိတ်ကို ဖမ်းစားနေသည် ။
ညီမလေး ဘာယူမလဲ ။
ဆိုင်ရှင် ဖြစ်ဟန်တူသော အမကြီး
တစ်ယောက်က မေးသည် ။
ကျွန်တော်နဲ့ အဆင်ပြေမယ့် ဆာရီတစ်စုံလောက် ရချင်လို့ပါ ။
ဆိုင်ရှင် အမကြီး အတွက်က အထူးအဆန်းမဟုတ် ။ မန္တလေးသူဆိုတာ ကျွန်တော်လို့ သုံးတတ်သည် ။ နယ်က လာသူဆိုလျှင် ကျွန်မလို့ ပြောတတ်သည် ။
အကျီ င်္ င်္ကတော့ ညီမ ကြိုက်တာရွေး ။ ဝတ်ကြည့် ဆိုဒ်အစုံရှိတယ် ။ အကျီ င်္ရရင် ဆာရီက ညီမလေး စိတ်တိုင်းကျ ရွေးပေါ့ ။
အင်း ကျွန်တော်က သဘောကျလို့ လာဝယ်တာ သိပ်မဝတ်တတ်ဘူး ။ ကျွန်တော်နဲ့ အဆင်ပြေမယ့်ဟာ ရွေးပေးပါလား ။
ညီမလေး ဘာရောင်ကြိုက်လဲ ။
red အနီရောင် ပိုကြိုက်တယ် ။
ဒီဟာလေး ကြိုက်လား ။
စိုလက်တောက်ပနေသော အနီရောင် ဘရာပုံစံလေး ။ မြင်မြင်ခြင်း သဘောကျ သွားလို့ ယူကာ အဝတ်လဲခန်း အတွင်း ဝင်ရောက်လာခဲ့သည် ။ တံခါးကို သေချာပိတ်ကာ ဝတ်ထားတဲ့ အကျီ င်္ င်္လေးကို အတွင်းခံ ဘရာလေးပါ ချွတ်လိုက်တော့ ဖြူဖွေးလုံးဝန်းသော ရင်သားအစုံကို မှန်ထဲမှာ မြင်နေရသည် ။
ဆာရီနဲ့ တွဲဝတ်မည့် ဘရာလေးကို ဝတ်ကြည့်လိုက်တော့ ရင်သားတွေရဲ့ ထိပ်ပိုင်းကိုသာ အုပ်မိပြီး ရင်ညွန့်တွေ ပေါ်နေသည် ။ ဖြူဝင်းသော အသားရောင်နှင့် နီရဲစိုလက်နေသော ဘရာလေးတို့ ပေါင်းဆုံလိုက်သော အခါ မြင်သူ ဘဝင်ဆူစေသော အလှတရား ။ မှန်ထဲမှာ ပေါ်နေသော ပုံရိပ်ကို ကျေနပ်သွားပြီး ဘရာလေးကို ပြန်ချွတ်ကာ အိမ်က ဝတ်ခဲ့သော အဝတ်အစားတွေကို ပြန်ဝတ်လိုက်ပြီး အနီရဲရဲ ဆာရီစကို ရွေးချယ် ဝယ်ယူခဲ့လေသည် ။
နာမည်လေးက ပုလဲသွယ် ။ တစ်ဦးထဲသော သမီး ။ ချမ်းသာသော မိဘနှစ်ပါးက မွေးဖွားပြီး ချောမောလှပ ဖြူဝင်းသော အသားအရေနဲ့ အညီ မိဘနှစ်ပါးက ပေးထားတဲ့ နာမည်လေးက ပုလဲသွယ် ။
တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ ။ အရွယ်ရောက်လာတော့ စိတ်ခံစားမှု့တစ်ခုက လွှမ်းမိုးလာသည် ။ သူများတွေလို အရွယ်ရောက် ရည်းစားထား ချစ်သူရှာ ဆန့်ကျင်ဘက်ကို နှစ်သက်သော လိင်စိတ်ထားမျိုး မဟုတ်ဘဲ ထူးဆန်းနေတာတော့ ကိုယ်တိုင်သာ သိသည် ။
မိမိကိုယ်တိုင် ရူးနေခြင်းလား ။ ဒီလိုလည်း မဟုတ် ။ ခံစားမှု့က တဖြည်းဖြည်း ပြင်းထန်လာသည် ။ တစ်စုံတစ်ခုကို တွန်းပို့နေသလို ဆွဲဆောင်နေသလို ဖြစ်နေသည် ။
ကျောင်းပိတ်သော နေ့တစ်နေ့ ။ အိမ်က ကိုယ့် အခန်းထဲမှာ အိန္ဒိယ ရုပ်ရှင် ဇာတ်ကားတစ်ကားကို ကြည့်နေစဉ် မင်းသမီးလေးကို လူဆိုးတွေက ဖမ်းဆီး ချည်နှောင် နှိပ်စက်တဲ့ ဇာတ်ဝင်ခန်း ။ ဆာရီလေးနဲ့ လက်ပြန်ကြိုး ချည်ထားတဲ့ အခန်း။ ကြည့်နေရင်းနဲ့ မိမိ ခန္ခာကိုယ်မှာ တစ်စုံတစ်ခုဖြစ်နေသလို ခံစားမိလို့ ပြန်ဆန်းစစ်ကြည့်လိုက်တော့ ပေါင်ကြားထဲမှာ စိုစွတ်နေတဲ့ ခံစားမှု့။ မင်းသမီးလေး နေရာမှာ မိမိဆိုရင်ရော ။ အဖြေတစ်ခုကို ရှာတွေ့သလို ဖြစ်သွားသည် ။ ချည်နှောင် နှိပ်စက်ခံရတာကို ကြိုက်နှစ်သက်ခြင်း ။
ချက်ခြင်း ဖုန်းကို ဖွင့်ကာ ဘာသာပြန် စာအုပ်ဆော့ဝဲလ်ကို ချည်နှောင်ခြင်း နှိပ်စက်ခြင်းလို့ မြန်မာလို ရိုက်လိုက်တော့ အင်္ဂလိပ်လို bondage ; bdsm စသော စကားလုံးတွေ ကျလာသည် ။ fb ကို ဖွင့်ပြီး bdsm :; bondage နာမည်တွေကို ရိုက်ကြည့်လိုက်တော့ ကျလာတဲ့ အကောင့်တွေ။ အကောင့်တွေ ထဲက ပုံတွေ ။ ဒီခံစားမှု့တွေက နိုင်ငံခြားက လူတွေမှာဘဲ ရှိတာလား ။ မိမိတို့ မြန်မာနိုင်ငံက လူတွေမှာရော မရှိဘူးလား တွေးမိပြီး bondage ရဲ့ ရှေ့့မှာ myanmar ဆိုသော စာလုံးကို ရိုက်ထည့်လိုက်ရာ fb က myanmar bondage ဆိုသော အကောင့်က သိပ်မရှိကြောင်း ပြနေသည် ။
ပုလဲသွယ် စိတ်မလျှော့ဘဲ ကြည့်နေသော ကုလားကားကို ပိတ်ကာ ဖုန်းထဲက fb ပေါ်မှာ myanmar bdsm ဆိုပြီး ရိုက်ကြည့်လိုက်ရာ ရတနာသိုက်တစ်ခုကို တွေ့လိုက်ရသလို ဖြစ်သွားသည် ။ ဓာတ်ပုံတွေ မိမိခံစားမှု့ကို တင်ထားသော စာစုတွေ မြန်မာ မော်ဒယ်လေးတွေကို ကြိုးနှင့် ချည်နှောင်တုတ်ထားပုံ အမျိုးမျိုး ဝတ္တုတိုလေးတွေ သခင်တွေ ကျွန်တွေ သခင်မတွေ မာစတာတွေ မစ်စတတ်တွေ မျိုးစုံ ချည်နှောင်မှု့တွေ လက်ထိတ်တွေ ကြိုးတွေ တစ်ချို့တွေက ညစ်တီးညစ်ပတ်တွေ ရှာရင်းဖွေရင်း ကြည့်ရင်းနဲ့ ည ဆယ်နှစ်နာရီ ကျော်မှန်းမသိ ကျော်လာသည် ။
အိပ်ချင်စိတ်က လုံးဝမရှိ။ ဖတ်ရင်း လေ့လာရင်း bdsm နှင့် ပတ်သတ်သော ဝတ္တုရေးသည့်ပုံစံ ရေးသည့် ဂရုတစ်ခု ။ စာရေးဆရာတွေ သန်ရာ သန်ရာ ရေးထားသော ပုံစံလေးတွေ ။ တစ်ချို့စာတွေက ပက်ဘလစ်တွေ့ရပြီး တစ်ချို့စာတွေက ဂရုတွေ ဝင်ကြေးတွေနဲ့ ။
ပက်ဘလစ်တင်သော စာရေးဆရာတွေကို လိုက် အပ်လိုက်သည် ။ ဖတ်ရင်းလေ့လာရင်း မိမိစိတ်က ခံစားမှု့ကို နားလည်လာသည် ။ ကြိုးတွေ လက်ထိတ်တွေနဲ့ ချည်နှောင်ခံရတာကို ကြိုက်သည့်စိတ်ကို နားလည်လာသည် ။ နာရီကို ကြည့်မိတော့ မနက် သုံးနာရီ ကျော်နေပြီ ။ မိမိသိချင်တာတွေကို သိတန်သလောက် သိရပြီမို့ ဝမ်းသာကျေနပ်စွာနဲ့ အိပ်ပျော်သွားလေသည် ။
အိပ်မက်ထဲမှာ လှပသော ဆာရီလေးနဲ့ အကျဉ်းကျနေသော သူမ ။ ချည်နှောင်နှိပ်စက်မှု့တွေကြားမှ ပြုံးနေတဲ့ မျက်နှာလေး ။ နိုးလာတော့ ပေါင်ကြားထဲမှာ စိုစွတ်နေသည် ။ တစ်နေကုန် စဉ်းစားရင်း ညကျရင် စိတ်ကူး အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့ရာ စဉ်းစားနေမိသည်။
အိမ်က လူကြီးတွေ မသိအောင် ကုန်မာဆိုင်က သံကြိုးတွေ သော့တွေ ချည်ကြိုးခွေတွေကို ဝယ်ပြီး အိတ်တစ်ခုနှင့် ထည့်ကာ အိပ်ရာ ကုတင်အောက်မှာ သေချာလုံခြုံစွာ သိမ်းလိုက်သည် ။ ညရောက်ဖို့ရာ အတွက် ရင်တွေ ခုန်နေသည် ။ ညစာစားပြီး တောက်လျှောက် အိပ်ခန်းထဲ ဝင်ကာ တံခါးကို သေချာ ပိတ်လိုက်သည် ။ ပြီးတော့ မိမိအခန်းထဲက ရေချိုးခန်းကို ဝင်ကာ ရေချိုးလိုက်သည် ။
ရေချိုးပြီးတော့ ဟိုတစ်နေ့က ဝယ်ယူထားသော ဆာရီဝမ်းဆက်လေးနဲ့ ကြိုးခွေကို ထုတ်လိုက်သည် ။ ပထမဆုံး ဘရာ အနီရောင်လေးကို ဝတ်လိုက်သည် ။ ပြီးတော့ ဆာရီလေးကို ကုလားမလေး ပုံစံအတိုင်း သေချာစနစ်တကျ ဝတ်ဆင်လိုက်သည် ။ ပြီးတော့ မှန်ထဲမှာ ပေါ်နေသော မိမိပုံကို ကြည့်ကာ ကျေနပ်နေသည် ။
ကြိုးခွေကို ထုတ်ကာ ခါးနေရာ ဆာရီလေးပေါ်မှ ဆာရီကျွတ်မသွားအောင် တင်းတင်းလေး ချည်လိုက်သည် ။ စိတ်လှုပ်ရှားမှု့ကို စတင်ခံစားလိုက်ရသည် ။ သက်မဲ့ ကြိုးတစ်ခွေက ဒီလောက်ထိ စိတ်လှုပ်ရှားအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်မထား ။ ခါးကို ချည်ပြီးတော့ အိပ်ရာပေါ်ကို လျှောက်လာခဲ့သည် ။ ဆာရီလေးကို သေချာသပ်ရပ်အောင် ပြုပြင်ပြီး မိမိရဲ့ ခြေထောက်နှစ်ဘက်ကို ပူးလိုက်ပြီး ခြေမျက်စိ နှစ်ဘက်ကို ဆာရီစလေး အပေါ်မှာ တင်းကျပ်စွာ ချည်လိုက်ပြန်သည် ။ ကြက်သီးထဖွယ်ရာ ခံစားမှု့ တင်းကျပ်သော ချည်နှောင်မှု့ ကို နှစ်သက်သော ခံစားချက် ။ ခြေမျက်စိနေရာကို ချည်ရုံတင် အားမရတော့ ဒူးအောက်နေရာ နှင့် ဒူးအထက်ပိုင်း ပေါင်နေရာကိုပါ စိတ်တိုင်းကျ တင်းတင်းကျပ်ကျပ် ချည်လိုက်ပြန်သည် ။
ခါးအောက်ပိုင်း တစ်ခုလုံးကို စိတ်တိုင်းကျ ချည်နှောင်ပြီးနောက် ဖုန်းလေးနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားလိုက်သည် ။ အိပ်ရာပေါ်ကို လှဲအိပ်ပြီးတော့ လက်တွေကို ချည်ခံထားရတဲ့ပုံစံ ပူးထားပြီး ခေါင်းဘက်မှာ ကပ်ထားလိုက်သည် ။ ခြေထောက်တွေ ပေါင်တွေ ဆီမှ မိမိ အားရှိသလောက် ချည်ထားလို့ တင်းကျပ်မှု့ကို ခံစားရသော်လည်း လက်နှစ်ဘက်က တကယ်မဟုတ်တော့ သိပ်ပြီး ခံစားလို့ မရ ။ ဝယ်ထားသော သံကြိုးတွေကို ထုတ်လိုက်ပြီး ကုတင်ခေါင်းရင်းမှာ သံကြိုးတစ်ချောင်းကို ချည်လိုက်သည် ။ နောက်ထပ်သံကြိုးတစ်ချောင်းကို ယူကာ လက်နှစ်ဘက်ကို ပူးကာ အပြန်ပြန် အလှန်လှန် ပတ်ချည်ပြီး ကုတင်ခေါင်းရင်းက သံကြိုးစနဲ့ တွဲကာ သော့ခတ်လိုက်သည် ။ သော့တံကို ခေါင်းအုံးဘေးတွင် ချိတ်ကာ သတိတရ ထားလိုက်သည် ။ လူတစ်ကိုယ်လုံးကို ချည်ပြီးတော့ ကို့ဖာသာကိုယ် လှုပ်ရှားရတာဆိုတော့ မလွယ် ၊။ တဖြည်းဖြည်းချင်း ပက်လက်အနေအထား ဖြစ်အောင် လှဲအိပ်လိုက်သည် ။ ဒီတစ်ခါတော့ လက်က ချည်ထားတဲ့ သံကြိုးကြောင့် စိတ်ကျေနပ်မှု့ကို ရစေသည် ။
ရုတ်တစ်ရက် ကြည့်လိုက်ရင် ကုတင်ပေါ်မှာ အလွန်လှပသော ဆာရီ အနီရောင် ဝတ်စုံလေးနဲ့ မိန်းကလေးတစ်ယောက်ကို ကုတင်ပေါ်မှာ ခြေတွေ လက်တွေ ကြိုးတုတ်ခံထားရတဲ့ ပုံစံလေး ။ ပုလဲသွယ် ကုတင်ခေါင်းရင်းဘက်မှ ခြေရင်းဘက်ကို ဖြည်းဖြည်းချင်း တိုးသွားရာ လက်နှစ်ဘက်ကို ပူးချည်ထားသော သံကြိုးမှ တဖြည်းဖြည်းချင်း တင်းလာပြီး နောက်ဆုံး တိုးလို့ မရတဲ့ အနေအထားထိ ရောက်လာသည်။
ပုလဲသွယ် ကျေနပ်သွားပြီ ။ ကုတင်ခေါင်းအုံးဘေးက သော့တံသာ မရှိခဲ့ရင် ကြိုးတွေကို ကိုယ့်ဖာသာ ပြန်ဖြည်နိုင်တော့မည် မဟုတ်ပေ ။ လက်တွေ ခြေတွေက ချည်နှောင်ခံထားရတဲ့ တင်းကြပ်မှု့ကို ခံစားရင်း စိတ်ကူးယဉ်နေမိတော့သည် ။ မိမိကို လူဆိုးတွေက ဖမ်းထားပြီး နှိပ်စက်ဖို့ရာ ချည်နှောင်ထားတယ်လို့ တွေးမိလိုက်တော့ စိုစွတ်လာမှု့က ခါတိုင်းထက် သိသာစွာ ပိုမို စိမ့်ထွက်လာသည် ။
ကိုယ်လုံးလေးကို ဘယ်ညာ လှုပ်ရှားကြည့်လိုက်တော့ ကြိုးချည်ထားသော နေရာမှ တင်းကြပ်မှု့ကို ပိုမို ခံစားမိလေသည် ။ ကြိုက်သည် ။ ဒီလို ခံစားရတာကို နှစ်သက်သည်။ မိမိ ကိုယ်တိုင် သတိမထားမိခင်မှာဘဲ ဘရာအောက်က နို့သီးခေါင်းလေးတွေက ထောင်နေတာကို ခံစားမိသွားသည် ။
ခုနေများ တစ်စုံတစ်ယောင်က မိမိကို ရိုက်နှက်နှိပ်စက်လျှင် ဒါမှ မဟုတ် အတင်းအဓမ္ဓကြံစည်လျှင် ဟူသော အတွေးတွေ ရစ်ဝဲနေသည် ။ စဉ်းစားရင်းတွေးရင်း ချည်နှောင်ခံထားရတဲ့ အပေါ်မှာ
သာယာယစ်မူးရင်း ဒီပုံစံ အတိုင်း အိပ်ဖို့ရာ ဆုံးဖြတ်လိုက်သည် ။ အိပ်မက်ထဲမှာရော အပြင်မှာပါ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အကျဉ်းသူလေး အဖြစ်နဲ့ ။ ညစဉ်ညတိုင်း စိတ်ခံစားမှု့နောက်ကို လိုက်ရင်း ကြိုးချည်နည်း တွေကိုလည်း လေ့လာဖြစ်သည် ။ မနက်လင်းလို့ ကြိုးတွေ ဖြည်လိုက်ရင် ကိုယ်လုံးလေးမှာ စွဲထင်ကျန်ရစ်သော ကြိုးရာများ ။ မှန်ထဲမှတစ်ဆင့် မြင်ရသော ကြိုးရာလေးတွေကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားလိုက်သည် ။
နောက်ရက်တွေမှာ အကောင့်အသစ်ဖွင့်ကာ မိမိရိုက်ထားသော ပုံလေးတွေကို တင်လိုက်သည် ။ မျက်နှာလေးကိုတော့ ဖျက်ထားလိုက်သည် ။ လိုက်တွေ မန့်တွေ အပ်သူတွေ များလာသည် ။ သြော် မိမိ မရူးသေးမှန်း သိလိုက်သည် ။ မိမိလို ဘဝတူတွေ ရှိမှန်း သိလိုက်သည် ။ မိမိနဲ့ လက်တွဲဖော် ဘဝခရီးဖော် ဆိုရင် မိမိစိတ်ခံစားချက်ကို နားလည်မှ ဖြစ်မည် ။
အချိန်ရာသီက တရွေ့ရွှေု့ပြောင်းလဲနေပြီ။ ဥသြတွန်သံ ကြားရပြီ ။ ဥသြသံနှင့် အတူ ပျံလွင့်လာသော သင်္ကြန်တေးသံများ ။ ပုလဲသွယ် စိတ်လှုပ်ရှားနေပြီ ။ မိမိကြိုက်သော သင်္ကြန်ပွဲတော် ရောက်ရှိတော့မည် ။ နွေရာသီရဲ့ အလှဆုံး အပျော်ရွှင်ဆုံး သင်္ကြန်ပွဲတော် ။
""ဟေ့ ဟေ့ နွေမ ဟေ့ဟေ့ နွေမ နွေမရဲ့ ကပုံလေးက ချစ်စရာကွယ် တစ်ကယ်လှလို့ ရှု့့မဝနိုင် ကစမ်းပါအုံးကွယ်။ နွေမလေးက သင်္ကြန်လိုက ဒီရေနန်းက သင်္ကြန်လိုဆို ပြန်ပါနဲ့ အုံးကွယ် နွေမမာလာ မပြန်နဲ့ အုံးကွယ် ။""
သင်္ကြန် အကြိုနေ့ မနက်စောစော ခါတိုင်းလိုဘဲ မြီးရှည် စားချင်လို့ လမ်းထိပ်က ဆိုင်ကို ထွက်လာခဲ့သည် ။ သပ်သပ်ရပ်ရပ် နေတတ်သူ ပီပီ ကျော့ရှင်းလှပစွာနဲ့ ထွက်လာခဲ့လိုက်သည် ။ လမ်းဘေးမှာ ရပ်ထားသော ပြိုင်ကားအနီလေးတစ်ခု ။ အမှတ်တမဲ့ လမ်းလျှောက်လာရင်း ကားလေးကို ကျော်သွားတော့ ကားတံခါးဖွင့်သံ ကြားလိုက်ရပြီး
" ဗွမ်း"
ခေါင်းကနေ ရေတွေကျလာပြီး ပုလယ်သွယ် တစ်ကိုယ်လုံး စိုရွှဲသွားသည် ။ ရေနဲ့ အတူ မွှေးရနံ့တွေ လွှမ်းသွားသည် ။ လှည့်ကြည့်လိုက်တော့ ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နှင့် မိမိထက်ငယ်ပုံရသော ချာတိတ်တစ်ယောက် ။ အပြုံးတွေနဲ့ အတူ လက်ထဲက ပိတောက်ပန်းတွေ အများကြီးကို ဇွတ်ထိုးပေးတော့ ပုလဲသွယ် ဘုမသိ ဘမသိ ယူလိုက်ရသည် ။ ကားထဲကို ခေါင်းလေးငုံပြီး နောက်ထပ် အထုပ်တွေ ယူပြီး လက်ထဲကို ဇွတ်အတင်း ချိတ်ပေးပြန်သည် ။ ကြည့်လိုက်တော့ ခါတိုင်းဝယ်နေကျ မြီးရှည်ဆိုင်က ပါဆယ်တွေ ။
ပုလဲသွယ် ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာဘဲ ထိုကောင်လေးက
ရေလောင်းခွင့် ရတဲ့ အတွက်ရော ပန်းတွေလက်ခံ ပေးတဲ့ အတွက်ရော မမအတွက် မုန့်တွေ လက်ခံပေးတဲ့ အတွက်ရော ကျေးဇူးတင်ပါတယ် ။ ကျွန်တော်စောင့်နေတာ တစ်ပတ်လောက်ရှိပြီ ။
ပြီးတော့ မမကို ချစ်တယ် ။
ပိတောက်ပန်းတွေ ကိုင်ထားရတဲ့ လက်နှစ်ဖက်ကို ရဲရဲတင်းတင်း ဆုပ်ကိုင်ပြီး ရည်းစားစကား ပြောသွားသည် ။ ပုလဲသွယ် ဘာမှပြန်မပြောနိုင်ခင် ကားပေါ်တက်ကာ စက်နိူးလိုက်သည် ။
ကားမှန်တံခါးလေး လျှောကျလာကာ ခေါင်းလေးထွက်လာပြီး
မမ ကျွန်တော်ကို အဖြေပြန်ပေးနော် ချစ်တယ် ။
လက်လေးကို နှုတ်ခမ်းမှာကပ်ကာ ကစ်ပေးသည့် ပုံစံလုပ်ပြသွားပြီး ကားလေးမောင်းထွက်သွားသည် ။ ပုလဲသွယ် အူယားပြီး ကျန်ခဲ့သည် ။ ဘေးပတ်ဝန်းကျင်က လူတွေ ကြည့်နေလို့ ရှက်ရှက်နဲ့ ပိတောက်ပန်းတွေ ပွေ့ကာ ပြန်လာခဲ့သည် ။ အိမ်ရောက်တော့ အဖေနဲ့ အမေက သမီးဖြစ်သူကို ပြုံးကြည့်နေကြပြီး အခြေအနေကို နားလည်နေကြသည် ။ မြီးရှည်ထုပ်တွေကလည်း အများကြီး ပိတောက်ပန်းတွေကလည်း အများကြီး တစ်ကိုယ်လုံးလည်း ရေတွေစိုကာ မွှေးရနံ့တွေ ကြိုင်လှိုင်နေတော့ ငယ်ရာက ကြီးလာသူများပီပီ ပြုံးစစ ဖြစ်နေကြသည် ။ ကောင်ဆိုးလေး နင့်ကြောင့် မိဘတွေရှေ့မှာ ရှက်နေရပြီ ။
တွေ့ရင်တော့ နင်ကြပ်ကြပ် သတိထားဆိုပြီး မြီးရှည်ကို ပန်းကန်ထဲထည့်ပြီး လက်သီးဆုပ်နဲ့ ရွယ်မိတော့
ဟဲ့ ဟဲ့ အမေပါ ငါ့သမီးရဲ့
ရှက်ရပြန်ပြီ ။ မိဘ နှစ်ပါးရဲ့ လွတ်လပ်ပွင့်လင်းမှု့ကြောင့် မျက်နှာလေးရဲလာပြီး အယောင်ယောင် အမှားမှား ။ ကောင်စုတ်လေး ။ကောင်ဆိုးလေး။ လူကို ရင်ခုန်အောင် လုပ်လိုက်ပြီ ။
မနက်စာ စားပြီးတော့ ဖုန်းသံမည်လာသည် ။ဖုန်းကိုင်လိုက်တော့
ဟဲ့ မိပုလဲ
သူငယ်ချင်းမတွေ အသံ ဖုန်းထဲက မည်လာသည် ။
မနက်ဖြန်မနက် လာခေါ်မယ် အဆင်သင့် လုပ်ထား ။ ကဲရအောင် ။
ဖုန်းစပီကာဖွင့်ထားသောကြောင့် ဘေးက အဖေနဲ့ အမေပါ ကြားနေရသည် ။ အမေက ခေါင်းငြိမ့်ပြုပီး အဖေကပါ ပြုံးနေသည် ။ သမီးလိမ္မာဆိုတော့ စိုးရိမ်စရာ မရှိ ။ ခု အသက်အရွယ်ထိ ရည်းစားမထား ရှုပ်ရှုပ်ရှက်ရှက် မနေတတ်တဲ့ ပုလဲသွယ်အကြောင်း သိထားကြသည်လေ ။
သင်္ကြန်အကျနေ့ ။
ခြံထဲကို မောင်းဝင်လာသော ကားလေး ။ အဆင့်သင့် ပြင်ဆင်ထားသော ပုလဲသွယ် ။ အဖေအမေကို ကန့်တော့ပြီး သင်္ကြန်လည်မည့် ကားလေးပေါ် တက်လိုက်သည် ။ အနက်ရောင် ဂျင်းဘောင်းဘီရှည် တီရှပ်အနီရောင် ကိုယ်ကျပ် ခါးပတ်လေး ပတ်ထားပြီး လယ်သာ အရှည် အချွန် တောစီးဘိနပ်ရှည်နှင့် ဦးထုပ် အဝိုင်းလေးကို ဆောင်းထားသော ပုလဲသွယ် ။
အလံပုံစံပါသော တစ်ဘက်လေးကို ခြုံထားတော့ သူငယ်ချင်းမတွေက လှလိုက်တာကွာ ဆိုပြီး ဝိုင်းနမ်းမလို ဖြစ်ပြီး တဘက်လေးနဲ့ ကာထားရသည် ။
ရေပက် မဏ္ဍပ်တွေရှေ့ရောက်တော့ ကားဆရာက ရပ်ပေးလိုက်ရာ ရေပိုက်ကြီးတွေရှေ့မှာ အလဲလဲ အပြိုပြို ။ တဘက်လေးနဲ့ ကာပြီး ခေါင်းမဖော်နိုင် ဖြစ်နေတုန်း လူတစ်ယောက်က ကာပြီးဖက်ထားပေးသောကြောင့် နည်းနည်းသက်သာသွားသည် ။ သူငယ်ချင်း တစ်ယောက်ယောက် ထင်မှတ်ပြီး ငြိမ်နေလိုက်သည် ။ ကားလေးမောင်း ထွက်သွားတော့မှ မိမိကို ဖက်ထားသူကို သေချာကြည့်မိသည် ။
ဟင် မင်း မင်း
ဟုတ်ပါတယ် မမရဲ့ ကောင်လေးလေ ။
ဘေးက သူငယ်ချင်းတွေက ပြုံးစိစိနဲ့ ။
ဟဲ့ မိပုလဲ နင် ဒိုင်လျှိုတယ်နော် ။
ဟဲ့ ရှင်းပြလိုက်လေ ။
ရှင်းပြပြီးပြီလေ ။ မမက ကျွန်တော့် ချစ်သူ ဆိုတဲ့ အကြောင်း ။
ပြောပြောဆိုဆို လူတွေရှေ့မှာတင် ပုလဲသွယ်ရဲ့ လက်ကလေးနှစ်ဘက်ကို နောက်ပစ်ထားတဲ့ ပုံစံလေး ချုပ်ကာ နမ်းလိုက်တော့ ပုလဲသွယ် မှင်သက်ပြီး ငြိမ်ကျသွားသည် ။ ဘေးက ကားပေါ်က လူတွေကပါ လက်ခုပ်တီးအားပေးကြသည် ။
မျောလွင့် သွားသော အာရုံတစ်ခု ။ ချုပ်ကိုင်ခံရပြီး နမ်းသောအနမ်း ။
အား
ပုလဲသွယ် ရင်ထဲမှာ လှိုင်းတွေ ဖြစ်နေပြီ ။
ဦးဟန်
( ဒုတိယပိုင်း ဆက်ရန် )
အချစ်ဆိုသည်မှာ ( 2 )
မိုးမြင့်ထက် ။
ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်သော်လည်း ဒီဇိုင်နာ ဖြစ်ရန် ရည်ရွယ်ချက်နှင့် နိုင်ငံခြားထိ သွားပြီး ဖက်ရှင် ဒီဇိူင်နာ သင်တန်းတက်ရန် ကြိုးစားနေသူ ။ ဆွေစဉ်မျိုးဆက် ချမ်းသာကြွယ်ဝမှု့ကြောင့် လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ ဘဝ ဆိုသော်လည်း ဝါသနာပါရာ ဒီဇိုင်နာအလုပ်နှင့် တစ်စုံတစ်ခုကို ဖန်တီးရန် အားသန်နေသူဖြစ်သည် ။
နိုင်ငံခြားသို့ ပညာတော်သင် မသွားခင် ပုလဲသွယ်ဆိုသော ကောင်မလေး တစ်ယောက်ကို မြင်မြင်ချင်း စွဲလမ်းသွားလို့ နောက်က တစ်ကောက်ကောက် လိုက်နေတာ ကြာပြီ ။ မသိစိတ်ကဘဲ လှုံ့ဆော်မှု့လား ။ မိန်းကလေးများစွာကို မြင်တွေ့နေရပေမယ့် ဒီလို စိတ်ခံစားချက် မဖြစ်ခဲ့ပေ ။
ပုလဲသွယ်ရဲ့ အကြောင်းကို စုံစမ်းရင်း အမည် အတန်း နေရပ် လိပ်စာ အသက် နောက်ဆုံး ရည်းစားရှိမရှိ ဆိုတာကိုပါ သိလာခဲ့ရသည် ။ ရိုးရိုးယဉ်ယဉ် မြန်မာ ဆန်ဆန် နေတတ်မှု့ တက္ကသိုလ် ကျောင်းသူဖြစ်သော်လည်း ယောကျာ်းလေး သူငယ်ချင်းများ နှင့် သိပ်ပြီး ရောရောထွေးထွေးနေလေ့ မရှိဘဲ ယနေ့အချိန်ထိ ချစ်သူမရှိဘဲ အိမ်ကလည်း ရည်ရွယ်ထားသူ မရှိသေးဘူး ဆိုတာကိုပါ သိခဲ့ရသည် ။ အဖိုးတန် ပုလဲလေးပေါ့ ။
ပုလဲသွယ် မသိအောင် ပုလဲသွယ်ရဲ့ သူငယ်ချင်းတွေကို မိတ်ဆွေဖြစ် သူငယ်ချင်းဖြစ်အောင် ကြိုးစားပြီး ဒီနေ့ ဒီအချိန် သင်္ကြန်လည်လို့ရအောင် ဖန်တီးနိုင်ခဲ့သည် ။ ပုလဲသွယ်တို့ အိမ်မှာတုန်းက ကားလေးကို ကိုယ်တိုင်မောင်းကာ ဦးထုပ်ကို ဆောင်းထားပြီး မျက်မှန်အမည်း တပ်ကာ ကားမောင်းတဲ့နေရာက မဆင်းသောကြောင့် ပုလဲသွယ် သတိမထားမိခြင်း ဖြစ်သည် ။
မဏ္ဍပ်ရှေ့ရောက်မှ အိမ်က ခေါ်လာသော ကားဒရိုင်ဘာ တစ်ယောက်ကို မောင်းခိုင်းပြီး ပုလဲသွယ်ဘေးမှ ကာကွယ်ပေးခြင်း ဖြစ်သည် ။
ရေစိုနေသော ပုလဲသွယ်ရဲ့ အလှတရား ချစ်မေတ္တာ စိတ်က လှုံဆော်မှု့ကြောင့် ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်ဘဲ အနမ်းတွေ ပေးမိခြင်း ဖြစ်သည် ။ လက်နှစ်ဘက်ကို နောက်ပြန်ချုပ်ကိုင်ခံရပြီး အနမ်းတွေ ပေးခံရသော ပုလဲသွယ် မျက်လုံးတွေမှာလည်း အံ့သြသော နားလည်ရခက်သော အကြည့် မျက်ဝန်းတွေ ။ ချစ်ခြင်းရဲ့ အရိပ် အယောင်တွေ မြင်လိုက်ရသည် ။
ကားပေါ်က လမ်းတစ်လျှောက်လုံးမှာ အခွင့်အရေးရတိုင်း လက်လေးတစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားသော်လည်း ရုန်းဖယ်တာ သိပ်မတွေ့ရ ။ နေ့လည် ထမင်းစားနားချိန်ရောက်တော့ မိုးမြင့်ထက် တစ်ဖွဲ့လုံး ို အိမ်ကို ခေါ်ပြီး စားစရာ သောက်စရာတွေနဲ့ ဧည့်ခံသည် ။ စားသောက်ပြီးတော့ အိမ်က ပန်းခြံထဲမှာ အနားယူကြသည် ။ ပုလဲသွယ် တစ်ယောက်ထဲ စတီးဒါန်းလေးပေါ်မှာ။ ကျန်တဲ့ သူငယ်ချင်းတွေကလည်း အလိုက်တသိနဲ့ ပုလဲသွယ်နား မကပ်ကြပေ ။
မမ ထိုင်မယ်နော် ။
မင်း အိမ်က မင်းပိုင်တဲ့ ပစ္စည်းဘဲ ထိုင်ချင် ထိုင်ပေါ့ ။
မမကလဲ ကျွန်တော့်ကို စိတ်ဆိုးနေတုန်းလား ။
မင်းလုပ်ပုံကို ကြည့်အုံးလေ ။
ချစ်တာကို မမရဲ့ ။
မင်းနာမည် ဘယ်သူလဲ ။
မိုးမြင့်ထက် ။ တစ်ဦးထဲသောသား ။ ဒီဇိုင်နာဖြစ်ဖို့ ကြိုးစားနေသူ ။ အဖေအမေကတော့ ရိပ်သာသွားပြီး တရားနာနေကြပြီ။ ကျွန်တော်ကတော့မမ အချစ်ကိုရဖို့ ကြိုးစားနေတယ် ။
မမ
ပုလဲသွယ် မော့ကြည့်လိုက်တော့ ။
ကျွန်တော့ကို အဖြေပြန်ပေးပါအုံး ။
ဒီမှာ မိုးမြင့်ထက် ။
ဗျာ မမ ။
အချစ်ဆိုတာ ဆန်းကြယ်တယ် ။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပြီ ဆိုရင် ဒီအဆင့် မှာတင် မရပ်တော့ဘူး ။ တစ်ယောက်နဲ့ တစ်ယောက် အတူနေဖို့ တစ်ဆင့် တက်လာကြမှာ ။ ချစ်တာ တစ်ခုထဲနဲ့ မပြီးတော့ဘူး ။ စိတ်သဘောထားချင်း တိုက်ဆိုင်ဖို့ လိုသေးတယ် ။ စိတ်ခံစားချက်ခြင်းလည်း တူမှ ။ မတူညီရင် စိတ်သဘောထားခြင်း ကွဲလွဲမယ် ။ ချစ်ခြင်းဆိုတာ ရင်ဘတ်ကြီးထဲက လာတယ် ။ အဲဒီရင်ဘတ်ကြီး အေးချမ်းတာကိုဘဲ လိုချင်တယ် ။ ပူလောင်ခံရမှာကို ကြောက်တယ်။
စိတ်ချပါ မမရယ် ။ မမ စိတ်ချမ်းသာအောင် ထားပါ့မယ် ။
ချစ်ချင်းမေတ္တာဆိုပြီး ချစ်ကြတယ် ။ အချစ်ရဲ့ နောက်မှာ တာဝန်ယူမှု့တာဝန်ခံမှု့တွေ ရှိလာတယ် ။ အဲဒီ အချိန်မှာ တစ်ယောက်စိတ်ကို တစ်ယောက်က နားလည်ဖို့ လိုတယ် ။ မဟုတ်ရင်တော့ တစ်ဘဝလုံး စိတ်ဆင်းရဲသွားရမှာ ။
မမ စကားလုံးတွေက အတွေးအခေါ်တွေ အဓိပ္ပာယ်တွေ ဒဿနတွေ အများကြီးဘဲ ။ ကျွန်တော် လိုက်မှီအောင် စဉ်းစားရအုံးမှာ ။
မမ ကျွန်တော့်ကို အဖြေပေးပါအုံး ။
လူတစ်ယောက်နဲ့ တစ်ယောက် ပေါင်းဖက်ဖို့ရာ ငါ့အတွက် တော့ L O V E ဆိုတဲ့ စကားလုံးလေးခုနဲ့ တင် မလုံလောက်ဘဲ နောက်ထပ် အင်္ဂလိပ်လို စာလုံးလေးလုံးက ကျယ်ဝန်းတဲ့ ဘဝကို ပုံဖော်ပေးနိုင်မှာ ။ အဲဒါကို မင်းသိလား ။ မသိရင် သိအောင် ကြိုးစား ။ အဲဒါကို သိရင် လာပြော မင်းကို အဖြေပေးမယ် ကောင်လေး ။
မိုးမြင့်ထက် စဉ်းစားရင်း ခေါင်းကုတ်သည် ။ ပြီးတော့ လက်ကောက်ဝတ်လေး နှစ်ခုကို ထပ်ပြီး တင်ထားသော ပုလဲသွယ်ရဲ့ လက်လေးနှစ်ခုကို ခေါင်းမှာ စည်းထားတဲ့ သင်္ကြန် ပုဝါလေးကို ဖြုတ်ပြီး ထပ်တင်ထားသော နေရမှ ပူးချည်လိုက်သည် ။
ပုလဲသွယ် အံ့သြသော မျက်လုံးနှင့် ကြည့်ရင်း ငြိမ်သက်နေသည် ။ မိုးမြင့်ထက်ရဲ့ ပုဝါလေးက မိမိလက်နှစ်ဖက်ကို ပူးချည်ထားလိူက်ပြီ ။ ရင်ခုန်သံတွေ မြန်လာသည် ။ ကြက်သီးဖုလေးတွေ ထလာသည် ။
မမ ကျွန်တော်ရဲ့ လက်ဆောင် ။
မိုးမြင့်ထက် စကားပြောရင်း ပုလဲသွယ်ရဲ့ လက်လေးနှစ်ဘက်မှ ကြက်သီးဖုလေးတွေကို မြင်နေရပြီး တစ်စုံတစ်ရာကို နားလည်သလို ရှိသွားသည် ။
မမ
မိုးမြင့်ထက်က ခေါ်တော့ ပုလဲသွယ်မော့ကြည့်သည် ။ လက်လေးနှစ်ဘက်က ပုဝါလေးနဲ့ ချည်ထားတဲ့ အတိုင်း ။
မမ ပြောတဲ့ LOVE ကို အချစ်ဆိုသည်မှာလို့ ဘာသာပြန်ရင် ကျွန်တော်က နောက်ကနေပြီး true လို့ ထည့်ပေးမယ်လေ ။
ငါ ခံယူထားတာ ကြိုက်တာက မဟုတ်သေးဘူး ။ အချစ်ဆိုသည်မှာရဲ့ နောက်က ဘဝတစ်ခု ခံစားချက်တစ်ခု ။ အဲဒီစကားလုံးကို အဓိပ္ပာယ် ခံစားချက် တွေ့နိုင်သိနိုင် ခံစားနိုင်ပြီဆိုရင် မင်းအချစ်တွေကို ငါလည်း ခံစားလို့ရမှာပါ ။
မမ NICE
ပုလဲသွယ် ခေါင်းခါသည် ။
REAL
နိူး
LIFE
မဟုတ်သေးဘူး ။ တော်ပြီကွာ မင်းပုဝါကို ပြန်ဖြည်ပေးတော့ ။ သူများတွေ စောင့်နေပြီ ။ ကြိုးစားပေါ့ကွာ ။
မိုးမြင့်ထက် လက်နှစ်ဘက်ကို ပူးပြီး ချည်ထားသော ပုဝါလေးကို ဖြုတ်ပေးလိုက်ပြီး ပုလဲသွယ်ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ကို ချည်ပေးလိုက်သည် ။ ငြိမ်သက်နေသော ကိုယ်လုံးလေး ခံစားချက်များစွာနဲ့ မျက်ဝန်းလေး ကြက်သီးဖုလေးများ ။ ပိုပြီး တင်းတင်းကြပ်ကြပ် ချည်ပေးလိုက်သည် ။
မမအတွက် ကျွန်တော်ရဲ့ လက်ဆောင်လို့ သဘောထားပေးပါ ။ အကျနေ့ တစ်ညနေလုံး ကားပေါ်မှာ အတူတူ တစ်ဘက်တစ်ထည်ကို နှစ်ယောက်အတူ ခြုံရင်း လက်မှာ ချည်ထားတဲ့ ပုဝါစလေးကို ဆွဲပြီး ကိုင်ထားရင် ငြိမ်သက်နေတတ်တဲ့ ပုလဲသွယ် ။
မမ
ပုလဲသွယ် မော့ကြည့်လိုက်တော့ ။
မနက်ဖြန် ကျွန်တော့်အိမ်မှာ စုရပ်လုပ်မှာ တစ်ခုခု စားရင်းပေါ့ ။ ကျွန်တော် လာခေါ်မယ်နော် အဝတ်အစား အပိုထည့်ခဲ့လေ။
ပုလဲသွယ် ခေါင်းမငြိမ့် ခေါင်းမခါ ။
မမနော် အူယားလာပြီ ။
ဖက်နမ်းမည့် ဟန်ပြင်မှ ပုလဲသွယ် ခေါင်းငြိမ့်သည် ။
အကြတ်နေ့ ။
မိုးမြင့်ထက် ကားလေး ပုလဲသွယ်တို့အိမ် ဝင်လာတော့ မနေ့ကလည်တဲ့ ကားမဟုတ် ။ ပြိုင်ကားလေးနဲ့ ။ ပုလဲသွယ် အဖေ အမေတို့နဲ့ မိတ်ဆက်ပေးတော့ မိဘတွေက မိုးမြင့်ထက်ကို အကဲခတ်ရင်း ပြုံးနေကြသည် ။
ရေပတ်ခံ ထွက်မည့် အဝတ်အစားတွေကို ထည့်ရင်း မြန်မာဆန်ဆန် ဖက်ဖူးစိမ်းရောင် ရင်ဖုံး ဝမ်းဆက်လေးကို ဝတ်လိုက်သည် ။
အဖေ အမေ သွားတော့မယ်နော် အမေတို့လည်း ဘုန်းကြီးကျောင်းသွားအုံးမှာ မဟုတ်လား ။
ဟုတ်တယ် သမီး သွားသွား ။ လည်တဲ့ အခါ ဂရုစိုက်ကြ ။
ဟုတ် အမေ ။
မိုးမြင့်ထက် ဖက်ဖူးစိမ်းရောင်လေးနဲ့ လှနေသော ပုလဲသွယ်ကို ငေးကြည့်နေမိသည် ။
သွားမယ်လေ ။ အမေတို့နဲ့ ရိပ်သာလိုက်မလို့လား ။
ဟာ မမကလည်း ။
မိုးမြင့်ထက် သူခိုးလူမိသလို ဖြစ်သွားသည် ။
ပုလဲသွယ် မိဘတွေကလည်း ရယ်နေကြသည် ။
ပြိုင်ကားလေးပေါ်ရောက်တော့ ။
မောင်းတော့လေ ။
မမက အရမ်းလှတာဘဲ ။
ဒီနေ့ မင်းမောင်းအုံးမှာလား ။
မိုးမြင့်ထက်ကားလေးကို မောင်းထွက်လိုက်သည် ။ အိမ်ကို ရောက်တော့ သူငယ်ချင်းတွေ မရောက်သေး ။
မမ ထိုင်လေ ။
အင်း မင်းသူငယ်ချင်းတွေ မရောက်သေးဘူးနော် ။
ဟုတ်တယ် မမ ။ ဘာသောက်မလဲ ။
မသောက်တော့ဘူးလေ ။ ခုမှ အိမ်က သောက်ပြီး ရေချိုးလာတာ ။
မမ အဖြေပေးဗျာ ။
မင်းကရော ငါ့ပြောတဲ့ စာလုံးကို တွေ့ပြီလား။
တွေ့ပြီ ထင်တာဘဲ ။
ပြောပါအုံး ။
wife
မဟုတ်ဘူး ။
stay
ပုလဲသွယ် ခေါင်းရမ်းလိုက်သည် ။
မင်းပြောတာတွေ တစ်ခုမှ မဟုတ်ဘူး ။
မိုးမြင့်ထက် မျက်နှာတည်သွားသည် ။ မမကို ကျွန်တော် အလုပ်ပြချင်လို့ ။ လိုက်ခဲ့ပေးပါလား။
ပုလဲသွယ် လိုက်ကြည့်မိတော့ အခန်းကျယ်ကြီးထဲမှာ စားပွဲရှည်ကြီး တစ်ခု ။ အကျီ င်္ ဒီဇိုင်းမျိုးစုံ ။ ကတ်တလောက် စာအုပ်တွေ ။ နောက် နံရံမှာ ချိတ်ထားသော လက်သန်းလုံးလောက်ရှိသော ရောင်စုံကြိုးခွေတွေ ။
ပုလဲသွယ် မျက်လုံးတွေက ကြိုးခွေတွေဆီမှာ ။
မမ ထိုင်ပါအုံး ။
စားပွဲရှည်ကြီးပေါ်ကို ထိုင်လို့ရတယ် မမ ။
စားပွဲက မနိမ့်မမြင့် ။
မိုးမြင့်ထက် နံရံမှာ ချိတ်ထားသော အဝါရောင် ကြိုးတစ်ခွေကို ဖြုတ်လာပြီး ။
မမ B D S M ဆိုတဲ့ အဖြေကို ကျွန်တော်ပေးမယ် ဆိုရင်ရော ။
ပုလဲသွယ် အံသြစွာနဲ့ မှင်သက်မိနေသည် ။
မဟုတ်ဘူးလို့လဲ မပြော ။ တိတ်ဆိတ်နေချင်က ဝန်ခံချင်းဘဲလေ ။
မမကို ကျွန်တော် ချစ်တယ် ။
ပြောရင်းနဲ့ ပုလဲသွယ်ရဲ့ လက်လေးတစ်ဘက် လက်ကောက်ဝတ် နေရာကို ကြိုးနဲ့ နှစ်ပတ်သုံးပတ် ပတ်ပြီး တင်းတင်း ချည်လိုက်သည် ။ ပြီးတော့ လက်နောက်တစ်ဖက် ။ ပုလဲသွယ် မရုန်းမိ ။
မိုးမြင့်ထက် မိမိပြုသမျှ ပုလဲသွယ် ငြိမ်နေတော့ အားတက်လာပြီး ကြိုးစကို ထုပ်တန်း အပေါ်ကို ပစ်လိုက်ပြီး
တဖြည်းဖြည်း ဆွဲယူလိုက်ရာ ပုလဲသွယ်ရဲ့ လက်လေးနှစ်ဘက် တစ်ဖြည်းဖြည်း မြောက်တက်လာပြီး ခြေထောက်မှ ဒေါက်ဘိနပ် အမြင့်လေး ခြေဖျားထောက်ထားရသည် အထိ ဖြစ်လာသည် ။
မမ အဖြေပေးအုံးလေ ။
လူတစ်ကိုယ်လုံး မင်းလက်ထဲ ရောက်နေပြီလေ ။ လိုသေးလို့လား ။
လိုတာပေါ့ မမရယ် ။ မမရဲ့ စိတ်ခံစားမှု့ ကျွန်တော်ရဲ့ စိတ်ခံစားမှု့ကို တူညီပြီလေ ။ မမ အဖြေပေးတော့ ။
မိုးမြင့်ထက် မျက်နှာက ပုလဲသွယ် မျက်နှာနှင့် နီးကပ်လာတော့ ပုလဲသွယ် မျက်လုံးလေး မှိတ်သွားသည် ။ မိုးမြင့်ထက် မြတ်မြတ်နိူးနိူး နမ်းလိုက်သည် ။
ချစ်တယ် မမရယ် ။
မသွယ်လည်း ချစ်ပါတယ် ကိုထက်ရယ် ။
ဘယ်လို ဘယ်လို ကျွန်တော် မကြားလိုက်လို့ ထပ်ပြောပါအုံး ။
ပုလဲသွယ် မျက်နှာမှာ ပန်းသွေးရောင် သန်းနေသည် ။
မမကို ချည်ရတာ အားမရသေးဘူး ။
သူငယ်ချင်းတွေ လာရင် ဘယ်လို လုပ်မလဲ။
ဒီနေ့ ဘယ်သူငယ်ချင်းမှ မလာဘူး ။ စုရပ်က ဒီမှာ မဟုတ်ဘူး ။ တစ်ခြားတစ်ယောက် အိမ်မှာ ။ ကားတွေဘာတွေ အကုန်စီစဉ်ပေးပြီးသား ။ မမက ဒီနေ့တော့ ကျွန်တော့ အတွက်ဘဲ ။ မမ သွားချင်တဲ့ အချိန်ကြရင် ပြောလေ ။ ဖုန်းဆက်ပြီး လှမ်းခေါ်ရုံဘဲ ။
ပုလဲသွယ် လက်နှစ်ဘက်ကြိုးချည်ခံရပြီး တွဲလောင်း အနေအထားမှ မျက်စောင်း ထိုးလိုက်သည် ။
ဒါဆို ချည်လို့ရပြီလား မမ ။
ပြောပြောဆိုဆို ပုလဲသွယ် ရင်သားနှစ်ဘက်အောက်မှ ကြိုးကို နှစ်ပတ်ပတ်ပြီး တင်းတင်းဆွဲကာ ရင်သားအပေါ်မှလည်း နှစ်ပတ်ပတ်ပတ်ပြီး ချည်လိုက်သည် ။ ရင်သားနှစ်ခု အလယ်ကနေပြီး အောက်က ကြိုးကို ဆွဲတုတ်လိုက်ပြီး ပုခုံးနှစ်ဘက်မှ တွဲချည်လိုက်သည် ။
ပထမဆုံး ကြိုးချည်ခံရတဲ့ အရသာမှာ မိန်းမောရင်း ရင်သားနှစ်ဘက်က တင်းကျပ်မှု့ကို ခံစားရင်း မျောလွင့်နေသည် ။ မိမိ ခြေထောက်လေးနှစ်ဘက်ကို ပူးပြီး မိုးမြင့်ထက်က ချည်လိုက်တာကိုတောင် သတိမထားမိတော့ ။
ပေါင်နှစ်ဘက်မှ တင်းကျပ်လာမှ မိမိရဲ့ ပေါင်လေးတွေကိုပါ ချည်နေမှန်းသတိ ဝင်လာသည် ။ တဆက်တည်း ဒူးတွေရော ချည်ပြန်သည် ။ လူကို အရုပ်လေးများ မှတ်နေလားမသိ ။
လက်နှစ်ဘက်ကို တစ်ဘက်စီ ခွဲပြီး တန်းမှာ ချည်ထားခံရလို့သာ ။ မဟုတ်ရင် မိုးမြင့်ထက် သူမကို ချည်နေပုံက မတ်တတ်ရပ်ဖို့တောင် မလွယ် ။ ဖက်ဖူးရောင် ရင်ဖုံးအကျီ င်္လေးနဲ့ လုံချည်လေးက ကြိုးတွေအောက်မှာ ချပ်ကပ်နေပြီး ပုလဲသွယ်ရဲ့ ကိုယ်လုံးအလှကို ဖော်ပြနေသည် ။
မိုးမြင့်ထက် ဘီးပါသော ကိုယ်လုံးပေါ်မှန်ကြီးကို ပုလဲသွယ်ရှေ့ကို တွန်းယူလာသည် ။ ပုလဲသွယ် မှန်ထဲကို ကြည့်လိုက်တော့ တစ်ကိုယ်လုံးမှာ ကြိုးတွေချည်ခံထားရပေမယ့် ကျေနပ်သော မျက်ဝန်းတွေက ပေါ်လွင်နေသည် ။
ကိုထက်
ပြောလေ မမ ။
မင်းမိဘတွေ ပြန်လာရင်ရော ။
မပူပါနဲ့ မမ ။ သင်္ကြန်ပြီးမှ ပြန်လာမှာ ။
မင်းက သေသေချာချာ အကွက်ကျကျ စီစဉ်ထားတာကိးု ။
ချစ်တာကို မမရဲ့ ။ အခုလို မမ ကျွန်တော်ရဲ့ အချစ်အကျဉ်းသား အဖြစ်ရအောင် ကျွန်တော် ဘယ်လောက် စိတ်ကူးယဉ်ခဲ့ရသလဲ။ မျှော်မှန်းခဲ့ရတာတွေ ကြိုးစားခဲ့ရတာတွေ ခုတော့ ဖြစ်လာပြီလေ ။
မင်း ငါ့လက်မခံတာကိုတော့ မကြံစည်နဲ့နော် ။
စိတ်ချပါ မမ ။ ကျွန်တော်က မိကောင်းဖခင် သားသမီးပါ ။ မမ မကျေနပ်ရင် ခွင့်မပြုရင် ဘာမှ မလုပ်ပါဘူး ။
မမကို ချစ်တယ် ။
ပြောရင်းနဲ့ ပုလဲသွယ်ရဲ့ ရှေ့ကနေ ရပ်ကာ မျက်နှာလေးကို နမ်းလိုက်သည် ။ စိတ်တူ သဘောတူ ခံစားချက်တူ ချစ်သူနှစ်ဦးရဲ့ ချိုမြိန်သော အနမ်းများ ။ ချိုမြိန်သော ချစ်ခြင်းအနမ်းတွေပေါင်းဆုံမိတော့ ပုလဲသွယ်ရဲ့ ကြိုးတုတ်ခံထားရတဲ့ ရင်သားတွေ ပိုပြီး တင်းကျပ်လာသလို ခံစားရသည် ။ ပေါင်ကြားက စိုစွတ်မှု့ ။
မမ ရင်သားတွေကို ကိုင်လို့ရလား ။
လူတစ်ကိုယ်လုံးကို ချည်ခံထားရတာလေ ။
ပုလဲသွယ်ဆီက ဝေ့ဝိုက်ဖြေသောစကား ။
မင်းသဘောဟု မပြောရုံတမယ် ။
မိုးမြင့်ထက် ပြုံးလိုက်ပြီး ပုလဲသွယ်ရဲ့ နောက်ကနေပြီး ဖက်ထားကာ စူထွက်ရုန်းကြွနေသော ရင်သားတွေကို စိတ်တိုင်းကျ ကိုင်တွယ် ပွတ်သပ်ပေးနေရာ ပုလဲသွယ်မှာ အံလေးကြိတ်လိုက် မျက်လုံးလေး စင်းလိုက်နဲ့ ဖြစ်နေတာကို မှန်ကြီးထဲမှာ မြင်နေရသည် ။
ချစ်လိုက်တာ မရယ် ။
ပုလဲသွယ်ကို တွဲလောင်းလေး ဖြစ်အောင် ချည်ထားတဲ့ ကြိုးကို ဖြုတ်လိုက်တော့ ပုလဲသွယ် ကိုယ်လုံးလေး ယိုင်သွားသည် ။ ယိုင်သွားတဲ့ ပုလဲသွယ် ကိုယ်လုံးလေးကို ပွေ့ချီပြီး စားပွဲရှည်ကြီးပေါ် တင်လိုက်သည် ။
လက်တွေက ိုစားပွဲခုံရဲ့ တိုင်မှာတစ်ဘက်စီ ခွဲပြီး ချည်လိုက်သည် ။
ခြေထောက်နှစ်ဘက်ကို ပူးရက်အတိုင်း စားပွဲခုံခြေထောက်တွေနဲ့ ချည်လိုက်သည် ။
ခါးနေရာကို တစ်ခါ ချည်လိုက်တော့ ပုလဲသွယ် စားပွဲရှည်ကြီးပေါ်မှာ လက်နှစ်ဘက် ကားယားလေးနဲ့ ပက်လက်လှန် အနေအထား ။
ပုလဲသွယ် မိမိ ဖြစ်ချင်တဲ့ ဆန္ဒတွေကို မိုးမြင့်ထက်က အကောင်အထည် ဖော်ပေးသလို ဖြစ်နေလို့ စိတ်ထဲကနေ ကျေးဇူးတင်ရင်း ကျေနပ်နေသည် ။
မိမိဘာသာ ပြန်ဖြည်လို့ မရ ။ ကိုယ့်ကိုကိုယ် ကိုယ်မပိုင် ။
သူတစ်ပါးရဲ့ အကျဉ်းသား ဘဝ ။ ချစ်ရသူရဲ့ အကျဉ်းသား ။ မိမိရွေးချယ်တဲ့ အချစ် ။ ဆန်းပြားသော စိတ်ကူးတွေနဲ့ ထူးဆန်းသောစိတ်ခံစားမှု့ ။ အချစ်ဆိုသည်မှာ မိမိနဲ့ ချစ်ရသောသူ စိတ်ခံစားချက်ခြင်း တူညီပြီး ပျော်ရွှင်ကျေနပ်စွာ ခံစားခြင်းလို့ မှတ်ယူထားသည် ။
မိမိကိုယ်တိုင် ခုလို ချည်ခံထားရတဲ့ အနေအထားကို ကြိုက်သည် ။ ကိုထက် ဘယ်လို စိတ်ကူးနဲ့ နှိပ်စက်အုံးမည် မသိ ။ ငြင်းဆန်ဖို့ရာ စိတ်ကူးထဲတောင် မရှိ ။
စားပွဲခုံဘေးကို ထိုင်ခုံတစ်ခု ယူလာသည် ။
စားပွဲခုံက နိမ့်သည် ။ ထိုင်ခုံက မြင့်သည် ။ ပြီးတော့ ရေခဲသေတ္တာထဲက ရေခဲတုံးလေးတွေ ပါသော ခွက်ကို ယူလာပြီး ရင်သားနှစ်ခုကြား တင်ထားသည် ။ ဘီယာ သံဘူး နှစ်ခုကို ဗိုက်ပေါ် ဖန်ခွက်ကို မိမိရဲ့ ပေါင်ရင်းနေရာမှာ တင်ထားသည် ။ အေးသော ခံစားချက် ။ ပေါင်ရင်းနေရာ တင်ထားသော ဖန်ခွက်ထဲကို ဘီယာ ထည့်လိုက်တော့ ဘီယာတွေ လျှံကျကာ အေးစက်နေသော ဘီယာတွေက အမြုတ်တွေနဲ့ အတူ တဖြည်းဖြည်းချင်း စိမ့်ဝင်နေတာကို ခံစားနေရသည် ။
ငါးမုန့်ကြော် ထုပ်ကိုဖောက်ကာ ပေါင်ကြားပေါ်သွန်ချလိုက်သည် ။ ထိုင်ခုံပေါ် အကျအန ထိုင်ကာ ပုလဲသွယ်ရဲ့ ခြေထောက်တွေပေါ် ခြေဆင်းလိုက်သည် ။
ဘီယာသောက်လိုက် ပုလဲသွယ် နို့တွေကို ကိုင်လိုက် ရေခဲတုံးလေးတွေကို ခါးတို အကျီ င်္ င်္လေးကို မကာ ဗိုက်ပေါ်တင်လိုက်နဲ့ လောကစည်းစိမ် ပုလဲသွယ်ရဲ့ အလှ စိတ်ခံစားမှု့တွေကို ကြည့်ရင်း တစိမ့်စိမ့် ခံစားနေတဲ့ မိုးမြင့်ထက် ။
ဦးဟန်
Comments
Post a Comment