သူတို့စေရာ
Photo Loading.....
သူတို့စေရာ
အခန်း (၁)
ပေးပို့ပေးသူ - min chitthu
ကြူတောရွာသို့ မြို့မှ မိန်းမကြီးတစ်ယောက် သူကြီအိမ်မှာ ရောက်နေ၏။ မိန်မကြီးမှာ နိုင်ငံခြားတွင် လစာကောင်းကောင်းနှင့် အလုပ်လုပ်လို့သူများကို ခေါ်ယူနေခြင်းဖြစ်၏ လမ်းစရိပ်အတွက် ကြိုတင်ငွေပါ ချေးပေးမည်ဆိုသည့်အတွက် ရွာထဲရှိ အလုပ်လုပ်လိုသူ အပျိုလူပျိုများနှင့် သူကြီးအိမ်တွင် ကျိတ်ကျိတ်တိုးနေ၏။ ကျွန်တော်လည်း ဦးလေးဖြစ်သူက သူ့မိန်းမကို အခေါ်လွှတ်လိုက်သဖြင့် မြို့က မိန်းမကြီးနားက မခွာနိုင်ဖြစ်နေသော အန်တီလှနားသို့သွားကာ ဦးလေးခေါ်ခိုင်းလိုက်တဲ့အကြောင်းပြောမလို့ ဟန်ပြင်လိုက်စဉ်မှာပင် အန်တီလှက
“ဟဲ့မသာကောင်လေး အိမ်မှာလုပ်စရာရှိတာမလုပ်ဘဲနှင့် ဘာလာလုပ်ပြန်တာလဲ ဒါနင့်အရာလား နင်နဲ့ဘာဆိုင်လို့လဲ”ဟု ဆိုကာ မိမိရဲ့နားရင်းကို ဖောင်းကနဲနေအောင် တွယ်တော့၏။
ကျွန်တော့မှာ အမြဲလိုလို လူရှေ့သူရှေ့မရှောင် အန်တီလှ စိတ်မထင်ရင်မထင်သလို အရိုက်ခံနေရပေါင်းများသဖြင့် ရိုးနေပီဖြစ်သော်လည်း လူစိမ်းဖြစ်သူ မိန်းမကြီးရှေ့တွင် အရိုက်ခံလိုက်ရသဖြင့် ရှက်စိတ်ဖြင့် ပူထူကာ ဦလေးခေါ်ခိုင်းတဲ့ အကြောင်းကိုပင် မပြောရဲတော့ဘဲ ဖြစ်သွား၏ အနားမှာ ရှိနေကြတဲ့ ရွာသူတွေထဲက အန်တီလှရဲ့ ညီမဖြစ်သူ မခင်စိန်ကပါ
“နေရာတကာပါတယ် ကိုယ့်နေရာကို ကိုမနေဘူး” ဟုဆိုကာ မိမိရဲ့ခေါင်းကို ဒေါက်ကနဲမည်အောင် ခေါက်လိုက်သေး၏။
သွား..ပြန် ငါခပ်ခိုင်းထားတဲ့ ရေခပ်ပီးပြီလား“
မ.. မပီသေးပါဘူး အန်တီ ဟို..ဟို…
“ဟိုဟို လုပ်မနေနဲ့ အလုပ်ကို ပီအောင်မလုပ်ဘူး ဒီမှာလာငံနေတယ် ငါအိမ်ပြန်လာမှ နင်နဲ့ငါထပ်တွေ့မယ် ကျောကွဲမယ်သာမှတ် ခေါင်မိုးက ငါ့ကြိမ်လုံးကို ရေစိမ်းထားလိုက် သွားမြန်မြန်”ဟု ကြိမ်းကာ မောင်ထုပ်တော့၏။
မိမိမှာတော့ ရှက်စိတ်ကော ကြောက်စိတ်ပါ မွှန်ထူပီး တစ်ခွန်းပင် မဟနိုင်ဘဲ ခပ်သွက်သွက် ပြန်ပြေးလာရတော့၏။
ညီမကလည်းဒေါသကြီးလိုက်တာ ဒါနဲ့ အဲ့ဒါက ညီမသားလေးလား
မိန်မကြီးက သားလေးလားဟုမေးလိုက်သဖြင့် ဒေါ်လှက အမလေး အမရယ် ဘယ်ကလာ သားဖြစ်ရမှာလဲ ဘယ်သူမွေးလို့ မွေမှန်းမသိတဲ့ ကောင်ကို ကျွန်မအမျိုးသားက မွေးစားမယ်ဆိုပီခေါ်လာတာလေး ကျွန်မကတော့ ကိုယ့်ရင်သွေးမှမဟုတ်တာ မေတ္တာမထားနိုင်ပါဘူး သားအဖြစ်လည်းအသိမှတ်မပြုဘူး အိမ်အလုပ်လေး ခိုင်းဖော်ရလို့သာ အိမ်မှာထားတာ နို့မဟုတ်ရင် သူများကိုပေးပြစ်တာကြာပေါ့။
အော်ဟုတ်လား ဒါနဲ့ သု့အသက် ဘယ်လောက်ရှိပီလဲ ညီမ
ညီမအထင်တော့ ၁၃နှစ်လောက်တော့ရှိလေ့မယ်ထင်တယ် အမ ဘာဖြစ်လို့လဲ
ဟိုလေး ညီမခွင့်ပြုမယ်ဆိုရင်သူ့ကို အမခေါ်သွားခြင်တယ် ညီမအတွက် သူရမဲ့ လာခတစ်နှစ်စာ ၁၅သိန်းကို အမတစ်ခါတည်း ပေးခဲ့မယ်လေးဖြစ်မလား
မိန်းမကြီးစကားကြောင့် အနားမှာ ရှိနေကြတဲ့ သူတွေပင် ဟင်းကနဲ ဟားကနဲဖြစ်သွားတော့၏
၁၅သိန်းကြီးမြန်တောင် ရမယ်ဆိုတဲ့အတွက် ဒေါ်လှတစ်ယောက်ဝမ်းသာလုံးစို့ကာ စကားပင် ပီသအောင်မပြောနိုင်တော့ဘဲ
အ..အ..အမ တကယ်ပြောတာလား ညီမကိုယ့်နားတောင်ကိုမယုံနိုင်တော့ဘူး ဒကယ် ၁၅သိန်းကြီးပေးခဲ့မှာလား
မိန်းမကြီးက ရယ်ရယ်မောမောဖြင့် ဒကယ်ပေးမှာပေါ့ ညီမရဲ့ ဒါတောင် တစ်နှစ်စာဘဲ ရှိသေးတယ်နော် နောက်သူလုပ်ပုံကိုင်ပုံကို ကြည့်ပီး အမက ညီမကို ထပ်တိုးပေးအုန်းမှာ ညီမသာ မနက်သူ့ကိုထည့်ပေးလိုက်ဖို့ ပြင်ခိုင်းထားတော့
ပျော်လိုက်တာ အမရယ် အမကို သိက်ကျေးဇူးတင်တယ် ညီမဒီလောက်များတဲ့ ငွေတွေ တစ်ခါမှ မရဖူးဘူး ဒီတစ်ခါတော့ ကောင်စုတ်လေးကို အိမ်ပေါ်ခေါ်တင်လာတဲ့ ကိုတင့်က တော်သွားပြန်ပြီ။
ဒါနဲ့ ညီမအမျိုးသားကကော့ ထည့်ပမလား
အို….အမကလည်း ကိုတင်က ညီမတစ်ခွန်းပါဘဲ ညီမပီရင် ပီပြီလို့သာမှတ်လိုက် စိတ်ချ မနက်သူ့ကို အမနှင့်ထည့်ပေးလိုက်မယ်။
ဒေါ်လှတစ်ယောက် မြို့က မိန်မကြီးကြိုတင်ပေးလိုက်တဲ့ ငွေတွေကို ပိုက်ပြီး ပြန်လာကာ အပျော်ကြီးပျော်နေတော့၏။
မိမိမှာလည်း အဝတ်တွေဖွတ်နေရင်းမှ အန်တီလှအသံကြားတဲ့အတွက် ခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်မှ ကျေနပ်သူ အန်တီလှအကြောင်း ကောင်းကောင်းသိထားသူမို့ သူစိတ်မဆိုးခင် အမြန်သွားကာ သူရေစိမ်ခိုင်းထားတဲ့ ကြိမ်လုံးကို ယူပီး သွားပေးလိုက်၏။
အန်တီလှက မိမိပေးတဲ့ကြိမ်လုံးကို ယူပီး အပိုးကျိုးစွာ အရိုက်ခံရန် အဆင်သင့် အနေထားလှည့်ပေးထားတဲ့ ကျောကို ခပ်ပြင်ပြင်လေး တစ်ချက်ရိုက်လိုက်၏ လက်သံပြောင်သူပီပီ ဝီး….ဖြောင်.. ဆို့တဲ့အသံနှင့်အတူ ကျောပြင်တစ်ခုလုံး ကျင်စပ်ကာကျောပင်ကော့သွားတော့၏။ ကြိမ်ထပ်လွဲသံမကြားရတော့ဘဲ အန်တီလှထံမှ
တော်ပီ ဒါမင်းကို နောက်ဆုံး အပြစ်ပေးတာ နောက်ကို မင်းငါရိုက်တာကို ခံခြင်လို့တောင် မခံရတော့ဘူး မင်းမနက်ဖြန် မြို့ကလာတဲ့ အမကြီးနှင့် လိုက်သွားရမယ် မင်းကို ဆုံးမဖို့ ဒီကြိမ်လုံးကိုပါ လက်ဆောင်ပေးလိုက်ရမယ် ဟုပြောကာ ကျေနပ်စွာ ရယ်နေသေး၏။
မိမိမှာတော့ လက်ရှိငရဲက လွှတ်မြောက်ရတော့မည်ဖြစ်သဖြင့် ဝမ်းသာလိုက်သိဖြစ်ခြင်း နောက်ဒုက္ခတွေ ဘယ်လောက်ဘဲတွေ့တွေ့ အန်တီလှ စီမှာခံရတဲ့ အဖြစ်လောက်တော့ ဆိုးလေ့မည့်ဟုမထင် မြို့မှာနေရတော့မည်ကို တွေးရင်နှင့်ပင် ကြည်နူးဝမ်းသာလှတော့၏ ကျောက နာကျင်မှုပင်မရှိတော့
ဟဲ့…အကောင် ငါပြောတာကြားလား….
ဟုတ်ကဲ့….ကြားပါတယ် အန်တီ ကျွန်တော်လိုက်သွားပါမယ်
မလိုက်လို့ကော ရမလား ကောင်စုတ်ရဲ့ … ခြေနှစ်ချောင်းလုံးကို ရိုက်ချိုးပြစ်မှာပေါ့ သွား…လုပ်စရာရှိတာသွားလုပ် ညကျရင် နင့်အဝတ်တွေထုပ်ထား မနက်လင်းတာနဲ့ လိုက်သွားရမယ် ကြားလား..
ဟုတ်ကဲ့ ကြားပါတယ် အန်တီ ဟုပြောကာ အမြန်ထွက်လာရ၏ နို့မဟုတ်ရင် ဘာလုပ်နေတာလည်း သွားဆိုတာကို ဆိုပြီး ထပ်အရိုက်ခံနေရအုန်းမည်။
ဘာအပြစ်ဘဲလုပ်မိလုပ်မိ အနည်းဆုံး အချက်၂၀လောက် မညှာမတာ ရိုက်လေ့ရှိသူဖြစ်သောကြောင့် အန်တီလှကို တုံနေအောင်ကြောက်ခဲ့ရ၏။ စိတ်မထင်ရင်မထင်သလို့ ထင်တိုင်းကျဲတက်တဲ့ အန်တီလှထံမှ မကြာမှီ လွတ်ရတော့မည် ဖြစ်သောကြောင့် အပျော်ကြီးပျော်ကာ အန်တီလှ ခိုင်းသမျှအလုပ်တွေကို လုပ်ပေးရတာကိုပင် မမောနိုင်မပန်းနိုင်ဖြစ်နေတော့၏။ ဦးလေးကတော့ တဘက်ရွာမှာ ဖဲသွားရိုက်နေတဲ့အတွက် တညလုံးပြန်မလာ မိမိမြို့ပါသွားတာကိုတောင် မသိလိုက်ပေ။
မြို့ကို ရောက်လာတဲ့အခါမှာတော့ မိမိထင်ထားသမျှ အားလုံးဟာ သဲထဲရေသွန်သလို့ ဖြစ်သွားတော့၏။ မိမိကိုခေါ်လာတဲ့ မိန်မကြီးမှာ မြန်မာနိုင်ငံမှ သမီးပျိုလေးများကို တရုတ်နိုင်ငံသို့ ရောင်းစားနေသော လူကုန်ကူးဂိုဏ်းမှ နန်းလီလီခင်ဆိုတဲ့ ရှမ်းတရုတ်မကြီးဖြစ်၏ ထိုမိန်းမကြီးက အန်တီလှကို ငွေ၁၅သိန်ဖြင့် မက်လုံးပေးပြီး မိမိကိုခေါ်လာကာ ရွှေလီမြို့မှာရှိတဲ့ သူ့အသိ ရှမ်းတရုပ် လူးမျိုးမိသားစုထံတွင် ငွေသိန်း၅၀ဆယ်ဖြင့် ရောင်ထားခဲ့ခြင်ဖြစ်၏။
မိမိရဲ့အိမ်ရှင်မိသားစုများမှာ အလွန်တရာ ရက်စက်ကြမ်းကြုပ်သူများဖြစ်သဖြင့် ဘယ်အိမ်ဖော်မှ ကြာကြာမနေနိုင်ဘဲ ထွက်ပြေးသွားကြသည်က များ၏။ အိမ်ရှင်ဖြစ်သူ မိန်မကြီးက အိမ်ဖော်မိန်းကလေးတစ်ယောက်ကို မီးပူနှင့်ကပ်ကာနှိပ်စက်သဖြင့် အမှုရင်ဆိုင်ရကာ သိန်း၃၀ဖြင့် ကျေအေးလိုက်ရသော အဖြစ်များလည်း ရှိခဲ့တဲ့အတွက် ဒီအိမ်ကြီးမှာ မည်သူမှ အိမ်ဖော်မလုပ်ရဲကြပေ။
ဒါကြောင့် အိမ်ရှင်မိန်းမကြီးက နောက်ကြောင်းကင်းတဲ့ အိမ်စေ တစ်ယောက်ရအောင် ရှာခိုင်းထားတဲ့အတွက် ဒေါ်နန်းလီလီခင်ဆို့တဲ့ မိန်မကြီးက မိမိလိုအဖေမရှိ အမေမရှိ သူများအိမ်မှာ ကပ်နေရတဲ့ သူကို ခေါ်လာပီး အိမ်စေ ကျွန်တစ်ယောက်အဖြစ် ရောင်းထားခဲ့ခြင်းဖြစ်၏။
အိမ်ကြီးတွင် ဒေါ်နန်းဟုန်ဆိုတဲ့ အိမ်ရှင်မိန်းမကြီးနှင့် သမီးဖြစ်သူ မနန်းဝေမာတို့သာရှိ၏ ဒေါ်နန်းဟုန်ရဲ့ လင်ယောက်ျားမှာ ပြည်ကြီးမှာ ရှိတဲ့ ကုန်မဏီမှာသာနေတဲ့အတွက် ၂လမှ တစ်ခါလောက်သာ ၂ရက်၃ရက်ပြန်လာတက်၏။ ထမင်ချက်ငှားထားတဲ့ ဒေါ်နန်းဟုန်ဆွေမျိုးထဲမှ ဒေါ်စီစီဆိုသော ၅၀အရွယ် မိန်မကြီးတစ်ယောက်သာ အပြင်လူရှိ၏။ မိမိမှာတော့ အိမ်စရောက်ကတည်းက ခု၃လပြည့်သည့်တိုင်အောင် ငွေနှင့်ဝယ်ထားတဲ့ သူတို့ရဲ့ကိုယ်ပိုင်ကျွန်တစ်ယောက်ဖြစ်တဲ့အတွက် အပိုးကျိုးအောင်ဆိုပီး သူတို့ ဖြစ်စေခြင်တဲ့အတိုင်း လိုသလိုပုံသွင်းကာ သားမိနှစ်ယောက်အလိုကျ ပုံစံသွင်ခြင်းကို မရှုမလှ ခံရတော့၏။ ၄၅နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အိမ်ရှင် မိန်းမကြီးကို မမကြီးလို့ ခေါ်ရပြီး သူ့သမီး မနန်းဝေမှာကို မမလေးဟုခေါ်ရ၏။ သူတို့ကမမေးဘဲ့ ဘာမှပြန်မပြောရဘူး အပြင်လူနှင့်ဆို ဘယ်သူနှင့်မှ စကားမပြောရဘူး အအတစ်ယောက်လိုနေရမယ် ခြံထဲကနေ အပြင်ကို ခြေတစ်လှမ်းတောင်မထွက်ရဘူး ခိုင်တာကိုလုပ် ကျွေးတာကိုစားဆိုတဲ့ မူသေစည်းကမ်းတွေအတိုင်း နေလာခဲ့ရ၏။ သူတို့အလိုမကျတာ တစ်ခုခုတွေ့တာနှင့် ပါးကွဲအောင်ရိုက်တက်ပြီး အရေကွာအောင်လည်း ကြိမ်လုံးဖြင့် မညှာမတာ ရိုက်လေ့ရှိ၏။
တစ်အိမ်လုံးရှိ အောက်တန်းအကျဆုံး အလုပ်များကို ဘာဖြစ်ဖြစ်အကုန်လုပ်ရ၏ အရွယ်နှင့်မမျှအောင် ပင်ပန်းစွာလုပ်ရသော်လည်း အစားကိုတော့ ထမင်းချက် ဒေါ်စီစီစားသလိုပင်မစားရဘဲ ခွေးစာကဲ့သို့ ခွပ်စုပ်ဖြင် သူတို့စားပြီးသား နယ်ပြီးသား အရိုးအရင်းများကိုသာ စားခိုင်း၏ မနက်စာမစားရဘဲ နေ့လည်စာနှင့် ညစာကိုသာစားရပြီး ညစာကို ည၁၀နာရီလောက်မှ စားရ၏ မိမိစားရမဲ့ ခွပ်ကို သူတို့ ထမင်းစားခုံအောင်တွင် ထား၏။ သူတို့ စားပြီးသားအကြွင်းအကျန်များကို ထိုခွပ်ထဲသို့ အမှိုက်စွန်သလိုစွန်ထည့်ကြ၏ တစ်ခါတစ်လေ စားနေရင်းမှ အခန့်မသင့်ဖြစ်ကာ သီးသွားတာမျိုး သို့မဟုတ်စားနေရင်မှ ပါးစပ်ထဲမှ ထမင်းများကို မမျိုချလိုသောအခါ ထိုခွပ်ထဲသို့သာ ထွေးထည့်အန်ထည်လေ့ရှိ၏။ ဘယ်လိုပင် အန်ခြင်လောက်အောင်ရွံစရာကောင်းနေပါစေ သူတို့ ချီးကျွေရင်တောင် စားရမည်ဖြစ်သော မိမိမှာတော့ နေ့စဉ် ထိုခွပ်ထဲမှ ခွေးစာလောက်ပင်မကောင်းသော အစာများကိုသာ စားရ၏။ မိမိကို ခွေတစ်ကောင်လောက်ပင် တန်ဖိုးမထားကြပေ။
သားမိနှစ်ယောက်စလုံး အလောင်းစားနှင့် အပျော်ပါးကို အလွန်လိုက်စားကြ၏ မကြာခဏ ဒေါ်နန်းဟုန်မိတ်ဆွေ များဖြစ်ကြတဲ့ ၃၅ ၊၄ဝကျော်အရွယ်ရှိ တရုပ်မအိမ်ထောင်သည်များ မကြာခဏ ဖဲရိုက်လေ့ရှိကြ၏ ညပိုင်းရောက်တာနှင့် ဘီယားများဝိုင်းသောက်ကြပြီး ဘောက်စက်များနှင့် တီးလုံးများဖွင့်လျှက် ပျော်ပျော်ပါးပါး ကခုန်ကြ၏။ သူတို့ ဖဲရိုက်နေစဉ် လိုအပ်တာခိုင်းဖို့အတွက် သူတို့အနားတွင် ဒူးထောက်ထိုင်နေရပြီး ခိုင်းသမျှဘာမဆိုလုပ်ပေးရ၏။ သူတို့ကနေစဉ်တွင်လည်း ဒူထောက်လျှက်ပင် ဘေးမှာထိုင်နေပေးရ၏။ ဒေါ်နန်းဟုန်ရဲ့မိတ်ဆွေ မိန်မကြီးများမှာလည်း မိမိကို ခွေတစ်ကောင်လောက်ပင် တန်ဖိုးမထားကြဘဲ သူတို့ခိုင်တာကို တစ်ခုခုမှားလုပ်မိတာနဲ့ စိတ်မထင်ရင် မထင်သလို့ ပါးနားရိုက်ကာ “ခွေသူတောင်းစား နန်းဟုန်မို့လို နင်ထမင်းစားရတယ်မှတ် ငါဆိုနင့်ကို ထမင်းမစားခိုင်းဘူး ငါ့ချီးဘဲ စားရမယ်”ဟု အောက်တန်းအကျဆုံး စကားလုံးများနှင့်လည်း ဆဲဆို ကြိမ်မောင်လေ့ရှိကြ၏။ ဒေါ်နန်းဟုန်ရဲ့မိတ်ဆွေများထဲတွင် ဒေါ်စီယုံဆိုတဲ့ အိမ်ထောင်ပျက်မိန်မကြီးက မိမိကို အပြစ်မရှိအပြစ်ရှာကာ အိမ်လာတိုင်း နှိပ်စက်နေသူဖြစ်၏။ ဖိနပ်တိုက်တာမပြောင်ဘူးဆိုပြီး စီးတဲ့ဖိနပ်နှင့် ပါးရိုက်တာကိုလည်း ခံခဲ့ရဖူး၏။ သူအိမ်လာတိုင်း ဒေါ်နန်းဟုန်ထပ်ပင် သူခိုင်းသမျှကို အမှားယွင်းမရှိအောင် ဂရုစိုက်လုပ်ပေးနေရ၏
အိမ်ရှင်များက မိမိကို စာနာစိတ်မထားဘဲ သားသမီးခြင်းမစာနာ မညှာမတာ ဆက်ဆံကြသလို့ သူတို့အပေါင်းသင်းမိတ်ဆွေများကလည်း မိမိကို ခွေးဝဲစား တစ်ကောင်လောက်ပင်တန်ဖိုးမထားကြပေ၊ ထို့ပြင် အိမ်မှာ ထင်မင်းချက်တာဝန်ယူထားတဲ့ ဒေါ်စီစီကပါ မိမိကို လူတစ်ယောက်လို့ သဘောထားမဆက်ဆံဘဲ သူ့ကိုသူ အိမ်ကြီးရှင်များပမာ ရိုင်းစိုင်းစွား ဆက်ဆံလေ့ရှိ၏။ တစ်ခါတစ်လေ သူလုပ်လို့ မှားသွားတဲ့ အရာများကိုပင် မိမိကိုပုံချပြီး ရိုက်နှက်ကာ ဒေါ်နန်းဟုန်တို့ သားမိကို တိုင်တော့တက်တဲ့အတွက် ဒေါ်စီစီကိုပင် သခင်တွေလို့ ကြောက်နေရကာ သူခိုင်းသမျှကို ဘာမဆို ငြင်းဆန်ခြင်းမပြုရဲ့ဘဲ အကုန်လုပ်ပေးရ၏။
ဒီအိမ်ကြီးတွင် ဒေါ်စီစီ ထမင်းချက်အလုပ်ကို လုပ်ရသောအိမ်ဖော်အဖြစ် နေရသော်လည်း မိမိ စရောက်ကတည်းက အိမ်ဖော်တစ်ယောက်နှင့် မတူတော့ဘဲ အိမ်ရှင်တစ်ယောက်ပမာ မိမိကိုဘဲ သူ့အလုပ်များကို တစ်ခုပီးတစ်ခု သင်ကာ ခိုင်းလေတော့၏။ ဒေါ်စီစီရဲ့ ယောင်းမ ငရုပ်ဂျပွေများနှင့် ရိုက်နှင်ထုထောင်းမှုကို နေ့စဉ်လိုလို ခံနေခဲ့ရ၏။ အိမ်အလုပ်အပြင် သူ့ရဲ့ ထမီများ အဝတ်စားများကိုပါ ဖွတ်လျှော်ပေးရပြီး ညတိုင်းသူနှင့် တစ်ခန်းတည်း အတူအိပ်ရတဲ့အတွက် ဒေါ်နန်းဟုန်ကို နှိပ်နယ်ပေပြီးပြန်လာတာနှင့် ညောင်းသည်ဟုဆိုကာသူ့ရဲ့ ဝဝဖိုင်းဖိုင်းကိုယ်ကြီးကို နင်းနှိပ်ပေးရသေး၏။ သူဇိမ်နှင့်အနှိပ်ခံပြီး အိပ်ပျော်သွားမှသာ သူ့ခြေရင်းတွင် ခွေတစ်ကောင်လို့ ခွေခွေကလေးအိပ်ရ၏။ မနက်တိုင်းသူမထခင် ထရပြီး နံနက်စာကို ထချက်ပေးရ၏။ တစ်ခါတလေ ပင်ပန်းလွန်း၍ အိပ်ရာထနောက်ကျလို့ သူအရင်နိုးသွားရင်တော့ သူ့လက်စွဲတော် ကြက်မွှေးကြိမ်လုံးဖြင့် မညှာမတာ ရိုက်နိုးပြီး ခြေထောက်ဖြင့် လှိမ့်ကန်ခြင်းကိုလည်းခံရလေ့ရှိ၏။
ဒီအိမ်ကြီးတွင် သုံလကြာအောင် နေစဉ် အရှင်လတ်လတ် ငရဲကျခံနေရသလို နှိပ်စက်မှုပေါင်များစွာကို ခံနေရကာမှ ရွာမှာ ကျန်ခဲ့တဲ့ တချိန်က မိမိအင်မတန် ကြောက်လွန်းလှတဲ့ အန်တီလှကို သတိရလာ၏ အန်တီလှကမှ တော်သေးတယ် မိမိကို အိမ်စေတစ်ယောက်လို ခိုင်းခြင်ရာခိုင်းပေမဲ့ လူလိုသူလိုတော့ ကျွေးသေးတယ် ဒီအိမ်က မိန်းမတွေလောက် မယုတ်မာပေ အန်တီလှအနားမှာပြန်နေပြီး အရင်လိုဘဝလေးနှင့် ပြန်နေခြင်တဲ့ စိတ်တွေပင် ဖြစ်လာတော့၏။ အန်တီလှ စိတ်ဆိုးလို့ အရှိုးရာထပ်အောင် တွယ်ပေမဲ့ ဒီအိမ်က မိန်မကြီးတွေလို ပေါက်ပြဲအောင်တော့ လူမဆန်စွာ မရိုက်ပေ မိမိကို ရေစိမ်စိမ်ပြီး ရိုက်နေကျ အမြဲခေါင်မိုးထိုးထားတဲ့ အန်တီလှရဲ့ လက်စွဲတော် ကြိမ်လုံးလေးကိုတောင် လွမ်းတက်လာ၏။ အဲ့ဒီကြိမ်လုံးပေါ့ အန်တီလှက ပွဲစားမိန်မကြီးကို လက်ဆောင်အဖြစ်ပေးလိုက်တာ အဲ့ဒီမိန်မကြီးက မူဆယ်မြို့ရောက်တော့ သူခေါ်လာတဲ့ မိန်းကလေးတွေထဲက တစ်ယောက် ခေါင်မာလို့ဆိုပြီး ကြိုးတုတ် တွဲလောင်ကြီးဇောက်ထိုးစွဲကာ အဲ့ဒီကြိမ်နှင့် အသကုန်လွဲလွဲပြီးရိုက်တာ ခံရတဲ့အမမှာတော့ နာကျင်မှုကို မရှုမလှခံရကာ အသံပင်မထွက်နိုင်တော့ဘဲ သတိတောင်လစ်သွားတယ် ကြိမ်လုံးလည်း အဲ့ဒီမှာတင် ကြေမွှသွားတာဘဲ တချို့မိန်းကလေးတွေဆို ကြောက်လွန်းလို့ သေးတောင်ထွက်ကျတဲ့အထိဘဲ အဲ့ဒီမှာတင် တခြားမိန်ကလေးတွေလည်း ဘယ်သူမှ ထိုမိန်မကြီးစကားကို မလွန်ဆန်ရဲ့ကျတော့ဘဲ သူ့သဘောအတိုင်းနေကြရတော့၏။ ကျွန်တော်ဆိုကြောက်လွန်းလို့ အသားများ တဆက်ဆက်တုံးပြီး မိန်းမကြီး မျက်နှာကိုတောင် ရဲရဲမကြည့်ရဲတော့ပေ။
“ဟဲ့…ခွေးသူခိုး ကြမ်းတိုက်တာ ခုထိမပြီးသေးဘူးလား” ငှက်ဆိုးထိုးအသံနှင့်အတူ ခေါင်းကို ကြက်မွှေးနှင့် အတွယ်ခံလိုက်ရတဲ့အတွက် လန့်ဖျက်ပြီး ကိုယ့်အကြောင်းကိုပင် ဆက်မတွေရဲတော့
ဟုတ်ကဲ့ …ပြီပါတော့မယ် မမကြီး
အေးလုပ်မြန်မြန် ပြီးရင် ကားရေဆေးထား ငါအပြင်သွားစရာရှိတယ် ကြားလား
ဟုတ်ကဲ့ပါ မမကြီး ဆေးထားလိုက်ပါမယ်
ဒေါ်နန်းဟုန်မိမိကို ခိုင်းစရာရှိတာခိုင်းပြီး သူ့အခန်းထဲသို့ ပြန်ဝင်သွားမှဘဲ အသက်ရှုရှောင်တော့၏။
Comments
Post a Comment