သူစိမ်းတွေအလည်
ခင်မင်လျက်
ဦးစားကြီး
သူစိမ်းတွေအလည်
အပိုင်း(၁)
ပျော်ရာမှာမနေ တော်ရာမှာ နေရတယ်တဲ့ ... ဆိုရိုးစကားတွေ ရှိတဲ့အတိုင်းပါပဲ။ တောသားမြို့တက် မအူမလည် ကျွန်တော် မောင်ဖိုးပြည့် .. ကံကြမ္မာရဲ့ စေစားရာအတိုင်း စင်ကာပူဆိုတဲ့ ကျွန်းနိုင်ငံတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ အောင်မယ်.. မင်းက ကြီးကြီးကျယ်ကျယ်နဲ့ နိုင်ငံခြားလာရတာကိုများ ပျော်ရာမှာ မ နေရတာတွေ ဘာတွေ လာပြောနေသေးတယ်။ သူများတွေများ နိုင်ငံခြားဆို သွားချင်လွန်းလို့ ..... ခင်ဗျားတို့ အဲ့လို ထင်မယ် ပြောကြမယ်မလား။ ဘယ်ကလာ ပျော်မလဲ။ ကျွန်တော်က မြန်မာနိုင်ငံမှာပဲ ပျော်တာဗျ။ ပြောမယ်လေ။ မ လောကြစမ်းပါနဲ့။ ဒီလိုဗျ ........ ဟိုလို မဟုတ်ဘူး ....
ကျွန်တော့် နာမည် ဖိုးပြည့်။ ရာရာစစ ဟို တောင်ကြီးသား အဆိုတော် မဟုတ်ဘူးနော်.....။ အသက်က ၂၅ နှစ်။ အလုပ်အကိုင်က အင်ဂျင်နီယာ ပေါက်စ။ မြန်မာနိုင်ငံမှာ GTC ကျောင်းပြီးတော့ ဘွဲ့လေး ရပြိး နောက်ပိုင်း ၂ နှစ်ကျော်လောက် ရန်ကုန်မြို့က အင်ဂျင်နီယာဆားဗစ် ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တာပေါ့။ အော်.. အ ရှေ့မှာ တောသားမြို့တက်လို့ ပြောထားတာ တကယ် တောသားမထင်နဲ့နော်။ ကျွန်တော်က ရန်ကုန်သား စစ်စစ်။ ကျောက်မြောင်းမှာ မွေးတာဗျ ဟွန်း။ ဆယ်နှစ်အတွင်း စင်ကာပူကို ကျော်မယ်ဘာညာနဲ့ လေကြီးထားမြို့တော်ကြီးက လာပေမယ့် တကယ် ဒီရောက်လာတော့ တောသားမြို့တက်သလို အရာရာ အသစ်အဆန်းတွေ ဖြစ်နေလွန်းခဲ့လို့ ကိုယ့်ကိုယ်ကို တောသားလို့ သမုတ်လိုက်တာပါဗျာ ....
အဲ့ စကားတွေက တောင်ရောက် မြောက်ရောက်နဲ့ ဘယ်ရောက်နေပါလိမ့် ... အဲ့ .. သတိရပြီ။ ပျော်ရာမှာ မ နေရတဲ့ကိစ္စ .. ဒီလိုဗျ။ ကျွန်တော်လည်း အဲ့ဒီကိစ္စကို ဘယ်တုန်းက စပြီး ဘယ်လို ဝါသနာပါခဲ့လဲ .. ဘယ်လို အကျင့်ရခဲ့လဲတောင် သိပ်ပြီး သတိမထားခဲ့မိဘူး။ ဒါပေမယ့် ဟိုးးးးးးး ငယ်ငယ် စတိတ်ကျောင်းသား ဘဝကတည်းက စခဲ့တယ်ဆိုပြီးလည်း ပြောလို့ရတယ်။ တကယ်တမ်း အရှိန်အဟုန်ကြီးခဲ့တာက အင်တာနက်သုံးပြီး ဟိုရှာ ဒီကြည့်နဲ့ တချို့ ပုံတွေ စာတွေ ဇာတ်လမ်းတွေ ရုပ်ရှင်တွေနဲ့ ကိုယ်နဲ့ အကျင့်တူတဲ့ သူတွေရေးကြ ပြောကြ ဆွေးနွေးကြတာတွေကို မြင်ပြီးတဲ့ နောက်ပိုင်းမှပဲဗျ။ အဲ့ဒီမှာမှ ကိုယ့်ကိုယ်ကို ဘာမှန်း သိခဲ့သလို အရင်က ကိုယ်တစ်ယောက်တည်း ဒီလို ခပ်ကြောင်ကြောင် အကျင့်တွေ ရှိတာလားဆိုတဲ့ အတွေးတွေ ပျောက်ပြီး ငါလိုလူ အများကြီးပဲဟ ဆိုပြီး ပျော်ရွှင်စွာ စီးမျောခဲ့တဲ့ ဝါသနာ တစ်ခုကြောင့်ပါပဲ။
ပြောရမှာတောင် ရှက်ပါတယ်ဗျာ။ ဒါပေမယ့် ဟိုသီချင်းလိုပေါ့ ... ရှက်လည်း ရှက်ပါတယ် .. ရှက်လည်း မရှက်နိုင်ပါ ... ပေါ့ ... ။ ကျွန်တော် ရှစ်တန်းကျောင်းသားလောက်ကတည်းကဗျ။ (ကြိုပြောမယ် ကြော်ငြာဝင်တာ မဟုတ်ဘူးနော်) ရူပါကလည်း လန်းတဲ့ အထဲမှာ ပါတဲ့ ကျွန်တော့်မှာ မိန်းက လေး သူငယ်ချင်း များတယ်ဗျ။ လွယ်လွယ်ပြောရင် ဆော်ကြည်တယ်ပေါ့ဗျာ။ ကျောင်းမှာ ယောက်ျားလေးတွေနဲ့ပဲ အ ပေါင်းအသင်းလုပ်ပေမယ့် ထမင်းစားချိန်နဲ့ ကျောင်းဆင်းပြီး ကျူရှင်ချိန်တွေမှာ မိန်းက လေးတွေနဲ့ ကျွန်တော် အ နေများတယ်။ ထမင်းစားချိန် သူတို့နဲ့ စားတော့ ဟင်းပိုစားရတယ်။ ကျူရှင်ချိန်က တော့ သူတို့ ဝိုင်းကျူရှင်လုပ်တဲ့အခါ ကျွန်တော့်ကို အတင်းခေါ်တာကိုး။ အဲ့ဒီမှာ မိန်းက လေးတွေနဲ့ စကားပြောတိုင်း အတူအချိန် ကုန်ဆုံးနေတိုင်း .. သူတို့က အ ကြောင်းတစ်ခုခုကြောင့် ကိုယ့်ကို အနိုင်ကျင့်တာမျိုး ခပ်ရင့်ရင့်ပြောဆိုလိုက်တာမျိုး .. ဟဲ့ကောင် သူတောင်းစား ဘာညာ နဲ့ ဆဲသလိုလို နောက်သလိုလို ခေါ်လိုက်တာမျိုး .. ကိုယ့်ကို လှမ်းရိုက်တာတို့ .. ငါ ပါးချလိုက်မှာနော် .. ဘာညာနဲ့ ရွယ်လိုက်တာမျိုးဆိုရင် ကျွန်တော်က စိတ်မဆိုးတဲ့အပြင် ပျော်ပျော်သွားတတ်တာဗျ။ ဒါအပြင် ပိုပြီး အဆိုးဆုံးက သူတို့ ခြေထောက်တွေ ဖိနပ်တွေ ထမီ တွေနဲ့ ဆိုင်တာပဲ။ မ တော်တဆများ သူတို့ ခြေထောက်တွေ ထမီတွေ ဖိနပ်တွေနဲ့ ကျွန်တော့်ကို ထိမိ ပွတ်မိ ခိုက်မိခဲ့ချိန်တွေမှာဆိုရင် အိုးးး ဘာမှန်းမသိဘူး။ သိပ်ကြိုက်တာပဲ။
ဘယ်မှာ စ တွေ့တာလဲ ပရိတ်သတ်တို့ ..... အဲ့ဒီမှာ စ တွေ့တာပါပဲဗျာ .....
ကဲ .. ကျွန်တော် ဘာကောင်ဖြစ်မလဲ ....
--------
မျှော် ... ဒန်တန့်တန် ...
Comments
Post a Comment