မီးမီးရဲ့ဒိုင်ယာရီ
မီးမီး ရဲ့ ဒိုင်ယာရီ.
မီး . ဘယ်နားရောက်နေပြီလဲ။” သထ္ထုုသံ ခပ်ပါးပါးကြားမှ ချိုသြသော ကိုကို့အသံသည် မီး အတွက်တော့ အမြဲနွေးထွေးနေတာအမှန်ပင် ဖြစ်ပါသည်။ “SuperOne နား ရောက်တော့မယ် ကိုကို” ကိုကို နဲ့စကားပြောတိုင်း အမြဲပြုံးမိနေသော ကိုယ့်ကိုကိုယ် သတိထား မျက်နှာပိုးသတ်ရင်း ပြန်ဖြေမိတော့ “အထဲ ခဏ ဝင်နေလိုက်တော့လေ။ လာခေါ်လိုက်မယ်။ နီးရင်ဖုန်းပြန်ဆက်မယ်။ အါ့တော့မှ ရှေ့ဝင်ပေါက်နား ထွက်လာခဲ့။” တဲ့။ “ဟုတ်ကဲ့ ကိုကို” ဟု ပြန်ဖြေရင်း၊ ရင်ခုန်သံက မြန်ချင်လာပြန်သည်။ မီးတို့ရဲ့ ပထမဆုံး နေ့ထက်တောင် ဒီနေ့ ပိုရင်ခုန်နေတယ်ထင်ပါရဲ့ ကိုကိုရယ်။ စိတ်ထဲက တီးတိုးပြောရင်း၊ အမြဲကိုင်နေကျ ဘေးလွယ်အိတ် ကို အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်မိပြန်သည်။ ကားဆရာကို ကားခရှင်းပေးပြီး၊ အထဲဝင် မျက်စိရှေ့ တွေ့သမျှ ငေးမောနေပေမယ့် တကယ်က ဘာမှမမြင်နိုင်ပါ။ “တီ..တီ..တီ..” ဘေးလွယ်အိတ်ထဲမှ ဖုန်းကို လှမ်းယူဖို့ ကြိုးစားရင်း၊ လူက အမှုမဲ့စွာ တံခါးရှိရာဘက် လှည့်ထွက်မိတော့ လုံခြုံရေးတာဝန်ကျ အစ်မ က ရှေ့က အသာ ပိတ်ကာ ထားရင်း၊ ညာဘက်ရှိ Exit တံခါးကို ညွှန်ပြလာခဲ့ပါသည်။ ဟင် … အရှက်ပြေ သွားလေး ဖြဲပြရင်း၊ အထွက် တံခါးပေါက်ဆီ အမြန်လှမ်းခဲ့ရပါသည်။ ကားတံခါးဖွင့် ဝင်ထိုင်ရင်း ကိုကို့ ကို ကြည့်မိတော့၊ ကိုကို က ပြုံးကြည့်ရင်း “ ညည်း ကြေးအိုးသောက်ချင်တာဆို ခုသောက်မယ်မလား။” “ ဟုတ်ကဲ့ ကိုကို” ပြန်ဖြေရင်း ကိုကို့ ကိုပဲ ကြည့်ရမလား၊ လမ်းကိုပဲ ကြည့်လိုက်ရမလား မဝေခွဲတတ်သလို စိတ်လှုပ်ရှားလွန်းနေသော ကိုယ့်ဘာသာကိုယ် ကြိုးစားထိန်းလို့ ကြေးအိုးဆိုင် ကူရှာရပါသည်။ တကယ်ကတော့ ကြေးအိုးဆိုင်တွေ များလွန်းလှသော၊ အခေါက်ခေါက်အခါခါ သွားလာနေကြ ဒီနေရာတဝိုက်တွင် လမ်းမှားတယ်ဆိုတော့ မီးသာမဟုတ် ကိုကို ပါ စိတ်လှုပ်ရှားနေကြောင်း သိသာလွန်းတာမို့ မီး မျက်နှာက အပိုးမကျိုးစွာ စပ်ဖြဲဖြဲနိုင်နေမှာ အသေအချာပင် ဖြစ်ပါသည်။ နောက်ဆုံးတော့ လူရှင်းသည့် တောင်ဥက္ကာ ရွှေယုန်လေး မှာ ကြေးအိုးသောက်ပြီး၊ အေးအေးဆေးဆေးရှိမည့် တစ်နေရာကို ကားမောင်းဖို့ ကိုကို ဆုံးဖြတ်လိုက်ပုံပင်။ သီချင်း မဖွင့်ထားသော ကားထဲမှာတော့ တိတ်ဆိတ်မှုက အံ့သြစရာ ကောင်းလွန်းလှပါသည်။ စကားနည်းတတ်သော ကိုကို က မထူးဆန်းဘူးထင်ရပေမယ့် တစ်ခုခု မပြောနေရရင် မနေတတ်သလို စကားပေါလှသော မီးက ဘယ်တုန်းက အေးဆေးငြိမ်သက်သူဖြစ်သွားလည်း မသိတော့ပါ။ ရုတ်တရက်ရပ်လိုက်သလိုလိုမို့ သတိထားကြည့်မိလိုက်တော့ အရိပ်ရသော ကားအသွား အလာနည်း၊ လူရှင်းးသည့် မြို့ပတ်လမ်း တစ်နေရာမှာ ကိုကို ကားရပ်ဖို့ ပြင်နေသည်။ လေအေးပေးစက်ဖြင့် အေးစိမ့်နေသည့်ကြားမှ လက်ဖဝါးမှာချွေးစေးတွေဖြင့် မီးကတော့ ဘေးလွယ်အိတ်ကို ရှေ့တိုးနောက်ဆုတ်လုပ်ရင်း၊ ရင်ဘတ်ထဲက လိပ်ပြာလေးတွေ ကို ငြိမ်သက်အောင် ကြိုးစားနေရပြန်ပါသည်။ “ကိုကို မှာတာ ပါလာလား မီး” “ဟုတ်ကဲ့။” ပြန်ဖြေရင် ဘေးလွယ်အိတ်ထဲမှ ရုံးသုံးအရွယ်ဖိုင် အိတ်ကို ထုတ်၍ ကိုကို့ လက်ထဲ ကမ်းပေးမိသည်။ အိတ်ဇစ်ဖွင့်သံ၊ ပစ္စည်းထုတ်သံ တို့နှင့်အတူ “ကိုကို ပြောထားတာ မှတ်မိလား မီး” ဟု မေးလာသော ကိုကို့စကားသည် မီးကို ဆတ်ခနဲတုန်အောင် အားပြင်းလွန်းလှပါသည်။ “ဟုတ်ကဲ့ မှတ်မိပါတယ် ကိုကို” ရင်ထဲက မငြိမ်သက်မှုကို ထိန်းဖို့ကြိုးစားရင်း ပြန်ဖြေမိသောစကားနဲ့ အတူ၊ ကိုကို နှင့် မီးတို့ ဆွေးနွေး ဖြစ်ခဲ့သော ဟိုတစ်နေ့ဆီက စကားတွေက အစီအရီ ခေါင်းထဲပေါ်လာပြန်ပါသည်။ ရှိနှင့်နေပြီးသော နှစ်ဦးအကြားက ချစ်ခင်လေးစားနားလည်မှုအပြင် မီးကို လွှမ်းမိုး ထိန်းကျောင်းလိုသော ကိုကိုရဲ့စိတ်နှင့် ကိုကိုကို နာခံလိုသောမီးရဲ့စိတ်တို့ လက်တွေ့ ပွင့်လင်းသင့်ပြီဟု သဘောတူခဲ့ကြတုန်းက မီးက ကိုကို့ ပခုံးပေါ်ခေါင်းမှီလို့ ပျော်ရွှင်စွာ ရီမောခဲ့သေးသည်ပဲလေ။ မီး မကြိုက်တာကို အေးအေးဆေးဆေး ဆွေးနွေး ငြင်းဆို နိုင်ကြောင်း ကိုကို ပြောပြခဲ့သားပဲ။ နှစ်ယောက်စလုံးသဘောတူတဲ့ အချက်တွေကိုသာ စည်းကမ်းအဖြစ် သတ်မှတ်မယ်လို့ ကိုကို ပြောထားတာလည်းအမှန်ပင်။ ဒါပေမယ့် ဒီစည်းကမ်းတွေကို ကျော်လွန်လာရင်တော့ အပြစ်ဒဏ်သတ်မှတ်ချက်သည် ကိုကို့ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း သဘောတူခဲ့တာလည်း မီးသာပင် ဖြစ်ပါသည်။ အပြစ်ဒဏ်များထဲတွင် ကိုကို့ဥပေက္ခာတော့ မပါစေရဟု ကိုကို ကတိပေးလာတုန်းက မျက်ရည်ဝဲအောင် ပျော်ရွှင်နေခဲ့သော မီးကို စိုက်ကြည့်နေခဲ့သည့် ကိုကို့မျက်ဝန်းများကို သတိရမိတော့ မျက်နှာက အပိုးမကျိုးချင်သလို ပြုံးစိစိဖြစ်လာပြန်ပါသည်။ “မျက်နှာပိုးကနော်..” စိတ်မရှည်သလို ထွက်လာသော ကိုကို့ အသံသည် မီးကို အတွေးနယ်ထဲမှ ပြန်ဆွဲခေါ်လာပြန်ပါသည်။ “မှတ်မိရင် ခုဘာလုပ်နေတာလဲ။” မျက်မှောင်ကုပ်စပြုလာသော ကိုကို ကြောင့် “အခုပဲ ဝန်ခံတော့မို့ပါ ကိုကို” အမြန်ပြန်ဖြေရင်း၊ “စကားပြောနေရင်း ခွင့်မတောင်းပဲ မပျောက်သွားရဘူးလို့ မှာထားပါတယ်။ အါ့ ထပ်မှာတဲ့ ကြားက ပျောက်သွားခဲ့လို့ အခု အပြစ်ပေးခံရမှာပါ။ ကိုကို သတိမပေးရခင် အပြစ်ကို အရင်ဝန်ခံရမယ်လို့လည်း မှာထားပါတယ် ကိုကို “တဆက်ထဲ ဝန်ခံရပါသည်။ အလုပ်များလွန်းလှသော ကိုကို နှင့် ရုံးနှင့်အိမ်ကြား တစ်နေကုန် ဘာမှန်းမသိ အလုပ်ရှုပ်နေတတ်သော မီး တို့ နှစ်ယောက်၏ အတူတူ ရှိချိန်တွေသည် အပြင်မှာထက် online မှာ ပို များပါသည်။ သူကိုယ်တိုင်လည်း ကိစ္စရှိရင် ပြောပြသွားတတ်သော၊ ဘာလုပ်မယ်၊ ဘယ်သွားမယ်၊ ဘယ်လောက်ကြာမယ်ဟု ပြောပြတတ်သော ကိုကို သည် ဘာမပြောညာမပြော ပျောက်ပျောက်သွားတတ်သော မီး ကို တော်တော် စိတ်တိုတတ်ပါသည်။ မီးကလည်း မီးပင်၊ တကယ့်ကို စိတ်နောက်ကိုယ်ပါ ကလေးဆန်လွန်းလှပါသည်။ ကိုကိုကဖြင့် စကားပြောကောင်းနေတုန်း မီးတစ်ယောက်ကတော့ ဖုန်းကိုချပြီး ဘာမပြောညာမပြော ကော်ဖီသွားဖျော်ချင် ဖျော်နေတတ်ပြန်ပါသည်။ အပြစ်လုပ်ပြီး ဆူခံရရင် မျက်မှာငယ်နှင့် နောက်မလုပ်တော့ပါဘူးဟု ဝန်ခံသလို နောက်တစ်ခါလည်း ထပ်ပျောက်သွားတတ်သည်ပင်။ ပြီးလျှင်တော့ မရိုးနိုင်သောဆင်ခြေတွေဖြင့် ကိုကို့ ကို ချွဲနွဲ့တတ်ပြန်ပါသေးသည်။ စည်းကမ်းဘောင် အတွင်းမှာ ဆိုးနွဲ့လျှင် အံ့သြစရာ ကောင်းလောက်အောင် အလိုလိုက်နိုင်လွန်းသော ကိုကို သည် ထပ်ခါထပ်ခါလုပ်သော အပြစ် ကို တော့ အလိုလိုက်စရာ မဟုတ်ဟု သတ်မှတ်သူ ဖြစ်ပါသည်။ “ဝှစ်..ဝှစ်” ကျောချမ်းစရာကောင်းလှသော အသံတိုလေးနှစ်ချက် သည် အတွေးကမ္ဘာထဲမှာ မျောမိနေသော မီးအား ကိုကို ရှေ့သို့ပြန်ခေါ်ပေးခဲ့ပါသည်။ ကြိမ်စင်္ကြာဆိုတာ ဒါအမှန်ပဲ ဖြစ်လိမ့်မည် ထင်ပါသည််။ ထိပ်လေးတစ်ဖက်တွင် သားရေပင်လေးဖြင့်ပတ်၍ ချိတ်စရာကွင်းပုံစံလေးပါသော၊ လက်သန်းလုံးခန့်လုံးပတ်ရှိသည့် ကြိမ်လုံးလေးသည် ကိုကို့အမိန့်အရ မီးကိုယ်တိုင်စျေးမှ သွားဝယ်လာခဲ့ရသော နတ်ဆိုးလေးပင် ဖြစ်ပါသည်။ ဖိုင်အိတ်လေးထဲ ဝင်အောင်ကွေးခဲ့ရသဖြင့် အစများဖွာနေသောနေရာမှ ကိုကို ချိုးလိုက်တော့ တကယ့်ကို ရိုက်ဖို့အဆင်ပြေလှသော တစ်ပေသာသာ အရှည်လေးကို ရပါသည်။ “ဘယ်နှစ်ချက် ရိုက်သင့်သလဲ မီး” ဒီမေးခွန်းကတော့ ကိုကို ရက်စက်တာပင်။ “တစ်ချက်ပါ။” တိုးတိုးလေးမို့ ကိုယ့်ဘာသာတောင် မနည်းကြားအောင် နားထောင်ရမည့်အသံနှင့် အဖြေကြောင့်ထင်သည် ကြိမ်လုံးကို လက်ထဲမှာဆကြည့်နေရာမှ ကိုကို မျက်လုံးတွေက မီးဆီရောက်လာခဲ့သည်။ ကြိမ်လုံးကိုင်လျှက်ရှိသော ကိုကို့မျက်နှာ ကို မျက်လုံးတစ်ဖက်ပိတ်ဖြင့် ခိုးကြည့်နေမိသေည့် မီးနှင့် အကြည့်ချင်းဆုံလာတော့ ကိုကို က မျက်နှာကို ပိုတည် လိုက်ပြန်ပါသည်။ ပထမဆုံးအကြိမ်ရိုက်မှာ မဟုတ်ဘူးလား ကိုကိုရဲ့ မီးအရမ်းမကြောက်အောင် နည်းနည်းလောက်တော့ ပြုံးသင့်တာပေါ့လို့။ စိတ်ထဲမှာ တိတ်တိ်တ်လေးပြန်ပြောရင်း မျက်လွှာချမိတော့ “ကိုကို့ မျက်နှာ ကိုကြည့်စမ်း မီး” ဟု ကိုကို က ချိုချိုသာသာ အမိန့်ပေးလာသည်။ ဆတ်ခနဲ ကိုကို မျက်လုံးဆီ အကြည့်ပို့မိတော့ ဒိန်းခနဲရင်ခုန်သံနှင့်အတူ မျက်လုံးက အလိုလို ကိုကို့မေးဖျားကို ရောက်လာခဲ့သည်။ တကယ်ဆိုမီးက ကိုကို့မျက်ဝန်းညိုတွေကို ကြည့်ပြီး စကားပြောရတာ ကြိုက်သူပင်။ ခုတော့ မကြည့်ရဲတော့ပြီလေ။ အမိန့်ကိုလည်း မလွန်ဆန်ရဲတာမို့ မျက်နှာပြင်ကို ဝေ့ဝိုက်ကြည့်ရင်း ပြောလာမည့်စကား ကို နားထောင်ရပါသည်။ “တကယ်တစ်ချက်ပဲ ရိုက်သင့်တာလား။” ”မဟုတ်ပါဘူး ကိုကို၊ ပြောပြကြည့်တာပါ။” “ရိုက်သင့်တာကိုရော သဘောတူရဲ့လား။” “သဘောတူပါတယ် ကိုကို” တကယ်လည်း သဘောတူကြောင်း ကိုကို နှင့် မီး တို့ သေချာ ဆွေးနွေး ခဲ့ကြပြီးသားပဲလေ။ စပြီးခင်မင်ကြသည့် အချိ်န်ထဲက sub ဘဝကို ရူးသွတ်သော မီးအကြောင်း ကိုကို သိခဲ့တာပင် ဖြစ်ပါသည်။ ကိုကို ကတော့ ကြင်နာတတ်သော စိတ်တဝက်နှင့် လွှမ်းမိုးအမိန့်ပေးသူနေရာမှာ နေသားကျနေပြီးသား ဆိုပေမယ့် အနုပညာတစ်ခုလိုလည်း ခံစားနားလည် လိုပါသေးသည်တဲ့လေ။ တစ်ယောက်အကြောင်း တစ်ယောက် သိပြီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမိကြသည့် နောက်မှာတော့ ကိုကို ရဲ့ sub အဖြစ် မီး ပျော်ရွှင်ကျေနပ်စွာ ရွေးချယ်ဖြစ်ခဲ့ပါသည်။ မီးရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကို ကိုကို လိုသလို ပုံစံချရင်း၊ မီးသည်လည်း ကိုကို့ မျက်စိရှေ့မှောက် ၂၄ နာရီပတ်လုံး ရောက်ရပြီလေ။ ဒါပေမယ့် တကယ်ကိုယ်ထိလက်ရောက် ကြိမ်လုံးကိုင် ဆုံးမရမည့်အချိန်ရောက််လာတော့ ကိုကို အချိန်ယူကာ ဝေခွဲမရဖြစ်နေပုံက သဘောကျစရာကောင်းလှပါသည်။ မီးသည်လည်း ကိုကို့ ကို နာခံလိုခြင်း တဝက်၊ ကိုကိုလုပ်ရက်မှာကို စိုးရွံ့ခြင်း တဝက်တို့ဖြင့် ရန်ခုန်စရာ ဒီနေ့ ရောက်ခဲ့ကြတာပင် ဖြစ်ပါသည်။ “ကျောကို နောက်မှီထိအောင်ထိ မှီထား.. မီး၊ လက််က တင်းနေအောင် ပိုက်ထား၊ ဘာအကြောင်းကြောင့်မှ ဘယ်နေရာမှ လှုပ်လာတာ မလိုချင်ဘူးနော်၊ မရှင်းတာ ရှိလား။” တကယ်ပဲရိုက်တော့မှာလား။ ကားထဲက ဒီခုံနေရာလေးကို lover seat လို့ ခေါ်သလားလို့၊ ကိုကို့ကျမှ spanking seat လား ကိုကို။ ခုချိန် မှာ ကိုကို့ကို ပေးမကြားရဲသော စကားတို့ကို တီးတိုးရေရွတ်ရင်း ပါးစပ်ကတော့ “မရှိပါဘူး ကိုကို” ဟု။ “၁၀ ချက်” ကိုကို့ စကားကြောင့် ဆတ်ကနဲ လန့်သွားရင်း “အားး နောက်ထပ်မဖြစ်စေရပါဘူး ကိုကို တကယ် တကယ် ၂ ချက် နော်နော်။” သိမှတ်မဲ့စွာ တောင်းပန်မိပြန်ပါသည်။ “၅ ချက် ဘာသံမှ ထပ်မကြားချင်ဘူး။ လှုပ်ရင်တော့ အဲ့ဒီအချက် ထည့်မတွက်ဘူး။ စမယ်။” နဂို ထဲက ဆုံးဖြတ်ပြီးသား ဖြစ်မည်ထင်သည်။ ကိုကို့လေသံက ပြတ်သားလှပါသည်။ အင်းး...ဘယ်လိုမှ ကိုကို အလျော့ပေးတော့မှာ မဟုတ်တာမို့ “ဟုတ်ကဲ့ ကိုကို” ပြန်ဖြေရင်း၊ ကိုယ်ကိုလျော့ချ ကိုကို လိုချင်သည့် ပုံစံပြင်ထိုင်ပေးရင်း၊ လက်တင်းတင်းပိုက်လို့ စိတ်ကို တင်းထားရသည်။ “ဝှစ်..ရွှမ်း” လေထဲကဖြတ်လာသော ပထမအသံ။ မီး အသားတို့နှင့်ထိစပ်မိသော ဒုတိယအသံ။ အားး အသံမထွက်မိအောင်ထိန်းရင်း အံ့ကြိတ်ထားမိသည်။ ပထမ တစ်ချက်ပဲရှိသေးတာပင်။ “ဝှစ်..ရွှမ်း” ……………….. “ဝှစ်..ရွှမ်း” အားးး နာကျင်မှုကြောင့် ပိုက်ထားသောလက်က မြန်ဆန်စွာပင် ရွေ့ကာ ကြိမ်လုံးကျရောက်သော နေရာရောက်သွားခဲ့ပါသည်။ “ညည်း ဘယ်သူက လက်လှုပ်ခိုင်းလဲ၊ ၃ က ပြန်စမယ်” “ဟုတ်ကဲ့” ငိုမဲ့မဲ့ဖြင့် ဖြေမိသော စကားအဆုံးမှာပင် “ဝှစ်..ရွှမ်း” …………………… “ဝှစ်..ရွှမ်း” အားးးး လက်ကို ထိန်းလိုက်နိုင်ပေမယ့်၊ နာလွန်းလှသည့် ခြေထောက်က ဘယ်ညာရမ်းခါနေပြန်သည်။ “စိတ်တိုအောင် ထပ်လုပ်နေတာလား မီး၊ ထပ်မပြောဘူးနော်၊ ဘယ်နှစ်ချက် ထပ်ရိုက်ရမလဲ ခု” “ ၂ ချက်ပါ ကိုကို” အမြန်ဖြေရင်း နာကျင်မှု ကြားက ကိုယ့်ဘာသာ ထိန်းနိင်အောင် ကြိုးစားရတာ ခက်ခဲလှပါသည်။ “ဝှစ်..ရွှမ်း” “ဝှစ်..ရွှမ်း” မြန်ဆန်သလို အရှိန်ပြင်းလှသော နောက်ဆုံးရိုက်ချက်နှစ်ချက်ကြောင့် ခြေထောက်နှစ်ချောင်းလုံး ထုံကျဉ်သွားသလိုပဲ။ ပိုက်လက်စလက်ကို တင်းနေအောင်ပိုက်ရင်း ကိုယ့်ဘာသာ သက်သာအောင်ကြိုးစားချိန်မှာပဲ နွေးထွေးသော ကိုကို့လက်တစ်စုံက မီး ခေါင်းကို အုပ်ကိုင်လာခဲ့သည်။ နှဖူးဆံစ ကို သာသာသပ်တင်ပေးရင်း မျက်မှာကို ဆွဲမော့ကာ အကြည့်ချင်းဆုံစေသော ကိုကို့ လက်တွေက နွေးထွေးခိုင်မာလွန်းလှပါသည်။ “နောက်မဆိုးနဲ့ တော့နော် မီး” ဟု ချိုသာစွာ ဆိုလာတော့ “ဟုတ်ကဲ့ ကိုကို” ဟု နာခံစွာ တုံ့ပြန်ရင်း၊ ကိုကို့ ကိုမှီနွဲ့လို့ နာကျင်မှုတွေကြားမှ အရာအားလုံးပြည့်စုံနေသလိုပင်… အပြန်လမ်းတစ်လျောက်မှာတော့ တဖြည်းဖြည်း ထင်းလာသော အရှိုးရာတွေကို ကြည့်ရင်း မျက်ရည်ဝိုင်းလိုက် စပ်ဖြဲဖြဲဖြစ်လိုက် လုပ်နေသော မီးတစ်ယောက်နှင့်၊ ပြောင်းလဲနေသော မီး မျက်နှာမှ အရိပ်တို့အလိုက် တည်သွားလိုက်၊ ပြုံးလာလိုက်၊ မျက်မှောက်ကုတ်လိုက်ဖြင့် စီးချက်ကျကျ လိုက်ပါပြောင်းလဲနေသော ကိုကိုတို့ နှစ်ယောက်အကြား တိတ်ဆိတ်ခြင်းစကားသံတွေ ဆူညံနေခဲ့ပါသည်။ မီး အိမ်ရှေ့ ကားရပ်မိချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်မိသော အကြည့်တွေသည် ပြောထွက်လာသော စကားများထက် ပိုမို လေးနက် ပြည့်စုံ နေကြောင်း နှစ်ယောက်သား နားလည်ယုံကြည်နေမိရင်း……Sub တစ်ယောက်၏ စိတ်တွေသည် သူမ၏ Dom/Master နှင့် ပတ်သတ်လာလျှင် အမြဲသာယာ ကြည်နူးနေမှာတော့ မဟုတ်လောက်ဘူး ထင်ပါသည်။ ခံစားချက်ပြင်းတတ်လွန်းသော မီးလိုသူမှာတော့ အစွန်းနှစ်ဖက် ရောက်တတ်သော ခံစားချက်တို့က အချိန်တိုင်းသာပင် ...... နှလုံးသွေးဖြင့်ရေးသောစာပါ....ချစ်သော……… Sir.. ................................................................................................. “တောင်….” Message ဝင်လာသော မြည်သံကြောင့် သနပ်ခါးလိမ်းနေရာမှ အပြေး သွားကြည့်ရင်း မျက်နှာက ပြုံးနေမိပြန်သည်။ ကိုကို လေ။ “အိမ်ပြန်ရောက်ပြီ။ ဘာလုပ်နေလဲ။ ရေချိုးပြီးပြီလား။” “ဟုတ် ခုသနပ်ခါးလိမ်းနေတာ” “အိပ်ထ ဘယ်နှစ်ခါလုပ်လဲ။” “၃၀ ကိုကို” လှချင်လွန်းသလောက် အပျင်းကြီးလှသည့် မီး ကို လှပဖို့ အတွက် သာမက ကျန်းမာရေး အတွက်ပါ ကျပ်မတ်သည့် အလုပ်သည်လည်း ကိုကိုရဲ့နေ့စဉ် အလုပ်များထဲမှ တစ်ခုဖြစ်ပါသည်။ အခွင့်အရေးရရင် ရသလို အချောင်ခိုတတ်သော မီးကြောင့်လည်း လျှက်တပြတ်စစ်ဆေးရေးဝင်၍ လေ့ကျင့်ခန်း သေချာလုပ်မလုပ် စောင့်ကြည့်ပေးတတ်သည်မှာလည်း ကိုကို ပင် ဖြစ်ပါသည်။ “အိပ်ထက ဒူးကွေးနေတယ်။ လက်က ခေါင်းအောက်ရောက်ရမှာလေ။ နားလို့မရသေးဘူး။ နောက် အပတ်ကျရင် ၁၀ ကြိမ် ထပ်တိုးမယ်။ ဗိုက် ကို လက်ဝါးဇောင်းနဲ့ခုတ်လေ အါ့မှ အနာသက်သာမှာ…….” တစ်ခွန်းပြီး တစ်ခွန်း ခပ်တင်းတင်း ပြောတတ်သော ကိုကို့ အသံသည် မီး အတွက်တော့ ဆည်းလည်းသံထက် ပိုချိုနေမြဲပင်။ အခုလည်း “ မြန်မြန် လုပ်၊ ရေစိုကြီးနဲ့ နေမနေနဲ့တော့၊ ပြီးရင် ထမင်းစားတော့။ လမ်းလျောက်ဖို့ မမေ့နဲ့။ ငါ ရေချိုးလိုက်အုန်းမယ်။ စောစောအိပ်။ ၁၂ နာရီ မကျော်စေနဲ့။ အင်တာနက် ပိတ်အိပ်။ စောစောထ။ ညဘက် ပြန်မတက်လာ ဖြစ်ရင် Good Night. Have a nice dream. Cu. နော်” ဟု တရစက် ရောက်လာနေသော ကိုကို စာတိုလေးတွေ ကို “ဟုတ်ကဲ့ ကိုကို” လိုက်ရင်း၊ ည အတွက်ပါ နှုတ်ဆက်ရပါသည်။ တကယ်ဆို ကိုကို က ခုလေးတင် မီး ကို ပြန်ပို့ပြီး လို့ အိမ်ပြန်ရောက်ကာစပင် ရှိသေးသည်ပဲလေ။ ညဘက်ရောက်ရင်လည်း တကယ်ကို မအားတော့မှသာ မလာတော့တာ ဖြစ်ပြီး၊ အချိန်ရရင် ရသလို Good Night တော့ လာပြော မှာ ကို သိတာမို့ သဘောတကျ ရယ်မောမိရင်း ခြေထောက် ကို လက်ဖြင့် အမှတ်တမဲ့ ထောက်မိတော့ “အားး” နေ့လည်ကမှ ကိုကို ဆုံးမထားသော အရှိုးရာကို ထိမိတာမို့ နာကျင်စွာ အသံထွက်ရင်း၊ ဘာကိုမှန်းမသိ မျက်စောင်းထိုး မိပြန်သည်။ အင်း… ကိုကို တစ်ယောက် နဲ့ တော့ မီး ရူးမှာပါပဲလေ။ ……………………………………………………………………… “တောင်..” အင်တာနက် ဖွင့်ဖွင့်ချင်း မြည်သံပေးဝင်လာသော Message ကြောင့် အိပ်ချင်မူးတူးဖြစ်နေသေးသော မျက်လုံးကို ကြိုးစားပြူးထားရင်း၊ “Morning ကိုကို၊ မီးနိုးပြီနော်။” ဟု ကမန်းကတန်း ပြောပြီးမှ ကိုကို့ စာကို ဖတ်ရသည်။ “Morning ... အိပ်ပုတ်လေး ထတော့ ၆နာရီခွဲပြီ။” “ဟေး ... ၆း၄၅ ရှိပြီ မထသေးဘူးလား။” “မီးမီး ၇ နာရီထိုးတော့မယ်။ ထတော့။” တော်သေးတာပေါ့လေ ဒီလောက်မှာတင် နိုးလာလို့ ဟု ပြုံးစိစိတွေးမိရင်း “၅ မိနစ်နော် ကိုကိုနော်” “မရဘူး။ ခုထ မျက်နှာသစ်တော့။” … အရင်က ည ၂ နာရီ၊ ၂ နာရီခွဲခန့် ထိ အလုပ်လုပ်သလိုလို စာဖတ်သလိုလို ဖြင့် ဟိုလှည့်ဒီလှည့် ယောင်ခြောက်ဆယ်လုပ်တတ်သော၊ အရေးတကြီးကိစ္စ မရှိပါက မနက် ၉ နာရီသာ အစောဆုံးထတတ်ပြီး ၁၀ နာရီလောက်ထိ ပြန်အိပ်ပျော်သွားတတ်သော မီးသည် ခုတော့ ကိုကို့ အမိန့်အရ နံနက် ၇ နာရီ တိတိ မတိုင်ခင် မှာ အိပ်ယာထဲမှ လုံးဝ ထွက်ပြီးသား ဖြစ်အောင်ကြိုးစားရပြီး၊ ည ၁၂ နာရီ မထိုးခင် အိပ်ပျော်အောင် ကြိုးစားတတ်ခဲ့ပြီလေ။ အမြဲတိကျ စည်းကမ်းကြီးလှသော ကိုကိုသည် အိပ်ချိန်နိုးချိန်တို့နှင့် ပတ်သတ်လျှင်လည်း ရံဖန်ရံခါ ကြိုတင် ခွင့်ပေးထားသော နေ့များမှ လွဲ၍ “တစ်စက္ကန့် တောင် ကျော်တာ မလိုချင်ဘူး။” ဟု ရာဇသံပြင်းတတ်ပါသေးသည်။ အခုလည်း တကယ် ကို ၇ နာရီ အတိဖြစ်ပြီမို့ ပူဆာလို့ရမှာ မဟုတ်မှန်းသေချာစွာ “ဟုတ်ကဲ့ အခု မျက်နှာသစ်ပြီ။” ဟု စာပြန်ရိုက်ပြီး၊ မနက်ခင်း ပြင်ဆင်စရာ များကို ပြင်ဆင်ကာ ကော်ဖီခွက်နှင့် မုန့် ကိုင်ရင်း၊ ဒီနေ့ တစ်နေ့တာ အစီအစဉ်များ ကို တင်ပြခွင့်ပြုချက်ယူဖို့ ပြင်ဆင်ရပါသည်။ သင်တန်းချိန်တစ်ခုမှ အပ ပုံမှန် ရုံးကိစ္စ နှင့် စာရေးခြင်းသာ ရှိသော မီး၏ ဒီနေ့ အချိန်ဇယားတွင် ကိုကို့ ညွှန်ကြားချက်တို့ ထည့်ဖြည့်လိုက်သည့် အခါမှာတော့ တစ်နေ့တာ ကုန်ဆုံးချိန်အထိ ကိုကို့ မျက်စိရှေ့ ငုတ်တုတ်လေး ရောက်နေသလိုပင်။ ထို့ထက်ပိုပြီး ညအိပ်ချိန်မှာ ပိတ်၍ မနက်နိုးသည်နှင့် ဖွင့်ရမည် ဟု သတ်မှတ်ပေးထားသော အင်တာနက် နှင့် ကိုကို့ စိတ်ကြိုက် Messaging Apps တို့ စုပေါင်းလိုက်သည့်အခါမှာတော့ အလုပ်များ၍ ကိုယ်တိုင် မလာနိုင်သော အချိ်န်များမှာတောင် ကိုကို စေလိုရာစေနိုင်သော မီးအဖြစ် ကိုကို့ ရှေ့ ဒူးထောက်လျှက်နေသလိုသာပင် ဖြစ်ပါသည်။ နေ့လည်ပိုင်း အစည်းအဝေးတစ်ခု ရှိသည် ဟု ပြောသွားသော ကိုကို သည် သူ့ အလုပ်များကို တစ်ခုပြီး တစ်ခု လုပ်ရင်း၊ “စာရေးတာ ဘယ်နားရောက်ပြီလဲ မီး။” “mail ပြန်ပို့ဖို့ ပြင်ပြီးပြီလား။” “သင်တန်း မသွားခင် ထမင်းစားသွား။” နှင့့်် မီးကို စောင့်ကြည့်တတ်မြဲပင်။ နာရီပိုင်းသာခြား၍ ကမ္ဘာမြေပေါ် ရောက်ရှိလာခဲ့ကြသော ကိုကို နှင့် မီး တို့တွင် တူညီသော အကျင့်စရိုက်များစွာ ရှိသကဲ့သို့၊ ခြားနားလွန်းလှသော အမူအကျင့် အနည်းငယ်ထဲမှ တစ်ခုကတော့ အလုပ်လုပ်ပုံပင် ဖြစ်ပါသည်။ တစ်ချိန်ထဲမှာ အလုပ်အများကြီးကို တပြိုင်ထဲ လုပ်တတ်သူမှာ ကိုကို ဖြစ်ပြီး၊ မီးကတော့ တစ်ချိန်မှာ အလုပ်တစ်ခုထဲ ကိုသာ အာရုံစိုက်နို်င်သူဖြစ်ပါသည်။ ဒီအကျင့်တွေကြောင့်ပင် ရီမောစရာ ဖြစ်ရသလို ကိုကို စိတ်တိုစရာတွေလည်း များလှပါသည်။ ကိုကို စာရေးနေသည် ဟုဆိုလျှင် တိတ်တိတ်လေး စောင့်နေတတ်သောမီးကို “ပြောစရာ မရှိဘူးလား။ ပြောလေကွာ စာရေးရင်း ပြန်ပြောလို့ရတယ်၊၊” ဟု ခပ်ချော့ချော့မာန်တတ်သလို၊ တစ်ခုခုကို အာရုံစိုက်မိပြီဆိုလျှင် တော်ယုံ အသံလောက်ကို သတိမမူဖြစ်တတ်သော မီး ကို မျက်မှောင်ကုတ် ကြည့်တတ်သည်မှာလည်း ကိုကို သာ ဖြစ်ပါသည်။ တခြားမတူညီသော အကျင့်တစ်ခုသည်လည်း ကိုကို့ ကို စိတ်တိုရအောင် ရည်ရွယ်သကဲ့သို့ပင်။ လုပ်သင့်သည်ဟု သတ်မှတ်လျှင် ဘယ်လိုအလုပ်မျိုးကို မဆို ပြီးစီးအောင် လုပ်တတ်သော ကိုကို သည် စိတ်ပါလျှင်အင်အားစိုက်သလောက် စိတ်မပါတော့လျှင် ပြစ်ချထားချင်တတ်ခဲ့သော မီး ကို အမြဲစိတ်တိုပါသည်။ အခုလည်း သင်တန်းသွားဖို့အရေး လှည့်ပတ်နေကာ နောက်ဆုံးမိနစ်မှ ထွက်သွားတတ်သော မီးကို ကြိုမြင်ထားပြီမို့ ထမင်းစားရန် သင်တန်းသွားဖို့ပြင်ရန် သတိပေး နေပြန်ပါသည်။ “နောက်နေ့သွားမယ်လေနော် ကိုကို ဒီနေ့က စာရေးလက်စလည်း ဖြစ်နေလို့ပါ။ နော်နော် ကိုကို” “ညည်း ရက်ရွေ့တာတွေ များနေပြီလေ။” “သူတို့က စိတ်ဝင်စားစရာကောင်းအောင်လည်း မသင်ဘူး ကိုကို ရဲ့။ အားကြီးပျင်းစရာကောင်းတာ၊ မသွားသေးဘူးလေနော် နော်။” “ဟွန်း … ညည်းတော့ နာတော့မယ်။ မနေ့ကလည်း မသွားပဲနဲ့။ နောက်နေ့ သွားရမယ်။ ပြီးအောင်တော့ သွားရမယ်နော်။” ဟု ကိုကို အလိုလိုက်သော အခါမှာတော့ လိုချင်တာရသောသူပီပီ သဘောတကျနှင့် “ဟုတ်ကဲ့ ကိုကို” ဟု အာမခံပြန်ပါသည်။ အပြင်သွားစရာလည်း မရှိတော့တာမို့ ပုံမှန်အလုပ်များကို ပြန်လုပ်ရင်း Facebook ဘက်ရောက်ခဲ့ပြန်ပါသည်။ အစည်းအဝေးအမှီ အလုပ်များ လက်စသတ်နေသော ကိုကို့ ဆီမှ စစ်ဆေးချက်များကို ဖြေကြားရင်း၊ မီးတစ်ယောက်ကတော့ အလုပ်လေး လုပ်လိုက် Facebook လေးဆော့လိုက်ဖြင့် သာယာနေပြန်ပါသည်။ “အစည်းအဝေးသွားပြီ၊ စာရိုက်နေလို့ရတယ်။” သူများ post များတွင် စနောက်သော comment များ ဝင်ရေးရင်း မြူးတူးစွာဖြင့် “ဟုတ်ကဲ့” ဟု အကြောင်းပြန်ကာ၊ post တစ်ခုပြီး တစ်ခု ကြား ကူးသန်း သွားနေမိပြန်သည်။ “ရောက်ပြီ” ဟု ကိုကို ပြောတော့ “ဟုတ်ကဲ့ ကိုကို” ပြန်ဖြေရင်း YouTube မှ သီချင်းများဘက် ရောက်သွားပြန်ပါသည်။ “စပြီ” “ဟုတ်ကဲ့” ကိုကို့ ကို ပြန်ဖြေလို့ ဒီအချိိန် ရေချိုးထားသင့်မှန်း သိစွာ အရှိန်သတ်ဖို့ ကြိုးစားရင်း၊ ဝေလ၏ နင်မသိတဲ့အချစ် သီချင်းလေးကို ပြန်ရှယ်မိသည်။ တွေ့သမျှမြင်သမျှ ကို သတင်းကြော်ငြာသလို ကိုကို့ ကို ပြန်ပြောပြတတ်သော အကျင့်အတိုင်း “ကိုကို သိလား ဒါ အသစ်ထွက်တဲ့ ခွေထဲက သီချင်းလေးလေ၊ နားထောင်ရင်း နားထောင်ရင်း တော်တော်ခံစားရတာ။ ပြီးရင် နားထောင်ကြည့်နော်၊” “အေးအေး” “ကိုကို သိလား Myanmar Spanking Group ထဲက မီးရေးထားတဲ့ အဟောင်းလေးေတွေ ကိုလေ တခြား Group ထဲပါ ရှယ်ရင် ကောင်းမလား မသိဘူးနော်” “အင်း ရှယ်လေ၊ အသစ်လည်း ရေးအုန်းနော်၊ ရေးရင်းလက်စတော့ မထားခဲ့ရဘူးနော်။ ပြီးအောင်ရေးရမယ်၊ စာဖတ်တဲ့သူကို အားနာရမယ်။” “ဟုတ်ကဲ့ ကိုကို” “ကိုကို သိလား မီးမီး ညီမလေးတွေ နဲ့ group chat မှာစကားပြောနေတာ” ……… ဒီတခါ seen က ချက်ချင်းလည်း ပြဘူး။ ရေသွားချိုးနှင့်လိုက်မယ်၊ အတွေးနဲ့အတူ မီးတစ်ယောက် သီချင်းတအေးအေးဖြင့် ရေချိုး သနပ်ခါးလိမ်းပြီး၊ coffee တစ်ခွက်ဖြင့် computer ရှေ့ အေးအေးဆေးဆေး ပြန်ထိုင်လိုက်ပြန်ပါသည်။ “ဟင်” … အနီရောင်မျက်နှာနှင့် angry sticker လေးတွေ အပါအဝင် အရုပ်ဆိုးစွာ ရဲရဲနီနေသော computer screen ကြောင့်၊ အလန့်တကြား ထခုန်မိရင်း စားပွဲပေါ်ရှိ ဖုန်းအား ယူကြည့်မိပြန်တော့ computer screen နီးတူပင် ဆက်တို်က်ခေါ်ထားသော missed call များ က အပြည့်နေရာ ယူထားပါသည်။ ဖုန်း နှင့် ပြန်ခေါ်မိသလား၊ App. နှင့် ပြန်ခေါ်မိသလား မီး ဘာသာမီး ပင် မသိတော့ပါ။ screen ပေါ်တွင် ကိုကို့ရဲ့ ခပ်တင်းတင်း မျက်နှာ ပေါ်လာတော့မှ နားကျပ် ကို နားထဲ အတင်းထိုးထည့်မိရင်း “အစည်းအဝေး ပြီးသွားတာလား ကိုကို” ဟု အူကြောင်ကြောင် မေးမိပြန်သည်။ “ပြန်တောင် လာနေပြီလေ၊ ညည်း က ဘယ်ပျောက် နေရတာတုန်း၊ ပြောနေရင်း စာမပြန်၊ call ခေါ်မရ၊ ဖုန်းခေါ် မရနဲ့ ဘာလုပ်နေတာလဲ။” “ရေသွားချိုးနေတာပါ ကိုကို၊ စိတ်မတို ပါနဲ့တော့နော်။” “ရေချိုးရင် ချိုးမယ် ပြောသွားရင် ငါစိတ်တိုမလား၊ ဘာမပြောညာမပြော ပျောက်တာကို စိတ်တိုတာလေ၊ ငါမမှာထားဘူးလား။” “မှာထားပါတယ် ကိုကို၊ စာရိုက်ရင်း ကိုကို ခဏ ပျောက်သွားတော့ မအားဘူးလားလို့ သွားလိုက်မိတာပါ။” စိတ်တိုနေဆဲ ကိုကို မျက်နှာကြောင့် အချိုဆုံးအသံ အသေးဆုံးမျက်နှာဖြင့် ဖြေရှင်းပြဖို့ ကြိုးစားရပါသည်။ “ဆင်ခြေကြီးပဲ၊ ဘာမှ မပြောပဲ ငါ ကြာကြာပျောက်ဘူးလို့လား မီးမီး” Screen ပေါ်မှ စာကြောင်းလေးတွေကို မျက်စိက ရောက်သွားမိတော့ မီး ပြောသော စကားနှင့် တစ်မိနစ်သာ ခြားလျှက် “အငယ်တွေ ကို မီး က ထိန်းရမှာနော်၊ အပြိုင်ဆိုးမနေနဲ့အုန်း။” ဟု ပြန်ပြောထားသော စာကြောင်းလေး ကို မြင်ရသည် မို့ “မပျောက်ဘူးပါဘူး ကိုကို” တကယ်လည်း ကြိုမပြောထားပဲ တစ်ခါမှ မပျောက်ဘူးသော ကိုကို့ ကို အသိအမှတ်ပြုကာ ပြန်ဖြေရပါသည်။ “မနေ့ကမှ ဒါကို ဆုံးမထားတယ်။ အခုထပ်လုပ်တယ်ဆိုတော့ ငါ့ကိုမလေးစားတာလား၊ စိတ်တိုအောင် တမင်တကာ လုပ်နေတာလား မီးမီး” “မဟုတ်ပါဘူး ကိုကို မီး တကယ်အမှတ်တမဲ့ ဖြစ်သွားတာပါ။ နောက်တကယ် မဖြစ်စေရတော့ပါဘူး ကိုကို” “ပြောလိုက်ရင် နောက်မဖြစ်စေရဘူးပဲ၊ ပြီးရင် ထပ်လုပ်တာပဲ၊ သေချာတာက မနေ့က ဆုံးမတာ မထိရောက်တာပဲ၊” စိတ်တိုနေသော ကိုကို့ကို ပြန်မပြောရဲတော့တာမို့ “နောက် မဖြစ်စေရပါဘူး ကိုကို” လို့ အချိုဆုံးမျက်နှာဖြင့် တိုးတိုးရေရွတ်ယုံသာ ခပ်ဖွဖွ ဆိုမိပြန်ပါသည်။ “ရုံးပြန်ရောက်ပြီ၊ အလုပ် နည်းနည်းရှုပ်မယ်၊ နောက်မှဆက်ပြောမယ်။ အခု ဘာလုပ်မှာလဲ။” “mail နှစ်စောင် လောက် ရှင်းစရာ ရှိပါတယ် ကိုကို။” “အင်း… လုပ်၊ ပြီးရင် လေ့ကျင့်ခန်းလုပ်၊ ထမင်းစောစောစား၊ စောစောအိပ် စောစောထ၊ မှာထားတာတွေ သေချာလုပ်ထား၊ ညအလုပ်များမှာ၊ မတွေ့ဖြစ်ရင် Good Night. Have a nice dream.” “ကိုကို စိတ်မဆိုးပါနဲ့တော့နော်။” ဟု မျက်နှာငယ်လေးနှင့် တောင်းပန်မိတော့၊ သိပ်ကြာကြာ မဆူတတ်သော ကိုကို က “အေးပါ၊ အခု ချ လိုက်ပြီနော်။ လိမ်လိမ်မာမာနေ၊ CU” ဟု ပြောရင်း၊ မီး ကို ညှိုငင်နေကျ အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့် နှုတ်ဆက်ပါသည်။ ……………………………………………………………………… မနက်ကထဲက တစ်နေ့တာ လုပ်ရမည့်ကိစ္စများကို တတ်နိုင်သလောက် အမှားအယွင်း မရှိအောင် ကြိုးစားထားရင်းကပင် ရင်ခုန်နေခဲ့မိသော မီး သည် ကိုကို၏ “သင်တန်းစောစောသွားထား ... မီးမီး” ဟူသော အမိန့်ကြောင့် စိတ်တည်ငြိမ်ဖို့ တော်တော်ကြိုးစားနေရပါသည်။ သင်တန်းမှ ပြန်ရောက်ကြောင်း ကိုကို့ ကို သတင်းပို့ အပြီးမှာတော့၊ တစ်ခုခု ကို ကြိုသိနေသလို စိတ်တွေက လှုပ်ရှားလွန်းလှပါသည်။ တကယ်ဆိုလျှင် ဒီနေ့လို နေ့မျိုးသည် ကိုကို အလုပ်အလွန်များသော နေ့ပင် ဖြစ်ပါသည်။ “အပြင်အလုပ်ကိစ္စသွားမယ်၊ နှစ်နာရီလောက် ပြီးမယ်၊ ဂန္ဓာမာ wholesale မှာ နှစ်နာရီခွဲ နဲ့ ၂း၄၅ ကြား လာခေါ်မယ်၊ နီးရင် ဖုန်းဆက်မယ်၊ ပြင်ထားလိုက်။ ယူလာရမှာတွေ မမေ့စေနဲ့” ပြတ်သားလှသော ကိုကို့ အမိန့်တွင် ဘာမှ ပြန်မေးစရာ မပါပါပဲနှင့် မီးနှုတ်ခမ်းတို့က စကားပြောမလိုပင် တုန်ခါနေခဲ့ပါသည်။ ချစ်သူနှင့် သွားတွေ့မည့် မိန်းကလေးသည် လှပစွာ ပြင်ဆင်သည်မှာထုံးစံဖြစ်ပေမယ့်၊ မီးအတွက်ကတော့ လှပယုံသာမက မထူလွန်းသော အဝတ်အစားရွေးရသည်မှာလည်း ကိုကို ချမှတ်ထားသည့် စည်းကမ်းချက် တစ်ခုပင် ဖြစ်ပါသည်။ ယူဆောင်ရမည့် ပစ္စည်းများကို ယူဆောင်ပြီ:၊ သတ်မှတ်အချိန်နေရာ တို့တွင် ကိုကို ကိုတွေ့တော၊့ ကိုကို က ထုံးစံအတိုင်း အေးဆေးကြင်နာစွာ ပြုံးရင်း ကြိုနေပြန်ပါသည်။ ကိုကို့ ကားထဲသို့ မီး ရောက်သည်နှင့် တစ်ပြိုင်နက် ကြိုတင်ဆုံးဖြတ်ထားသလိုပင် ကိုကို က ကားအား လေဆိပ်ဘက်သို့ ဦးတည်ပါသည်။ ကားရှင်း အရိပ်ရသော နေရာလေးတစ်ခုရောက်တော့ စိတ်တိုင်းကျပုံစံဖြင့် ကားကို ရပ်နားနေရာချနေသော ကိုကို့ ပုံစံက တည်ငြိမ်လွန်းလှပါသည်။ “နောက်ခန်းသွားထိုင်ရအောင် မီး” ပြောလာသောစကားနှင့် မသက်ဆိုင်စွာ မီးရှေ့မှာ လက်ဝါးဖြန့်ပြလာသော ကိုကို ကြောင့် ထခုန်မိမတတ် ကိုယ်ခန္ဓာ ကိုထိန်းရင်း ဘေးလွယ်အိတ်ဇစ်ကို ဖွင့်ဖို့ကြိုးစားရပြန်ပါသည်။ မိန်းကလေးတို့ ထုံးစံ စုံလင်လှသော အိတ်ထဲမှ ရုံးသုံးဖိုင်အိတ်တစ်အိတ် ကိုဆွဲထုတ်ရင်း ကိုကို့ လက်ထဲ ထည့်ရပါသည်။ အိတ်ကိုဖွင့်ရင်း “လိမ်မာတယ်။” ဟု ပြုံးကာ ပြောလိုက်သော ကိုကို့ စကားသည် မီးကို ပီဘိ ကလေးငယ်တစ်ယောက်လို သေးငယ်သွားစေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ အိတ်ထဲမှထွက်လာသော မတည့်အတူနေ သူငယ်ချင်း ကိုရုပ်ဆိုးလေး ကတော့ ကိုကို့လက်ထဲတွင် အောင်နိုင်သူပမာ ဝင့်ကြွားနေပုံပင်။ နောက်ခန်းထိုင်ခုံ အလည်တည့်တည့်လောက်တွင် ထိုင်ပြီးချိန်မှာတော့ ကိုကို့ မျက်ဝန်းက မီးကို စိုက်ကြည့်ကာ လက်ဖြင့် အချက်ပြနေရာယူစေပါသည်။ ကိုကို့ ပေါင်ပေါ်ကန့်လန့်ဖြတ်မှောက်ရင်း၊ လက်က ထိုင်ခုံအောက်ခြေကို အားယူဆုတ်ကိုင်ထားမိသည်။ “ဒီနေ့က အစီအစဉ် မရှိပဲ ဘာလိုရိုက်ခံရလဲ သိတယ်နော်၊” “ဟုတ်ကဲ့ ဆုံးမထားတဲ့ ကြားက မပြောမဆို အကြာကြီးထပ်ပျောက်သွားလို့ပါ။” “မကြိုက်ဘူး ပြောထားတာကို ဘာလို့ထပ်ထပ်လုပ်သလဲ မီးမီး။ ဘာလုပ်မယ်လို့ စာတစ်ကြောင်းလောက် ရေးသွားတာ ဘယ်လောက် ကြာနေလို့လဲ။” “မကြာပါဘူး ကိုကို နောက်မဖြစ်စေရတော့ပါဘူး။” အလုပ်များလွန်းလှှသော ဒီလိုနေ့မျိုးမှာ အချိန်မရရအောင်ယူပြီး လာပြီဆိုမှတော့ ကိုကို့ရဲ့ စိတ်တိုမှုကို မှန်းမိစွာ ဆင်ခြေမပေးပဲ အပြစ်ဝန်ခံဖို့တော့ မီးကဉာဏ်ကောင်းပြီးသားပင်။ “လုံးဝလှုပ်တာ မလိုချင်ဘူး။” ခပ်ပြတ်ပြတ် ကိုကို့ စကားအဆုံး မီးရဲ့ ဟုတ်ကဲ့ သံပင် မဆုံးခင် “ဝှစ်…ရွှမ်း” ရင်းနှီးပေမယ့် မနွေးထွေးသော အသံနှင့် တစ်ပြိုင်နက်ထဲ ပူထူသွားသော ခပ်မို့မို့ အသားစိုင်၊ “ဝှစ်…ရွှမ်း” မကွာဝေးသော နေရာကိုထပ်ရောက်လာသော နောက်တစ်ချက်၊ “ဝှစ်…ရွှမ်း” တွန့်ကနဲ လှုပ်သွားမိလို့ထင်သည် ကျောပြင်ကို ထိန်းပေးထားသော ကိုကို့လက်တွေ ပိုတင်းကြပ်သွားပြီး၊ “မကြိုက်ဘူး ပြောထားတယ်နော်။” ခပ်တင်းတင်း လေသံနှင့် အတူ “ဝှစ်…ရွှမ်း” “ဝှစ်…ရွှမ်း” ဆက်တိုက်ကျလာသော ကြိမ်ဒဏ်ကြောင့် အတင်း ထလိုက်မိ သလို “တကယ် ကြောက်ပီ ကိုကို၊ တကယ်ကြောက်ပီ” လို့ အော်ရင်း ရုန်းမိတော့ ကျောပြင်ကို ပြန်ဖိထားရင်း၊ ကျန်လက်တစ်ဖက်က မီး၏ခပ်မို့မို့ အသားစိုင်ပေါ် ခပ်ပြင်းပြင်း အဆက်မပြတ် ကျလာခဲ့တော့သည်။ ဟင်… မီးလက် ကို ဆုပ်ကိုင်တတ်သော နူးညံ့နွေးထွေးသည့် လက်တွေက ဒီလောက် ပြင်းအောင် ရိုက်နိုင်သတဲ့လားကွယ်။ “သင်တန်းရော မှန်မှန်သွားမလား၊ ထပ်သတိပေးဖို့ လိုမလား၊” “သွားပါ့မယ် ကိုကို၊ မလိုပါဘူး ကိုကို” ဒီလေသံ ဒီလက်သံတွေ ကို ရပ်သွားစေချင်စိတ်ဖြင့် မြန်မြန်ပြန်ဖြေမိပြန်ပါသည်။ ကိုကို့ လက်နှင့် မီးအသားစိုင်တို့ဂ
Comments
Post a Comment