The Dom's Deal
The Dom's Deal
( Translated )
စာတော်တော်ရှည်ပါတယ်၊ အပိုင်း ၂၀လောက်ရှိမယ်ထင်တယ်။ ကောင်းကောင်းရေးချင်ပေမယ့် တအားမတတ်သေးလို့ ဖတ်မကောင်းရင်ဆောရီး။
The Dom's deal: A dark Contemporary BDSM Romance
---------------------
အပိုင်း (၁)
Harper
ရတီ
"ဟေး ရတီ, ရတီရေ.."
လှေကားပေါ်ခြေတစ်လှမ်းတက်တုန်းမှာ ကြားရတဲ့ခေါ်သံကြောင့်ကျွန်မတုံ့သွားပြီး တံခါးပေါက်ကိုကြည့်နေမိတယ်
ခုချိန်ထွက်ပြေးရင် အခန်းပိုင်ရှင်ရောက်မလာခင်လွတ်နိုင်ပေမယ့် အဲ့လူကကျွန်မထွက်မလာမချင်းတံခါးကိုတဒုံးဒုံးထုနေတော့မှာ။
ကျွန်မသူ့ကိုမတွေ့အောင်ရှောင်ပုန်းနေတာ ၃/၄ ရက်လောက်ရှိပြီ။ ကံဆိုးချင်တော့ ဒီနေ့က ကျွန်မရဲ့ပြဿဒါးဖြစ်ပုံပဲ
သက်ပြင်းကိုတိုးတိုးချပြီး လှေကားကနေပြန်ဆင်းလာရင်း တိုက်ခန်းပိုင်ရှင်ကျွန်မဆီကိုရောက်လာမှာကိုပဲစောင့်နေလိုက်တော့တယ်။
"ဘာကိစ္စလည်းမသိဘူး ဦးကိုမင်းရှင့်"
ဘာကိစ္စလည်းသိပေမယ့်ကျွန်မထပ်မေးလိုက်တယ်။
ဦးကိုမင်းက သနားသယောင်အကြည့်ကိုအကောင်းဆုံးဟန်ဆောင်ပြီးကျွန်မကိုကြည့်တယ်။
လူတိုင်းကအဲ့လိုကြည့်နေကြတာပဲ။ 'နင်အခုတလောအဆင်မပြေတာကိုသိပါတယ်၊ ဒါပေမယ့်ငါတို့လည်းပိုက်ဆံလိုနေလို့ပါဟာ' ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့။
"ရတီ၊ သောကြာနေ့ရောက်ပြီ ဒီနေ့သမီးအိမ်ခန်းခပေးမယ်လို့ပြောထားတယ်လေ"
ကျွန်မသက်ပြင်းချရင်း
"ဟုတ်ကဲ့ သမီးသိပါတယ်"လို့ဖြေလိုက်ရတယ်။
သနားသလိုအကြည့်တွေကပျောက်မသွားပါဘူး။
"ရတီ အခုချိန်သမီးမှာ ကျောင်းစရိတ်တွေရော၊ အလုပ်ကိစ္စတွေရော ပြဿနာတွေအများကြီးရှိနေမယ်ဆိုတာ ဦးသိပါတယ်၊ ဒါပေမယ့် ဦးလည်းလူတွေကိုအလကား ငှားထားပေးလို့မရဘူးလေ။
သမီးက အိမ်ငှားကောင်းတစ်ယောက်လည်းဟုတ်တယ်၊ တစ်ခါမှလည်းပြဿနာမရှာဖူးဘူး၊ အခန်း ၂၀၇ ကကောင်လိုလည်း ဗီရိုထဲ weed တွေခိုးမစိုက်ဘူး၊ ဒါပေမယ့်ဦးအိမ်ငှားခလိုတယ်
ဒါနဲ့ဆိုသမီးနောက်ကျတာ တတိယအကြိမ်မြောက်ပဲ။"
"သမီးသိပါတယ် သမီးနောက်ရက်နည်းနည်းပဲပိုလိုတာပါရှင် ဦးမင်းကိုကို ကျွန်မဂတိပေးပါတယ် ဒီလလစာထုတ်တာနဲ့ ဦးလက်ထဲကိုတန်းထည့်မှာပါ၊ ကျိန်ဆိုကျိန်ပါတယ်" ကျွန်မထပ်ပြောရတယ်။
အမှန်က ကျွန်မဒါမျိးပြောတာကို ဦးမင်းကိုကြားဖူးနေကြပါ။
ဦးမင်းကိုသက်ပြင်းကြီးချပြီး သူ့ဆံပင်ဖြူဖြူတွေကြားထဲကို လက်နဲ့ကုတ်နေတယ်။
"ကောင်းပြီလေ သမီးကိုနောက်တစ်ပတ်ထိအချိန်ပေးမယ် အဲ့တာမှမဟုတ်ရင်း ဦးလည်းမောင်းချရလိမ့်မယ်နော် ဒီနေရာကိုလိုချင်တဲ့ သမီးလိုအရွယ် လူငယ်တွေကအများကြီးပဲ၊ ငွေလွယ်လွယ်နဲ့ပေးနိုင်တဲ့လူဆီကိုဦးကငှားလိုက်မှာပဲ"
"အဲ့လောက်ဆိုတတ်နိုင်ပါပြီ" ကျွန်မကျေးဇူးတင်ပုံပေါက်အောင်ပြောလိုက်တယ်။
ဦးကိုမင်းက အယုံအကြည်မရှိတဲ့ပုံနဲ့ပဲ
"ကောင်းပြီ ဦးအမြင်မကြည်မဖြစ်မိအောင်နေကြည့်မယ်၊ သမီးရဲ့အာမခံချက်ကိုမှတ်ထားတယ်နော်၊ ငွေကိုလာပေးပါ၊ ပြီးရင်နောက်လအချိန်မှန်ပါ၊ အဲ့လောက်ကိုကတိပေးနိုင်မလား "
ကျွန်မသူ့ကိုအရိုအသေပေးဖို့အတင်းဟန်ဆောင်ပြုံးပြီး ဘယ်လက်ကြီးနဲ့အလေးပြုလိုက်တယ်။
'ရတာပေါ့ ဦးစိတ်ပူစရာမလိုပါဘူး၊ ကျွန်မအတွက်အသာလေးရှာနိုင်ပါတယ်'
ကျွန်မအခန်းထဲကိုမြန်မြန်ပြန်ရောက်ချင် ဇောနဲ့လှေကားပေါ်ကိုနောက်ပြန်လှမ်းဖို့ပြင်နေပြီ။
'ကောင်းပြီ'
သူကထပ်ပြောတယ် "နောက်လချက်လက်မှတ်ကို ဦးမျှော်နေမယ်။ ကတိလက်မှတ်မလိုချင်ဘူးနော်. တကယ့်လက်တွေ့ငွေထုတ်လို့ရတဲ့ချက်ပဲလိုချင်တယ်။"
အဲ့လူကြီးကို လဲသေလိုက်လို့မဆဲလိုက်မိဖို့ကို မနည်းအောင့်အီးထားလိုက်ရတယ်။
ဒါပေမယ့်သူပြောတာလည်းဟုတ်တာပဲကို။
"ဟုတ်ကဲ့ ဦးလေးကိုပေးမှာပါ၊ နောက်မှတွေ့မယ် ဦးမင်းကိုရှင့်.."
ကျွန်မတံခါးသော့ကို အကြမ်းပတမ်းထိုးလှည့်ရင်း အထဲကိုဝင်တယ်။ နောက်မှ တံခါးကိုပိတ်ပြီး ရင်ထဲကအလုံးကြီးကိုမှုတ်ထုတ်လိုက်ရတယ်။
တစ်ခြားအိမ်ရှင်တွေသာဆို နှစ်ခါလောက်နောက်ကျတာနဲ့တင် ကျွန်မကိုလမ်းပေါ်ကန်ထုတ်ပြီးလောက်ပြီ။ ဦးမင်းကိုမို့သာ သဘောကောင်းတာထက်ပိုပြီး အချိန်ထပ်ပေးတာ။ သူကကျွန်မကိုအချိန်ထပ်ပေးပေမယ့် ပြဿနာကနောက်တစ်ပတ်ကျရင် ဘယ်ကပိုက်ဆံရမလဲဆိုတာကို ကျွန်မလည်းမသိသေးဘူး။ ပထမတစ်လစာကိုတောင် ပြည့်အောင်ပေးနိုင်ပါ့မလားပဲ။
ဖြစ်သမျှအကြောင်းအကောင်းပေါ့လေ။
မြို့ထဲအနုပညာပြခန်းကဧည့်ကြိုအလုပ်က ကျွန်မရဲ့အလုပ်ချိန်တွေကိုလျှော့ထားတယ်။ အဲ့တာကိုပြန်ကာမိဖို့ကော်ဖီဆိုင်မှာအချိန်ပိုအလုပ်လုပ်နေတာတောင်မှပဲ ကျွန်မရဲ့ အသုံးစားရိတ်ကိုကာမိရုံလေးပဲရတယ်။
ကျွန်မပေးစရာရှိတာတွေကိုဆက်တိုက်အချိန်ရွှေ့နေရတယ်၊ ဘဏ်တိုးလေးများဝင်လာမလားဆိုပြီးအကောင့်ထဲကိုလည်းခနခနကြည့်နေမိတယ်။ အကြွေးဝယ်ကတ်နှစ်ခုလုံးလည်းစျေးဝယ်ရင်းနဲ့ ပြည့်ကုန်ပြီ။ နောက်ဆုံးမိဘတွေပေးထားတဲ့ အရေးပေါ်အသုံးစရိတ်လေးတောင်မှ ပြောင်ခါနီးနီးပဲ ကျန်တော့တယ်။
ကျွန်မဘာဆက်လုပ်ရမယ်မှန်းမသိတော့ပါဘူး။
ကျွန်မသာတိုက်ခန်းကဖယ်ပေးရရင် ကျွန်မမှာမိဘတွေအိမ်ကလွဲပြီး သွားစရာနေရာမရှိဘူး။ သူတို့အိမ်ကဟိုးမိုင်ထောင်ချီဝေးတဲ့နေရာမှာရှိတာ။ အဲ့တာဆိုခုယူရမယ့်ဘွဲ့မရတော့ပဲနဲ့ အိမ်ကိုအမြှီးကုပ်ပြီးပြန်ရတော့မှာ။
မြို့ကြီးပြကြီးမှာ အလုပ်လုပ်တော့မှာမို့ အဖေ့ရဲ့ ဆိုင်မှာအလုပ်ဝင်လုပ်ပေးစရာမလိုကြောင်းတွေလေကြီးလေကျယ်တွေအများကြီးပြောထားတာ၊ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တယ်လို့လည်း ပြောခဲ့မိသေးတယ်။
ခုတော့ ကျွန်မအောက်ဆုံးမှာမြုပ်နေပြီ။ ဘယ်လိုပြန်တက်ရမလဲလည်းမသိဘူး။
ကျွန်မငြီးတွားရင်းနဲ့ ကြမ်းပြင်ပေါ်ထိုင်ပြီးတံခါးကိုမှီချပစ်လိုက်တယ်။ စိတ်ဓာတ်ကျပြီးတုန်လှုပ်နေလည်းအပိုပဲ။ plan တစ်ခုရှိမှကိုရတော့မယ်။ ပေးစရာတွေကိုအချိန်ရွှေ့ထားပြီး အခန်းခကိုအရင်ရှင်းလိုက်ရင်ကောင်းမလား။
အသိတစ်ယောက်နှစ်ယောက်ဆီက အကူအညီလည်းတောင်းလို့ရလောက်တယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့အဆိုင်းကိုဝင်လုပ်ပေးရင် ငွေအပိုလေးများရကောင်းလောက်ပါရဲ့၊ သူတို့ရတီ့ကိုချေးရင်ချေးပေးမှာ။
အား... ချေးငှားရတာကို ရတီသိပ်မုန်းတယ်။ ရတီငယ်ထဲက မိဘတွေကချေးတယ်ဆိုတာမကောင်းတဲ့အရာလို့ခေါင်းထဲကိုရိုက်သွင်းပေးလိုက်တာ။ မိတ်ဆွေအချင်းချင်းပေါင်းသင်းရေးကို ဖျက်ဆီးတတ်သလို မဖြစ်သင့်တဲ့အထင်သေးမှုတွေရောဖြစ်စေတတ်တယ်။
အဖေဆို credit card တွေကိုတောင်မယုံကြည်ဘူး "မဝယ်နိုင်ရင်မဝယ်နဲ့" တဲ့ သူအမြဲတမ်းပြောနေကျစကား။ ဟုတ်မှာပေါ့ သူက ၂၀၁၉ ထိအရာအားလုံးကို ငွေစက္ကူနဲ့ပဲရှင်းနေတဲ့ လူ့ဂွစာကြီးပဲကို။ ဒါပေမယ့် ရတီပိုက်ဆံချေးဖို့၊ အကူအညီတောင်းဖို့တွေးမိတိုင်း အဲ့စကားကြီးတွေက ရတီ့ခေါင်းထဲဝင်ဝင်လာတာခက်တာ။
အဲ့တာကြောင့် ကျွန်မအဲ့လမ်းကိုတော့လျှောက်မှာမဟုတ်။
တကယ့်ပြဿနာက တစ်ခြားရွေးစရာလမ်းတွေအများကြီးရှိနေတာပဲ။ ဒီအခြေအနေမှာဘာလုပ်ရမလဲဆိုတာကို ကျွန်မတကယ်မသိဘူး။
ဖုန်းကိုထုတ်ထုတ်ပြီး ဘဏ်အကောင့်ကိုထထကြည့်နေတာက ဘာမှအကူအညီဖြစ်မှာမဟုတ်။ ဘာမှမလုပ်ရပဲနဲ့ကိုဖုန်းဘေကပါလျော့လျော့နေသလိုပဲ။ ပေးစရာတွေကများပါတယ်ဆို ဒီ ၄၂ ကျပ်က ငါ့အကောင့်ထဲရောက်နေရမှာကိုလို့တွေးပြီးဘူကျနေမိတယ်။
ဘာလို့ကျွန်မကိုမှလဲ? ဘာလို့မကောင်းတာတွေအကုန်လုံးကျွန်မဆီမှာပဲဖြစ်နေတာလဲ? ကျောင်းနဲ့အလုပ်ကြားပြေးနေရတာ ဖင်တွေလည်းပြဲလုနီးပါးပါပဲ။ နောက်ထပ် တတိယအလုပ်သာထပ်လုပ်လို့ရသေးရင် ကျွန်မလုပ်ဦးမှာ၊ ဒါပေမယ့် ကျွန်မမှာ အိပ်ရေးမဝတာတွေစုပြီး ရှိသမျှအားတွေလည်း ကုန်နေပါပြီ။
အလုပ်ရဲ့ဝန်နဲ့ stress တွေကြားမှာ တစ်ညကိုလေးနာရီလောက်အိပ်နိုင်တာကိုပဲကံကောင်းလှပါပြီပြောရမယ်။ ဒါတောင်ကော်ဖီဆိုင်မှာ မနက်ပိုင်းအဆိုင်းကျရင် လျှော့အိပ်ရသေးတယ်။
ကျွန်မဘဝရဲ့ နေရာတိုင်းကဒုက္ခတွေချည်းပဲ။ ဘယ်လိုပြင်ရမလဲ ကျွန်မမှာအဖြေမရှိဘူး...
ဝမ်းနည်းစရာတွေကို နှစ်သိမ့်ဖို့ တရုတ်တန်းကဟင်းလေးမှာစားပြီးအားဖြည့်ချင်တာတောင် ပိုက်ဆံမတတ်နိုင်တော့တဲ့အခြေအနေဖြစ်နေတယ်။
အဲ့တော့ ဒီညလည်းရေခဲသေတ္တာထဲက ပဲသီးနဲ့ထမင်းကိုပဲတူးနေအောင်ကြော်ပြီးစားရဦးမယ်။ ပျော်စရာကောင်းချက်။
ဒါနဲ့ပဲကြမ်းပေါ်ထိုင်ပြီးပွစိပွစိပြောနေလို့လည်းဘာမှမရဘူး၊ အဲ့တာကြောင့်ရတီ ခုံတစ်ခုံပေါ်ထိုင်ပြီး laptop လေးကိုဖွင့်လိုက်တယ်။ ဒီထက်စျေးပေါတဲ့ အခန်းတစ်ခန်းလောက်တွေ့ရင် တွေ့မှာ၊ အဲ့တာဆို ဖိအားနည်းနည်းတော့လျော့သွားမှာပဲ။
လစာပိုကောင်းတဲ့အလုပ်တစ်ခုကိုရှာတွေ့ရင်လည်းတွေ့မှာ၊ အဲ့ကျရင်ခုလုပ်နေတဲ့အလုပ်နှစ်ခုထဲကတစ်ခုကိုထွက်လို့ရပြီ။
ဒါမှမဟုတ် ကောင်းကင်ပေါ်ကပိုက်ဆံတွေကျလာပြီး ရတီကအိပ်ကြီးကြီးတစ်လုံးနဲ့လိုက်ကောက်လို့ရရင်ရမှာ။
အခုထက်စျေးပေါတဲ့အခန်းကိုရဖို့ကတော့တော်တော်ခက်မယ်၊ ဦးကိုမင်းက သူ့အခန်းတွေရဲ့စျေးကို တော်တော်လျှော့ထားပြီးတာရယ်။ အဲ့လိုသဘောကောင်းထားပြီးမှ ဟိုချီးထုပ်ကောင်တွေတိုက်မှာ လျှောက်လုပ်ထားတာတွေကို ဆူပူနေတဲ့ အဲ့လူကရယ်တော့ရယ်ရသား။
စိတ်ပြေလက်ပျောက်ဖြစ်အောင် ၂၀၇ ကကောင်အခန်းကိုသွားပြီး weed လက်ကျန်လေးများရှိမလား သွားကြည့်ပြီးတောင်းရင်ကောင်းမလားလို့ရတီတွေးနေမိသေးတယ်။
နောက်နေ့မနက်မှာလည်း အရုတ်ကြိုးပြတ်လဲကျမသွားအောင်ကြိုးစားရင်း ကော်ဖီဆိုင်မှာရတီအလုပ်လုပ်နေရတယ်။ ခေါင်းထဲမှာလုပ်စရာတွေကများလွန်းတော့ ရတီကိုယ်တိုင်ကို ဘာလုပ်ရမလဲမသိဘူးဖြစ်နေတာ။
မနေ့ညကတစ်ညလုံးအိပ်မပျော်ခဲ့ဘူး။ မိဘတွေကိုလည်းအကူအညီတောင်းစရာမလို၊ ပိုက်ဆံလည်းချေးစရာမလိုပဲနဲ့ ငွေကြေးပြဿနာတွေအကုန်ရှင်းလို့ရမယ့်နည်းလမ်းကိုစဥ်းစားနေရင်း ဟိုလူးဒီလှိမ့်နဲ့ပဲ မိုးလင်းသွားတယ်။
အခုအချိန်မှာ ရတီတကယ်ကြီးအဖော်အချွတ်မယ်တစ်ယောက်လုပ်ရင်ကောင်းမလားလို့တောင်စဥ်းစားမိတယ်။ အထက်တန်းတုန်းက အသိသူငယ်ချင်းကောင်မလေးတစ်ယောက်ရှိတယ်၊ သူကအဲ့ဖက်မှာလုပ်နေတာ။ သူ့ရဲ့ social media post တွေကိုကြည့်ရသလောက် ဒီအလုပ်ကသူ့အတွက်တကယ်အဆင်ပြေတဲ့ပုံပဲ။ ရတီကအဲ့လောက်ထိလုပ်ဖို့ ဆွဲဆောင်မှုရော သတ္တိရောမရှိတာခက်တယ်။
တစ်နာရီကို ၈ထောင်ပဲရတဲ့ကော်ဖီဆိုင်မှာအလုပ်လုပ်နေတာနဲ့ ရတီလိုအပ်တဲ့ပမာဏကို ကာမိဖို့မလောက်မှန်းသိသလိုမျိုးပေါ့။
The jumping Bean ကော်ဖီဆိုင်က လူတန်းစားမရွေးအကုန်နီးပါးလာအားပေးတတ်တဲ့ဆိုင်ပါ။
အနားကကောလိပ်ကျောင်းသားတွေရော၊ အားကစားပွဲတွေလာအားပေးနေကျအမေတွေရော၊ တစ်နေကုန်အလုပ်လုပ်ပြီးပင်ပန်းလာတတ်တဲ့ အလုပ်သမားတွေရောလာနေကျ။ အကြောင်းသင့်ရင် မြို့ထဲက အာဏာပါဝါရှိသူ၎ေးတွေ၊ ရှေ့နေတွေရောပါ ရောက်ရောက်လာတတ်တယ်။
သူတို့ရဲ့ပင်ပန်းမှုတွေကို သီရိတို့ကအပြုံးချိုချိုနဲ့ဧည့်ခံရတာပေါ့။
ရုံးဖွင့်ရက်တွေဆို နေ့လည်အလုပ်နားချိန်ပြီးရင် ဆိုင်မှာအကြာကြီးလူရှင်းနေတတ်တယ်။ အဲ့အချိန်ဆိုသီရိတို့က လူတွေထပ်ရောက်မလာသေးခင် နေ့လည်ကအကြွင်းအကျန်တွေကိုရှင်းရတာပဲ။
မေ, သူက သိရိနဲ့အဆိုင်းတူတယ်၊ သူကအဖျော်ဆရာ။ အဲ့ကောင်မလေးကကောင်တာကိုမှီရင်း သူ့ရဲ့ကလေးလွယ်ထားတဲ့ဗိုက်ကိုပွတ်နေတယ်။ မေက တကယ်ဆိုကိုယ်ဝန်အရင့်အမာကြီးနဲ့ဖြစ်နေပြီ၊ ဒါပေမယ့် သူကဘယ်ချိန်ကြည့်ကြည့်တောက်ပနေတာပဲ။ မေကဘာပဲဖြစ်နေနေ စိတ်မညစ်တတ်တဲ့လူစားမျိုးလေ။ သူ့အပေါ်ကော်ဖီခွက်မှောက်ကျတာတောင် ရယ်ရယ်မောမောနဲ့ပြီးသွားတာမြင်ဖူးသေးတယ်။
"အဆင်ပြေလား သီရိ?"
သီရိဖျော်စက်ကိုသန့်ရှင်းရေးလုပ်နေတုန်း မေကလာမေးတယ်။ တကယ်စိတ်ပါလက်ပါလာမေးတဲ့ပုံပဲ။
"အင်း.. နင်ကြားလို့ကောင်းတဲ့အဖြေကိုလိုချင်တာလား အမှန်အတိုင်းကြားချင်တာလား.. "
"အသဲရယ်.. ကြားရတာအဆင်မပြေလိုက်တာ ပြောရင်အမှန်အတိုင်းပဲပြော.. ငါနားထောင်ချင်တယ်"
ကျွန်မသက်ပြင်းချရင်း ဒေါသထွက်ထွက်နဲ့ ကော်ဖီဖျော်စက်နားမှာရေတွေမှောက်ချပစ်လိုက်တယ်။ မေက ကျွန်မထက်ငယ်တယ်။ အိမ်ထောင်ကျပြီးလို့ကိုယ်ဝန်ပါရနေရုံမကဘူး... သူအဆင်ပြေတာနဲ့ ဒီအလုပ်ကထွက်တော့မှာ။
သူ့ရဲ့ကလေးစားရိတ်တွေနဲ့ ကုန်ကျစားရိတ်တွေကိုကိုဘယ်လိုဖြေရှင်းမှာလည်းမသိဘူး။ အဲ့တာတောင်သူ့မှာ ဘာကိုမှတွေးပူနေတဲ့ပုံမပေါ်ဘူး။
သူ့ယောကျ်ားက အားလုံးကိုဖြေရှင်းနိုင်လောက်အောင်ငွေရှာကောင်းလို့ဖြစ်မှာ။
သူတို့မှာ ငွေတွေအများကြီးစုထားမိလို့ဟုတ်ရင်ဟုတ်မှာ။ ဘာကြောင့်ပဲဖြစ်ဖြစ် မေမှာ သူ့ဘဝအတွက်စိတ်ပူနေတဲ့ပုံမျိုးကို ကျွန်မတစ်ခါမှမမြင်ဖူးဘူး။
ကျွန်မပူပင်နေတာတွေကို မေကို အကုန်ထုတ်ပြောရမှာက အဓိပ္ပာယ်မရှိသလိုပဲ။
ဒါပေမယ့် အဲ့အတွေးတွေကြောင့်ကျွန်မရူးမသွားခင် ရင်ထဲကနေထုတ်ပြောမှရတော့မယ်လို့ခံစားနေရတယ်။ အသက်ရှုလိုက်တိုင်းတင်းကျပ်နေတာ။
အဲ့လိုတွေးပြီး ကျွန်မပါးစပ်ကို တစ်ခွန်းဟလိုက်တာနဲ့ စိတ်ထဲကပြဿနာတွေအကုန်ခုန်ထွက်လာတော့တာပဲ။
"ခုတစ်လော ကိစ္စတွေက.... ဒီအတိုင်း.. အစ်မမသိတော့ပါဘူးဟာ အရာအားလုံးကတအားလွန်လွန်းတယ်.. အဲ့လိုပဲပြောရမှာပဲ..
အိမ်ရှင်က အိမ်ငှားခမပေးနိုင်လို့ နှင်ချတော့မယ်.. တစ်ခြားအလုပ်ကလည်းအဆင်မပြေဘူး..
ဒီတစ်ခုကလည်း အိမ်အသုံးစားရိတ်တွေကိုကာမိရုံလောက်ပဲရတာ . နောက်ပြီးအစ်မကအတန်းတွေပျက်ပြီး အလုပ်ထွက်ထွက်လုပ်နေတော့ ကျောင်းစာတွေကလည်း အရမ်းနောက်ကျလာပြီ.. ပညာသင်ထောက်ပံ့ကြေးရပေမယ့် အစ်မဒီမြို့မှာဆက်ပြီးနေဖို့မတတ်နိုင်တော့ဘူးဖြစ်နေတယ်...
အစ်မလေ ကျောင်းလည်းလုံးဝမပြောင်းချင်ဘူး..သွားစရာလည်းဘယ်နေရာမှမရှိတော့ဘူး ညီမရယ်.."
မေကစာနာတဲ့အသံလေးနဲ့
"တော်တော်ဆိုးနေတာပဲ.. ကျောင်းနားမှာစျေးပေါတဲ့အဆောင်ရောမရှိတော့ဘူးလား..."
ကျွန်မခေါင်းကိုခါပြီး
"ဒီလောက်နောက်ကျနေမှတော့မရှိနိုင်တော့ဘူး.. ကျောင်းသားတွေဘွဲ့ရပြီးချိန်နှစ်ကုန်မှ ပြောင်းလို့ရမှာ.. အဲ့တာလည်းမသေချာဘူး
အစ်မတော့ ဒီလတစ်လအဆင်ပြေအောင်ကိုပဲ တော်တော်အားတင်းနေရတယ်.."
"ကောင်းပြီလေ..နောက်တစ်ပတ်ကျရင် ဆရာဝန်နဲ့ရက်ချိန်းရှိတယ်၊ ကျွန်မအဆိုင်းကိုရှင်ယူရင်ယူလိုက်ပါလား"
မေကပြုံးပြရင်းနဲ့မေးတယ်။ သူကကူညီချင်တဲ့ပုံ။
"ကျေးဇူးပဲ မေ၊ အစ်မလုပ်နိုင်မလားကြည့်လိုက်ဦးမယ်... အဆင်ပြေသွားမှာပါနော်၊ ဟုတ်တယ်မဟုတ်လား. အဆိုးဆုံးဖြစ်စရာဆိုလို့ ကိုယ်ကျောင်းထွက်ပြီး အခန်းကဆင်းရမယ်၊ ပြီးတော့အိမ်ကစဆိုးဆိုင်မှာ စျေးရောင်းဖို့ ဂျောင်ကျတဲ့တောထဲကိုပြန်သွားရရုံပဲ..။
သူများဆို ဒီထက်ဆိုးနိုင်သေးတာပဲ.. ကိုယ့်ထက်အခြေအနေဆိုးတဲ့လူတွေတောင်ရှိသေးတာပဲနော့်..."
"ဟုတ်တာပဲ၊ အစ်မက အိမ်ခြေယာမဲ့ဖြစ်သွားစရာလည်းမရှိဘူး၊ အဲ့တစ်ခုနဲ့တင်တော်တော်ကံကောင်းနေပါပြီ၊
ဒါပေမယ့်အစ်မမရှိတော့ရင်တော့ ညီမမှာ လွမ်း နေရမှာပေါ့နော်... တကယ်လို့များပြောပါတယ်.."
မေ့ကိုပြုံးပြလိုက်တယ်၊ သူကတကယ့်ကို သဘောကောင်းတဲ့ကောင်မလေးပဲ.။
မေ့အကြောင်းကိုစဥ်းစားမိနေတုန်းမှာပဲ ကောင်တာပေါ်မှာလူတစ်ယောက်ရဲ့ချောင်းဟန့်သံထွက်ပေါ်လာတယ်။ ကျွန်မတို့နှစ်ယောက်လုံး တုန်သွားမတတ်လန့်ပြီး တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့
သူရောက်နေပြန်ပြီ။
လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး နေ့တိုင်း ခုလိုအချိန်အတိအကျနီးပါး ရောက်ရောက်လာတတ်တဲ့ကိုလူထူးဆန်းလေ။ မေက အဲ့လူကို 'Mr. silent and scary - fuckable' လို့နာမည်ပေးထားတယ်။ သူလာတာကိုကျွန်မတို့ကမျှော်နေတာမျိုးမဟုတ်ပါဘူး။ သူလာတဲ့အချိန်တိုင်းကိုက ကျွန်မတို့နဲ့လွဲဖို့ခက်တာ။
အရပ်ရှည်ရှည် ခန့်ချောဆိုတာ သူမှသူအစစ်။ အင်.. သူကအဓိပ္ပာယ်မရှိလောက်အောင်ကိုချောတာ၊ ပြီးတော့သူပုံစံက စကားတစ်ခွန်းမှဟစရာမလိုပဲ လေးလေးနက်နက်ရှိပြီး လူကိုလွမ်းမိုးနိုင်နေတာမျိုး။
သူရောက်လာတိုင်း ထောင့်စွန်းအကျဆုံး စားပွဲမှာပဲ ထိုင်ပြီး ကောင်တာကိုမကြာမကြာကြည့်နေတတ်တယ်။
သူကျွန်မကိုတစ်ခါနှစ်ခါမက ကြည့်ကြည့်နေတယ်ဆိုတာတော့သေချာသလောက်ပဲ၊ ဒါပေမယ့်ကိုယ့်ဖာသာအတွေးမှားနေတာလို့ပဲ မှတ်လိုက်ပါတယ်။
အဲ့လူရဲ့အတွင်းမှာ တအားကိုကြောက်စရာ၊ စိတ်လှုပ်ရှားစရာ တစ်ခုခုရှိနေသလို ခံစားချက်မျိုးရှိတယ်။
အမှောင်နတ်ဆိုးတစ်ကောင်လိုမျိုး ထုတ်ပြစရာ dark secret တွေအများကြီးရှိနေမဲ့သူ့ပုံစံကို အခြေအနေချင်းဝေးကွာလွန်းတာကြောင့် လုံးဝသဘောမကျရဲပေမယ့် တစ်ဖက်မှာ သူပေးနေတဲ့ attention က ကျွန်မမှာ မနေတတ်လောက်အောင်ကိုရှိန်ရပါတယ်။
သူ့ရဲ့ အဲ့ဒီထိုးဖောက်သွားမတတ်စူးစူးရှရှ အကြည့်တစ်ချက်နဲ့မျက်လုံးချင်းဆုံမိရင်ကိုပဲ ရှင့်ရဲ့အသက်ရှုနှုန်းတွေပါ ကမောက်ကမဖြစ်ကုန်မှာသေချာတယ်။
ကျွန်မတို့နှစ်ယောက်စကားပြောနေတဲ့အချိန်ထဲကကော်ဖီဆိုင်မှာ ပြောင်ရှင်းနေတာ၊ ဒါတောင်အဲ့ဒီလူကောင်တာထိရောက်လာတာကို ကျွန်မတို့နှစ်ယောက်စလုံးတောင်မသိမထားမိဘူး။ တိတ်ဆိတ်လိုက်ပုံကလေ.. ။
"ဆောရီးဆရာ.. ဆရာဝင်လာတာကိုကျွန်မတို့ သတိမထားမိလိုက်ဘူး၊ ဘာများဖျော်ပေးရမလဲမသိဘူးရှင့်.."
မေက ဝယ်သူကိုပြုံးပြနေကျ ဆွဲဆောင်မှုရှိတဲ့အသံလေးနဲ့ကြိုတယ်။
မေ့ကိုအေးစက်တဲ့ မီးခိုးရောင်မျက်လုံးတွေနဲ့ ခြေစခေါင်းဆုံးတစ်ခေါက်ကြည့်ပြီးတော့ ကျွန်မကို ပြန်ကြည့်ပြန်တယ်။
"သူ့ဆီကနေ မှာလို့ရမလား"
စကားကတောင်းဆိုတာမျိုးဆိုပေမယ့် သူ့ရဲ့လေသံက သူလိုချင်တာကို ရကိုရရမယ်ဆိုတဲ့ tone မျိုးနဲ့ ။
(Feedback လေးလိုချင်ပါတယ် guys၊ ဖတ်ကြလားသိတော့ဆက်ပြန်ရမလား မပြန်ရဘူးလား လုပ်ရတာပေါ့၊ မဖတ်ကြရင်အကောင့်မှာပဲတင်တော့မလို့ •-• )
Comments
Post a Comment