အမုန်း၏ အစွန်းတစ်ဖက်၌ ( စ / ဆုံး )
=====================
" နင် ငါ့ကို ခု ပြန်ပို့ပေးး သီဟ . ."
ယု ငိုသံလေးဖြင့် ပြောသည်။ ကားးးလေးးက တရိပ်ရိပ် ပြေးနေသည်။ မှန်နက်တွေ တပ်ထားသည်မို့ ကားထဲက ယု အခြေအနေကို မမြင်နိုင်ပေ။ သီဟ က မဲ့ပြုံး ပြုံးလျက် ကားကို အေးဆေးစွာ မောင်းနေသည်။ ကားနောက်ခန်းမှာက သတို့သမီး ဝတ်စုံဖြူ လေး ဝတ်လျက် ယု လှဲနေသည်။ မေ့ဆေး အရှိန် မပြယ်သေးသည်မို့ ခေါင်းထဲက ရိပ်တိပ်တိပ် မူးးသည်။ ပြည့်တင်းလှပသော လက်ကောက်ဝတ်လေး နှစ်ဖက်က လက်ပြန် ကြိုးချည်ခံထားရသည်။ ငိုရလွန်းသဖြင့် မောနေပြီ။
" ဟင့်အင်းး ငါ နင့်ကို အဆုံးရှုံးမခံနိုင်ဘူးး နင် က ငါ့မိန်းမ ပဲ ဖြစ်ရမယ် . ."
" နင် အတ္တကြီးလှချည်လားးး သီဟ ပြန်ပို့ပေးပါဟာ နင် ဒီလို ဆက်လုပ်နေရင် ငါ့ခန္ဓာကိုယ်ပဲရမယ် နင့်ကို တစ်သက်လုံး မုန်းမိလိမ့်မယ် . . ."
သီဟ ဘာစကားမှ မပြော။
" နင် ဟာ ငယ်သူငယ်ချင်း သံယောဇဉ်ကိုမှ မထောက် . ."
ယု ရှိုက်၍ ငိုသည်။ ယု ငိုနေသံကို သီဟ က မကြားသည့်နှယ်။ လက်ထပ်ခါနီးးး ယု ကို သီဟ က အတင်း ကားတင် ပြေးလာခြင်း ဖြစ်သည်။ မူကြိုကနေ ကျောင်းပြီးသည်အထိ မခွဲမခွာ အတူ ရှိခဲ့သော ယု ဆိုသည့် ကောင်မလေးကို အနားမှာ ရှိတုန်းက သီဟ ချစ်ရကောင်းမှန်းမသိ။ မိန်းမ ပွေသည်။ တစ်ယောက်ပြီး တစ်ယောက် တွဲသည်။ ယု လက်ထပ်တော့မည် ဆိုသည့် သတင်း ကြားမှ သီဟ တုန်လှုပ်သွားသည်။ ရင်မှာ တိမ်မြုပ်နေသည့် ယု ကို ချစ်စိတ်က ဟုန်းကနဲ ထကြွလာသည်။ ယု ကို အဆုံးရှုံးမခံနိုင်။ ထို့ကြောင့် ကားတင် ပြေးလာရခြင်း ဖြစ်လေသည်။
" သီဟ . ."
သီဟ တုံဏှိဘာဝေ ။
" ငါ့ကို မသနားဘူးလားဟာ ငါ့မိသားစု ဂုဏ်သိက္ခာ ငါ့သိက္ခာ နင် နည်းနည်းမှ မထောက်တော့ဘူးလားး မင်္ဂလာပွဲလဲ ပျက်ပြီ ငါ့ကို ပြန်ပို့ပေးပါဟာ . ."
" ဆက်ပြောနေရင် နင့် ပါးစပ် တိတ်ကပ်ထား မိလိမ့်မယ် နားညည်းလာပြီ ခဏခဏ ခေါ်မနေနဲ့ . ."
သီဟ ပုံစံက တကယ် လုပ်မည့် ပုံမျိူ း ။ ယု မြင်အောင် တိတ် ကို ပြသည်။ ယု မျက်ရည်တွေ အဆီးအတားမရှိ။
" သီဟ ငါ ရေဆာတယ် . ."
" ကျွတ်စ် အလုပ်က ရှုပ်ပြီ. ."
ရေဘူးးကို ယု ဆီ ပစ် ပေးသည်။
" ငါ ဘယ်လိုလုပ် သောက်ရမှာလဲ . ."
လက်ပြန် ချည်ထားသည့် ကြိုးတွေကို ရုန်းရင်း ပြောမိသည်။ သီဟ က ရေဘူးကို ဖွင့်၍ ပိုက် တပ်လျက် လက်တစ်ဖက်က စတီယာရင်ကို ထိန်းရင်း လက်တစ်ဖက်က ရေဘူး ကိုင်ကာ ကားနောက်ခန်းက ယု ဆီ လက် လှမ်းထားသည်။ ယု ရေကို အငမ်းမရ သောက်သည်။ ပိုက်နှင့် သောက်ရသည်မို့ အားမရလှ။
ယု ရေသောက်လို့မှ မဝခင် သီဟ လက် ပြန်ရုပ်သည်။
" လက်ညောင်းတယ် ဒီလောက် သောက်ရ တော်ရောပေါ့ " ဟု အညှာတာမဲ့စွာ ပြောသည်။ ယု ဘာတတ်နိုင်ပါမည်နည်း။ ယု က သီဟ လက်ခုပ်ထဲက ရေ ဖြစ်နေသည်ကိုးးး။
" သီဟ ကြိုးလျှော့ပေးး ငါ့လက်တွေ ပွန်းးကုန်ပြီ . ."
တကယ်လဲ ရုန်းကန်ထားသဖြင့် ယု လက်တွေမှာ သွေးအနည်းငယ် စို့နေသည်။
" နားပူလိုက်တာဟာ ငြိမ်ငြိမ်လိုက်ခဲ့ စိတ်ပေါက်လာပြီ . ."
ကြိုး လျှော့ပေးရမည့်အစားး တိတ်က ယု နှုတ်ခမ်းလှလှတွေပေါ် ဖိကပ် နေရာယူလာသည်။ ယု အသားတွေ တဆတ်ဆတ် တုန်သည်။ စိတ်ရှိလက်ရှိ ထုရိုက်ကုတ်ဖဲ့ပစ်ချင်လှပေမယ့် လက်တွေက မလွတ်လပ်။
ကားလေးက ပုံမှန်ပင် တရိပ်ရိပ်ပြေးနေသည်။ နေရာတစ်ခုဆီသို့ ဦးတည်နေပါလိမ့်မည်။
ကား က ခြံဝန်းကျယ်ထဲ မောင်းဝင်သွားသည်။ သီ သူငယ်ချင်း၏ ခြံ ဖြစ်ပြီး အိမ်တစ်လုံးသာ ရှိကာ မြက်ရိုင်း များ တောထ နေသည်။ ထိုအိမ်မှာက မြေတိုက်ခန်းလဲ ရှိသညိ။ သီဟ ကားတံခါး ဖွင့်ကာ ယု ကို ဆွဲထုတ်သည်။ ယု ရုန်းကန်ရင်း သီဟ ခေါ်ရာ လိုက်ရသည်။
ယု ကို တွန်းလှဲပြီးး အိမ်တံခါးကို ပြန် သော့ခတ်သည်။ ပြီးတော့ ခွေလဲနေသော ယု က်ု လည်ပြန်ကြည့်သည့် အကြည့်က အေးတိအေးစက်။ မဲ့ပြုံး ပြုံးပြီး ယု အနား လျှောက်လာကာ ပါးစပ်က တိတ်ကို ခွာပေးလိုက်သည်။
" လူယုတ်မာကောင် နင့်မှာ ဒီလို စိတ်ဓါတ် ရှိမှန်း ငယ်ကထဲက မသိခဲ့တာ ငါ့အမှား . ."
" ယုတ်မာတော့ ဘာဖြစ်လဲ ဘယ်လိုပဲဖြစ်ဖြစ် ငါ ချစ်လို့ ငါ ရအောင် ယူတယ် ငါ့ဘက်ကတော့ တရားတယ် . ."
" နင် လားး ငါ့ကို ချစ်တာ ထွီ . ."
ငုံ့မိုးကြည့်နေသော သီဟ မျက်နှာကို တံတွေးနဲ့ထွေးပစ်သည်။ သီဟ ရုတ်တရက် ဒေါသထွက်ကာ ပါး ရိုက်သည်။ ယု မျက်နှာ လည်ထွက်သွားသည်။ နှုတ်ခမ်းထောင့်မှာက သွေးစတွေ။
သီဟ မျက်နှာကို အငြိုးတကြီးနဲ့ စူးစိုက်ကြည့်ပြီး အံကြိတ်သည်။ အသားဖြူ သူမို့ ဖြူ နုသော ပါးပြင်မှာ လက်ဝါးရာက အထင်းသား။
" ဒါ အစပဲရှိသေးတယ် နောက် ဒီ့ထက်နာမယ် ယု ငါ ညှာမှာ မဟုတ်ဘူးး . ."
သီဟ ယု နှုတ်ခမ်းက သွေးစတွေ သုတ်ပေးတော့ ယု အသုတ်မခံ။
သီဟ ခွေးလှောင်အိမ် တစ်ခုကို မ ယူလာသည်။ ယု က နားမလည်သလို ကြည့်သည်။ လက်ပြန် ချည်ထားသည့် ကြိုးတွေကို ဖြည်ကာ လက်ပြန် လက်ထိတ်ခတ်သည်။ ယု ကို ခွေးလှောင်အိမ်ထဲ ထည့်ပြီး သော့ခတ်လိုက်သည်။
ပြီးတော့ သော့လေးကို လက်ညိုးမှာ စွပ်၍ တယမ်းယမ်း ဆော့ကစားရင်းး
" ဒီထဲ ခဏနေခဲ့ဦးး အနေကျဉ်းကျပ်ရင်တော့ ငါ့ကို ခွင့်လွှတ် . ."
ဟု ပြောကာ ထွက်သွားသည်။
လှောင်အိမ်က ငါးပေ အနံ သုံးပေမို့ အနည်းငယ် ကြီးပေမယ့် ယု အတွက်တော့ သေးသလိုပင်။ ယု အရပ်ကိုက ငါးပေ ငါး ရှိသည်ကိုး။ ခြေဆန့်မရ သလို မတ်တပ်ရပ်လို့လဲမရ။ သီဟ ထွက်သွားပြီးနောက် ယု ရှိုက်ကြီးတငင် ငိုသည်။ လူ တစ်ယောက် ဖြစ်ပါလျက်နှင့် တိရိစ္ဆာန် လို ဆက်ဆံခံရသော ကိုယ့်ဘဝ ကိုယ် ယူကြုံးမရ။ ခဏနေတော့ ရေဆာလာသည်။ လှောင်အိမ်ထောင့်မှာက ရေခွက်ကလေး တစ်ခွက်။ လက်ပြန်လက်ထိတ်နှင့်မို့ ရေခွက်ထဲက ရေကို လျှာနှင့် ပြက်ပြက် မြည်အောင် သောက်ရသည်။ ရေလဲမဝရှာ။ ဆီး သွားချင်လွန်း၍ မအောင့်နိုင်ရှာတော့။ သတို့သမီး ဝတ်စုံလေးသည် ညစ်စွန်းခဲ့ပြီတည်း။
× × × × × ××
" ဒေါင် ဒေါင် ဒေါင် . ."
သံတိုင်တွေကို ခေါက်သံကြောင့် ပင်ပန်းစွာ အိပ်မောကျနေရာမှ ယု နိုးလာသည်။ သီဟ က လှောင်အိမ်ကို ဖွင့်သည်။ နံစော်နေတာပဲ ဟု ရေရွတ်သည်။ ယောက်ျားလေး တစ်ယောက်ရှေ့ သေးစိုစို နှင့် နေရသည်ကြောင့် ယု အရှက်သည်းမိသည်။
" ထွက်လာခဲ့ . ."
ဟု ခေါ်တော့ လူတစ်ကိုယ်စာ အပေါက်လေးမှ ခက်ခဲစွာ ထွက်ရသည်။
ယု လည်တိုင်ကျော့မှာ လည်ပတ်ကလေး တင်းကြပ်စွာ ပတ်ပေးခြင်း ခံလိုက်ရသည်။ သီဟ က လည်ပတ်ကြိုးကို ဆွဲတော့ ယု ခြေလှမ်းတွေသည် သီဟ ခေါ်ရာနောက်သို့။
အခန်းတစ်ခု ရှေ့ ရောက်တော့ လက်ပြန်လက်ထိတ်ကို ဖြုတ်၍ လည်ပတ်ကိုလဲ ဖြုတ်လိုက်သည်။ ပြီးတော့ အခန်းတံခါးဖွင့်၍ ယု အား တွန်းလွှတ်လိုက်ကာ အပြင်မှ တံခါးပြန်ပိတ် ဂျက်ချ သွားသည်။
ယု အခန်းထဲ ဝေ့ကြည့်တော့ ရေချိူ းခန်း ဖြစ်နေသည်။ သတို့သမီး ဝတ်စုံကို ချွတ်သည်။ ရေပန်းအောက်ကို ဝင်ရပ်ပြီး ဖွင့်လိုက်တော့ ရေစက်ရေပေါက်တွေက ဗလာကျင်းနေသော ယု ကိုယ်ပေါ် အဆီးအတားမရှိ။ ရှမ်ပူ ကိုယ်တိုက်ဆပ်ပြာရည် စသည့် ရေချိူ းခန်းသုံး ပစ္စည်းများက စုံလင်သည်။ ယု ရေချိူ းနေရင်း ကိုယ်လုံးပေါ် မှန်ကြီးထဲ ကြည့်မိတော့ ကြင်လင်ဖြူ စင်သော အသားအရည်နှင့် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တို့က သူ့နေရာနှင့်သူ တင့်တယ်စွာ။
ယု ရေဇလားထဲ ဝင် စိမ်လိုက်သည်။ ဆယ်မိနစ်ခန့်ကြာတော့ တံခါး ဖွင့်သံ ကြားရသည်။ ယု တုန်သွားသည်။ ရှု့တည်တည်နှင့် သီဟ ဝင်လာသည်။ ယု က ရင်သားတွေအပေါ် လက်နှစ်ဖက်ဖြင့်ကွယ်ဝှက်ရင်းးး သီဟ ကို အထိတ်တလန့် ကြည့်သည်။
" အသံမပေး ဘာမပေး. ." ဟု မကျေမချမ်း ရွတ်သည်။
သီဟ က မျက်မှောင်ကုပ်ရင်း လက်ထဲ ကိုင်လာသည့် အဝတ်များကို တန်း ပေါ် တင်သည်။ သိပ်မကြာစေနဲ့ ဟုလဲ သတိပေးသွားသေးသည်။ ယု ရေချိူ းခြင်းကို လက်စသတ်ရသည်။ သီဟ ပေးသွားသည့် အဝတ်တွေက မိန်းကလေးဝတ် အတွင်းခံ တစ်ထည်နှင့် ယောက်ျားဝတ် အင်္ကျီအဖြူ လက်ရှည် ဖြစ်သည်။ အင်္ကျီက ရှည်သည်မို့ ယု ပေါင်လယ်ထိ ဖုံးထားသလို ။ သို့ပေမယ့် ယု အတွင်းခံ ဝတ်ထားသည်ကိုတော့ မြင်နေရသည်။
အခန်းတံခါး ဖွင့်သံနှင့်အတူ သီဟ က မတ်တပ်ရပ်လျက်။ ယု လက်နှစ်ဖက်ကို ဆွဲယူပြီး လက်ထိတ်ခတ်သည်။ နောက်က လိုက်ခဲ့ ဟု ခေါ်သည်။ စားပွဲတစ်လုံးပေါ်မှာ ပြင်ဆင်ထားသည့် စားစရာများကို မြင်ပြီး ယု ဗိုက်ဆာလာသည်။ နှစ်ယောက်သား ထိုင်မိကြတော့ သီဟ က ပေါင်မုန့်တွေကို ယို သုတ်၍ ယု ပန်းကန်ထဲ ထည့်ပေးသည်။
" ဒီပုံစံနဲ့ စားရမှာလား . ." ဟု ယု က မေးရင်း လက်ထိတ်ခတ်ထားခံရသည့် လက်ှနှစ်ဖက်ကို မြှောက်ပြသည်။
" အေး ဒီတိုင်းစား . ."
ယု သက်ပြင်းချ ရင်း အစား စားသည်။ သီဟ က သိပ်မစား။ ယု စားနေသည်ကိုသာ စိတ်ဝင်တစား ကြည့်နေသည်။ ယု ဆိုသော ငယ်သူငယ်ချင်းမလေးကို ယခုတော့ သိပ်ချစ်ဖို့ကောင်းမှန်း သိသွားပြီ။ ယခုလိုလဲ ချူ ပ်နှောင်မထားချင်ပေမယ့် ယု ကို ဆုံးရှုံးရမှာ ကြောက်သည့် စိတ်ကြောင့်သာ မဖြစ်မနေ လက်ထိတ်ခတ်ရသည်။
ကျယ်ဝန်းသော ခြံတစ်ခြံထဲရှိ အိမ်လေးတစ်လုံးထဲမှာ ထိုနေ့က ဆာဆာနှင့် အစား စားနေသော ကောင်မလေး တစ်ယောက်နှင့် ထိုကောင်မလေးကို ကြင်နာစွာ ကြည့်နေသော ကောင်လေး တစ်ယောက် ရှိနေခဲ့လေသည်။
× × × × × ×
သီဟ သည် ယု ကို အတင်းအဓမ္မ ခေါ်လာခဲ့ပေမယ့် ခုထိ အရှက်ကို မကျူ းလွန်သေး။ ယု ကလဲ ခန္ဓာကိုယ် ကိုသာ ရမယ် မေတ္တာကို မမျှော်လင့်နဲ့ဟု ပြတ်သားစွာ ပြောထားသည်။
ဒီကနေ့လဲ ထုံးစံအတိုင်းးး အပြင်ထွက်သွားသည်။ ယုနှင့် သူ စားသောက်ဖို့ တစ်ပတ်စာ ထွက်ဝယ်သည်ဟု သိရသည်။ တစ်အိမ်လုံးမှာ ယု တစ်ယောက်ထဲသာ ရှိသည်။ နောက်ပြီး ခြံဝန်းကို သော့ခတ်သွားသလို အိမ်တံခါး ပြတင်းပေါက် အကုန်လုံးကိုလဲ သစ်သားတန်းများဖြင့် အသေ ရိုက် ပိတ်ထားသည်။
ယု လက်မှာ လက်ထိတ် ခြေထောက်တွေမှာ တစ်ပေခန့် ရှည်သော သံကြိုး ပါသည့် လက်ထိတ်နှင့် ခတ်ထားခဲ့သည်။ တစ်အိမ်လုံး လဲ ဖုန်အလ်ိမ်းလိမ်း နှင့် ညစ်ပွနေသည်။ ယု လဲ အားနေသည်မို့ ဖုန်သုတ် လှဲကျင်း သန့်ရှင်းရေး လုပ်သည်။ တံမြက်စည်း လှည်းနေရင်း စျာန်ဝင်သွားတိုင်း ယောင်၍ ခြေလှမ်း ကျယ်ကျယ် လှမ်းမိရာ ပစ်လဲမလို ဖြစ်သည်။ ဒီတော့ သီဟ ကို ကျိန်ဆဲမိသည်။
" သေနာကောင် မိန်းကလေးတစ်ယောက်ကို တိရိစ္ဆာန် ကျနေတာပဲ . ."
မလွတ်မှန်း သိရက်နှင့် စိတ်တိုကာ လက်ထိတ် ခြေသံကြိုးတွေကို ရုန်းပစ်သည်။ နာတာသာ အဖတ်တင်သည်။
ရေခဲသေတ္တာကို ဖွင့်တော့ ငါးသေတ္တာဘူး တစ်ချိူ့နှင့် မုန်လာဥ အနည်းငယ် တွေ့သည်။ ယု သည် ခေတ်လူငယ်ပေမယ့် အိမ်မှု့ကိစ္စ နိုင်နင်းသည့် မိန်းကလေးဖြစ်သလို အချက်အပြုတ်လဲရသည်။
ငါးသေတ္တာဘူးကို ဖောက်၍ ပြန်ချက်သည်။ မုန်လာဥဖြူ ကို ပါးပါးလေးတွေ လှီးကာ အရည်သောက် ချက်သည်။ သီဟ ကျွေးတာတွေ မစားနိုင်။ တစ်ခါလာ ပေါင်မုန့် ကိတ်မုန့် စိတ်ကုန်လှပြီ။
တစ်အိမ်လုံး သန့်ရှင်းရေး လုပ် ချက်ပြုတ် ပြီးစီး၍ ရေချိူ းတော့မလို လုပ်ကာမှ သတိရသည်။ ရေချိူ းလို့ ဖြစ်သော်လဲ ဒီသံကြိုးတွေနှင့်
အင်္ကျီ ဝတ်မရ။ ဒီတော့ ပေတူးတူးဖြင့် သီဟ ပြန်အလာ စောင့်ရတော့သည်။
တံခါး သော့ဖွင့်သံ ကြားရသည်။ သီဟ က စားသောက်စရာတွေ ဆွဲ၍ ဝင်လာသည်။ တစ်အိမ်လုံးကို ဝေ့ကြည့်သည်။
" ဟာ တောက်ပြောင်လို့ပါလား ဟ လိမ္မာလိုက်တဲ့ ယု . ."
" မသာ လိမ္မာတာမဟုတ်ဘူးး ငါ ကိုက ညစ်ပတ်ရင် မနေတတ်လို့ ရှင်းထားတာ . ."
" အင်းပါ ဘယ်လိုဖြစ်ဖြစ်ပေါ့ နင့်တစ်ကိုယ်လုံးလဲ ပေပွနေတာပဲ ရေချိူ းတော့လေ . ."
ယု နှုတ်ခမ်း ကိုက်မိသည်။
" ဒါတွေ ဖြုတ်ပေးလေ ငါ အဝတ် ဘယ်လိုမှ ပြန်ဝတ်လို့ မရဘူးး . ."
" မဝတ်နဲ့ပေါ့ . ."
" နင် ဟာ . ."
ယု အသံ တိမ်ဝင်သွားသည်။ သီဟ ပြာပြာသလဲနှင့် ခတ်ထားသည်များကို ဖြုတ်ပေးသည်။
" နင့်အတွက် အဝတ်အစား ဝယ်လာတယ် ယု . ." ဟု ရေချိူ းခန်း အပြင်မှ အော်ပြောလိုက်သေးသည်။ ဆယ့်ငါးမိနစ်ခန့်အကြာ
" သီဟ ငါ ရေချိူ းပြီးပြီ ,"
" ပြီးရင် ထွက်ခဲ့လေ . ."
" ဘယ်မှာလဲ လဲစရာ အဝတ် . ."
ဟုတ်သား။ ယု အတွက် ဝယ်လာသည်ထဲမှ ဘလောက်အင်္ကျီလေးနှင့် ဗလာထဘီ တစ်ထည်ထုတ်၍ ရေချိူ းခန်းတံခါးကို အသာ ဟ ကာ လက် ပေးလိုက်တော့ ဆွဲယူသွားသည်။ ပြန်ထွက်လာတော့ ကြည်လင် သန့်ရှင်းနေသော ယု ကို မြင်ရသည်။
လက်ထိတ် ပြန်ခတ်ခံရသည်။
" နာတယ်ဟာ ငါ ထွက်မပြေးဘူး မခတ်နဲ့ . "
" မရဘူးး မသေချာသေးလို့ . ."
ယု စိတ်တိုတိုနှင့် ထမင်းစားဖို့ ပြင်သည်။ တစ်ယောက်စာ ခူးခပ်ပြီး ချက်ထားသည်များနှင့် စားနေတော့ ပေါင်မုန့်နှင့် ယို ကိုက်နေသည့် သီဟ က မျက်လုံးပြု းသည်။
" ငါ့ ဖို့ မပါဘူးလားးး . ."
" မပါဘူးးး ငါ့တစ်ယောက်စာပဲ . ."
" နည်းနည်းတော့ ကျွေးဟာ နော် . ."
" မကျွေးပါဘူးးး အကုန်စားမှာ ကျန်နေရင်တောင် သွန်ပစ်မှာ . ."
ယု စားနေရင်း သီဟ ကို ခိုးကြည့်မိတော့ ပေါင်မုန့်ကို စိတ်မပါတပါ ယို သုတ်နေတာ မြင်ရသည်။ ဒီလိုကျတော့လဲ စိတ်မကောင်း။ ငယ်သူငယ်ချင်းမို့ သီဟ ပေါင်မုန့် မကြိုက်တာ ယု အသိဆုံး။ သေနာ ကောင် ကလဲ အပြင်က ထမင်းဟင်း ဝယ်မလာဘူးဟု အပြစ်တင်မိသည်။
တစ်ပန်းကန် ခူးခပ်၍
" သီဟ . "
" ဘာတုံးးး . ."
" လာစားလှည့် . ."
" နင်ပဲ မကျွေးဘူးဆ်ို . . ."
" စားမှာဖြင့် စားးး ငါ ထပ်မခေါ်တော့ဘူး . ."
ဒီလိုတော့လဲ သကောင့်သားက စပ်ဖြဲဖြဲနှင့် ထ လာပြီး ယု ရှေ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။ အားပါးတရ စားသည်။
လက်ထိတ်တန်းလန်းနှင့် ထမင်းကို ခက်ခက်ခဲခဲ စားနေရသည့် ယု ကို ကြည့်မိသည်။
ထမင်း စားနေကြရင်းးး
" နင့်အိမ်က နင့်ကို သတင်းစာထဲကနေ အမွေပြတ် ကြော်ငြာထားတယ် ယု . ."
ယု ထမင်းနင်သွားသည်။
" နင့်အိမ်က နင် အဲ့လူကို မချစ်လို့ ငါနဲ့လိုက်ပြေးတာလို့ ထင်နေတာ နင့်ကို ငါ အတင်း ခေါ်လာခဲ့မှန်း သူတို့မသိဘူးး . ."
" တော်ပါတော့ဟာ မပြောပါနဲ့တော့ . ."
ယု ထမင်းစားရင်း ငိုနေလေပြီ။ မိဘ တွေကို အကြောင်းစုံ ရှင်းပြ ချင်မိသည်။
သီဟ က ထ လာကာ ယု အနား ရပ်သည်။ ယု က ငိုနေရင်း
" နင့် ကြောင့် နင့်ကြောင့် လူယုတ်မာကောင် . ." ဟု အော်ကာ
ထုရိုက်သည်။
" တိတ်ပါဟာ . ."
" ငါ ငါ အိမ်ပြန်ချင်တယ် သီဟ . ."
သီဟ မျက်နှာ တင်းမာသွားသည်။
" နင် မပြန်ရဘူး ယု . "
ယု ကားးး ငိုဆဲ။ ယု ဘေးမှာ သီဟ ငူငူကြီး ရပ်နေဆဲ။
× × × × × × × ×
ချစ်သော သူငယ်ချင်းမလေး ငိုနေတာမြင်တော့ သီဟ စိတ်မကောင်း။ လက်တစ်ဖက်က ယု ပခုံးပေါ် တင်လာသည်။ ယု က ငိုနေရာမှ မော့ကြည့်သည်။
" နင် တကယ်ပြန်ချင်တာလားး . ."
ယု ပြန်မဖြေဘဲ ခေါင်းညိတ်ပြမိသည်။
" မနက်ဖြန် ပြန်ပို့ပေးပါ့မယ်ဟာ . ."
" တကယ် တကယ်လား သီဟ . ."
ယု မျက်ဝန်းများ တောက်ပသွားပုံကို သီဟ ပြုံး၍ ကြည့်သည်။
ခေါင်းကို ဖွဖွပုတ်သည်။
" ငါကတိပေးပါတယ် အိပ်တော့ ညကိုးနာရီလဲ ထိုးပြီ . ."
သီဟ ရင်မှာ နာနာကျင်ကျင်။ နှစ်ယောက်လုံး အိပ်မပျော်ကြ။ တလူးလူးတလိမ့်လိမ့် ။
× × × × × × × × × × × ×
မနက် လင်းတော့ ယု လက်တွေမှာ လက်ထိတ်တွေ ဖြုတ်ထားတာတွေ့သည်။ အချူ ပ်အနှောင် မရှိပြန်တော့ ယု ရင်ထဲမှာ တစ်ခုခု လိုနေသလို။ အခန်းဝမှာ သီဟ ပေါ်လာသည်။
" မျက်နှာသစ် ရေမိုး ချိူ းလေ နင့်ကို အိမ်ပြန်ပို့ပေးမယ် . "
ယု ရေမိုး ချိူ းပြီးတော့ သီဟ က စားပွဲမှာ ကော်ဖီသောက်ရင်း စောင့်နေသည်။
" လာ ယု ဒီမှာ နင် ကြိုက်တတ်တဲ့ တို့ဟူးနွေးနဲ့ရှမ်းခေါက်ဆွဲ ဝယ်ထားတယ် ကော်ဖီလဲသောက် နင့်အကြိုက် ခါးခါးလေး . ."
နှစ်ယောက်သား စကားတပြောပြောနှင့် စားကြသောက်ကြသည်။ အိမ်ပြန်ပို့ဖို့ ကားးပေါ်တက်ကြတော့ သီဟ ရင်မှာ ဆို့ကနဲ။ ယု ကို လက်လွှတ်ဆုံးရှုံးရတော့မည်။
ကားလေးက တရိပ်ရိပ်ပြေးနေသည်။ ကားပေါ်မှ စကားတစ်ခွန်းမှ မဆိုမိကြ။ ငြိမ်ချက်သားကောင်းနေကြသည်။
ယု တို့ အိမ်ရှေ့ ကားရပ်သည်။ အိမ်ထဲ ပြေးဝင်သွားသည့် ယု ကျောပြင်လေးကို သီဟ ငေးသည်။
× × × × × × × × ×
" ပြန်လာသေးတယ်နော် မိယု . ."
မီးဝင်းဝင်းတောက်သည် မျက်ဝန်းတွေနှင့် အဖေက စကားဆိုသည်။
အမေက စိမ်းစိမ်း ကြည့်နေသည်။
"ယု ယု ရှင်းပြပါရစေ အဖေနဲ့အမေရယ် . ."
ယု အမေ့နား ကပ်သည်။
" ငါ့နား မကပ်နဲ့ ငါ့မှာ သမီးးးဆိုတာ မရှိတော့ဘူးး မိဘမျက်နှာမထောက် ငါတို့အသိုင်းအဝိုင်းမှာ ဘယ်လို မျက်နှာပြရမလဲ . ."
ယု ဆို့နင့်စွာ ငိုသည်။
" ငါ့အိမ်ထဲက ခုထွက်သွားးး မိယု . ."
အဖေ့ စကားသံက မာကျောပြတ်တောင်းစွာ ယု ကို နှင်ထုတ်သည်။
" မ မ ဟုတ်ဘူး ဖေဖေ သမီး ပြောပြတာကို နားထောင်ပါဦးး . ."
" ဘာမှ နားထောင်စရာမလိုတော့ဘူးးး ငါ့အိမ်ရိပ်တောင် မနင်းးနဲ့ သွား ဆို သွားးးနော် မိယု ငါ ဆွဲမထုတ်ခင် ထွက်သွားး . ."
ရက်စက်လိုက်တာ အဖေနဲ့အမေရယ် ။ ယု ရှိုက်ကြီးတငင် ငိုရင်းး မိဘတွေကို ကန်တော့သည်။ မိဘတွေက မျက်နှာ လွှဲနေကြသည်။
ယု မှာ သွားစရာနေရာမရှိ။ သီဟ ၏ ကားလဲ မတွေ့တော့။ လက်ထဲမှာ ပိုက်ဆံလဲမရှိ။ မျက်ရည်တွေကို သုတ်လိုက်သည်။ ခြေဦးတည့်ရာ လျှောက်နေမိသည်။ တစ်နေကုန် မောပန်းရမှန်းမသိ။ ဗိုက်ဆာရကောင်းမှန်းမသိ။ ညဉ့်နက်လာသည်။ ယု မှာ အိပ်စရာ နေရာမရှိ။
လူပြတ်လပ်လာသည်။ အသွားအလာ ကျဲပါးလာသည်။ ဘတ်စ်ကားမှတ်တိုင်လေးမှာ ဝင်ထိုင်သည်။ ကား ရပ်၍ ဘယ်လောက်လဲ လိုက်မှာလား ဆိုသည့် လူတွေနှင့် ဆုံသည်။
ယု မျက်နှာငုံ့၍ ငိုနေမိသည်။
ယု မျက်ဝန်းတွေမှာ ခြေထောက်တစ်စုံ ကို မြင်ရသည်။
" ယု . ."
ယု မော့ကြည့်တော့ သီဟ မတ်တပ်ရပ်နေသည်။
" ငါ့အိမ်က ငါ့ကို နှင်ထုတ်လိုက်ပြှီ သီဟ အဲ့ဒါ နင့်ကြောင့် အယုတ်တမာကောင် . "
ငိုနေသည့် ယု ကို သီယ ဆွဲဖက်တော့ ရုန်းရင်းး လက်သီးဆုပ်လေးဖြင့် ထုထုပြီး ငိုနေသည်။
" တိတ်ပါ ယုရယ် နင် ငါနဲ့ ပြန်လိုက်ခဲ့ပါလားး ငါတို့ ရုံးတက် လက်မှတ်ထိုးကြမယ်လေ နော် ငါ ခင်ပွနိးကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားမှာပါ . "
ယု မှာ ရွေးချယ်စရာမရှိတော့။
" တိတ်တိတ် မငိုနဲ့တော့ လှလဲမလှဘူးး . ."
" ဟင် လှအောင် ငိုပြရဦးမှာလားး . ."
မျက်ရည်သုတ်ရင်း သီဟကို မျက်စောင်းထိုးမိတော့ သီဟ ရယ်သည်။
" ထ ဟိုအိမ်လေးကို ပြန်သွားကြမယ် . ."
ယု ကို ဖေးကူရင်း ကားပေါ် တက်စေသည်။
ယု မျက်ဝန်းတွေက ကား ဒက်ရ်ှဘုတ် ပေါ်မှ လက်ထိတ်လေးကို မြင်သည်။ လက်ထိတ်ကို ယူ၍ သူ့ကိုသူ လက်ထိတ် ခတ်လိုက်သည်။
" ဘာလုပ်တာလဲ ယု . ."
" နင် ငါ့ကို ပထမ ခေါ်သွားတုန်းကလဲ အချူ ပ်အနှောင်နဲ့လေ ခုလဲ ဒီတိုင်း လိုက်ခဲ့မယ် . ."
စတီးရောင် ပြောင်လက်နေသည့် လက်ထိတ်ကွင်းလေးတွေထဲမှာ ယု၏ လက်ကလေးတွေ။
ကားကခြံထဲဝင်လာသည်။
သီဟ က သံကြိုးရှည်တစ်ချောင်းနှင့် ယု လက်က လက်ထိတ်တွေကို ဆက်လိုက်သည်။ သီဟ ဆွဲခေါ်ရာ နောက် ယု ပါသွားသည်။
ထို့နောက် အိပ်ခန်းထဲသို့ ။
နောက်နေ့တွင် ယု နှင့် သီဟ တို့ ရုံးတက် လက်ထပ်လိုက်ကြလေသည်။ အိမ်လေးထဲမှာ တခါတလေ သံကြိုးသံ တချွင်ချွင် ကြားရသည်။ လက်ထိတ်တန်းလန်းနှင့် ယု တစ်ယောက် အိမ်မှု့ကိစ္စ လုပ်နေပါလိမ့်မည်။
ပြီးပါပြီ။
စာကြွင်း ။ ။ ယု တို့ အိမ်ထောင်ကျ၍ ကလေး တစ်ယောက် ရသော် ယု မိဘ များသည် သတင်းစာမှာ အမွေပြတ်ကြော်ငြာခြင်းကို ပြန်ရုပ်သိမ်းခဲ့လေသည်။ ယုနှင့် သီဟ တို့ မွေးသော သားငယ်ကားး ယု အမေ လက်တွင်းမှ ချော့မြူ ခံနေရလေပြီ။
#John_Morgan
Comments
Post a Comment