stn and ds memorie
~ stn and ds memories (1)
Dsရဲ့ 4နှစ်နီးပါး memoriesတွေ ချရေးချင်စိတ်လေး ပေါက်လာလို့ ကျတော့်အကြောင်းလေး စာရှည်ကြီး ရေးအုံးမယ်။
ဟိုးလွန်ခဲ့တဲ့ 3နှစ်အကျော်မှာ ကျတော်က မယောင်မလည်နဲ့ဒီရှုပ်ထွေးပွေလီတဲ့ လောကကြီးထဲကို ခြေချမိခဲ့တယ်။လှမ်းခဲ့ဖူးတဲ့ ခြေလှမ်းတွေများစွာထဲကမှ အမှားဆုံးပေါ့လေ။ဆိုပေမယ့် ကျတော်တွေ့ဆုံခဲ့ရတဲ့ လူတွေကတော့ ဘယ်တော့မှ မကောင်းသော တွေ့ဆုံခြင်းမဟုတ်ခဲ့ဘူး။အကောင့်ဖွင့်ပြီး 7ရက်အကြာမှာ ကျတော့်ရဲ့ပထမဆုံး သခင်နဲ့ စတင် တွေ့ခဲ့ရတယ်။အဲ့ကနေ ကျတော်တို့ Ds/rs စတင်ခဲ့ကြတယ်။အဲ့နေ့ညကမှ submissionဆိုတာကို နက်နက်နဲနဲသိခဲ့ရတယ်ဆိုလည်း မမှားဘူးပေါ့လေ။သူတစ်ပါးရှေ့ဒူးထောက်ချရခြင်းမှာ ကျေနပ်ပီတိ ရ,ရပါလားဆိုတဲ့ အသိနဲ့ ကျတော်က အဲ့ဒီ submissionမှာ ထင်တာထက်ကို နစ်မျောမိပြန်ရော။ကိုယ့်ကိုယ်ကိုတော့ စာဖတ်အား လေ့လာအား အရမ်းကောင်းတယ်လို့ သတ်မှတ်ထားတဲ့အပြင် စာလေးတွေ မတောက်တခေါက်ရေးချင်တဲ့ စိတ်ဆန္ဒအရ စိတ်ခံစားမှုနောက်ကို လိုက်ရင်း အဲ့ဒီစိတ်ခံစားမှုကို ပုံပေါ်အောင် ပုံဖော်တတ်ခဲ့သလို စာတွေ အများကြီးဖတ်ခဲ့ဖူးတယ်။
အဲ့ဒီသခင်နဲ့စတွဲတုန်းက တကယ်ကို ဘာမှမသိတဲ့ innocent ဆယ်ကျော်သက် ကောင်မလေးပေါ့လေ။တော်တော်များများ သူနဲ့ စမ်းသပ်ခဲ့သလို submissionရဲ့ roleနဲ့ Dominantရှိတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုအားအင်ပေးရတယ်ဆိုတာ သင်ယူခဲ့ရတဲ့ အချိန်တွေက သိပ်ကို စိတ်လှုပ်ရှားရင်ခုန်ဖို့ကောင်းခဲ့တာပဲ။ဒါပေမယ့် ကျတော် တွေးမထင်ခဲ့တဲ့ ပြသနာတွေဟာ သူ့ဟာသူ ပေါ်လာပြန်ရော။ကျတော် တကယ်မသိခဲ့ဘူး။သခင်တစ်ယောက်ဟာ စလေ့အများကြီးထားလို့ရတယ်ဆိုတာကိုပေါ့။အဲ့ဒီတုန်းကလေ သခင့်မှာ ကျတော့်ရှေ့မှာ နှစ်ယောက်ရှိတယ်တဲ့။သိတဲ့အချိန်မှာ အံ့ဩခဲ့ရတယ်။အဲလိုလည်း ရှိပါလားလို့ပေါ့။ကျတော်က အေးအေးဆေးဆေး စာတွေရေးပြီး နေတတ်တာပဲများပါတယ်။2018လောက်က ကျတော့်ပုံစံကို တချို့တွေ သိပါတယ်။ဘယ်သူနဲ့မှ ခင်လေ့မရှိသလို ဘာကိုမှလည်း စိတ်၀င်စားရမှန်းမသိခဲ့ဘူး။မသိခဲ့ဘူးဆို ဒီလို 21st centuryကြီးထဲမှာ ကျတော်က phမကိုင်ရတဲ့ကျောင်းမှာ ကျောင်းသူ ဖြစ်နေခဲ့တာကိုး။ရတဲ့အချိန်လေးကလည်း သခင်နဲ့ စကားပြောဖို့ရာအတွက်ပဲလေ။တခြားအာရုံ မလွင့်အားသလို အချိန်လည်း မရခဲ့ဘူး။
အဲ့ဒီ 2018ကနေ ဒီနေ့ဒီချိန်ထိ အမျိုးသမီးငယ်လေးတစ်ယောက်ကို ဘ၀ထဲကို ထည့်ပေးခဲ့တဲ့ ကံကြမ္မာကတော့ သိပ်ကို ကျေးဇူးတင်စရာ ကောင်းလွန်းခဲ့ပြန်ရော။နွေးထွေးပြီး စိတ်သဘောထား အရမ်းပြည့်၀တဲ့ ချစ်စရာအရမ်းကောင်းတဲ့ မမတစ်ယောက်ကို ကျတော်က အရှုံးထဲကနေ အမြတ်ထုတ်နိုင်ခဲ့တယ်လေ🧡။
ခုနဟာကို ပြန်ဆက်ရရင် အဲ့ဒီမှာ ပြသနာတွေ ဖြစ်လာခဲ့ရပြီး ကျတော် စွာတတ်လာတယ်။အဲ့ဒီကောင်မလေးနဲ့ ကျတော်က သခင်တစ်ယောက်တည်းရဲ့စလေ့တွေဆိုပေမယ့် တစ်နှစ်ကျော်အထိ ဘာပြသနာမှ မရှိခဲ့ဖူးဘူး။သူလည်းသူ့ဟာသူနေ ကိုယ်လည်း ကိုယ့်ဟာကိုယ်နေပေါ့။အဲ့ဒီကောင်မလေးနဲ့ကျတော်ဆို officialအထိပါ ခေါ်ခဲ့ပြီး ညီမ အမ မရှိတဲ့ကျတော်က ညီမလေးတစ်ယောက်လို ချစ်ပေးခဲ့ဖူးတယ်။စိတ်မပါရင် ဟန်ဆောင် ဆက်ဆံလို့မရတဲ့သူမို့ အဲ့ဒီကာလတွေမှာ တကယ်ကို မင်းကိုပဲ ချစ်ခင်ပေးခဲ့တာပါ...ငယ်။ဆိုပေမယ့်လည်း နောက်ပိုင်းမှာ သဘောထား မတိုက်ဆိုင်မှုတွေနဲ့ လမ်းခွဲခဲ့ကြပြန်ရော။
ဒီကာလကြားထဲမှာ ကျတော်က သခင့်ကိုရွဲ့တိုင်း cbမသုံးရဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီး ကျတော်လေးစားရတဲ့ sirတစ်ယောက်တော့ ရှိခဲ့ဖူးသေးတယ်။ခုချိန်ဆို ကျတော့်ကို စိတ်တိုနေရောပေါ့လေ။18နှစ်ကျော် 19နှစ်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို အသက်မပြည့်သေးလို့ဆိုပြီး ဘာကိုမှ မယူရက်ပဲ တန်ဖိုးထားပေးတဲ့သူပေါ့။နှစ်ဆယ်ကျော်ရင် playမယ်ဆိုပြီး ဒီတိုင်း ကျတော့်ကို nurturingအပိုင်းပဲ လုပ်ပေးခဲ့တဲ့ ethicအရမ်းပြည့်၀တဲ့ အမျိုးသားပေါ့လေ။ရင်စုန်ကန်ခဲ့ပေမယ့် အမြဲသတိရပါတယ် sir.....🧡။ဒါကတော့ rsသဘောမျိုးမဟုတ်ပဲ လေးစားမှုနဲ့ sirလို့ပဲ ခုထိခေါ်တဲ့ အမျိုးသားတစ်ယောက် အကြောင်းပေါ့။
အဲ့ဒီနောက်တွေမှာပေါ့ rsသက်တမ်း 2နှစ်ကျော် 3နှစ်ပြည့်ခါနီး အချိန်တွေမှာ ကျတော်နဲ့သခင့်ကြားမှာ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်လာခဲ့တယ်။ကျတော့်သခင်က marriedလေ။ကျတော်အမြဲပြောခဲ့သလိုပဲ married masterတွေကရော သခင် ဖြစ်ခွင့်မရှိဘူးလား ဆိုတာလေ။ကျတော်က သခင်ဘာပဲဖြစ်ဖြစ် လက်ခံပေးခဲ့ပြီး ကျတော်ပေးခဲ့တဲ့ နာခံမှုတွေအတွက် ကျတော်ဘာတွေရင်းပေး အလေးထားပေးတယ်ဆိုတာ သခင်အသိဆုံးပဲ ဖြစ်မယ် ထင်တယ်။အဲ့ဒီလိုနဲ့ အကြောင်းမတိုက်ဆိုင်စွာ ကျတော်တို့ လမ်းခွဲခဲ့ကြတယ်။အေးအေးချမ်းချမ်းပါပဲ။မအေးချမ်းတဲ့ အပိုင်းတွေကတော့ နောက်မှ ဆက်ရေးမယ်နော်။စာရှည်နေပြီမို့လား ဖျက်ချလိုက်အုံးမယ်။
#ဆောင်း
~ stn and ds memories (2-end)
3နှစ်နီးပါး သံယောဇဉ်ဖြစ်ခဲ့ရတဲ့ သူတစ်ယောက်နဲ့ လမ်းအခွဲမှာ ကျတော်ဟာ သန်မာသင့်တာထက် မပိုခဲ့ဖူးပါဘူး။coupအစပိုင်းချိန်တွေဖြစ်တဲ့အပြင် တစ်ယောက်တည်းနေတတ်တဲ့ ကျတော့်အတွက် အိပ်ဆေးတွေဟာ အဖော်ပါပဲ။အိပ်ဆေးတွေရဲ့side effectsတွေက စိတ်ကျခြင်းကို အတိအကျကို ဖြစ်စေခဲ့တာပေါ့။ကိုယ့်ကိုယ်ကိုတောင် ပြန်မလိုချင် ဖြစ်နေခဲ့ရပြီး စိတ်လွတ်နေတဲ့ အချိန်တွေမှာ တကယ်ကို ရူးမတတ်ပါပဲ။အဲ့ဒီကာလတွေကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ခုချိန်ကနေ နောက်လှည့်ကြည့်တော့လည်း ကိုယ့်ကိုယ်ကို ချီးကျူးရပြန်တယ်။
အဲ့လိုနဲ့ ဒုတိယ ရေစက်လေးက စတင်ခဲ့ရပြန်ရော။အကိုနဲ့ကဘယ်က ဘယ်လို ခင်သွားမှန်းမသိပေမယ့် ညတိုင်း အကိုက စကားလာပြောပေးရှာတယ်။အသက်အရွယ်ကွာဟချက်အရ ဘ၀ကို ရှုမြင်ပုံတွေ မတူတာတွေ ဆွေးနွေးခဲ့ကြတဲ့ ညနက်နက် ရက်စွဲတွေပေါ့လေ။covid third waveတွေ ဖြစ်နေချိန်မို့ ကျတော်နဲ့အကိုက ကျန်းမာရေးကိစ္စတွေ ဆွေးနွေးရင်း ပိုရင်းနှီးခဲ့ကြတယ်။စိတ်သာရှိပြီး ဘာကိုမှ ဂရုမစိုက်တတ်တဲ့ ကျတော့်ကို သခင်က စိတ်မချဘူးနေမှာပေါ့ ညတိုင်း စခေါ်ပေးပြီး စကားတွေပြောပေးရှာတယ်။အဲ့ဒီကနေ နှစ်ယောက်လုံး စိတ်အခံရှိတဲ့ Dsအကြောင်းတွေ ဆွေးနွေးဖလှယ်ခဲ့ကြတယ်။ဖြစ်ချင်တော့လည်း ပထမ သခင်လိုပဲ စလေ့တစ်ယောက်တည်း ထားတဲ့သူ မဟုတ်ပြန်ဘူး။ဒါပေမယ့်လည်း အကိုက ပွင့်လင်းပေးခဲ့တယ်။" အဆင်ပြေမှာလား သူနဲ့တော့ မပြီးပြတ်သေးဘူး,မင်းရှိလာလို့ သူ့ကိုတွန်းထုတ်မှာလည်း မဟုတ်ဘူး,fairဖြစ်စေရမယ်" ဆိုတဲ့ သဘောတူညီချက်တွေအလွန်မှာ အကိုနဲ့ Ds/rs စတင်ခဲ့ရတယ်။
အမျိုးမျိုးသော တိုက်ခိုက်ပုတ်ချမှုတွေဟာ အဲ့ဒီမှာ စတင်လာတယ်။ကျတော်ကလည်း အရင်က ဆယ်ကျော်သက်ကောင်မလေး "ဆောင်း" မဟုတ်သလို ဘာကိုမှလည်း သည်းခံ မပေးနိုင်ခဲ့ပြန်ဘူး။ပြသနာတွေအမျိုးမျိုးကြားမှာ သခင်ရော ကျတော်ရော ခေါင်းပူရတဲ့အချိန်တွေပေါ့။script writerက အရမ်းတော်တော့လေ အမြဲလေးစားခဲ့ပေးဖူးတဲ့ 1st mstကိုတောင် အထင်လွဲရက်တဲ့အထိပေါ့။
အဲ့ဒီ 2လဟာ ရှင်းလေ ရှုပ်လေ ပြသနာတွေကြား ရူးချင်လောက်တဲ့အချိန်တွေပါပဲ။တကယ်ကို အတွေး၀င်မိတာက 18နှစ်ကောင်မလေးတစ်ယောက် ဘာလို့ ဒီလောကထဲကို ခြေချ ခဲ့မိတာလဲလို့ပေါ့။အမှားသိရင် အမှန်ပြင်မယ့်အထဲ script writerမပါတဲ့အပြင် အသည်းမာတဲ့သူပါဖြစ်နေတော့ ပြသနာတွေက သပွတ်အူတွေလို ရှင်းမရခဲ့ဘူး။ကျတော့်ကို မကာကွယ်နိုင်ခဲ့တဲ့ အဲ့ဒီအကို သခင်မှာ စပြီးတော့ guilty ၀င်လာတယ်။ သူ့ကြောင့်ဆိုပြီး ခနခန ပြောလာတဲ့အခါ အားနာလာတဲ့အခါ ကျတော်ကတော့ မကြည့်ရက်ခဲ့ဘူး။နာခံမှုကို အရှက်သိက္ခာနဲ့လဲပစ်နိုင်တဲ့အထိကို submission ပေးခဲ့ဖူးတဲ့ တစ်ဦးတည်းသော အမျိုးသားပေါ့လေ။2လတာ သံယောဇဉ်က မရစ်ပတ်သေးတာမို့ ဖုတ်ဖတ်ခါပြီး ထွက်လာလို့ရပေမယ့် သခင့်ဆန္ဒက အဲလို မဟုတ်ခဲ့ပြန်ဘူး။ဒါပေမယ့် တစ်ဖက်ကလည်း အမှားမသိပဲ ခြေလှမ်းတွေ ဆက်လှမ်းတုန်းပဲဆိုတော့ ကျတော့်မှာ အာရုံ အရမ်းနောက်ခဲ့ရတယ်။suicidal attemptတွေ အရာမထင်ခဲ့လို့သာ ဒီနေ့ထိ တကယ် အသက်ရှင်နေခဲ့တာ။
ကျတော်အမြဲပြောလေ့ရှိတယ် ဘယ်နေရာရောက်ရောက် image တစ်ခုကို အမြဲတန်ဖိုးတယ်ဆိုတာကိုပေါ့။အဲလိုပဲ ဒီ ထူးဆန်းတဲ့mindsetနဲ့ "ဆောင်း"ဆိုတဲ့ imageလေးက ကျတော်ပိုင်ဆိုင်ရသမျှတွေထဲမှာ အမြတ်နိုးရဆုံးပါပဲ။ဒါပေမယ့် တစ်စစီ ဖဲ့ချွေခံလိုက်ရတယ် ။အခုထိတောင် စောက်တင်းတုပ်ကြအုံးမယ် မဟုတ်တာတွေ လျှောက်ဖြန့်ကြအုံးမယ်ထင်တယ် ။အဲ့ဒီလို အဖြစ်အပျက်တွေကြားထဲကနေလေ ရုန်းထွက်ချင်စိတ်ပဲရှိတော့ပြီး ပြန်၀င်ချင်စိတ်မရှိတော့လို့ ကျတော့်ရဲ့သခင်နဲ့ ညှိယူ လမ်းခွဲခဲ့တယ်။သူ့မှာလည်း ပါဆင်နယ် အဆင်မပြေမှုတွေအပြင် ဒီlifeအတွက် အရေးမပါတဲ့ ပြသနာတွေကိုပါ ရှင်းနေရတဲ့အတွက် ဒီတစ်ခါတော့ ကြည်ဖြူစွာပဲ လက်ခံပေးခဲ့ရှာတယ်။
သိလား....။အရမ်းနာကျင်ပြီး ရယ်ရတဲ့အဖြစ်အပျက်ကလေ
ဒီလိုတွေ privacyတွေဖောက် ရူးမတတ် ခံစားနေရတဲ့ကျတော့်ကို အကိုကပြောတယ် "မင်းနဲ့အကိုပြတ်တာ သူယုံမှာ မဟုတ်ဘူးတဲ့ သူ့စိတ်ကိုက အဲလိုစွဲနေတာမို့ နောက်ဆုံးတစ်ခု ကူညီပေးပါတဲ့"....😂။
ဒီ Dsဆိုတဲ့ အသိုင်းအဝိုင်းနဲ့ အရာအားလုံးကို စွန့်ခွာကျောခိုင်းဖို့ အဆင်သင့်ဖြစ်နေချိန်မှာ ကျတော်က ရင်တွေကွဲပြီး ဒီထဲမှာ ပြတ်တာသေချာတဲ့အကြောင်း သက်သေပြပေးရသေးတယ်။ရယ်စရာရော ရင်နာစရာရော မကောင်းဘူးလားဟင်။ဒီနေရာမှာ ထည့်ပြောချင်တာကတော့ script writerကြီးက အရမ်းကိုတော်တယ်ဆိုတာရယ် ကျတော့်လိုမျိုး မကြုံရပါစေနဲ့ဆိုတာရယ်ပါပဲ.....။
သခင် ထားနေရက်နဲ့ bfတောင် ထားရမှာ အားနာတဲ့ ကျတော်ရဲ့အယူအဆကလေ ယောက်ျားတစ်ယောက်နဲ့ပတ်သတ်နေရဲ့သားနဲ့ တခြားတစ်ယောက်အပေါ် cheatလုပ်တယ်ဆိုတာမျိုး မရှိခဲ့အောင် နေခဲ့တဲ့သူရယ်။သခင်ထားရင်း bf ထားလို့ရတယ်ဆိုပေမယ့် ကျတော့်စိတ်ကို အပိုင်မရဘူးဆိုပြီး နောက်ဆံတင်း အားငယ်မှာရယ် နှစ်ယောက်ပြိုင်မပတ်သတ်သင့်ဘူးလို့ ယူဆတဲ့ ကျတော့်ခံယူချက်တွေကြောင့် mstထားခဲ့တလျှောက်လုံးမှာ bfတောင်မထားခဲ့တာ သခင်တွေ အသိဆုံးပါ။အဲလို ကောင်မလေးတစ်ယောက်က accတွေများကြီး ဖောက်ပြီး တစ်ကောင့်တစ်ယောက်ထားတာမျိုးက ပိုတောင်ဝေးပါသေးတယ်ရှင်(ဒါက ပြန်ကြားရတာ ကြာပါပြီ အခုစာက imageလေးတစ်ခုအတွက် ထည့်ရေးတာပါ)။
ပျော်စရာတွေလည်း ရှ်ိခဲ့ရသလို နာကျင်ရတာတွေလည်းများတဲ့ ဒီအသိုင်းအဝိုင်းကို တကယ်ကို ကျောခိုင်းဖို့ ဆုံးဖြတ်ပြီးပြီမို့ ပြန်လာမှာ မဟုတ်တော့ပါဘူး။ဆိုတော့ ပြောချင်တာက ခင်ဗျားတို့စိတ်ထဲက ကျတော့်ရဲ့ပုံရိပ်တွေကိုမေ့ပစ်လိုက်ပါ။၀န်ထုပ်၀န်ပိုးတစ်ခုလို သယ်ယူမထားပဲ လွှတ်ချပေးပါ။လက်ရှိ ကျတော့်မှာ ချစ်ရတဲ့ မမနှစ်ယောက်ကလွဲလို့ ပတ်သတ်နေတဲ့ ယောက်ျားတစ်ဦးတစ်ယောက်မျှ မရှိပါဘူးနော်။ဒီလောက် နှောက်ယှက်ရရင် ကျေနပ်ပေးပါတော့လို့....။
တစ်ရက်ရက်မှာ ခင်ဗျားတို့ သတိမထားမိပဲ stn accလေး ပျောက်ကွယ်သွားခဲ့ရင် အဲ့ဒီပျောက်ကွယ်မှုနဲ့အတူ ကျတော့်ကိုပါ မေ့ပစ်ပေးပါ။မလိုချင်ခဲ့တဲ့ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုမို့ လုံး၀ ပြည်ဖုံးကားချပစ်တော့မှာပါ......။
ဒါလေးကတော့ လေးနှစ်နီးပါး Dsနဲ့ပတ်သတ်တဲ့ အတိုချုပ် ကျတော့်အကြောင်းလေးပါပဲ.....။
ပတ်သတ်ခဲ့ဖူးသူ ချစ်ပေးတဲ့သူ အမြင်ကပ်ကြည့်မရတဲ့သူတွေအကုန်လုံးလည်း အေးချမ်းတဲ့ဘ၀တွေမှာ အပူအပန်တွေ နည်းကြပါစေ...🧡။
#ဆောင်း
Comments
Post a Comment