မောင်မောင်
' မောင်မောင် '
မောင်မောင် အခန်းထဲ ရောက်ရောက်ချင်း အခန်းကိုလှည့်ပတ်ကြည့်မိတယ်၊ အခန်းက ဆယ်ငါးပေပတ်လည်လောက်၊ အဝင်အထွက်အတွက် တံခါးတချပ်ပဲရှိတယ်။ ပြတင်းပေါက် မှန်အကြီးကြီးတချပ်တော့ ရှိပေမဲ့ အပြင်ကို မမြင်ရဘူး။ အခန်းက ပြောင်ရှင်းနေပြီး အခန်းထဲမှာ ထိုင်ခုံတလုံးပေါ် ထိုင်နေတဲ့ လူတစ်ယောက်ပဲရှိနေတယ်။ အခန်းအပေါ် မျက်နှာကြက်ထောင့်မှာတော့ စပီကာအသေးတလုံးရှိနေတယ်။ ထိုင်ခုံပေါ်ကလူက မောင်မောင်နဲ့ အသက် မတိမ်းမယိမ်း၊ မပိန်လွန်း၊ မဝလွန်းသူ တယောက်။ ထိုင်ခုံပေါ်မှာ လျော့ရဲရဲထိုင်နေပြီး မျက်လုံးတွေက ကြောက်လန့်နေပုံပေါ်ပြီး ပါးစပ်ကတခုခုကို တိုးတိုးနဲ့ တတွတ်တွတ် ရွတ်နေတယ်။
" အဲ့လူကို မင်းကြိုက်တာ လုပ်လို့ရတယ်၊ မင်းကို ဘယ်သူမှ စောင့်ကြည့်မနေသလို၊ မင်း ဘာလုပ်လည်းဆိုတာ ဘယ်သူမှလည်း မသိဘူး၊ မင်းဘာလုပ်လုပ် ဘယ်သူမှလည်း ဘာမှလည်း မပြောဘူး "
အခန်းမျက်နှာကြက်ထောင့်က စပီကာ အသေးလေးက အသံထွက်လာတယ်။ အသံက အခန်းပြင်က လူတယောက်အသံဆိုတာ မောင်မောင် သိပါတယ်။
မောင်မာင်က သာမန် လူတယောက်ပါပဲ။ သနားစရာမြင်ရင် သနားတယ်၊ ဒေါသထွက်စရာ မြင်ရင် ဒေါသထွက်တတ်တဲ့ သာမန်လူတယောက်ပါပဲ
မောင်မောင်က လျှာထုတ်ပြီး မျက်လုံးကို ဖြဲပြတယ်။
ထိုင်ခုံပေါ်က လူက မရယ်သလို မပြုံးဘူး၊ ဝမ်းနည်းနေသလို ကြောက်နေသလို ပုံပေါ်တဲ့ မျက်လုံးနဲ့ပဲ ကြည့်နေတယ်။ ပါးစပ်ကတော့ တိုးတိုးတိုးတိုး ရွတ်နေတုန်း။
" မင်း သူ့ကို ထိလို့ကိုင်လို့ရတယ်နော် "
စပီကာက အသံထပ်ထွက်လာတယ်။
မောင်မောင်က ရယ်ရယ်မောမောနဲ့ အဲ့လူကို ကလိထိုးတယ်။ အဲ့လူက ချ်ိနဲ့နဲ့တော့ ရုန်းပေမဲ့ မငြင်းဆန်ဘူး။
မောင်မောင်က အဲ့လူရဲ့ လက်နှဖက်ကို ကိုင်မပြီး လေထဲမှာ ဝှေ့ယမ်းလိုက်တယ်။
" ဘာတွေလုပ်နေလဲ၊ ကြိုက်တာ လုပ်နော်၊ အမိန့် တခုခု စမ်းပေးကြည့် " ဆိုပြီး စပီကာက အသံထွက်လာတယ်။
မောင်မောင်လည်း ခဏစဉ်းစားပြီး ကပြဖို့ အမိန့်ပေးလိုက်တယ်။ အဲ့လူက မောင်မောင့် အမိန့်ဆုံးတာနဲ့ ထိုင်ခုံပေါ်ကနေ မတ်တပ်ရပ် ခြေတွေလက်တွေကို မြှောက်ပြီး ကိုးယို့ကားယားကတော့ မောင်မောင်ခွက်ထိုးခွက်လန်ရယ်တယ်။
" ထိုင် " မောင်မောင်က အမိန့်ပေးလိုက်တော့ အဲ့လူက ချက်ချင်း ထိုင်ခုံပေါ် ထိုင်ချလိုက်တယ်။
" ကြမ်းပေါ်ထိုင်"
ချက်ချင်းပြန်ထပြီး ကြမ်းပေါ်ဆင်းထိုင်တယ်။
" ခြေတဖက်မြောက်ပြီး လျှာထုတ်"
မောင်မောင်အမိန့်ပေးလိုက်တော့ သူက လျှာထုတ်ပြီး ခြေတဖက်မြောက်ထားတယ််။
ဘာရယ်မဟုတ် သူအမိန့်ပေးတိုင်း လိုက်လုပ်နေတာကို ကြည့်ပြီး မောင်မောင်ပျော်လာတယ်။
" ဒါပဲလား၊ လုပ်စမ်းပါ၊ ကြိုက်တာလုပ်လေ၊ မင်း ကြိုက်တာလုပ်၊ ဘာမဆိုနော် " စပီကာက အသံထပ်ထွက်လာတယ်။
မောင်မောင်လည်း ဘာထပ်ခိုင်းလို့ ရသေးလဲဆိုပြီး သေချာစဉ်းစားတယ်။
နောက် အဝတ်အစားတွေကို ချွတ်ပစ်ဖ်ို့ အမိန့်ပေးလိုက်တယ်။
အဲ့လူက ချိနဲ့နဲ့နဲ့ သူ့အဝတ်တွေ အကုန်လုံးကို ချွတ်ချလိုက်ပြီး ကိုယ်လုံးတီးနဲ့ မောင်မောင့်ရှေ့မှာ ရပ်နေတယ်။ သူ့ရဲ့ လိင်အင်္ဂါတွေကိုတောင် လက်နဲ့မကာပဲ ရပ်နေတယ်။
မောင်မောင်က တပတ်ပတ်ကြည့်ပြီး ဖင်ကို တချက်ရိုက်ပြီး ခွိခနဲ ရယ်တယ်။
" မင်းလုပ်ချင်ရင် လုပ်လို့ရတယ်နော် " စပီကာက အသံထွက်လာတယ်။
မောင်မောင်က ခေါင်းရမ်းပြီး မလုပ်ပါဘူး၊ ငါက မုဒိမ်းကောင်မှ မဟုတ်ပဲဆ်ိုပြီး တွေးတယ်။
တကယ်လည်း မောင်မောင်က သာမန်လူတယောက်ပါပဲ၊ သနားစရာမြင်ရင် သနားတယ်၊ ဒေါသထွက်စရာ မြင်ရင် ဒေါသထွက်တတ်တဲ့ သာမန်လူတယောက်ပါပဲ
" သီချင်းဆိုပြပါ " မောင်မောင်က တောင်းဆိုတော့ အဲ့လူက သီချင်းတပုဒ်ဆိုပြတယ်၊ အသံက သာမန်ပါပဲ။
" ကပါ ကကွာ "
အဲ့လူက သီချင်းဆိုနေရင်းနဲ့ ခုန်ပေါက်ပြီး ကတယ်။ သူ့လိင်တံက ကကွက်နဲ့အတူ လှုပ်ယမ်းနေတယ်။
မောင်မောင့်အတွက် အဲ့လူက ကစားစရာအရုပ်တခုပဲဆိုတာ တဖြည်းဖြည်းနဲ့ မောင်မောင်သဘောပေါက်လာတယ်။ ဘာတွေလုပ်လို့ရသေးလဲ မောင်မောင် တွေးမိတယ်။
" လုပ်လေ ကြမ်းကြမ်းလေးလည်း ရတယ်၊ လုပ်စမ်းပါ " စပီကာက အသံထွက်လာတယ်။
ပြီးတော့ နံရံအောက်ခြေက နှစ်ပေပတ်လည် အပေါက်တလေးတပေါက် ပွင့်လာပြီး ရေတဘူး၊ တစ်ရှူးတလိပ်နဲ့၊ ဟင်းဆီတွေလူးနေတံ့ ထမင်းကျန်ဟင်းကျန် တပန်းကန်ထည့်ထားတဲ့ လင်ပန်းတချပ် ရောက်လာတယ်။
မောင်မောင်က တစ်ရှုးတွေကို လုံးပြီး ကောက်ပေါက်ကြည့်တယ်။ တဖြည်းဖြည်း ငြီးငွေ့လာတော့ ရေဘူးကိုဖွင့်ပြီး တကျိုက်ထဲ မော့သောက်ချလိုက်ပြီး နည်းနည်းပိုနေတဲ့ ရေတွေကို ဟိုလူ့ဆီ ပက်လိုက်တယ်။ ရေတွေစိုပြီး တွန့်သွားတော့ မောင်မောင်ရယ်မိတယ်။ တဖြည်းဖြည်းနဲ့ မောင်မောင် ပျင်းလာတယ်။ ပန်းကန်ထဲက ဇွန်းကိုယူပြီး ဟင်းဆီတွေလူးနေတဲ့ ထမင်းကျန်ဟင်းကျန်တွေကို ခပ်လို့ ကိုယ်လုံးတီးနဲ့ ရပ်နေတဲ့ လူဆီ ပက်လိုက်တယ်။ ဟိုလူက တွန့်တွန့်သွားတာက လွဲရင်း ဘာမှပြန်မလုပ်ဘူး။ မောင်မောက်တဖြည်းဖြည်းနဲ့ ပျော်တာလိုလို ဒေါသထွက်သလိုလို ဖြစ်လာတယ်။
နောက်ဆုံး ပန်းကန်တချပ်လုံး ယူပြီး အဲ့လူဆီ ကောက်ပေါက်လိုက်တယ်။ နောက် မောင်မောင် သေးပေါက်ချင်လာတယ်။
ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ စပီကာကထွက်ထွက်လာတဲ့ အခန်းပြင်ကလူတွေရဲ့ စကားသံကို ပြန်ကြားယောင်ပြီး အဲ့လူကို ဒူးထောက်ထိုင်ပြီး မော့ခိုင်းလိုက်တယ်။ နောက် မောင်မောင်က ဇစ်ကိုဆွဲချပြီး လိင်တံကိုထုတ်လို့ အဲ့လူမျက်နှာကို သေးနဲ့ ပန်းလိုက်တယ်။ သေးတွေက ခေါင်းပေါ်ကနေ ဆံပင်တွေကို ဖြတ်ပြီး မျက်နှာပေါ် စီးကျလာတယ်။ အဲ့လူက ရုန်းလည်းမရုန်းဘူး၊ ဘာမှလည်းမပြောဘူး။ ထိပ်ဝမှာ ကျန်နေသေးတဲ့ သေးစက်တွေ ထွက်ကျသွားအောင် သူ့လိင်တံကို ဟိုလူ့မျက်နှာနဲ့ ရိုက်ခါလိုက်ပြီး ကျေနပ်မှ ပြန်ထည့်ပြီး ဘောင်းဘီဝတ်လိုက်တယ်။
အကြောင်းမဲ့ အဲ့လူကို ဆံပင်ဆွဲကြည့်တယ်။ မောင်မောင်က သူလုပ်ချင်တာ မှန်သမျှ လုပ်ချင်တိုင်း လုပ်လို့ရနေတာကို သဘောအကျကြီး ကျလာတယ်။ အခန်းပြင်က လူတွေကလည်း စပီကာက တဆင့် မောင်မောင့်ကို အားပေးနေတယ်။
တဖြည်းဖြည်းနဲ့ မောင်မောင်က အဲ့လူကို ဆဲဆိုလာတယ်။ နောက် တံတွေးနဲ့ ထွေးတယ်။ နောက် ပါးတချက်ချကြည့်တယ်။ တဖြည်းဖြည်းနဲ့ လက်ပါလာပြီး ဘာကို စိတ်တိုမှန်းမသိတိုလာတယ်။ တဆက်တည်းမှာလည်း ခုလိုလုပ်နေရတာတွေကို သာယာသထက် သာယာလာတယ်။
အဲ့ချိန်မှာလည်း အပြင်က လူတွေက မောင်မောင်ချင်တာလုပ်လို့ရကြောင်း ဘယ်သူမှ မသိကြောင်း မမြင်ကြောင်း ဘာမှပြောမှာ မဟုတ်ကြောင်းတွေ ပြောနေတယ်။
ရုတ်တရက် မောင်မောင် လုပ်နေတာ အကုန်ရပ်လိုက်တယ်။ ဒီလူ ဘယ်သူလဲ၊ သူ့ကို ဘာကြောင့် ဒီလိုလုပ်ခွင့်ရနေတာလဲလို့ တွေးမိတယ်။ တကိုယ်လုံး သေးတွေရွှဲ၊ စားကြွင်းစားကျန်တွေ ကပ်နေတဲ့ ကိုယ်လုံးတီးနဲ့ လူကို သနားသလို ဖြစ်လာတယ်။ တကယ်တော့မောင်မောင်က သာမန်လူတယောက်ပါပဲ၊ သနားစရာမြင်ရင် သနားတယ်၊ ဒေါသထွက်စရာ မြင်ရင် ဒေါသထွက်တတ်တဲ့ သာမန်လူတယောက်ပါပဲ။
မောင်မောင်က သနားသလိုဖြစ်လာပြီး ရပ်တန့်သွားချိန် စပီကာက စကားတွေ အဆက်မပြတ်ထွက်နေတယ်။ မောင်မောင်က လုံးဝမလှုပ်ရှားတော့ဘူး။ အဲ့ချိန် အခန်းတံခါးရုတ်တရက်ပွင့်လာပြီး တခြားလူသုံးယောက်ဝင်လာတယ်။ အဲ့လူကိုတစ်ယောက်ကဆောင့်ကန်ပြီး တယောက်က ဆံပင်က ဆွဲသွားတယ်။ နောက်တယောက်က သူ့လိင်တံကို ထုတ်ပြီး အဲ့လူပါးစပ်ထဲကို ထည့်တယ်။ သူ့ကို ပါးစပ်နဲ့ အာသာဖြေခိုင်းနေချိန် တခြားတယောက်က နောက်ကနေ အဆက်မပြတ် ခါးပတ်တချောင်းနဲ့ ရိုက်နေတယ်။ ဝင်ဝင်ချင်း စောင့်ကန်လိုက်တဲ့ လူက မောင်မောင့်အနားလာပြီး မောင်မောင့်ကို ဝင်ပါဖို့ ဖိတ်ခေါ်တယ်။
မောင်မောင်လည်း အစကငြင်းပေမဲ့ တဖြည်းဖြည်း ငြိမ်သက်လာတယ်။ အဲ့မှခုနကလိုပဲ မောင်မောင် နည်းနည်းရိုက်ကြည့်တာ၊ ဆံပင်ဖွဖွလေး ဆွဲကြည့်တာကနေ စတယ်။
နောက်တော့ အဲ့လူကို မျက်နှာကို အုပ်ပေးပြီး မောင်မောင့်ကို ခုနက အတိုင်း လုပ်ချင်တာ လုပ်ဖို့ ဆက်ခွင့်ပြုပြီး ထွက်သွားကြတယ်။ မောင်မောင်ရဲ့ လုပ်ရပ်တွေကို အဲ့လူကိုယ်တိုင်ကို သိသာသိတယ် မမြင်နိုင်သလို မောင်မောင်ကလည်း သူခံစားရတာတွေ၊ မောင်မောင့်ကို သူပြန်ကြည့်တာတွေ မမြင်နိုင်တာကြောင့် ကြိုက်သလို လုပ်လို့ရတယ်လို့ ပြောတယ်။
ဒီလိုနဲ့ မောင်မောင့်လုပ်ရပ်တွေ ပိုကြမ်းတမ်းလာတယ်။ တောင်စောင်းကလိမ့်ကျလာတဲ့ နှင်းဘောလုံးလိုကြာလေလေ ထုထည်ကြီးလာလေလေ အရှိန်ပြင်းလာလေလေပဲ။
ဒီလိုနဲ့ မောင်မောင်က အဲ့လို ကျူးလွန်ရတာကို သဘောကျလာတယ်။ ရုတ်တရက် မျက်နှာအုပ်ထားတာ ကျွတ်ပြီး နာကျဉ်ခံစားနေရတဲ့ အဲ့လူမျက်နှာကို မောင်မောင်ကြည့်မိ၊ မြင်မိသွားတယ်။ မောင်က သာမန်လူတယောက်ပဲ၊ ခံစားချက်ရှိတဲ့ သာမန်လူတယောက်၊ အဲ့အတွက် မောင်မောင့်မှာ သနားစိတ် ဝင်လာတယ်။
မောင်မောင်က သူဒီလို သူတပါးကို ရက်စက်မိတာကို လက်မခံနိုင်ဘူး။ ခုလိုဖြစ်တာဟာ သူ့ကြောင့် မဟုတ်ပဲ သူ့ကို မြှောက်ပေးနေတဲ့ အခန်းပြင်က လူတွေကြောင့်လို့ သူအပြစ်တင်ဖို့ တွေးတယ်။ ပြီးတော့ သူ့ကိုယ်သူ အပြစ်တင်တယ်။ ငါ ဘာလုပ်မိတာလဲဆိုပြီးပေါ့။
အဲ့ချိန်မှာ အခန်းပြင်က လူတွေက စပီကာက တဆင့် မောင်မောင့်ကို ရှင်းပြတယ်။ တကယ်တော့ အခန်းထဲက မောင်မောင်ပြုသမျှ နုနေရတဲ့သူဟာ ကွင်းဆက် လူသတ်သမား ဖြစ်ကြောင်း သူဟာ ကလေးငယ်တွေ ရက်ရက်စက်စက် သတ်ဖြတ်ဖူးကြောင်း၊ ဒါကြောင့် မောင်မောင်လုပ်သမျှ သူခံရတာ ထိုက်တန်ကြောင်း၊ လုပ်တဲ့ မောင်မောင်က တကယ်ဆို သူရဲကောင်း ဖြစ်ကြောင်း ရှင်းပြတယ်။ အဲ့တာက တကယ်လည်း ဖြစ်နိုင်တယ်၊ လိမ်တာလည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ မောင်မောင်အများကြီး မတွေးဘူး၊ သူတို့ပြောတာ အမှန်ပဲလို့ မောင်မောင်ဇွတ်မှိတ်ယုံကြည်လ်ိုက်တယ်။ ဘာလို့ဆို မောင်မောင်က သူတပါးကို ညှင်ပန်းတတ်တဲ့ လူတယောက်မဟုတ်ဘူး။ မောင်မောင်က သာမန်လူတယောက်ပါပဲ၊ သနားစရာမြင်ရင် သနားတယ်၊ ဒေါသထွက်စရာ မြင်ရင် ဒေါသထွက်တတ်တဲ့ သာမန်လူတယောက်ပဲ။ အဲ့လူက အပြစ်ရှိတယ်လို့ တွေးကာမှ မောင်မောင်က စိတ်သက်သာရာ ရမှာမို့ ဇွတ်မှိတ်ယုံကြည်လိုက်တယ်။
ပြီးတော့ မောင်မောင်ပျော်ပြီး တက်ကြွလာတယ်။ ဒါက မောင်မောင်ဟာ လူယုတ်မာတကောင်ကို အပြစ်ပေးနေရတယ်ဆိုတာထက် မောင်မောင်လုပ်မိတဲ့သူက လူယုတ်မာမို့ အပြစ်မရှိပါဘူးလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်လာတာကြောင့်ပဲ။
ဒီလိုနဲ့ မောင်မောင်ဟာ လူတယောက်ကို ကလိထိုးတာ၊ ကပြခိုင်းတာကနေ စပြီး အဲ့လူ အရိုးတွေကို ရိုက်ချိုးတဲ့အထိ၊ အသားတွေကို ဓားနဲ့ လှီးဖြတ်တဲ့ထ်ိ၊ မုဒိမ်းကျင့်တဲ့ထိ မောင်မောင်လုပ်လာနိုင်တယ်။
မောင်မောင် ခြေကုန်လက်ပန်းကျသွားတော့ အခန်းကြမ်းပြင်မှာ ပစ်လှဲချလိုက်တယ်။ အဲ့လူက သွေးတွေ၊ ဒဏ်ရာတွေ အပြည့်နဲ့ ပုံပျက်ပြီး ကြမ်းပေါ်လဲနေတယ်။
စပီကာကနေ တော်ပြီလားဆိုတဲ့ အသံထွက်တော့ မောင်မောင် ပင်ပန်းလွန်းတော့ အသံတောင်မထွက်နိုင်ပဲ ခေါင်းပဲငြိမ့်ပြလိုက်တယ်။
မောင်မောင့်ကို အခန်းထဲက ထုတ်ပြီး ဟိုတယ်လို အခန်းကြီးတခုမှာ အနားယူဖို့ ပေးထားတယ်။
နောက်တရက်ရောက်တော့ မောင်မောင် အခန်းနောက်တခုထဲ ထပ်ဝင်ရတယ်။ အဲ့အခန်းထဲမှာ လူနှစ်ဆယ်လောက်ရှိတယ်။ အခန်းရှေ့က မှန်ချပ်ကြီးနားမှာ လူတွေ ဝိုင်းအုံနေကြတယ်။ အဲ့မှန်ကြီးကနေ အခန်းတခုရဲ့ အထဲကို မြင်ရတယ်။ အဲ့အခန်းထဲမှာ လူနှစ်ယောက်ရှိနေတယ်။ တစ်ယောက်က ရပ်နေပြီး တယောက်က ထိုင်နေတယ်။
မောင်မောင်ရှိတဲ့ အခန်းထဲကနေ လူတစ်ယောက်က " အဲ့လူကို မင်းကြိုက်တာ လုပ်လို့ရတယ်၊ မင်းကို ဘယ်သူမှ စောင့်ကြည့်မနေသလို၊ မင်း ဘာလုပ်လည်းဆိုတာ ဘယ်သူမှလည်း မသိဘူး၊ မင်းဘာလုပ်လုပ် ဘယ်သူမှလည်း ဘာမှလည်း မပြောဘူး " လို့ လှမ်းပြောသံကြားရတယ်။ နောက် အခန်းထဲက ရပ်နေတဲ့သူက ခေါင်းညိမ့်တယ်။ မနေ့က မောင်မောင်အခန်းထဲရှိနေတုန်း စပီကာက ထွက်လာတဲ့ အသံတွေက ဒီကလာတာပဲလို့ မောင်မောင် သဘောပေါက်လိုက်တယ်။
အဲ့လူကလည်း အစမှာ နောက်လိုက်ပြောင်လိုက်၊ နောက်တဖြည်းဖြည်း ကြမ်းတမ်းလာတယ်။ မောင်မောင်လည်း ကြည့်ရတာ သဘောကျတယ်။ အားရတယ်၊ စပီကာကနေ တဆင့်အားပေးတယ်။ တချက်အားမလ်ို အားမရဖြစ်တယ်။ တကယ်တော့ မောင်မောင်က သာမန်လူတယောက်ပါပဲ၊ သနားစရာမြင်ရင် သနားတယ်၊ ဒေါသထွက်စရာ မြင်ရင် ဒေါသထွက်တတ်တယ်၊ တခုခုဆို အများနည်းတူ လိုက်စီးမျောပြီး ပျော်ချင်တယ်။ မောင်မောင်က သာမန်လူတယောက်ပါပဲ။ အဲ့တကြောင့်လည်း ငါသာဆို ဘယ်လိုရိုက်မှာ ဘယ်နားကို ဘယ်လိုဆိုပြီး မောင်မောင်တွေးနေတုန်း အခန်းတံခါးပွင့်သွားတယ်။ သွားချင်တဲ့သူသွားဆိုတော့ မောင်မောင်အပါအဝင် နောက်နှစ်ယောက် လိုက်သွားပြီး ခုနက မှန်အပြင်က ကြည့်ပြီး အားမရခဲ့သမျှ အတိုးချဝင်ဆော်ပြီး အခန်းထဲ ပြန်ဝင်ကြတယ်။
ညကျ မောင်မောင် မနေ့က ဟိုတယ်ခန်းမှာ အိပ်ပျော်သွားတယ်။ အိပ်ယာကနိုးတော့ ဟိုတယ်က အိပ်ယာပေါ်မှာ မဟုတ်ပဲ အခန်းတခန်းထဲက ခုံတလုံးပေါ်ဖြစ်နေတယ်။ မောင်မောင်တကိုယ်လုံး လှုပ်မရဘူး။ ပါးစပ်လည်း ဟလို့ရတယ်ဆိုရုံလေးရတယ်၊ အသံတော့ မထွက်ဘူး။
ခနနေတော့ အခန်းထဲကို လူတစ်ယောက်ဝင်လာတယ်။ သာမန်ကောင်လေးတယောက်ပါပဲ ပြုံးပြုံးရွှင်ရွှင်နဲ့။
" အဲ့လူကို မင်းကြိုက်တာ လုပ်လို့ရတယ်၊ မင်းကို ဘယ်သူမှ စောင့်ကြည့်မနေသလို၊ မင်း ဘာလုပ်လည်းဆိုတာ ဘယ်သူမှလည်း မသိဘူး၊ မင်းဘာလုပ်လုပ် ဘယ်သူမှလည်း ဘာမှလည်း မပြောဘူး "
အဲ့ကောင်လေးက မောင်မောင့်ကို ပြုံးပြီး ကြည့်နေတုန်း စပီကာကနေ အသံထွက်လာတယ်။
" ထ " ကောင်လေးက အမိန့်ပေးလိုက်တော့ မောင်မောင် ခန္ဓာကိုယ်က အလိုလိုထသွားတယ်။ မောင်မောင်ကြောက်နေတယ်။ မောင်မောင်က ကြောက်စရာရှိ ကြောက်တတ်တဲ့ သာမန်လူတစ်ယောက်ပါပဲလေ၊ စကားနဲ့ပြောမရပေမဲ့ မောင်မောင့်မျက်လုံးတွေကနေတဆင့် မောင်မောင် ကြောက်နေတာကို ကောင်လေးက သိသွားတယ်ထင်တယ်။
" ငါတချိန်တုန်းက မင်းနေရာမှာ ငါထိုင်ခဲ့တာ " ကောင်လေးက ပြောတော့ မောင်မောင် အံ့ဩသွားတယ်။
" မင်းက ငါ့နေရာမှာ ရောက်ဖူးခဲ့တဲ့ကောင်ဖြစ်နိုင်တယ်၊ တခါမှ မရောက်ဖူးသေးတဲ့ ဘာမှမသိတဲ့လူသစ်တယောက်လည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့လည်း ငါအပြစ်ရှိသလို ခံစားရပြီး ရပ်သွားရင်တော့ မင်းဟာ ဘယ်လို မကောင်းတဲ့သူဖြစ်ကြောင်း အခန်းပြင်က လူတွေက ရှင်းပြမှာပဲ "
ကောင်လေးက ဆက်ပြောပြီး မောင်မောင့်ကို အဝတ်တွေချွတ်ပြီး သူ့ခြေထောက်တွေကို လျက်ဖို့ အမိန့်ပေးတယ်။ မောင်မောင်လည်း အဝတ်တွေကိုချွတ်၊ လေးဘက်ထောက်ပြီး အဲ့ကောင်လေးရဲ့ ခြေထောက်တွေကို အားပါးတရ လျက်ရတယ်။ လျက်နေတုန်း ကောင်လေးက ဖြတ်ကန်တော့ ပက်လက်လန်သွားတယ်။ ဒါပေမဲ့ ကောင်လေးက ချက်ချင်းပြန်လာပြီး လျက်စမ်း ဆိုပြီး အမိန့်ပေးလို့ နာတာကို လျစ်လျှုရှုပြီး ပြေးလျက်ရတယ်။
" မင်းကတော့ တွေးနေမှာပဲ၊ ငါ ဒီလိုခံထားဖူးတာတောင် ဘာလို့ မင်းကို မညှာတာလဲပေါ့၊ ငါလည်း မသိဘူး၊ ဒါပေမဲ့ ငါ့တုန်းကတောင် လုပ်တဲ့ကောင်က ရက်ရက်စက်စက်လုပ်သေးတာပဲ၊ ငါပြန်လုပ်လို့ရတဲ့ အလှည့်ကျတော့လည်း ဘာလို့ မလုပ်ရမှာလည်းပေါ့၊ မင်းလည်း ဒီနေ့မသေသေးလို့ ရှင်ပြီး မင်းငါ့နေရာ ပြန်ရောက်လာရင် လုပ်ချင်လုပ်ပေါ့ " ကောင်လေးက ဆက်တိုက်ပြောနေတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကြမ်းတမ်းလာပြီး မောင်မောင် အရိုးတွေ အပိုင်းပိုင်းကျိုးသလို ခံစားရပြီး သတိလစ်သွားတဲ့ အထိပါပဲ။
အိပ်ယာက နိုးလာတော့ ဟိုတယ်ခန်းထဲမှာ ပြန်ရောက်နေတယ်။ လူတယောက်က လာခေါ်ရင်း မောင်မောင်သတိလစ်နေတာ အတော်ကြာပြီလို့ ပြောတယ်။ နောက်တော့ မောင်မောင့်ကို အခန်းတခုထဲခေါ်လာတယ်။ မောင်မောင် အခန်းထဲ ရောက်ရောက်ချင်း အခန်းကိုလှည့်ပတ်ကြည့်မိတယ်၊ အခန်းက ဆယ်ငါးပေပတ်လည်လောက်၊ အဝင်အထွက်အတွက် တံခါးတချပ်ပဲရှိတယ်။ ပြတင်းပေါက် မှန်အကြီးကြီးတချပ်တော့ ရှိပေမဲ့ အပြင်ကို မမြင်ရဘူး။ အခန်းက ပြောင်ရှင်းနေပြီး အခန်းထဲမှာ ထိုင်ခုံတလုံးပေါ် ထိုင်နေတဲ့ လူတစ်ယောက်ပဲရှိနေတယ်။ အခန်းအပေါ် မျက်နှာကြက်ထောင့်မှာတော့ စပီကာအသေးတလုံးရှိနေတယ်။ ထိုင်ခုံပေါ်မှာ အဲ့လူက လျော့ရဲရဲထိုင်နေပြီး မျက်လုံးတွေက ကြောက်လန့်နေပုံပေါ်ပြီး ပါးစပ်ကတခုခုကို တိုးတိုးနဲ့ တတွတ်တွတ် ရွတ်နေတယ်။
" အဲ့လူကို မင်းကြိုက်တာ လုပ်လို့ရတယ်၊ မင်းကို ဘယ်သူမှ စောင့်ကြည့်မနေသလို၊ မင်း ဘာလုပ်လည်းဆိုတာ ဘယ်သူမှလည်း မသိဘူး၊ မင်းဘာလုပ်လုပ် ဘယ်သူမှလည်း ဘာမှလည်း မပြောဘူး "
စပီကာက အသံထွက်လာတယ်။ မောင်မောင်လည်း သူအရင်ခံထားရတာတွေ ပြန်စဉ်းစားမိတယ်။ ဒါပေမဲ့ ခုချိန်မှာ ငါလုပ်ချင်တာ လုပ်လို့ရတာပဲဆိုတဲ့ အတွေးဝင်လာတယ်။ ငါ့တုန်းကတောင် လုပ်တဲ့သူကလုပ်သေးတာပဲ၊ ခု ငါလုပ်သမျှ သူခံရမှာပဲ။ ငါလုပ်တာ တရားတယ်၊ ဒီကောင်ခံသင့်တယ်၊ ငါလုပ်တာကို လူတွေကလည်း ထောက်ခံတယ်ဆိုတဲ့ ယုံကြည်ချက်ပေါ်လာတယ်။
တကယ်တော့ မောင်မောင်က သာမန်လူတယောက်ပါပဲ၊ သနားစရာမြင်ရင် သနားတယ်၊ ဒေါသထွက်စရာ မြင်ရင် ဒေါသထွက်တတ်တယ်၊ ဖောက်ပြန်စရာရှိလည်း ဖောက်ပြန်ပျက်ပြားတတ်တဲ့ သာမန်လူတယောက်ပါပဲ။
#Teno
Comments
Post a Comment