ဆံနွယ်ရှည်တွေကြောင့် ဘဝပျက်ခဲ့တဲ့သွန်း အပိုင်း(၁) မိုးဦးကျရာသီဆိုတော့ အရာရာဟာအလွမ်းငွေ့ငွေ့လောင်လှိုက်နေသလို သွန်းတယောက်လည်း သူမရဲ့ဆံနွယ်ရှည်တွေကိုတမ်းတနေမိသည်. ဆံနွယ်ရှည်တွေကိုတွေးမိတိုင်းလူယုတ်မာနှစ်ယောက်ကို ရင်ထဲအသည်းထဲက နာကျဥ်းနေမိလေသည်. သူမနာမည်က သွန်းသံစဥ်..အသက်က ၂၂နှစ် .မိဘတွေနယ်မှာနေတယ်သူမကတော့ ရန်ကုန်ကဆင်ခြေဖုန်းရပ်ကွက်လေးမှာ ဒီဇိုင်နာအလုပ်ရတဲ့ပိုက်ဆံလေးနှင့်အိမ်လေးတလုံးငှားနေတယ်.အလုပ်ကတော့ဒီဇိုင်နာအလုပ်ေပါ့အောင်အောင်မြင်မြင်မဟုတ်ပေမဲ့ အဆင်ပြေလှသည်. သွွန်းတယောက်အလွမ်းတွေကိုကြိုးစားဖြေဖျောက်ရင်း စိတ်ထဲတွင်ပိုပို၍ဝင်လာမိလေဖြစ်နေတယ်....... ထိုနေ့က ဒီဇင်ဘာ၂၇ သောကြာနေ့ ဖုန်းအလန်းသံမြည်၍ နာရီကြည့်လိုက်ရာ မနက် ၆နာရီပင်ထိုးလေပြီ. နေရောင်ခြည်ကမျက်နှာပေါ်သို့တိုးဝင်စပြုလေပြီ. ရာသီဥတုသာယာသော်လည်း သွန်းတယောက် စိတ်လေးလံစွာဖြင့်အိပ်ယာထလိုက်လေသည်. ဒီေန့သောကြာနေ့ဖြစ်၍ အိုဗာတိုင်ဆင်းရမည်ကို တွေးမိရင် သွန်းစိတ်ညစ်သွားသည်. အိမ်ပြန်ရမည့် အချိန်က ည၉နာရီဆိုတော့အတော်မိုးချုပ်နေတော့ပေမည်ဟု သွန်းတွေးနေလေသည်. အိပ်ယာပေါ်ပြန့်ကျဲနေသောဆံနွယ်များကို သိမ်းကျုံးယူပြီး စည်းနေရင်း "ဒီဆံပင...