Posts

Showing posts from October, 2022

အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

My Beloved Master

Image
 "My Beloved Master" Ep-1 ည၏အမှောင်ထုက တစ်ဖြေးဖြေးသိပ်သည်းလာချိန် ကားသံများမှလွဲ၍တိတ်ဆိတ်လာလေသည်။မြို့ပြ၏တစ်နေရာ တိုက်ခန်းတစ်ခုအတွင်းတွင် မေနှင်းစက်တစ်ယောက် အိပ်ယာပေါ်‌တွင် မှောက်လိုက် လှန်လိုက်နှင့်အလုပ်ရှုပ်နေလေသည်။ဖုန်း screen အထက်မှ social media applications တစ်ခုအားဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်မှာ နာရီဝက်ပင် မကတော့..။ နှင်းစက်ကြည့်‌နေသည့် account တစ်ခုမှာ ပိုင်ရှင်၏ပုံမတင်ထားပဲ သာမန်သာဖြစ်‌သော်လဲ ထို account တွင်တင်ထားသောပုံများ BDSM Theme ကိုအသားပေးထားသော ပုံများဖြစ်နေလေသည်။  မေနှင်းစက်သည် အသက် 26 နှစ်ရွယ်ရှိနေပြီဖြစ်ပြီး ကိုယ်တိုင်လဲ BDSM ကို ဝါသနာပါသူတစ်ယောက်ဖြစ်နေလေသည်။သို့သော် စာတွေ့သက်သက်သာပင်။ introvert တစ်ယောက်ဖြစ်သော မေနှင်းစက် သည် BDSM ကို အသက်24 နှစ်အရွယ်‌တွင်စတင်သိခဲ့ပြီး‌နောက် ကိုယ်တိုင်လဲ Submissive Mindset ရှိသူတစ်ယောက်မှန်းသိရှိထားသူဖြစ်သည်။ယခင်တွဲခဲ့သော ရည်စားများနှင့် normal relationship များမှာ မမြဲခဲ့ပဲအကြောင်းအမျိုးမျိုးကြောင့်ပြတ်ခဲ့ရသည်။အဓိကအကြောင်းအရင်းမှာ Sub Mindset ရှိနေသူ မေနှင်းစက်မှာလွှမ်းမိုးခံချင်သည့် စိတ်အခံရှိသော်လည်း အပြင်ပန်းတွင်ထက်မြက်...