မိထွေးကိုကြောက်တယ်

မိထွေးကိုကြောက်တယ် မောင်မောင်တို့ရပ်ကွက်လေဟာတကယ်ကိုတိတ်ဆိတ်တဲ့ရပ်ကွက်လေတစ်ခုပါ…..မောင်မောင်မှာဆယ်တန်း ကျောင်းသားလေးဖြစ်ပြီးအမေမရှိတော့ပါဘူးမောင်မောင်အဖေကလည်းနောက်အိမ်ထောင်နဲ့ဆိုတော့မောင် မောင်ဘ၀လေးဟာသနားစရာလေးပေါ့….မောင်မောင်ကအဖေဦးမင်းလွင်မိထွေးဒေါ်ခင်ချိုနဲ့အတူတူနေရရှာ တယ်..မိထွေးဖြစ်တဲ့ဒေါ်ခင်ချိုဟာအိမ်တစ်ဆောင်လုံးမှာသြဇာအရှိဆုံပေါ့..ဒေါ်ခင်ချိုကအသက်(၃၀)လောက် သာရှိသေးသည်..ဒါပေမဲ့ဦးမင်းလွင်ကတော့အသက်(၅၀)ကျော်နေပြီဖြစ်သည်..ဒေါ်ခင်ချိုကိုကြောက်တာက လည်းထိုင်ဆိုလျှင်အိပ်နေလောက်အောင်ကြောက်နေပါတော့သည်….ဒေါ်ခင်ချိုမှာငယ်ရွယ်သလိုလှပသော မိန်းကလေးဖြစ်နေတော့ဦးမငး်လွင်ကလည်းကြောက်ချစ်ရိုသေနေပါတော့သည်ဒေါ်ခင်ချို၏နို့ကြီးများဟာဆို လျှင်မောင်မောင်၏ခေါင်းလောက်နီးပါးရှိနေပါတော့သည်…ဒေါ်ခင်ချိုသည်အဝတ်အစားကိုလည်းအတိုအထွာ အဝတ်များပါသည်..ထိုကြောင့်ပင်ဝင်းလက်တောက်ပသောခြေသလုံးလေများသည်တွေ့သူတိုင်းမျက်လုံးများ ၏အကြည့်များသည်ဒေါ်ခင်ချိုဆီမှမခွာနိုင်ဖြစ်နေတော့သည်ဒေါ်ခင်ချိုသည်ဦးမင်းလွင်နဲ့မောင်မောင်ပေါ်တွင် အလွန်ပင်သြဇာညောင်းပါသည်…..ဒေါ်ခင်ချိုဝတ်သည်အဝတ်များကိုမောင်မောင်နဲ့ဦးမင်းလွင်တို့ကအလှည့်ကျ လျှော်ရလေသည်…ဒေါ...

ချယ်ရီ

 စာရေးတဲ့သူတွေ မတွေ့တာနဲ့ ကိုယ့်ဘာသာပဲ ရေးလိုက်တော့တယ်။ 


ချယ်ရီ

-------


ချယ်ရီအဆောင်ပြန်ရောက်တော့ ညနေ ၆ နာရီရှိနေပီ။ နွေကာလမို့သာ မိုးမမှောင်သေးတာလို့တွေးရင်း နက်ဖြန်ခရီးအတွက် ထည့်ထားတဲ့အိတ်ကိုပြန်စစ်လိုက်သည်။ မှတ်ပုံတင်၊ ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ် အကုန်ပါတာသေချာအောင် စစ်ရသည်။ ပိုက်ဆံကို နေရာခွဲထည့်ထားတာတွေ သေချာစစ်သည်။လက်ဆောင်တွေကချည်း အထုတ်တစ်ထုတ်ဖြစ်နေပီ။ သူရွာမပြန်ဖြစ်တာ သုံးနှစ်ရှိပီ။ ကိုဗစ်ဖြစ်တာကော အခြားအကြောင်းတွေရောကြောင့် သွားလာဖို့မလွယ်ကူတာနဲ့ မပြန်ဖြစ်။ စစချင်းတုန်းကတော့ အိမ်လွမ်းနာကျလိုက်သေးသည်။ ငယ်ကတည်းက အိမ်မှာတစ်ဦးတည်းသောသမီး ဖတဆိုးလေးဆိုပြီး အကိုတွေကော အမေကောက သိပ်အလိုလိုက်ကြသည်။ အတူနေ ကျောင်းဆရာမအဒေါ်ကြောင့်သာ မဟုတ်ရင် ချယ်ရီလည်း ပညာရေးထွန်းပေါက်နိုင်ဖွယ်မရှိ။ နဂိုဥာဏ်ကောင်းပေမယ့် ပျင်းတာနဲ့ပေါ့ပေါ့နေတတ်တာ လျှပ်ပြာလျှပ်ပြာလုပ်တာကြောင့် စာမေးပွဲ​​တွေမှာ အမှတ်သိပ်ကောင်းလေ့မရှိ။ ဒါ့ကြောင့် ဆယ်တန်းမှာ ချယ်ရီသုံးဘာသာဂုဏ်ထူးပါတော့ ရွာကလူတွေက မယုံကြ။ ပိုက်ဆံပေးလို့ရလာသလိုလိုပြောကြသည်။ တကယ်ကတော့ မြို့ကိုတူတူလိုက်လာပြီး အနီးကပ်အုပ်ထိန်းပေးတဲ့ အဒေါ်ရဲ့လက်သံကြောင့် ချယ်ရီအမှတ်ကောင်းခဲ့ခြင်းသာ။ မျက်ရည်နဲ့မျက်ခွက်ကုန်ဆုံးခဲ့ရတဲ့နေ့တွေဟာ ရလာဘ်ထွက်လာတော့ ချိုမြိန်စရာအတိတ်လေးတွေဖြစ်သွားသည်။ 


တက္ကသိုလ်ထွက်ဖို့ထွက်လာခဲ့ပြီး ပထမနှစ်မပြီးခင်မှာပဲ ကျောင်းတွေပိတ်ရပီး ပြန်ဖွင့်တော့လည်း မကြာခင်မှာပဲ တိုင်းရေးပြည်ရေးကပြောင်းလဲခဲ့သည်။ ကျောင်းပြန်တက်ဖို့လိပ်ပြာမလုံတာကြောင့်မို့ ချခဲ့တဲ့ဆုံးဖြတ်ချက်ကို မိသားတစ်စုလုံးက ထောက်ခံပေးတာကိုလည်း ကျေးဇူးတင်ရသလို စိတ်လေမသွားအောင် ထိန်းကျောင်းပေးခဲ့တဲ့ မမကိုလည်း ကျေးဇူးတင်သည်။ မမယုက ချယ်ရီကျောင်းတက်နေတဲ့မြို့က လုပ်ငန်းရှင်တစ်ယောက်။ ကျောင်းမတက်ဖြစ်တော့ အိမ်ပြန်ခဲ့ဖို့ ခေါ်ကြပေမယ့် ချယ်ရီက အသိုက်ကထွက်လာကာစမို့ လွတ်လပ်မှုကို မြတ်နိုးနေချိန်။ ပြန်မသွားချင်သေး။ အဲ့မှာ တွေ့ရာအလုပ်ရှာရင်း မမယုရဲ့ဆိုင်ကို ရောက်လာခဲ့တာပဲ။ ချယ်ရီ့အကြောင်းကိုသိလို့ ပိုပြီးကူညီပေးခဲ့တယ်။ အလုပ်ကို သေချာသင်ပေးခဲ့သလို လိုအပ်တဲ့ပညာရဖို့သင်တန်းတွေကိုလည်း သူပဲအကုန်အကျခံထားပေးခဲ့တယ်။ မမယုဟာ ချယ်ရီ့အဖို့တော့ အမအရင်းတစ်ယောက်လို့ပဲ ခံယူထားတယ်။ ခုလည်း အိမ်ပြန်မယ်ဆိုတာနဲ့ အိမ်အတွက်ပါလက်ဆောင်တွေ ဝယ်ပေးလိုက်သေးသည်။


မနက်နှိုးစက်မမြည်ခင်ကတည်းက နိုးနေနှင့်ပီ။ စိတ်လှုပ်ရှားနေလို့လည်းဖြစ်မလားမသိ။ လမ်းတစ်လျေှာက်လည်း ကားကပဲ နှေးနေသလိုလို။ အိမ်ရှေ့ကားရောက်တော့ ကားမရပ်သေး တံခါးဖွင့်ထွက်ချလိုက်သည်။ အိမ်ထဲက ကိုငယ်က အရင်မြင်သည်။ အမေတို့ ဒေါ်လေးတို့ကော ထွက်လာပြီး နှုတ်ဆက်ကြ၊ အထုတ်တွေချကြနဲ့ ပျော်စရာကြီးပင်။ ရွာထုံးစံအတိုင်း ဘေးအိမ်တွေကပါ လာနှုတ်ဆက်ကြတာမလား။ တစ်နေကုန်ကားစီးလာတာကော ဧည့်သည်တွေမပြတ်တာကောနဲ့ ညနေစောင်းကျတော့ ချယ်ရီအတော်ပန်းနေချေပြီ။ ရေအေး​အေးလေးချိုးလိုက်မှ လန်းသွားသည်။ ညကျတော့ တစ်အိမ်လုံးအိမ်ရှေ့ကွပ်ပျစ်မှာထိုင်စကားပြောကြသည်။


"ကျုပ်ကတော့ ကျုပ်သမီးဒီလောက်ဖြစ်လာမယ်လို့ထင်ကိုမထင်တာတော်" 

"အမယ် သမီးက ငယ်ငယ်ကတည်းက ဥာဏ်ကောင်းပါတယ်နော်"

"ဥာဏ်ကောင်းတာတော့ဟုတ်ပါရဲ့အေ၊ စာကျတော့ ဘယ်နားလုပ်လို့တုန်း။ စာလုပ်ဖို့ပြောရင် တီဆားနဲ့တို့သလိုပဲ။ အဲ့လိုကောင်မကို ဂုဏ်ထူးအများကြီးနဲ့ အောင်အောင်သင်နိုင်တာ မီးငယ်တော်ပေလို့သာပေါ့"

မီးငယ်ဆိုတာ အဒေါ့်ကို အမေက ခေါ်တာ။ 

"အမယ် သမီးလည်း တော်လို့ပါနော်။ ဒေါ်ငယ်ချည်းပဲတော်လို့ မရပါဘူးနော်"

"ဟုတ်ပါတယ်အေ။ ညီးလည်း တော်လို့သာပေါ့။ ကျုပ်က အရောင်တင်ပေးရုံပါ။ ကျောက်သားကောင်းပီးသားမို့ကျောက် အောင်တာပေါ့" အဒေါ်ဖြစ်သူမှ ဝင်ပြောသည်။

"အိုးကောင်းနာနာနှက်တယ်ပြောပါ။ ဒီကောင့်ကို ဖင်ရောင်လာအောင် ရိုက်ခဲ့ရတာမလား ဟား ဟား"

ကိုကြီးက ဝင်ပြောရင်းရယ်သည်။ 

ကိုကြီးပြောလိုက်တော့ ချယ်ရီ့မျက်နာလေး ရဲသွားသည်။ ပြောကြတော့မယ် သူတို့တွေ ငါရိုက်ခံရတဲ့အကြောင်းတွေဟု တွေးရင်း မျက်နာအောက်ချနေလိုက်သည်။ 

"ဟဲ့ အဲ့တာကတော့ ဖြစ်ထွန်းမယ့်ဟာကို မလုပ်နေတော့ အသဲယားပြီး ရိုက်ရတော့တာပဲ။ ရိုက်လွန်းမှကို တော်ကာကျတယ် မိချယ်ဆိုသည်မှာလည်းလေ။ သံပတ်အရုပ်များလိုပဲ သံပတ်ကုန်ရင် ရပ်ရပ်သွားလို့ ကြိမ်တို့ပီး သံပတ်ပေးရတာ"

"အေးလေ ဘယ်လောက်​ ပေးခံရတယ်တော့မသိဘူး။ အဲ့ကပြန်လာမှပဲ ဖင်တုံးကြီးလာတော့တာပဲ ဟားဟား" မေမေကဝင်အရွှန်းဖောက်သည်။ မေမေက အဲ့လိုပဲ ကိုယ့်သမီးကို သူကရှေ့ဆုံးကပြောတာ။ အပျိုဖော်ဝင်လို့ ဖွံ့လာတာကို ရိုက်ခံရတာနဲ့မဆိုင်လည်း မရအရပြောသေးတာ။ 

"မိချယ်တို့ကလေ ရိုက်တုန်းသာ တရှုံ့ရှုံ့နဲ့။ ပီးရင် မျက်ရည်မှမခြောက်သေး ဟီးဟီးဟားဟားဖြစ်ချင်ဖြစ်နေတာ။ မှတ်တယ်ကို မရှိဘူး။ အာ့ကြောင့်ကို ပိုနာတာ"


ချယ်ရီထိုအချိန်တွေကို ပြန်သတိရမိသွားသည်။ အဒေါ်သူ့ကို စရိုက်တာက ကိုးတန်း ပထမလပတ်စာမေးပွဲမှာဖြစ်သည်။ ဘာလို့ဆို တစ်ဘာသာကျလို့။ ဖြစ်ပုံက အိမ်က မခွဲစဖူးခွဲပြီးလာကာစဆိုတော့ အိမ်လွမ်းပြီး စိတ်ဓာတ်ကျနေတာနဲ့ စာတွေ မကျက်မိ၊ ကျက်လည်းမကျက်ချင်။ စာမေးပွဲအချိန်သိမှထပြီးစာလုပ်တော့ ဥာဏ်ကောင်းပေမယ့် နောက်ဆုံးဘာသာကျတော့ မမှီတော့။ ဖြစ်ချင်တော့ Bio လိုကျက်စာမျိုးက ချယ်ရီ့အားနည်းချက်။ စာမေးပွဲခန်းထဲရောက်တော့ ဘာမှ မမှတ်မိတော့ ဖြေကတည်းက ကျမှာပဲလို့ တွေးထားပီးသား။ အောင်စာရင်းရတော့ အဒေါ်ဆူသည်မှာ အသေအကျေ။ စကတည်းက ဒေါ်ငယ်က အိမ်မှာ ချယ်ရီအကြောက်ရဆုံး။ ချယ်ရီတင်မက အကိုတွေပါကြောက်သည်။ ငယ်ကတည်းက ဆိုးလျှင်အဒေါ်ကသာရိုက်လေ့ရှိသည်။ ဒါပေမယ့် ရိုက်တိုင်း တစ်ချက်လောက်သာထိသည်။ ကလေးတိုင်းက ပတ်ပြေးကြ၊ အမေက ကာဆီးကာဆီးနဲ့ဆိုတော့ ရိုက်တာထက် စိန်ပြေးလိုက်တမ်းဆော့တာနဲ့ ပိုတူနေတတ်သည်။ 

ခုကျတော့ အဒေါ်နဲ့သူနဲ့နှစ်ယောက်တည်း ပတ်ပြေးလို့လည်းမရ တိုက်ခန်းက ကျဥ်းတာမှ လျှောက်လမ်းမှာ လူနှစ်ယောက်ရှောင်မလွတ်၊ ပြီးတော့ ကြီးပြီဆိုတော့ ထွက်လည်းမပြေးချင်တော့။ 

အဲ့နေ့ညက အဝတ်တိုင်းတဲ့ ကိုက်တံနဲ့ ခြေသလုံးတစ်ဖက် သုံးချက်စီအရိုက်ခံလိုက်ရသည်။ ဒေါ်ငယ်ရဲ့ရိုက်ချက်က မပျော့လှ။ တစ်ချက်ပီးတိုင်း ပွတ်နေရသည်။ ဒါတောင် ထမိန်ခံနေလို့တော်သေးသည်ဆိုတာကို အသားပေါ်တိုက်ရိုက် ရိုက်ခံဖူးသွားမှ အတော်ကွာကြောင်းကို သိလိုက်ရပေသည်။ အရှိုးရာက သုံးရက်လောက်နေမှပျောက်သည်။ 

နောက်ပိုင်းမှာတော့ အဒေါ်က သူ့ကို အချိန်ဇယားထုတ်ပေးပြီး အသေအချာမောင်းတော့သည်။ တစ်နေ့ နားချိန်စားချိန်ရေချိုးချိန်ကအစ အချိန်ဇယားနဲ့ ဆွဲထားပေးသည်။ သူ့အချိန်စာရင်းမလိုက်နာလို့ကတော့ ထိုင်ထလုပ်ရပီ။ ပြသနာက ရေချိုးချိန်ပဲ။ ချယ်ရီက ရေချိုးခါနီး အီးလေးဆွဲတတ်သည်။ ရေချိုးခန်းဆရာက်ဖို့ကတင် နာရီဝက်ကြာသည်။ ပြီးလျှင် ရေချိုးတာကလည်း နာရီဝက်၊ အဝတ်လဲတာက နာရီဝက်။

အဲ့တော့ အမြဲအချိန်တွေ overshoot ကုန်တော့တာပဲ။ နေ့တိုင်းလိုလိုထိုင်ထလုပ်ရတော့တာပဲ။ တစ်လလောက်နေမှ အချိန်နဲ့လိုက်လုပ်နိုင်ပြီး ထိုင်ထလုပ်ရနည်းသွားတော့သည်။ 

"နင့်သမီးက အရှက်မရှိတာမို့လည်းပါသဟေ့။ ငါတို့တုန်းကဆို ရိုက်ခံရမှာရှက်လို့ အရိုက်မခံရအောင်နေတာပါ့လေး။ သူ့မယ်တော့ မဟုတ်ပေါင် နင်ရှက်ကြောပြတ်နေသလားကို မေးယူရတာ။ မိန်းကလေးမို့ ရှက်ပီးလုပ်မလားမှတ်တယ် သူကသူ့အကိုတွေထက်ဆိုးသဟေ့" ဒေါ်ငယ်ပြောတဲ့စကားတွေကြောင့် အတိတ်က ဖြစ်ရပ်တစ်ချို့ ချယ်ရီ့ခေါင်းထဲပေါ်လာပြန်သည်။ 


အဲ့ဒီနေ့က မှတ်မှတ်ရရအိမ်ကို သူငယ်ချင်းတွေလာလည်ကြသည်။ လာလည်တယ်ဆိုသည်ထက် ချယ်ရီတို့ ကျောင်းက ချယ်ရီ့အိမ်နဲ့ မျက်နာချင်းဆိုင်မှာဖြစ်သော​ကြောင့် စနေနေ့အပင်စိုက်ပွဲလာရင်း အိမ်တွေကလာမကြိုသေးတာနဲ့ ချယ်ရီ့အိမ်ဝင်နေကြတာ။ ဒေါ်ငယ်က စျေးသွားနေလို့မရှိပေ။ နာရီဝက်လောက်နေမှ အဒေါ်ပြန်လာကာ သူငယ်ချင်းတွေကို ထမင်းစားပြီးမှပြန်ဖို့ပြောသည်။ သူငယ်ချင်းတွေကလည်း ဗရုတ်တွေဆိုတော့ အားနာမနေဘူး စားမယ်ဆိုပြီး စောင့်နေကြသည်။ အဒေါ်က မီးဖိုချောင်ထဲ ချက်နေတုန်း ချယ်ရီတို့က ရှေ့ခန်းမှာစကားပြောနေကြတာပေါ့။ ဟင်းရွက်ကူသင်ပေးနေရင်းပြောကြရာက တနေ့တုန်းက ကျောင်းမှာထိုင်ထလုပ်ရတဲ့အကြောင်း ရောက်သွားသည်။ ဖြစ်ပုံက ချယ်ရီအဆော့လွန်ပြီး ကျောင်းက ရေသန့်ဗူးကြီးကို တိုက်လှဲချမိခြင်းဖြစ်သည်။ ရေဗူးက ခေါင်းကျိုးသွားပီး ရေတွေက အောက်ထပ်က ဆရာမနားနေခန်းကျကုန်သည်။ အသိမြန်လို့ စာရွက်တွေ မပစ်ရခြင်း။ တရားခံရှာတော့ ချယ်ရီဖြစ်နေသည်။ ဆရာမက မိန်းကလေးတန်မဲ့ဆော့သောကြောင့် အတန်းရှေ့ထိုင်ထ အခါနှစ်ဆယ်ထွက်လုပ်ရသည်။ 

"ငါတော့ အဲ့နေ့က ဆရာမရဲ့မျက်နာကြီးကို မမေ့ဘူးအေ။ နင်တို့က ဒုံးခနဲဆို အသံကြားတဲ့ဆီကြည့်နေတာ ငါက ဆရာမမျက်နာကို ကြည့်နေတာ။ လန့်သွားလိုက်တာများ သရဲထင်လို့နေမှာ"

"ငါကတော့ ချယ်ရီ့ကိုကြည့်ပြီးရယ်နေတာပဲ။ အဲ့ကောင်မက လုပ်လိုက်ရင် အဲ့အတိုင်းကြီးပဲ။ ထိုင်ထလုပ်ရတာတောင် ရယ်နေလို့ ဆရာမက ကြိမ်လုံးနဲ့လာမှ ရပ်တာ"

"အဲ့တာလည်း အပိုးမသတ်ပါဘူးနော်။ အသံသာမထွက်တာ စပ်ဖြီးဖြီးနဲ့ဆက်လုပ်နေတာ။ အောင့်ကလည်းအောင်းထားရတော့ ချီးညှစ်တဲ့ရုပ်ကြီးနဲ့။"

"အန်တီသိလား အန်တီ့တူမက အရမ်းမျက်နှာပြောင်တာ သူ့ကြောင့်အတန်းထဲကလူတွေ ရယ်နေရတာ ဗိုက်တွေတောင်နာတယ်"

"အေးကွယ် သူနဲ့လည်းခက်ပါတယ်။ ဘယ်လိုဆုံးမ ဆုံးမ မရဘူးကွယ်"

ဒေါ့်ငယ်လေသံနားထောင်ပြီး အဆခြအနေမကောင်းကြောင်း ချယ်ရီသိလိုက်သည်။ ထင်သည့်အတိုင်း သူငယ်ချင်းတွေပြန်တော့ ဆူပါလေတော့သည်။ မိန်းကလေးတန်မဲ့အရှက်မဲ့လုပ်ရပ် မလုပ်သင့်ကြောင်း၊ အသက်မငယ်တော့ကြောင်း၊ လူကြီးဆန်ဆန်နေသင့်ကြောင်း၊ ခုလိုဖြစ်တာ အုပ်ထိန်းသူကို လက်ညှိုးထိုးကြမှာဖြစ်ကြောင်းနဲ့ နာရီဝက်လောက် အဆူခံရတော့သည်။ ချယ်ရီကလည်း ချယ်ရီပင် ပြန်ပြောမိသည်။ ချယ်ရီက ကလေးပဲဟာ ဘာဖြစ်လဲလို့ပြောမိတာမှာ အဒေါ့်ဒေါသတွေက ထိန်းမရတော့ပေ။ ငါက ဆုံးမနေတာ ပြန်ပြောချင်တယ်ဆိုပြီး ပြတင်းပေါက်သံတန်းကြားထိုးထားတဲ့ ဝါးခြမ်းပြားယူလေသည်။ နင်က မရှက်ဘူးပေါ့လေ ရှက်အောင်လုပ်ရမှာပေါ့ဟုဆိုကာ တိုက်ခန်းဝရန်တာထွက်ပြီး လက်မြှောက်ခိုင်းထားသည်။ မီးပျက်ချိန်မဟုတ်တာမို့ ချယ်ရီလက်မြှောက်အပစ်ပေးခံရသည်ကို ဘေးအိမ်ကလူများက တွေ့နိုင်သည်။ ဝရန်တာက သံတန်းသာကာထားတာမို့ လမ်းသွားလမ်းလာများ မော့ကြည့်လျှင်လည်း ချယ်ရီ့ကို တွေ့နိုင်ပေသည်။ စတုန်းကတော့ သိပ်မရှက်ပေမယ့် တချို့ဝရံတာမှာထွက်ထိုင်နေသူတွေ သူ့ကိုကြည့်နေတာမြင်တော့ ရှက်လာသည်။ လက်တော့ မချရဲ အဒေါ့်လက်ထဲက ဝါးခြမ်းပြားကို ကြောက်၍ဖြစ်သည်။ အောက်မှာဆော့နေကြသော ကလေးများကပါ သူ့ကိုလက်ညှိုးထိုးနေကြတာမြင်တော့ မျက်နာတွေပူလာသည်ထိ ရှက်လာသည်။ အိမ်နေရင်း စပန့်ဝမ်းဆက် လက်တိုအင်္ကျီ ဘောင်းဘီတိုနဲ့ဆိုတော့လည်း နည်းနည်းအေးလာသည်။ ခြေဖျားလက်ဖျားတွေက အေးပြီး မျက်နာပဲ ပူနေသည်။ 


လက်တော်တော်ညောင်းလာမှ ဒေါ်ငယ်က ပြန်ခေါ်၍ အားရဝမ်းသာအပြေးလေးဝင်သွားမိသည်။ 

"လာခဲ့ နင်က အသားနာမှ မှတ်တဲ့ဟာလေး။ ဟိုဘက်လှည့်။ ကလေးကလေးနဲ့ မရှက်တတ်တဲ့မိချယ်ရီ"


ပြောလည်းပြော လက်ကလည်း ချယ်ရီ့ကိုလက်မောင်းကနေဆွဲပီး ဧည့်ခန်းရှေ့နေရာလွတ်မှာ ရပ်ခိုင်းသည်။ ထို့နောက် တင်ပါးပေါ် ဝါးခြမ်းပြားနဲ့လာထိပြီး ချိန်နေသည်။ တင်ပါးလေးကို ကျုံ့ထားမိသည်။ ဝါးခြမ်းပြားဖင်ပေါ်က ပျောက်သွားပြီးမကြာခင် ဖြန်းခနဲအသံနဲ့အတူ တင်ပါးမှာ မီးစနဲ့ထိုးသလိုပူသွားသည်။ 

"အားးးး နာတယ် နာတယ် ဒေါ့်ငယ်။ ကြောက်ပါပီ နောက်မလုပ်တော့ပါဘူး"

ဘာမလုပ်တော့မှန်းတော့ မသိ။ ပါးစပ်က တွေ့ကရာတွေ တောင်းပန်ပြီး ထွက်ပြေးဖို့ လုပ်တော့သည်။ အရင်ရိုက်တာတွေထက် အရမ်းနာတာကြောင့်ဖြစ်သည်။ လတ်ဆတ်ပြီးလေးပင်နေသော ဝါးခြမ်းပြားကြောင့်လား အကာအကွယ်မပေးနိုင်လောက်အောင်ပါးသော စပန့်သားဘောင်းဘီကြောင့်လားတော့ မသိပေမယ့် နာတာကတော့ အီစိမ့်နေသည်။ 

ထွက်ပြေးမယ့် ချယ်ရီ့လက်မောင်းကို ဖမ်းချုပ်ထားပြီး 

"မပြေးနဲ့ လာစမ်း။ ဘာခုမှ ကြောက်တာလဲ။ အတန်းရှေ့ထိုင်ထလုပ်ရတာတောင် အရှက်မရှိရယ်ဖြီးနေအုန်း။ နောက်တစ်ခါဆို နင့်ကို ဖင်လှန်ပါရိုက်ပစ်မယ်"

ဖင်လှန်ရိုက်မယ်ဆိုသောစကားကြောင့် ချယ်ရီလန့်သွားသည်။ ဒေါ်ငယ်က ပြောရင်ပြောသလိုလုပ်တတ်သည်။ ထွက်ပြေးဖို့လုပ်နေသော ခြေလှမ်းတို့ တုံ့သွားပြီး ဆက်ကျလာမယ့် ဝါးခြမ်းပြားကို စောင့်နေလိုက်သည်။ 

"ဖြန်းးး"

 အိခနဲ အသံထွက်လာပီး မျက်ရည်များဝိုင်းလာသည်။ မငိုအောင်ထိန်းထားပေမယ့် မျက်ရည်များက ကျလာတော့မည်။ 

"ဖြန်းးး"

ချယ်ရီဖင်တွေက မကားနေ၊ ခါးက သေးပေမယ့် ရင်လည်းမရှိ တင်လည်းမရှိတာမို့ တုတ်ချောင်းနှင့်တော့ နည်းနည်းတူသည်။ ဒါပေမယ့် ဖင်က လုံးလုံးလေး။ ကောက်သည်ဟုပြောရမည်။ ခုတော့ သုံးချက်ရိုက်ခံပြီးတော့ ဖင်လုံးလုံးလေးက တုန်နေပီ။ ကြောက်လို့တုန်တာလား နာလွန်းလို့ တုန်တာလားတော့ မခဲဲခါးနိုင်တော့ပေ။ 

" နင်လက်ပိုက်ထား၊ နောက်တစ်ခါ ကျောင်းမှာ အပြစ်ပေးခံရရင် အိမ်ကျရင် ထပ်အရိုက်ခံရမယ်။ မှတ်ထား။ ခုလို နောက်တစ်ခါအရှက်မရှိ ကလေးကလားလိုလုပ်ရင် ဖင်ချွတ်ရိုက်ခံရမယ် မှတ်ထား"

ပြောလည်းပြော ရိုက်လည်းရိုက်လိုက်တော့ ချယ်ရီ့ခါးလေး ကော့သွားရသည်။ မျက်ရည်များက ​တဖြိုင်ဖြိုင်ကျဆင်းနေလေပီ။ 

ဖြန်းးးး

ဖင်ကြွက်သားများလျော့ထားချိန်ရိုက်လိုက်သောကြောင့် ဖင်လုံးလုံးလေး တုန်သွားပြန်သည်။ 

"သွား....ရေချိုးပြီးရင် စာလုပ်ချိန်မလား။ မြန်မြန်ချိုးနေ ကြာနေရင် တုတ်နဲ့ဝင်လာခဲ့မှာ" ဒေါ်ငယ်ကပြောလည်းပြော လက်မောင်းကိုလည်း လွှတ်ပေးလိုက်တာမို့ ငိုရင်းကနေ  အခန်းထဲ ပြေးဝင်လာခဲ့တော့သည်။


ရေချိုးဖို့ အဝတ်အစားချွတ်ရင်း ဖင်ကိုကြည့်လိုက်တော့ အရှိုးရာ ငါးချက်က အတန်းလိုက်။ ဖုပါဖုနေပြီး ရဲလည်းရဲနေသည်။ လက်ကလေးနဲ့ အရှိုးရာပေါ်စမ်းကြည့်တော့ ရင်ထဲက တမျိုးလေးခံစားရသည်။ ကျေနပ်တာလား ရှက်တာလား ဝမ်းနည်းတာလားမသိ။ တဆက်တည်း ဖင်ချွတ်ရိုက်ခံရရင် ဘယ်လောက်တောင်နာလိုက်မလဲလို့တွေးမိတော့ ရှက်ပီးမျက်နာပူလာပြန်သည်။ ခြေဖျားလက်ဖျားတွေအေးပြီး မျက်နာနှင့်ဖင်သာအေးနေတဲ့ချယ်ရီလည်း ရေပန်းအောက် မြန်မြန်ဝင်လိုက်တော့သည်။


ချယ်ရီ အပိုင်း(၂)


ချယ်ရီက အရိုက်ခံပြီးတိုင်း အလွန်လိမ္မာသွားတတ်ပေမယ့် လိမ္မာသည်ကကြာကြာတော့ မခံတတ်ပေ။ ထို့ကြောင့် မကြာမကြာအရိုက်ခံရခြင်းဖြစ်သည်။ တစ်ပတ်တစ်ခါနှစ်ခါလောက်ကတော့ အရိုက်မခံရရင် ချယ်ရီလို့မခေါ်ဆိုနိုင်သည်အထိဖြစ်သည်။ ဒေါ်ငယ်က အပြစ်လိုက်ရှာရိုက်နေသောကြောင့်မဟုတ်သလို ချယ်ရီကရိုက်ခံရအောင်တမင်လုပ်သည်လည်းမဟုတ်ပါ။ သို့ပေမယ့် အမြဲအရိုက်ခံရတာကတော့ သဘာဝတရားလိုဖြစ်လာသည်။ ရိုက်ခံရတာများတာကြောင့်ထင်သည် အရင်လို သိပ်မနာတော့။ ထို့ကြောင့် သိပ်မမှတ်တော့၊ ထို့ကြောင့် စည်းကမ်းတွေပေါ်အာရုံစိုက်မှုနည်းလာပြီး ခဏခဏအပြစ်လုပ်မိကာ ရိုက်ခံရသည်။ 


ချယ်ရီဒီလိုဖြစ်လာတာ အဒေါ်ဖြစ်သူကလည်း ရိပ်မိသည်။ ဒါ့ကြောင့် သူမှတ်အောင်လိုက်ပြီး ပြောင်းအပြစ်ပေးလာသည်။ ထိုင်ထကို ဝရန်တာထွက်လုပ်ခိုင်းတာက အခန်းထဲလုပ်ခိုင်းတာထက် ချယ်ရီ့ကို ပိုမှတ်စေသည်ကို အဒေါ်သိလာသည်။ အပြစ်ပေါ်မူတည်ပြီး ဖြည်းဖြည်းရိုက်တလှည့် ပြင်းပြင်းရိုက်တလှည့်အပြစ်ပေးတတ်လာသည်။ ဘာပြောပြော ချယ်ရီ့ရဲ့စာမေးပွဲရလာဘ်တွေက ဒေါ်ငယ်ရဲ့အပြစ်ပေးတာတွေ အလုပ်ဖြစ်နေတယ်ဆိုတာကို ပေါ်လွင်စေတဲ့ သက်သေတွေပဲဖြစ်သည်။ 


ကိုးတန်းစာမေးပွဲကို ထူးချွန်စွာအောင်သည်။ နောက်နှစ်ဆယ်တန်းမှာ S ခန်းလို့ခေါ်တဲ့ စာတော်သူတွေချည်းနေတဲ့အခန်းမှာတက်ခွင့်ရသည်။ စာကျက်ရတာကိုလည်း ပျော်လာသည်။ စာဆိုတာရလာတော့ ပျော်စရာဖြစ်လာတတ်တာ သဘာဝပင်ဖြစ်သည်။ သို့ပေမယ့် ချယ်ရီအရိုက်ခံရတာကတော့ ပုံမှန်အတိုင်းဖြစ်သည်။ တခါတလေ ရိုက်ရလွန်းလို့ အဒေါ်က ငါမရိုက်နိုင်တော့ဘူး နင့်ကို။ ကိုယ့်ဘာသာရိုက်ဟုဆိုကာ သူ့ရှေ့မှာပင် ဝါးခြမ်းပြားနဲ့ ကိုယ့်ဖင်ကိုရိုက်ရသေးသည်။ အဲ့လိုရိုက်ရသည်မှာ အဒေါ်ရိုက်သလောက်မနာပေမယ့် ပိုတော့ ရှက်စရာကောင်းသည်ဟု ချယ်ရီထင်သည်။ ဒေါ်ငယ်က ဘယ်တော့မှ အလွန်အကျူးရိုက်လေ့တော့မရှိ။ ဒေါသနဲ့ဘယ်တော့မှ ရိုက်လေ့မရှိ။ 


"ကဲ ကဲ ညဥ့်လည်းတော်တော်နက်နေပီ။ အိပ်ကြစို့လေ"

ဒေါ်ငယ်ပြောလိုက်မှ ချယ်ရီလည်း အတိတ်အိမ်မက်ကနေလန့်နိုးလာတော့သည်။ အိပ်ရာဝင်လာပေမယ့် အတွေးတို့နှင့် အိပ်မပျော်သေး။ ချယ်ရီရွာပြန်လာရသည့် အကြောင်းရင်းမှာ အိမ်ကို လွမ်းတာတစ်ခုတည်းကြောင့်တော့ မဟုတ်၊ ထူးဆန်းကောင်းထူးဆန်းနေနိုင်ပေမယ့် ဒေါ်ငယ်ရိုက်တာကို ခံချင်လို့ပြန်လာသည်လည်းပါသည်။ ချယ်ရီသူ့ကိုယ့်ကိုယ်လည်း သိပ်နားမလည်နိုင်။ ကျောင်းနေတုန်းကလို အဒေါ်ရဲ့တင်းကျပ်တဲ့စည်းကမ်း၊ နာကျင်ရတဲ့အပြစ်ပေးမှုတွေကို တောင်းတနေမိသည်။ အထက်တန်းပြီးကတည်းက ဘဝက ဘာတွေဖြစ်ကုန်မှန်းမသိ။ ချယ်ရီ့အဖြစ်က တခြားလူတွေထက်တော်သေးတယ်လို့ဆိုရပေမယ့် ကိုယ့်အတွက်တော့ အဆိုးဆုံးကာလဖြစ်နေသေးသည်မဟုတ်လား။ အလုပ်​မှာအဆင်ပြေသော်လည်း ရုန်းကန်နေရဆဲလို့ခံစားနေရပီး ကိုယ်ခံစားနေရတာကိုလည်း တခြားသူတွေပြောမထွက်။ သူတို့က ကိုယ့်ထက်ပိုအခြေအနေဆိုးကြသူတွေမဟုတ်လား။ စစ်ပြေးနေရသူတွေ၊ တောထဲတောင်ထဲအပင်ပန်းဆင်းရဲခံနေသူတွေနဲ့စာရင် ချယ်ရီ့ဘဝက နတ်ပြည်ပဲမဟုတ်လား။ သို့ပေမယ့် ချယ်ရီမပျော်၊ တစ်ခုခုလိုအပ်နေသလိုဖြစ်နေသည်။ အိမ်နဲ့ဝေးနေရတာကိုမပျော်၊ ရုန်းကန်နေရသည်မှာ အဓိပ္ပါယ်မရှိဟုထင်လာသည်။ ရည်မှန်းချက် အနာဂတ် ​မျှော်မှန်းချက်ရယ်လို့လည်း မရှိတော့။ မရှိတာထက် တွေးမျှော်ကြည့်လို့မရတာဆိုပိုမှန်မည်။ ဒါကြောင့်ပဲ လူငယ်တွေအနာဂတ်ခိုးယူခံရခြင်းလို့ ပြောကြတာဖြစ်မယ်ထင်တယ်။ ကြာလာတော့ လူတွေကို မုန်းလာသည်။ ဘဝကို မုန်းလာသည်။ အသက်ရှင်မနေချင်တာမျိုးထိဖြစ်လာတော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရသည်။ အိပ်မပျော်တာအတွက်လည်း ဆေးသောက်ရသည်။ စစချင်းတော့ အဆင်ပြေသလိုလိုပေမယ့် နောက်တော့ ဒီအတွေးတွေကပြန်ဝင်လာပြီး လုံးချာလည်ချာလိုက်နေသည်။ ဒီပုံစံနှင့်လည်း အိမ်မပြန်ချင်။ အဲ့ဒါနဲ့ ကြိတ်ပြီး ဆက်နေနေဖြစ်သည်။ ရည်းစားထားရင်ပျော်ရတယ်ဆိုတာနဲ့ ရည်းစားထားလိုက်သေးသည်။ online ကနေပဲတွေ့ပြီးအဖြေပေးခဲ့သည်။ ဒါပေမယ့် အပြင်မှာတွေ့တောင်မတွေ့လိုက်ရ ၄ ပတ်လောက်နေတော့ ပြတ်သည်။ ချစ်သူကမကောင်းလို့မဟုတ်၊ တစ်ပတ်လောက်ထိတော့ပျော်သေးသည်။ နောက်တော့ သူ့ကိုပါ စိတ်ရှုပ်လာသည်။ သူများတွေပျော်တတ်ကြသော မနက်မိုးလင်းဟဲလိုနဲ့ ညဘက်ဂွတ်နိုက်ကပါ ချယ်ရီ့အဖို့ စိတ်ရှုပ်စရာဖြစ်လာသည်။ ချယ်ရီလိုနေတာဒါမဟုတ်တာကြောင့်ဖြစ်မည်။ မမယုရဲ့ကူညီဖေးမမှုကြောင့်သာမဟုတ်ရင် အသက်ပင်ရှင်မည်မထင်။ ဆရာဝန်ကတော့ စိတ်ကျရောဂါလို့နာမည်မတတ်ချင်ကြောင်း၊ ကိုယ့်ကိုချစ်ခင်သူတွေ ကိုယ့်ကိုဂရုစိုက်သူတွေကြားမှာ အနားယူလိုက်ခြင်း၊ ကိုယ်နဲ့ရင်းနီးပြီးသားနေရာမျိုးမှာ အနားယူစေခြင်းကြောင်း အကြံပေးသည်။ ဒီလိုဘဝက လည်ထွက်နေချိန်မှာတည်ငြိမ်မှုကိုရှာတော့ ကျောင်းတက်တုန်းက ဒေါ်ငယ်နဲ့နေခဲ့တဲ့အချိန်တွေကို တွေးတောခြင်းက သူ့စိတ်ကိုငြိမ်သက်စေသည်။ မျှော်လင့်ချက်ရေးရေးပေါ်စေသည်။ သို့နှင့် ရိုက်ခံရ အပြစ်ပေးခံရတာတွေကိုပါ လွမ်းလာသည်။ တမ်းတလာသည်။ တစ်ပတ်ကို တစ်ရက်နှစ်ရက်လောက်ကတော့ စိတ်ကူးယဥ်မိသည်။ ဒီလိုနဲ့နေလာတာကြာလာတော့ အိမ်ပြန်မှဖြစ်တော့မည်ဆိုပြီး မမယုကိုခွင့်တောင်းကာ ခွင့်ယူပြန်လာခဲ့ခြင်းပင်။ ပြီးတော့ ဒေါ်ငယ်ရိုက်တာကိုခံချင်သည်။ ဘယ်လိုရိုက်လာအောင် လုပ်ရမည်ကိုတော့ သေချာမသိသေး။ အကြံတော့ရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကျတော့ ရှက်သလိုလို၊ အပြစ်ရှိသလိုလိုနဲ့ မတင်မကျဖြစ်နေသည်။ ဒီလိုနဲ့ နေရင်း အိမ်ပြန်ရောက်သည်ပင် ၃ ရက်ကျော်လာခဲ့ပြီ။ 


ချယ်ရီ့အကြံမှာ တစ်ခုမဟုတ်။ နှစ်ခုဖြစ်သည်။ ပထမဆုံးအကြံအစည်ကတော့ အိမ်ရောက်လျှင်အလုပ်တွေဘာမှမလုပ်ဘဲနေမည်။ နေဖင်ထိုးအောင်အိပ်မည်။ ဒေါ်ငယ်ကသူ့ကို မိန်းကလေးပီပီ အိမ်မှုကိစ္စလုပ်စေချင်သည်၊ အချိန်ကိုမဖြုန်းစေချင်။ ဒါတွေကို မလုပ်လျှင်ငယ်ငယ်ကတော့ ရိုက်ခံရတတ်သည်။ ခုလည်း ဒီလိုနေလျှင် ဒေါ်ငယ်ရိုက်လောက်သည်။ နောက်တစ်ခုကတော့ ဒေါ်ငယ်က ပြန်ပြောတာကိုမကြိုက်၊ သူ့ကိုတစ်ခွန်းကနှစ်ခွန်း ပြန်ပြောလျှင်နာဖို့သေချာသည်။ ဒီတော့ ပထမနည်းမရလျှင် ဒုတိယနည်းကို ဆက်သုံးမည်။ နှစ်နည်းပေါင်းလည်း သုံးချင်သုံးရပေမည်။


၄ ရက်မြောက်နေ့မနက်မှာလည်း ရှေ့ရက်တွေကလို ဆယ်နာရီကျော်မှ အိပ်ယာထလာခဲ့သည်။ ဒေါ်ငယ်က အိမ်နောက်ဖေးတွင်ချက်ပြုတ်နေသည်။ ချယ်ရီက မျက်နာမသစ်ရသေးပေမယ့် စားပွဲပေါ်က ကောက်ညှင်းပေါင်းကို ယူစားလိုက်သည်။ 

"ဟဲ့ မျက်နာသစ်ပြီးမှစားလေ။ ထတော့လည်းနေဖင်ထိုးနေပီ။ ကိုယ်စောင့်နတ်ကျိန်ဆဲလိမ့်မယ်"

"ဟာ...ဒေါ့ငယ်ကလည်း မီးကိုယ်စောင့်နတ်က အေးဆေး"

"အကျင့်မပျက်နဲ့သမီး။ သွား သွားတိုက်ပီးမှပြန်လာစား။ ဒေါ်ငယ်ကော်ဖီဖျော်ထားပေးမယ်"

"အာ....ရပါဘူး။ ဘာမှမဖြစ်ပါဘူးဆို။ အရင်လည်းအဲ့လိုစားနေကျပဲ။ ဘာမှမဖြစ်ဘူး။ ကိုယ်စောင့်နတ်လည်းအေးဆေးပဲတဲ့"

"လူကြီးပြောနေတာကို ပြန်ပြောနေ။ သွားမတိုက်ပဲစားတော့ တညလုံးသွားချီးတွေပါ စားမိနေမှာပေါ့ဟဲ့"

ချယ်ရီက အကြော်တစ်ခုကို ပါးစပ်ထဲထည့်ရင်း ပလုပ်ပလောင်းနဲ့ပြန်ပြောသည်။ 

"သွားချီးဆိုတာလည်း စတည်းက ပါးစပ်ထဲရှိတာပဲ။ ဘားဖြစ်ဝူး"

"ဒေါက်..."

ဘာမှပြောမနေဘဲ ခေါင်းခေါက်ခံလိုက်ရတဲ့အသံဖြစ်သည်။ ခေါင်းကို ဆီပေနေသောလက်နှင့်ကိုင်ပြီး အော်နေရသူက ချယ်ရီ။

"အားးးနာလိုက်တာ။ အရမ်းလုပ်တယ် သမီးကို"

"သွား...ထပ်မနာချက်ရင် ခုမျက်နာသွားသစ်ချည်"

"အာ...ဒေါ့ငယ်ကလည်း စားနေတာပြီးတောင်ပြီးတော့မယ့်ဟာ ပြီးတာနဲ့ သွားတိုက်လိုက်မယ်"

"ဖြန်းးး"

"ငါ ရိုက်လိုက်ရသေတော့မယ်။ ရိုက်နေတာတောင်ပြန်ပြောနေသေး။ အကျင့်ကမပျောက်ဘူးနော် မိချယ်ရီ"

ပါးစပ်ထက်လက်ကပိုမြန်သော ဒေါ်ငယ်က ချယ်ရီကျောကို သူ့လက်ဝါးနှင့်သမလိုက်တာပဲဖြစ်ပါသည်။ 

"အကျိုးသင့်အကြောင်းသင့်ပြောပြတာကြီးကို အရမ်းရိုက်တာပဲ။ ဒေါ့ငယ်ပြောနေတဲ့အချိန်မှာတင်သမီးက စားလို့ပြီးသွားမယ့်ဟာကို"

ပြောလည်းပြော မတ်ပဲကြော်တစ်ခုလည်းပါးစပ်ထဲထည့်လိုက်သေးသည်။ 

"ဖြန်းးးးဖြန်းးးး"

ချယ်ရီတင်ပါးကြီးနှစ်ဖက်ကို မိမိရရ ဒေါ်ငယ်ကသူ့လက်ဝါးနှင့် တွယ်လိုက်ခြင်းဖြစ်သည်။ ချယ်ရီ့စိတ်ထဲမှာလည်း ပျော်သွားသလိုလို၊ ရှက်သလိုလို၊ မရိုးမရွဖြစ်သလိုလို၊ ပိုနာကျင်ချင်သလိုလိုနဲ့ ရောထွေးနေသည်။ 

"အာ့ အာ့ ကြောက်ပီ ကြောက်ပီလို့၊ သွားတိုက်မယ် သွားတိုက်မယ်"

ပြောလည်းပြော ပြေးလည်းပြေးရင်း အခန်းထဲဝင်သွားသည်။ ချယ်ရီဘာလို့ပြေးခဲ့ရတာလဲ။ အရိုက်ခံချင်လို့ ကြိုးစားနေရတာ အရိုက်ခံရတော့ ဘာလို့ပြေးခဲ့မိပါလိမ့်။ နာလို့လား။ အရိုက်မခံချင်တော့လို့လား။ ကိုယ့်ဘာသာမေးနေမိပေမယ့် ချယ်ရီဒီမေးခွန်းရဲ့အဖြေကို သိပါတယ်။ ဘာလို့လဲဆို သူအရိုက်ခံချင်တဲ့စိတ်ရှိနေတာကို ဒေါ်ငယ်ရိပ်မိသွားမှာ ရှက်လို့ပဲဖြစ်သည်။


ချယ်ရီ အပိုင်း (၃)


အခန်းထဲရောက်တဲ့ထိ ချယ်ရီ့ရင်တွေတုန်နေတယ်။ အသက်ရှူချက်တိုင်းကို လူကသတိထားမိနေသည်။ အိမ်နေရင်းအတွင်းခံတွေဝတ်မထားတာမို့ ရင်နှစ်မွှာက အင်္ကျီနဲ့ထိတိုက်နေတာကို သတိထားမိနေပြန်သည်။ တစ်ကိုယ်လုံးအထိအတွေ့အာရုံတို့ အထူးနိုးကြားနေသလို ခံစားရသည်။ ဖင်နှစ်ဖက်လုံးက ဖြိန်းတိန်းတိန်းအရသာလေးရှိနေသေးသည်။ ဒါလေးပျောက်သွားမှာကြောက်ပြီး လူကို မလှုပ်ပဲနေနေမိသည်။ 


လိုအပ်နေတဲ့အရာကို ရလိုက်၍ကျေနပ်မှုမျိုး ခံစားရသည်။ တစ်ချိန်တည်းမှာလည်း ထပ်တောင်းတမိသည်။ ဘာလို့ငါဒါမျိုးဖြစ်နေတာလဲလို့ တွေးမိပြန်သည်။ ဒါပေမယ့် ထပ်လိုချင်နေတဲ့အတွေးတွေကပဲ နေရာရသွားသည်။ သို့ပေမယ့် တစ်နေကုန်ဒေါ်ငယ်ကိုတော့ ရှောင်နေမိပြန်သည်။ တွေ့ရင် မိမျမျက်နာလေးရှက်သွေးရောက်ကြောင့် ရဲနေသည်ကို သတိထားမှာစိုးလို့ဖြစ်သည်။


နောက်တစ်နေ့ နေ့လည်ခင်း ချယ်ရီ ရေချိုးနေသည်။ ရွာမှာဆိုတော့ ရေစည်အိုးထဲကို ရေခပ်ထည့်ပြီး ချိုးကြရတာပဲ။ အိမ်နောက်ဖေးမှာဒေါ်ငယ်က သူ့သီးပင်စားပင်တွေနားမှာ အလုပ်ရှုပ်နေသည်။ ချယ်ရီက ထုံးစံအတိုင်း ရေချိုးရင်တော်တော်နဲ့မပြီး။ 

"သမီး ရေချိုးတာ မြန်မြန်လုပ်လေ။ လေကပြင်းတယ်သမီးရဲ့"

"ဘာမှ မဖြစ်ပါဘူး ဒေါ့ငယ်ရဲ့။ နေပူနေပါတယ်"

"နေပူပေမယ့် သမီးလိုရေစိုကြီးနဲ့လုပ်နေရင် ဖျားလိမ့်မယ်ကွဲ့။ ခုကို တစ်နာရီလောက်ဖြစ်နေပီလေ"

"အဝတ်လျော်နေလို့ပါ။ ပြီးတော့ ရေချိုးလို့ဖျားတယ်ဆိုတာ လျှောက်ပြောကြတာ။ ဘာမှမဖြစ်ဘူး"

"အဝတ်လျှော်မယ်ဆိုလည်း မချိုးခင် လျှော်မှပေါ့သမီးရဲ့။ ခုက ရေစက်လက်ကြီးနဲ့ဟာ"

"အာ အကုန်လိုက်ပြောနေတာပဲ။ မီးဘာဖြစ်နေလို့လဲ။ ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်တာကို မလုပ်ရဘူး"

ချယ်ရီပြန်အော်မိသည်။

"ဟဲ့ မိချယ်ရီ၊ နင့်ဖို့ပြောတာလေ။ ပြီးတော့ ရေချိုးတယ်ဆိုတာ ဘယ်သူက တစ်နာရီကျော်ချိုးလို့တုန်း။ တော်တော့ ခုချက်ချင်း"

"အာ...ဆပ်ပြာတောင် မတိုက်ရသေးဘူးလေ ကြီးဒေါ်ကလည်း။ ဘာမှမှ မကြာသေးတာကြီးကို"

"ဟင် ဒီလောက်ကြာနေပြီ ဆပ်ပြာခုထိမတိုက်ရသေးဘူးလား။ နင်ဘာတွေလုပ်နေတာတုန်း။ အဝတ်တွေကလည်း ခုထိ ရေစိမ်တုန်းရှိသေးတယ်။ မြို့မှာလို လေကွယ်ရာ ချိုးရတာ မဟုတ်ဘူး။ နင်အမြဲအဲ့လို အီးလေးဆွဲတဲ့အကျင့်ကြီး ခုထိ မပျောက်သေးဘူးလား"

"အီးလေးမဆွဲဘူးလေ။ မီးလုပ်နေတာပဲ။ အဖွားကြီးတွေလိုတော့ စာကလေးရေချိုးသလို ဘယ်ပြီးမလဲ"

"ချယ်ရီမ၊ နင်က အသားမနာတာကြာလို့ ပြန်ပြောနေတာပေါ့လေ"

" ပြန်မပြောဘူးလေ ပြောပြတာ။ ဘာလဲ ရှင်းပြခွင့်တောင်မရှိဘူးလား"

"ဒီကလေးမ ပြောလေ ကဲလေပါလား နေအုန်း နင်တော့လား"

ဒေါ်ငယ်က ပြောပြောဆိုဆိုအိမ်နောက်ဖေးကို ဝင်သွားသည်။ ချယ်ရီလည်း ရေတစ်ခွက်နှစ်ခွက် ခပ်လောင်းလိုက်ပြီး အဝတ်ဖွတ်နေလိုက်သည်။ မကြာခင် ဒေါ်ငယ်ပြန်ထွက်လာတော့ လက်ထဲမှာ တံမြက်စည်းကိုင်ထားလေသည်။ ချယ်ရီ ကြောက်သလို ရင်လည်းဖိုသွားမိသည်။

"နင် ထစမ်း။ ငယ်ငယ်က ရေချိုးကြာရင် ဘာဖြစ်လည်း သိတယ်မလား"

ဒေါ်ငယ်က ပြောလည်းပြော ချယ်ရီ့ကို လက်မောင်းကနေလည်း ဆွဲထူလိုက်သည်။ ထမိန်ရင်လျားလေးနဲ့ ဆွေ့ကနဲပါလာသည်။ ချယ်ရီက အရပ်ရှည်ပေမယ့် ကိုယ်ခန္ဓာက ပိန်ပိန်ပါးပါး။ ဖင်သာကောက်ပေမယ့် နို့ကျတော့ သိပ်မရှိတဲ့ type မျိုး။ ဒေါ်ငယ်ကတော့ ချယ်ရီလောက်အရပ်မရှည်ပေမယ့် မိန်းကလေးထဲတွင် ရှည်သည်ဟုပြောလို့ရသည်။ တောသူတောင်သားဆိုတော့ သန်မာသည်။ ဒါ့ကြောင့် ပေါင် ၁၀၀ ကျော်လေးရှိသော ချယ်ရီ့ကို အသာလေးမသွားနိုင်သည်။ ထလာတာနဲ့ လက်ထဲက တံမြက်စည်းရိုးနဲ့ ပေါင်ကို ရိုက်လိုက်သည်။ တံမြက်စည်းရိုးက တော်တော်စပ်သည်။ ရေစိုနေသောကြောင့်လားတော့ မသိ။ ချယ်ရီရိုက်ခံရတဲ့နေရာကို လက်နှင့်ကာလိုက်ပြီး နောက်ရိုက်ချက်များကိုပါ ကာကွယ်သည့်အနေဖြင့် ဒူးကွေးကာ ခြေထောက်ကိုလည်း ရုန်းနေမိသည်။ ညိုသကျီးကိုတော့ ဒေါ်ငယ်က ရိုက်လိမ့်မည်မဟုတ်ပေ။

"ငြိမ်ငြိမ်နေစမ်း။ ဘယ်လိုဖြစ်နေတာတုန်း။ တည့်တည့်ရပ် ဟိုဘက်လှည့်စမ်း။ နင်ပဲ အရေမာနိုင်မလား ငါပဲ ချွတ်နိုင်မလား ကြည့်စမ်းမယ်"

ချယ်ရီကြောက်ကြောက်နဲ့ပဲ ဒေါ်ငယ့်ဘက်ကို ဖင်လှည့်ပေးလိုက်သည်။ ထမိန်ရင်လျားက ရေတစက်စက်ကျနေတုန်း။ ချယ်ရီ့ဖင်လေးပေါ် တံမြက်စည်းရိုးက ကန့်လန့်ဖြတ်ထိကာ ရပ်နေသည်။ ရင်တွေ ခုန်တာ လူက မြောက်နေသလိုကို ဖြစ်နေသည်။ ဖင်ပေါ်က တံမြက်စည်းလွတ်သွားတာသိလိုက်ပြီး တက်တိုက်ဆိုသလို ဖင်နှစ်လုံးပေါ်မှာ အကန့်လိုက်ရိုက်ချက်ကျလာသည်။ 

"အားးး အရမ်းနာတယ် ဒေါ်ငယ်"

စပ်လိုက်သည်မှာ အရမ်း။ လက်နှစ်ဖက် နောက်ပြန်လာပြီးစပ်သည့်နေရာကို ပွတ်နေမိသည်။ ရေစိုထမိန်ကြောင့် ပွတ်လို့ကောင်းကောင်းမရ။ ကုတ်နေရသည်။ 

"လက်ဖယ်စမ်း၊ ပြောရင် ကောင်းကောင်းမရတဲ့ဟာမလေး"

"ဖြန်းးး" 

"အားးသပေါပီ"

ပထမတစ်ချက်ထက်ပိုနာသည်။ ဖင်ကို လက်နှစ်ဖက်နဲ့ကိုင်ရင်း ခုန်ဆွ ခုန်ဆွလုပ်နေသော ချယ်ရီ့ပုံမှာ ရယ်စရာဖြစ်နေသည်။ အိမ်နောက်ဖေးဘက်မှာက လမ်းရယ်လို့မရှိ၊ ရိုးတစ်ခုရှိသောကြောင့် လူလည်းမလာတာမို့သာတော်တော့သည်။ မဟုတ်ရင် ချယ်ရီအရိုက်ခံနေရတာကို ကြည့်ပြီး ရယ်မယ့်သူတွေ သေချာပေါက်ရှိမှာ အမှန်ပင်။ 

"နင့်လက်ဖယ်ထားစမ်း။ ခုန်မနေနဲ့ ရေတွေနဲ့ ချော်လဲလို့ ပိုနာမယ်။ ရှေ့က ရေစည်ပိုင်းကို လက်နဲ့ကိုင်ထားစမ်း"

ရေစည်ပိုင်းဆိုပေမယ့် တဝက်မရှိတရှိကနေ ဖြတ်ထားတာမို့ စည်ပိုင်းဝကို လက်နဲ့ကိုင်လိုက်တော့ ချယ်ရီ့ပုံလေးက ရိုက်ခံဖို့ ဖင်လေးကုန်းပေးထားရသလိုပဲ။ ဖင်ကောက်​လုံးလုံးလေးက ရေစိုထမိန်လေးထဲကနေ အတိုင်းသားထွက်လို့။ လက်နဲ့ အားယူပြီး စည်ပိုင်းကို စုပ်ထားမိသည်။ 

"ဖြန်းးး"

"အီးသပေါပီ အမရေဲ့"

ပထမရိုက်ချက်နေရာပဲ ကျလာတဲ့ရိုက်ချက်ကြောင့် ချယ်ရီမျက်ရည်များပါ ဝိုင်းလာသည်။

"ဖြန်းးး"

" အီးးးဟီးးဟီးး"

ချယ်ရီတို့ ငိုလေပြီ။ ဒူးကွေးကာ ခြေထောက်နှင့်ဖင်ကို ကာဖို့ကြိုးစားနေသေးသည်။ 

"ဖယ်စမ်းအဲ့ခြေထောက်ကို" ပြောလည်းပြော ခြေဖဝါးကိုကလည်း တုတ်တစ်ချက်။ 

"ဖြန်းးး"

" အီးးးဟီးးးဟီးးး သေပါပီ အမေရေ ကယ်ပါအုန်း"

ကိုင်ထားသော ရေစည်ပိုင်းကို လွှတ်ပြီး ချယ်ရီပတ်ပြေးတော့သည်။ 

"ဟဲ့ မပြေးနဲ့လေ။ လဲကုန်တော့မှာပဲ" ဒေါ်ငယ်က ပြောပြောဆိုဆိုတုတ်ကိုင်ပြီး လိုက်လာသည်။ ချယ်ရီကတော့ အမေရှိရာ အိမ်ထဲကို ပြေးသည်။ ပါးစပ်ကလည်း အမေရေ ကယ်ပါအုန်းဆိုပြီး အဆက်မပြတ်အော်လို့။ အမေနဲ့အဒေါ်ရဲ့ အိပ်ခန်းထဲရောက်တော့ ဘယ်သူမှမရှိ။ 

"ဟဲ့ အသံကျယ်ကြီး အော်မနေနဲ့ မရှက်ဘူးလား။ နင့်အမေ ဘုန်းကြီးကျောင်းဆွမ်းဂျိုင့်ပြန်သွားယူနေတယ်။သူလည်းမကယ်နိုင်ဘူး။ အေးသူရှိလည်း ငါက သူ့ပါရိုက်မှာ။ လာခဲ့ ငါ့ရှေ့"

အားကိုး​ရာမရှိ​တော့တာသေချာတော့ စောင်းငန်းစောင်းငန်းနှင့် ချယ်ရီအဒေါ့်ဆီလာရတော့သည်။ ကုတင်နှစ်လုံးကြားမှာရပ်နေရင်း လက်အုပ်လေးချီကာ 

"မီးတောင်းပန်ပါတယ်နော်။ မီးပြီးပါပီ။ ပြန်မပြောတော့ပါဘူးနော်။ မရိုက်ပါနဲ့တော့ အရမ်းနာနေပါပီ။ အီးဟီးဟီးးး"

ငိုလည်းငို ပြောလည်းပြောနေသော ချယ်ရီ့ကို အ​ဒေါ်ကတော့ သနားပုံမပြ။ 

"ကြည့်အုန်း နင်ဘယ်အရွယ်ရှိနေပီလဲ ခုထိ ထွက်ပြေးတုန်း။ တစ်အိမ်လုံးလည်းရေတွေ စိုကုန်ပြီ။ ကောင်းသလား။"

"..."

"ပြောနေရင် ကောင်း​ေကာင်းပြောမရတာကော။ ရိုက်ရင် ငြိမ်ငြိမ်မခံတာကော ငါမကြိုက်ဘူးနော်။ နင့်ကိုကြည့်နေတာကြာပီ ပြန်လာကတည်းက အချိုးကို မဆပြဘူး။ ရိုက်ခံချင်လို့ တုတ်တောင်းနေတာလေ။ ခုတုတ်စားရပီ ကြိုက်သလား။ လာခဲ့အုန်း နင်က ခုလောက်နဲ့ မမှတ်ဘူး ငါသိတယ် ဖင်သံမဏိမ"

"ကောင်းကောင်းပြောလို့မရရင် အချက်ရေပိုများသွားမယ်နော်။ ငါ့ရှေ့သေချာလာလက်ပိုက်အရိုက်ခံရင် သုံးချက်နဲ့ပီးမယ်။ လာခဲ့ ခု "

ချယ်ရီ တွန့်ဆုတ်တွန့်ဆုတ်နဲ့ အဒေါ့်ရှေ့ရပ်ပေးလိုက်သည်။ 

"နင့်ထမိန်ပြန်ဝတ်စမ်း"

ထမိန်ရင်လျားနဲ့ပြေးလာတာဆိုတော့ ထမိန်က တွန့်လိမ်နေလေပြီ။ ပြန်ဝတ်လိုက်မှ တင်းတင်းနဲ့ ဖင်လေးက အပြောင်သားလေး။ 

"ဖြန်းးး"

"အိ"

"ဖြန်းးး"

"အီးးးဟီးးးဟီးး ကြောက်ပါပီဒေါ့ငယ်ရဲ့။ သမီးကို ခွင့်လွှတ်ပါ"

"ဖြန်းးးး"

"အားဟားးးဟီးးးဟီးးး"

"လာ သမီး။ ရေအပြီးသတ်အမြန်လာချိုးလိုက်။ အဝတ်တွေက ထားခဲ့တော့။ ဒေါ်ငယ်လျှော်လိုက်တော့မယ်။"

"ရပါတယ်ဒေါ့ငယ်၊ မီးပဲ မြန်မြန်လျှော်လိုက်ပါ့မယ်။ တကယ်ပြောတာပါ။ မီးစိတ်ကောက်တာမဟုတ်ပါဘူး။ ဒေါ့ငယ် ခုလိုမီးကို ဆုံးမပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ မီးလိမ္မာပါ့မယ်နော်"

ဒေါ်ငယ်ကပြုံးလိုက်ပြီး။ 

"အေးပါ ဒေါ်လေးလည်း သမီးကို ရိုက်ချင်လို့မဟုတ်ဘူးလေ။ သမီး လိမ္မာအောင် ဆုံးမတာနော်။ ဒေါ်လေးက ချစ်လို့။ ဒေါ့ငယ်သမီးအလိမ္မာလေးကို ပိုပြီး လိမ္မာစေချင်လို့ ရိုက်တာနော် သမီး။ မုန်းလို့မဟုတ်ဘူး"

"ဟု"

"ကဲ ခုလည်းဒေါ့ငယ် အဝတ်ကူလျှော်ပေးမယ်။ မြန်မြန်လုပ်ရအောင် ပြီးရင်ရေသုတ်ပြီး ဆေးလည်းလိမ်းပေးရအောင်"

ချယ်ရီ့မျက်နာလေးပန်းရောင်သမ်းသွားသည်။ ပြီးတောက် ပြုံရင်းပြောလိုက်သည်။ 

"ဟုတ်"

ချယ်ရီ့အမေအပြင်ကပြန်လာတော့ ရယ်ပြီးအဝတ်တူတူလျှော်နေကြတဲ့ ချယ်ရီနှင့်ဒေါ်ငယ်ကိုတွေ့ရလေသည်။

ချယ်ရီ အပိုင်း (၄)


အိမ်မှာ ၈ ရက်နေပြီးချိန်မှာတော့ ချယ်ရီလေးအဖို့ ဘဝကစားပွဲကြီးထဲပြန်ဝင်ဖို့ အချိန်ရောက်လာခဲ့ပြီ။ ချယ်ရီ့ကို လိုက်ပို့ကြရင်း အမေက တရှုံ့ရှုံ့နဲ့ငိုနေသည်။ ဒေါ်ငယ်မျက်လုံးမှာလည်း မျက်ရည်တွေဝဲလို့။ ကျန်းမာဖို့ ဘေးကင်းဖို့ကို အမေက တတွတ်တွတ်ရွတ်နေသည်။ ကိုကြီးတို့ကတော့ တစ်ခုခုဆို ပြန်လာဖို့။ သူတို့ကျွေးထားမှာမို့ စိတ်ဆင်းရဲမခံဖို့ အထပ်ထပ်ပြောနေကြသည်။ 

"စိတ်မပူကြနဲ့နော်။ မီးက ဘာမှမဖြစ်ဘူး။ ဟိုမှာ အလုပ်ရှင်ကလည်း အရမ်းသဘောကောင်းတာ။ အမေနဲ့ဒေါ့ငယ်နဲ့ ကျန်းမာရေးဂရုစိုက်နော်။ အကိုမင်္ဂလာဆောင်ကျရင်ပြန်လာခဲ့မှာ။"

"...."

"ဒေါ့ငယ် မီးကိုခုရွယ်ထိ ဆိုဆုံးမပေးတာ ကျေးဇူးပါနော်။ မီးက ဒေါ့ငယ်နဲ့မို့ ပိုဆိုးမိတာပါ။ အလုပ်ထဲမှာလာကြည့်၊ မီးက ဆရာမကြီး"

"အေးပါ သမီးရယ်။ ​ဒေါ့ငယ်သိပါတယ်။ ဒေါ့ငယ်ကလည်း သမီးကို သိပ်ချစ်တာနော်။ အကိုတွေကော အမေကောက သမီးလေးဘာဖြစ်ဖြစ်ချစ်ကြပီးသား။ ဒေါ့ငယ်လည်းတူတူပဲ။ အဆင်မပြေရင် အချိန်မရွေးပြန်လာခဲ့နော်။ ဘာမှ ပူစရာမရှိဘူးသိလား။ ဘာဖြစ်နေနေ အိမ်ကပြောင်းလဲသွားမှာမဟုတ်ဘူး။ ချစ်မြဲချစ်ကြမှာ"

"ဘာမှ ပြောင်းလဲမသွားရင် မီးကရိုက်ခံနေရအုန်းမှာပေါ့နော်"

မျက်လုံးလေးတစ်ဖက်မှိတ်ပြရင်း​ပြုံးပြီးမေးလိုက်သည်။

"အမလေး ညီးလေးသာ အရိုက်ခံရအောင်လုပ်နေရင် ကျုပ်က ဘယ်ရိုက်မလဲအေ့"

"စတာပါ ဒေါ့ငယ်ကလဲ။ မီးက စိတ်မဆိုးပါဘူး။ ဒေါ့ငယ် မီးကို ချစ်လို့ ဆုံးမတယ်ဆိုတာ သိပါတယ်။ အဲ့လိုဆုံးမပေးမယ်ဆိုတာယုံကြည်ထားရတာကလည်း သမီးကိုချစ်တယ်လို့ ခံစားရပါတယ်"

ဒေါ်ငယ်ကတော့ နားလည်လားမသိ။ ပြုံပြီးခေါင်းညှိမ့်ပြသည်။ 

ရွာကထွက်လာတော့ ချယ်ရီအားအပြည့်ဖြစ်နေပီ။ ဘဝကြီးရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ပဲ။ လူကလည်း ကိုယ့်ဘာသာ ယုံကြည်မှုအပြည့်နှင့်ပြုံးနေမိသည်။ ဘေးကပ်ရက်က အန်တီကြီးကတော့ ဒီကလေးမဘာတွေသဘောကျနေတယ်မသိဟု ပုံစံမျိုးဖြင့် ကြည့်နေလေသည်။

မြို့ကိုရောက်ပီး အလုပ်ခွင်ထဲပြန်ရောက်တော့ တာဝန်ယူရတာတွေက များလာသည်။ မမယုက ချယ်ရီ့ကို ဒီဆိုင်ရဲ့တာဝန်ခံအဖြစ်ရာထူးတိုးပေးခဲ့သည်။ လုပ်သက် ၃ နှစ်ပေမယ့် ဆိုင်ကလည်းအသစ်ဖြစ်နေတာမို့ လုပ်သက်အများဆုံးက ချယ်ရီဖြစ်နေလေသည်။ ချယ်ရီ့လက်အောက်က တချို့ဝန်ထမ်းတွေက ချယ်ရီ့ထက် အသက်ကြီးသည်။ သူတို့ကတခြားဆိုင်တွေကလာတာမို့ မမယုက သူတို့ထက် ချယ်ရီ့ကို တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ စစချင်းတော့ နည်းနည်းခက်ပေမယ့် အမကြီးတွေကလည်း သူတို့ထက်ငယ်တဲ့ချယ်ရီသူတို့အထက်လူကြီးဖြစ်နေတာကို ငြိုငြင်ကြပုံမပေါ်။ 


ဒီလိုနဲ့ ၆ လလောက်ကြာချိန်မှာ ပြသနာတစ်ခုတက်သည်။ ပြသနာက ချယ်ရီ့လက်အောက်က အရောင်းစာရေးများက ငွေခိုးကြခြင်းဖြစ်သည်။ မမယုစာရင်းစစ်လိုက်မှ တွေ့သည်။ မမယုက ချယ်ရီ့ကိုလည်း သံသယတော့ဖြစ်သည်။ ချယ်ရီအပါအဝင် ဝန်ထမ်းအားလုံးကို စစ်ပြီးချိန်မှာတော့ ချယ်ရီမသိဘဲ အောက်ကနေ စာရင်းလိမ်ကာ ငွေကို သူတို့အိပ်ထဲထည့်ခြင်းဖြစ်နေသည်။ ပြသနာက ဒီလိုလိမ်နေတာ ဘယ်တုန်းကတည်းမှန်းသေချာမသိနိုင်။ အနည်းဆုံး ၆လရှိပြီ။ ဘယ်လောက်လိမ်သွားလည်း စစ်ဖို့လည်းမဖြစ်နိုင်တော့။ ခန့်မှန်းချေတော့ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းထိရှိနိုင်သည်။ ချယ်ရီခေါင်းကြီးရသလို စိတ်လည်းမကောင်း။ ဝမ်းနည်းပြီးတချိန်လုံးငိုချင်နေသည်။ ငိုလို့ကမရ။ မမယုက ဘာလုပ်ရမလဲ စဥ်းစားနေပုံရသည်။ နှစ်ရက်လောက်ကြာတော့ သူတို့ဝန်ထမ်းတွေကို တစ်ယောက်ချင်းခေါ်တွေ့သည်။ 

ချယ်ရီနဲ့တွေ့တော့ မမမျက်နာကို မကြည့်ရဲ။ မျက်လွှာအောက်ချပြီး မိမိခြေချောင်းများကိုသာ ကြည့်နေမိသည်။ 

"ချယ်ရီ ဒီကိစ္စမှာမပါဘူးဆိုတာတော့ မမသိရပါပီ။ မမိုးနဲ့ သင်ဇာတို့က သူတို့လုပ်တယ်ဆိုတာကို ဝန်ခံကြတယ်။ သူတို့ကိုတော့ မမ ချက်ချင်းအလုပ်ထုတ်လိုက်တယ်။ တခြားလုပ်ငန်းတူဆိုင်တွေမှာလုပ်မရအောင်လည်း အမဆိုင်တွေကို ပြောထားလိုက်ပီ။ အောက် ကလူတွေလုပ်နေတာကို တာဝန်ခံဖြစ်တဲ့လူကမသိတာက မဖြစ်သင့်ဘူး။ ချယ်ရီ့ကို ယုံကြည်လို့ တာဝန်တွေပေးခဲ့တာ မမ မှားသွားလားမသိဘူး။ ဒီကိစ္စမှာ ချယ်ရီ့ရဲ့အပြစ်လည်းပါတယ်"

"..."

ပြောစရာစကားမရှိ၊ မျက်ရည်ဝဲလာသည်။ အော်ငိုလိုက်ချင်သည်။ မမယုကို စိတ်ပျက်စေခဲ့ပြီ။ မမရဲ့ ယုံကြည်မှုနဲ့သူမ မထိုက်တန်။ 

"ဒါပေမယ့် ချယ်ရီ့ကိုတော့ အလုပ်မထုတ်ပါဘူး။ ဘယ်လိုအပြစ်ပေးရမလဲဆိုတာကိုတော့ မမစဥ်းစားလိုက်အုန်းမယ်။ ပိုက်ဆံတော့ မလျော်ခိုင်းပါဘူး။ ဒါပေမယ့် အပြစ်ကိုတော့ ဒီတိုင်းခွင့်လွှတ်ပေးလို့မရဘူး။ နားလည်တယ်မလား မမပြောတာ"

"ဟုတ် နားလည်ပါတယ်မမ"

အသံက အက်ကွဲပီးထွက်လာသည်။ ငိုချင်ရက် ငိုမရတဲ့အသံနဲ့။ 

"သွားလို့ရပီ။ ခုရက်ပိုင်းတော့ ဝန်ထမ်းနှစ်ယောက်ထွက်သွားတော့ အလုပ်နည်းနည်းခက်မယ်။ အဲ့အတွက်ကို နည်းနည်းပြင်ဆင်ထားလိုက်ပါ။ ရက်ပိုင်းအတွင်းလူစားရအောင်တော့ ခန့်ရမယ်။ နက်ဖြန်အင်တာဗျူးလုပ်မယ့်လူတွေဆိုင်ကိုလာလိမ့်မယ်။ ချယ်ရီလည်း ဝင်ထိုင်ရမယ်။ ဟုတ်ပီနော်။"

"..."

အသံကထွက်လို့အဆင်မပြေတာမို့ ခေါင်းကိုသာသွင်သွင်ညှိမ့်ပြမိသည်။ 

"ငိုမနေပါနဲ့။ ဒီအဖြစ်အပျက်ကနေ ချယ်ရီ့ကို သင်ခန်းစာယူစေချင်တယ်။ လုပ်ငန်းဟာကွက်ဆိုတာ အမြဲရှိတယ်။ အဲ့ဟာကွက်တွေကို ခုလိုသူများက အခွင့်အရေးယူပြီးမလုပ်ခင်မှာ ကိုယ်ကကြိုသိ ကြိုပိတ်နိုင်ရမယ်။ စိတ်ဓာတ်ကျစရာမလိုဘူး။ ခလုတ်တိုက်မိတယ်ပဲ သဘောထား။ ဖုတ်ဖက်ခါပြန်လျှောက် ဟုတ်ပလား။"

မမယုက ချယ်ရီ့ခေါင်းလေးကို အသာပုတ်ပြီး အခန်းထဲက ထွက်သွားသည်။ ချယ်ရီသာ ငိုင်ငိုင်ကြီးကျန်နေရစ်ခဲ့သည်။ 

အဆောင်ပြန်ရောက်တော့ အခန်းတံခါးပိတ်ပြီး အော်ငိုဖို့လုပ်သည်။ အော်ပေမယ့် မျက်ရည်ကထွက်မလာ။ အပြစ်ကြီးလုပ်ထားမိပီး ကိုယ့်ဘာသာကို ခွင့်မလွှတ်နိုင်ဖြစ်နေသည်။ ငိုမဖြစ်တော့ စားဖို့လုပ်တော့လည်း ဘာမှမစားချင်။ အန်ချင်သလိုလိုတောင်ဖြစ်လာသည်။ အိမ်ကိုဖုန်းဆက်ပြီး အမေနဲ့အဒေါ်ကို ပြောပြလိုက်တော့မှသာ မျက်ရည်တွေထွက်ပြီး ငိုပွဲဆင်လို့ရတော့သည်။ အမေနဲ့အကိုတွေကတော့ ပိုက်ဆံလျော် ​​ပေးမယ်ပြောကြသည်။ သို့ပေမယ့် ငွေပမာဏကို မသိလို့သာ သူတို့ပြောကြတာဖြစ်သည်။ ဒီပမာဏဆိုတာ ချယ်ရီတို့မိသားစုအဖို့က မြင်ဖူးဖို့မဆိုထားနှင့် ပြောပင်မပြောဖူးကြ။ ဒေါ်ငယ်ကတော့ မမယုကို တောင်းပန်ပြီး နောက်နောင်မဖြစ်အောင် ဂရုစိုက်ဖို့။ မမယုအပေါ်သစ္စာရှိရှိလုပ်ကိုင်ပေးခြင်းဖြင့် အပြစ်ချေဖို့ပြောသည်။ 

"ခုကလေ မီးကို မမက အပြစ်မတင်ဘူး။ အပြစ်ရှိတာ မီးပေမယ့် သူကပြန်ဖေးမနေရတယ် သမီးကို။ ဆုံးရှုံးတာက သူပေမယ့် သမီးကို သူက ခွင့်လွှတ်ပေးပီးသား။ ခုက မီးက မီးဘာသာ ခွင့်မလွှတ်နိုင်တာ။ ကိုယ့်အပေါ် ဒီလောက်ကောင်းတဲ့လူကို စိတ်ပျက်စေမိတယ်။ အသုံးကိုမကျတဲ့ ချယ်ရီမပဲ ဟီးးး ဟီးးး"

"ကိုယ့်ဘာသာ အပြစ်မတင်ပါနဲ့ သမီးရဲ့။ မမကိုလည်း သေချာတောင်းပန်လိုက်ပေါ့။ သူ့အပေါ်အရမ်းကောင်းပေးလိုက် နောက်နောင်ကို ဟုတ်ပီလား။ မေမေတို့ သမီးလေးက တော်ပီးသားပါ"

အဲ့ညကတော့ ငိုရင်း အိပ်ပျော်သွားသည်။ အိမ်မက်ထဲကျတော့ မမယုကို သူတောင်းပန်နေသည်။ မမယုက ချယ်ရီ့ကို ကျောပေးထားသည်။ သူမမဆီကို လျှောက်သွားတော့ မရောက်နိုင်။ ရောက်ခါနီးကျတော့ ချော်ကျပြီး ချောက်ကြီးထဲကျတော့သည်။ အဲ့လိုနဲ့ လန့်နိုးလာလိုက် အိမ်မက်တွေမက်လိုက်နှင့် မနက်နှိုးစက်မြည်မှ မထချင်ထချင်နှင့် ထပြီးအလုပ်သွားဖို့ပြင်ရသည်။ 

အလုပ်ရောက်တော့ အင်တာဗျူးဖြေမယ့်လူတွေက ရောက်နှင့်နေကြပီ။ မမအလာကိုစောင့်ရင်း ချယ်ရီ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ 

မမယုရောက်လာတော့ အင်တာဗျူးဖြေမယ့်လူတွေကို ရုံးခန်းထဲမှာတစ်ယောက်ချင်းအင်တာဗျူးကြသည်။ ၅ ယောက်လောက်ပဲရှိတာမို့ သိပ်တော့မကြာ။ အရေးပေါ်ခေါ်တာမို့ အေဂျင်စီက ဒီလောက်ပဲ လွှတ်ပေးနိုင်သည်။ လာလျေှာက်သူတွေကတော့ မဆိုးပါ။ 

"မမကတော့ ၂ နဲ့ ၄ ကို သဘောကျတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးခန့်မယ်ဆိုရင် ဆိုင်မှာ ယောင်္ကျားလေးတော့ ပိုများသွားမယ်ထင်တယ်။ ချယ်ရီဘယ်လိုသဘောရလဲ"

"၂ ကတော့ ခန့်သင့်တဲ့လူပါ မမ။ လက်မလွှတ်သင့်ဘူးထင်တယ်။ ၄ ကတော့ လာလျှောက်တဲ့ထဲမှာ မဆိုးဘူးဆိုပေမယ့် သူ့ထက်အံဝင်တာကို စောင့်သင့်တယ်ထင်တာပဲ။ လောလောဆယ်နှစ်ယောက်မရလည်း ချယ်ရီထိန်းပြီး ဆိုင်ကို run လို့ရပါတယ်။ ခုက လျှောက်လွှာက နည်းလို့လေ။ အေးဆေးရွေးနိုင်မယ်ဆို ပိုကိုက်ညီတာရမယ်ထင်တယ်"

မမယုက စဥ်းစားနေပြီး ခေါင်းညိတ်ကာအဖြေပေးသည်။ 

"အင်း ဟုတ်ပီလေ။ ချယ်ရီပြောတာ မမလက်ခံပါတယ်။ အဲ့လိုပဲ လုပ်ကြတာပေါ့။ ဟိုကလေးကို နက်ဖြန်စဆင်းခိုင်းလိုက်တော့ ဒါဆို။"

"မမ ဟိုလေ ဟိုကိစ္စအတွက် ချယ်ရီတောင်းပန်ပါတယ်နော်။ ချယ်ရီအသုံးမကျလို့ မသိလိုက်တာ။ ချယ်ရီ့အပြစ်ပါ။ မမက ယုံကြည်ပြီးလွှဲထားတာကို ခုလိုဖြစ်ရတော့ မမကို စိတ်ပျက်စေမိတာ ချယ်ရီ တကယ်တောင်းပန်ပါတယ်"

"No problem kiddo...we fall, we learn. simple as that"

"ဒါပေမယ့်လေ ချယ်ရီကိုယ့်ဘာသာကို ခွင့်မလွှတ်နိုင်ဘူး။ မမချယ်ရီကို အပြစ်ပေးပါ။"

ချယ်ရီခေါင်းငုံ့ရင်းပြောလိုက်မိသည်။ 

"အင်း မမ မနေ့က စဥ်းစားတယ်။ ချယ်ရီမသိလိုက်တာအပြစ်လို့ပြောရပေမယ့် မမကို လိမ်တာ ချယ်ရီမှ မဟုတ်တာ။ မမတို့အလုပ်မှာ ယုံကြည်မှုက ပိုပြီးတန်ဖိုးရှိတယ်။ ခုဆို ချယ်ရီလည်း သဘောပေါက်မှာပါ။ မမကတော့ ချယ်ရီ့ကို လုံးဝယုံကြည်လို့ရတဲ့သူလို့ ထင်တယ်။ ခုလိုကိုယ့်အပြစ်ကိုရှောင်မပြေးဘဲ ဝန်ခံရဲတာကလည်း ကောင်းတဲ့အကျင့်ပဲ။ ပြီးတော့ မမမှာလည်း ဆုံးရှုံးမှုက သိပ်ရှိတာမဟုတ်ဘူး။ သူတို့လိမ်သွားတဲ့ငွေအများစုကလည်း customer တွေဆီက တိုးတောင်းသွားတာဆိုတော့ မမအိပ်ထဲကတော့ မစိုက်လိုက်ရဘူး။ ကြာကြာမဖြစ်ခင် ရှင်းလိုက်နိုင်လို့ customer trust လည်း သိပ်မပျက်ဘူးထင်တယ်လေ။"

"So...no worry"

"ဒါပေမယ့် ချယ်ရီ့ကို မမအပြစ်မပေးရင် ချယ်ရီကိုယ့်ဘာသာ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး"

"မမက ချယ်ရီ့ကို အလုပ်မထုတ်ချင်ဘူးလေ။ ပြီးတော့ ဒဏ်ငွေချရင်လည်း ချယ်ရီ့မိသားစုအဖို့ ဝင်ငွေနည်းမှာပေါ့။"

"မမဘာအပြစ်ပေးပေးချယ်ရီ ခံပါ့မယ်"

"ကဲ အဲ့တော့ကျုပ်က ဘယ်လိုအပြစ်ပေးရမှာတုန်း။ ကလေးတွေလို ရိုက်ရမှာလား"

"ချယ်ရီ့ကို ခုချိန်ထိချယ်ရီဆိုးရင် အဒေါ်က ရိုက်ပီးဆုံးမပါတယ်။ မမရိုက်မယ်ဆိုလည်း ချယ်ရီ့ကို ကောင်းဖို့ဆုံးမတာမို့ ချယ်ရီခံပါ့မယ်"


ချယ်ရီ အပိုင်း (၅) ဇာတ်သိမ်း


မမက ချယ်ရီ့ကို သေချာကြည့်နေသည်။ အကဲခတ်နေတာဖြစ်ကောင်းဖြစ်လိမ့်မည်။ ချယ်ရီလည်း မမကို ကြည့်ရင်း ချယ်ရီ့မျက်လုံးများမှတဆင့် ချယ်ရီ့စိတ်ကို မမသိပါစေဟု ဆုတောင်းနေမိသည်။ 

မမက သူ့မျက်လုံးလေးကို ပင့်လိုက်ပီး 

"အိုကေလေ မျှတပါတယ်။ ချယ်ရီ့ကိုလည်း မမက ကိုယ့်ညီမလေးအရင်းလို သဘောထားတာဆိုတော့ ရိုက်ပီးအပြစ်ပေးတာက ကောင်းပါတယ်။ မမငယ်ငယ်ကဆိုးရင်လည်း မမရဲ့အမက ရိုက်ဆုံးမတာပဲ"

ချယ်ရီပျော်သွားမိသည်။ မမက သူ့ကိုညီမလေးလို​သဘောထားတယ်ပြောတာကော သူ့အပြစ်ကို ချေခွင့်ရတဲ့အတွက်ကောပေါ့။ 

မမယုက ရုံးခန်းအပြင်ထွက်ကာ ဘေးကပ်ရက်ရှိ အလုပ်ခန်းထဲဝင်သွားသည်။ ပြန်လာတော့ လက်ထဲမှာ လုပ်ငန်းသုံးပေတံလေးပါလာသည်။ ပေတံက ကော်အမာနဲ့လုပ်ထားတာ။ မမက သူ့လက်ကို ပေတံဖြင့်ရိုက်စမ်းကြည့်လိုက်သည်။ 

"ဖြန့်"

ချယ်ရီဖင်လေးတွန့်သွားမိသည်။ ရင်လည်းခုန်လာသလိုလို၊ ရေပဲငတ်သလိုလိုဖြစ်လာသည်။ မမယုက လှသည်။ လုပ်ငန်းရှင်ဆိုပေမယ့် အသက်က ၃၆ ပဲ ရှိသေးသည်။ ဒါပေမယ့် ထို့ထက်ငယ်သည်ဟု အားလုံးကထင်ကြသည်။ Gym အမြဲဆော့သောကြောင့် ကိုယ်ခန္ဓာကကျစ်ကျစ်လစ်လစ်ရှိသည်။ အလှဆုံးက မမရဲ့ခြေထောက်လေးတွေပဲလို့ ချယ်ရီကထင်သည်။ ခြေတံရှည်မလေးများဆိုသည်မှာ မမတို့လိုမိန်းကလေးတွေကို ရေးတာဖြစ်မယ်လို့ တွေးခဲ့ဖူးသည်။ ချယ်ရီလည်း ခြေတံရှည်ပေမယ့် မမလောက်တော့ ကြည့်လို့မလှဟုထင်သည်။ ခုလည်း မမက ဒူးလောက် စကတ်အနက်ရောင်လေးနဲ့ လှနေသည်။ ခြေသလုံးလေးက ဖွေးဥနေပြီး ခြေသည်းရောင်လေးများနှင့်လိုက်ဖက်လှသည်။ ချယ်ရီအလှက အရိုင်းပန်းအလှလိုဖြစ်ပြီး မမကတော့ တော်ဝင်ပန်းအလှမျိုးလို့ပြောရမည်။

"လာခဲ့ ချယ်ရီ။ မမရိုက်တာခံမှာသေချာပီနော်။"

"ဟုတ် မမ" 

ပြောလည်းပြော မမဆီကိုလည်း တိုးသွားလိုက်သည်။ မမရှေ့ရပ်နေရင်း ကိုယ့်ဘာသာသိမ်ငယ်သလိုခံစားရသည်။ ရှက်လည်းရှက်မိသည်။ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကြောင့် မမအပြစ်ပေးမည်ကိုလည်း တောင်းတမိသည်။ တစ်ဆက်တည်းမှာပဲ စိတ်လှုပ်ရှားမိသည်။ ကျေနပ်မိသည်။ ပျော်မိသည်လို့တောင်ပြောလို့ရသည်။

"မမအနေနဲ့ ချယ်ရီ့ကို ဆယ်ချက်ရိုက်မယ်။ ဒီပေတံနဲ့ပဲ။ တင်ပါးကိုပဲရိုက်မယ်။ တခြားနေရာတွေက ရိုက်ဖို့အတွက်မကောင်းဘူး ထိခိုက်မိဖို့များတယ်။ ချယ်ရီ သဘောတူလား"

"ဟုတ် မမ။ ချယ်ရီ မမပေးတဲ့အပြစ်ကိုခံပါ့မယ်ရှင့်"

"အင်း ဒါဆို မတ်မတ်ရပ်၊ လက်ပိုက်ထား။ လက်ပိုက်မဖြုတ်နဲ့နော်။ ချယ်ရီ့လက်ထိသွားမှာစိုးလို့"

ချယ်ရီပြောတဲ့အတိုင်း လက်ပိုက်ထားလိုက်သည်။ ခပ်တင်းတင်းလေးကို ပိုက်ထားမိသည်။ မမရဲ့ဂရုစိုက်မှုက ရင်ကိုနွေးသွားစေသည်လေ။ 


မမကချယ်ရီဘေးဘက်ကနေရာယူလိုက်ပြီး တင်ပါးပေါ်ကို ပေတံတင်ပြီး ရွယ်လိုက်သည်။ ချယ်ရီဝတ်ထားတာက ဂျင်းဘောင်းဘီနဲ့ ဆိုင်တီရှပ်လေး။ မမက ရွယ်ထားတဲ့ပေတံကို မြှောက်ပြီး ချယ်ရီဖင်လေးပေါ်ရိုက်လိုက်သည်။ 

"ဖတ်"

မမရိုက်တာပျော့တာကော ဂျင်းဘောင်းဘီကြောင့်ရောထင်သည် ဖြန်းခနဲထွက်မလာဘဲ ဘတ်ခနဲဖြစ်သွားသည်။ ချယ်ရီမမကို လှမ်းကြည့်လိုက်တော့ မမက ပေတံကို စမ်းကြည့်နေသည်။ သူလည်းပျော့တာကို ရိပ်မိပုံရသည်။ ဘာများမှားသွားသလည်းဆန်းစစ်နေပုံရသည်။ နောက်တစ်ချက်ကိုတော့ ပိုအရှိန်ပြင်းပြင်းရိုက်သည်။ သို့ပေမယ့် ဖတ်ကနဲအသံပဲထွက်သည်။ ပထမတစ်ချက်ကတော့ ထိသည်လို့ပင်မထင်လိုက်ပေမယ့် ဒီတစ်ချက်ကတော့ နည်းနည်းသိသည်။ နာတော့ မနာချေ။ မမက ပေတံဖြင့် သူ့လက်ကို ခပ်ပြင်းပြင်းရိုက်ကြည့်ပြန်သည်။ 

"ဖြန်း"

မမလက်လေးနာသွားပုံရသည်။ ဖွေးသောလက်ဖဝါးလေးနီသွားတာပါ မြင်လိုက်ရသည်။ 

"အင်း ကြည့်ရတာ ချယ်ရီဝတ်ထားတဲ့ဂျင်းက အရမ်းထူနေတယ်ထင်တယ်။ ဘယ်လိုမှနေပုံမရဘူး။ ဟုတ်တယ်မလား"

"ဟုတ် မမ။ သိပ်မနာဘူး။"

ချယ်ရီလည်း အမှန်အတိုင်းပြောလိုက်သည်။ မမက တစ်ချက်စဥ်းစားပြီး 

"မမကားနောက်ခန်းမှာ Gym bag ရှိတယ်။ အဲ့ထဲမှာ gym shorts အသစ်တွေထည့်ထားတာ ရှိတယ်။ အဲ့ဟာသွားယူပြီး ချယ်ရီလဲလိုက်။ ဒီဘောင်းဘီနဲ့ဆိုရင်တော့ ဘာမှသိသာမှာမဟုတ်ဘူး။ အဲ့တော့ ဘောင်းဘီလဲလိုက်ပြီးမှ ဆက်ရိုက်တော့မယ်။ ရော့ ကားသော့"

ချယ်ရီကားသော့ကိုယူပြီး မမပြောတဲ့အိတ်ကိုရှာလိုက်သည်။ လွယ်လွယ်ကူကူပင်တွေ့သည်။ အိတ်ထဲမှာ အရောင်စုံ gym အဝတ်အစားတွေတွေ့သည်။ မမအသစ်ဝယ်လာပုံရသည်။ မမနဲ့သူက ကိုယ်ခန္ဓာသိပ်မကွာတော့ အတော်ပဲဖြစ်သွားသည်။ လိ​မ္မော်ရောင်ဘောင်းဘီရှည်လေးကိုယူလာပြီး အလုပ်ခန်းအတွင်းဝင်ကာ မြန်မြန်လဲလိုက်သည်။ အရိုက်ခံရဖို့ကို လဲပေးရတာမို့ ရှက်လည်းရှက်သည်။ ပြီးတော့ ဒါမျိုးဝတ်လေ့မရှိတာကြောင့်လည်း လူကမလုံမလဲနှင့်ရှက်နေမိသည်။ ချယ်ရီ့ဖင်က ကောက်တာမို့ ဖင်လုံးက ဘောင်းဘီထဲက ထိုးထွက်နေသလို ခံစားရသည်။ အသားနဲ့ကပ်နေတာကြောင့် လူက ဖင်ပြောင်နေသလိုပဲ။ ဖင်တုံးကို အတိုင်းသားမြင်နေရသည်။ ရှက်ရှက်နှင်ရုံးခန်းထဲပြန်ဝင်သွားတော့ မမက ထိုင်ခုံပေါ်ကထလာသည်။ 

"ချယ်ရီနဲ့ ကွက်တိပဲ။ မမလက်ဆောင်ပေးမယ်။ sports wear တွေပေးမယ်။ ချယ်ရီလည်း gym ဆော့ရမယ်။ အာ့မှ ကျစ်ကျစ်လစ်လစ်နဲ့ ကျန်းမာရေးကောင်းမှာ။ ပိုလည်းလှလာမယ်။ အိပ်လို့ကောင်းပြီး စိတ်ကျန်းမာရေးအတွက်လည်းကောင်းတယ်"

"ဟုတ် ချယ်ရီ ကြိုးစားပါ့မယ် မမ"

"No No ကြိုးစားရမှာမဟုတ်ဘူး လုပ်ရမှာ"

"ဟုတ် ချယ်ရီလုပ်ပါ့မယ် မမ"

"အင်း တော်တယ်"

မမရှေ့မှာခုဏတုန်းကလို မတ်တပ်ရပ် လက်ပိုက်ပေးလိုက်သည်။ မမယုက လက်ထဲကပေတံနဲ့ရွယ်ပြန်သည်။ 

"ဖြန်း"

ဒီတစ်​ခေါက်တော့ စပ်လည်းစပ်သည်။ အသံကလည်းတော်တော်ကျယ်သည်။ နာတာထက် အသံကပိုကျယ်သည်ဟုပြောရမည်။ ချယ်ရီအသံမထွက်မိအောင်တော့ အံလေးကို ခိုးကြိတ်ထားမိသည်။ 

"ဖြန်းးးး"

ရိုက်ချက်က တစ်နေရာထဲကို ကျတော့ တော်တော်နာသည်။ ပထမစပ်နေတဲ့အရှိန်မပြေသေးခင် ရိုက်လိုက်တာမို့ လူက ထူပူသွားသည်။ 

"ဖြန်းးး" 

နောက်တစ်ချက်ကလည်း ဖင်အလယ်တည့်တည့်ကိုပဲ ထပ်ထိတာမို့ နာလှသည်။ ချယ်ရီအံကို တင်းတင်းကြိတ်ထားမိသည်။ မျက်လုံးကလည်း မျက်ရည်များဝိုင်းလာသည်။ 

"ဖြန်းးး" 

"အိ"

ထိန်းထားတဲ့ကြားက အသံကထွက်သွားသည်။ ဖင်လည်း မီပူထိုးထားသလို ပူနေပီ။ လက်ပိုက်ထားတာကိုလည်း ပိုပိုအားထည့်ထားမိရုံမက တီရှပ်ကိုပု ဆွဲထားမိသေးသည်။ 

"ချယ်ရီ အပြစ်လုပ်လို့ မမက အပြစ်ပေးတာနော်။ နှိပ်စက်နေတာမဟုတ်ဘူး။ နာရင် အော်ချင်အော်လို့ရတယ်။ ငိုချင်ငိုလို့ရတယ်။ အောက်ထပ်ကလူတွေလည်း ကြားမှာမဟုတ်ဘူး။ ရုံးခန်းက အသံလုံသင့်သလောက်လုံပါတယ်"

မမက ချယ်ရီ့စိတ်ထဲကိုမြင်ရသလို ပြောလိုက်တော့ ချယ်ရီ့ရင်ထဲ ကြည်နူးရပါသည်။ မမကို စိတ်မပျက်စေချင်။ မမကို ရိုက်ဖို့တောင်းဆိုမယ်ဆုံးဖြတ်တော့ လူကြီးတစ်ယောက်လို ချယ်ရီကိုယ့်အပြစ်ကို မငိုဘဲခံမည်ဟု တွေးထားခဲ့သည်။ ခု မမဒီလိုပြောလာတော့ ပိုငိုချင်လာသည်။ မမမေတ္တာတွေကို ခံစားရလို့ဖြစ်နိုင်သည်။ ချယ်ရီက အချစ်ငတ်နေသောကောင်မလေးမဟုတ်ပေမယ့် အချစ်ခံရသည်ကို အရမ်းကြိုက်သောမိန်းကလေးတော့ ဖြစ်နေသည်မဟုတ်လား။ ခုလည်း မမအချစ်တွေကို ခံစားမိသည်။ ခံစားရတော့ ဝမ်းသာပီးလည်းငိုချင်လာသည်။ ကိုယ့်ကိုချစ်တဲ့လူကို စိတ်ပျက်စေမိတာကြောင့်လည်း ငိုချင်လာသည်။ ဖင်က နာတာကြောင့်လည်း ငိုချင်လာသည်။ 

"ဖြန်းးး"

"အီးးဟီးး"

"ဖြန်းးး"

"အီးးးဟီးးးဟီးးးနောက်မဖြစ်စေရပါဘူး မမ။ သမီးတောင်းပန်ပါတယ်"

"အင်း နှစ်ချက်ပဲ ကျန်တော့တယ်။ အားတင်းထားနော် ညီမလေး"

"ဟု"

ရှိုက်သံတွေနဲ့ ပြန်ဖြေမိသည်။ 

"ဖြန်းးး"

"ဟီးးးဟီးးးမီးနောက်ဆို ဂရုစိုက်ပါ့မယ်"

"ဖြန်းးး"

"အားးးဟီးးးဟီးးး နောက်မမှားစေရပါဘူး။ မမကို စိတ်မပျက်စေရပါဘူး။ သမီးကို ခွင့်လွှတ်ပါ။ သမီးတောင်းပန်ပါတယ်"

"မမက အစောကတည်းက ချယ်ရီ့ကို ခွင့်လွှတ်ပြီးသားပါ။ ခုလည်း ညီမနဲ့ထိုက်တန်တဲ့အပြစ်ကို ခံပြီးသွားပီမို့ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့တော့နော်။ ရှေ့လျှောက်ဒီထက်ပိုကောင်းအောင် ကြိုးစားသွားနော်။"

မမကချယ်ရီ့လက်မောင်းနှစ်ဖက်ကို ကိုင်ရင်းအားပေးသည်။ ပြီးတော့ တသွင်သွင်စီးကျနေသော မျက်ရည်များကို မမက သုတ်ပေးသည်။ 

"မငိုနဲ့တော့။ တိတ်တော့နော်။ မိတ်ကပ်တွေပျက်ကုန်ပီ။ အရမ်းနာသွားလား မမရိုက်တာ။"

"ဟု မငိုတော့ဘူး။ အရမ်းတော့မနာပါဘူး နာတော့နာတယ်။ စပ်တာ။ မမက တစ်နေရာတည်းကို ထပ်ထပ်ရိုက်တာကိုး။ ပြဲကုန်ပီလားတောင် မသိဘူး။"

"အင်းးးဟုတ်ပါ့ကွယ်။ မမလည်းဘယ်လိုဖြစ်တယ်မသိပါဘူး။ ချယ်ရီငိုပေမယ့် ဆက်ဆက်ရိုက်နေမိတာပဲ။ ချယ်ရီ့ဖင်လေးတုန်တုန်သွားတာကို သဘောကျ​မိလို့လားမသိဘူး။ ဆောရီးပါ။"

"ရပါတယ် မမ။ ချယ်ရီအပြစ်ရှိလို့ ရိုက်ခံရတာပဲ။ ချယ်ရီ့ကို ခုလိုဆုံးမတာကို ကျေးဇူးတင်ပါတယ်။ နောက်နောင် မလိမ္မာလည်း ခုလိုဆုံးမပေးပါရှင့်။"

ဘယ်လိုကြောင့်ဒီလိုစကားတွေပြောမိမှန်းချယ်ရီလည်းမသိတော့။ ဒါပေမယ့် စိတ်ထဲကကောနှလုံးထဲကပါပြီး ပြောတဲ့စကားတော့ဟုတ်သည်။ အတည်ပြောခြင်းလည်းဖြစ်သည်။ မမက ငါ့ကို ချစ်လို့ရိုက်တာပဲဟာ။ 

"အင်းပါ ချယ်ရီက လိမ္မာပါတယ်။ မမလည်း ချယ်ရီ့ကို ဒီထက်ပိုပြီး ကူညီမယ်။ အလုပ်တင်မဟုတ်ဘူး အစစအရာရာပေါ့။ ခုတော့ မမနဲ့ gym လိုက်ဆော့၊ ညနေဘက်တွေအလုပ်ဆင်းတာနဲ့ သွားကြမယ်။ ချယ်ရီ့အဆောင်နဲ့ Gym ကနီးပါတယ်။"

"ဟုတ် မမ"

"ရော့ မမအိတ်ထဲမှာ အကုန်ရှိတယ်။ ညီမလေးမျက်နာပြင်လိုက်အုန်း။ အောက်မဆင်းခင်။"

ချယ်ရီလည်း မျက်နာသစ် မိတ်ကပ်ဖို့ပီး မမယုနှင့်တူတူ ရယ်ရယ်မောမောနှင့်အောက်ထပ်သိ​ု့ ဆင်းသွားလေသည်။


မမယုတစ်ယောက်ညဘက်အိပ်ယာထက်တွင်တစ်ယောက်တည်း လှဲနေရင်း ဖုန်းကိုကြည့်ပြီးသဘောကျစွာ ပြုံးနေလေသည်။ သူကြည့်နေတာကတော့ ချယ်ရီပေးပို့လာသော အရှိုးရာတွေနဲ့ ရဲနေတဲ့ သူ့ရဲ့ဖင်ပုံလေးဖြစ်သည်။ တွဲရက်ပို့လာသော စာလေးကတော့ .....


ပြီးပါပီ။


Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ