My Friend Mother Written by Crocodile “အမေ....။ သားပြန်ရောက်ပြီ” အိမ်ရှေ့ကနေလှမ်းအော်လိုက်တဲ့ အသံကြောင့် ဒေါ်ထားထားဦး TV ကြည့်နေရာမှ လှည့်ကြည့်လိုက်သည်။ သားဖြစ်သူ စိုးမိုးအောင်နှင့် သူစိမ်းကောင်လေးတစ်ဦးဝင်လာတာ ကိုတွေ့လိုက်ရသည်။ စိုးမိုးအောင်က ၁၇ နှစ်ခန့်သာရှိသေးပြီး တက္ကသိုလ်ပထမနှစ်ကိုတက် ရောက်နေသော ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူနှင့်အတူပါလာသည့် ကောင်လေး ကတော့ ရုပ်အနည်းငယ်ရင့်ပြီး စိုးမိုးအောင်ထက် နှစ်နှစ်ခန့်ကြီးမည်ဟု ထားထားဦး ခန့်မှန်းမိသည်။ ထားထားဦးကတော့ အသက် ၃၈ နှစ်အရွယ်ခန့်ရှိပြီဖြစ်သည့် အိမ်ရှင်မတစ်ဦးဖြစ် သည်။ ခင်ပွန်းဖြစ်သည့် ဦးဝဏ္ဏထွန်းကတော့ အသက် ၄၀ ခန့်ရှိပြီဖြစ်သည်။ ဦးဝဏ္ဏထွန်း နှင့် ဒေါ်ထားထားဦးတို့ အိမ်ထောင်သက် ၂၀ နှစ်ခန့်ရှိပြီဖြစ်သော်လည်း သားသမီးမထွန်း ကားသဖြင့် စိုးမိုးအောင်ကို မိဘမဲ့ဂေဟာမှ ခေါ်ယူမွေးစားထားခဲ့ခြင်းဖြစ်သည်။ ဦးဝဏ္ဏထွန်းက အစိုးရဌာနတဟ်ခုမှ အရာရှိတစ်ဦးဖြစ်ပြီး ထားထားဦးကတော့ Convenient Store တစ်ခုကို ဖွင့်လှစ်ထားသဖြင့် ပြည့်ပြည့်စုံစုံလေး နေထိုင်နိုင်သည်ဟု တော့ဆိုရမည်။ ထားထားဦးရ အသက် ၄၀ ပြည့်ခါနီးပြီဆိုသော်လည်း အလှအပကိုထိန်း သိမ်းက ဂရုတစိုင်နေထ...