သမီးထက် မိုက်တဲ့ အမေ =================== နာမည် ဒေါ်လဲ့လဲ့မြိုင်၊ အသက်က ၅၂ ဆိုပေမယ် သန်တုန်း တောင့်တုန်း။ ယောက်ျားဆုံးတာ ကြာပြီဆိုတော့ ရှိသမျှ ထုခွဲ ရောင်းချစားသောက်ရင်း တိုက်တစ်လုံးတာ ကျန်တော့တယ်။ ဒါပေမယ့် ဒေါ်လဲ့လဲ့မြိုင်က လောင်းကစားရော (၂)လုံး (၃) လုံးဖက် လိုက်တော့ တိုက်တောင် ပေါင်ထားရပြီး။ သမီးလေးတစ်ယောက်ရှိတာ အသက်က ၂၀ ပဲရှိသေးတော့ အလုပ်က မရသေး။ နာမည် ဆုလဲ့ဝေ တဲ့။ အမေကို ချစ်တော့ အမေကို ဘာမှ မပြောရက်နဲ့ သားအမိ ၂ ယောက် လုံးပါး ပါးလာကြတယ်။ တိုက်ကို ပေါင်ထားတာက ဆုံးတဲ့ အဆင့်ရောက်နေပြီး။ ဉီးခိုင်ထွန်း ဆိုတာက သူဌေး။ ပိုက်ဆံက ဘယ်ရနေ ရနေမှန်းမသိ။ အသက်က ၄၀ ကျော်။ တိုက်ကို သူဆီပေါင်ထားရတာ။ အတိုးရော အရင်းရော မပေးနိုင်တာ ၆ လလောက်ရှိနေပြီ။ ဆုလဲ့ဝေ လေးက အမေကို မေးတယ် “မေမေ သမီးတို့ တိုက်ကိစ္စ ဘယ်လို လုပ်ကြမလဲ” “ဒီတိုက်ပေါ်က ဆင်းရမယ်ထင်တယ်” “မပူပါနဲ့ သမီးရယ်၊ မေမေ စီစဉ်ထားပြီပါပြီး။ လုံးဝ မဆင်းရဘူး။” “ဟုတ်လား၊ ဘယ်လို စီစဉ်ထားလည်း ပြောပြလေ” “ဒါ့တော့ သမီး မသိချင်နဲ့ဉီး။ မဆင်းရတာ သေချာတယ်” “ဟုတ်ကဲ့ပါ မေမေ” ဒီလိုနဲ့ နောက်နေ့ အိမ်ကို ဉီးခိုင်ထွန်း ညနေ (၆) နာရီလောက်မှာ ရောက်လာတယ်။ မေမေနဲ့ ...