စိတ်နဲ့ချည်တဲ့ကြိုး(မွေးနေ့လက်ဆောင်)
ဒီတစ်ခါလည်းမွေးနေ့ဆုတောင်းလေးပါနော်😁😁
Happy Birthday မမယူကီရေ...
ခညားနဲ့ပက်သက်တာကိုရေးရရင်တော့....
အပေါက်အလမ်းမတည့်တတ်တာကိုပေါ့...(တွေ့လိုက်တိုင်းစကားချေတင်မပြောရပဲပြီးသွားတယ်လို့ကိုမရှိတာ 😂)
သူမကိုစသိတာကတော့ချစ်စရာကောင်းတဲ့သူရဲ့storyလေးတွေကနေဆိုပါတော့(သဘောကျတော့ခဏခဏဖတ်ဖြစ်တာမျိုး...)
ဒါပေမဲ့သူမကမျောက်စိတ်လေ...🙄
သူမစာတွေကပေါ်လိုက်ပျောက်လိုက်ပါပဲ...
ဘာလို့လဲမေးတော့သူရဲ့ကာကာနဲ့ပြသနာတစ်ခါတက်ရင်ရေးထားတာတွေကိုonly meပြီးပြန်တည့်မှonly meဖြုတ်သတဲ့ဗျာ 😒
စကားစပြောဖူးတာကတော့...
သူမလည်းကျမကိုမမဘာဘီနဲ့မှားတဲ့လူတွေထဲကတစ်ယောက်လို့ပြောရမယ် 😂
စကားနည်းနည်းပြောကြည့်ပြီးတာနဲ့ဘာဘီမဟုတ်လောက်ပါဘူးတဲ့...
ဟမ်...ဘာ၃..
ဘာဘီကငါ့ကိုအဲလိုမပြောဘူးတဲ့...
ကျမလည်းတော်တော်သဘောကျသွားတာ...ကျမဘယ်လိုငြင်းငြင်းမမဘာဘီဆိုပြီးပဲထင်နေကြတာကိုး...ပထမဆုံးအမှန်မြင်ပေးတာသူမတစ်ယောက်ပဲလေ...
နောက်တော့စကားနည်းနည်းပါးသွားတယ်ဆိုပါတော့...
ကျမစာရေးတဲ့နောက်ပိုင်းတော့...
Cbကနေသူမစာလေးလာတယ်...
ဟျောင့်...စာရေးတဲ့ (ရေးချင်စရာကောင်းအောင်ကိုပြောတတ်တာလေ..နည်းတဲ့အပြောစွမ်းရည်လား 😏)
သူမစကားပြောတိုင်း...
ဟိုကောင်တို့...ချီးထုပ်ကောင်တို့ဆိုတဲ့နာမ်စားတွေအသုံးများတယ်...ပြန်ခေါ်လို့လည်းမရ(ကိုယ်ကငယ်တာကိုး 🙄)
နောက်တော့သူမလေးစကားတွေနဲ့နေသားကျလာတယ်ထင်ပ...
ချီးထုပ်လို့တစ်ခါလာခေါ်တိုင်းအရင်ရယ်မိတဲ့အဖြစ်(တကယ်ကရန်ဖြစ်ဖော်လာလို့သဘောကျတာ 😜)
တစ်ခါကကျမလေးငိုနေတာနော်ဆိုပြီးပို့လိုက်တာ...
မယုံဘူးတဲ့voice callလေးဝင်လာတယ်...
ကျမလည်းကိုင်မိလိုက်တယ်...ဘယ်မှာလဲငိုနေတဲ့အသံတဲ့
ကိုယ်တေကလည်းရမား...ငိုချပြလိုက်ကော(ရှိုက်သံလေးပါပါသေး🤣)
ခုနကအသံအဲလိုမဟုတ်ပါဘူးတဲ့...
သဘောတကျရယ်ချမိတဲ့အထိ...
ဘာလို့ငိုလဲမေးလို့ပစ်ထားခံရလိုငိုနေတာမပစ်ထားအောင်သွားပြောပေးဖို့ပြောတာ...ပြောပေးရှာပါတယ်...
ဆိုးရင်ဆက်သာပစ်ထားဆိုပြီး😕(ကျမလေးကဗွေမယူပါပုနော်...သဘောထားကြီးပါဒေ😌)
သူမအသံကအတော်နားထောင်ကောင်းတဲ့အသံအမျိုးအစားထဲပါဝင်ပါတယ်...အဲဒီphပြောတုန်းကသူမလေးနဲ့ပက်သက်ပြီးရယ်ခဲ့ရတဲ့ပထမဆုံးအမှတ်တရတစ်ခုပေါ့နော်...
စာရေးဖို့ခဏခဏပူဆာ..ခဏခဏssတွေdone(တကယ်လုပ်တာလည်းမဟုတ်ဘူး😂)အမြဲခြိမ်းခြောက်တတ်သူတစ်ယောက်ပါပဲ...(သူ့အလှည့်ကျရင်စိတ်ဆိုးတတ်သေး 🙄)
ပြောရဦးမယ်...မတွေ့တာအရမ်းရမ်းကြာပြီးတဲ့နောက်စာလေးတစ်ခုလာတယ်...ကျမစိတ်ဆိုးနေတာသိရက်လားတဲ့...
ဟမ်..ဘာလို့ဆိုးနာ၃...
မသိဘူး...မေ့သွားပြီ...ကောက်နေတာကိုပဲသတိရတော့တာတဲ့..
အဲလိုမျိုး...
ဒါပေမဲ့ကိစ္စမရှိပါဘူးလေ....
ဒီလောကကျဉ်းကျဉ်းလေးမှာခင်ရတဲ့သူတစ်ယောက်တိုးတာကလက်ဆောင်လေးတစ်ခုရသလိုပါပဲ့....
ညကစာရေးပေးရင်းအိပ်ပျော်သွားတယ်..
ဗြဲ 😭😭
ပြီးတော့မှာကို...
အကောင်းဘက်ကတွေးရင်ခညားwallရဲ့မွေးနေ့ဆုတောင်းမှာကျမထိပ်ဆုံးပေါ့😁😁😁
Happy Birthday...
နောက်နောင်ပေါင်းများစွာထိ...ခညားရဲ့ကာကာနဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေနိုင်ပါစေနော်😁😁
စိတ်နဲ့ချည်တဲ့ကြိုး(မွေးနေ့လက်ဆောင်)
"မိနာနာရေ..."
ပြေးပြီလေ...
"အံမာ...ရပ်စမ်း...ပြေးလို့လွတ်မယ်ထင်သလား"
ထိုစကားအဆုံး...
ဂုတ်ပိုးကအင်္ကျီစကိုဆွဲကိုင်ထားသဖြင့်...ယက်ကန်ယက်ကန်ပါလာရတဲ့ကျမနာနာလေး...
"ဟီး...မမ"
"ဘာ...ဟီးမမလဲ''
"ဟီးကရယ်တာ...မမကခေါ်တာလေ😁😁''
"ဒေါက်"
"အ"
မြန်လိုက်တဲ့လက်...ရှောင်ဖို့တွေးရုံရှိသေး...ငါ့ခေါင်းလေးဘုထပြီလားမသိပု...
ဟွန့်...မမစုတ် 😒
စိတ်ထဲကအတွေးနဲ့အပြင်ကမျက်နှာကတစ်ခြားစီ...
"နာနာကိုခေါ်တာဘာလို့လဲဟင်''
"စပ်ဖြီးဖြီးလုပ်မနေနဲ့...ဘယ်မှာလဲ...ကျက်ခိုင်း၊ရေးခိုင်းထားတဲ့စာ"
"အမ် 😐"
"မအမ်နဲ့...မေးတာဖြေ"
"ဟိုဟာလေ...''
ဘာဖြေရမှန်းမသိဆွံအနေတဲ့ကျမနာနာလေး...
စာကျက်...စာရေးဖို့ပေးထားခဲ့တဲ့အချိန်တွေကဂိမ်းဆော့လို့ကုန်ပြီလေ...ဘယ်မှာစာသွားလုပ်ရမတုန်း...
"အ...အား...မမ...အား"
ဗိုက်ခေါက်ဆီရောက်လာသောလက်ကိုအလန့်တကြားဆွဲဖယ်ပစ်တော့....ပေါင်းတွင်းကြောကိုလိမ်ဆွဲလာပြန်သည်။
"သေတော့မှာပဲ"
"သေအောင်ကိုသတ်မှာ...လာခဲ့"
"အား..."
နားရွက်ကိုရိုးရိုးမဆွဲပဲ...လိမ်ဆွဲပြီးခေါ်သွားသဖြင့်...
ယက်ကန်ယက်ကန်လိုက်သွားရပြန်သည်။မလိုပ်လို့လည်းမရ...
နာတာကိုး....
စာကျက်ခန်းထဲရောက်တော့....
"ဆယ်တန်းပဲရေညက်နေပြီ...သူ့အသိစိတ်နဲ့သူစာကျက်မယ်မရှိဘူး...အားနေဂိမ်းပဲဆော့နေတာ...ဂိမ်းကသည်းကိုဘာပေးတုန်း"
"စိန်တွေပေးတယ်လေ😁😁"
"ငါထပ်ခေါက်လိုက်ရ"
"အ"
"ဟဲ့...မခေါက်ရသေးဘူးလေ..ဘာ 'အ' တုန်း"
"ခေါက်လိုက်တာမှတ်လို့ကြိုအော်ထားတာပါ"
"အေး...တကယ်အော်ရမှာ...နားရွက်ဆွဲ...ထိုင်ထလုပ်..သုံးဆယ်"
"ဟီး...ဟုတ်"
ထိုင်ထသုံးဆယ်ကနာနာအတွက်အပျော့လေ...အေးဆေး...
အတွေးမှမဆုံးသေး....ကြိမ်လုံးကိုင်ကာပြန်ရောက်လာသောမမကြောင့်....
"မမ...အာ့ကဘာလုပ်မှာ"
"သည်းကိုရိုက်မှာလေ...စာငါးပုဒ်...ကျက်ခိုင်းတာနဲ့ရေးခိုင်းတာတစ်ခုမှမပြီးဘူးမလား...မကျက်တာအတွက်အချက်သုံးဆယ်...
မရေးတာအတွက်ထိုင်ထသုံးဆယ်"
နာနာလုပ်ရမှာတောင်တွန့်သွားသလားလို့...
"မြန်မြန်လုပ်လေ....သည်းမိဘတွေသည်းဆယ်တန်းနှစ်ကိုငါ့ဆီအပ်တာ...သည်းညံ့ရင်...ငါအသင်မကောင်းလို့ဖြစ်ရဦးမယ်"
"နောက်ခါလိမ္မာပါ့မယ်..မရိုက်နဲ့နော်... 😢"
"တော်တော်...အာ့လိုပြောနေတာအခုဆိုရင်၉၉၉၉ကြိမ်ဖြစ်ပြီ...
နားရွက်ဆွဲလုပ်တော့"
မမဆိုတာဟိုဘက်အိမ်ကမမအဖြူရောင်...ရုပ်လှသလို...သဘောလည်းကောင်း...မနောလည်းဖြူ...ပညာလည်းတော်တဲ့ပြည့်စုံသူတစ်ယောက်ပေါ့...
အဲ...စကားမစပ်သူသဘောကောင်းတဲ့အထဲမှာကျမဆိုတဲ့နာနာမပါပု...
သူခိုင်းတာမလုပ်ထားတိုင်းပေးတတ်တဲ့အပြစ်တွေကတစ်ခါမှသက်သက်သာသာမရှိ....
"ဟဲ့...ဘာလုပ်နေတာလဲ...လုပ်လေ.."
"ဟုတ်...ဟုတ်"
အတွေးထဲမျှောနေလို့မဖြစ်ကြိမ်လုံးကတင်ပါးဆီဝဲလာပြီလေ...
"တစ်...ဖြန်း''
"အ"
ပထမဆုံးအချက်ကိုလျော့လျော့ပေါ့ပေါ့ရိုက်ပါလားလို့...
ပူစပ်နေတာပဲ 😢
"နှစ်...ဖြန်း"
"အ"
"သုံး...ဖြန်း''
"အ"
"ဆယ်...ဖြန်း"
နာနာဆက်မလုပ်နိုင်တော့....နာနေပြီလေ...
မျက်နှာငယ်လေးနဲ့ကြည့်လိုက်တော့...
"မနားနဲ့ဆက်လုပ်"
"ဖြန်း...ဖြန်း...ဖြန်း"
"အ..အာ့..အ"
"သုံးဆယ်...ဖြန်း"
"အ"
နာနာခွေခနဲထိုင်ချလိုက်မိသည်။တင်ပါးတစ်ခုလုံးပူစပ်လို့...
ဒီလိုနဲ့နှစ်ဝက်စာမေးပွဲကြီးနီးလာသလို...
နာနာရဲ့...လက်မောင်း...ဗိုက်ခေါက်...ပေါင်သားတို့တွင်...
သူမဆွဲဆိတ်ထားသော...ဒဏ်ရာ...အညိုအမဲတို့လည်းတိုးလာသည်။အဆင့်တွေလည်းတစ်လထက်တစ်လတက်လာသည်။
ခြောက်ဘာသာလုံးရဲ့အမှတ်ကနဂိုအတိုင်းရှိရင်ရှိ...မရှိရင်တိုးရသည်။လျော့ကျသွားလျှင်တော့တစ်မှတ်သုံးချက်နှုန်းနဲ့...အရှိုးရာတွေထပ်လာရုံအပြင်ဘာမှမရ...တိုးလာရင်တော့အားလပ်ရက်သတ်မှတ်ပေးတတ်သည်။
ရီပို့ကဒ်ထုတ်ပေးတိုင်း....နာနာရင်ထဲမှာငလျင်လှုပ်နေသလိုခံစားရသည်။
ဒီမနက်...နှစ်ဝက်စာပေးပွဲသွားဖြေရမည်။
"နာနာ...မမလိုက်ပို့ပေးမယ်"
"အ"
"ဘာဖြစ်တာလဲ"
"ဟီး...မမလိမ်ဆွဲထားတာတွေလေ...နာနာတောက်နာမှကြောက်လို့တော်ရုံမထိပု...မမကအားရီးနဲ့လာကိုင်တာကိုး"
သူမမျက်နှာပေါ်မှာစိတ်မကောင်းသလိုအရိပ်အချို့ဖြတ်ပြေးသွားသော်လည်း...ခဏမျှသာ...
သချာင်္ဖြေတဲ့နေ့ကျတော့....
အပုဒ်ကြီးတွေပြီးလို့...တစ်မှတ်တန်လေးတွေကိုနာနာတွက်နေလိုက်သည်။ဘေးကတစ်ယောက်က...
"နာနာ...ဒီတစ်မှတ်တန်မှာအဖြေကCမလား..."
"မဟုတ်ပါဘူးAပါ"
နာနာတို့ဆက်မပြောဖြစ်တော့....
သူAပြောင်းလိုက်မှန်းလည်းနာနာမသိ...
နာနာရဲ့အားနည်းချက်ကအယုံလွယ်ခြင်း...
အခုပုဒ်စာကိုလည်းနာနာသိပ်မကျွမ်းကျင်...
'သူပြောသလိုCများလား"
အဖြေလွှာမပေးခင်ထိနာနာ...စဉ်းစားနေမိတုန်း...
နောက်ဆုံးတော့Aဆိုတာလေးကိုဖျက်ပြီး...Cလို့ရေးလိုက်ကာအဖြေလွှာအပ်လိုက်သည်။
အိမ်ရောက်တော့ထုံးစံအတိုင်း...မမကမေးခွန်းကိုယူကြည့်ကာဘာတွေဖြေခဲ့လဲမေးပါရော....
"ဒီနေရာကAလေ...ဘာလို့Cလို့ဖြည့်ထားတာလဲ"
"ဟာ...နာနာအစကတွက်ပြီးAလို့ရေးထားပြီးသား...ဘေးကသူငယ်ချင်းကCလို့ပြောလို့..ပြောင်းလိုက်မိတာ..."
နာနာကိုယ့်အတွေးနဲ့ကိုယ်နှမျောတဲ့လေသံလေးနဲ့ပြောနေမိသည်။
မမမျက်နှာကပေါက်ကွဲတော့မယ့်ပူပေါင်းလို့ဖြစ်လာတာကိုမသိလိုက်...
"နာနာ...ငါနင့်ကိုအမြဲပြောတယ်...ကိုယ့်အားကိုယ်ကိုးဖို့...အယုံမလွယ်ဖို့....နင့်ဦးနှောက်ကဘာလို့ထားထားတာလဲ"
"ဟင်.."
"လာစမ်း...မမဆွဲခေါ်သွားသည်ကနာနာအခန်းဆီတောက်လျှောက်"
ကုတင်ပေါ်နာနာကိုတွန်းလိုက်ပြီးနံရံမှာချိတ်ထားတဲ့ကြက်မွှေးကိုသွားဖြုတ်နေသည်။
"ဖြန်း...ဖြန်း...ဖြန်း''
နာနာငေးကြောင်ကြည့်နေမိသည်။အသားစိုင်တွေပူစပ်နေတာတောက်နာနာအံသြနေတုန်း..ဘာဖြစ်လို့မရိုက်ခံရတာလဲ....
"ငါနင့်ကိုသင်ပေးနေတာကိုယ့်ဦးနှောက်နဲ့ကိုယ်အဖြေရှာတတ်ဖို့ဟဲ့...သူများဦးနှောက်ဆီကအကြံယူဖို့မဟုတ်ဘူး"
"ဖြန်း..ဖြန်း..ဖြန်း''
"နောကအခုလိုလုပ်ဦးမလားပြော..သူများစကားနားယောင်ဦးမလား"
"တောပြ်ီနော်မမ..နာနာထပ်မလုပ်ရဲတော့ပါဘူး...နာနေပြီ...အဟင့်"
"ဖြန်း..."
"အ"
"နောက်ဆိုနာနာကိုယ့်အားကိုယ်ကိုးပါ့မယ်..မရိုက်နဲ့တော့နော်.."
"ဖြန်း...ဖြန်း...ဖြန်း''
"အ..အဟင့်"
"ဝှီး...ဒေါက်"
နံရံကိုပစ်ပေါက်လိုက်သောကြက်မွှေးလေး..လှည့်ထွက်သွားသောသူမ...
ပူစပ်နေသောအသားစိုင်တွေကိုပွတ်သပ်ရင်းငိုနေမိသောကျမ...
ထိုရက်ကစပြီးသူမရဲ့ဒေါသကိုနားလည်ကာနာနာစာကိုသာကြိုးစားမိသည်။အပြစ်ပေစခံရခြင်းတွေမပျောက်ကွယ်သွားသော်လည်းအရင်ထက်နည်းပါးလာသည်ကတော့အမှန်....
နာနာဆယ်တန်းစာမေးပွဲresultထွက်တော့....
ပီတိအပြုံးတွေဖြင့်တစိမ့်စိမ့်လှနေသောသူမ...
အောင်မြင်မှုတို့ဖြင့်ဝင့်ကြွားနေသောကျမလေး...
မမတက်သောကျောင်းကိုလိုက်တက်ရင်း...စီနီရာမမရဲ့အပြစ်ပေးလမ်းညွှန်မှုတို့ကိုခံယူရင်း....
ကျမတို့နှစ်ယောက်ရဲ့ဘဝသာယာခဲ့သည်ကတော့သေချာပါသည်။
The End
မွေးနေ့လက်ဆောင်ကပေးစရာလည်းဘာမှမရှိ...လုပ်တတ်တာလည်းဘာမှမရှိ...မတောက်တခေါက်စာပဲနည်းနည်းပါးပါးရေးကျင့်ရှိတော့....
အမြဲတမ်းstoryရေးခိုင်းနေတတ်တဲ့ခညားအတွက်storyသေးသေးလေးတစ်ပုဒ်လက်ဆောင်ရေးပေးတယ်😁😁
Comments
Post a Comment