A DOM, in my dream
Photo Loading.........
Episode 1
မကြာဖြူ@Achittatkatho
Submissive တစ်ယောက်ရဲ့
စိတ်ကူးထဲက Dom
၁။ မေ့စိတ်ကူးထဲက Dom တစ်ယောက်ကို ပုံဖော်ကြည့်မိရင် ပထမဆုံး သူ့မှာ ရှိနေစေချင်တာက consent ဆိုတဲ့ စကားလုံးကို နားလည်စေချင်တာဖြစ်ပါတယ်။ consent ဆိုတာ ဘာလဲ။
BDSM consent ဆိုတာကတော့ Sub ဖြစ်သူက သူ့အပေါ်မှာ ဘာတွေ လွှမ်းမိုးချုပ်ကိုင်စေခိုင်းပိုင်ခွင့် ပြုတယ်ဆိုတဲ့ အခွင့်အာဏာ ကို Dom ဖြစ်သူကို ပေးအပ်ထားခြင်းပဲ ဖြစ်တယ်။
Sub လုပ်သူက ဒါတွေတော့ ငါ့ကို ပြုလုပ်ခိုင်းပိုင်ခွင့် ရှိတယ်။ ဒါတွေကတော့ စေခိုင်းပိုင်ခွင့် မရှိဘူး ဆိုတာမျိုး ဖြစ်ပါတယ်။
ဒီတော့ consent ကို မသိခင်မှာ သိရမှာတွေ ရှိတယ်။ Dom and Sub ပါတနာ နှစ်ဦးဟာ မိမိကိုမိမိ သိနေဖို့လိုအပ်တာလေးပါ။
Know your limit
Know your partner limit ဖြစ်ပါတယ်။
ငါ ဘာလိုချင်လဲ။ ဘာတွေတော့
ခံစားမိချင်လဲ။ ဘာတွေတော့ မခံစားချင်ဘူးလဲ ဆိုတာကို လုံးဝ အတိအကျ မဟုတ်ရင်တောင် အကြမ်းဖျင်းတော့ ခွဲခြားသိစေချင်တာ ဖြစ်ပါတယ်။
Dom ဖြစ်သူကလည်း ကိုယ်ပေးနိုင်တဲ့ အတိုင်းအတာ ကိုယ့်ပါတနာ Sub အပေါ်မှာ ရှိအပ်တဲ့အတိုင်းအတာကို သိရှိနားလည်ထားသင့်ပါတယ်။
Consent တစ်ခုဟာ နောင် Relation ထဲမှာ ဒီအတိုင်း ဆက်သွားရမှာ မဟုတ်ပါဘူး။ ပထမအကြိမ်၊ ဒုတိယ အကြိမ် တွေ့ဆုံ play ပြီးနောက်ပိုင်းမှာလည်း consent ကို adjustment လုပ်လို့ရပါတယ်။
ဥပမာ bondage။ ကြိုးတွေနှင့် ချည်နှောင်လိုက်တဲ့ bondage ဟာ ကြိုက်သူတွေအတွက် သာယာယစ်မူးစရာ ဆိုပေမယ့် first time date playing consent အတွက်တော့ Dom ကို မပေးအပ်သင့်ပါဘူး။ ကြိုးချည်ခံရလိုက်ပြီးရင် ကူကယ်ရာမဲ့ အခြေအနေ ဖြစ်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါက ဥပမာ တစ်ခုပါ။
Do and don't စာရင်းလေးကို သေချာပြုစုသင့်ပါတယ်။
အရေးကြီးဆုံး တစ်ချက်ကတော့ consent သည် sub ဖြစ်သူက dom ကို ပေးအပ်ထားသော အခွင့်အာဏာဖြစ်ပြီး သည်အခွင့်အာဏာ သုံးစွဲခွင့်အတွက် Sub ရဲ့ ခွင့်ပြုချက် အပြည့်အဝ လိုအပ်ပြီး Dom အပေါ် ပေးအပ်ထားသော သည်အခွင့်အရေးကို Sub ဖြစ်သူက အချိန်မရွေး ပြန်လည်ရုပ်သိမ်းခွင့်ရှိတယ်ဆိုတာကို Dom က သိရှိသဘောပေါက်ပြီး ဖြစ်ရပါမယ်။
Consent မရှိဘဲ bdsm ကို play တာဟာ abuse ကို အများကြီး ဦးတည်သွားနိုင်တယ်ဆိုတာကို ပါတနာ နှစ်ဦးလုံး ရှင်းရှင်းလင်းလင်း သိနားလည်စေချင်တာပါ။
ဒါကတော့ မေ့စိတ်ကူးထဲက Dom အတွက် ပထမဆုံး ရှိစေချင်တဲ့ နံပါတ် ၁ အရည်အချင်း ဖြစ်ပါတယ်။
Submissive တစ်ယောက်ရဲ့
စိတ်ကူးထဲက Dom
A DOM, in my dream
#trust_ethics
Episode 2
မေ့အိပ်မက်ထဲက Dom အတွက် ဒုတိယမြောက် အချက်နှင့် ဆန်းစစ်ချင်တာကတော့ ယုံကြည်မှုဖြစ်တယ်။
မြန်မာစကားလေးက သိပ်လှတယ်။ ယုံမှ ကြည် တယ်။ မယုံရင် မကြည်ဖြူ ဘူး။
မေ က မေ့ရဲ့ Dom ကို ယုံကြည်မှု အပြည့်ရှိချင်တယ်။ Dom က ယုံကြည်စရာ ကောင်းသူ ဟုတ်မဟုတ် မစဉ်းစားခင် မေဟာ Dom အတွက် ယုံကြည်မှု အပြည့်ပေးနိုင်သူ ဟုတ်မဟုတ် အရင်ဆန်းစစ်ပါတယ်။ ယုံကြည်မှုက နှစ်ဘက်တည်ဆောက်မှသာ ရတာမို့ပါ။
မေ့အမြင်မှာတော့ Between Dom and Sub အကြား ယုံကြည်မှု တည်ဆောက်ရတာ ဆရာဝန်နှင့် လူနာကြား ဆေးကုရသလိုပါပဲ။
ဆရာဝန်က လူနာကို ဆေးကုပြီဆိုရင် လူနာသည် ဆရာဝန် ညွှန်ကြားရသမျှ လိုက်နာရတော့တာပဲ။ ဆရာဝန်က လှန်ဆိုလှန်။ VE စမ်းဖို့ ပေါင်ကားလိုက်ဆိုလဲ လိုက်လုပ်ပေးရတယ်။ ဆရာဝန် မေးတာတွေလဲ လူနာက မကွယ်မဝှက် မချွင်းမချန် ဖြေရတော့တာကိုး။
Generally အားဖြင့် ဆရာဝန်သည် လူနာရဲ့ အသေးစိတ်အချက်အလက်တွေကို အကုန်ရသွားလေ့ ရှိပါတယ်။ conditional situation အရ သူက အပေါ်စီးသမားကို။
Dom နှင့် sub မှာလဲ ဒီလိုပဲ။ Dom ရဲ့ စေခိုင်းသမျှ Sub က နာခံဖို့ တာဝန်ရှိတာမို့ Sub ရဲ့ အချက်အလက်တွေအားလုံး အရှက်၊ သိက္ခာ အပါအဝင် Dom ဆီ အလွယ်တကူပဲ ရောက်ရှိသွားပါတယ်။
ဆရာဝန်တွေမှာ The Hippocratic Oath ဆိုတာရှိပါတယ်။ မေ က ဆရာဝန် မဟုတ်ဘူးနော်။ ဆေးရုံသွားပြရင်း ဖတ်လာတာ။
ကျွနု်ပ်သည် လူနာအား ကုသနေစဉ်အတွင်း တွေ့မြင်ကြားသိခဲ့ရသော လူနာ၏ အတွင်းရေးကိစ္စ အဝဝကို ဖွင့်ဟ ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါအံ့လို့ ရေးထားတယ်။
BDSM သမား တစ်ယောက်အနေနှင့် မေ က Dom တွေကို အဲ့လို ethics ကျင့်ဝတ် ရှိစေချင်တယ်။
ကျွန်ုပ်သည် bdsm playing အတွင်း တွေ့မြင်ကြားသိခဲ့ရသော Sub ဖြစ်သူရဲ့ အတွင်းရေး ကိစ္စ အဝဝ ကို ဖွင့်ဟ ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ့မယ် ဆိုတဲ့ ethics ရှိစေချင်ပါတယ်။
Dom ဟာ သည် ethics ကို စောင့်ထိန်းမယ်လို့ ယုံကြည်ချင်ပါတယ်။
ယုံကြည်မှု ရှိသင့်မသင့်ကို
သည် ကျင့်ဝတ် ကို စောင့်ထိန်းခြင်း ရှိမရှိ ဆိုတာနှင့်ပဲ တိုင်းတာရမှာပါ။
ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ အချိန်ယူရပါ့မယ်။ စိတ်ရှည်ရပါမယ်။ နှစ်ဦးနှစ်ဘက် အပြန်အလှန် တည်ဆောက်ရမယ်။
ငယ်ငယ်က ရေဒီယိုက ဇာတ်လမ်းပမာ နားဆင်စရာ တစ်ခု ရှိတယ်လေ။ ကက်ဆက်ပြင်တတ်တဲ့ ဆရာဝန်လေး ကက်ဆက်ပြင်နေစဉ် အတင်းဆေးခန်းပြ။ ဆရာဝန်လေးကို ငွေညှစ်။ ဆရာဝန်က ကက်ဆက်မှာ အသံဖမ်းယူထားလိုက်တဲ့ ဇာတ်လမ်း။
အခုလဲ အရင်ဆော့ဖူးခဲ့တဲ့ Dom ကို အောက်ဖဲ လိုက်ပြန်လှန်နေတဲ့ sub တွေ အများအပြား ရှိတာပါပဲ။
ဒါကြောင့် trust and ethics ဆိုတာ Dom သာ မက Sub တွေမှာပါ ရှိသင့်ပါတယ်။ ရှိကို ရှိအပ်တယ်လို့ ယူဆပါတယ်။
ယုံကြည်မှု တည်ဆောက်နေဆဲ ကာလမှာ အပြန်အလှန် စကားပြောကြည့်ပါတယ်။ Data consistency ကို သေချာ စောင့်ကြည့်မိတယ်။ ပြောချင်တာပြော။ နားထောင်တယ်။ ပြောနေတာတွေဟာ ရှေ့နောက်ညီညွှတ်မှု ရှိမရှိ ဆိုတာကို သေချာ စောင့်ကြည့်ပါတယ်။ တစ်ခါတစ်ရံ မေးခွန်းတူတွေကိုပဲ ရက်ခြား ပြန်မေးပြီး အဖြေတူမတူ စောင့်ကြည့်ပါတယ်။ သည်နည်းက ၇၀ % လောက်တော့ မှန်နိုင်မယ်ထင်တယ်။ ဇာတ်ညွှန်းရေးပြီး လာလိမ်ရင်တော့ တမျိုးပေါ့လေ။
မေ ကတော့ Dom တစ်ယောက်အနေနှင့် စောင့်ထိန်းရမယ့် ethics တွေကို အတိအကျ စောင့်ထိန်းပြီး sub ရဲ့ ယုံကြည်မှုကို ရယူ တည်ဆောက်စေချင်ပါတယ်။
ဒါကတော့ မေ့အိပ်မက်ထဲက Dom အတွက် မေတိုင်းတာချင်တဲ့ ဒုတိယ အချက် ဖြစ်ပါတယ်။
Submissive တစ်ယောက်ရဲ့
စိတ်ကူးထဲက Dom
A DOM, in my dream
Episode 3
#knowledge
မေ့စိတ်ကူးထဲက Dom ကို ရှိစေချင်တဲ့ နောက်အရည်အချင်းတစ်ခုကတော့ knowledge ဖြစ်ပါတယ်။
Knowledge ဆိုရာမှာ
Medical knowledge
BDSM knowledge ရေချိန်တွေ
ပြည့်ဝစေချင်ပါတယ်။
Medical knowledge အပိုင်းမှာ ကူးစက်ရောဂါ အကြောင်းတွေ၊ how to perform safe method တွေကို နားလည်ပြီးသူ ဖြစ်စေချင်ပါတယ်။
မသိသေးဘူး။
Dom လုပ်ဖို့ စိတ်ကူးရှိတယ်ဆို
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ဝေထားတဲ့ ပန်းဖလက်တွေ။
MOHS web site မှာ
ရေးထားတာတွေကို လေ့လာစေချင်ပါတယ်။
အထူးသဖြင့် ကူးစက်တတ်သော
ရောဂါ
HIV
HbsAg
Anti HCV
VDRL ရောဂါတွေရဲ့
ကူးစက်ပုံ ကူးစက်နည်းတွေ။
BDSM tools တွေကို မျှဝေသုံးစွဲခြင်းမှာ ဖြစ်လာမယ့် risk တွေ ဒါတွေကို လေ့လာသင့်ပါတယ်။
( မေကတော့ တကယ် crazy မို့ မေ့ရဲ့ bdsm ကိုယ်ပိုင် tools များကို တစ်ဦးတည်းပဲ အသုံးပြု ပါတယ်)
BDSM knowledge နှင့်ပတ်သက်ပြီးလဲ Dom တစ်ယောက်ဟာ
ဝမ်းစာ ပြည့်ဝနေသင့်တာပါပဲ။
Sub ရှေ့ရောက်မှ ကြိုးချည်ဖို့တောင် ဝိုးတိုးဝါးတား ဖြစ်နေရင် Sub ရဲ့ impressive ဖြစ်မှုကို ရမှာ မဟုတ်ဘူး။
Bondage မှာလဲ how to tie safe method တွေ။
Spanking မှာလဲ မရိုက်သင့်တဲ့ နေရာတွေ ဘယ်နေရာရိုက်ရင် ဘာဖြစ်တတ်လဲဆိုတာတွေကို
Dom တစ်ယောက်ရဲ့ knowledge ရေချိန် ပြည့်ဝသင့်နေပါတယ်။
Safe ဖြစ်နေဖို့ဆိုတာ
ကိုယ့်ရဲ့ upper position မှာ ရှိနေတဲ့သူက ထိုက်သင့်တဲ့ knowledge ရေချိန် ပြည့်ဝနေမှသာ ယုံကြည်ကိုးစား ပုံအပ်နိုင်မှာပါ။
သာမန် sex လုပ်တာတောင်
မဟုတ်ဘဲ
စိတ်ရော ကိုယ်ပါ
ခစား ဒူးထောက်ရမယ့်
သခင်ဟာ
Knowledge ရေချိန် 0 ဆိုရင်
လုံးဝ မပုံအပ်သင့်ပါဘူး။
စိတ်ကူးထဲက မေ့သခင်အတွက်
မေ အကဲဖြတ်လိုတဲ့
တတိယမြောက်အချက်က
Knowledge ဖြစ်ပါတယ်။
Submissive တစ်ယောက်ရဲ့
စိတ်ကူးထဲက Dom
A DOM, in my dream
Episode 4
#Love
မေ့ရဲ့ စိတ်ကူးထဲက သခင်က
Consent ဆိုတာလည်း နားလည်၊ ယုံကြည်မှုလည်း တည်ဆောက်လို့ရသူ၊ ethics လည်း ရှိ၊ knowledge လည်း ပြည့်စုံ ဒါဆို ပြည့်စုံပါပြီလား။
ဟင့်အင်း မပြည့်စုံသေးဘူး။
သူ့ဆီမှာ အချစ် ရှိစေချင်တယ်။
အချစ်။
ဟုတ်တယ်။
စိတ်ကူးထဲက မေ့သခင်ကို အချစ်ရှိစေချင်ပါတယ်။
ဟုတ်ပြီ။
What's အချစ် ?
အချစ်ဆိုတာ ဘာပါလိမ့်။
ဒီနေရာမယ် မေ ပြောချင်တဲ့ အချစ်ဆိုတာ နင့်ကိုငါချစ်လိုက်တာ ငါ့ကိုပြန်ချစ်ပါလား နင်နှင့်ငါ အိပ်ယာပေါ်တက် fuck ကြရအောင်ကို ဆိုလိုချင်တာ မဟုတ်ဘူး။
မေ့သခင်မှာ ရှိစေချင်တဲ့ အချစ်က မေ့ကို အောင်မြင် တိုးတက် ကြီးပွား ပြည့်စုံ စိတ်ချမ်းသာမှုကို ပေးစွမ်းချင်တဲ့ စိတ်နေစိတ်ထား ဖြစ်ပါတယ်။
မေ ဆိုလိုချင်တာ ရုပ်ဝတ္တုပစ္စည်းတွေ မဟုတ်ဘူး။ ကားပါမှ mst ဆိုတာမျိုး မဟုတ်ဘူး။ မေ့ကို လက်ဆောင်ပဏ္ဏာတွေ အပြည့်အစုံ ဝယ်ပေးဆိုတာမျိုးလဲ မဟုတ်ဘူး။
စဉ်းစားကြည့်ပါလေ သက်ဝေအလိုကျ ဆိုသမျှ ကိုယ်ရေစိတ်ပါ လိုက်လျောရပါ့မယ်လေ လို့ ဆိုထားပြီးကာမှ ကိုယ့်ရဲ့ ကြိုးဆွဲဆရာက အချစ်မပါလို့ မဖြစ်ဘူး။ သူ မေ့ရဲ့ အောင်မြင် ကြီးပွား တိုးတက် ပြည့်စုံ စိတ်ချမ်းသာမှု အဖုံဖုံကို ရှေ့ရှုပြီး ကြိုးဆွဲမှသာလျင် sub ရဲ့ ပီတိသုခ ပြည့်ဝပါလိမ့်မယ်။
ပြုနိုင်ခဲသော ဒူးထောက်နာခံခြင်းကို ပြုလုပ်နိုင်တယ်ဆိုတာ သည်မေတ္တာတရားက တွန်းအားပေးလို့သာပဲ ဖြစ်ပါတယ်။
တစ်ခါတစ်ရံ sex intercourse လုပ်နေစဉ်မှာတောင် ကိုယ့်ရဲ့ အပြုအမူဟာ သူကျေနပ်သာယာ နှစ်သိမ့်ဖို့ ရှေ့ရှုလိုက်တဲ့အခါ အယ်မတန် သာယာသော မေတ္တာတရားတို့ ပေါ်ထွက်လာလေ့ရှိပါတယ်လေ။
နောက် drop time တစ်ခုကနေ ပြန်တင်ဖို့ဆိုရင် mst ရဲ့ သန့်စင်သော မေတ္တာ တရားနှင့် အရင်းပြုမှသာ ပြန်လည် နလံထ တွန်းလှန်နိုင်ပါလိမ့်မယ်။
ရေရှည် တွဲဖို့ ဟုတ်မဟုတ်။
Fuck တာတွေ ပါမပါ။
ဒါတွေကို ရည်ညွှန်းတာ မဟုတ်ဘဲ အောင်မြင် တိုးတက် ကြီးပွား ပြည့်စုံ စိတ်ချမ်းသာမှုကို ပေးစွမ်းချင်တဲ့ စိတ်နေစိတ်ထားကို အပြန်အလှန် ထားရှိမွေးမြူ တဲ့အခါ သိပ်လှပတဲ့ Mst-slv RS တစ်ခု ဖြစ်တည်လာတယ်ဆိုတာ လက်တွေ့စမ်းသပ်ကြည့်စေချင်တယ်။
စိတ်ကူးထဲက မေ့သခင်ကို
တိုင်းတာချင်တဲ့ စတုတ္ထမြောက် အရည်အချင်းကတော့ မေ့ကို ချစ်စေချင်ပါတယ်။
မှန်ကန်တဲ့ နည်းလမ်းများနှင့်ပေါ့။
Comments
Post a Comment