အင်တာဗျူး
မက်ဆင်ဂျာမှာ Hi ဆိုတော့ ပုံမှန်အတိုင်းပြန် Hi လိုက်တယ်။ ပရိုဖိုင်ဝင်ကြည့်တော့ နှင်းဆီပန်းလေးတပွင့်ဘဲပါတဲ့ဓာတ်ပုံလေးတင်ထားတယ်။
“နင့်မှာ ပိုင်ရှင်ရှိလား” လို့ တုံးတိတိမေးတယ်၊ “မရှိတော့ဘူး” လို့ပြန်ဖြေတော့ “စင်္ကာပူမှာနေတာလား” လို့ထပ်မေးတယ်၊ “ဟုတ်ကဲ့” လို့ပြန်ဖြေတော့ “နင့်အသက်ဘယ်လောက်လဲ”လို့ထပ်မေးတယ်၊ “၃၄ ပြည့်တော့မယ်” လို့ပြန်ဖြေလိုက်တော့ “နင်ဖြေတာတွေကို နင့်အသံဖိုင်နဲ့ ငါ့ဆီပို့ပေး” လို့ အမိန့်ပေးတယ်။
“မယုံလို့လား” လို့ ကျွန်တော်မေးလိုက်တော့ “ခိုင်းတာလုပ် မရှည်နဲ့” လို့ ပြန်ပြောတယ်။ ကျွန်တော် အထွန့်မတက်တော့ဘဲသူခိုင်းတဲ့အတိုင်းအသံဖိုင်ပို့ပေးပြီး သုံးမိနစ်လောက်ကြာတော့ သူက မက်ဆင်ဂျာကနေ ဖုန်းလှမ်းခေါ်တယ်။
နှင်းဆီပန်းပရိုဖိုင်လေးပေါ်လာပြီး ဖုန်းသံမြည်နေတဲ့ ကျွန်တော့်ဖုန်းလေးကိုကြည့်ပြီး ချက်ချင်းပြန်မဖြေနိုင်သေးဘဲ ငေးကြည့်နေမိတယ်။ “ဟယ်လို” လို့ ကျွန်တော်ထူးလိုက်တော့ “ဘာလို့ဖုန်းချက်ချင်းမကိုင်တာလဲ” ဆိုတဲ့ မိန်းကလေး သံထွက်လာလို့ ကျွန်တော်ဆွံအနေတုန်း “နောက်ကို ငါဖုန်းခေါ်ရင်ချက်ချင်းကိုင်၊ ကြားလား” လို့ဆက်ပြောလာတော့မှ “ဟုတ်ကဲ့” လို့ ပြန်ဖြေလိုက်မိတယ်။
“နင်ရေးထားတာတွေက နင်တကယ်ကြီးဖြစ်ခဲ့တာလား” လို့သူကမေးတော့ “တကယ့်ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ်တာနဲ့ ရောပြီးရေးထားတာပါ” လို့ပြန်ဖြေလိုက်တဲ့အခါ “တကယ့်ဖြစ်ရပ်မှန်ဘဲ ငါ့ကိုပြောပြ၊ နင်ရေးထားသလိုမျိုး နင်တကယ်ကျွန်ဖြစ်ခဲ့ဘူးသလား၊ နင်ရဲ့ စိတ်ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာငါသိချင်တယ်” လို့ ပြောတယ်။ “ဘယ်ကစပြောရမလဲ” လို့ သူ့ကိုမေးလိုက်တော့ “နင်ဘယ်တုန်းကစပြီး ဒီလိုစိတ်မျိုးဖြစ်တာလဲ၊ ဘယ်လိုအတွေ့အကြုံတွေရှိခဲ့ဘူးသလဲဆိုတာကနေစပြော” လို့ သူက လမ်းကြောင်းပေးတယ်။
သူ့အသံကကျွန်တော့်ကိုအရမ်းရင်းနှီးနေသလိုဘဲ။ သူနားထောင်မယ်ဆိုတော့ကျွန်တော်လဲပြောပြချင်လာတယ်။
(၂)
ငယ်ငယ်လေးကတည်းက လစ်ရင်လစ်သလိုထမိန်တန်းမှာသူများလှမ်းထားတဲ့ထမိန်တွေခိုးခိုးနမ်းတာပြောပြတော့ သူကမျက်ခုံးလေးပင့်ကြည့်တယ်။
သူများအိမ်အလည်သွားတဲ့အခါ အဝတ်ဟောင်းတောင်းထဲ မလျှော်ဖွတ်ရသေးတဲ့ထမိန်တွေအတွင်းခံတွေကို မြင်ရရင်ထီပေါက်သလိုဖြစ်ပြီး၊ ခိုးနမ်းခဲ့ဘူးတာတွေပြောပြတော့လဲ မျက်မှောင်လေးကုတ်ပြီးကြည့်တယ်။
ငယ်သူငယ်ချင်းအိမ် ရေချိုးခန်းထဲမှာ လျှော်ဖို့ပုံထားတဲ့ ထမိန်တွေမြင်တာနဲ့၊ ထိုင်လျှော်မိလို့ သူငယ်ချင်းရဲ့အမေက မလျှော်ဖို့တားတဲ့အကြောင်းပြောပြတော့ သူက လှလှပပလေးပြုံးတယ်။
နောက်ထပ်သူငယ်ချင်းတယောက်ရဲ့ အမေကတော့ သူရေဝတ်ချိုးပြီးလို့ သူချွတ်ထားခဲ့တဲ့ သူ့ထမိန်အဟောင်းလေးကို အုတ်ကန်ဘေးမှာ ကျွန်တော်ကျကျနန ထိုင်လျှော်နေတာကိုမြင်တော့၊ သဘောတွေကျပြီး မလျှော်ရသေးတဲ့ အဝတ်ဟောင်းတွေပါထပ်ယူလာပြီး၊ အဝတ်လျှော်ခိုင်းခဲ့ဘူးတာပြောပြတော့ သူက ရယ်တယ်။ နောက်ပိုင်းမှာတော့ သူတို့တအိမ်လုံးရဲ့ခိုင်းဖတ်ဖြစ်သွားတဲ့အကြောင်း၊ BDSM ဆိုတာ အဲဒီအချိန်က နားမလည်သေးပေမယ့်၊ အစေခံတကောင်လို နေရတဲ့ဘဝ ကို ငယ်ရွယ်စဉ်အချိန်ကတည်းကပျော်နေခဲ့မိတဲ့အကြောင်းထပ်ပြောပြတော့သူက “နင့်အိမ်ကဘာမှမပြောဘူးလား” လို့ စိတ်ဝင်စားသလိုမေးတယ်။
“အိမ်ကမသိအောင် ကျောင်းပိတ်ရက်မှာကျူရှင်သွားသလိုနဲ့ ခိုးလုပ်ရတာပေါ့” လို့ ပြောတော့ သူကရယ်ပြီး “နင့်ဝဋ်ကြွေးက မသေးဘူးဘဲ” လို့လှလှပပလေးပြုံးပြီးမှတ်ချက်ပေးတယ်။
“အဆူခံအဆဲခံအရိုက်ခံပြီးတော့ကို၊သူတို့အိမ်မှာ ကျွန်တော်ကျွန်ခံခဲ့တာပါ” လို့ ကျွန်တော်ဆက်ပြောတော့ “အရိုက်ခံရသေးတာလား” လို့ သူကမေးတယ်။
“ခေါင်းကို ဖိနပ်နဲ့ရိုက်တာ” လို့ကျွန်တော်ပြန်ဖြေတော့ “ဘယ်သူကနင့်ကိုရိုက်တာလဲ” လို့စိတ်ဝင်တစားမေးတာနဲ့ “အန်တီကတော့ ခဏခဏရိုက်တယ်၊ မမကြီးလဲတခါတလေရိုက်တာဘဲ” လို့ပြန်ဖြေလိုက်တော့ “နင်ဘာလုပ်လို့ရိုက်တာတုန်း” လို့သူကထပ်မေးတယ်။
“ကျွန်တော်လျှော်ရမယ့်အဝတ်ဟောင်းတောင်းထဲက၊ သူတို့ရဲ့အတွင်းခံဘောင်းဘီတွေကို ကျွန်တော်ခိုးနမ်းနေတာမမကြီးကတွေ့သွားပြီး၊အန်တီ့ကိုတိုင်ပြောလိုက်ကတည်းကခဏခဏအရိုက်ခံရတော့တာဘဲ” လို့ကျွန်တော်ဖြေလိုက်တော့ “နင့်ကိုကန်မထုတ်တာတောင်သူတို့ကိုကျေးဇူးတင်ရအုံးမှာ၊ သူတို့ရိုက်တာခံနိုင်လို့လဲနင့်ကိုဆက်ခိုင်းထားတာဖြစ်လိမ့်မယ်” လို့ပြောတယ်။
“ဒါနဲ့ သူတို့က မိသားစုဘယ်နှစ်ယောက်ရှိတာလဲ” လို့ထပ်မေးပြန်တော့ “အန်တီတို့လင်မယားရယ်၊ ဘော်တနီနောက်ဆုံးနှစ်တက်နေတဲ့မမကြီးရယ်၊ အီကိုဒုတိယနှစ်တက်နေတဲ့ မမလေးရယ်၊ ကိုးတန်းကျောင်းသားကျွန်တော့်သူငယ်ချင်းရယ်၊ စုစုပေါင်းမိသားစုငါးယောက်ပေါ့” လို့ဖြေလိုက်တော့ “နင့်မမလေးက နင့်ကိုမရိုက်ဘူးလား” လို့မေးတယ်။
“မမလေးကတော့၊ကျွန်တော့်ကို ခိုင်းစရာရှိရင်ခေါ်ခိုင်းတာကလွဲလို့၊ အဖက်မလုပ်ပါဘူး။ သူက အန်တီ့အမျိုးသားလိုဘဲ ကျွန်တော့်ကိုအရောလဲမဝင်ဘူး။ စိတ်လဲမဝင်စားဘူး။ ဘာကြောင့်သူ့အိမ်မှာကျွန်လာခံနေသလဲဆိုတာလဲသိချင်ပုံမရဘူး” လို့ဖြေလိုက်တော့ “ငါလဲအတူတူဘဲ။ ငါ့ဆီမှာနင်ကျွန်ခံမယ်ဆိုရင်၊ နင့်ကို ငါကစောက်ရောဝင်မှာလဲမဟုတ်ဘူး၊ စောက်ဖက်လုပ်မှာလဲမဟုတ်ဘူး၊ နင့်ကိစ္စတွေကိုငါစိတ်လဲမဝင်စားဘူး၊ နင့်ကိုခိုင်းစရာရှိတာငါခိုင်းမယ်၊ ငါခိုင်းတာကို ငါခိုင်းတဲ့အတိုင်း တသွေမတိမ်းနင်လုပ်ရမယ်၊ စောက်ချိုးပြေပြေနေရမယ်၊ ငါ့ကိုမလိုအပ်ဘဲစောက်စကားအပိုတွေလာလာပြောတာလဲမကြိုက်ဘူး၊ ငါမေးတာဘဲဖြေ၊ ငါခိုင်းတာဘဲလုပ်၊ ငါထားသလိုဘဲနေရမယ်၊ ငါလိုချင်တဲ့ကျွန်ဆိုတာဒီလိုကောင်မျိုး” လို့ကျွန်တော်မျက်လုံးကိုစေ့စေ့စိုက်ကြည့်ပြီးခပ်တင်းတင်းပြောတယ်။
သူ့မျက်လုံးအကြည့်စူးစူးရဲရဲအောက်မှာကျွန်တော်အရမ်းကိုသိမ်ငယ်သွားတယ်။
“ငါ့ရဲ့ personal life ကိုလဲနင်စိတ်ဝင်စားစရာမလိုဘူး၊ ငါဟာနင့်ရဲ့အရှင်သခင်မ၊ နင်ဟာငါ့ရဲ့ကျွန်၊ ငါဘယ်သူနဲ့တွဲတွဲ၊ ငါဘာဘဲလုပ်လုပ်နင့်စောက်ပူတစက်မှမပါဘူး၊ နင်သိဖို့လဲမလိုဘူး၊ နင်က ငါသေဆိုသေ ရှင်ဆိုရှင်ရမယ့်ကောင်ဆိုတာနင်အမြဲသတိရနေဖို့လိုမယ်” လို့ထပ်ပြောတော့ ကျွန်တော့်ရင်တွေတလှပ်လှပ်ခုန်လာတယ်။
“ငါပြောသလိုနင်နေနိုင်တယ်ဆိုရင်တော့ ငါ့စတိုးဆိုင်မှာနင့်ကိုအရင်စမ်းခိုင်းကြည့်မယ်၊ အခုမဆုံးဖြတ်နဲ့အုံး၊ ကျွန်ခံဖို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မနက်ဖြန်ညနေခြောက်နာရီတိတိမှာ ငါ့ဆိုင်ကိုလာခဲ့” လို့ဆက်ပြောတော့ “ကျွန်တော်ကျွန်ခံပါရစေသခင်မ” လို့ကျွန်တော်ချက်ချင်းအဖြေပေးလိုက်တယ်။
“ငါ့ကိုသခင်မလို့မခေါ်နဲ့အုံး၊ နင်ကျွန်ခံမယ်လို့ဆုံးဖြတ်ပြီးရင် မနက်ဖြန်ညနေခြောက်နာရီတိတိမှာ ငါ့ဆိုင်လာခဲ့လို့နင့်ကို ဘယ်နှစ်ခါပြောရမလဲ၊ နင့်ကိုအခုဆုံးဖြတ်ခိုင်းနေတာမဟုတ်ဘူး၊ လာမယ်ဆိုရင်လဲ တစက္ကန့်တောင်မစွန်းစေနဲ့၊ ကြားလား” လို့ပြောတယ်။
(၃)
နောက်နေ့ညနေခြောက်နာရီမထိုးခင်မှာသူ့ဆိုင်ရှေ့ရောက်နေတဲ့ကျွန်တော့်ကိုဆိုင်ကောင်တာထိုင်နေရင်းနဲ့သူလှမ်းကြည့်တယ်။ ဆိုင်ထဲမှာစျေးဝယ်တဲ့သူတချို့နဲ့ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကိုကျွန်တော်လှမ်းမြင်နေရပေမယ့်၊ သူမခေါ်သေးတော့ကျွန်တော်လဲဆိုင်ထဲမဝင်သေးဘဲခြောက်နာရီထိုးမယ့်အချိန်ကို မလှမ်းမကမ်းကရပ်စောင့်နေလိုက်တယ်။
ခြောက်နာရီတိတိအချိန်မှာကျွန်တော်ဆိုင်ထဲဝင်လိုက်တဲ့အခါ “ရောက်လာတယ်ပေါ့” လို့သူကကျေနပ်သလိုလှမ်းနှုတ်ဆက်ရင်း တဆက်ထဲမှာဘဲ “မချိုခဏလာအုံး” လို့လှမ်းခေါ်လိုက်တော့၊ ပစ္စည်းစာရင်းမှတ်နေတဲ့ဆိုင်ဝန်ထမ်းအမျိုးသမီးက “ဟုတ်ကဲ့အမ”လို့ဖြေရင်းကျွန်တော်တို့အနားရောက်လာတယ်။
“ဒီနေ့ကစပြီး၊ ဒီကောင်လေး အမဆိုင်မှာညနေပိုင်းအလုပ်စဝင်လိမ့်မယ်၊ လိုအပ်တာတွေကို ခိုင်းရင်းနဲ့သင်ပေးလိုက်ပေါ့၊ ဒီကောင့်ကို ဘာမှအားနာစရာမလိုဘူး၊ ဆိုင်အလုပ်တစ်ခုထဲခိုင်းဖို့ခေါ်ထားမဟုတ်ဘူးနော်၊အကုန်ခိုင်းလို့ရတယ်၊ ဆိုင်မပိတ်ခင်ဒီကောင့်ကိုနေ့တိုင်းအိမ်သာဆေးခိုင်း၊ အမှိုက်ပုံးသွန်ခိုင်း၊ ဆိုင်သန့်ရှင်းရေးလုပ်ခိုင်း၊ ခိုင်းရတာအချိုးမပြေရင် ဘာမှပြောမနေနဲ့ပါးဆွဲရိုက်လိုက်၊ ဟုတ်ပြီလား” လို့ပြောတော့ “ဟုတ်ကဲ့အမ” လို့ မချိုကပြန်ဖြေတယ်။
“အခုအချိန်ကစပြီးနင့်ကိုစမ်းခိုင်းကြည့်မယ်၊ မချို ခိုင်းတာလဲနင်လုပ်ရမယ်၊ ကြားလား” လို့ကျွန်တော်ကိုလှမ်းပြောတော့ “ဟုတ်ကဲ့သခင်မ” လို့ပြန်ဖြေလိုက်တယ်။
“ကဲ ၊ အမ အိမ်ပြန်တော့မယ်၊ ပြီးရင်မချိုဘဲဆိုင်သိမ်းလိုက်တော့နော်” လို့ ပြောပြီး ဆိုင်ထဲကသူထွက်သွားတဲ့အချိန်မှာတော့ ကျွန်တော့်ရင်ထဲဟာတာတာနဲ့ကျန်ခဲ့ရပါတယ်။
သူထွက်သွားတော့ မချိုကကောင်တာထိုင်လိုက်တယ်။ မချိုခိုင်းတာလုပ်ပေးဖို့ ကျွန်တော်က ကောင်တာဘေးမှာရပ်နေလိုက်တယ်။ “နင့်နာမည်ဘယ်လိုခေါ်လဲ၊ အမ နဲ့ နင်နဲ့ ဘယ်လိုဆက်စပ်မိတာလဲ”လို့ မချိုကမေးလာတော့ “လွင်ဦးကို ပါအမ၊ သခင်မ နဲ့ အွန်လိုင်းပေါ်မှာစသိပြီး အပြင်မှာတွေ့ဖြစ်တာပါ” လို့ပြန်ဖြေလိုက်တယ်။
“အမ ကို သခင်မလို့ခေါ်တာလား” လို့ထပ်မေးလာတော့ “ဟုတ်ကဲ့အမ” လို့ပြန်ဖြေတော့ “နင့်သခင်မရဲ့ နာမည်သိလား” လို့ထပ်မေးတယ်။
“အီဗာမိုးလို့ဘဲသိတာပါ” လို့ဖြေတဲ့အခါ “နင်ပြောတဲ့နာမည်ငါတောင်မသိဘူး၊ အမရဲ့ နာမည်အရင်းက မမိုးသီတာ၊ ဒါနဲ့နေစမ်းပါအုံး သူကနင့်သခင်မဆိုတော့ နင်က သူ့ကျွန်လား” လို့တအံ့တဩနဲ့မေးလာတယ်။
“ဟုတ်တယ်အမ” လို့ပြန်ဖြေလိုက်တော့ “နင်က သူ့နာမည်အရင်းတောင်မသိဘဲ ကျွန်ခံတာဆိုတော့ နင်တို့ဟာတွေက ဘာတွေလဲဟ” လို့ တအံ့တဩပြောပြီးရယ်တယ်။
“အေးပါ၊ ငါ့အလုပ်လဲမဟုတ်ပါဘူး၊ နင်တို့အဆင်ပြေရင်ပြီးတာဘဲ၊ ဆယ်တစ်နာရီမှာ ဆိုင်ပိတ်တယ်၊ ခဏနေရင် အိမ်သာသွားဆေးတော့” လို့ မချိုကပြောပြီး စကားဖြတ်လိုက်တယ်။
Comments
Post a Comment