အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

မြောက်ဖျားဒေသမှ လျှို့ဝှက်ကမ္ဘာ

Photo Loading...

 နောက်ထပ် စိတ်ကူးမွှေကျော်တပုဒ် ။ ဘာလောက်မှ မရေးရသေးပါ နောက်ဆက်ရေးရန် အလို့ငှာ ထိပ်ဆုံးပိုင်းကို တင်ထားပါမည်ဗျာ ။ အကြမ်းပတမ်း ရက်ရက်စက်စက်တွေ စဉ်းစားမိလို့ ဒီဘက်ခန်းမှာ တင်ပါသည် ။


ထုံးစံအတိုင်း စိတ်ကူးယဉ်ကမ္ဘာသာဖြစ်ပါသည် ။ လက်တွေ့နှင့် ကွဲပြားခြားနား ဆင်ခြင်သုံးသပ်ကြပါကုန် ။

စိတ်ကူးထဲတွင်တော့ ဖြစ်ချင်ရာဖြစ်ကြပါစေ ။


          မြန်မာပြည်မြောက်ဖျားရှိ တိမ်ဖျားထိအောင် မြင့်မားလှသည့် တောင်ထွတ်များအကြား ယူရိုကော်ပတာ ရဟတ်ယဉ်တစီး ဝဲပျံလို့နေသည် ။ ဟိမဝန္တာတောင်တန်းကြီးမှာ ဖျာဆင်းထွက်လာသည့် အဆိုပါ တောင်တန်းတောင်စွယ်များအကြိုအကြားမှာ လိျှုမြောင်ကြီးများကလည်း အသူတရာနတ်ရှိုင်းလှသလို ဝန်းကျင်တခွင်ရှိ တောအုပ်ကြီးများကလည်း နေပြောက်မထိုးအောင် ထူအုပ်လှသည် ။


          ရဟတ်ယဉ်ထက်ရှိ သူများကား ရေခဲတောင်ကြာပွင့် ဟု အမည်ကုဒ်ပေးထားသည့် အာနိသင်အစွမ်းကြီးမားသည့် ကြာပန်းတမျိုးကို ရှာဖွေရန် လာကြသူများဖြစ်သည် ။ တောင်ကြိုတောင်ကြားအလယ် ယူရိုကော်ပတာဆိုသည့် မိုးပျံစက်ယဉ်ကို ယိမ်းခါနွဲ့ခါ ဘယ်ကွေ့ညာစောင်း အထက်တက် အောက်ဆင်းဖြင့် ကျင်လည်စွာ ထိန်းချုပ်မောင်းနှင်နေသည့် ပိုင်းလော့မမ က မြန်မာပြည်တွင် ရှာမှရှားသော အမျိုးသမီး ရဟတ်ယဉ်ပိုင်းလော့ မေပြည့်ဖူးအောင် ဖြစ်သည် ။ အသက် အစိတ်ခန့်သာရှိသေးသော်လည်း ပျံသန်းချိန်နာရီ ၃၀၀၀ ကျော်ရှိသည့် မှတ်တမ်းကောင်းရှိသည့် မေပြည့်ဖူးအောင်မှာ ဆိုရှယ်မီဒီယာများပေါ်တွင်လည်း နာမည်ကြီးသည့် ဆယ်လီတဦးဖြစ်၏ ။


          ၎င်းဘေး Co-pilot နေရာတွင် ဂနာမငြိမ်ဖြစ်နေသူကား ခရီးစဉ်၏ စပွန်ဆာ ဘောစ့်ဖြစ်သူ သူဌေးမင်း ဦးဇေယျ ဖြစ်သည် ။ သက်လတ်ပိုင်း ဘောစိတဦးအနေဖြင့် နိုင်ငံအတွင်းအပြင် ထင်ရှားသည့် ဦးဇေယျ သည် ပြည့်စုံသူများတွင် ရှိလေ့ရှိသည့် အကျင့်အတိုင်း ရလေလိုလေ အိုတစ္တေဆိုသည့် မိမိဘဝကို သည့်ထက်မက ဆထက်ထမ်းပိုးတိုးလို့တိုးလို့ ပြည့်စုံချင်သည် ။ ခံစားနေရဆဲ စည်းစိမ်များကို သက်ရှည်ကျန်းမာစွာ မြိန်ရေယှက်ရေ ဆက်လက်ခံစားလိုသည် ။  သည်တွင် သက်ရှည်ကျန်းမာ ဒုတ်ထွားအဖုတ်ယားစေသည့် ဂုဏ်သတ္တိအပေါင်းနှင့် ပြီးပြည့်စုံသည့် ပန်းပင်တမျိုး၏ သတင်းအစအန သူ့ထံသို့ ရောက်လို့လာသည် ။

တနှစ်ပတ်လုံး နှင်းများဖုံးလွှမ်းကာ လူသူအရောက်အပေါက်မရှိသော တနှစ်ပတ်လုံး နှင်းများဖုံးလွှမ်းလျက်ရှိသော ပေသောင်းဂဏန်းအထက် တောင်ကြီးများ၏ ကမ်းပါယံမှာ ထူးခြားစွာရှိတတ်သည် ဆိုသည့် အနှီ ရေခဲတောင်ကြာပွင့် အမည်ပေးထားသည့် အပင်ကိုရှာဖွေရန် စီမံကိန်းချ စီစဉ်ခဲ့ကြခြင်းဖြစ်သည် ။


          လူသာမန်များအဖို့ ဤမျှလောက်သော ကောလဟာလ မရေမရာသတင်းရင်းမြစ်ဖြင့် ခက်ခဲပင်ပန်းကြီးလှသည့် ခရီးစဉ်နှင့် ကြိုးပမ်းအားထုတ်မှုမျိုးကို လုပ်ဆောင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ ။ သို့သော် ဦးဇေယျ အဖို့ကား သည်ခရီးကို အပန်းဖြေခရီးစဉ်သာသာမျှသာ သဘောထားသည် ။ ကိုယ်ပိုင်ရဟတ်ယဉ် ဖြင့် လေထဲကပျံဝဲပြီး ငြိမ့်ငြိမ့်ညောင်းညောင်းလှည့်ပတ်ကြည့်ရှုရုံမျှသာ ဖြစ်သည် ။ ခရီးစဉ်ရဲ့ BASE အဖြစ်အသုံးပြုသည်က စီးပွားဖက် ခရိုနီစီနီယာကြီးတဦးပိုင်သည့် နာမည်ကြီးတောတွင်း အပန်းဖြေစခန်းဖြစ်သည် ။


          သူတို့အဖွဲ့ဝင်တွေကလည်း သည်ခရီးစဉ်အတွက် အထူးစပယ်ရှယ် ခေါ်ဆောင်လာသည့် ရုက္ခဗေဒပညာရှင် ဒေါက်တာ မေမိုးလွင် ၊ ဦးဇေယျ၏ ပါဆင်နယ်ဆေးမှူး ဒေါက်တာခင်စန္ဒီ  ၊ သည့်နောက် သူ၏ အနီးကပ် ဘော်ဒီဂတ် သက်ထားခင် ၊ သူပိုင် ကော်ပိုရေးရှင်းကြီးကနေ စပွန်ဆာပေးတည်ထောင်ထားသည့် ဇေယျခြေလျင်တောင်တက်အဖွဲ့တွင် ခြေစလက်နအရှိဆုံး နဒီ ၊ ပြီးတော့ သူ့လူယုံဖြစ်သူ ကုမ္ပဏီခွဲတခုရဲ့ GM ကိုကျော်ဇင် နှင့် သူ့ဇနီး မငြိမ်းအိ တို့ဖြစ်ကြသည် ။


          ဒေါက်တာမေမိုးလွင်ကလွဲလျှင် ကျန်သူများ ဦးဇေယျရဲ့အတွင်းစည်းထဲက သူတွေချည်းဖြစ်သည် ။ သူမကတော့ ဂျပန် တိုကျိုတက္ကသိုလ်ကနေ ရုက္ခဗေဒပညာရပ်ကို ဟိမဝန္တာရှိရှားပါးဆေးဖက်ဝင်အပင်များ စာတမ်းဖြင့် လောလောလတ်လတ် PhD ယူထားသူဖြစ်သည် ။ မာစတာဘွဲ့ကိုလည်း အပင်လောကနှင့်သတ္တလောက၏ အပြုအမူများကို နှိုင်းယှဉ်လေ့လာခြင်း ဖြင့် ရရှိခဲ့သူဖြစ်သဖြင့် ယခု ခရီးစဉ်မှာ လွန်စွာအသုံးတည့်မည့်ပညာရှင် ဖြစ်သောကြောင့် တကူးတက ဖိတ်ခေါ်ထားရခြင်းဖြစ်သည် ။ တကူးတက ဆိုသော်လည်း နာမည်ကျော် တိုင်ကွန်းဦးဇေယျရဲ့ ဖိတ်ကြားမှုနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးခွင့် ၊ ပြီးလျှင် ရှိမည်မရှိမည် မသေချာသည့် ကောလဟာလ ကိစ္စတခုအတွက် အပျော်ခရီးလိုက်ထွက်ရုံမျှဖြင့် ကြီးမားလှစွာသော အခွင့်အလမ်း ငွေကြေးများဖြင့် ကမ်းလှမ်းလေရာ အဘယ်မှာ ငြင်းပယ်နိုင်မှာနည်း ။


ယနေ့ကား ခရီးစဉ်၏ လေးရက်မြောက်နေ့ဖြစ်ပြီး ယခင်နေ့များကလိုပင် မနက်ဖက် အရှေ့ဘက်လောကမှ နေဝန်းကြီးထွက်ပြူမလာမှီ စုရပ်အပန်းဖြေစခန်းမှ ပျံတက်ခဲ့ကြသည် ။ အဘယ်ကြောင့်ဆိုသော် ကြားသိရသမျှ အချက်အလက်များအရ ရေခံတောင်ကြာပွင့် အမည်ပေးသည့် အဆိုပါ အစွမ်းထက်အပင်မှာ နေထွက်ရေတက် မနက်ပိုင်းဝေလီဝေလင်းမှာ စွားစွားငွင့်ငွင့် ပွင့်လန်းပြီးလျှင် နေရောင်ဖြာဖြာ ကျသည့်အခါ ကြေးမုံပြင်မှ အလင်းပြန်သကဲ့သို့ဖြစ်ပြီး ငွေရောင်ဖိတ်ဖိတ်တောက်သည် ဟူ၍ ဖြစ်သည် ။ ထို့အတွက်ကြောင့် ကိုယ်ပိုင်ယူရိုကော်ပတာဖြင့် တောင်ထွတ်တောင်စွယ်များအကြား လှည့်ပတ်ပျံသန်းရင်း နေရောင်ပြန်သည့် အရာကို လိုက်လံလျှာဖွေ နေခြင်းဖြစ်သည် ။


          အကောင်းတကာ့အကောင်းစုံး ဘိုင်နိုကူလာ နှစ်ဖက်မှန်ဘီလူးကြီးဖြင့် ပြူးပြဲကာ ရှာပါသော်လည်း မျှော်မှန်းထားသည့် သဏ္ဌန်ကို မတွေ့သေး ။ တခါတရံ ဆီးနှင်းများနှင့် အလင်းဓာတ်တို့ ပွတ်ရိုက်မိပြီး ထွက်ပေါ်လာသည့် ထူးမခြားနား အလင်းပြန်သည်ကိုသာ တွေ့ရတတ်သည် ။ နောက်ခန်းတွင်ပါလာသည့် TEAM ဇေယျ၏ မိန်းမပျိုတသိုက်မှာလည်း ဟိုကြည့်ဒီကြည့် ဖြင့် မှန်ဘီလူး ဖုန်းများ ကင်မရာဖြင့် အလုပ်ရှုပ်ကြပါသည် ။ တာဝန်ကိုယ်စီဖြစ်သူ ပရိုမမတို့မှာလည်း သူဌေးမင်း၏ ရေခဲတောင်ကြာပွင့်ကို ကူကြည့်ပေးကြသော်လည်း ဝတ်ကြေရုံမျှဖြစ်ပြီး ၊ ရောက်ရှိမြင်တွေ့ရန် ခက်ခဲလှသည့် သဘာဝအလှများကိုသာ ရင်သတ်ရှုမောခံစားနေကြပါသည် ။ 


Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ