အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

ကာမဖောက်ပြန်သူ အမျိုးသမီးများအတွက်

Photo Loading...

 ကာမဖောက်ပြန်သူ အမျိုးသမီးများအတွက်


အီတလီပြတိုက်မှာ ပြထားတဲ့ စပိန်လူမျိုးတွေရဲ့ ပြစ်ဒဏ်စီရင်နည်းပါ။ Spanish Donkey (သို့) Wooden Horseလို့ အမည်ရတဲ့ ဒီပစ္စည်းဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသမီးတွေကို ပြစ်ဒဏ်ပေးရာမှာ သုံးခဲ့ကြပါသတဲ့။


သစ်သားလုံးကို တြိဂံတုံးပုံစံ ချွန်နေအောင်သွေးထားပြီး အပြစ်ပေးမယ့်သူကို ကိုယ်တုံးလုံးချွတ်ကာ Spanish Donkey အပေါ်ကနေ ထိုင်ခိုင်းလိုက်ပါတယ်။ ပြုတ်ကျမသွားအောင် ခြေနှစ်ဖက်ကို အလေးတုံးတွေ ဆွဲပေးလိုက်တယ်။ 


သစ်သားစောင်းအချွန်က အလယ်တည့်တည့်ကို တဖြည်းဖြည်း ထိုးခွဲလာမှာ မတွေးဝံ့စရာပါ။ ဒီအပြစ်စီရင်နည်းကို မခံမရပ်နိုင်လို့ သေဆုံးသွားတဲ့ အမျိုးသမီးတွေလည်း ရှိခဲ့ပါသတဲ့။ အပျိုဘဝနဲ့ လိင်ဆက်ဆံရင်လည်း ဒီလိုပဲ အပြစ်ပေးပါသတဲ့။


Nay Thurain

Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ