ဟွာဆန်းတောင်ထိပ်
ဟွာဆန်းတောင်ထိပ်။
သိုင်းလောကအဆင့်1ရွေးချယ်မည့် သိုင်းပြိုင်ပွဲကျင်းပမည်ဖြစ်ရာ ဂိုဏ်းပေါင်းစုံနယ်ပေါင်းစုံမှ သိုင်းသမားများတဖွဲဖွဲရောက်လာကြ၏။
ရန်ကော်တစ်ယောက်ကတော့ ဂူးဂူးကိုထမ်းကာတောင်ထိပ်ပေါ်ကိုအမောတကောပြေးတက်လာသည်။
ဒါကိုမြင်လိုက်တဲ့ ကျန်းဆန်ဖုန်းက "ငါတို့လိုစော်မရှိတဲ့ကောင်တွေပဲကောင်းတယ် စော်ကြောက်ရတဲ့ကောင်တွေကလှည်းကျိုးလည်းထမ်းရ၊
စော်လည်းထမ်းရနဲ့ နွားလားဥဿဘကြီးကိုဖြစ်လို့"
ဆိုပြီး ရန်ကော်မကြားအောင်တိုးတိုးလေးပြောလိုက်၏။
ရန်ကော်ကြားလို့လည်းမဖြစ်။ တော်ကြာသူ့ရဲ့တစ်ဖက်ပိတ်ဖန်တွေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာဝိုင်းဆဲနေရင်ဒုက္ခပဲဟုဆိုပြီး ကျန်းဆန်ဖုန်းအနည်းငယ်ကျောချမ်းသွားသည်။
နေထန်းတစ်ဖျားခန့်ရောက်တော့
သိုင်းပြိုင်မယ့်စင်မြင့်ပေါ်ကို သဘာပတိကြီးတက်ရောက်လာသည်။
သူကတော့ မက်မွန်ကျွန်းသခင်ဟွမ်ရောင်စီး။
သိုင်းလောကသားများလည်း ဟွမ်ရောင်စီးပုံစံကခါတိုင်းနဲ့မတူဘူးဆိုကာ အချင်းချင်းတွတ်ထိုးနေကြသည်။
မနေနိုင်တဲ့လင့်ဟူချုန်းကထမေးလိုက်သည်။
"ဟေ့အဖိုးကြီး ခင်ဗျားရဲ့ပုလွေကရော"
ဟွမ်ရောင်စီးမျက်နှာမှာ အသည်းကွဲနေတဲ့ကလေးတစ်ယောက်ဟန်ဖြင့်
"မပြောချင်ပါဘူးဗျာ ညကမန်ယူပွဲလောင်းတာရှုံးသွားလို့ ရောင်းပြီးအကြွေးဆပ်လိုက်ရတယ်လေ"
သိုင်းသမားများတဝါးဝါးတဟားဟားပွဲကျသွားသည်။
"သိုင်းပြိုင်ပွဲတွေကို ဘာလို့ဟွာဆန်းတောင်မှာပဲကျင်းပရတာလဲဗျ"
အသံကြားရာကိုအားလုံးလှည့်ကြည့်လိုက်တော့ ကျန်းဝူကျိ။
သည်အဖြေကို သဘာပတိဟွမ်ရောင်စီးမဖြေနိုင်။
ဒါကဒီလိုရှိပါတယ်ဆိုပြီး ရွှဲ့ပုချွန်မတ်တပ်ရပ်လိုက်သည်။
ရွှဲ့ပုချွန်က စကားပြန်ဆက်သည်။
"ဟွာဆန်းတောင်ဟာဆိုရင်ဖြင့် နေရာကျယ်ဝန်းတဲ့အပြင် မင်းအောင်လှိုင်အုပ်စိုးနေတဲ့မြန်မာနိုင်ငံနဲ့လည်း အလှမ်းဝေးနေတာကြောင့် အေးချမ်းသာယာပါတယ်။
အင်တာနက်လိုင်းလည်းအရမ်းကောင်းပြီး vpnလည်းခံစရာမလိုပါဘူး။
ကျုပ်တို့ဖိုက်တဲ့အချိန်ကျရင် liveလွှင့်လို့ရတာပေါ့ဗျာ။
သိုင်းသမားတွေအီးအီးပါချင်ရင်လည်း အလွယ်တကူပါလို့ရတဲ့ချုံနွယ်တွေလည်း အများကြီးရှိလို့အဆင်ပြေပါတယ်။""
သည်နေရာအရောက်တွင် လင့်ဟူချုန်းကထအော်လိုက်သည်။
"ခင်ဗျားတို့ အီးပါရင်ကျုပ်ကိုပြောကြ၊ ကျုပ်ရဲ့ယင်သတ်တဲ့ဓားသိုင်းသင်ပေးမယ်။
နို့မို့ဆိုရင် ယင်ကောင်တွေကခင်ဗျားတို့ကိုချီသွားလိမ့်မယ်၊
ဟွာဆန်းတောင်ကအတော်ညစ်ပတ်တာဗျ။
စည်ပင်ကားမလာတာလည်း 2လရှိနေပြီ""
"ဟိုကောင်ဘာတွေပြောနေတာလည်း"
ဟုရွှဲ့ပုချွန်လှမ်းငေါက်လိုက်ရသည်။ မငေါက်လို့မဖြစ်။
တော်ကြာဟွာဆန်းဂိုဏ်းသားတွေမှာ ပွေးတွေဝဲတွေပေါက်ကြတာကို လူတွေသိသွားရင် ဘယ်သူမှဟွာဆန်းဂိုဏ်းဝင်မှာမဟုတ်တော့။
အဲ့လိုဆိုရင် သူ့ဝင်ငွေတွေလျှော့သွားလိမ့်မည်။
ဝင်ငွေလျှော့သွားရင် သူ့မိန်းမကို နေဗီယာတို့ပွန်းစ်တို့ဝယ်ပေးနိုင်မှာမဟုတ်တော့။
ဖေ့ဘုတ်သုံးဖို့ ဖုန်းဘေတောင်ဝယ်စရာရှိတော့မှာမဟုတ်။
ရွှဲ့ပုချွန်တစ်ယောက် တွေးရင်းတွေးရင်းနဲ့ဇောချွေးများပြန်လာသည်ဖြစ်ရာ အနားကလူဆီကအဝတ်စကိုဖြဲပြီးသုတ်လိုက်သည်။
"ရှင်ဘာလုပ်တာလဲ" ကျီးကန်းအော်သံလိုဆိုးတဲ့ဖြူဖြူထွေးအသံမျိုးထွက်လာတော့ ရွှဲ့ပုချွန်တစ်ယောက်လန့်သွားသည်။
လှည့်ကြည့်လိုက်တော့ တုံဖန်းပုပိုက်။
တုံဖန်းတစ်ယောက် ရင်ဘတ်နားမှပြဲနေသောအဝတ်နေရာကိုလက်နဲ့အုပ်ထားပြီး
ဖူးပွင့်ခိုင်လိုရှက်သွေးဖြာနေတဲ့မျက်နှာပေးနဲ့ကြည့်နေ၏။
"ဪ ငါလည်းမကြည့်မရှုဘဲဖြဲလိုက်မိတာပါ
ငါတောင်းပန်ပါတယ်"လို့ဆိုကာ ရွှဲ့ပုချွန်တစ်ယောက် အဆိုတော်အောင်လရဲ့ တောင်းပန်တယ်သီချင်းကိုအကြိမ်ကြိမ်ဆိုနေသည်။
ဒါတောင် တုံဖန်းပုပိုက်ကမကျေနပ်တဲ့မျက်နှာနဲ့ ကြည့်နေပြန်သည်။
"ဟေ့ဘယ်သူလဲကွ အားနွဲ့တဲ့မိန်းကလေးကိုအနိုင်ကျင့်နေတာ"
ဖွန်ကြောင်သံအပြည့်နဲ့သွမ်ယိတစ်ယောက်ထရပ်လိုက်သည်။
ရွှဲ့ပုချွန်အနည်းငယ်ဒေါပွသွားပြီး
"ဟေ့ကောင်သွမ်ယိ ငါမင်းဂွေးစိဖြတ်ပေးရမလား"ဟုအော်မေးလိုက်သည်။
သွမ်ယိက "ကျုပ်ရဲ့သဏ္ဍာန်မဲ့နတ်ဓါးသိုင်းက ပြိုင်ဘက်ကင်းသိုင်းနော်"လို့ ဆရာသံအပြည့်နဲ့ပြန်ပြောလိုက်၏။
ဤတွင် အားကျမခံကျန်းဝူကျိက ထရပ်ပြီး
အင်္ကျီကော်လံကိုခပ်တင်းတင်းဆွဲရင်း
"ငါ့ရဲ့ကော်ပီကူးနိုင်စွမ်းကို မင်းအထင်သေးတာလား
မင်းဘာပဲလုပ်လုပ်အကုန်ကူးချမှာနော်၊မင်းလက်ညိုးနဲ့ပစ်ရင်ငါလက်ညိုးနဲ့ပြန်ပစ်လို့ရတယ်"ဟုဆိုကာ တဟားဟားနဲ့အော်ရယ်နေတော့သည်။
မောသွားတော့မှအရီရပ်ပြီး"ငါ့ရဲ့စကြာဝဠာအားလွှဲသိုင်းဆိုတာကိုလည်း မင်းသိမှာပါ။ငါ့ဖန်တွေအမြဲတမ်းကြွားနေကျ
သိုင်းလေ ၊မင်းတို့သိမှာပါ"ဟုဆိုကာ ပြုံးနေလေတော့သည်။
ဟုတ်သည်။ ကျန်းဝူကျိ၏စကြာဝဠာအားလွှဲသိုင်းကိုလျှော့တွက်၍မရ။
သူသည် ထိုသိုင်းကို အမြင့်ဆုံးနယ်ပယ်အထိရောက်သွားပြီဟုသိုင်းလောကတွင်သတင်းထွက်နေသည်။သိုင်းကွက်မထုတ်တဲ့အချိန်မှာတောင်
ဘယ်လိုအရာမျိုးဖြစ်ပစေ သူ့ကိုဝင်မတိုက်တော့။
အလိုလိုလမ်းကြောင်းလွှဲသွားသည်။
ထိုကိစ္စနဲ့ပက်သက်ပြီး ကျောက်မိန်ကသိပ်မကြည်တော့။
သူနဲ့ကျန်းဝူကျိအတူအိပ်မယ်လို့ပြင်လိုက်တိုင်း
ကျန်းဝူကျိရဲ့ပစ္စည်းဟာ အလိုလိုလွဲသွားလေ့ရှိတာကြောင့်
ကျောက်မိန်တစ်ယောက် ယခုထိဗိုက်မပူသေး။
ကလေးတွေတစ်ယောက်ပြီးတစ်ယောက် ထွက်နေတဲ့ကော်ကျင်တို့စုံတွဲကို အားကျမိသည်။
ဤတွင်စာရေးသူ အနည်းငယ်လမ်းကြောင်းလွဲသွား၍ စောစောကအခန်းကိုပြန်ဆက်အံ့။
ဟွမ်ရောင်စီးတစ်ယောက် ပျာယာခတ်သွားသည်။
ဒီတိုင်းလွှတ်ထားရင်ဖြင့် သိုင်းပြိုင်ပွဲမကျင်းပမှီအကုန်ကြွသွားနိုင်သည်။
ထို့ကြောင့်ပွဲဝင်ထိန်းလိုက်သည်။
"တော်ကြပါတော့ဗျာ ဘယ်သူပိုတော်လဲဆိုတာ မကြာခင်သိရတော့မှာပဲ။စိတ်ထိန်းကြပါ။"
ဤတွင်ပုရိတ်သတ်ထဲမှ တစ်ယောက်ကထအော်လိုက်သည်။
"မသိဘူး ဝူကျိသာလောကမှာအတော်ဆုံး😍"
ဤတွင် အရက်ထိုင်သောက်နေသောချောင်ဖုန်းတစ်ယောက်နားကြားပြင်းကပ်သွားပြီး
"ရော့ မအိမ်လုံး ဒါမြည်းကြည့်"
ဟုဆိုကာအရက်အိုးနဲ့ကောက်ပေါက်လိုက်သည်။
ခွမ်းခနဲမြည်သံနဲ့အတူ ပုရိတ်သတ်လူငယ်မှာခေါင်းပေါက်သွားသည်။
ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။
ချောင်ဖုန်းစိတ်တိုရင် ဘယ်လိုကြမ်းလဲဆိုတာသူတို့သိသည်။
ချောင်ဖုန်းက အရက်နှစ်အိုးပြိုင်တူမော့ရင်း
"ဟို အဖိုးကြီး ပြိုင်ပွဲစတော့လေ"ဟုအော်လိုက်သည်။
ထိုအချိန်မှ ဟွမ်ရောင်စီးလည်း သတိဝင်လာပြီး
"ပထမဆုံးပြိုင်မယ့်သူများကြွပါ"ဟုအော်လိုက်သည်။
ဒူကနဲမြည်သွားသော မောင်းသံကအားလုံးရဲ့စိတ်ကိုပိုလှုပ်ရှားစေသည်။
ပထမဆုံးအရင်ဘယ်သူတက်မလဲဟု စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။
"ကျုပ်က အိမ်ရှင်ဆိုတော့ကျုပ်အရင်တက်မယ်"
အသံနှင့်အတူ လင့်ဟူချုန်းတစ်ယောက်စင်မြင့်ပေါ်ကိုခုန်တက်လိုက်သည်။
ထို့နောက်ဓားကိုဝှေ့ယမ်းရင်းဆက်ပြောလိုက်ပြန်သည်။
"ကျုပ်က အိမ်ရှင်ဆိုတော့ခင်ဗျားတို့ကိုအလျှော့ပေးပြီးတိုက်မှာပါ"
ဤတွင်စကားနည်းသော ကော်ကျင်တစ်ယောက်မတ်တပ်ရပ်ကာပြောလိုက်သည်။
"မင်းအိမ်မို့လို့အလျှော့ပေးစရာမလိုပါဘူး။
မြန်မာအသင်းပဲကြည့်
အဝေးကွင်းမှာကန်လည်းရှုံးတာပဲ၊ အိမ်ကွင်းမှာကန်လည်းရှုံးတာပဲ"""
(ဤနေရာအရောက်တွင် လာမည့်28ရက်နေ့၌ ဂျပန်အသင်းရဲ့သွင်းဂိုးတွေတဒိုင်းဒိုင်းအသွင်းခံရဦးမည့်
မြန်မာအသင်းအားအမှတ်ရမိကာ ဝမ်းနည်းပက်လက်ဖြင့် စာကိုခဏရပ်လိုက်ပါသည်။🥲)
မူရင်းပိုစ့်မှာ cmt သွားဖတ်ပါ ပိုရယ်ရစေရမယ်
https://m.facebook.com/story.php?story_fbid=167836588679596&id=100063597676377
Comments
Post a Comment