စစ်ကြောရေး
ဒီဇာတ်လမ်းကို ဇာတ်လမ်းလိုဘဲ ဖတ်ပေးပါ။ Feel ဖို့ အတွက် မဟုတ်သေးပါ။
နိုင်ငံရေးကာလက အခြေအနေမကောင်း။ နိုင်ငံနေရာအနှံ့အပြားမှာ ဗုံးတွေကွဲနေကြသည်။ တိုက်ပွဲဖြစ်သည့်နေရာကဖြစ်။ တစ်နေ့နှင့်တစ်နေ့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကလဲ မနဲမနှောပင်။
မြို့ပေါ်တွင်လဲ အစစ်အဆေးကပေါလိုက်ပါဘိချင်း။ နေရာတိုင်းမှာ စစ်သားမရှိတဲ့နေရာဆိုတာ မရှိ။ အချို့သော ရဲများကလဲ ခိုးဘီးများနှင့်အတူ ရှောင်တခင် စစ်ဆေးကြတတ်သည်။ ထိုအဖွဲ့နှင့်တွေ့လျှင် ကံဆိုးပြီသာ မှတ်ပေတော့။
မည်သို့ စစ်ဆေးရေးများပြားစေကာမူ လူများသည် ကိုယ့်ဘဝနှင့်ကိုယ်ပင်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို စားရေးသောက်ရေးက ရှာရအုန်းမည်မဟုတ်ပါလား။ ထိုသူများထဲတွင် မေတစ်ယောက်လဲ အပါအဝင်။ ဆန္ဒထုတ်ဖော်ပွဲများတွင် စွမ်းစွမ်းတမံပါဝင်ခဲ့သော်လည်း စားဝတ်နေရေးကိစ္စအတွက် အလုပ်သွားရသေးသည်ကိုး။
ကံဆိုးမိုးမှောင်ကျသည့်တစ်နေ့လို့ ပြောရမည်လား။ တစ်ညနေ မေအလုပ်ပြန်ချိန်တွင် စစ်သားများနှင့် ပက်ပင်းတိုးတော့သည်။ နောက်ပြန်လှည့်ပြေးဖို့ အလုပ်မှာပင် စစ်သားတစ်ယောက် နောက်ကနေ သေနတ်နှင့် လှမ်းထောက်တာခံလိုက်ရသည်။ "ကောင်မလေး ဘယ်လှည့်ပြေးတာလဲ!!!ဖုန်းပေးစမ်း....လုံခြုံရေးအရစစ်ဆေးရမယ်!!!!!"
မေ့တစ်ကိုယ်လုံး ဇောချွေးပြန်ကုန်သည်။ဖုန်းထဲမှာ ဆန္ဒပြတုန်းကပုံတွေ ပါနေသည်ကိုး။ စစ်သားများလဲ မေရဲ့ဖုန်းကို အပီအပြင်မွှေရင်း ထိုပုံတွေကို တွေ့သွားပြီး နားနားကပ်ကာ "ကောင်မလေး။နင့်အပြစ်နင်သိတယ်နော် အထဲမလိုက်ချင် **သိန်းပေးရမယ် မပေးရင်တော့ ငါတို့ အဆိုးမဆိုနဲ့" နှစ်ကိုယ်ကြားအသံဖြင့်။ မေ့ပိုက်ဆံအိတ်ထဲမှာက ၂သောင်းမပြည့်။ မေဒုက္ခရောက်ပြီလေ။
"ကောင်မလေးကို ကားပေါ်တင်လိုက်စမ်း"
ဗိုလ်မှူးအမိန့်ဆုံးသည်နှင့်တစ်ပြိုင်နက် နောက်မှ စစ်သားနှစ်ယောက်က မေ့လက်နှစ်ဖက်ကို နောက်ပြန်လှန်ချုပ်ပစ်လိုပ်သည်။နာလိုက်သည့်ဖြစ်ချင်း။ ဒါနဲ့တင် အားမရ လက်နှစ်ဖက်ကိုပါ လက်ထိပ်ခတ်လိုက်ပြီး ဆံပင်မှဆွဲကာ စစ်ကားပေါ်တွန်းတင်လိုက်တော့သည်။ မေစီးလာတဲ့ ဆိုင်ကယ်ကို ကားပေါ်ကနေ လှမ်းကြည့်လိုက်တော့ ရဲသားတွေက တက်ခွနေရင်း....။
(ဒုတိယပိုင်း ဆက်ရန်)
စစ်ကြောရေး ၂
အချုပ်ထဲရောက်တော့ညနက်နေပြီ။ ယောက်ျားလေး မိန်းကလေး ခွဲထားလို့တော်သေး။ စောင်နှစ်ထည် ဖျာတစ်ချပ်ထဲပေးထားသော အခန်းကို ကြည့်ပြီး ဝမ်းနည်းမိတာတော့အမှန်ပင်။ အိမ်သာအနေအထားကလဲ စုတ်တီးစုတ်ပျက်။ အများသုံး အိမ်သာပင်ကိုး။ မေလည်း ဘာလုပ်ရမှန်းမသိ သူတို့ပေးထားတဲ့ စောင်ကို ခေါင်းအုံးလုပ်ပြီး မျက်နှာကျက်က ပန်ကာအိုကြီးကို ငေးကြည့်ရင်း အိပ်ပျော်သွားတော့တယ်။
မနက်နိုးတာနဲ့ ငရဲခန်းစလေပြီ။ ထောင်စောင့်နှစ်ယောက်က မေ့ကို လက်ထိပ်ခတ်ပြီး ခေါ်သွားသည်။ စစ်ကြောရေး လုပ်သည့်နေရာမှာ ထိုင်နေသည်က ရဲဝတ်စုံနှင့် အမျိုးသမီးတစ်ဦး။ bodyတောင့်တောင့်နှင့် ထိုအမျိုးသမီးက မေ့ကို တစ်ချက်ကြည့်ရင်း "ဒါ ညီမ ဖုန်းလား" တဲ့။ မေက ခေါင်းငြိမ့်ပြလိုက်သည်။ "ဆန္ဒပြတာ လိုက်သလား"တဲ့ ။မေ ဘာမှ မဖြေနိုင်ခင်မှာပင် ဖုန်းထဲကပုံကိုပြရင်း "ကောင်မလေး မငြင်းနဲ့တော့... မင်းတို့ကို ဦးဆောင်တာ ဘယ်သူလဲ"......
"ညီမ မသိ..."
"တိတ်စမ်း ကောင်မ" ထိုင်ခုံကို ထုချလိုက်ရင်း "ဟိုကောင်တွေ... ဒီကောင်မကို ကြိုးနဲ့တွဲလောင်းချည်လိုက်"။ သူမ အမိန့်ဆုံးသည်နှင့် တပြိုင်နက် မေ့ကို ဆံပင်က ဆွဲဆောင့်ကာ လက်ထိပ်ဖြုတ်ပေးပြီး ထုတ်တန်းက သံကြိုးနဲ့တွဲချည်ပြီး မလိုက်သည်။ လက်နှစ်ဖက်မြောက် ခြေဖျားထောက်လျက်သားလေး ဖြစ်သွားပေပြီ။
"ထပ်မေးမယ် မင်းတို့အဖွဲ့ ခေါင်းဆောင်က ဘယ်သူလဲ"။မေ ထပ်ခေါင်းခါပြဖို့ပြင်သည်နှင့် "ဟိုကောင်တွေ။ ဒီကောင်မကို မှတ်လောက်အောင် ဆုံးမလိုက်။" မေ့ပါးစပ်ကို တိပ်နဲ့ကပ်ကာ ရာဘာတုတ်နှင့် အချက်များစွာ ဝိုင်းရိုက်လေတော့သည်။ ၁၀မိနစ်လောက် အရိုက်ခံပြီးနောက် သတိလစ်လုဆဲဆဲဖြစ်နေစဥ်....
"ဗွမ်း"
ခေါင်းကနေ လောင်းချလိုက်သည့် ရေခဲရေများကြောင့် သတိလစ်လုဆဲဆဲမှ ပြန်သတိရလာသည်။ "နင်
ဒီလို သတိလစ်လို့ ဘယ်ဖြစ်မလဲ ငါတို့သိချင်တာမှ မဖြေပဲနဲ့"ပါးစပ်က ပြောပြောဆိုဆိုနှင့် လက်တစ်ဖက်က ဆေးလိပ်မီးနှင့် မေရဲ့ နို့ကို ထိုးပစ်လိုက်သည်။
"အားးးး....."
"ကဲ ခုပြောတော့မလား"။ မေ့မှာ ဘာစကားမှ မထွက်နိုင်လေ ရဲမေမက စိတ်ဆိုးလေ။ ရဲမေမက စစ်သားတွေကို မျက်စ ထပ်ပစ်ပြလိုက်သည်။ ထိုစစ်သားယူလာတာ ပလာယာကြီးနှင့်။
မေ့ရဲ ပါးစပ်က အဝတ်ကို ဖြည်ပြီး ပါးစပ်ကို အတင်းဟစေသည်။ ထိုနောက် ပလာယာနှင့် လျှာကို အပြင်ဆွဲထုတ်ကာ"ကဲ ဒီလျှာကြီးပါရဲ့သားနဲ့ မေးတာ ဘာလို့ မဖြေတာလဲ" ဟုဆိုပြီး လျှာကို ဆေးလိပ်မီးနှင့်ရက်ရက်စက်စက် ထိုးချပစ်တော့သည်။ မေ့ခမျာ တွန့်လိမ်ခေါက်ကွေးလျက်။
"စောက်ကောင်မ တော်တော်ပူလား" ပါးစပ်ကမေးရင်းနဲ့ ဖြည်ထားတဲ့သံကြိုးကို ဖြုတ်ပေးလိုက်သည်။ မေ့ခမျာ ကြမ်းပြင်ပေါ်မှာ ပုံလျက်သား။ " ကောင်မ
မေးတာ ဖြေမှာလား မဖြေဘူးလား...!!!!"
စစ်သားများက မေ့ကို ပြန်ဆွဲမပြီး နံရံမှာ ကားယားပုံစံလက်ထိပ်ခတ်လိုက်ပြန်သည်။ "ခုနက ဆေးလိပ်မီးနဲ့ ထိုးထားတာ ပူတယ်မလား" ပါးစပ်ကမေးရင်းနှင့် ရေပိုက်(pressure pump)ကိုဆွဲကာ တစ်ကိုယ်လုံးကို ထိုးတော့သည်။ ရေပိုက်အားက အလွန်ပြင်းသလို နဂိုရိုက်ထားတဲ့ ဒဏ်ရာတွေပေါ် ရွေးထိုးတာကြောင့် တစ်ကိုယ်လုံး စပ်ဖျင်းဖျင်း။
ရေပိုက်ဖြင့် စိတ်ကြိုက်ထိုးပြီးသည်နှင့် စစ်သားမျာထွက်သွားပြီး ရဲမေနှစ်ယောက်ဝင်လာသည်။ "ညီမတို့ ဒီကောင်မကို မှတ်လောက်အောင် ဆုံးမစမ်း" ဆိုပြီး သူကိုယ်တိုင် ဦးဆောင်ကာ မေ့ရဲ့ ပေါင်ကြားကို စစ်ဖိနပ်ဖြင့် ပစ်ကန်ပစ်လိုက်ပြီး ကျန်ရဲမေနှစ်ဦးမှာလဲ ခါးပတ်ဖြင့် မေ့ကို အဆက်အပြတ် ရိုက်နှက်တော့သည်။
-
-
-
-
ထောင်မှူးနှစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ထောင်လမ်းမကြီးအတိုင်း တရွတ်တိုက် ဆွဲခေါ်လာသည်။ ကောင်မလေးက မလှုပ်မလျက် တရွတ်တိုက်ပါလာရက်သား။ အချုပ်ခန်းတစ်ခန်းကို ရောက်သည်နှင့် ခတ်ထားသော သော့ကိုဖွင့်ကာ ထိုကောင်မလေးကို မထည့်ပြီး သော့ကို ပြန်ခတ်လိုက်ရင်း......
ပြီးပါပြီ။
Comments
Post a Comment