ချိုမြိန်ခြင်းလှောင်အိမ်
ဒီနေ့က မြသွေး မြန်မာပြည်ကိုပြန်ရမယ့်နေ့
ဘာလဲကွာ...
ဆရာဝန်ဘွဲ့ယူပီး နိုင်ငံခြားမှာပဲ ပါရဂူဘွဲ့ဆက်ယူဖို့ စဥ်းစားထားတာလေ
အဲဒါကို ပါးပါးက တချက်လွတ်အမိန့်နဲ့ မြသွေး မြန်မာပြည်ကို အပီးပြန်လာရမယ်တဲ့
ခေတ်နဲ့ အညီလိုက်မမီတဲ့ ပါးပါးကြောင့်လဲ မြသွေးစိတ်ညစ်ရပါတယ်
မြသွေး ငယ်ငယ် ကတည်းက မေမေဆုံးသွားတယ် ပါးပါးက အဲ့ကတည်းက မြသွေးကိုအလိုလိုက်ခဲ့ပါတယ်
မြသွေးက ၄တန်းဖြေပီးတော့ လေးလေးရှိတဲ့ နိုင်ငံ ခြားမှာ ကျောင်းတက်ချင်တယ်ပြောလို့ တက်ခွင့်ပေးခဲ့တာလဲ ပါးပါး ပါပဲ
အဲဒါကို အခုမှ ဘာဖြစ်လို့ ပြန်လာခိုင်းရတာလဲ မသိတော့ပါဖူး...
လေဆိပ်ကို ပါးပါးလာကြိုတယ်
မြသွေးလဲ ပါးပါးကိုမြင်လိုက်ရတော့ ပျော်သွားရတာပေါ့..
သမီး ရေ.. အိမ်မပြန်သေးဖူး ပါးပါးအလုပ်ကိစ္စနဲ့ company တခု ဝင်ရအုန်းမယ် လိုက်ခဲ့နော်
ဟုတ်.. ပါးပါး ..
တလမ်းလုံးပါးပါးက သူ့အလုပ်မှာပဲ ဆက်လုပ်စေချင်တဲ့အကြောင်း နားချတော့တာပေါ့..
ဟုတ်ကဲ့ပါ.. ပါးပါး ရယ်
သမီး ပါးပါးကိုပဲ ကူညီတော့မယ် ကျောင်းလဲ ဆက်မတက်တော့ပါဖူး..
ဟူး... ပါးပါးဖြစ်စေချင်သလို လိုက်လျောရတော့မှာပေါ့လေ..
ပါးပါး အလုပ်ကိစ္စပြောမယ့် company ရှေ့ ကားပါကင် ရောက်တော့ ...
ပါး.. သမီးကားထဲမှာပဲ နေခဲ့တော့မယ်
ok.. သမီး
၂နာရီ လောက်တော့ စောင့်ရမယ်နော်
ဟုတ်..
မြသွေးလဲ ကားပေါ်မှာ ခန အိပ်ပျော်သွားတယ်
နိုးလာတော့ အောက်ဆင်း လမ်းလျောက်မယ်ဆိုတဲ့ အတွေးနဲ့ ကားတံခါးကို ဖွင့်လိုက်တော့
ဒုန်း ဆိုပီး တဖက်ကားကို ထိမိသွားတယ်
အယ် မြသွေးလဲ ဆင်းကြည့်လိုက်တော့ တဖက်ကားမှာ နည်းနည်းတော့ ပွန်းသွားတယ်
ကားပိုင်ရှင်လာတဲ့ထိစောင့်ပီး တောင်းပန်မယ် စိတ်ကူးလိုက်တယ်
နာရီဝက်လောက်နေတော့ ကားပိုင်ရှင်ထင်ပါရဲ့
မြသွေးလောက် အရွယ် အကိုတယောက် ကားနားကို ရောက်လာတယ်
အကို.. အကို..
ဘယ်သူလဲ ပြောလေ
အကို့ကား မြသွေးကြောင့်နည်းနည်းပွန်းသွားတယ်
ဟမ် မင်းက ဘာလုပ်လိုက်တာလဲ
မြသွေး တံခါးဖွင့်လိုက်တာ ထိမိသွားလို့ တောင်းပန်တယ်နော်.. အကို
တောင်းပန်ရုံနဲ့ရမလား မင်းကိုဆက်သွယ်ရမယ့် တခုခုပေး အခုတော့ ငါ မအားဖူး..
မြသွေးက အခု မှ နိုင်ငံခြားကရောက်တာ ဖုန်းနံပတ်လဲ မရှိဖူး အကို..
မင်းဘာသာမင်း ဘယ်က ရောက်ရောက် ငါစိတ်မဝင်စားဖူး ငါ့ visiting card ယူထား
ကိုယ့်အပြစ်ကိုသိရင် ညပိုင်းငါ့ဆီ ဖုန်းဆက်
လျော်ကြေးပေးရမယ်...
ok.. မြသွေး ဆက်လိုက်ပါ့မယ်..
ပြောဆိုပီး ကားေပါ်တက်မောင်းထွက်သွားတယ်
ဒီ လူ ဒေါသကြီးလိုက်တာ စကားပြောတာလဲ အချိုးမပြေဖူး မြသွေးကို ဘာထင်နေတာလဲ
သူစီးထားတဲ့ ကားတစီးလုံး လျော်ပေးနိုင်တယ်ဆိုတာ ပြလိုက်ချင်သေးရဲ့...
ပါးပါးလဲ အလုပ်ပီးလို့ ပြန်လာတော့..
မြသွေးဖုန်းကတ်တကတ်ဝယ်လိုက်တယ်
ပါးပါး နဲ့ အတူ ညစာစားပီးမှ အိမ်ပြန်လာကြတယ်ပေါ့ ..
ပါးပါးက အနားယူဖို့ တပတ်အချိန်ပေးတယ်
ပီးရင် သူ့သူငယ်ချင်း company မှာ အလုပ်သင်ကစလုပ်ရမယ်တဲ့..
ပါးပါးကတော့ မြသွေးကို train တော့မယ်ထင်တာပါပဲ..
ပါးပါးနဲ့ စကားပြောပီး မြသွေး အိပ်ရာဝင်ခဲ့တယ်
ဟို ဂ ဂျိုးဂဂျောင်လူကြီးကိုလဲ ဖုန်းဆက်ဖို့ မေ့သွားခဲ့တာပေါ့
နောက်နေ့ မနက် မြသွေးနိုးတော့ ပါးပါးကအလုပ်သွားနေပြီ မြသွေးလဲ စိတ်လွတ်လက်လွတ်အိပ်ပျော်သွားလိုက်တာ ၁၀နာရီတောင်ခွဲနေပီပဲ
အိမ်အလုပ်တွေလုပ်ပီး ဇာတ်ကားကြည့်နေရင်း သတိရမိတာ..
အယ်.. ငါ ဟိုလူဆီ ဖုန်းဆက်ရအုန်းမှာပဲ
သူပေးတဲ့ visiting card ထုတ်ကြည့်တော့
နာမည်က ရဲမာန် တဲ့
နာမည်နဲ့ လူနဲ့ လိုက်ပါပေတယ်..
ဘာတွေများ မာန်တက်နေရတယ်မသိဖူး..
အို သူဘာသူ ဘာဖြစ်ဖြစ် ငါဖုန်းဆက်လိုက်တော့မယ်
ဟယ်လို... ကိုရဲမာန်လား
အင်း.. ဘယ်သူလဲ
ညီမက မြသွေးပါ
ဘယ်က မြသွေးလဲ
ဖုန်းချသွားတယ်...
ငါ့စကားဆုံးအောင် နားမထောင်ဖူး ဒီလူ နဲ့တော့ ငါ စိတ်တိုလာပီ..
ဖုန်းထပိခေါ်လိုက်တယ်..
ကိုရဲမာန် ကျမ က ရှင့်ကားကို ပွန်းအောင်လုပ်မိတဲ့သူ လျော်ကြေးပေးမလို့ ဖုန်းဆက်လိုက်တာ
မင်းကို ငါ ညပိုင်းဆက်လို့ ပြောထားတယ်လေ
ကျမက ဘာဖြစ်လို့ ရှင့်စကားကို အတိအကျ နားထောင်နေရမှာလဲ..
မင်းက အပြစ်ရှိသူလေ..
အို ..ရှင်က လူထူးဆန်းပဲ
ရှင့်ကားက ပွန်းရုံတင် ဖြစ်တာ ကျမက တာဝန်သိလို့လျော်ကြေးပေးချင်လို့ ဖုန်းဆက်တာကိုပဲ ရှင် ကျေးဇူးတင်ရမှာ..
မင်းနဲ့ စကားပြောရတာ အချိုးမပြေဖူး..
လျော်ကြေးပေးနိုင်ရင်ပေး..
မပေးနိုင်ရင် ငါ့ကို တောင်းပန်...
ရှင့်လိုကား မျိုးတစီးလုံး ကျမက လျော်နိုင်တယ်
ရှင်သိထားဖို့က...
အဲဒါ မင်းကိစ္စ
ငါ့ကား body ရုံ ပြထားတယ်
ဘောင်ချာထွက်လာရင် ဘယ်ကိုပို့ရမလဲ
ကျမ viber ကို ပို့လိုက်
ချက်ချင်းလွဲပေးလိုက်မယ်
ဒါပဲ.. ကိုရဲမာန်..
နေပါအုန်း ဒါနဲ့ မင်းနာမည်က....
မြသွေးလို့ ပြောနေတယ်လေ ရှင် မမှတ်မိဖူးလား
မင်းနာမည်မှတ်နေရလောက်အောင်ထိ ငါမအားဖူး..
ပီးတာပဲ ...ဖုန်းချလိုက်တော့မယ်..
ဖုန်းချပြီးတော့ မြသွေးစိတ်တွေတိုလိုက်တာ
ဒီလူကို ငါတခုခုလုပ်မှရတော့မယ် လျော်ကြေးပေးတဲ့နေ့ကျ ဒီတိုင်းမပေးတော့ဖူး မြသွေးအကြောင်းသိစေရမယ် ကိုရဲမာန်....(ဆက်ရန်)
#ချိုမြိန်ခြင်းလှောင်အိမ်
အခန်း(၂)
မြသွေး အိမ်မှာနေရင်း ဆေးစာအုပ်တွေကိုပြန် ကြည့်နေမိတယ် ဆရာဝန်အလုပ်ကိုစွန့်လွတ်လိုက်တော့မယ် ပါးပါးစိတ်ချမ်းသာဖို့က အဓိကပဲမဟုတ်လား စာအုပ်တွေကို သေချာသိမ်းလိုက်တယ်...
ပါးပါးပြန်လာတော့ မြသွေးအတွက် business စာအုပ်တွေဝယ်လာပေးတယ်
သမီး အိမ်မှာနားတုန်း ဒါတွေကိုဖတ် လေ့လာ
သမီးကို အလုပ်သင်သွင်းပေးထားတာက ပါး သူငယ်ချင်းဆိုပေမဲ့ သူကလဲ သူ့သားကို လွဲလိုက်ပီ..
သူ့သား MD နဲ့ အတူတူ သမီးက လုပ်ရမှာ...
ပါး သမီးက တော်တယ် ထက်မြက်တယ်
သမီးလုပ်နိုင်မယ်လို့ ပါးပါးယုံကြည်တယ်ဟုတ်ပီလား..
ဟုတ်.. လို့ပဲ တခွန်းထဲ ပြောမိတော့တယ်..
မြသွေးအတွက် ဆရာဝန်ဆိုတဲ့ မာန် သူဋ္ဌေးသမီးဆိုတဲ့ မာန်တွေအကုန်ချပီး သူများအလုပ်မှာ တစ်က ပြန်စသင်ယူရတော့မှာလေ..
မြသွေးအတွက်တော့ ထင်သလောက်ဘယ်လွယ်ကူလိမ့်မလဲ...
အဲ့လိုနဲ့ အိပ်ရာဝင်တော့ viber ကစာဝင်လာတယ်...
မင်းလျော်နိုင်မယ့် ပမာဏဖြစ်မှာပါ ဆိုတဲ့ စာ တကြောင်းရယ် ဘောင်ချာတစောင်ရယ် bank acc no တွေပါတဲ့ ပုံတပုံရယ်...
ဒီလူက မြသွေးအတွက်တော့အတော်အူကြောင်ကြောင်နိုင်တဲ့ပုံစံမျိုးပဲ...
ရတယ်လေ မြသွေးစာပြန်လိုက်တယ်...
မြသွေး ဘဏ်accကပိုက်ဆံထည့်မထားဘူးပီးတော့ အခုချိန်လဲဘဏ်မသွားချင်ဖူး...
အဲဒါက မင်းအပိုင်းလေ..
အင်း အကိုဆီ မြသွေးကိုယ်တိုင်ပဲ လာပေးမယ်
ငါ မအားဖူး.. မင်းနေရာတခုမှာချိန်းလိုက် ငါ့ရုံးကလူတယောက်လွတ်လိုက်မယ်..
မြသွေးတောင် လူကိုယ်တိုင်လာပေးမှာလေ.. အကိုအားတဲ့အချိန်ပဲ ပြောလေ..
မင်းကပြောရတာ အင်မတန်အာရုံနောက်တဲ့မိန်းမပဲ...
sorryနော်.. မြသွေးမရည်ရွယ်ပါဖူး..
ထားတော့ မနက်ဖန်ညနေ ၆နာရီ Gloria Jean Cafe ကိုလာခဲ့...
ok.. see u soon..
reply တောင်ပြန်မလာတော့ဘူးပဲ ကိုရဲမာန်က...
မြသွေး အပေါ် စကားပြောရင့်သီးတာကို သည်းခံဖူးတာ အခုပထမဆုံးပဲ..
တော်ရုံလူဆို မြသွေးကို လေသံမာမာပြောရဲတာမဟုတ်ဖူး...
မြသွေးလဲ ပါးပါး ပေးထားတဲ့ စာအုပ်တွေဖတ်ရင်း တနေ့လုံးအချိန်ကုန်သွားတာတောင် မသိလိုက်ဖူး...
ညနေရောက်တော့ ကိုရဲမာန်နဲ့ ချိန်းထားတာကိုသတိရသွားတယ်...
မြသွေး အပြင်သွားဖို့ ပြင်ဆင်လိုက်တယ်
ကို့ဘာကို မှန်ထဲ ကြည့်လိုက်တော့ မြသွေးကိုယ့်အလှကို ကျေနပ်နေမိတယ်
အသားဖြူဖြူ ဆံပင်အညိုရောင်
အရပ်ရှည်ရှည် သာမန်ကောင်မလေးတယောက်ဆိုပေမဲ့ မြသွေးက ကိုယ့်ကိုကိုယ်ယုံကြည်မှူရှိနေတဲ့ မိန်းမသားတယောက်ပုံစံမျိုးပဲ..
ဒါက မြသွေးရဲ့ trade mark တခုလိုဖြစ်နေတာပေါ့..
မြသွေး ချိန်းထားတဲ့နေရာကို တမင်နောက်ကျပီးမှ သွားလိုက်တယ်..
၆နာရီခွဲ အဲဒီဆိုင်ရှေ့ အရောက်ပေါ့
ဟော.. တွေ့ပါပီ..
ဆိုင်ထောင့်မှာ ဒေါသထွက်ပီး ထိုင်နေတဲ့ ကိုရဲမာန်တယောက်...
sorry အကို မြသွေးနောက်ကျသွားတယ်
မင်းကမိန်းကလေးဖစ်ပီး အချိန်ကိုမလေးစားဖူးပဲ
ရှင် မြသွေး နားကြားလွဲသလားလို့
မိန်းခလေးမလို့ အချိန်လေးစားရမယ်ဆိုတဲ့ အယူဆတွေ အခုခေတ်မှာ ရှိသေးလား ကိုရဲမာန်..
ခေတ်တွေ အယူဆတွေ ငါမသိဖူး မင်းနောက်ကျလို့ ငါ အတော်စောင့်လိုက်ရတယ် မင်းလိုမျိူး ငါက အားယားနေတဲ့ သူမျိူးမဟူတ်ဖူး..
အော် sorry ပြောထားတယ်လေ.. relax bro..
မြသွေး waiter ကိုလှမ်းခေါ်လိုက်တယ်
အကို တခုခုမှာလေ..
မမှာတော့ဖူး လိုရင်းကိစ္စပဲ ပြောမယ်
မြသွေးက waiter ကလေးကို
ကော်ဖီ ၂ ခွက်ချပေးဖို့ ပြောလိုက်တော့...
မင်းဘာမင်း ၂ခွက်သောက်မယ်ဆို မှာ ငါမသောက်ဖူး...
ကော်ဖီ လာချပီးတဲ့ထိ စကားတခွန်းမှ မပြောဖြစ်ကြသေးဖူးလေ...
မြသွေးကပဲ... ကိုရဲမာန် ပြောတဲ့ ပိုက်ဆံ ဒီမှာပါ
ဟုတ်ပီ.. မင်းအပြစ်မင်းသိတယ်မလား..
ဘာကိုသိရမလဲ.. ကိုရဲမာန်
လူသတ်ပီးရင်တောင် အပြစ်မရှိသလိုနေနိုင်ဖို့ လျော်ကြေးပေးလို့ရတဲ့ခေတ်မှာ
ကားလေးပွန်းအောင်လုပ်မိတာကို
အပြစ်ဆိုတာရှိသေးလို့လားရှင့်...
ဒီမယ်.. မြသွေး မင်းက ပေါ့တန်တန်မိန်းကလေးတယောက်ပဲ မင်းနဲ့ ပြောနေရတာ ငါ့အတွက် အကျိုးမရှိဖူး...
အင်း အကိုလဲ ပိုက်ဆံလိုချင်လို့ လာတာမလား..
ရပီဆိုတော့ ပြန်လို့ရပီလေ..
မြသွေးတော့ ဒီမှာ ဆက်ထိုင်လိုက်အုန်းမယ်...
တောက်... မြသွေး မင်း ငါနဲ့ ထပ်မတွေ့ရပါစေနဲ့လို့ ဆုတောင်းထား... နောက်တခါတွေ့ရင် မင်း မလွယ်ဖူး..
ok ကိုရဲမာန်...
ကိုရဲမာန် ပြန်သွားတော့ မြသွေး တယောက် အနိုင်ရသွားတယ်ဆိုတဲ့အသိနဲ့ ပျော်နေမိတယ်
မြသွေးကိုစကားလုံးနဲ့တောင် ကြောဖို့ မစဥ်းစားနဲ့ ...ကိုရဲမာန် ရဲ့ ..
ဘယ်သူကြောတာမှ ငြိမ်ခံမယ့် မိန်းမတွေထဲ မြသွေးမပါဖူးဆိုတာ ရှင် ဒီလောက်ဆို နားလည်သွားပီမလား.. မြသွေး ကိုယ့်အတွေးနဲ့ကို ဟုတ်နေတော့တာပဲ...
အဲဒါနဲ့ပဲ ..
မြသွေးလဲ မှာထားတဲ့ ကော်ဖီ ၂ ခွက် သောက်ရင်း ဆိုင်ပိတ်ခါနီးမှ ပြန်လာခဲ့တော့တယ်...(ဆက်ရန်)
#HM
Comments
Post a Comment