မိထွေးကိုကြောက်တယ်

မိထွေးကိုကြောက်တယ် မောင်မောင်တို့ရပ်ကွက်လေဟာတကယ်ကိုတိတ်ဆိတ်တဲ့ရပ်ကွက်လေတစ်ခုပါ…..မောင်မောင်မှာဆယ်တန်း ကျောင်းသားလေးဖြစ်ပြီးအမေမရှိတော့ပါဘူးမောင်မောင်အဖေကလည်းနောက်အိမ်ထောင်နဲ့ဆိုတော့မောင် မောင်ဘ၀လေးဟာသနားစရာလေးပေါ့….မောင်မောင်ကအဖေဦးမင်းလွင်မိထွေးဒေါ်ခင်ချိုနဲ့အတူတူနေရရှာ တယ်..မိထွေးဖြစ်တဲ့ဒေါ်ခင်ချိုဟာအိမ်တစ်ဆောင်လုံးမှာသြဇာအရှိဆုံပေါ့..ဒေါ်ခင်ချိုကအသက်(၃၀)လောက် သာရှိသေးသည်..ဒါပေမဲ့ဦးမင်းလွင်ကတော့အသက်(၅၀)ကျော်နေပြီဖြစ်သည်..ဒေါ်ခင်ချိုကိုကြောက်တာက လည်းထိုင်ဆိုလျှင်အိပ်နေလောက်အောင်ကြောက်နေပါတော့သည်….ဒေါ်ခင်ချိုမှာငယ်ရွယ်သလိုလှပသော မိန်းကလေးဖြစ်နေတော့ဦးမငး်လွင်ကလည်းကြောက်ချစ်ရိုသေနေပါတော့သည်ဒေါ်ခင်ချို၏နို့ကြီးများဟာဆို လျှင်မောင်မောင်၏ခေါင်းလောက်နီးပါးရှိနေပါတော့သည်…ဒေါ်ခင်ချိုသည်အဝတ်အစားကိုလည်းအတိုအထွာ အဝတ်များပါသည်..ထိုကြောင့်ပင်ဝင်းလက်တောက်ပသောခြေသလုံးလေများသည်တွေ့သူတိုင်းမျက်လုံးများ ၏အကြည့်များသည်ဒေါ်ခင်ချိုဆီမှမခွာနိုင်ဖြစ်နေတော့သည်ဒေါ်ခင်ချိုသည်ဦးမင်းလွင်နဲ့မောင်မောင်ပေါ်တွင် အလွန်ပင်သြဇာညောင်းပါသည်…..ဒေါ်ခင်ချိုဝတ်သည်အဝတ်များကိုမောင်မောင်နဲ့ဦးမင်းလွင်တို့ကအလှည့်ကျ လျှော်ရလေသည်…ဒေါ...

Library ထဲက မျက်ရည်စ များသည်


Library ထဲက မျက်ရည်စ များသည် 

episode1


မှန်ချပ်တွေအပြင်က Angry Bird ခေါင်းနှင့် Nok Air လေယာဥ်ကြီးကို စိတ်မချမ်းမြေ့စွာကြည့်နေမိသည်။ မကြာခင် ခင်ဦးမေ ကို

တင်ဆောင်ထွက်ခွာပြီး ရေခြားမြေခြားခေါ်ဆောင်သွားတော့မည့် လေယာဉ်ပဲ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ရွာချနေသည့် မိုးသဲသဲမဲမဲအောက်မှာ စိမ်းကားတိတ်ဆိတ်လွန်းနေသည်။ အချိန်က မနက်စောစောမို့ ပိုလို့တိတ်ဆိတ်ငြိမ်သက်နေဆဲ။ 


Nok Air Departure Gate က ထောင့်တနေရာမှာ ခင်ဥိီးမေ တိတ်တိတ်ဆိတ်ဆိတ်ကလေး ထိုင်နေမိဆဲ။ 


အချိန် ၂ နှစ်နီးပါး သူစိမ်းတွေမြေမှာ ကျင်လည်ရတော့မယ့် မေ့ကို လိုက်ပါပို့ဆောင်နှုတ်ဆက်သူ ရှိသင့်ပေမယ် သည် ပညာတော်သင်ခရီးလမ်းက အားလုံးနှင့် အတိုက်အခံလုပ် ထွက်ခွာခဲ့ရသည့်လမ်း။ ဒါ့အပြင် ခင်ဦးမေရဲ့ မိခင်က တောရွာသူမို့ အပြန်အဆင်မပြေသည်မို့ လိုက်မပို့နိုင်တော့။ 


ဒါ့အပြင် လွယ်ထားသည့် အိတ်ကလေးထဲက အမေရိကန်ဒေါ်လာ ၁၀၀ တန်ကလေး ၂ ရွက်သာ ပါလာသည့်အဖြစ်က တော်တော်စိတ်အားငယ်စေသည်။ Visa card ဝေးလို့ ဘာ card မှ မရှိ။ ခင်ဦးမေသည် ငွေရှိလွန်းလို့ နိုင်ငံခြားပညာတော်သင် သွားမည့် ကျောင်းသူမဟုတ် ။ ငွေတစ်ကျပ်မှ မရှိဘဲ စကော်လာလျှောက်ပြီး ရခဲ့သည် ပညာတော်သင်ခရီး။ 


ခင်ဦးမေ အားငယ်လွန်းလို့ မျက်ရည်တောင် ဝဲပြီး ပါးပြင်ပေါ် စီးကျလာခဲ့သည်။ တစ်ရှူးလေးနှင့် မသိမသာသုတ်ပြီး လေကို ခပ်ပြင်းပြင်းရှုသည်။ ကောင်တာက လေယာဥ်ခုံအမှတ်အလိုက် ခေါ်နေတော့ လေယာဥ်ပေါ်ခပ်သွက်သွက်တက်ခဲ့သည်။ သည်အချိန်မှာ ဘာကိုမှ လှည့်မကြည့်ချင်တော့။ အားငယ်တတ်သူရင်ထဲ မိုးနှင့်အပြိုင် ရင်ထဲမှာ မျက်ရည်တွေ စွေနေဆဲ။


ထိုင်ခုံခါးပတ်ကို ပတ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေမိဆဲ။ လေယာဥ်ပြတင်းမှတဆင့်မြင်နေရသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ငေးမောကြည့်နေမိသည်။ ခဏအကြာ လေယာဥ်ပျံသန်းထွက်ခွာလာပြီး ၅ မိနစ်လောက်အတွင်း ရန်ကုန်မြစ်ဝကို မြင်ရသည်။ နေရစ်တော့ ရန်ကုန်ရေ။ နေရစ်တော့ တစ်ဦးတည်းသော သံယောဇဉ် မှီတွယ်ရာ ချစ်မေမေ။ ငါ အဆင်ပြေမှာပါလေ။ ခင်ဦးမေ တိုးတိုးကလေး ရေရွတ်မိနေဆဲ။

အမှန်တော့ မနေ့က ခေါင်းမူးနေလို့ မတင်ပေးဖြစ်တာလေးပါ။ 

သည် post လေးက ရေးဖူးပါတယ်။ 

စာလေးက ဘယ်လိုမှ ပြန်ရှာမတွေ့တော့လို့ version အသစ်အနေနှင့် ပြန်ရေးတာပါနော်။ 


#Library ထဲက မျက်ရည်စ များသည်

( New Version ) 

episode2

မှတ်မှတ်ရရ Don Mueang(ဒွန်မောင်း) လေဆိပ်မှာ လေယာဥ်ဆင်းတော့ နံနက်ခင်းလေးပါပဲ 

နေရောင်ခြည်က စူးရှစွာ ထွန်းလင်းတောက်ပနေသည်။ 

မြန်မာပြည် တောမြို့လေးတစ်မြို့က တောသူမလေး တစ်ယောက်။ သူမက်ချင်တဲ့ အိပ်မက်တချို့ကို ပွေ့ပိုက်ပြီး အရောက်လာခဲ့သည်ပဲ။ သည်အိပ်မက်ကို အကောင်အထည် ဖော်ကို ဖော်ရမည်လေ။ 

လေဆိပ်ကနေ နေမည့်အဆောင်အထိ Taxi ငှားတာ ဘာညာကို အားတင်းပြီး လုပ်ရသည်။ အဆောင်က ၈ ထပ်မှာမို့ ဓာတ်လှေကားထဲကနေ အထုတ်တွေ ဆွဲပြီး တက်လာရတာတောင် ဖတ်ဖတ်မော။ 

ကျောင်းက တာဝန်ခံထံ Line ကနေ သတင်းပို့လိုက်တော့ နေ့လည် လာခဲ့ပါတဲ့ 

ခင်ဉီးမေက နောက်ကျနေသည်လေ။ ထုံးစံအတိုင်း ကြိုးနီ စနစ် အဆင့်ဆင့်ကို စိတ်ပျက်ဖွယ်ကျော်လွှားနေရလို့ ကျောင်းဖွင့်ရက်ထက် တပတ် နောက်ကျမှ ကျောင်းကို ရောက်သည်။ ကျောင်းရောက်တော့ ကျောင်းသားရေးရာမှာ လုပ်ဆောင်ဖွယ်အဝဝကို လုပ်ပြီးတော့ စာသင်ခန်းကို ညွှန်လိုက်သည်မို့ ယောင်လည်လည်နှင့် ရောက်လာသည်။ 

ပြောရရင် ကျောင်းက အတော်ကျယ်သည်။ ဌာနတွေလဲ အများကြီး၊ ကျောင်းထဲမှာ ဘာဂီလို ကားလေးတွေ ပတ်နေတာ ရှိပေမယ့် သူ့အရောင်နှင့် သူ့လမ်းကြောင်း မသိသည်မို့ ခြေလျင်သာ ပြေးရသည်။ 

မနက်က မြန်မာနိုင်ငံက ထွက်လာစဉ်က ငိုမဲ့မဲ့ နှလုံးသားလေး။ 

အဆောင်ကို အထုပ်အပိုးနှင့် ရောက်။ ထိုမှ ကျောင်းကိုရောက်။ ကျောင်းသားရေးရာမှာ စာရွက်စာတမ်း ကိစ္စတွေလုပ်၊ အခု စာသင်ခန်းပြေး။ အချိန်က နေ့လည် ၂ နာရီ ။ ပြေးရင်းလွှားရင်း ဘာမှတောင် မစားဖြစ်သေး။ စာသင်ခန်းရောက်တော့ ၂ ချိန် မှီသေးတာမို့ ဝင်တက်ရသည်။ နောက်ဆုံးအချိန်က ဆရာမ စာသင်ဟန်က သူ သည်မှာလို သူလက်ချာရိုက်နေတာ မဟုတ်။ ကျောင်းသား အုပ်စုရဲ့ discussion ကို အလေးထားသည်။ ခက်တာက ခင်ဉီးမေက ဘာမှ မဆွေးနွေးနိုင်။ ကြိုတင်လဲ ဘာမှ မပြင်ဆင်လာမိ။ ကျောင်းသားအုပ်စုက ၁၅ ယောက်ထဲမို့ ဘာမှ မဆွေးနွေးနိုင်သော ခင်ဉီးမေကို ဆရာက by name တပ်တော့သည်။ 

နဂို စိတ်အခြေအနေက အဆင်မပြေ။ စာကလဲ ကြိုတင် မဖတ်လာမိ။ english speaking က လဲ ထစ်အဲထစ်အဲ ။ အခန်းထဲကသာ အငွေပျံ ပျောက်သွားချင်သည်။ လူတွေ ဝိုင်းကြည့်နေတဲ့ကြားမှာ ရှက်စိတ်နှင့် ချွေးတွေလဲ ပြန်လာသည်။ ဆရာက နောက်နေ့ စာကြိုတင် ပြင်ဆင်လာဖို့ သတိပေးပြီး အတန်းပြီးသွားတော့ ခင်ဉီးမေ နေရာက မထနိုင်သေး။ အခန်းထဲက လူကုန် ထွက်သွားတော့မှ မျက်နှာကို လက်အုပ်ပြီး မှောက်ချလိုက်မိသည်။ စိတ်တင်းထားသမျှ ခင်ဉီးမေ ရှိုက်လို့တောင် ငိုမိသည်။ 

"တော်ပြီလေ မင်းဆက်ငိုနေရင် ကျန်းမာရေး ထိခိုက်မယ် " 

အသံတစ်ခု ကြားလိုက်တော့ တုန်သွားပြီး မော့ကြည့်လိုက်တော့ အခန်းထဲက အတန်းဖော် တစ်ယောက်။ ခုန မိတ်ဆက်တုန်းကတော့ Bangladesh ကဆိုလား။ ခင်ဉီးမေ သေချာ မမှတ်မိပါ။ 

"ရော့ သောက်လိုက်"

အခုမှ စတွေ့ပေမယ့် ခင်ဉီးမေ မငြင်းမိတော့ သူ အရမ်းဆာနေသည်။ hypoglycaemia လဲ ရချင်နေပြီလေ။ 

မျက်ရည်တွေကို တစ်ရှူးနှင့် သုတ်ပစ်ပြီး သူ ကမ်းပေးလာသော မုန်လာဥနီ ဖျော်ရည်ဘူးကို ယူသောက်လိုက်သည်။ 

ဖျော်ရည်ဘူး တဝက်ကျိုးမှ ရင်ထဲတည်ငြိမ်သွားသည်။ 

ခပ်ရှက်ရှက်နှင့်ပဲ သူနှင့် မိတ်ဆက်ရသည်။ 

အခုမှ ကြည့်မိသည်။ သူက အတော်ချောတာပဲ။ ကုလားမင်းသားလေးလို့ ပြောလို့ရသည်။ ဘကုန်းသာ ပြောတာ သူ့ English က native speaker လို ကောင်းလွန်းနေတာ သတိထားမိသည်။ သူကမ်းပေးသည့် visiting card မှာ ရထားသည့် ဘွဲ့တွေ မြင်လိုက်တော့ မျက်လုံးပြူးရသည်။ ဗုဒ္ဓေါ သူ့ဘွဲတွေက အော်ဇီနှင့် UK က University အမြင့်တွေက ရထားသည့် ဘွဲ့တွေ။ အာ့ကို သူက သည်လိုဘွဲ့မျိုး လာပြန်တက်သည်ပေါ့။ 

သူက ခင်ဉီးမေ စိတ်ကို ဖတ်မိသည့် အလား 

"ကိုယ် နည်းနည်း နားချင်လို့ဆိုပါတော့ သည်ဘွဲ့ လာတက်ရင်း နားတာ" တဲ့ 

ဘုရားရေ သူက နားနားနေနေ လာတက်သော ဘွဲ့ကို ကိုယ့်မှ သေမင်းငင်သလို ကြိုးစားရမည့် အဖြစ်။ 

သူက ဆက်ပြောနေသေးသည်။ 

" အစာ သေချာစားပြီးမှ စာသင်တဲ့ ဒါဟာ အခြေခံအချက်ပဲ မဟုတ်ရင် မင်း တွေးနိုင်မှာ မဟုတ်ဘူး " တဲ့ ။

K လို့ပဲ ဆိုကြပါစို့။  ကုလားမင်းသားအမည်က ရှည်လွန်းတာမို့ You can call me K ဆိုတော့ K လို့ပဲ မှတ်သားကြည့်ရအောင်။ 

ထို့နေ့က ကျောင်းဆင်းတော့ သူ နှင့် FB ရော Line မှာ ရော ချိတ်မိသွားပြီ။ Personal email တွေ အပြန်အလှန် ချိတ်မိသွားကြပြီ။ 

အမှန်တော့ ခင်ဉီးမေရဲ့ အရည်အချင်းနှင့် K က တော်တော်ကို ကွာပါသည်။ ရုပ်ရည်အားဖြင့်တောင် ဆံပင်တွေ ဖိုသီဖတ်သီ ကျောပိုးအိတ် တစ်လုံးနှင့် ပြေးပြေးလွှားလွှားလုပ်နေရတဲ့ ခင်ဉီးမေ နှင့် i-pad လေး ကိုင်ပြီး ပေါ့ပေါ့ပါးပါး စတိုင်ကျကျ သည်မင်းသား ရုပ်ရည်အားဖြင့်ကို ယှဉ်မရ။ 

သို့သော် ထိုနေ့ကစပြီး မေ့ အနားမှာ တချိန်လုံး K ရှိနေခဲ့သည်။ သူတို့ ချစ်သူတွေ မဟုတ်။ အတန်းဖော်သူငယ်ချင်းထက်ပိုသော ဆက်သွယ်မှု တစ်ခုက သူတို့နှစ်ယောက်ကြားမှာ အသေအချာ ရှိခဲ့ပြီ ဖြစ်သည်။

#Library ထဲက မျက်ရည်စ များသည်

( New Version ) 

Episode 3


နံနက်ခင်းနေရောင်ခြည်နုနုကလေးက ဖျာဆင်းနေဆဲ University ကျောင်းတော်ဝင်းကြီးက ကျယ်ပြန့်လှသည်။ ဘွဲ့နှင်းသဘင် ခန်းမ နားအရောက်မှာ မေ ခဏ နားလိုက်သည်။ မေ့အတွက် နံနက်ခင်း exercise ။ ကျောင်းက ဘာဂီနှင့် သွားလာရသည့် အတော်ကျယ်ဝန်းသည့် ကျောင်းမို့ ကျောင်းကို တပတ်ပြည့်အောင် ပြေးရသည်က တကယ်တော့ မလွယ်ပါ။ သို့သော် မေ့အတွက် မပြေးလို့မရပါ။ မေ့ ဖုန်းက GPS က မေ ဘယ်နေရာအထိ ဘယ်လမ်းကြောင်းနှင့် ပြေးခဲ့သည်ကို ဖော်ပြနေသည်ပဲလေ။ 


ပြေးပြီးအဆောင် ပြန်ရောက်လာတော့ ခဏအနားယူ ရေမိုးချိုး Breakfast စားပြီး စာသင်ဆောင်သို့ အပြေးလာရသည်။ သည်တကြိမ်တော့ ဘာဂီလေးစီးရသည်။ ဘာဂီ အနီရောင်လေးက မေ့တို့ စာသင်ခန်းသို့ သွားသည့် လမ်းကြောင်း ပြေးသည့်ကား။ သည်နေ့ ဘာဂီလေးပေါ်တက်လိုက်တော့ ကားပေါ်မှာ K ရှိနှင့်နေသည်။ သူ့ အပြုံးက တောက်တောက်ပပ ရွှန်းရွှန်းလဲ့လဲ့။ မျက်လုံးချင်းဆုံတော့ K က ခေါင်းညိတ်ပြသည်မို့ သူ့ဘေးနားက နေရာလေးမှာ ထိုင်လိုက်သည်။ သူက ဘာစကားမှ မဆို ။ မေ က မနေနို်ငစွာ မနက်က ကျောင်းတပတ်ပြည့်အောင် ပြေးခဲ့တယ် ဆိုတော့ သူ က "ကိုယ်သိတယ်" လို့ ခပ်တည်တည် ပြောသည်။ 


စာသင်ခန်းနားရောက်တော့ သူက ကော်ဖီဆိုင်အသေးလေးက ကော်ဖီ ၂ ခွက်ဝယ်ပြီး မေ့ဆီ တစ်ခွက် ကမ်းပေးသည်။ ကော်ဖီနှင့် အတူ ဆေးလေး နှစ်လုံးပါသည်။ အကိုက်အခဲပျောက်ဆေးနှင့် GI Cover အတွက် ဆေး (ဗိုက်မအောင့်ရန် သောက်သည့်ဆေး) 


"သောက်လိုက် မေ ။ စ ပြေး ကာစ ရက်တွေဆို ဆေးက ကြိုကာထားရတယ် မဟုတ်ရင် မင်း စာလုပ်နိုင်မှာ မဟုတ်ဘူး။ " 


သည်နေ့က class က မနက်ပိုင်းပဲ ရှိမည်လေ။ နေ့လည်ပိုင်း class မရှိရင်တော့ မေတို့ နှစ်ယောက် Library သို့ ချီတက်ကြသည်။ မေ သည် သင်ခန်းစာ တစ်ခုကို ရေလည်ဖို့ နောက်နေ့ သင်ခန်းစာများအတွက် ကြိုတင်ပြင်ဆင်ဖို့ စာဖတ်ချိန်များစွာယူရလေ့ရှိသည်။ မေ့ reading skill က နှေးသည်ကို။ 


ပထမတော့ စာအရှည်ကြီးတွေ ဖတ်ရတာ မေ့အတွက် အရမ်းကို ခက်ခဲသည်။ သို့သော် K ရဲ့ Guide Line အတိုင်း Key point တွေ highlight လုပ်ရမည့် အချက်တွေ မြန်မြန်ရှာဖတ်တတ်လာသည်။ 


ကျောင်း Time table ကို စကြည့်သည့်နေ့ကတော့ မေသည် အတော် စိတ်ဆင်းရဲမိသည်။ တပတ်စာ time table မှာ presentation လုပ်ရမည့်အချိန်က ၃ ရက် လောက်ပါဝင်သည်။ မြန်မာပြည်မှာ စကားကို လိပ်ပတ်လည်အောင် မပြောတတ်သူ။ လူကြောက်တတ်သူ မေ့အတွက် English လို presentation လုပ်ရသည့်အခါ အတော် ခက်ခဲနေသည်။ ပညာရပ်ဆိုင်ရာကို ထည့်မတွက်ရသေးတောင် လူရှေ့ ကို မထွက်ရဲတာက အတော်ကို ဒုက္ခ။ 


မနက်ဖန် class ထဲမှာ လုပ်ရမယ့် Mini Project Presentation အတွက် သည်နေ့ မေတို့ စာ ရှာနေကြသည်။ လက်တော့ တစ်ယောက်တစ်လုံးနှင့် တကယ်က သူက မေ့ကို presentation ပြင်ဆင်ခိုင်းသည်။ သူ လိုချင်သော အချက်တွေ မပါမချင်း စာ ထပ်ရှာစေသည်။ stress ဖြစ်ပေမယ့် မေ က သည် stress ကို အတော် ကြိုက်နေမိပြီ။ အမှန်တော့ သူ့ guide line သာ မပါရင် ဘယ်က စလုပ်ရမှန်းကို သိမှာ မဟုတ်ပါ။ 


တကယ်က အခန်းတွင်း mini project presentation အဆင့်အတန်းထက် ပိုမို သာလွန်သော quality မျိုးကို သူ လုပ်ခိုင်းတတ်သည်။ မေ က တပည့်ကောင်း တစ်ယောက်ကို အမြဲနာခံတတ်သည်။ သူရှာခိုင်းသမျှ ရအောင် ရှာသည်။ သူ့မေးခွန်းတွေကို ဖြေနိုင်ရန် ကြိုးစားသည်။ မဖြေနိုင်သေးလျှင် စာ ထပ်ရှာဖတ်သည်။ သည်လိုနှင့် presentation လေး စိတ်တိုင်းကျ သွားသည်။ တကယ်က သူနှင့် မေ က group တစ်ခု။ 


"မနက်ဖန် K ပြောပေးနော်။"

 သူက မေ့ကို စိုက်ကြည့်သည်။ မေ ဆက်မပြောရဲတော့ပါ။ K မှာ အဲ့လိုပဲ အရှိန်အဝါတစ်ခုက အမြဲရှိသည်။ 


"မနက်ဖန် မေ ပြောရမယ် You must be present", သူဒါပဲ ပြောပြီး ကျောပိုးအိတ် ကောက်လွယ် ထွက်သွားတော့ library ထဲမှာ မေ ငူငူငိုင်ငိုင်လေး ကျန်ခဲ့သည်ပဲ။ 


မေတို့ အဆောင်နှင့် K တို့ အဆောင်က လမ်းလေးသာ ခြားသည်မို့ အဆောင်၀ရံတာက ကြည့်လိုက်လျင် လှမ်းမြင်နေရသည်။ ထိုညက presentation အတွက် မေ ထပ်တလဲလဲလေ့ကျင့်နေစဉ်မှာ အဆောင်က ခပ်ချောချော ကိတ်ကိတ် Japan မ နှင့် K တို့ ဘား သွားကြတာ မြင်လိုက်တော့ စိတ်ထဲ မနာလို ဖြစ်မိနေဆဲ။ 


သူက မေ့ကို ဂရုတစိုက် ဆရာလုပ်ပေးတတ်သူကြီးပေမယ့် သည်လိုနေရာတွေကို မေ့ကို ခေါ်မသွားတတ်ပါ။ မေ့ ဘာသာ သွားလဲ ရတာပဲပေါ့လို့ ဆိုပေမယ့် မနက်ဖန် You must be present အတွက် အရှက်မကွဲအောင် ကြိုတင် ပြင်ဆင်ရလိမ့်မည်လေ။ 


အေးလေ ငါကမှ မလှတာလို့ ကွကိုယ် ကြိတ် ကျိန်ဆဲရင်း လက်တော့နှင့် မျက်နှာချင်းဆိုင် ပြန်ထိုင်ရသည်။ 


Presentation လုပ်သည့် သီရေတာ အကျယ်ထဲမှာ မေ ဒူးတွေ တုန်နေသည်။ ထိန်းလို့ကို မရ။ အေးစက်စက် အဲကွန်းခန်းပေမယ့် ချွေးစီးတွေကလဲ ပျံနေသေးသည်။ မေတို့က Group 3 မို့ အရှေ့က ၂ ဖွဲ့ကို နားထောင်နေရပေမယ့် စိတ်က သူတို့ဆီ မရောက်။ 


မေတို့ အဖွဲ့အလှည့်ရောက်တော့ K ကို အသနားခံသလို ကြည့်ပေမယ့် သူက အေးစက်စက်သာ ပြန်ကြည့်နေဆဲ။ 


laptop ကိုင်ပြီး stage ရှေ့ရောက်တော့ ဒူးက အတော် တုန်နေသည်။ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်တဲ့ လက်တွေကလဲ တုန်တုန်ယင်ယင်၊ အသံကလဲ တုန်တုန်လေးပါပဲ။ 


သို့သော် မေသည် ည က ကြိုးစားလေ့ကျင့်ခဲ့သမျှ အားထုတ်ပြီး ပြောသည်။ မေ ဘယ်သူ့ကိုမှ မကြည့်ဖြစ်။ K ကိုသာ ကြည့်နေမိသည်။ K မျက်လုံးတွေက ပြုံးလာလေ မေ ပြောရတာ ပိုမို အသက်ဝင်လာလေ။ မေ့မှာ presentation အဆုံးသတ်ကိုပင် နှမြောနေသလိုလို။ K ရဲ့ နှစ်ခြိုက်စွာပြုံးတဲ့ အပြုံးတွေဟာ မေ့အတွက် တကယ် အားဆေး။ 


အပြန်အလှန် discussion မှာတော့ သူပါ stage ပေါ် ရောက်လာသည်။ သူရဲ့ အဆင့်မြင့်မားလှတဲ့ thinking way တွေ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု စကားပြော ကျင်လည်မှု ယုံကြည်မှု အပြည့်ဟန်ပန်တို့က Group 3 ကို မိုးပျံသွားစေတော့သည်။ လက်ခုပ်သံ ကျယ်ကျယ် လောင်လောင်တွေအောက်မှာ သည်တက္ကသိုလ်နယ်မြေမှာ မေ့ဘ၀က အသစ်တဖန် ပြန်လည်မွေးဖွား လာသည်။ မေးခွန်းမှန်သမျှ ကြောက်လန့်ပြီး မျက်နှာ အောက်ချနေရတဲ့ မေ မဟုတ်တော့လေ။ 


ကျေးဇူးပါ K ရေ 

မေ ဟာ ဆရာကြီး အလုပ်ခံရတာကို ကြိုက်သူ မဟုတ်ခဲ့ဘူး။ 


ဒါပေမယ့်လဲ  K ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကို တစ တစ မေ ဘယ်လိုများ တွန်းလှန်နိုင်ပါတော့မလဲလေ။ 


#Library ထဲက မျက်ရည်စ များသည်

( New Version ) 

Episode 4


သည်လိုနှင့် စာသင်နေ့ရက်များ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာသည်။ ကျောင်း web site တွင် တင်ထားသော မေ့ ရလဒ် result များသည် A+ , A မှ မဆင်းတော့။ မေ သည် စာအလွန်ကြိုးစားသော ကျောင်းသူတစ်ယောက်ဟု သည် အသိုင်းအဝိုင်းက အကုန်သိသည်။ မေ့ အချိန် အတော်များများသည် Library တွင်ပဲ ကုန်ဆုံးလေ့ ရှိသည်။ မေ သည် Library ဖွင့်ချိန် တန်းရောက်လာသူ ဖြစ်ပြီး အတန်းတက်စရာရှိတက်ပြီး Library ပိတ်ချိန်မှ ပြန်သူဖြစ်သည်။ 


မင်းသားချော K ကတော့ သူတို့ အသိုင်းအဝိုင်းမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ။ ခပ်ကိတ်ကိတ် Japan မရော၊ နံ့တန့်တန်ပျံတန်တန် ထိုင်းမလေးရော၊ လျှာသွက်အာသွက် ဖိလစ်ပင်းမလေးရော  K နှင့် လွတ်သူ မရှိပါ။ မိန်းကလေးပေါင်းစုံနှင့် ဘား သွားလိုက်၊ ပက်ပုန်းက နာမည်ကြီး club တွေ သွားလိုက် ၊ တခါတရံ ဟိုတယ် date တွေအထိ သွားတာကို K က လည်း ဖုံးကွယ်မထားပါ။ 


ကျောင်းမှာတော့ မေ့ ပုံစံက ကျောပိုးအိတ် အလေးကြီး လွယ် စာအုပ်တွေ တထပ်ကြီးကိုင် မျက်မှန်ထူထူကြီးတပ် ဆံပင်တွေ ဖို့ရိုးဖားယားနှင့် ကျောင်းက ထုတ်ပေးသော sport shirt ၂ ထည်ကို ထည်လဲဝတ်ရင်း ပြေးပြေးလွှားလွှားသွားနေတတ်သော မေ သာ ။ အတွဲမညီလိုက်ပုံက ကျောင်းမှာ မေ့ အနားမှာ အင်မတန် စတိုင်ကျသော ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် မင်းသားက အမြဲရှိနေခြင်းပင်။ တစ်ခါတော့ မေ မေးဘူးသည်။ ဘာလို့ မေ့ကို အချိန်ကုန်ခံ သင်ကြားပေးနေတာလဲ မေ့အနားမှာ ဘာလို့ ရှိနေလဲဆိုတော့ K ရဲ့ တစ်ခွန်းတည်းသော အဖြေက မင်းက နာခံလို့လေ။ မင်းလောက် နာခံတတ်တဲ့သူ ငါ မတွေ့ဘူးသေးဘူး။ မင်းရဲ့ နာခံခြင်းက ငါ့စိတ်ကို အတော်ဆွဲဆောင်တယ်တဲ့။ 


တကယ်တော့ K ရဲ့ အမိန့်တွေ အကုန်လိုက်နာဖို့က အတော်ခက်ခဲပါသည်။ မနက်ဆို ဧက များစွာကျယ်သော ကျောင်းဝင်းကျယ်ကြီးကို တပတ်ပြေးရပြီး ကြံခိုင်ဖို့ကြိုးစားရသည်။ K က တခါတရံ မေ နှင့် လိုက်ပြေးတတ်ပြီး သည်လိုနေ့များကတော့ မေ က ပိုကြိုးစားလေ့ ရှိသည်။ တစ်ခါတစ်ရံတော့ မေ က တမင်ကို အမိန့်ကို အာခံတတ်လာသည်။ တရက်ကတော့ နေမကောင်းပါ ဘာညာ ကြိုတင် အကြောင်း မကြားဘဲ မနက်ပိုင်း PT ကို မေ မသွားပါ။ အမြဲနာခံ ရိုကျိုးနေကျမို့ သည်လို လုပ်ရတာ အသစ်အဆန်း ဖြစ်နေပြီး K ဘာလုပ်မလဲ ဘယ်လို တုံ့ပြန်မလဲ မေ သိချင်နေသည်။ ချက်ချင်း ဖုံးဆက်ခေါ်ပြီး အဆောင်အောက် အခု ဆင်းလာဖို့ ပြောတော့ မေ မသွားပါ။ အမြဲရိုကျိုး ပုံစံကျနေသော ကလေးမသည် အာခံလျင် ဘာဖြစ်မလဲ သိချင်နေပြန်သည်။ Class ထဲရောက်တော့ K က ရောက်နှင့်ပြီး။ သူ မေ့ ကို လှည့်မကြည့်ပါ။ မေ့ ရင်ထဲ ချောက်ထဲ ပြုတ်ကျသွားသလို ခံစားမှုက အေး ကနဲ။ Class ပြီးသွားတော့ ခါတိုင်းလို Library သွားဖို့ သူ မေ့ကို မစောင့်နေပါ။ သူ့ဘာသာ ထွက်သွားတော့ မေ ဘယ်လိုမှ မခံစားနိုင်တော့လေ။ K အနောက်ကို ပြေးလိုက်မိသည်။ K က အဲ့လိုကျ ရပ်စောင့်နေသား။ 

“Smart မကျဘူး မေ” ။ သူ က အေးစက်စက် ပဲ ပြောသည်။ “မင်း ကို့ အမိန့်တွေ မနာခံတော့ချင်ရင် ကိုယ်မင်း အနား မရှိတော့ယုံပါပဲ မေ ရ။” 

“မဟုတ်ဘူး K  မေ လေ” 

မေ့ စကား မဆုံးခင် သူ ဖြတ်အော် သည်။ 

“ဟုတ်လိုက် မေ ။ ငါ မင်းဆီက အငြင်းစကားလုံးတွေ မကြားချင် ဘူး 

မင်းသိလား ကိုယ်ကြားချင်တာ Yes တခွန်းပဲ 

မင်းအနားမှာ ကိုယ်ရှိနေဖို့ဆို တစ်ခုပဲ လိုတယ် ၊ ကိုယ်ပြောသမျှ နာခံ မငြင်းဆန်ဖို့ပါ။” 

“ဟုတ် မေ ကတိပေးတယ်။”

“သေချာလား မင်းသေချာလား”

K  ကို ကြည့်ရူး မေ ရူးမလို ဖြစ်နေမိသည်။ အခုအချိန် ဘာပဲ ပြောပြော မေ့ ဘက်က သေချာ နာခံ မိမှာ အလွန်ကျိန်းသေးသည်။ အို သူ ဘာခိုင်းခိုင်းလေ။ 

“ဟိုးက ခုံတန်းလျားလေး မြင်လား”  

“ဟုတ် ”

အဆောင်ဘေး ကော်ရစ်ဒါဘေးက ထိုင်ခုံလေး ။ 

သူညွှန်ပြသော ထိုင်ခုံလေးသည် ညနေစောင်းဆို ရေကန်ဘေး ဖြစ်နေသဖြင့် အလွန်သာယာလိမ့်မည်။ အခုတော့ နေ့လည် ၁၂ း၀၀ နာရီ နေမှာ အရိပ်မဲ့စွာ ခုံတန်းလျားက ပူပြင်း ခြစ်တောက်နေသည်။ 

မင်းမှာ ကိုယ့်ကို မနာခံ ငြင်းဆန်ခဲ့တာ အပြစ်အကြီးကြီးပဲ မင်းကိုယ်မင်း အပြစ်ခံယူသင့်တယ် ထင်ရင် သည် ခုံတန်းလျားမှာ ညနေ ၄ နာရီ အထိ ထိုင်နေပေတော့၊ မင်း GPS ကို ဖွင့်ထားစရာ မလိုဘူး။ မင်းဘာသာ သည်နေရာက ညနေ ၄ နာရီ မထိုးခင် ထွက်သွားရင်တော့ မင်းငါ့ဆီက အပြီးထွက်သွားရမယ်။ That’s all မေ။ 

သူထွက်သွားတော့ မေ ခုံတန်းလျားဆီသို့ ရောက်သွားသည်။ မေ ပါလာသည့် ကျောပိုးအိတ် ကို ခုံတန်းလျားပေါ်တင်လိုက်သည်။ K ကတော့ ကော်ရစ်ဒါအတိုင်း အေးဆေးစွာ ထွက်ခွာသွားသည်။ နေရိပ်မှာ ခုံတန်းလျားတွေ ရှိပါလျက် နေပူပူထဲက ခုံတန်းလျားမှာ ထိုင်နေသော မေ က နည်းနည်းတော့ ကြောင်တောင်တောင်နိုင်သည်။ အနောက်တိုင်းဆန်သော အသိုင်းအဝိုင်းမို့ ထွေထွေထူးထူးတော့ စပ်စုသွားခြင်း မရှိပါ။ မွန်းတည့် ဘန်ကောက် နေက အပူရှိန် အတော် ပြင်းသည်။ ကျောပြင်မှာ ချွေးတွေ စိုရွှဲလို့။ သည်နေ့မှ သူ့နောက် အမောတကောလိုက်ရင်း ရေဘူးက မဝယ်ဖြစ်လိုက်။ ရေဆာသည့် ဒဏ်ကို ကြိတ်မှတ်ခံစားရင်း တစ်ကိုယ်လုံး ပူခြစ်နေသလို ခံစားရသည်။ 


ဘန်ကောက်သည် မာယာများသည်။ နေခြစ်ခြစ်တောက် ပူနေရာက ဗြုန်းဆို မိုးလာတော့မည့် အသွင်ဖြင့် လေက တိုက်လာသည်။ ကျောပိုးအိတ်ထဲက ထီးလေးကို ထုတ်ယူပြီး ဖွင့်လိုက်သည်။ ပါလာသော ကျောပိုးအိတ်အထဲက လက်တော့နှင့် စာအုပ်တွေပေါ် မိုးပေးလိုက်သည်။ K ရဲ့ အပြစ်သားကလေးက ထီးဖွင့်ဆောင်းနေဖို့ မထိုက်လေ။ 


မိုးက သဲသဲမဲမဲ ရွာသည်။ 

ရေဆင်းမြောင်းတလျောက် ရေတို့ပင် ခပ်ကြမ်းကြမ်း စီးဆင်းသည်။ 

လေက လဲ ခပ်ပြင်းပြင်း တိုက်သည်။ ထီးလေး လက်တော့ အိတ်ပေါ်က ရွေ့မသွားအောင် မနည်း ကိုင်ထားရသည်။ ဘေးပတ်ဝန်းကျင်မှာ လူတွေလဲ မရှိတော့။ အကုန် မိုးခိုနေလောက်ပြီ။ 

အတော်လေး အကြာမှာတော့ လေ ကလျော့သွားသည်။ 

မိုးကလဲ ဖွဲဖွဲ ဆက်စွေနေသည်။ 

မိုးရေထဲမှာ ကြွက်စုတ်လေး ဖြစ်နေသော မေ အတော်လေး ချမ်းစိမ့်စိမ့်ဖြစ်လာသည်။ 

နေပူကြီးထဲ ထိုင်နေရင်း မိုးထိ လိုက်သည်မို့ ဖျားချင်သလိုပါ ခံစားရသည်။ 

အားငယ်လာပြီး ငို ချင်ပေမယ့် မေ ငို လို့မရ။ K က မေ ရွှေမျက်ရည်ကျခြင်းကို အလွန် မုန်းသည်။ 

ချမ်းသည့် ဒဏ်ကို လက်နှစ်ဖက်ပိုက် ကာကွယ်ရင်း မိုးရေထဲမှာကို အဖျားတက်ပြီး ငိုက်သလို ဖြစ်နေမိသည်။ ရုတ်တရက် မေ့နားက ကားလမ်းပေါ်မှာ ကားတစ်စီး ရပ်လိုက်သံကြောင့် အားယူပြီး မျက်စိဖွင့်ကြည့်လိုက်တော့ K ကား။ သည်ကားပေါ်မှာ ဟိုသူ သည်သူတွေ လိုက်ပါဘူးပေမယ့် မေတော့ မလိုက်ဖူးပါ။ 

မေ လိုချင်တာ ဒါပါပဲ 

K သာ မေ့ကို ဆက်လက်ချုပ်ကိုင် လွှမ်းမိုးမယ်ဆို 

K ကို ကြည့်နေဆဲ K  က နီးသွားလိုက် ဝေးသွားလိုက် 

ကောင်းကင်ပေါ် ရောက်လိုက် မြေကြီးပေါ်ရောက်လိုက် 

မူးဝေ ချာလပတ် လည်နေသလို သူရပ်တည်နေသော မြေပြင်က ပြိုလဲ သွားသလို။ 

သို့သော် မေ လဲ မသွားခဲ့။ 

အလွန်နူးညံ့ လှိုက်မောဖွယ်ရာ ရင်ခွင်တစ်ခု 

လက်မောင်းနွေးနွေးလေးများ 


စိတ်ချစွာ မျက်လုံးများကို မှိတ်ချလိုက်သည်။ ရပြီလေ။ သည်ရင်ခွင်ကို မေ ယုံကြည်ပါသည်။


Library ထဲက မျက်ရည်စများသည် 

new version 

Episode 5


ကန်ဘောင်ဘေးက ဇာတ်လမ်းအပြီးမှာတော့ မေ က K ရဲ့ official ဖြစ်သွားသည်။ ကောင်မလေးက မိုးရေထဲ ထိုင် စိတ်ကောက်တာ။ မူးလဲ သွားတော့ ကောင်လေးက ယောက်ယက်ခတ်နေတာတဲ့။ သည်လိုနှင့် ကျောင်းနေ့ရက်ပေါင်းများစွာ Library နေ့ရက်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ကြသည်။ 


K က တိတိကျကျ လွှမ်းမိုး ချုပ်ကိုင်မှုတွေ ပို အသေးစိတ်လာသလို မေ က လဲ ချွင်းချက်မရှိ နာခံတတ်မြဲ ဖြစ်သည်။ 


အကျိုးဆက်ကတော့ 

မေ့ရဲ့ ပညာရေးကတော့ အံ့မခန်း အတန်းထဲမှာ ပညာရေးနှင့် ပတ်သက်လာရင် မေ့ကို ယှဥ်နိုင်သူမရှိ။ K က လွဲရင်ပေါ့လေ။ K ကတော့ သူ ပြုစု ပျိုးထောင်နေသော ပန်းပင်လေးကို အရိပ်တကြည့်ကြည့် ကြည့်ရင်း ကျေနပ်နေမြဲ။ 


သို့သော် ပြင်ပ ပုံသဏ္ဠာန်အရတော့ ရယ်စရာသာ။ မေ က စာသာ အာရုံစိုက်ရလွန်းလို့ စာ​ခြောက်ရုပ်ပေါက်နေပြီ။ ဆံပင်တွေ ဖရိုဖရဲ Man ဆန်ဆန် အဝတ်အစားတွေနှင့် မေ့ဆီမှာ မိန်းမပျိုတစ်ယောက်ရဲ့ လှပ တင့်တယ်ခြင်းကို ရှာလို့မရ။ 


အဆောင်က ခပ်ကိတ်ကိတ် ဂျပန်မ နှင့် night out တိုင်း မနာလိုဖြစ်တတ်ပေမယ့် သူက လိုက်ခဲ့ပါ ခေါ်ရင်တောင် မေ့ မယ် လက်တောင်မမြှောက်နိုင်အောင် ပင်ပန်းနေပြီလေ။ 


K ရဲ့ official အတွဲလေး မေ က တစ်ခါမှ date မလုပ်ဘူးသည်မို့ ထူးတော့ထူးဆန်းကြသည်ပေါ့လေ။ 


သည်လိုနှင့် မေတို့ ပထမ နှစ်ဝက် စာမေးပွဲတွေ ဖြေဆိုပြီး စိတ်လက်ပေါ့ပါးနေကြပြီလေ။ မေ ကတော့ စာမေးပွဲကို စိတ်လက်ပေါ့ပါးစွာ ​ဖြေဆိုခဲ့ပြီး စာတွေ လတ်တလော လုပ်စရာ မရှိတော့သည်မို့ K နှင့် ဘယ်လိုတွေ့ခွင့်ရမလဲ စိတ်ပူမိသည်။ 

လတ်တလော ဘာ အမိန့်မှလဲ မလာလေ။ 


အဆောင်အောက်ထပ် Reception မှ ဝန်ထမ်းကလေးက မေ့အတွက် ပါဆယ်ရောက်နေသည်ဆိုတော့ မေ က တအံတအော။ ပါဆယ်ဘူးက အကြီးကြီးလေ။ အခန်းကို ပြန်တက်လာပြီး ဖွင့်ကြည့်လိုက်တော့ 

Wow ကြည်ပြာရောင် တောက်တောက် ဂါဝန်လေး။ လှလိုက်တာ ။ သိပ်ကို လှလိုက်တဲ့ ဂါဝန်လေး။ ဘတ် ၈၅၀၀ လို့ စျေးကပ်ထားတော့ နှမျောမိနေသေးသည်။ မေ က ကပ်စီးနဲစွာ ပသူနမ် wholesale Market ထဲက ၃ ထည် ဘတ် ၂၀၀ တန်လောက် ရှာဝတ်သည်ကိုး။ 


ဖုန်းက Line app မှာ Msg လေး ဝင်လာတော့ ဂါဝန်လေး ဝတ်ပြီး ဆင်းခဲ့ မေ ကိုယ့်ဧည့်ခန်းမှာ စောင့်နေမယ်တဲ့။ ၁၀ မိနစ်အတွင်းတဲ့။ 


Wow Shit! တိုးတိုးလေး ဆဲမိသည်။ 

မြန်မြန် ရေချိုးလိုက်ပြီး အလှပြင်စရာလဲ ဘာမှ မရှိသည်မို့ ရေ​ခြောက်အောင် သုတ်ပြီး ဂါဝန်ကြည်ပြာရောင် လှလှလေးကို ကပျာကသီ ဝတ်ရသည်။


ဖိနပ် ဖိနပ် 

မေ့မှာ သည်ဝတ်စုံနှင့် လိုက်ဖက်သည့် ဖိနပ်မရှိပါ။ 

မြန်မာပြည်ကတည်းက မေစီးနေသည့် ဒေါက်ပါးပါး ဂွင်းထိုးကလေးကိုသာ ကောက်စီးပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ 

မေနေသည်က ၂၂ ထပ်မှာ ဓာတ်လှေကားက စောင့်ရသေးသည်။ Reception ဘေးက Lobby မှာ ထိုင်နေသည့် K ရှေ့မှာ မေ မတ်တပ်ရပ်မိပြီးမှ Timer က အသံမြည်သည်မို့ မေ ကျေနပ်သွားသည်။ K ကလဲ ကျေနပ်နေပုံပါပဲ။ 


K က မတ်တပ်ထရပ်လိုက်ပြီး မေ သည်မှာထိုင်။ သူထိုင်သော ဆိုဖာခုံမှာ မေ ဝင်ထိုင်လိုက်ရသည်။ မေ သည် ဝတ်စ မရှိသော ပုံစံ မို့ ဟန်ပန်က အကဲမရ။ ယုံကြည်မှုလဲ နည်းနည်း ပျောက်ဆုံးနေသလို။ 


K က မေ့ ခြေထောက်နားမှာ ထိုင်လိုက်တော့ 

ရင်တွေခုန်နေတာ တားမရ

အားနာတာရော 

မေ မော့မကြည့်ဝံသူက မေ့ ခြေထောက်က ဖိနပ်ကို ချွတ်ပေးနေသည်လေ။



Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ