Journey to the pleasure through Pain
Journey to the pleasure through Pain
မေ ဘာလို့ bdsm slv minded
တွေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သလဲဆို
သူပဲလေ။
မေရဲ့ ပထမဆုံးသခင်
စုတ်ချက်ကြမ်းကြမ်းရေးဆွဲခဲ့ ကိုယ်ရဲ့ဘ၀ပန်းချီကားလေး။
သို့မဟုတ်
နာကျင်ခြင်းဆီမှ သာယာခြင်းသို့ ခရီးတစ်ခု။
အသက်ငယ်ငယ် ကလေးမလေး တစ်ဦး။
ခင်ဦးမေ ဆိုသော ကလေးမလေး။
ပိုးဟပ်ဖြူလေးလို ဖြူ၀င်းသော အသားအရည်၊
အရာရာ ကြောက်ရွံအားငယ်တတ်သော
မျက်၀န်းပိုင်ရှင်မလေး။
ဒီနေ့ ခင်ဦးမေအတွက် ကျူရှင်ဆိုသော ကျောင်းသို့ ပထမဆုံး လာခဲ့ရသောနေ့လေးတစ်ရက်။
အိမ်အနီးအနားက ရပ်ကွက် အလယ်တန်းကျောင်းလေးမှာ ချစ်စရာကောင်းသော အဒေါ်ဆရာမများနှင့်သာ
သူငယ်တန်းမှ ရှစ်တန်းအထိ နေခဲ့ရသော ခင်ဦးမေသည် ကျူရှင်ဆိုတာကို စိမ်းစိမ်းကြီးသာ ခံစားမိလေသည်။
"သမီးလေးက ခင်ဦးမေ တဲ့လား
ချစ်စရာ စာတော်မယ့်ပုံလေး။ "
သြော် ဒါက ခင်ဦးမေတို့ရဲ့ သင်္ချာဆရာကြီး၊
ကြင်နာတတ်သော ဆရာကြီး မျက်၀န်းများက
မေ့ အဒေါ်ဆရာမတွေလို ရင်းနှီးနွေးထွေးသည်။
ကျူရှင်မှာက ဆရာကြီးက သင်္ချာသင်ပြီး ဆရာကြီး၏သားက English သင်မယ်တဲ့လေ။
"သားက UFL ( University of Foreign Language ) က E – Major First Year လေ။ ၁၀ တန်းတုန်းက English ကို အမှတ် (၈၀) တောင်ရတာ။ ဆေးကျောင်းမှီပေမယ့် သူ ဝါသနာမပါလို့လေ။ "
ခင်ဦးမေ တဲ့လား။
အို အသံလေးက နုနယ်သေးသည်ပဲ။
မေ မျှော်လင့်သလို အသက်ကြီးကြီး ဆရာကြီး မဟုတ်ဘူးပဲ။
ဒါဆို မရိုက်လောက်ဘူး ထင်သည်။
မေ အရိုက်ခံရမှာ ကြောက်သည်လေ။
လိမ်မာသော ခင်ဦးမေသည်
ဆရာမကိုင်သော ကြိမ်လုံးနှင့် ကျောင်းသူ ဘ၀ တလျောက်လုံး နည်းနည်းမှတောင် မပတ်သက် မဆက်စပ်ခဲ့။
ကြောက်တတ်သော ပိုးဟပ်ဖြူမလေး မေက မေ့ဆရာလေးကို မော့မကြည့်ရဲ။
သို့သော် ထိုကြောက်တတ်သော ပိုးဟပ်ဖြူမလေး မေ့ကိုပင် တစ်ခုခုက
စည်းရုံး သွေးဆောင်သည်။
မေ အသာမော့ကြည့်တော့။
အား ---- စူးရှ တောက်ပြောင်၀င်းလက်သော မျက်လုံးများ။
၈တန်းအောင်ကာစ ကျောင်းသူလေးပေမယ့် မေသိသည်။
သားကောင်ကို မိလိုက်သော မုဆိုး တစ်ဦး၏ အောင်နိုင်ပြုံး။
မတော်မတရား လုပ်မည့်သူတစ်ဦး၏ မလုံခြုံမှုမျိုး မဟုတ်ဆိုတာ အလွန်သေချာပေမယ့် လွှမ်းမိုးချုပ်ကိုင်သူ တစ်ဦးရဲ့
အေးစက်သော
မျက်၀န်းများ။
"ရှစ်တန်းကို ငါးဘာသာ ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သူလေး
ဟုတ်လား။
English ပဲ ကျန်ခဲ့တာပေါ့လေ။ "
အို ဒါက အပြစ်တစ်ခုလား။ English သည် အမှတ်တစ်မှတ် ရရန် ခက်ခဲ့သည့် ဘာသာရပ်ပဲလေ။
ထိုနေ့က တစ်ခုခု ဖြစ်တော့မည့် ခံစားစိုးရိမ်မှု တစ်ခုက မေ့ကို
အကြီးအကျယ် လွှမ်းမိုးသည်။
သူက ဘယ်လို ပုံစံလဲ မေ့ မှတ်ဥာဏ်မှာ အခုတော့
သိပ်မမှတ်မိတော့။
သို့သော် ယခုတိုင် မေ မှတ်မိနေဆဲ မျက်၀န်းတွေ။
စကားထိုင်ပြောနေသော ဧည့်ခန်းလေးသည်
မုန်တိုင်းမလာခင် လေပြေညှင်း တိုက်ခတ်သလို
အေးစက်သွားခဲ့သော
အချိန်တစ်ခု။
"ဒီနေ့က English စာသင်ချိန် ရှိပါတယ်။
ခင်ဦးမေ လေး ကျူရှင်စတက်ပေါ့။" ဆိုတော့
မေ သည် ကုတ်ချောင်းချောင်းကလေးဖြင့် စာသင်ခန်းထဲ ရောက်သွားခဲ့သည်။
ရှိနေပြီးသား ကျောင်းသူ သူငယ်ချင်းများနှင့် မိတ်ဆက်ရင်း
ရင်းနှီးခင်မင်စွာ မေ တို့ ရယ်မောမိရင်း။
မေ့ အကြည့်တချက် အမော့မှာ
မေ ရင်ဆိုင်မိသည်က မေ့ ဆရာရဲ့ တစ်စုံတစ်ခုသော
တားမြစ်သော
မျက်၀န်းများ။
သူငယ်ချင်းများနှင့် စကားများမိသော မေ သည် အပြစ်တစ်ခု လုပ်မိသူလို
ချက်ချင်း နှုတ်ပိတ်မိသည်။
သင်ကြားမည့် သင်ခန်းစာတွေကို ကြိုတင် ပြင်ဆင်ရင်း။
ထိုနေ့က နာကျင်ခြင်းဆီမှ သာယာခြင်းသို့ ခရီးတစ်ခု စတင် ထွက်ခွာမိသည်။
To be Continued
#Journey_To_The_Pleasure_through_pain
Episode 2
" English တစ်ခုပဲ ဂုဏ်ထူးမပါခဲ့တာ မကျေနပ်ဘူး။"
သူ တိုးတိတ်စွာ ပြောသည်။
အေးစက်စွာ။ တင်းမာစွာ။
မေသည် စီရင်ချက် အချခံရခါနီး
တရားခံ တစ်ယောက်လို စူးရှသော
မျက်၀န်းများအောက်တွင် ခေါင်းငုံ့မိသည်။
"ဘုရားရေ။"
ခင်ဦးမေသည် အစိုးရစစ် ရှစ်တန်းစာမေးပွဲကို
ဂုဏ်ထူး ၅ ဘာသာ ဖြင့် ပူပူနွေးနွေးအောင်မြင်ခဲ့သူ
အားလုံးက ခင်ဦးမေ ကလေး တော်လိုက်တာ
ချီးကျူးနေချိန်မှာ
English ဘာသာ ဂုဏ်ထူးမထွက်ခဲ့တာပဲ
သူက အပြစ်ကြီး တစ်ခုလို။
ဂျစ်တစ်တစ်ဖြင့် ပြန်လည်တုံပြန်ပြောချင်စိတ်ဖြင့်
မေ သူ့ကို ပြန်အကြည့်
သူ့ အကြည့်တွေက တည်ငြိမ်စွာစကားပြောသည်။
" နာခံလိုက်စမ်းမေ ငါ့ကို ပြန်မပြောနှင့်။ "
ထူးဆန်းသည်။ မေ ပြောချင်သမျှ စကားအားလုံး မျိုချပြီး
မေ့ ခေါင်းကို တိတ်ဆိတ်စွာ ပြန်ငုံံမိသည်။
" ဒီနေ့ကစပြီး English ဘာသာကို အထူး ဂရုစိုက်ပါမေ။ "
" လပတ်စာမေးပွဲမှာ၊ အပတ်စဉ် စစ်တဲ့ စာမေးပွဲတွေမှာ
အမှတ်ပြည့်မရဘူးဆိုလျင် မရသမျှ အမှတ်တွေဟာ
ကြိမ်ဒဏ် ဖြစ်သွားလိမ့်မယ်။ "
" အိုး ဒါတော့ လွန်တာပေါ့ မဖြစ်နိုင်တာ။ လူဆိုတာ အမှားရှိမှာပဲ။ မှားခွင့်မပေးတော့ဘူးလား။ "
မေ ဆတ်ကနဲ ခေါင်းပြန်မော့ တုံပြန်စကားအားလုံးသည်
သူ့အကြည့်အောက်မှာ အကုန် ပျောက်ကုန်ပြန်သည်။
" မေ တခြားဘာသာတွေအတွက် အချိန်မပေးရတော့ဘူးလား။ "
"ဆင်ခြေပဲ ခင်ဦးမေ။
ကျူရှင်မှာ စောရောက်တိုင်း သူငယ်ချင်းတွေနှင့် တွတ်ထိုး
စကားများနေတာ ငါမြင်သားပဲ။
မင်း အဲ့အချိန် တိတ်တိတ်ဆိတ်ဆိတ် စာကျက်နေလေ။
စကားများနေရင် အပြစ်ပေးခံရလိမ့်မယ်။ "
အိုး ခင်ဦးမေဟာ လိမ်မာတဲ့ စာတော်တဲ့ ကလေးပါကွယ်။
အပြစ်ပေးခံရခြင်းဆိုတာ မေ နှင့် လားလားမှ မဆိုင်ခဲ့သော အရာ။
အခုတော့ အပြစ်ပေးခံရမည်။ ကြိမ်ဒဏ်ဆိုတာတွေ။
ဘယ်လိုပါလိမ့်ကွယ်။
ဒီနေ့ ဒီနေ့
ထိုနေ့ကလေးကို မေ မမေ့တော့။
ကျူရှင် အပတ်စဉ် စာမေးပွဲ Result သိရမည့်နေ့။
မေ သူပြောသလို အမှတ်ပြည့်တော့ မရနိုင်ပါ။
သို့သော် စာတော်သော မေသည် ကျူရှင်တစ်ခုလုံးတွင်
အမှတ်အများဆုံးရသူဖြစ်မှာ သေချာသည်မို့
သိပ်တော့ ပူပူပန်ပန် မရှိလှ။
အနည်းဆုံး အမှတ်ကနေ စ ခေါ်သွားတော့ မေ့
အမည်တော့ မပါသေး။
မေ သိသည်လေ။
အမှတ်အများဆုံး ဖြစ်မည် ဆိုတာကို။
ခင်ဦးမေ ၈၇ မှတ် ဆိုတော့ မေ့ မျက်နှာ တစ်ခုလုံး
၀င်းလက်သွားသည်။
ကြည့်စမ်း သူရဲ့ ခက်ခဲသော မေးခွန်းကို မေ ဂုဏ်ထူးထွက်အောင် ဖြေနိုင်ခဲ့သည်ပဲ။
" ကဲ အခု အမှတ်အနည်းဆုံး ရသူ ၃ ဦးရယ်။ ခင်ဦးမေ ရယ် ရှေ့ထွက်ခဲ့။
Oh! မေ က ဘာကြောင့် ပါရတာလဲ။ "
အမှတ်အနည်းဆုံးရသူ (၃) ဦးကို အရင် တန်းစီ ခိုင်းတော့ မေက သူတို့နောက်မှာ ရို့ရို့ကလေး။
အခြေအနေကတော့ မကောင်းသလို။
မုန်တိုင်းတိုက်ခါနီး ငြိမ်သက်သလို အခြေအနေ။
အမှတ်အနည်းဆုံး ၃ ယောက်က ငတေကလေး ၃ ကောင်။ ကောင်လေးတွေ။ မေ တစ်ဦးတည်း မိန်းကလေးဆိုတော့ မေ နည်းနည်း ရင်တုန်ချင်လာသည်။
အခန်းထဲက သူအားလုံးကလည်း နားမလည်သလို ။
အားလုံးထက်အမှတ်များသော ခင်ဦးမေ
ဘာကြောင့် ရှေ့ထွက်ရပ်ရသည်ကို နားမလည်ကြ။
ခဏနေတော့ သူ့လက်ထဲ ကြိမ်လုံးကို ၂ လုံး ပူးပြီး သားရေကွင်းနှင့် ချည်ထားတာလေး ရောက်လာသည်။
ငတေ ကလေး (၃) ကောင်ကို (၅) ချက်စီ ရိုက်တော့ သူတို့ အော်ညည်းသံက မေ့ကို ခြိမ်းခြောက်သည်။
မေ အကြီးအကျယ် သွေးပျက်မိသည်။
သူ တကယ် ရိုက်မှာလား။
စာတော်သော ခင်ဦးမေက အတန်းရှေ့မှာ
အပြစ်ပေးမှု တစ်ခု ခံယူရမှာလား။
ဒူးတွေတုန် ချွေးစီးတွေပြန်နေသော မေ သူ့ကို အသနားခံသလို မော့ကြည့်တော့
အို ထူးဆန်းလိုက်တာ။
သူသည် အလွန်တရာ နာကျင်နေသော မျက်လုံးမျိုးဖြင့် မေ့ကို ကြည့်သည်။
အလွန်တရာ နာကျင်နေသော မျက်၀န်းများ။
ထိုမျက်၀န်း က မေ့ကို ပြောင်းလဲသွားစေခဲ့ပြီ။
မေ သည်အချိန်မှာ သူဘာပဲ အပြစ်ပေးပေး မေ ခံယူဝံသည်။
အဲ့သည့် မျက်၀န်းများသည် သူ့အပြစ်ပေးမှုကို
မေ ဂုဏ်ယူစွာ နာခံရလောက်အောင် ထိုက်တန်သည်။
မေ ဒူးတုန်နေခြင်းလည်း ပျောက်သွားသည်။
ချွေးစီးတွေ ပြန်နေတာ မရှိတော့။
မေ့ လက်ဖဝါးပြင်လေးကို သူ့ရှေ့ ဖြန့်မိလိုက်ချိန်မှာ
"မဟုတ်ဘူး။ ကျောက်သင်ပုန်းကို ကျောပေးလိုက်။ "
အို ဟုတ်ပါပြီလေ။
" စကပ်ကို ခြေသလုံးပေါ်အောင် မတင်လိုက်"
ဆိုတော့
မေ အိပ်မွေ့ချခံထားရသူလို လိုက်နာသည်။
အခန်းက တိတ်ဆိတ်နေသည်။
"ရွမ်း" ဆိုသော အသံနှင့် ပထမဆုံး ကြိမ်တချက်
ခြေသလုံးပေါ်အကျ။
ပူစပ် နာကျင်မှုသည် မီးစ တစ်စလို ခြေသလုံးများဆီမှ
နေရာအနှံ ပျံနှံသည်။
"၈၇ မှတ်ဆိုတော့ အမှတ် ၁၀၀ ပြည့်ဖို့ ဘယ်လောက် လိုသလဲ ခင်ဦးမေ။ "
မေ အသံမထွက်ဝံ။
" ပြောလေ"
"၁၃ မှတ်ပါ"
" ဒါဆို ၁၃ ချက်ပေါ့ ခင်ဦးမေ"
ဆက်တိုက် ရောက်လာသော ကြိမ်ဒဏ် ၁၃ ချက်
အောက်မှာ
မေသည် ငြိမ်သက်စွာ တိုးတိုးလေး ညည်းမိရုံမှ အပ
မေ ငြိမ်သက်စွာ။
ပထမဆုံးသော အပြစ်ပေးခံရခြင်း။
ပထမဆုံးသော သိမ်ငယ်ခံရခြင်း။
ပထမဆုံးသော နာကျင်ခြင်း။
သို့သော မေသည် ဘာကို ကျေနပ်လို့ ကျေနပ်နေမှန်းမသိ။
မေ့ကိုယ်မေ နားမလည်။
တတန်းလုံး နားလည်မည် မဟုတ်။
အားလုံးထက် အမှတ်ပိုသော မေ
ဘာကြောင့် အရိုက်ခံရလဲဆိုတာ။
" ရပြီလေ။ ပြန်သွားတော့ ခင်ဦးမေ" ဆိုတော့
မေ့ ခြေထောက်များ လှုပ်မရ။
မီးစလို ထိုးနှက်နေသော နာကျင်မှု မေ တသက်မမေ့။
" ခင်ဦးမေကို လာတွဲခေါ်ပေးလိုက်" ဆိုတော့
မေ့ဘေးက သူငယ်ချင်း လာအတွဲမှာ မေ စကားသံ တစ်ခု စထွက်သည်။
" နေပါစေ ။ မေ့ဘာသာ ရအောင် ပြန်မယ်။ "
နာကျင်ခြင်းက ဘယ်လိုပင် ထိုးနှက်ပါစေ။
ဒါ သူပေးတဲ့ နာကျင်ခြင်း မဟုတ်လား။
မေ ကျေနပ်ပါသည်လေ။
သူပေးတဲ့ နာကျင်ခြင်းမှာ မေ့ကို
တိုးတက်မြင့်မားစေချင်သော ဆုံးမပဲ့ပြင်မှု တစ်ခုပါ၀င်သည်။
မေ့ကို နာကျင်ခြင်းပေးရင်း
မေ့ထက်ပိုနာကျင်သော သူ့မျက်လုံးတွေကို
မေ မြင်ခဲ့သည်ပဲ။
မေ ပြောခဲ့သည်ပဲ။
မေ
နာကျင်ခြင်းဆီမှ သာယာခြင်းသို့
ခရီးတစ်ခု စတင် ထွက်ခွာမိသည်။
Journey to the Pleasure through Pain
ဆက်ရေးရမလားဟင်။
ငယ်ငယ်က တွေ့ခဲ့ဘူးတဲ့ မေ့ဆရာပေါ့။
မေ့ကို ဒီအရသာနှင့် ပထမဆုံး မြည်းစမ်းစေခဲ့သူပဲ။
ဆက်ရေးဆို မန့်ခဲ့လေ။
#Journey_to_thepleasure_through_pain
Episode 3
ခင်ဦးမေ ဆိုသော
ရှက်ကြောက်တတ်သော
ယုံကြည်မှုနည်းသော ကောင်မလေးသည်
တစ်စတစ်စ အောင်မြင်မှု ရလာသည်ကတော့
သေချာသည်။
အထူးသဖြင့်
English ဘာသာရပ်တွင် excellence
ဆိုသော အဆင့်မှ
မေဘယ်တော့မှ မဆင်းတော့။
ဘာသာရပ်ဆိုင်ရာ ဆရာများ
ချီးကျူ းသံများ
နောက်ကွယ်တွင်
မေ ပေးဆပ်ခဲ့ရသော
မျက်ရည်များ
ကြိမ်ရိုက်ချက်များ ရှိသည်လေ။
သည်လိုနှင့်
အပြစ်ဒဏ် ခံယူခြင်းဆိုသော
ဘာသာရပ်တွင်လည်း
မေ တစ်ခုခု ငြင်းဆန်မည် ကြံတိုင်း
မေ့ ထက် ပိုနာကျင်နေသော
မျက်ဝန်းများက
မေ့ကို နာခံဖြစ်အောင်
ရိုကျိုးသွားအောင်
ကျိုးနွံ သွားအောင်
ထိန်းကျောင်း မောင်းနှင်သည်။
တစ်ရက် ။
ထိုနေ့လေးကို မေ မမေ့။
ကျူရှင်ပိတ်သည်တဲ့။
အို မမျှော်လင့်သော အဖြစ်
ဆရာ အရေးကြီး သွားစရာရှိလို့တဲ့။
ညနေ အချိန်တော့ တက်ရမယ်နော်တဲ့။
သူငယ်ချင်းတစ်အုပ်
မနက်ပိုင်း
ဘယ်သွားမလဲ တွတ်ထိုးနေတော့
ခင်ဦးမေ သည် သူနှင့် မဆိုင်သလို။
လိုက္ခဲ့ဟာ
ငါတို့ ဘုရားသွားမယ် ။
ဒီလို ရက်မျိုး ကြုံကြိုက်ခဲပါဘိခြင်း။
နောက်ဆုံးတော့ ခင်ဦးမေ သူငယ်ချင်းတစ်အုပ်နှင့်
ရွှေတိဂုံ ဘုရား လိုက်ဖြစ်သွားသည်။
သူငယ်ချင်းအုပ်ထဲက
ကောင်လေး တစ်ယောက်ရဲ့ စူးရှတဲ့ မျက်၀န်းများကြားမှာ
ထိုနေ့က ခြေလှမ်းတွေ အယောင်ယောင်အမှားမှား
ညနေပိုင်း ကျူရှင်ချိန်သည်
English အချိန် ။
လည်ပတ်ပြီး ပြန်လာသော မေတို့ တသိုက်
မောပန်းနေပြီ။
ထုံးစံ မေ တို့ ဆရာကိုကို စာသင်မည့်အချိန်ဆိုတော့
မေ စိတ်တော့ တင်းရသည်။
မတော် အရိုက်က ခံနေရဦးမယ်လေ။
အတန်းရှေ့ရောက်လာတော့ သူ စာမသင်။
တတန်းလုံးကို မျက်လုံးဝေ့ကြည့်တော့
မေတို့အားလုံး အပြစ်ရှိနေသလို ခံစားရသည်။
မေက ပိုဆိုးလိမ့်မည်။
ခင်ဦးမေ
အရှေ့ထွက်ခဲ့စမ်း
မေ မငြင်းဆန်နိုင်။
ဆရာကိုကိုရဲ့ မျက်၀န်းတွေကို မဝံမရဲ မော့ကြည့်တော့
အရင်တုန်းကလို နာကျင်ခြင်းသာမဟုတ်
ဒေါသ
ရက်စက်မှု အားလုံး မေ မြင်နေရသည်။
အေးစက်တင်းမာလွန်းသော မျက်၀န်းများ။
တိုးတိတ်စွာ သူပြောသည်။
ဒူးထောက်လိုက်တဲ့။
ဟင် အတန်းရှေ့မှာ ဒူးထောက်ရမည်လား။
ငြင်းဆန်လိုသော နှုတ်ခမ်းလွှာသည် သူ့အကြည့်များအောက်မှာ
တိတ်ဆိတ်အေးခဲသွားခဲ့ပြီပဲ။
မေ သူ့ရှေ့ ဒူးထောက်လိုက်မိပြီ။
ရှက်ရွံခြင်းက မေ့ တစ်ကိုယ်လုံး မီးတောက်တစ်ခုလို
ပူလောင် ကြမ်းရှစွာ။
စာသင်ချိန်တစ်ချိန်လုံး ဒူးထောက်နေ
မထနှင့်
လျှောက်သွားချင်တဲ့ ခြေထောက် မှတ်လောက်အောင်။
တင်းမာသော မျက်နှာ
အေးစက်သော စကားလုံးများ
ခက်တာက မေ နည်းနည်းမှ ငြင်းဆန်လိုစိတ် မရှိ။
ပိုးဟပ်ဖြူလေးလို ပိန်ပါးဖျော့တော့့သော ကောင်မလေးသည်
ကြမ်းပြင်မှာ ဒူးထောက်
သူ့ ဆရာရှေ့မှာ ခေါင်းငုံရင်း
သိမ်ငယ်ရှက်ရွံစွာ
အပြစ်တစ်ခု ပေးဆပ်လိုက်ရသည်ကိုပဲ
ရင်ထဲ ပေါ့ပါးစွာ။
ဒူးထောက်ပါသည်လေ
အညံ့ခံခြင်း မဟုတ်ပါဘူး
ရိုကျိုး နာခံချင်တာပါ။
မေ့ကို
ခင်ဦးမေကို အရာရာ တိုးတက်အောင်မြင်စေလိုသူရဲ့ ရှေ့မှောက်မှာ။
သူ့ရဲ့ လွှမ်းမိုးချုပ်ကိုင် လမ်းပြမှုတွေအောက်မှာ။
ဒူးထောက်ခြင်းဖြင့် ကျေနပ်ပျော်ရွှင်မိပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
မေ့ကို
နာခံရတဲ့ အရသာ
ရိုကျိုးရတဲ့ အရသာ
ကျိုးနွံရတဲ့ အရသာကနေ သာယာစေခဲ့သူ
ဘ၀မှာ ပထမဆုံး တွေ့ကြုံ ဆုံဆည်းဖူးသူ
မေတို့ မသေခင်
တစ်ကြိမ်လောက် ပြန်ဆုံချင်ပါရဲ့လေ။
ပြောပေးပါနော်။
ခင်ဦးမေ ဆိုတဲ့ ကောင်မလေး
သူ့ ပထမဆုံး သခင်ကို လိုက်ရှာနေတယ်လို့။
🎁🎁🎁🎁🎁🎁🎁🎁🎁📹
#Journey to the pleasure through Pain
Episode 4
ခင်ဦးမေ တို့ ဆရာတပည့် ၂ ယောက်
ရန်ဖြစ်လိုက်
ပြန်ချစ်လိုက်တော့ မဟုတ်။
ဒူးထောက်လိုက်
ကြိမ်ဒဏ်တွေ ခံစားလိုက်
နားရွက်ဆွဲ ထိုင်ထတွေ လုပ်လိုက်
မျက်ရည်တွေ ကျလိုက်ဖြင့်
နာကျင်ခံစားရင်း
စိုပြေသာယာရင်း
မေသည် ၁၀ တန်း ကျောင်းသူလေးပင်
ဖြစ်လာခဲ့ပါသည်။
မေ့ ဆရာကိုကိုက
တတိယနှစ် ကျောင်းသားလေးပင် ဖြစ်လာခဲ့ပြီ။
ဘ၀အတွက်
တသက်တာ လမ်းညွှန်ထိန်းချုပ်စမ်းပါလေ။
ခင်ဦးမေက အမြဲ ဒူးထောက်နာခံနေမှာပါ။
သူ့အတွက်သာ ဆိုရင်ပေါ့။
သူ့ရှေ့မှောက်မှာ ဆိုရင်ပေါ့လေ။
သူကလည်း မေ့ကို တသက်တာ
ထိန်းချုပ်လွှမ်းမိုးထားဖို့
မျှော်လင့်ချက် ရှိပုံရပါရဲ့။
ခင်ဦးမေ အရွယ်ရောက်
ကြီးပြင်းလာမည့် အချိန်ကို
သူမျှော်လင့် ရှင်သန်နေဆဲ အချိန်လေးတွေပါ။
တစ်နေ့တော့
ခင်ဦးမေ ပထမဆုံး မြင်လိုက်ရသည်က
လက်ထိပ်ခတ်ထားသော သူ့ကို
ရဲတွေ ကြားမှာ
ရပ်ကွက် လူကြီး အသိသက်သေတွေကြားမှာ
ဖွေးဖြူ သော အသားသည် ရဲရဲနီလျက်။
ကိုယ့်ကိုကိုယ်
ယုံကြည်မှု ရှိသော မျက်၀န်းများကို
သူ့ဆီမှာ
မေ မမြင်ရတော့။
သူ့ဦးခေါင်းတွေက ငိုက်စိုက်ကျလျက်။
အို ဘာလဲ ဘာ အကြောင်းလဲ။
ဘာကြောင့်လဲ။
မေ နာကျင်လိုက်တာလေ။
သူ ရိုက်လိုက်သော
ကြိမ်ဒဏ် ရိုက်ချက်တွေထက် မေနာကျင်သည်။
သူ ပေးခဲ့သမျှ အပြစ်တွေ အားလုံးထက်
မေ နာကျင်သည်။
ရင်တွေ ကွဲထွက်တော့ မလို။
ဆရာကြီးက ချဲတွေ ထိုးရင်း
အကြွေးတွေ များလာတော့
ချဲဒိုင် လက်ခွဲ ကိုင်တာ။
ရဲက လိုက်နေတာကြာပြီလေ။
သတိပေးသားပဲ။
မဖြစ်ဘူး မဖြစ်ဘူးနှင့် ။
အခုတော့ ကျော်စွာလေး သနားပါတယ်တဲ့။
အပြစ်လည်း မရှိဘဲ
အဖေကိုယ်စား ခံရရှာတယ်။
အို မေ ဘာ မှ မကြားတော့။
ဟိုမှာကြည့်လိုက်
မေ့ရဲ့ကောင်းကင် ပြိုကျခဲ့ပြီလေ။
ရဲတွေ ဆွဲခေါ်ရာ ပါသွားတော့ ။
မေ့ကို
ခင်ဦးမေ ကို
တချက်လောက်တော့
လှည့်ကြည့်စေချင်ခဲ့သည်။
သို့သော် သူ လှည့်မကြည်တော့။
ဘယ်သော အခါမှလည်း လှည့်မကြည့်တော့။
မိဘ အုပ်ထိန်းမှုအောက်က
၁၀ တန်းကျောင်းသူလေးသည်
သူ့ကို ထောင်၀င်စာ
သွားတွေ့ဖို့လောက်အထိ မစွန့်စားနိုင်ခဲ့။
မေ တတ်နိုင်တာ တစ်ခုတော့ ရှိပါသည်။
သူ ပြန်လာခဲ့ပါ။
မေ့ အပ်နှင်းထားတဲ့
နေရာကို ပြန်လာခဲ့ပါ။
ခင်ဦးမေ စောင့်နေပါမယ်လေ။
ဒီလိုနှင့်ပဲ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး။
သူ ထောင်က လွတ်လာတော့
Singapore ထွက်သွားသည်သာ
သတင်းကြားပြီး
မေတို့ ယခု တိုင် ပြန်မဆုံဖြစ်တော့။
မေသည် သူ Guide လုပ်ပေးခဲ့သော
အခြေခံဖြင့်
ဘ၀မှာ English ကောင်းသူတွေထဲ
ပါ၀င်နိုင်ခဲ့သည်။
နိုင်ငံခြား University တစ်ခုမှာ
ဘွဲ့တစ်ခု ရယူနိုင်ခဲ့သည့်နေ့က
မေ မိုးကောင်းကင်ကို မျှော်ကြည့်ရင်း
တိုးတိုးလေး
ပြောမိသည်။
ဘယ်နေရာမှာ ရှိနေမှန်း မသိပေမယ့်
ကောင်းကင် တစ်ခုထဲအောက်မှာ
ရှိနေတာကတော့
သေချာပါသည်လေ။
သူသာ မေ့ရှေ့ ရှိနေခဲ့ရင်
သူ့ရှေ့မှာ ရိုကျိုးစွာ ဒူးထောက်
ခင်ဦးမေ သိပ်ကို ကျေးဇူးတင်ပါတယ်လို့လေ။
Comments
Post a Comment