Nameless short story
🔞 Nameless short story 🔞
Hsu Wai Phyo
မောင်နဲ့ ကျွန်မစတွေ့တုန်းက မောင်က တကယ့်ကလေးလေး။ကျွန်မနောက်ကို အမြဲ မမ ၊မမနဲ့ လိုက်နေတဲ့ အသက်မပြည့်သေးတဲ့ ချာတိတ်လေး ။ အဲ့တုန်းကမောင့်ကို အခုထိမှတ်မိသေးတယ်။ ကိုယ့်ထက်သာ ငယ်တာ မောင်ကအရပ်ရှည်ရှည် အသားဖြူဖြူနဲ့ တိုင်းရင်းသားစပ် ကပြားလေး ၊စကားပြောရင်လည်း စကားသံဝဲဝဲလေးက အရမ်းအသဲယားဖို့ကောင်းတာ ။ အမူပိုတတ်တဲ့ကိုယ်တောင် မောင့်ကိုအကြာကြီးမစောင့်ခိုင်းနိုင်ဘူး။ မောင် ငါးလလောက် နောက်ကတစ်ကောက်ကောက်လိုက်အပြီးမှာတော့ မောင်က ကိုယ့်လက်ကလေးကို ကိုင်ပြီးကိုယ့်ဘေးနားကတစ်တန်းတည်းရပ်နိုင်တဲ့ အခြေအနေလေးရောက်လာတော့တာပဲ။
....................................................................................
ပထမဆုံး မောင့်ကို ချစ်တယ်လို့ အဖြေပေးခဲ့တုန်းက မောင့်မျက်လုံးတွေက ကြယ်တွေထက်တောင် အရောင်တောက်တယ်။ကိုယ့်လက်လေးကို ကိုင်ပြီး မမတကယ်ချစ်တာလားဆိုပြီး အဲ့ကောင်လေးက ထပ်ခါထပ်ခါ မေးခွန်းထုတ်နေခဲ့တာ။ကလေးမုန့်ရသလို ပျော်မြူး ခုန်ပေါက်နေတာပဲ။ အဲ့ကောင်လေးကလေ တကယ့် ချစ်မွေးလေး။
....................................................................................
မောင်နဲ့ တွဲတာ သိတ်မကြာခင်မှာပဲ သိလာရတာက မောင်ကအရမ်းသ၀န်တိုတတ်တဲ့ ကောင်လေးဆိုတာပဲ။ရင့်လည်းမရင့်ကျက်သလို၊ သူသိတ်ချစ်တဲ့ကျွန်မကိုဆိုလည်း လိုတာထပ်ကို ပိုသ၀န်တိုတာမျိုးလေး။ ယောက်ျားလေးသူငယ်ချင်းမပြောနဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖုန်းပြောနေတာကြာရင်တောင် ပစ္စည်းတွေပေါက်ခွဲပြီးစိတ်ဆိုးပစ်တတ်တယ်။ သူအားရပါးရ ဖျက်စီးပြီး စိတ်ဆိုး ပြေတဲ့အခါတိုင်းပြောတာက ကျတော်သာ မှော်စွမ်းအားတွေရှိရင် မ ကိုတခြားကမ္ဘာမှာ သွားသိမ်းထားမှာတဲ့။ အဲ့ကလေးကလေ တကယ်အဲ့လိုလေးကိုကလေးဆန်တာ။
....................................................................................
ကျွန်မတို့ 1 year anniversaryရောက်တော့ နှစ်ယောက်တည်း 2ညအိပ်3ရက်သဘောမျိုး ခရီးထွက်ကြတယ်။မောင်နဲ့ ပတ်သတ်ပြီး အကုန်လုံးကို သိချင်တဲ့ ကျွန်မအတွက်တော့ မောင့်ရဲ့တခြားအခြမ်းကိုမြင်ရသလိုပါပဲ။ အမြဲတမ်းခလေးလိုနေတဲ့ မောင်က သူ့အောက်နှုတ်ခမ်းလေးတွေ ဆွဲကိုက်ပြီးကျီစားတာလေးတွေ ကြိုက်တယ်။အပေါ်ကနေပေးတာကိုလည်းကြိုက်တယ်။ လည်ပင်းက Markingတွေထက် ရင်ဘတ်ကMarkingရာတွေကို မောင်က ပိုမက်မောတာ။ တခြားနေရာတွေဆို နူးညံပြီး ခလေးဆန်တဲ့မောင်က ဒီနေရာမှာကျ ယောက်ျားဆန်လွန်းပြန်ရော။မောင်က အချစ်ကြမ်းတဲ့ကောင်လေးပေါ့။ ပြီးသွားရင်လည်း တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ပြီး Forehead kiss after sex ဆိုပြီးနဖူးကိုနမ်းသေးတာ။ ခပ်ဆိုးဆိုးကောင်လေးတွေလို cigarette after sexဆိုတာမျိုး မောင်ကမလုပ်တတ်ဘူး။ ကျွန်မရင်ခွင်ထဲမှာ မျက်လုံးလေးတွေမှိတ်ပြီး ကျွန်မရင်သားလေးတွေကို ဖိနှိပ်လိုက်တိုင်း နမ်းရှုံ့လိုက်တိုင်း မောင်ကrelaxဖြစ်သွားတယ်ဆိုပြီး ရီပြောတတ်တယ်။ အစပိုင်းတုန်းက ကိုယ့်မှာ ရီလိုက်ရသေးတယ်။ မောင်က ကိုယ့်ရဲ့ first person ဆိုတာ သူသိလိုက်ရတုန်းက ကလေးတစ်ယောက်လိုမျက်လုံးလေး ပြူးကျယ်သွားတာ။ မောင်က အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပေါ် တန်ဖိုးလိုက်ဖြတ်တတ်တဲ့ ပေါပေါပဲပဲ အမျိုးသားမဟုတ်ပေမဲ့ အဲ့တုန်းက မောင်ပျော်နေတာကတော့ ထီဆုကြီးပေါက်သလိုပဲ။ သူချစ်ရတဲ့ အမျိုးသမီးလေးရဲ့ virginကို သူကပဲ အပိုင်ရလိုက်တာကို ထခုန်မတက်ပျော်နေခဲ့တာ။ မမရဲ့ နွားလို့စတဲ့ ဘော်ဒါတွေကိုတောင် ကျတော်ကပြန်ပြောပစ်မယ်ဆိုပဲ။ အဲ့တုန်းက သိတ်ချစ်တတ်၊မြတ်နိုးတတ်ခဲ့တဲ့ မောင်က အခုကျအခြားတစ်ယောက်ဖြစ်သွားတာများလား။
....................................................................................
ကျွန်မပြောတယ်မလား မောင်ကကျွန်မနဲ့စတွေ့တုန်းက တကယ့်ကို ကလေးလေးလို့။ကလေးလေးမို့ စိတ်ကစားမိသွားတယ်တဲ့။ မောင်က သူ့သူငယ်ချင်းကောင်မလေးနဲ့ အိပ်မိခဲ့တယ်။မူးပီးအိပ်ခဲ့တာလားဆိုတော့ မဟုတ်ဘူး။ မောင်က အသိစိတ်ရှိရှိနဲ့ ကျွန်မအပေါ်ဖောက်ပြန်ခဲ့တာ။ မောင်ကို အဲ့ဒီမိန်းကလေးကိုရွေးဖို့ ကျွန်မနောက်ဆုတ်ပေးမယ်ပြောတော့ မောင်က ကျွန်မကိုလည်းအဆုံးရှုံးမခံနိုင်ဘူးတဲ့၊ဒါဆို ဘာလို့အဲ့မိန်းကလေးက ပေါ်လာရတာလဲ။အဲ့နေ့ကစပြီး မောင်ကကျွန်မကို ချစ်သေးတယ်လို့ နေ့တိုင်း ညာတယ်.......
....................................................................................
ကျွန်မမှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ်
လူတွေရဲ့ attentionကို
သူတို့မုန်းတဲ့နည်းတွေသုံးပြီးယူတတ်တာ
ပစ်ပယ်ထားတဲ့မိသားစုဆီက
ကျွန်မ attentionရချင်တုန်းက
တစ်အိမ်လုံးကကြည့်နေတဲ့ တီဗွီကို ရိုက်ခွဲခဲ့သေးတယ်
ကျွန်မက အဲ့လိုပဲ
နေမကောင်းဖြစ်မှာစိတ်ပူတဲ့လူရှိရင်
ရေတွေအကြာကြီးချိုးပြီး
နေမကောင်းအောင်လုပ်ပစ်လိုက်တာမျိုး
တစ်ဖက်လူရဲ့ attentionကိုသာရဖို့ဆို
ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်ဖို့
၀န်မလေးတဲ့မိန်းမမျိုး။
အခုရော မောင့်ရဲ့နေစဉ် အလိမ်အညာတွေ
ရှောင်ပြေးနေတာတွေကနေ မောင့်ဂရုပြုမှုရအောင် ဘယ်လိုလုပ်ရမလဲ။
....................................................................................
ကျွန်မကို တကယ်မချစ်ဘဲ ချစ်တယ်လို့ပြောတဲ့အမျိုးသားတစ်ယောက်နဲ့ ကျွန်မအိပ်ခဲ့တယ်။ကျွန်မတို့ ဒိတ်ရုံဒိတ်ပြီး ဒီအတိုင်းပဲ အိပ်ခဲ့ကြတာ။အဲ့အမျိုးသားဘက်ကလည်း ဒီကိစ္စအတွက် တာ၀န်ယူမှုမရှိသလို၊ကျွန်မကလည်း သူ့ကိုလိုအပ်နေတာမျိုးမဟုတ်တော့ သိပ်ဇယားကပ်တာမရှိဘူး။ဒီ sex tapeလောက်ဆို မောင် ကျွန်မဆီပြန်လာပြီး ဆဲဆိုဖို့ လုံလောက်ပါ့မလား။
....................................................................................နှစ်ပတ်လောက်ပျောက်သွားပြီး ပြန်ပေါ်လာတဲ့မောင်က ကျွန်မကိုပထမဆုံးပြောတဲ့စကား
"ခွေးမ၊ မိန်းမပျက် သစ္စာမရှိတဲ့မိန်းမ"
ကျွန်မအဲ့တုန်းက တွေးနေတာနှစ်ခုပဲရှိခဲ့တာ
ကျွန်မရှေ့က ကော်ဖီခါးခါးက မောင့်အကြိုက်မို့ နောက်တစ်ခွက်ထပ်ဖျော်ပေးရမလား။ ပြီးတော့ မောင်သိတ်ကြိုက်တဲ့ ညအိပ်၀တ်စုံ၀တ်ပြီး ရေမွှေးနုနုလေးဆွတ်ထားခဲ့သင့်တာဆိုတဲ့အကြောင်းပဲ။ မောင်က ရုတ်တရက် ပါးထရိုက်လိုက်မှ ကျွန်မအသိ၀င်လာတာ။ မောင့်ကိုကြည့်လိုက်တော့ တကယ့်ကို ကမူးရူးထိုး ဒေါသထွက်နေလိုက်တာ။ မောင်က ပြောတယ် မင်းလဲလုပ်ချင်တာ လုပ်တာပဲ ငါလည်းလုပ်မယ်တဲ့ အဲ့နောက်တော့ မောင်ကျွန်မဆီကပြန်ထွက်သွားတယ်။
....................................................................................
တစ်လကြာပြီ ။အမျိုးသားတစ်ယောက်ပြီးတစ်ယောက်နဲ့ ပျော်ပါးထားတဲ့ videoတွေ မောင့်ဆီ ပို့လည်း မောင်က ပြန်မလာတော့ဘူး။ နောက်တော့လည်း မောင်သ၀န်တိုအောင် လူတကာနဲ့မအိပ်ဖြစ်တော့ပါဘူး။ မောင့်နေရာကို အစားထိုးဖို့ တစ်ယောက်ပြီးတစ်ယောက်နဲ့ ပြောင်းအိပ်ပြီး အထီးကျန်ပြေ ရင်ခွင်ရှာလိုက်တာမျိုးပေါ့။ဒါကစကားလှလို့ပါ။အထီးကျန်ပြေ ရင်ခွင်ထက် အာသာပြေ sex partnersရှာတဲ့သဘောမျိုးပါပဲ။ တစ်ချို့ကောင်လေးတွေ ကျလည်းရီရတယ် ။ ကိုယ်ဒီလိုလူပါဆိုတာ သိနေတာတောင် ကျတော်နဲ့လက်ထပ်ပါ ကျတော် မ တစ်ဘ၀လုံးတာ၀န်ယူမယ်ဘာညာ လုပ်ကြသေးတာ။ မောင့်ကို တောင်သတိရသွားတယ် ။မောင်လည်း ငယ်ငယ်က မကို လက်ထပ်ဖို့ planတွေ ချခဲ့သေးတယ်မလား။ sexက အာသာပဲပြေတာမောင် မောင့်ရဲ့ရင်ခုန်သံတွေ သူတို့ဆီကမကြားရဘူး။ မောင့်လို forehead kissလေးတွေလည်း မရှိဘူး။ ညတိုင်း မောင့်ကိုလွမ်းပြီး အိပ်ရာ၀င်ရမှာ ကြောက်လို့သာ ခေါ်ထားမိတဲ့ လိင်ပျော်တော်ဆက်တွေသာသာပဲ ။ မောင့်ရနံ မောင့်ချွေးစက်တွေ မောင့်အသက်ရှုသံတွေ အရင်လို ပြန်မရတော့တာတော့ ၀မ်းနည်းမိတယ်။
....................................................................................
ခြောက်လလောက်အဆက်အသွယ်ဖျက်သွားတဲ့ မောင်က အိမ်ကို ညလယ်လောက်ကြီး ပြန်လာတယ်။ မောင့်မှာ သော့အပိုရှိပြီးသားမို့ သူ့ဘာသာ တံခါးဖွင့်ပြီး အ၀တ်တွေ လာထည့်နေတယ်။ ကျွန်မလေ မောင့်ကို အရမ်းလွမ်းနေတာ။မောင့်ခါး လေးကို ဟိုးအတိတ်ကလိုပြေးသိုင်းဖက်လိုက်တော့ မောင်တုန်သွားတယ်။ မောင့်ရင်ခုန်သံတွေကို ကျောဖက်ကတောင်မှ ကြားနေရတုန်းပဲ။ မောင် ချစ်နေတုန်းပဲ မလား?
မောင်ကတော့ စိတ်အေးလက်အေးနဲ့ သူ့ခါးဖက်ထားတဲ့ကျွန်မကို အတူမနေနိုင်တော့ဘူးဆိုတဲ့အကြောင်း ကို ရှင်းပြနေတယ်။ သူချစ်ရတဲ့အမျိုးသမီးကောင်းလေးတွေ့ထားတဲ့အကြောင်း။ နှစ်ဖက်မိဘတွေလည်းသဘောတူကြောင်း။ မကြာခင်လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းတွေကို တရစပ်ကို ပြောပြနေတော့တာ ။နောက်ပြီး ကျွန်မကို ချစ်သေးတယ်တဲ့ ။ ချစ်ပေမဲ့ ကျမလို မိန်းမကို မောင်က လက်မထပ်ချင်လို့ အခုလို ရွေးချယ်လိုက်တာတဲ့ ။ သူ့ကိုမမုန်းဖို့နဲ့ သူ့ကောင်မလေးကလည်း ကျွန်မဆီက သူ့ကို လုယူတာမဟုတ်ကြောင်း အကျယ်တ၀င့်ကို ရှင်းပြနေတော့တာ။ကောင်မလေးပေါ်တော့ သိတ်ချစ်ပုံပဲ။ ဒါမှမဟုတ် မောင်ကကျွန်မဘယ်လောက်ဆိုးလဲ သိနေလို့နေမယ်။
....................................................................................
မောင့်ကို ဒီညနောက်ဆုံးအနေနဲ့ ကျွန်မနဲ့အိပ်ဖို့တောင်းဆိုခဲ့တယ်။ အဲ့လိုသာလုပ်ပေးရင် မနှောက်ယှက်ဘူးဆိုတဲ့ အကြောင်းရောပေါ့။ နောက်တော့ မောင်လည်း လက်ခံပြီး ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်း၀င်သွားတယ်။ ကျမလည်း မောင်အကြိုက်ဆုံး ည၀တ် ဂါ၀န်အနီလေးထုတ်၀တ်တယ် ။မောင်သိတ်ကြိုက်တဲ့ ရေမွှေးလေးလည်းစွတ်တယ်။မောင့်ကို လွန်ခဲ့တဲ့ သုံးနှစ်ကို ပြန်ခေါ်သွားမဲ့ အပြုအစုတွေကို ပေးခဲ့တယ်။အဲ့ညက မောင်ရော ကျွန်မရော သိပ်ကို အရူးအမူးဆက်ဆံခဲ့ကြတာ။ မောင်က မိန်းမပျက် ကျွန်မကို လက်၀ယ်မပိုင်ချင်ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ရနံ့တွေနဲ့ ရင်သားတွေကို အခုထိစွဲလမ်းနေတုန်းပဲ။ မောင်က အတ္တကြီးတာပဲ။တကယ့် လူဆိုးကောင်လေး။
....................................................................................
မောင်တို့ မဂ်လာပွဲအတွက် ကျွန်မလည်းဖိတ်စာရခဲ့တယ်။ ခင်ခဲ့ဖူးတဲ့ အမတစ်ယောက်အနေနဲ့ မောင့်လက်ထပ်ပွဲကို တက်ရမှာ။ ကျမတွေးနေတာ ခန်းမအလယ်က ပိတ်ကား ပေါ်မှာပြနေတဲ့ မောင်တို့ အမှတ်တရဓာတ်ပုံလေးတွေက ပရိတ်သတ်ရဲ့ အာရုံစိုက်မှု သိတ်မရသလိုပဲလို့။ မောင့်အတွက် ကျွန်မ videoပြောင်းဖွင့်ပေးလိုက်ရင် မောင်ပျော်မယ်ထင်တာပါပဲ။
....................................................................................
မဂ်လာပွဲတစ်ခုလုံး အုံ့အော်သောင်းနင်းဖြစ်ပြီး သတိုးသမီးလေးက အရှက်ခွဲခံရသလိုငိုနေတယ်။နှစ်ဖက်မိဘတွေလည်း မျက်နှာပျက်ပြီး၊လက်ထပ်ထိမ်းမြားပွဲကို အလောတကြီး ဖျက်သိမ်းလိုက်တယ်။ပိတ်ကားပေါ်က မောင်နဲ့ ကျွန်မရဲ့ sex tapeကတော့ အခုမှ ကောင်းခန်းရောက်တုန်းရှိသေးတယ်၊ လက်ထပ်ပွဲကတော့အစောကြီးပြီးသွားပြီ။
မောင်ကတော့ ကျွန်မကို မျက်လုံးစိမ်းကြီးနဲ့အကြာကြီး စိုက်ကြည့်နေခဲ့တာ ။ အဲ့နေ့မှာပဲ အိမ်ကနှင်ချခံရပြီး အမွေဖျက်ခံရတဲ့မောင်က မူးရူးပြီး ကျွန်မအိမ်ပြန်ရောက်လာတာပဲ။ဒီတစ်ခါတော့ မောင့်အတွက် ကျွန်မက အကုန် ပြင်ဆင်ထားပေးပြီးသား။ လက်ထပ်ပွဲ ဖျက်ခံရလို့ မူးပြီးငိုနေတဲ့မောင်က လွန်ခဲ့တဲ့သုံးနှစ်က သူနဲ့ပြိုင်လိုက်နေတဲ့ကောင်လေးပေးတဲ့ ချောကလက်ကို ကျမစားလိုက်မိလို့ ဂျီကျနေတဲ့ ချာတိတ်လေးမျက်နှာတော့ မဟုတ်တော့ဘူး။ အခုမောင်က ကျွန်မကို ဒေါသထွက်ပြီး အစိမ်းလိုက်ဝါးစားမတတ်ကြည့်နေတာ။ အဲ့ညကတော့ hell so hotပဲ။မောင့်ရဲ့ အပြစ်ပေးနည်းက တခြားသူတွေနဲ့မတူဘူး။မောင်က BDSMလိုမျိုး အကြမ်းအရမ်းတွေနဲ့ အပြစ်ပေးတဲ့ပုံစံမျိုး တွေသိတ်ကြိုက်တာ။သူချစ်ပြီးတန်ဖိုးထားရတဲ့ မိန်းကလေးပေါ်ကိုတော့ အဲ့လိုနာကျင်အောင်လုပ်ပြီး အာသာဖြေမှုတွေလုပ်မှာမဟုတ်ဘူး။ပုဂ္ဂိုလ်ရေးအရသူအရမ်းမုန်းပြီး ခန္ဓာဗေဒအရ သူအရမ်းကြိုက်တဲ့ ကျွန်မအပေါ်ဆိုရင်တော့ တစ်မျိုးပေါ့။ မောင်က ပုံမှန်အချိန်လည်း ကြမ်းတယ်ဆိုတောင် သူအရမ်းမုန်းပြီး သတ်ပစ်ချင်လောက်တဲ့ ကျွန်မကိုတော့ သူအာသာပြေရုံမကပဲ စိတ်ထွက်ပေါက်အနေနဲ့ပါရိုက်နှက်ပြီး စိတ်ဖြေတယ် ။ ဒါပေမဲ့လည်း မောင်ပေးတဲ့ ဒဏ်ရာတွေဆို အကုန်လုံးက မောင့် အသက်ရှုသံပြင်းပြင်းတွေလို စွဲလမ်းစရာကောင်းနေတော့တာပါပဲ ။
....................................................................................
သိတ်မကြာခင်မှာပဲ မောင်နဲ့ကျွန်မ လက်ထပ်ခဲ့တယ်။ ဘာနှစ်ဖက်မိဘ ဘာပွဲမှမရှိပဲ တရားရုံးတက် လက်မှတ်ထိုးခဲ့ကြတာ။မောင့်ကို ကျွန်မကသိပ်ချစ်တယ်။ပြီးတော့ မောင်ကကျွန်မကို သိပ်မုန်းတယ်။ မုန်းပေမဲ့ မောင့်မှာ ကျွန်မအပြင် သွားစရာ ရင်ခွင်မှမရှိတာပဲ။မောင်ကျွန်မနားနေပြီး မုန်းပေါ့။မောင်နဲ့ကျွန်မတို့ အိမ်ထောင်ရေးက အရမ်းသာယာတယ်။ မောင်က သူ့ဘ၀ကိုသူနေချင်သလိုနေတယ် ။ အရက်တွေလည်းသောက်တယ် ။ အလုပ်လည်း မယ်မယ်ရာရာ မရှိဘူး။မိန်းမကိစ္စဆိုလည်း မယားငယ်၊မယားလတ် အို အရွယ်စုံအောင် မောင်ကရှိတာပဲ။သူ့ရဲ့ငယ်ရွယ်ပျိုပြစ်မှုနဲ့ ရုပ်ရည်ကို လက်ခံသမျှ မိန်းမအကုန်လုံးနဲ့ မောင်က အိပ်တယ်။ပြီးရင် မောင်က ကျွန်မကလွဲပြီး မိန်းမတိုင်းကို ချစ်တယ်ပြောတယ်။ မောင်က သူ့ဘ၀ကို နေချင်သလိုနေနေပေမဲ့ မောင်ကျွန်မနားကတော့ ထွက်မသွားတော့ဘူး။ ဘယ်မိန်းမနဲ့ အိပ်အိပ် နောက်ဆုံး မောင့်ရဲ့ အိမ်လို့သတ်မှတ်ရာနေရာက ကျွန်မပဲ ရှိတာမလား။ အရင်လို ချစ်ခြင်းမေတ္တာတွေ မရတော့လည်း ကျေနပ်ပါတယ် မောင်ပေးတဲ့ အမုန်းတွေခံယူပြီး မောင်အနားမှာရှိနေတယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲမရတာပဲ။ မောင့်အတွက်လည်း အကျဉ်းထောင် ကျွန်မအတွက်လည်း အချစ်ထောင်လေးပေါ့။
....................................................................................
မောင့်ကို ဟိုးအရင်တုန်းက မ ပြောဖူးတယ်မလား
မောင်က မချစ်တော့ရင်တောင်
မ က မောင့်အနားက တစ်ဖဝါးမှမခွာဘူး
မောင် ပြန် ချစ်လာမယ့်အထိ
ပြန်စောင့်ပေးမယ်ဆိုတာလေ
မောင်လုံး၀ပြန်မချစ်လာတော့ရင်လည်း
မောင့်လိုပဲ မှော်အစွမ်းတွေသုံးပြီး
သီးသန့်ကမ္ဘာလေးမှာ ချုပ်နှောင်ထားပစ်မယ်
#မောင်အရမ်းမုန်းတဲ့ မောင့်မဟေသီ
Comments
Post a Comment