သမိုင်းထဲက အဖြစ်အပျက်တစ်ခုပါ။
ဗြိတိန် စစ်တပ်က ဂျွန်မာစတာ ဟာ 1933 ခုနှစ်က အိန်ဒိယ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ တာဝန်ကျခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်။ နှောင်အခါ သူ့ရဲ့ စစ်ပွဲ အတွေ့အကြုံတွေကို စာအုပ်ရေးတဲ့အခါ အဲဒီထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုကို ဘာသာပြန်ပေးလိုက်ပါတယ်။
"..အကယ်၍ ပထန်းတွေဟာ မူစလင်မဟုတ်တဲ့ စစ်သုံ့ပန်းတွေ ရလာရင်၊ အထူးသဖြင့် ဆခ်နဲ့ ဗြိတိသျှ တွေကို ပန်းဖြတ်၊ ခေါင်းဖြတ် လုပ်ကြပါတယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာလည်း အမျိုးသမီးတွေက လုပ်လေ့ရှိပါတယ်။ တစ်ခါတရံ သုံ့ပန်းရဲ့ ပါးစပ်ကို မပိတ်နိုင်အောင် ဒုတ်တစ်ချောင်းထောက်ပြီး အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက် တစ်လှည့်စီ မွန်းသည်အထိ ကျင်ငယ်စွန့်ကြပါတယ်။"
Comments
Post a Comment