တွေ့ဆုံမှု
တွေ့ဆုံမှု
Episode 1
#Yuki
22. Feb. 2021
"Hi"
"အကို သခင်ရဲ့ စေလိုရာ က အဆက်မရှိတော့ဘူးလား"
ကျွန်မက သာမန်လူသားထဲက လူတစ်ယောက်ပေမယ့် ကျွန်မရဲ့ စိတ်က တော်ရုံ သာမန်လူနဲ့ မတူဘူး။ နာမည်လား။ ကျွန်မမှာ နာမည် အများကြီး။ ရှင်တို့ နာမည်သိပ်ခေါ်ချင်သပဆို အနှင်းလေးလို့ ခေါ်ပေါ့။ အရှေ့က ပြောခဲ့သလိုပဲ။ ကျွန်မစိတ်က သူများနဲ့တော့ သိပ်မတူဘူး။ ကျွန်မက နှိမ်ချခံ နှိပ်စက်ခံရတာကိုမှ သဘောကျမိတာမျိုး။ အဲလို အပြောဆိုခံ အနှိပ်စက်ခံရမှ စိတ်က အာသာပြေတာ။ ကျွန်မပြောတာ ဘာလဲ ရှင်တို့သိမှာပါ။ အဲစိတ်တွေကြောင့်ပဲ ကျွန်မ BDSM နဲ့ ပတ်သတ်တဲ့ စာတွေကို လိုက်ဖတ်နေမိတာ။ အစကတော့ ဟိုရှာ ဒီရှာပေါ့။ နောက်တော့ page တစ်ခုကနေ သူ့အကောင့်ကို ရောက်လာတယ်။ ပထမတုန်းကတော့ ဒီတိုင်း စာဝင်ဖတ်ရုံပါပဲ။ သူ့အကောင့်ထဲမှာက အများကြီး ရှိတာကိုး။ နောက်တော့ ဖတ်လာရင်း ဖတ်လာရင်းနဲ့ ဖတ်စရာက ကုန်ပါရောလား။ ဖတ်စရာကုန်တာက ကိစ္စမဟုတ်ဘူး။ ကိစ္စက သူဆက်မရေးဘဲ ရပ်ထားတဲ့ စာကို ကျွန်မက စွဲလမ်းနေမိတာ။ အဲလိုနဲ့ နောက်တော့ မနေနိုင်တော့ဘဲ messengerထိ သွားမေးမိတော့တာပဲ။
"Hi"
"အကို သခင်ရဲ့ စေလိုရာက အဆက်မရှိတော့ဘူးလား" ဆိုပြီးပေါ့။
ဒါပေမယ့် သူက reply မလာပါဘူး။
×××
23. Feb. 2021
"မတင်ဖြစ်သေးတာ မအားသေးလို့"
အမလေး replyပြန်ပါပြီ ကိုယ်တော်က။ ကျွန်မလည်း တို့ကို ဒါမျိုးတော့ လာမစမ်းနဲ့ ဆိုပြီး ချက်ချင်း ပြန်ပြောလိုက်တယ်။
"ဟုတ် အကို တင်ဖြစ်ရင် ပြောပါနော်" ဆိုပြီး။
ပြန်ပြောပါတယ်။
"အင်း ပြောမယ်လေ" တဲ့။
ဒီလို တန်းလန်းဖြတ်လို့ ရမလား။ ဒီက စကားပြောချင်နေတာကို။ တစ်ခုခုတော့ ပြန်ပြောရမယ်။ ဘာပြောရမလဲက တွေးမရဘူး။ မထူးပါဘူး။ ဒီတိုင်းပဲ ပို့လိုက်တော့မယ်။
"ဟုတ် အကို"
ဟုတ် အကိုကနေ စတဲ့ဇာတ်လို့ ပြောရမလား။ အဲ့ကနေ စကားစပြောဖြစ်တယ်။ တကယ်တော့ ကျွန်မက ဘာပြောရမလဲ မသိပါဘူး။ သူကပဲ မေးသွားတာ။ ဘာပြောရမှန်းမသိတာ ရိပ်မိသွားတယ် ထင်တာပါပဲ။
"ဒါနဲ့ ညီမက BDSM စိတ်ဝင်စားတာလား"
ဟယ် သူသိသွားပြီ။ မဖြစ်ဘူး ငြင်းမှရမယ်။
"ဟုတ်ကဲ့ အကို"
ဟွန်း အဲလိုကို ငြင်းပစ်တာ။ နောက်တာပါ။ ဘယ်ငြင်းမှာလဲ။ ကိုယ်စိတ်ဝင်စားတာက တကယ်ကိုး။
"စမ်းဆော့ကြည့်ချင်လား"
ဟဲ့ ငါလိုချင်တာတွေ လာပြောနေတယ် ဒီလူ။
"ဟုတ် အကို"
"ဒါပေမယ့် ညီမက မဆော့ဖူးဘူး"
ဘာပြန်ပြောမလဲ မသိဘူး။
"စိတ်ဝင်စားလား"
စိတ်ဝင်စားတာပေါ့။ ဝင်စားလို့ လာမေးပါတယ်ဆို။
"ဟုတ်"
ဟုတ်ပဲ ပြောနေလို့ စကားမပြောချင်ဘူး ထင်သွားမှာလည်း ပူရသေးတယ်။ တကယ်တော့ ကျွန်မက ဘာပြောရမှန်းကို မသိဘူး ဖြစ်နေတာ။ စကားလည်း ဆက်ပြောချင်နေပေမယ့် ဘာပြောရမယ်မှန်း မသိ။ တော်သေးတယ် အကို အလိုက်သိပေလို့။
"ကိုနဲ့စမ်းဆော့ကြည့်မလား"
ဟယ် သူတကယ်မေးတာလား။ သူက အဲလောက်နာမည်ကြီးတာကို။
"အကို တကယ်ပြောနေတာလား"
Typing... တဲ့။ အဲ့ typing ကို စောင့်ရတာ တအားကြာနေသလိုပဲ။ ဟော ပို့လာပြီ။
"တကယ်ပေါ့"
တကယ်တဲ့။ ဟီး ပျော်စရာကြီး။
"ဟုတ် ဆော့ကြည့်မယ်"
"မလုပ်ဖူးတော့လေ အဆင်ပြေပါ့မလား"
ကျွန်မတကယ်ပူတာပါ။ အဆင်မပြေလို့ရှိရင် ကျန်ခဲ့မှာကိုး။
"အင်း အဆင်ပြေပါတယ် ကိုယ်လေ့ကျင့်ပေးမယ်လေ"
လိုချင်တဲ့ ဘဝတစ်ခုကိုတော့ စလို့ရပြီ။ ပြဿနာက ကျွန်မရဲ့အိမ်။ အရမ်းကို တင်းကြပ်တယ်လေ။ ဒီကိစ္စကိုပါ ပြောပြရမယ်။
"ဟုတ် အကို"
"ဒါပေမယ့် အိမ်ကနည်းနည်းတော့ ကြပ်တယ်အကို"
ပြောလိုက်လို့ ဖြစ်ပါ့မလားတော့ မသိဘူး။ ဒါပေမယ့် ပြောတော့ ပြောပြီးသွားပြီ။
"ရပါတယ်"
အဲ ရတယ်တဲ့။ တော်သေးတာပေါ့။
"ဟုတ်"
"အင်း"
အင်းတဲ့ စိတ်ဆိုးသွားတာလား မသိဘူး။ အကိုစိတ်ဆိုးသွားတာလားဟင်လို့ မေးဖို့ စာရိုက်တုန်းမှာ အကို့ဆီက ပုံတစ်ပုံရောက်လာတယ်။ တကယ်တော့ ပုံမပို့ခင် စာတစ်ကြောင်း ရှိသေးတယ်ရှင့်။ အစက ရှင်တို့ကို မပြောပြတော့ဘူးဆိုပြီး ချန်ထားတာ။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။
"positionတွေ သိလား" လို့မေးထားတာလေ။
ကျွန်မလည်း မလိမ်ချင်လို့ "ဟင့်အင်း" လို့ ဖြေလိုက်တယ်။ အဲ့နောက်မှာမှ ပုံတစ်ပုံနဲ့ စာတစ်ကြောင်း။
"ဒီ positionတွေကို လေ့ကျင့်ထား" တဲ့။
ဘာပြောရမှာလဲ။ ထုံးစံအတိုင်း "ဟုတ် အကို" ပေါ့။
ဆယ့်ငါးမိနစ်လောက်နေတော့ "ရပြီလား" တဲ့။
ကျွန်မကတော့ ထုံးစံအပျက်မခံပါဘူး။ "ဟုတ်" လို့ပဲ ပြန်ပြောလိုက်တယ်။ သူက position တစ်ခုမေးတယ်။
"Collar" တဲ့။
ဒါလေးလုပ်ဖို့အရေး ကျွန်မမှာ အမေလစ်ရာ စတိုခန်းထဲ ပြေးရသေးတယ်။ အဲ့အခန်းထဲက ကုတင်ကြီးပေါ်မှာ ပထမဆုံး နာခံမှုကို ပြခဲ့တယ် ဆိုပါတော့။
ပုံလေးပို့လိုက်တော့ အကိုက "good girl" တဲ့။
(အဲစကားလေးကို အဲအချိန်တည်းက မက်မောခဲ့တာ ခုထိပေါ့။) ပြီးတော့ အကိုက ဆက်ပြောတယ်လေ။ (အကိုလို့ပဲ သုံးတော့မယ်နော်။)
"အခုက စပြီး မင်းက ကိုယ့်ခွေးမလေး ဖြစ်သွားပြီ"
"အခု ကိုယ်ပြောတာ သေချာမှတ်ထား"
"နောက်ကိုယ်မေးရင် လုပ်ပြရမယ်"
"စစ်ဆေးရေးကို သိလား"
တိန်။ ခုမှစတာကို ဘယ်သိမလဲလို့။
"ဟင့်အင်း"
"အင်း... နောက်ကိုယ်က စစ်ဆေးရေးလို့ ပြောတာနဲ့ ဒူးထောက်ပြီး လက်ကို နောက်ပစ်ထားရမယ်။ ပြီးမှ အဝတ်တွေကို တစ်ခုချင်း ဖြည်းဖြည်းချင်း ချွတ်ပြရမယ်။ ပြီးရင် ဒူးထောက်ပြီး လက်ကို နောက်ပြန်ပို့ထား"
ဪ လက်စသတ်တော့ ဒီလိုကိုး။
"ဟုတ်"
အရေးအကြောင်းဆို ကျွန်မကလည်း "ဟုတ်" အပြင် မထွက်တော့ဘူး။
"အင်း မှတ်မိရင် ခု ကိုယ့်ကိုလုပ်ပြ"
အင်း။ ဇာတ်လမ်းတော့ စပြီ။ အမေ့ကို မလှိမ့်တစ်ပတ် လုပ်ရဦးမယ်။
"ဟုတ် အကို ခဏနော်"
ခဏနော်ဆိုတာ တကယ်တော့ အိမ်သာကိုပြေးတာ။ ဟဲဟဲ။ ကျွန်မ လည်တယ်မလား။ အိမ်သာထဲရောက်တော့ ရှက်နေတာနဲ့ ငါးမိနစ်လောက် ငုတ်တုတ်ထိုင်နေမိသေးတယ်။ နောက်တော့မှ "တကယ် စိတ်ဝင်စားလား" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးမိတယ်။ "သေချာတယ်။ လုပ်ချင်တယ်။" ဆိုတဲ့ အဖြေပဲ ထွက်လာတဲ့နောက်မှာတော့ လုပ်လိုက်တယ်။ လုပ်ပြီး ချက်ချင်းပဲ ပို့လိုက်တာပေါ့။ အကိုက
"လိမ္မာတယ်"
"နောက်ရက်ကျ သန့်ရှင်းရေး လုပ်ရမယ်တဲ့"
နောက်ထပ် စကားလုံး အသစ်တစ်လုံး။ အိမ်သန့်ရှင်းရေး လုပ်ခိုင်းတာတော့ မဖြစ်နိုင်ဘူး။ တစ်ကိုယ်ရေ သန့်ရှင်းရေးလား။ ဒါလည်း သိပ်တော့ မဖြစ်နိုင်ဘူး။ ကျွန်မ မေးလိုက်ဖို့ ပြင်နေတုန်းမှာပဲ အကို့ဆီက စာတစ်စောင် ထပ်ရောက်လာတယ်။
"အိမ်မှာ ရှူးဖိနပ်ရှိလား"
"ဟင့်အင်း safety shoes တော့ ရှိတယ်"
"အိုကေ အဲဒါကို ပြောင်အောင် လျက်ရမယ်"
ဪ နောက်အသစ်တစ်ခု သိပြန်ပြီ။
"ဟုတ်"
"အင်း အခု အိပ်တော့"
"နက်ဖြန်ကျ လုပ်ရမယ် ကြားလား"
"ဟုတ် အကို good night"
"Good night ကို့ခွေးမလေး"
Good nightတဲ့။ ဒီညတော့ ကောင်းကောင်း အိပ်ပျော်တော့မှာပဲ။
×××
Comments
Post a Comment