အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

ဆောင်း - ဗျိုင်းပျံအက

 

နေရောင်စူးစူးကြောင့် မျက်လုံးကို အားယူဖွင့်ပြီး ဘေးနားက နာရီကို ကြည့်လိုက်တော့ 9:40 am...😗


ထိတ်ခနဲ ဖြစ်သွားတာနဲ့အတူ ဦးနှောက်က ကျယ်ကြီးမြည်ဟီးလာတယ် "နင်တော့ သွားပြီ"တဲ့။ဟုတ်တယ်လေ အိပ်ရာထချိန် မနက်8နာရီထက် မကျော်ရဘူးဆိုတဲ့ သခင့်ရဲ့ruleကို စောစောစီးစီး မမဆောင်းတို့ ချိုးဖျက်မိပါလေရော။။


ဖုန်းကို ကောက်ယူပြီး စာချက်ချင်း ရိုက်လိုက်တယ်...


"Good morning သခင်..." ။


အမှားလုပ်ထားတဲ့နေ့တွေဆို လူက အလိုလိုသတိကပ်ပြီးသားမို့ သခင်လုပ်စေချင်တဲ့ daily activitiesတွေကို စတင်ဖို့ရာ time table ကိုကြည့်ရင်း ရေမချိုးခင် exerciseလုပ်ဖို့ ပြင်ဆင်လိုက်တယ်။ 


time table ဆိုမှ ကျတော့်အတွက်တော့ ဖုန်းက တော်တော်ကို အသုံး၀င်ပါတယ်။နာရီတိုင်း alarmတွေပေးထားပြီး ကိုယ့်ကိုယ်ကို remindလုပ်ရတယ်။အလုပ်အရမ်းရှုပ်တဲ့ သခင့်အတွက် နေ့လယ်စာ စားချိန် သတိပေးရတာကအစ ကျတော့်ရဲ့စာဖတ်ချိန် စာကြည့်ချိန် အပါအ၀င် မေ့မှာစိုးလို့ alarm ပေးထားရတာချည်းပဲ။


ကျတော်က တစ်ခုကိုလုပ်ရင် ကျန်တာတွေ မေ့ပါလေရော။ဘ၀မှာ ကြုံရသမျှဟာ အရေးကြီးတာတွေချည်းပဲလို့ ခံယူထားတဲ့ ကျတော်က လက်ရှိလုပ်နေတာကလည်း အရေးကြီးတာမို့ လုပ်လက်စကို ပစ်ပြီး တခြားကို စိတ်မရောက်တတ်တဲ့ အကျင့်က ၀တ္ထုစာအုပ်တစ်အုပ်ဖတ်ပြီးကတည်းက စွဲသွားပြီး အဲ့တိုင်းပဲ ကျင့်သုံးဖြစ်တဲ့သူလေ။


လေ့ကျင့်ခန်းကတော့ ထွေထွေထူးထူးမဟုတ်။သီချင်းဖွင့်ပြီး လိုက်ကလိုက်တာပဲ။မျက်လုံးထဲသာမြင်ကြည့် ဗျိုင်းပျံနေသလိုပါပဲ။ပျော့ပျော့ပျောင်းပျောင်း မရှိတဲ့ ကိုယ်နေဟန်ထားက ကတာနဲ့တော်တော်လိုက်ဖက်တယ်လေနော်😑။ဒါမယ့်လည်း ရိုးရိုးwork outတွေက ပျင်းစရာကောင်းတာမို့ ကပဲကဖြစ်တယ်။အဲ့ဒီမိနစ် 20ဟာ တော်တော်ကို ညောင်းပြီး ပျော်စရာကောင်းတာတော့ အမှန်ပါပဲ။လိုက်ကလိုက် မှားလိုက် မှန်ထဲက ကိုယ့်ကိုယ်ကို ကြည့်ပြီး လန့်လိုက် ရယ်လိုက်နဲ့လေ 😂။


လေ့ကျင့်ခန်းလုပ် ရေမိုးချိုးပြီးတော့ နာရီကို ကြည့်တော့ 11ခွဲပြီ ။ကော်ဖီဖျော်ရင်း ဗိုက်ဖြည့်ဖို့ ပြင်နေတုန်း message ၀င်လာတာမို့ ကြည့်မိတော့ သခင့်ဆီက...


"Morning ...ဆောင်း "


"ဟုတ်ကဲ့ ...သခင်"


အလုပ်အဆင်ပြေလားဆိုတာရယ် လူရောနေကောင်းလားဆိုတာရယ် မေးခွန်းတွေမေးနေရင်းပဲ စိတ်ကတော့ မနက်အိပ်ရာထချိန်ကို မေ့စေချင်သော်လည်း ဆုတောင်းကား မပြည့်....


"ဘာလို့ အိပ်ရာထတွေ နောက်ကျနေရတာလဲ "


တွေ့လားး....တန်းသိတာပါဆို 😞။


"နှိုးစက်ပိတ်ပြီး ပြန်အိပ်ပျော်သွားလို့ပါ သခင်" 


သခင်နဲ့အလိုက်ဖက်ဆုံး ချစ်စရာအကောင်းဆုံး emojiလေးရပြီး‌တဲ့နောက် ထပ်၀င်လာတဲ့ စာက 


"squat 10 mins"တဲ့


အဲ့မှာ မျက်လုံးက ပြူးပါလေရော။ထိုင်ထတောင် 30 ဆို ဟောဟဲ ဆိုက်နေတဲ့ ကျတော်က squat ကို မိနစ်နဲ့လုပ်ရမယ်တဲ့လေ☹️။ခုနမှ ကထားတာမို့ ပင်ပန်းနေတဲ့ဟာကို။ဒါပေမယ့် အတွန့်မတက်ရဲပြန်ဘူး။ပိုတိုးသွားရင် ဒုက္ခဆိုတာရယ် စကားကို နှစ်ခါပြန်ပြောရတာ မကြိုက်တဲ့ သခင်ရယ်မို့ အမိန့်ကို လက်ခံလိုက်ရရော။


တခါမှ မလုပ်ဖူးတာမို့ you tube ကို ပြေးရှာကြည့်တော့ video တိုင်းမှာ 10 min ပြည့်တဲ့ video ကို မရှိဘူး။ဒီနေ့တော့ သေပါပြီ။အချိန်သတ်မှတ်ပေးသွားတာမို့ အဲ့အချိန်မရောက်ခင် ပြီးရမှာမို့ လုပ်ဖို့ပြင်ရပါလေရော။ဘယ်တော့မှ ခိုကပ်လို့မရအောင် သခင်က စီမံညွှန်ကြားပြီးသားမို့ ခိုကပ်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်။


ဆူပုတ်နေသည့်တိုင် အမိန့်ဟာ နာခံဖို့ပဲမို့ ကျတော်လေး စပြီးလုပ်ပါလေရော။တစ်မိနစ်မှာ အခါပေါင်းများစွာ ပြီးတဲ့အပြင် သေအောင်ညောင်းတာမို့ တကယ်ငိုချင်တယ်။တစ်ခါထိုင်တိုင်း စက္ကန့် 30 ထိန်းထားရတယ် ဘာညာဆိုပေမယ့် ကျတာ့်ကတော့ မထိန်းနိုင်ပါဘူး။ခွဲလုပ်လို့ရတယ်ဆိုပေမယ့် 2မိနစ်လည်းပြီးရော ကျတော်ကတော့ မထနိုင်တော့ပါဘူး။


ဆယ်မိနစ်ပြည့်အောင် အိပဲ့အိပဲ့နဲ့လုပ်ရင်း ပြီးသွားတယ်ဆိုပေမယ့် ခြေထောက်တောင် မထောက်နိုင်တော့ပါဘူး။မမြင်ရပေမယ့် သခင့်ကို စိတ်ကောက်နေလိုက်တယ်။ရက်စက်လိုက်တာ ဘာညာ ပွစိပြောရင်းပဲလေ ဟဲ😁😁။


လုပ်ပြီးကြောင်း vdပို့လိုက်ရင်း ကျတော်ကတော့ analgesics တွေ ရှာရပါပြီ။ထိုင်ထထက် အဆပေါင်းများစွာ ပိုညောင်းတာမို့ သေအောင်ခံရပါတယ်။ဒါတောင်နော် အမြဲကနေတဲ့သူ။ခန္ဓာကိုယ်က ရှိသင့်သလောက်အကျင့်ရှိတာတောင် ဒီလောက်ညောင်းတာ။မကြိုက်ဘူးပြောရင် မှတ်ထားပြီး ထပ်ခိုင်းမှာစိုးလို့ ပေးသမျှ အပြစ် အကုန်ကြိုက်ပါတယ်ရှန်။


"လမ်းလျှောက်တိုင်း သတိရတယ်"လို့ ကျတော်ပြောတော့


အဲလိုသတိရအောင်လို့တဲ့...☹️☹️။တကယ်ကို စိတ်ကောက်ချင်စရာကောင်းတယ်လေနော်။ဆိုပေမယ့်လည်း 


"ဆောင်း ..."ဆိုတာနဲ့ ပြေးပြေးသွားတတ်တဲ့ ကျတော့်အကျင့်ကြောင့်လည်း သခင့်ကိုစိတ်ကောက်တာ ဘယ်တော့မှ မအောင်မြင်ပါဘူး။သွားသွားခေါ်ပြီးမှ ကောက်နေမှန်း အမြဲသတိရတတ်တဲ့ ငတိမမို့ လေ😑။


ကလေးဆန်တဲ့အခါ ပြုံးစေပြီး ဂျစ်တဲ့အခါ ချစ်စရာကောင်းတဲ့အပြင် အမိန့်တွေကို အမြဲနာခံတတ်တဲ့ ဒီက ငတိမကိုလေ အများကြီး ဆုံးမသွန်သင်ပြီး ဘေးမှာ ကြာကြီးခေါ်ထားပါအုံးနော်။


မချော့ပေမယ့်....ညောင်းစေတတ်ပေမယ့် ဆူတတ်လွန်းပေမယ့်....ကျတော်က သခင့်အနားမှာပဲ အမြဲနေမှာ 🙆။


#ဆောင်း


#just saving memories 🧡🧡

Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ