ကျိန်စာ
ကျိန်စာ
မီကို ဘဝတလျောက်လုံး အေးအေးဆေးဆေး အပူအပင်မရှိဖြတ်သန်းလာခဲ့တာ ခု အသက် ၃၁ နှစ်ထဲတောင် ရောက်လာခဲ့ပြီ ။
အသက် ၁၉ လောက်ကတည်းက အလုပ်လုပ်လာခဲ့တဲ့ ဘဏ်မှာလဲ ဒုမန်နေဂျာရာထူးထိ တိုးခဲ့ပီ ဖြစ်သလို ချစ်ရတဲ့ ငယ်ရီးစား ကိုမျိုးနှင့်လဲ နားလည်မှုအပြည့်နှင့် ရီးစားဘဝ ၁၀ နှစ်တာ ဖြတ်သန်းပြီးခဲ့ပြီဖြစ်သဖြင့် လက်ထပ်ကြဖို့တောင် အကြမ်းအားဖြင့် စီစဉ်ထားပြီးနေလေပြီ ။
ကံကြမ္မာအလှည့်အပြောင်းက ကြမ်းတမ်းခဲ့လေပြီ ။
ကိုမျိုးနှင့် နှစ်ဦးတည်း ပုဂံကို ခရီးသွားရာမှ အစ ပြုခဲ့တဲ့ ကျိန်စာတခုက ဘဝ နှစ်ခုလုံးကို ရက်ရက်စက်စက် နင်းခြေဖစ်လိုက်သည် ။
တခြားနယ် တခြားဒေသဖြစ်သောကြောင့် ကိုမျိုးကို အတန်တန်တားပါသော်လည်း ရမ္မက်ဇောကပ်နေတဲ့ ကိုမျိုးက တားမရခဲ့ပါ ။
ပြိုကျလုနီးပါး ဟောင်းနွမ်းနေတဲ့ ဘုရားပျက်ဝန်းထဲမှာ နှစ်ဦးသား အချစ်တွေ နယ်ကျွံပီး မလုပ်သင့်တာ လုပ်မိ၊ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြလေပြီ ။
ခရီးမှ ပြန်လာပီးကတည်း ညဖက်ဆို ကျမ အိပ်မရဖြစ်ရလေသည်၊ ရမ္မက်ဇောတွေပဲ ညစဉ်တက်နေပီး ကိုမျိုးကို ဖုန်းဆက်ပီး sex chat နေရတာက နှစ်ညဆက်တိုက်တောင်ဖစ်နေလေပြီ ။
Sex chat လို့ ပီးခဲ့ရင်တောင် ကျမ စိတ်ဆန္ဒတွေက မပြေနိုင်သေး၊ ကိုမျိုး မဟုတ်တဲ့ သူဆီက ထပ်မံလိုချင်စိတ်တွေက ဖြစ်နေသေးသည် ။
သိသိသာသာမှားနေသည်ကို သိသော်များလဲ ရှက်ဖို့ကောင်းသည့် ကိစ္စဖြစ်နေသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရင်ဖွင့်မတိုင်ပင်ဖြစ်ခဲ့ပါ ။
ကိုမျိုးက ကံဆိုးသည်လား ကံကောင်းသည်လား မသိ ၊ တပတ်ခန့်အကြာမှာပဲ Accident တစ်ခုကြောင့် ပွဲချင်းပီး ဆုံးပါးသွားခဲ့လေသည် ။
တနေ့လုံး ဝမ်းနည်းစွာ ငိုကြွေးနေခဲ့ရသော ကျမမှာ ထိုညမှာ ပထမဆုံးအကြိမ် Night Out ထွက်ဖြစ်ခဲ့သည် ။
ထိန်းချုပ်မရတဲ့ ဆန္ဒများအလျောက် တကြိမ်တခါမှ မဝတ်ဖူး မပြင်ဖူးတဲ့ ပုံစံပြင်ဆင်ပီး ကျမတို့မြို့ရဲ့ ညဖက်စည်ကားက အရပ်သို့ taxi သမားကို ပို့ခိုင်းလိုက်သည် ။
အပျော်မယ်များစွာ ဧည့်ရှာနေကြသည့် ညစျေးလေးဝယ် ကျမ ပုံစံမှာလဲ ထိုကောင်မများထဲမှ တယောက် ပုံစံဖြစ်နေလေပြီ ။
ပထမဆုံး စျေးလာမေးသည့် တယောက်နှင့်ပင် ကျမ ငြင်းနိုင်စွမ်း မရှိခဲ့ပါ ။
ခပ်မှောင်မှောင် လမ်းကြားလေးထဲမှာပဲ ကျမတို့ လုပ်ဖစ်ခဲ့ကြသည် ။
၁ သောင်းခွဲ …
ကျမအနေနဲ့ မက်လောက်စရာပမာဏမဟုတ်ပေ့မယ့်
ဒီငွေကိုတော့ မက်မက်မောမော ကိုင်ထားခဲ့မိသည် ။
ကျမ အိမ်မပြန််ချင်သေးပါ၊ မပြန်နိုင်သေးပါ ။
နောက်ထပ် ဧည့်ရှာရလိမ့်မည် ။
ဒါဟာ ကျမရဲ့ ကျိန်စာ ။
Comments
Post a Comment