သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးကဒီလိုလေး
Hazal-လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်
နွေရတီဦး-လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်
တစ်ယောက်ကမြို့ပေါ်က-တစ်ယောက်ကနရ်က..............
သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးကဒီလိုလေးးးးးးးးးးး
အပိုင်း-(၁)
အေးချမ်းသာယာလှသော ဝေါမြို့လေး၏ အိမ်တစ်အိမ်တွင် အသက် ၁၆/၁၇ နှစ်အရွရ် ကောင်မလေး တစ်ယောက် သောက်ရေအိုးများ ဆေးကြောပြီး ရေဖြည့်နေလေသည်။
ထိုစဥ် အမေဖြစ်သူမှ
အမေ--------------------သမီးရေ-နွေဦးလာပါဦးကွရ်/ပြောစရာရှိလို့
သမီး---------------------ဟုတ်အမေ။………………ပြောလေအမေ-ဘာကိစ္စရှိလို့လဲ
အမေ---------------------တခြားတော့မဟုတ်ပါဘူး သမီးရရ်၊ အမေက သမီးကို ရန်ကုန်မှာ သွားနေစေချင်လို့၊ အာ့မှာ အမေ့အကို သမီးဦးလေးလဲ ရှိတရ်လေ။ အာ့အိမ်မှာနေပြီး အဝေးသင် တက်ရင်းနဲ့ တခြားသင်တန်းတွေပါ တက်စေချင်လို့။ သမီးဘ၀ရဲ့တက်လမ်းကို ကိုရ်တိုင်ရှာရမရ့် အချိန်ရောက်ပြီ……သမီး။
သမီး-----------------------ဟုတ်-အမေ၊ အမေ သွားစေချင်ရင် သမီး သွားနေပါ့မရ်နော့်။
ဒီလိုနဲ့ နွေဦးတစ်ယောက် သူ့မ အမေ၏ကောင်းမှုနှင့် ရန်ကုန်မြို့ရှိ သူ့မ ဦးလေးအိမ်သို့ ရောက်လာလေ၏။
ဦးလေး ---------------------- လာ လာ, လာကြ၊ လာမရ်ဆိုလို့ မနက်ကတည်းက မျှော်နေကြတာ။
နွေဦး အမေ (မြ) -------------- ဟုတ်တရ် ကိုလေးရေ။ ဒီနေ့က ကျွန်မတို့အဖွဲ့က ဆွမ်းချက်ရက် ကျတရ်လေ။ အာ့ဆွမ်းချက်ပေးပြီး ဆွမ်းကပ်နေလို့ ထွက်လာတာ နောက်ကျသွားတာ။
ဦးလေး------------------------အေး ရေလာပါဦး။ မြတို့ နွေဦးတို့ရောက်လာကြပီ.............
အေး ------------------------- လာပါပီတော် တကရ်ထဲ အော်ပဲအော်နိုင်လွန်းတရ် ....... ကဲ မြရေ နက်ဖန်အေးဆေးမှ ပြန်နော် သိလား ပီးတော့ သမီးလေးက ဘာတွေ ကြိုက်တတ်လဲ တခါထဲ ပြောထားခဲ့ဦး ပီးတော့ ဘာတွေ လုပ်ဖို့ စိတ်ကူးထားလဲ အခုတော့ ခရီးပမ်းလာတာဆို့တော့ နားလိုက်ကြဦးနော့်။လာ၊အခန်းလိုက်ပြမရ်။
မြ မှ ခေါင်းညိမ့်ပြလျက် သမီး လာ။
နွေဦးနှင့် သူမ အမေလဲ ခရီးပမ်းလာသဖြင့် မောမောနှင့် အိပ်ပျော်သွားလေသည်။
ညနေ(၆)နာရီထိုးမှသာ ပတ်ဝန်းကျင်မှ ဆူညံသံများကြားသဖြင့် နိုးလာကြလေသည်။ ထို့နောက် ရေမိုးချိုးကာ ထမင်းစားသောက်ရန် အေး နှင့် ကူပြီး ပြင်ဆင်ပေးလေသည်။
ထမင်းစားသောက်ပြီးနောက်
အေး------- ကဲ နွေဦး သမီး ဘာလုပ်မရ် စိတ်ကူးထားလဲ
နွေဦး------- အဝေးသင်တက်ရင်း တခြားသင်တန်းတွေ တက်ဖို့ စိတ်ကူးထားပါတရ် ဒေါ်လေး
အေး-------- သင်တန်းဆိုတော့ ဘာသင်တန်းလဲ သမီး
မြ----------- အာ့ဒါကတော့ အေး တို့နဲ့ပဲ တိုင်ပင်ရမှာပဲ။ ဘာသင်တန်းတွေ တက်သင့်လဲ။ ကျောင်းလဲ အပီးနဲ့ အလုပ်အတွက်လဲ အဆင်သင့်ဖစ်နေအောင်လို့လေ။
အေး-------- အဝေးသင် ဘာမေဂျာရလဲ
နွေဦး ------- မြန်မာစာ မေဂျာပါ
အေး-------- ကွန်ပျူတာတို့ Speaking တို့ ရလား
နွေဦးမှ ခေါင်းခါလျက်
မြ --------- နွေဦးက အေးတရ် အေးရေ အိမ်မှာလဲ သူလိုတာရှိမှ ပြောတာ၊ တော်ရုံတန်ရုံဆို စကားမပြောဘူး။ သူဘာသာသူ တစ်ယောက်ထဲနေတာ။ ပေါင်းသင်းဝင်ဆံအောင် သင်ပေး/ လုပ်ပေးပါဦး အေးရရ်။
အေး--------- စိတ်ချ မြရေ၊ ဘာမှ မပူနဲ့ စိတ်ချလက်ချ ထားသာထားခဲ့။ ပေါင်းသင်းဝင်ဆံပီး လူရည်လည်အောင် သင်ပေးထားမရ် အာ့ဒါ တို့တာဝန်ထားလိုက်။
မြ ----------- ဟုတ်ပါပီ. သမီး ကြားတရ်နော် လေးလေးစကားကော ဒေါ်လေးစကားကော သေချာနားထောင်နော့်။
နွေဦး -------- ဟုတ်ကဲ့ပါ အမေ။
နောက်နေ့မနက်ရောက်သော်
မြ --- သမီးရေ အမေ ပြန်တော့မရ်နော့်။ လိုတာရှိဖုန်းဆက်။ လူကြီးတွေ ပြောစကားနားထောင်နော်။ အမေ စိတ်ချမရ်နော့် သမီး။
နွေဦး - စိတ်ချပါ အမေရရ်။
ဒီလိုနဲ့ နွေဦးတစ်ယောက် ရန်ကုန်တွင် ကျန်ခဲ့လေသည်။ ထို့အပြင် သူမ၏ လေးလေးသည် Air corn showroom & service ဆိုင်ဖွင့်ထားသဖြင့် မိုးလင်း မိုးချုပ် မအားပေ။ သူမ၏ ဒေါ်လေးသည်လည်း မနက်ပိုင်းတွင် မီးဖိုချောင်အလုပ်များနှင့် ရှုပ်၍ နေ့လည်ပိုင်းတွင် ဆိုင်သို့ လိုက်သွားရပြီး မိုးချုပ်မှသာ ပြန်လာကြလေသည်။ ထို့ကြောင့် နွေဦးတစ်ယောက် တည်းသာ အိမ်မှာ ကျန်ကျန်ခဲ့လေသည်။
ဆက်ရန်ရှိ ..............
Thanks U ..................
C U ................. Coming Soon ................ Floral Hazal
Comments
Post a Comment