ချစ်မေတ္တာ...
ချစ်မေတ္တာ...
အပိုင်း(၁)
စတာကတော့ မိုးရာသီရဲ့ နေ့တစ်နေ့ဗျ။ ကျနော် အစောကြီးတက္ကသိုလ်ကိုရောက်နေတာ ။ ဘတ်စ်ကားတွေကလည်းမနက်ဘက်ရုံးတက်ချိန်ဆို လူကကျပ်တတ်တော့လည်း ကျနော် စောစော ထွက်ရတာပေါ့ ထိုင်ခုံနေရာလေးရအောင် ။ အိမ်ကနေ မနက်၆နာရီထိုးတာနဲ့ ကျနော်လွယ်အိတ်လေး ယူပီး ဘတ်စ်ကားမှတ်တိုင်ကို ထွက်ခဲ့တယ် ။ ကံကောင်းချင်တော့ ထိုင်ခုံလေးတခုံရပါတယ် ။ဒါနဲ့ပဲ အိပ်ရေးက မဝထားတော့ ကားပေါ်မှာပဲ အိပ်လိုက်လာတာပေါ့။ ဒီလိုနဲ့ကျောင်းရောက်လာရော။
"ဟိတ် ညီလေး ဂိတ်ဆုံးပီ ထ ထ"
စပယ်ယာရဲ့ နှိုးသံနဲ့ အတူ ကျနော် နိုးထလာခဲ့တယ်။ ကျောင်းရှေ့မှာ ဘတ်စ်ကားဂိတ်ဆိုတော့ ဂိတ်ဆုံးစီးရတာပေါ့ဗျာ။ ဒီလိုနဲ့ ကားပေါ်ကဆင်းပီး ကျောင်းထဲဝင်လာခဲ့တယ်ဗျ။ အတန်းကလည်းမစသေးဘူး စောသေးတော့ ထုံစံအတိုင်း "အမေ့လက်ရာ" ကန်တင်းမှာ ထိုင်ပီး ကျနော် လက်ဖက်ရည်ထိုင်သောက်နေတာပေါ့။ မိုးသားတွေကလည်းကျနော် ကန်တင်းထိုင်မှ ဖွဲဖွဲ ဖွဲဖွဲ နဲ့မိုးရွာကျလာရော။ မိုးပေါက်လေးတွေ ပိုးပိုးပေါက်ပေါက်ကျနေတုန်း ကျောင်းပေါက်ဝကနေ ခေါင်းလေးကို လက်လေးနဲ့ကာပီး ကျောင်းထဲကို အမြန်ပြေးဝင်လာတဲ့ ရင်ဖုံးအဖြူ ထဘီ အပြာလေးနဲ့ ကောင်မလေးတစ်ယောက်။ ကောင်မလေးဆိုပေမယ့် ထူးခြားတာက ကျနော့ထက် အရပ်ရှည်တယ်ဗျ။ကျနော်က အရပ်က ၅ပေ ၅လက်မ ပဲရှိတာဆိုတော့ ၅ပေ၈လက်မ ရှိတဲ့ သူမအတွက် ဂျပု ဖြစ်နေတာပေါ့။ မိုးမိမှာစိုးလို့ သူမ အမြန်ပြေးတယ် ။ အဆောင်နဲ့ကျောင်းဂိတ်က တော်တော်လေးဝေးသားပဲ။ ကျနော့်စိတ်ထဲက မယိုးမရွဖြစ်လာတာနဲ့ ကျနော် အိမ်ကယူလာခဲ့တဲ့ ထီးကိုယူပီး သူ့ဆီပြေးသွားလိုက်တယ်။
"အမရေ အမရေ"
"ဘယ်သူလဲ ညီမကိုခေါ်တာလား"
"ဟုတ်တယ် အမရေ"
မိုးကရွာနေတော့ အသံက သိပ်မရှင်းပါ။
"အမရေ သစ်ပင်အောက်ဝင်နေနော် ကျနော် ထီးယူလာတယ်"
ကျနော် သူမဆီပြေးသွားလိုက်တယ်။ သူမမျက်နှာကိုအနီးကပ်မြင်လိုက်ရတဲ့ကျနော် ၅စက္ကန့်လောက် အသက်ရှူရပ်သွားသလိုပဲဗျ။ မျက်ခုံးမွှေးထင်းထင်းနဲ့ သူမ။ မျက်နှာထားတင်းပေမယ့် နတ်သမီးမျက်နှာနဲ့ သူမ။ ဆံပင်ရှည်လေးကို မစည်းထားဘဲနဲ့ အရှည်ချထားတဲ့သူမ။
ကျနော် သူမဆီရောက်သွားတာနဲ့ သူမက ထီးကို လှမ်းယူလိုက်တယ်။ ပီးတော့ ထီးကိုဖွင့်ပီး ဆောင်းထားတယ်ဗျ။ သူမမေ့နေဟန်တူပါတယ်။ကျနော်က မိုးရေထဲမှာ ရပ်လို့ဗျ။
"ကျေးဇူးပါ" သူမကပြောသည်။
ဟမ်? ကျေးဇူးပါ?
"ဘယ်လိုကျေးဇူးတင်စကားမျိုးလည်းဟ ငါကထီးလည်းယူလာရသေးတယ် ငါကအခုမိုးရေထဲမှာ" စိတ်ထဲကတီးတိုးရေရွတ်မိသည်။
သူမက ကျနော်ထိုင်နေခဲ့သည့် ကန်တင်းကို တန်းတန်းမတ်မတ် ပြေးသွားသည်။ မျက်နှာတင်မဟုတ် ရှည်လျားလှသည့်အရပ် ၊ လှပလွန်းသည့် ခန္ဓာကိုယ်နောက်ကျော ဘက်က ကျနော့ရင်ကိုလှိုက်ဖိုစေသည်။ လူတွေပြောနေကြတဲ့ guitar shapeကိုပိုင်ဆိုင်ထားတဲ့ သူမ။ အသားအရည်က ဖြူလှသည့်အပြင် ဖွံ့ထွားလှသည့်တင်ပါးအလှ နှင့်ရင်သားအလှတို့က မြင်ရတဲ့ယောကျ်ားတိုင်းကိုရင်သပ်ရှုမောဖြစ်စေမှာ အမှန်။
သူမက လွတ်တဲ့ဝိုင်းမှာ ဝင်ထိုင်လိုက်တယ် ။ကျနော်ကတော့ မိုးရေအနည်းငယ်စိုနေတဲ့ ပုံစံနဲ့ပဲ ထိုင်လက်စ ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်ဗျ။ သူမကို တချက်လှမ်းကြည့်လိုက်တဲ့အချိန်မှာ သူမက စိုနေတဲ့ရေတွေကို သုတ်ပီး ကျနော့ကို လှမ်းအကြည့်။
"အမ ဒီကိုလာပါလားဗျ"
ကျနော် လှမ်းခေါ်လိုက်သည်။
"ရှင် လာခဲ့ ဒီကို"
"ဟင်" ငါ့ကိုသူကပြန်ခေါ်တယ်?
ပုံမှန်ဆို ကျနော်က သူ့ကိုထီးလည်းငှါးထားတာလေဗျာ။ သူကအခု ကျနော့်ကိုတောင်ပြန်ခိုင်းနေသေးတယ်။ ဘလိုပဲပြောပြော ကျနော့်စိတ်က သူမကို မလွန်ဆန်ချင်နေခဲ့ပါ။ သူမရဲ့မျက်နှာပေါ်မှာ ဩဇာအပြည့်ရှိနေသည်။
"ဟုတ်ကဲ့"
ကျနော်သူမကိုပြောပြောနှင့် လက်ဖက်ရည်ခွက်လေးသယ်ကာသူမထိုင်နေတဲ့ဝိုင်းကို ပြောင်းလိုက်တယ်။
"နာမည်ဘယ်လိုခေါ်လဲ"
"ဇော်ခန့်အောင် ပါဗျ"
"အင်း ဘယ်မေဂျာကလဲ"
"civil ဆေဗယ်မေဂျာ ပထမနှစ်ပါခင်ဗျ"
"အော် ပထမနှစ်လား ဒါကြောင့်မို့ မျက်နှာ စိမ်းလို့ ငါထင်နေတာကိုး"
"ဟုတ်ကဲ့ခင်ဗျ အမရော?"
"ဘာ အမရောလဲ? အမကဘယ်မေဂျာကလည်းသိခွင့်ရှိမလားခင်ဗျ လို့ပြော ပြန်ပြော"
"ဗျာ ဟုတ် အမကဘယ်မေဂျာလည်း သိခွင့်ရှိမလားဗျ"
"အင်း ငါက mechanical စက်မှုမေဂျာ တတိယနှစ်က"
"ဟုတ် အမ တွေ့ရတာဝမ်းသာပါတယ်"
"အင်း" သူမကအေးတိအေးစက်ပြန်ပြောသည်။
သူမရဲ့စကားလုံးတိုင်းမှာ ဩဇာ အပြည့်ပါသည်။ အိမ်မှာဆို အငယ်ဆုံးကျနော်တောင် သူမ စကားတွေကို မလွန်ဆန်နိုင်ပါ။ စိတ်က သူမအပေါ်အလိုလိုနာခံမိနေသည်။
ကျောင်းတက် ခေါင်းလောင်းသံနဲ့အတူ ကျနော်စာသင်ခန်းထဲဝင်လာခဲ့သည်။
Comments
Post a Comment