ကျွန်မ ရဲ့ ပထမဆုံးးအလုပ်
(ကျွန်မ ရဲ့ ပထမဆုံးးအလုပ်)(ပထမပိုင်း)
ကျွန်မက..ဂိုက်ဆရာမ တယောက်ပါ၊ ဆယ်တန်းပြီးကတည်းက..
ကျွန်မ uni တက်ဖို့အတွက်..ကိုယ်ပိုင်ဝင်ငွေလေးရအောင်
အလုပ်ရှာနေ ပါသည်၊ ဝင်ငွေနဲ့ထွက်ငွေမျှအောင်ချွေတာရသည့် မိသားစုမို့..ကျွန်မ အလုပ်လုပ်မှရမည်။
တနေ့တော့ ကျွန်မ ဂိုက်သင်ဖို့ဖြစ်လာသည်၊ သူငယ်ချင်းဖြစ်သူက
သူ့ညီတယောက်ကိုဂိုက်ပြပေးဖို့ပြောလာသည်၊ ကျောင်းတုန်းက
လည်းးကျွန်မက သူငယ်ချင်းတွေကိုစာရှင်းပြနေကြမို့ ဒီအလုပ်ဟာ
ကျွန်မ နဲ့အဆင်ပြေမယ်ကြောင့်..ကျွန်မ လက်ခံခဲ့သည်။
ဂိုက်လုပ်ရမည့်ကလေးက..ကျွန်မနဲ့ အသက်မတိမ်းမယိမ်းမို့..
နေတာထိုင်တာပြောတာဆိုတာ ဆင်ခြေဖို့..ကွကို သတိပေးရ
သည်။
''မင်္ဂလာပါ ဆရာမ''
ကျောင်းသားရဲ့အဖေဖြစ်သူ ဦးကြီးက နူတ်ဆက်လာတော့ ကျွန်မ
ကိုယ်ကိုရို့ကာ ပြန်နူတ်ဆက်မိသည်၊ နောက်ပြီးး ဦးကြီးရဲ့ပြော
စကားအရ..ဂိုက်ပြရမည့်ကလေးဟာ ဆိုးသည်တဲ့၊ အနေအေးတဲ့
သူမို့ ကျွန်မ ဘယ်လိုကိုင်တွယ်ရမည်မသိ၊
စာသင်ရမည့်အခန်းထဲသို့ကျွန်မဝင်လိုက်သည်၊ ဝင်ဝင်ချင်းတွေ့ရ
သည်က ခပ်တောင့်တောင့်ကြောပြင်တခု ကြည့်ရတာ..ဂိမ်းဆော့
နေပုံရသည်၊ ကျွန်မ ထက် လပိုင်းလောက်ငယ်တာမို့ရော၊ ဂိုက်ပြ
ပေးရမည်ဖြစ်တာကြောင့်ရော ကလေးးလို့ခေါ်ဖို့တွေးထားပေမဲ့
ကျွန်မ ထက် အတော့ကို လူကောင်ကကြီးလှသည်၊ ယောင်္ကျားလေးမို့အစောတည်းက လူကောင်ထွားမာကို သိနေပေမဲ့
သူဟာ..အားကစားလိုက်စားသူမို့ဖြစ်မည်၊ နောက်ကမြင်နေရသည့်
ကျောပြင်တောင် ကျယ်ပြီးးအတော်တောင့်လှသည်။
''အဟမ်း''
ကျွန်မ ချောင်းဟန့်လိုက်တော့ သူ လှည့်ကြည့်လာသည်၊ စူးတောက်
နေသည့်မျက်ဝန်းများနှင့် ကြည့်ခံလိုက်ရသည်၊ ကျွန်မက ဆရာလား၊ သူက ဆရာလားးမေးရမည့်အဖြစ်ပင်။
တဖြည်းဖြည်းနဲ့တော့ အဆင်ပြေလာသည်၊ သူဟာ မိုက်တိမိုက်ကန်း ပုံစံပေမဲ့ စာတော့လိုက်လုပ်သည်၊ အရမ်းစကား
များတဲ့ သူမဟုတ်သလို..တခွန်းမေးတခွန်းဖြေလည်းမဟုတ်ပြန်၊
သူဟာနဲ့သူအဆင်ပြေပါသည်။
''ကဲ..ဒီနေ့တော့ ဒီလောက်ဘဲနော်..ဒီနေ့ပေးတာလေးတွေ မှတ်စရာရှိမှတ် ၊ကျက်စရာရှိကျက်ထားနော်၊ မနက်ဖြန်ကြရင်
အမ ပြန်စစ်မယ်''
စကားပြန်ဖြေသံမကြားတော့ ကျွန်မ အမှတ်ခြစ်နေရင်းးသူ့ကို
ကြည့်လိုက်တော့..ကျွန်မရဲ့လက်ကို သူဟာကြည့်နေတယ်၊
''ဟိတ်..''
ကြည့်မြဲကြည့်နေဆဲမို့..ကျွန်မ မှာအသားကိုပုတ်လိုက်ရသည်။
''ဘယ်တွေငေးနေတာတုန်း''
မေးလိုက်တော့လည်းခပ်ပြုံးပြုံးနဲ့ ခေါင်းခါသည်၊ ရယ်လိုက်တော့
ခြေင်္သ့ အသွင်ကနေ ယုံသူငယ်လိုပါဘဲ၊ ခွက်ဝင်သွားတဲ့.ပါးချိုင့်
နဲ့ သွားတက်က သူ့ကိုချစ်စရာကောင်းစေသည်။
ကျွန်မ ကို ခြံ အပြင်ထိ သူလိုက်ပို့သည်၊ အရှေ့က သွားနေတဲ့
သူ့ရဲ့ ပုံစံက..တကယ့်ကို လူကြီးလူးကောင်းတယောက်လိုပင်၊
ဆိုးတယ်လို့ပြောကြပေမဲ့ ကျွန်မ လက်မခံချင်၊ ပြောပုံဆိုပုံရော
နေပုံထိုင်ပုံပါ..ကျွန်မ မျက်လုံးထဲ ဆိုးသွမ်းမနေပါ၊ တစ်နှစ်ကျထား
တယ်လို့သိပေမဲ့..လက်ရေးလက်သားကအစ သေ သပ်ပြီး
ဥာဏ်ကောင်းတာကိုတော့..ကျွန်မ ဒီနေ့မြင်လိုက်ရသည်။
နူတ်ဆက်ကာပြန်ဖို့ပြင်တော့..သူမေးလိုက်တဲ့ စကားတခွန်း
''ကျက်ခိုင်းတဲ့စာမရရင် ကျွန်တော့ ကိုရိုက်မာလား''
ကျွန်မ အသံထွက်သည်အထိရယ်လိုက်မိသည်၊ ဒီအရွယ်ကြီးကို
ရိုက်လို့ရောရရဲ့လားလို့ မေးလိုက်ချင်သည်၊ ဒါပေမဲ့လည်းးအတည်
ပေါက်ကြီးနဲ့ ကျွန်မနောက်လိုက်သည်။
''.စာမလုပ်တဲ့ကလေးဆို..ဖင်တုံးလုံးကိုရိုက်မာ''
ကျွန်မ ထိုသို့ပြောကာ..ပြန်ခဲ့သည်၊ အိမ်ရောက်မှ ပြန်တွေးကြည့်မိ
တော့ ဒီလိုပြောလိုက်မိတာရိုင်းများရိုင်းနေသလား၊တမျိုးများဖြစ်
နေမလားးလို့တွေးမိသည်၊ ဒါပေမဲ့လည်းး ကျွန်မ စ လိုက်မှန်း
အဲ့ကလေးးသိလောက်မည်လို့ထင်ပါသည်။
#ဆက်ရန်#
By Takhit
(ဖတ်ရှုသူများ၏ မှတ်ချက်လေးများးလိုချင်မိ)
(ကျွန်မရဲ့ပထမဆုံးအလုပ်)(final)
ဒုတိယရက်ကတော့..ကျွန်မအတွက် ပထမနေ့ကလို စိုးရိမ်စိတ်
တော့ရှိမနေတော့ပါ၊
''မင်္ဂလာပါ ဦးလေး''
သူ့ရဲ့ အဖေဖြစ်သူကို ကျွန်မနူတ်ဆက်ကာ စာသင်ခန်းထဲဝင်လာ
လိုက်တယ်၊ သူ့ကိုတော့မတွေ့ မိ၊ ကျွန်မ ထိုင်ကာ..ဒီနေ့သင်မဲ့
lesson တွေကို လှန်လှောဖတ်နေလိုက်တယ်၊
ဂျလောက်!
ခဏအကြာ..သူ ဝင်လာတယ်၊ အိမ်နေရင်းပေါ့ပေါ့ပါးပါးဝတ်ထား
တာတောင်..သူ့ အရောင်က တောက်နေတုန်းပင်၊ ပြောရရင်
တကယ် လူချောပင်၊ ကျွန်မ ဘာစိတ်မှမရှိဘဲ အမြင်
အတိုင်းးသုံးသပ်မိတာပါ၊
''အရင်ဆုံးးမနေ့က သင်တာကို အမ ပြန်မေးကြည့်မယ်..ဒါမှ
နောက် lesson တွေတက်လို့ရမာ''
ကျွန်မ မနေ့ကစာတွေမေးကြည့်တော့ သူ မရနေဘူး၊ ကျွန်မအထင်
သူ စာပြန်မကြည့်ထားပါဘူးးဖြစ်မယ်၊ ဥာဏ်ကောင်းတယ်ဆိုပေမဲ့
လည်းးဒီလို စာပြန်မကြည့်ရင် အဆင်ပြေမည်မဟုတ်၊ ဒီကလေးး
ဒီလိုကြောင့်.. စာမေးပွဲမအောင်တာဖြစ်လိမ့်မယ်။
''ကဲ ကိုယ်တော်လေး စာလည်းပြန်မကြည့်ထားဘူးး ဟုတ်လား''
ခေါင်းငြိမ့်ကာဝန်ခံသည်၊
''အင်းးးဒါဆိုလည်းးခုမြန်မြန်ကြည့်မယ်''
ကျွန်မလည်းးလေသံမာမာနဲ့ ဆော်သြောလိုက်တယ်၊ ဒီလိုအရွယ်
ဆိုတာ ဆူလို့ရိုက်လို့ရတာမျိုးမဟုတ်လေ၊ လပိုင်းသာကွာတဲ့ သူ
တွေမို့ သူငယ်ချင်းပေါင်းပေါင်းပြီး နားဝင်အောင် ချော့တခါချောက်
တလှည့်ပြောရုံသာ၊
''ဟိတ် မသိတာရှိရင်မေးနော် အမ ကို''
သူ ကျွန်မကို တခုခုပြောချင်နေသည်ပုံမို့ လမ်းကြောင်းဖွင့်ပေး
ရသည်၊ သူ့အနေနဲ့ မရတာကို ပြောရမာ..ရှက်နေတာဖြစ်လောက်
မည်၊
''မနေ့က ပြန်တော့.... ''
''မနေ့က အမ ပြန်တော့ ဘာဖြစ်လို့လဲ''
သူက ကျွန်မ ကိုသေချာကြည့်သည်၊
''ပြန်ခါနီးပြောသွားတာ...''
သူ့အသံက သြရှရှမို့..နားထောင်လို့ကောင်းသည်၊ အခုလည်း သူ
ပြောနေတာကို..ကျွန်မ သဘောမပေါက်လို့ထင်ပါရဲ့ မျက်ခုံးတန်း
တွေကျုံ့လာသည်၊
''မနေ့က အမ ဘာပြောသွားလို့လဲ၊ စာပြန်ကြည့်ဖို့ဘဲ မှာခဲ့တာလေ''
သူက သက်ပြင်းးတခါချကာ..မျက်ခုံးတန်းတွေတွန့်လျက်နဲ့ ပြန်
ပြောသည်။
''ကျွန်တော် စာမလုပ်ရင်..ဘာလုပ်မယ်လို့ ပြောခဲ့လဲ''
ကျွန်မ အဲ့တော့မှသတိရသွားသည်၊ အဲ့တော့မှဘဲ ကျွန်မ ဟက်ဟက်ပက်ပက် ရယ်မိတော့သည်၊
''ကဲ..ကိုယ်တော်ချောရ အမ က စလိုက်တာလေကွယ်''
သူက ကျွန်မ ကို သေချာကြည့်သည်။
''ပြောပါအုံးး..မင်းက ရော..အဲ့လို ဖင်တုံးလုံးအရိုက်ခံမှာမို့လို့လား
...မင်းကတော့ တကယ့်ကလေးဘဲ''
ကျွန်မ ရယ်ရယ်မောမော မေးလိုက်တော့..သူက ကျစ်ခနဲ
စိတ်မရှည်သလိုပြုမူကာ ပြန်ပြောတယ်၊
''ကျွန်တော့ ကို အပြစ်ပေးမာလား၊မပေးဘူးလား''
ဟင်..ဒါဘယ်လိုအခြေအနေမျိုးလဲ၊ ကျွန်မ မကိုင်တွယ်တက်တော့
ဘုန်း!
စားပွဲကို.သူက..ထုလိုက်တော့ ကျွန်မ အလန့်တကြားးယောင်ယမ်း
ပီးးခေါင်းညိတ်ကာပြောမိတယ်
''အင်း..အပြစ်ပေးမယ်.. အပြစ်ပေးမယ်''
ထိုသို့ပြောမှ သူ မျက်ခုံးတန်းက ပြန်ပြေသွားတယ်၊ အခုမှ
သူ့ရဲ့ဆိုးပုံဆိုနည်းက တမျိုးဆိုတာသိလိုက်ရတယ်၊ ကျွန်မ
ရှေ့လျှောက်ဘယ်လိုကိုင်တွယ်ရပါ့မလဲ၊
''ဟင်''
ဝတ်ထားတဲ့ ဘောင်းဘီဒူးအောက်ကို သူက ခါးကနေ လျှောချဖို့
လုပ်တော့ ကျွန်မ ဟင်ခနဲဟာခနဲ ဖြစ်သွားရတယ်၊ တဆက်တည်း
ကျွန်မ သူ့ကို တားလိုက်တယ်၊
''ဟို...ရတယ် ၊ အမ က ဒီတိုင်းပြောလိုက်ရုံပါ၊ဘောင်ဘီကို မချွတ်
နဲ့ ''
ကျွန်မ ပြာပြာသလဲ. ချွတ်ဖို့လုပ်နေတဲ့ လက်ကို တားလိုက်ရတယ်၊
''မင်းကို ပြောနေတယ်လေ!''
ပြောတာကို နားမထောင်ဘဲ..ချွတ်ဖို့လုပ်နေပြန်တော့ ကျွန်မ သူ့နား
သွားကာ. .လက်တွေကို ထိန်းထားလိုက်ရတယ်၊ အလျင်းသင့်သလို
လုပ်လိုက်ရတော့ လက်ကောက်ဝတ်ကနေ နောက်ပြန်ဖမ်းထိန်းထား
သလိုဖြစ်နေတယ်၊
''မင်းကလေ..ပြောနေရင်းနဲ့ကို''
ကျွန်မ ဒေါသ နဲ့ပြောမိလိုက်တယ်၊ ကျွန်မ သာ ခြေတလှမ်းနောက်
ကျရင်..မပေါ်သင့်တာတွေပေါ်တော့မာ၊ အခုတောင် သူ့လက်ချက်
ကြောင့် ဘောင်းဘီက အနည်းငယ်လျောကျနေပီလေ။
''ကျွန်တော့လက်ကို ဆက်ချုပ်ထားပေး..မဟုတ်ရင် ..''
ပြောပုံဆိုပုံကြောင့်..ကျွန်မ ဒေါသ က ထောင်းကနဲ၊ မဟုတ်ရင်
ကျွန်တော်ဆက်ချွတ်မာဘဲလို့ ပြောနေတာက..ကျွန်မ ရဲ့စကားကို
အလေးမထားနေသလိုပါ၊ သူ့ လက်ချက်ကြောင့်..မြင်နေရတဲ့
တင်ပါးပေါ်..ကျွန်မ တချက်ရိုက်လိုက်မိသည်။
''ဖြန်း! မင်းးငါ့ပြောတာကိုအလေးမထားချင်အုံး''
''ဖြန်း!''
''ဖြန်!''
သုံးချက်လောက်ဆက်တိုက် ရိုက်အပြီးးကျွန်မ ဒေါသလည်းးငြိမ်း
သွားတော့တယ်၊ ကျွန်မ က အနေအေးပေမဲ့..ဒေါသဖြစ်ရင်
ပေါက်ကွဲတက်တဲ့သူမို့..အခုလည်းးသူ့အပေါ်ပေါက်ကွဲမိတာ
ဖြစ်လိမ့်မယ်၊ ဒေါသတွေပြေသွားတော့.အခုအခြေအနေကို
ကျွန်မ မျက်နှာပူမိတယ်၊ အနေရခက်လာတယ်၊ သူ့ကိုလည်း
မျက်နှာချင်းမဆိုင်ချင်တာမို့ သူ့လက်ကို..အသာလွှတ်ကာ.
အိမ်ကိုဘဲပြန်ခဲ့တယ်၊
ကျွန်မ ရဲ့ ပထမဆုံးးအလုပ်က ဒီလိုမျိုးးနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။
#end#
By Takhit
Comments
Post a Comment